← Chapters

စမ်းသပ်မှု သုံးမျိုး ... ။

Vol. 147 Ch. 2054

စမ်းသပ်မှု သုံးမျိုး ... ။

Vol. 147 Ch. 2054

ဓားကျွန်များသည် တွန့်ဆုတ်ကာ ဒေါသ ထွက်နေ၏။ ကျောက်ဟူ ဒဏ်ရာမှာ အတော် ပြင်းထန် ခဲ့သည်။

“ သခင်ငယ် ... ဒီကိစ္စကို ဒီအတိုင်း ထားလိုက် တော့မှာလား။ ”

“ ဘယ်သူက ဒီအတိုင်း ထားမယ် ပြောလို့လဲ။ ”

“ ဒါဆို ... ။ ”

ဓားကျွန် သုံးယောက်က သခင်ငယ် တစ်ယောက် မည်သည့် အရာများ၊ ကြံစည် နေ သည်ကို နား မလည် နိုင်သဖြင့်၊ စိတ်ရှုပ် ကုန်သည်။

ကျောက်ဝူကျိမှ ပြုံးပြီး၊

“ ဟောင်လွန်းတဲ့ ခွေတွေက အသေ မြန်တယ်လို့ ငါ ပြောခဲ့တယ် မဟုတ်လား၊ ဒီနေ့ ဖြစ်ပျက် ခဲ့တာ တွေသာ ... ပြန့်နှံ့ သွားတယ် ဆိုရင် ... ဓားညီလာခံမှာ သူ ဘယ်လို ကိုင်တွယ် ဖြေရှင်းမယ် ထင်လဲ။ ”

“ ဘယ်လို ဖြေရှင်း မလဲ။ ”

ကျောက်ဟူမှ တုံ့ဆိုင်း သွားသည်။ ယဲ့ချင်းရှန် တစ်ယောက် ဓားညီလာခံတွင် တောက်ပ လာမည် ကိုသာ စိုးရွံ့ မိ၏။

“ သူ့ကို စုံစမ်း ပြီးပြီ၊ ကောလ ဟာလတွေ ထဲကလို ... သူ့မှာ ကြယ်ဓား မရှိဘူး၊ မဟုတ်ရင် စောစောက ငါ့ခွက်ကို ... ခွဲပစ် လိုက်မှာ သေချာတယ်။ ”

ကြယ်ဓား မရှိသော်၊ နိဗ္ဗာန်-သတ္တမ မြောက် အသွင် ကူးပြောင်းမှု ဟူသည် ပုရွက်ဆိတ်မျှသာ ဖြစ်သည်။ စိုးရိမ် စရာ မရှိချေ။

အားကောင်းသော အခြေခံ အုတ်မြစ် ရှိ လျှင်ပင်၊ ဓားတာအို၌ အောင်မြင်မှု မရထား ပါက၊ အချည်းနှီး ဖြစ်၏။

လက်ရှိ အချိန်တွင် ယဲ့ချင်းရှန် ဟူသည် အရှေ့ဘက် ပျက်စီးမြေ၏ ဓားသမား အားလုံး အပေါ်၊ ကိုယ်စား ပြုနေပြီ ဖြစ်သည်။

ထို့ကြောင့် ကဲ့ရဲ့ လှောင်ပြောင် သူများမှာ ချက်ချင်း မိတ်ဖွဲ့ လာတော့၏။ ယဲ့ချင်းရှန်က လူတိုင်းအား ငြင်းဆန်ကာ၊ ဓားဂိုဏ်းနှင့် အတူ ပြန်ထွက် လာခဲ့သည်။

လမ်း တစ်လျှောက် ယဲ့ဇီလင်မှ စကား တစ်ခွန်းမျှ မပြော သော်လည်း၊ သူမ အကြည့် များက လေးနက် နေခဲ့သည်။

“ မိန်းကလေး ယဲ့ ... ၊ အခု ငါ့အမြင်ကို မင်းလက်ခံပြီ မဟုတ်လား၊ တစ်ယောက်တည်း နေထိုင် ခြင်းက အဖြေ မဟုတ်ဘူး၊ နှလုံးသား မှာ နတ်ဆိုး တစ်ကောင် ကိုသာ မေွးဖွားလာ စေလိမ့်မယ်၊ ...

... ဓားသမား ဆိုတာ ပိုပြီးတော့ အတွေ့ အကြုံ စုံရတယ်၊ ရှေးဟောင်း သူတော်စင် မူလ ကို သန့်စင်​ပြီး၊ နတ်နဂါး ဓားခန္ဓာ ပိုင်ဆိုင် ထားရင် တောင်မှ၊ ...

... မင်းမှာ လုံလောက်တဲ့ ... ၊ အတွေ့ အကြုံမျိုး မရှိရင် ... ၊ စစ်မှန်တဲ့ ကျွမ်းကျင်သူ ဖြစ်လာ တော့မှာ မဟုတ်ဘူး။ ”

ယဲ့ဇီလင်မှ နှုတ်ဆိတ် နေ၏။ ဤယုတ္တိ ဗေဒကို သူမ ကောင်းစွာ နားလည် ထားသည်။ သို့သော် လင်းယွန် ထွက်သွား ပြီး​နောက် နှလုံးသားကို ပိတ်ထား မိခဲ့၏။

အစွန်းရောက် ခက်ခဲ ကြမ်းတမ်းသော ကျင့်ကြံမှု နည်းလမ်း များကို အသုံး ပြုကာ၊ ရှင်သန် နေမိ သည်။

“ နင် ... ဘယ်လို သိတာလဲ။ ”

ရုတ်တရက် ရပ်ပြီး ပြန်မေး လာသဖြင့်၊ လင်းယွန် တစ်ယောက် သူ လျှာချော် သွားမိ သည်ကို ပြန်သတိ ရကာ၊ စီနီယာ အစ်ကို မုချွမ်ထံ ပုံချလိုက် ရသည်။

“ တောင်ထိပ် သခင် မုချွမ်က ... ၊ မင်းနဲ့ ပန်းသင်္ချိုင်း အကြောင်း ... ငါ့ကို အကုန် ပြောပြ ခဲ့တယ်။ ”

“ ပါးစပ်ကို ဘယ်လို ပိတ်ထားရ မလဲ ... တကယ် မသိဘူး။ ”

ယဲ့ဇီလင်၏ အပြစ်တင် စကားကြောင့်၊ လင်းယွန်မှ ပြုံးမိ၏။ ထိုဆင်ခြေကို သံသယ ဖြစ်ပုံ မရချေ။

“ အိုး နေဦး ... ငါ အခုမှ သတိ ရတယ်၊ ပန်းသင်္ချိုင်းရဲ့ အဓိပ္ပါယ်ကို ... နင် ဘယ်လို သိတာလဲ။ ”

“ လိပ်နက် ပင်လယ်ကွေ့မှာ ... ငါ သူနဲ့ ဆုံဖူးတယ်၊ သူက ထူးခြားတဲ့ စိတ်နေ စိတ်ထား မျိုးနဲ့ ချောမော ပါတယ်၊ တကယ့်ကို ထူးချွန်တဲ့ ဓားသမား မျိုးပဲ၊ တစ်ကြိမ်တည်း မြင်လိုက်ရ ပေမယ့် ... လေးစား ထိုက်တဲ့ လူပါ။ ”

ကိုယ့်ကိုယ်ကို ချီးမွမ်းခန်း ဖွင့်​​နေခြင်း ဖြစ်သဖြင့်၊ အဆင် မပြေ သလို ခံစား ရကာ၊ အမြန် ရပ်လိုက် ရသည်။

“ သူ ဘယ်သွားလဲ သိလား။ ”

“ ဒါတော့ မသိဘူး ... ၊ သူက ငါ့ကို ဓားတာအိုမှာ နားလည်မှု တချို့ သင်ပြ ပေးပြီး ဓားဂိုဏ်းက ... သူ့ သူငယ်ချင်း တွေကို စောင့်ရှောက်ဖို့ ပြောခဲ့တယ်။ ”

“ ငါ နားလည်ပြီ၊ နင့်ရဲ့ ပုံစံကြောင့် သူနဲ့ တူတယ်လို့ ခံစားရ ပေမယ့်၊ သေချာ ကြည့်ရင် နင် တို့က မတူဘူး၊ အရည် အချင်း အရတော့ သူ့ထက် နင်က အားမနည်း ပါဘူး။ ”

ယဲ့ဇီလင်က ရိုးရိုး သားသားပင် တောင်းပန်သည်။ သို့သော် ခြံဝင်းထဲ ဝင်ခါ နီးတွင်၊ သူ့ဓားကို တောင်းကြည့်၏။

“ နင့် ဓားကို ... ငါ ကြည့်လို့ ရမလား။ ”

ပန်းသင်္ချိုင်းအား ရင်းနှီး သည်ဟု သူမ ခံစားမိ သော်လည်း၊ ဤဓားသည် ပုံစံတူ များ လှ သဖြင့်၊ မခွဲခြား နိုင်ချေ။

ထိုကြောင့် အတည်ပြု ချင်၏။ ဓားကို အနီးကပ် ကြည့်သော်၊ တစ်စုံ တစ်ခု မြင်ရ နိုင် မည်ဟု ထင်သည်။

လင်းယွန်မှ ကမ်းပေး လာ၏။ သို့သော် ဆွဲထုတ် မရသဖြင့် နိဗ္ဗာန် ရောင်ဝါများ သွန်း လောင်းကာ အားစိုက် လိုက်ရသည်။

ထို့ကြောင့် လင်းယွန်က အတွေးဖြင့် ပန်းသင်္ချိုင်းအား ထွက်ခွာ စေမိ၏။ ပန်းသင်္ချိုင်း ထွက်လာ သည်နှင့်၊ ဘုန်းဝိညာဉ် တော်များ ထွန်းလင်း လာခဲ့သည်။

“ ဘုန်း သူတော်စင် နှစ်ပါး ... ။ ”

ယဲ့ဇီလင် တစ်ယောက် အံ့သြ သွား၏။ စိတ်ပျက်သည့် အရိပ် အယောင်များ ထင်ဟပ် လာ တော့သည်။

သူမ မှားပြန်၏။ လက်တွေ့တွင် လင်းယွန် ဓားအား တစ်ကြိမ်မျှ ကိုင်မကြည့် ဖူးကြောင်း သတိရ သွားသည်။ ထို့ပြင် ပန်းသင်္ချိုင်းသည် ဘုန်းသူတော်စင် လက်ရာ မဟုတ်ချေ။

“ ဒါက ဓားကောင်း တစ်လက်ပဲ ... ၊ ဓားညီလာခံ ကနေ တစ်ဆင့် ... ကျော်ကြား လာနိုင်တယ်။ ”

-ဟု ပြောကြားကာ ပြန်​လည် ပေးအပ် လိုက်သည်။

“ ဖြစ် နိုင် တယ် ... ။ ”

လင်းယွန်မှ ခေါင်းညိမ့် လိုက်၏။ ခြံဝင်း အတွင်း ဝင်ရောက် ပျောက်ကွယ် သွားသော သူမ ကျောပြင်ကို ငေးကြည့် နေမိသည်။

“ မင်းရဲ့ အထောက် အထားကို ဘာလို့ ထုတ်မပြော လိုက်တာလဲ။ ”

ရုတ်တရက် ကျောက်ယန် တစ်ယောက် သူ့အနား ပေါ်လာသည်။ အပူပင် ကင်းမဲ့သော ဓား (၉)လက်၏ အငွေ့ အသက်ကို၊ သူ ဖမ်းမိ သွားပုံ ရသည်။

“ ဒီမှာ စကား ပြောလို့ မကောင်းဘူး။ ”

ကျောက်ဝူကျိ၏ ဓားကျွန် များကို အနိုင်ယူ ပြီးနောက်၊ သူ လုပ်ရပ်များ ပြန့်နှံ့ကာ မည်သည့် အရာများ ဖြစ်လာ နိုင်မည်ကို မသိ​ချေ။ သတိ ထားရ ပေမည်။

အစောပိုင်း စုဝေးမှု အတွင်း ဖြစ်ပျက် ခဲ့သမျှကို အခြေခံ၍၊ ပန်းသင်္ချိုင်း၏ အမည်အား မေ့ပျောက် သွားခြင်း၊ မရှိ သေးကြောင်း၊ သတိ ပြုမိ စေသည်။

အနက်ရောင် ငှက်မွှေး နန်းတော်ပင် သူ့အမည်ကို ကြားသိ ထားသည်။ ထို့ကြောင့် ယဲ့ချင်းရှန် သည်သာ၊ ပန်းသင်္ချိုင်း ဖြစ်မှန်း သိသော်၊ မတွေးနိုင် တော့ချေ။

နှစ်ဦးသား အဝေး တစ်နေရာသို့ ရောက်ရှိ လာပြီး၊ စကား စမြည် မပြောမီ ပတ်ဝန်းကျင်၌ နောက်ယောင်ခံ လိုက်လာ သူ၊ ရှိ-မရှိ စစ်ဆေး လိုက်သည်။

ကျောက်ယန် အဆို အရ၊ ၎င်းတို့အား အမြင်ကျယ် စေရန် ဓားညီလာခံသို့ တက် ရောက် စေခြင်း ဖြစ်သည်။

မည်သည့် အဆင့် ကိုမျှ ရရှိရန် မျှော်လင့်ချက် မရှိချေ။ အရှေ့ဘက် ပျက်စီးမြေ နှင့်၊ ပြင်ပ ကမ္ဘာကြား ခြားနားချက်ကို၊ ပြသ လိုခြင်းသာ ဖြစ်သည်။

“ ညီအစ်ကို လင်း၊ မင်းရော ဒီကို ဘာလာ လုပ်တာလဲ။ ”

“ ငါတို့ စတွေ့ ခဲ့တဲ့ အချိန်ကို ... မင်း မှတ်မိ သေးလား။ ”

“ မှတ်မိတယ် ... ဓားခန်းမရဲ့ ... ဓား ညီလာခံမှာ ... ငါတို့ ပထမဆုံး တွေ့ခဲ့ ကြတာ၊ အဲဒီ တုန်းက မင်း ... ဓားကို ယူနိုင် လိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့် ထားဘူး ... ။ ”

စကား ပြော​နေရာမှ ကျောက်ယန် တစ်ယောက် စိတ်လှုပ်ရှား လာပြီး၊ လင်းယွန် ထံ ပြန်ကြည့်ကာ၊

“ မင်း ... ။ ”

-ဟု အာမေဋိတ်သံ ပြုလိုက်သည်။

“ ဟုတ်တယ် ဒီတစ်ကြိမ်လည်း ... ဓားယူမို့ ငါ လာတာ။ ”

လင်းယွန်မှ ခေါင်းညိတ် ပြလိုက်၏။ ထို့နောက် စကား အနည်းငယ် ပြောဆိုလျက် ကျောက်ယန်အား နှုတ်ဆက်ကာ၊ ကောင်းကင် တာအို ဌာနခွဲသို့၊ ပြန်လာ ခဲ့သည်။

ကျန်ရက်များတွင် အခန်းထဲမှ မထွက် တော့ဘဲ၊ ကျင့်ကြံ နေမိ၏။ ထိုကာလ အတွင်း ဓားကျွန်များ အပေါ် အနိုင် ယူကာ၊ ကျန်းဝူကျိ ကိုပင် မျက်လုံးထဲ မထားသော ဓားသမား တစ်ယောက်၊ အရှေ့ဘက် ပျက်စီး မြေ၌ ထွက်ပေါ် လာသည်။

၎င်းသည် ဓားမဟာမိတ် အဖွဲ့မှ ဓားသမား တိုင်းကို ဖြတ်ကျော်ကာ၊ ဒုတိယ ကျန့်ကျင်းရှန် ဖြစ်ရ မည်ဟု၊ ကြွေးကြော် လာခဲ့သည်။

ခုနစ်ရက် အကြာတွင် စမ်းသပ်မှု သုံးမျိုး စတင်လာ ခဲ့သည်။

ပထမ စမ်းသပ်မှုမှာ နားလည်မှုကို စမ်းသပ်ခြင်း ဖြစ်၏။ အဆင့်နိမ့် တစ္ဆေ ဝိညာဉ် ပညာရပ်ကို၊ ကနဦး ကျွမ်းကျင်မှု ရယူ ပြခြင်း ဖြစ်သည်။

ဒုတိယ တစ်ခုသည် ဓားနှင့် အတူ ပျံသန်း ပြရ​ခြင်း ဖြစ်၏။ ယင်းက အနည်းငယ် ခက်ခဲလှ ချေပြီ။

ဓားစံအိမ်မှ ပေးထားသော ဓားတစ်လက်အား အဆက် အသွယ် လုပ်ကာ အသိ အမှတ်ပြု ခံယူ ပျံသန်း ရသည်။

နောက်ဆုံး စမ်းသပ်မှုသည်၊ အထွတ် အထိပ် အမည်ခံ သူတော်စင် လက်မှ၊ ဆယ်ကြိမ် အထိ ရှင်သန်ရန် ဖြစ်သည်။

နှစ်ကြိမ် စမ်းသပ်မှု ပြီးနောက်၊ အရှေ့ဘက် ပျက်စီးမြေမှ ဓားသမားများ အားလုံး ကျရှုံးပြီး (၁၀)ဦး အောက်သာ အောင်မြင် ခဲ့သည်။

၎င်းသည် ဓားမဟာမိတ် အဖွဲ့မှ ဉာဏ်ကြီးရှင် များနှင့် ယှဉ်သော် ကြီးမားသော အချိုး ဖြစ်​နေ၏။

မဟာမိတ် အဖွဲ့၏ ထူးချွန်သူ အများ အပြားသည် စမ်းသပ်မှု အတွင်း ၌ပင်၊ ထင်ရှား ကျော်ကြား လာခဲ့သည်။

ဓားစံအိမ်၏ အဆောက် အဦး များသည်၊ နှစ်တစ်ထောင်ထက် မနည်းသော သက်တမ် မျိုး ပိုင်ဆိုင် ထားသည်။

“ ကမ္ဘာဦး ဖျက်ဆီးခြင်း ဝိညာဉ် ရှစ်ပါးအား ပိတ်လှောင်ခြင်း အစီရင် ... ။ ”

လျှို့ဝှက် ဓားစံအိမ် အတွင်း တစ်နေရာ၌ ခင်းကျင်း ထား​​သော အစီရင်ကို မြင်သော အခါ၊ လင်းယွန် မျက်နှာ ပြောင်းလဲ သွား​တော့သည်။

***

All Chapters