ငါက ယဲ့ချင်းရှန် ... ။
Vol. 147 Ch. 2055
တစ်ချိန်က အပြာရောင် ကျောက်တုံး မြို့တော်၏ လျှို့ဝှက် ဓားခန်းမတွင်၊ ဤအစီရင် ကို သူ မြင်ဖူး၏။ ထိုနေရာမှ အစီရင်သည်၊ ဤတစ်ခုနှင့် နှိုင်းယှဉ်၍ မရချေ။
ပွက်ပွက်ဆူ နေသော မီးတောက် များက ပေတစ်ထောင်ခန့် ကြီးမားသော အိုးတစ်လုံးကို လောင်မြိုက် နေသည်။
အိုးကြီး၏ အထက် လေထဲတွင်၊ သံကြိုး (၈)ခေျာင်း ပါရှိသော ဓားကြီး တစ်လက် ထောင် ထား သည်ကို မြင်၏။ သံကြိုးများ အဆုံးတွင် သားရဲ ရုပ်တု (၈)ရုပ် ရှိသည်။
“ ဒေါသအိုး ... ။ ”
သို့သော် ဖျက်ဆီးခြင်း ဝိညာဉ် (၈)ပါး ပိတ်လှောင်ခြင်း အစီရင်သည်၊ အတော်ပင် အလှမ်း ဝေးနေ သောကြောင့်၊ ရှင်းရှင်း လင်းလင်း မမြင် ရချေ။
မီးဖိုနှင့် ဓားရှည်ကြီးကို အဝေး မှသာ မြင်နိုင်သည်။ လျှို့ဝှက် ဓားစံအိမ်တွင် လူများ ဖြင့်၊ ပြည့်နှက် နေ၏။
စမ်းသပ်မှု သုံးခုကို ဖြတ်ကျော် လာနိုင် သူတိုင်း၊ ဤပွဲ၌ အထက် တန်းစားများ ထဲမှ ထိပ်တန်းများ ဖြစ်သည်။
ဤနေ့ပွဲသည် ဂိုဏ်း တစ်ခု၏ အဆင့် တိုက်ပွဲများ ကဲ့သို့၊ အဆင့်ဆင့် ဖြတ်သန်း စရာ မလိုချေ။
စည်းမျဉ်း များမှာ ဓားသမား၏ ကိုယ်ရည် ကိုယ်သွေး အတွက် အသင့်လျော် ဆုံးဖြစ်သည်။ သူတို့ ဆန္ဒ ရှိသလို တိုက်နိုင်၏။
လင်းယွန်က လူအုပ်နှင့် အတူ လိုက်ပါ လာပြီး၊ တံဆိပ်ကို လွှဲပေး လိုက်သည်။ တံဆိပ် မရှိသူ များမှာ၊ စောင့်ကြည့်ရေး စင်မြင့် သို့သာ သွားနိုင်မည်။
လျှို့ဝှက် ဓားစံအိမ်၏ အတွင်း တပည့် ဖြစ်သူ တစ်ယောက်က သူ့တံဆိပ်ကို ကြည့်ကာ၊ ခေါင်းမော့ လာ၏။
“ ကောင်းကင် တာအို ဂိုဏ်းရဲ့ ယဲ့ချင်းရှန်လား။ ”
“ ပြဿနာ ရှိလို့လား။ ”
လင်းယွန် ပြန်မေး လိုက်သည်။ အပြာဝတ် လူငယ်မှ ပြုံးပြီး၊
“ မင်းက ဒုတိယ ကျန့်ကျင်းရှန် ဖြစ်ချင် နေတယ်လို့ ... ငါ ကြားပါတယ်။ ”
-ဟု ပြောကြား လာသည်။
ထိုစကားကို ကြားသော အခါ၊ လင်းယွန်မှ မျက်မှောင်ကြုတ် လိုက်သည်။ ဤလူစိမ်း ထံမှ ရန်လိုသော ခံစားချက်ကို မြင်နေ ရ၏။
“ အခုက အရင်တုန်း ကနဲ့ မတူဘူး၊ အရှေ့ဘက် ပျက်စီးမြေရဲ့ ဓားသမား တွေကို နည်းနည်း လောက်ပဲ ဖိတ်ကြား ခဲ့တယ်၊ ဓား မဟာမိတ်ရဲ့ ဓားတာအို မြင့်မြတ်မြေ တွေက အဲဒီတုန်း ကထက် ပိုမို အားကောင်း နေပြီ။ ”
ထူးဆန်း သည်ဟု ခံစားမိ သော်လည်း နားမလည် နိုင်သဖြင့်၊ လင်းယွန်မှ စကား မဆို တော့ဘဲ၊ လှမ်းဝင် လာမိသည်။
ဝင်လိုက် သည်နှင့်၊ အစီရင်ထံ ဦးတည် လိုက်သည်။ ဖျက်ဆီးခြင်း သားရဲ ရုပ်တု များ၏၊ ပါးစပ်မှ စိမ့်စမ်း ရေများ ယိုစီးကျ နေ၏။
စိမ့်စမ်း ရေသည် ရေကန် တစ်ခု အလား ဖြစ်တည် နေသည်။ ၎င်းရေနှင့် ပတ်သတ်ကာ၊ ထူးခြားမှု အချို့ ရှိချေ၏။
“ မင်း ... ဒီကို ရောက်တာ ပထမဆုံး အကြိမ်လား။ ”
လင်းယွန် ဘေးသို့ အဖြူဝတ် လူငယ် တစ်ယောက် လာရပ်သည်။ လင်းယွန်က လှည့် ကြည့်ကာ ခေါင်းညိတ် ပြ၏။
“ ဒါက လျှို့ဝှက် ဓားရေကန်ပဲ၊ သားရဲ ရုပ်ထုတွေ ကနေ ထွက်လာတဲ့ အဲဒီ ရေတွေက၊ မြေမီးလျှံတွေ၊ အညစ် အကြေး လုံးဝ မပါဘူး၊ ဝိညာဉ် ရေးရာ မြင့်မြတ်သော ရွှေရေ လို့လည်း ခေါ်တယ်။ ”
“ မြေ မီးလျှံ ... ။ ”
လင်းယွန်မှ အံ့သြ သွားသည်။
“ ဟား ဟား ဟား ... မျက်စိ ပွင့်သွား ပြီလား၊ သတ္တု သဘာဝ ပါဝင်တဲ့ ... မြေအောက် မီးလျှ့ တစ်မျိုးပဲ၊ ...
... ဒီရေကန် ဖြစ်တည် လာဖို့ ... အနှစ် တစ်ထောင်ကျော် အချိန်ယူ ရတယ်၊ အတွေ့ အကြုံ ရှိတဲ့ ... ဝိညာဉ် ရေးရာ ဆရာ သခင်က၊ ရေကန်ကို ပုံဖော် ပေးခဲ့တာ ... ။ ”
ဤသည်မှာ ဗဟုသုတ ရစေ၏။ လျှို့ဝှက် ဓားစံအိမ်သည် သူတော်စင် ဓားများ သွန်းလုပ် ရန်၊ လွယ်ကူ ရသည့် အကြောင်း ရင်းလည်း ဖြစ်သည်။
“ တိမ်တွေကို ကြည့်လိုက် ... ။ ”
အဖြူဝတ် လူငယ်က ကောင်းကင်ပေါ် ညွှန်ပြ လိုက်သည်။ ဧရာမ ဓားကြီး အထက်တွင် တိမ်များမှာ၊ ရွှေရောင် တောက်နေသည့် မီးနဂါး အဖြစ်၊ ထင်ဟပ် နေ၏။
“ ဒါက ကောင်းကင် မီးတောက် ကပဲ ... ဖန်တီး နိုင်တဲ့၊ ကောင်းကင် မီးနဂါး ဖြစ်စဉ်ပါ၊ မြေ မီးတောက် ရှိမှတော့ ... ကောင်းကင် မီးတောက်လည်း ရှိရမယ် မဟုတ်လား၊ ...
... အမျိုးမျိုးသော ကပ်ဘေး တွေနဲ့ ... ၊ ရှားပါး နက္ခတ်တွေ အပါ အဝင်၊ ကောင်းကင်၊ မြေကြီးနဲ့ ... ထာဝရ မီးတောက် တွေကို အသုံးပြု နိုင်မှသာ၊ အုပ်စိုးရှင် သူတော်စင် ဓားကို ဖန်တီး နိုင်တယ်၊ ...
... ဓားစံအိမ် သက်တမ်း တစ်လျှောက်၊ အုပ်စိုးရှင် သူတော်စင် ဓား (၁၂)လက် အထိပဲ၊ ဖန်တီး နိုင်ခဲ့ပြီး၊ ဓားတိုင်းက ခွန်လွန်မှာ ကျော်ကြား ကြတယ်၊ ...
... လက်ရှိ ဓားတာအို မြင့်မြတ်မြေ ... အသီးသီး လက်ထဲမှာ အဲဒီ ဓားတွေ ရှိတယ်၊ ပိုင်ရှင်တွေ ပြောင်းလဲ နေပေမယ့် လည်း၊ ကျော်ကြားမှုက မပြောင်းလဲဘူး၊ ...
... ဒါကြောင့် လျှို့ဝှက် ဓားစံအိမ်ဟာ အန္တရာယ်ကြုံ လာတိုင်း ... သူတို့ကို အားဖြည့် ကူညီ ပေးဖို့ ... ၊ အဲဒီ အုပ်စိုးရှင် ဓားပိုင်ရှင် တွေကို၊ ခေါ်ယူ နိုင်ခဲ့တယ်။ ”
လင်းယွန်မှ သက်ပြင်းချကာ၊
“ ဒါဆို မီးဖိုထဲမှာ ... ဓားရှိ နေပြီလား။ ”
-ဟု မေးမြန်း လိုက်၏။
“ ရှိတယ် ... ၊ ကမ္ဘာဦး ဖျက်ဆီးခြင်း ဝိညာဉ်တော် (၈)ပါး၊ ပိတ်လှောင်ခြင်း အစီရင်နဲ့ ဓားကို ဝှက်ထားတယ် ... ။ ”
“ မင်းမှာ အတွေ့အကြုံ အရမ်း ရှိတယ်၊ မင်းဘယ်က လာတာလဲ ငါ သိနိုင် မလား။ ”
လင်းယွန်မှ စူးစမ်း လိုက်သည်။
“ ငါလား ငါက ... သာမန် ဓားသမား တစ်ယောက်ပါ၊ ဘာမှ ထူးခြားမှု မရှိ ပါဘူး၊ ငါ့ကို ယွင်ဖုန်းလို့ ခေါ်နိုင်တယ်။ ”
“ မင်းက ... အရမ်း နှိမ့်ချ လွန်းတယ်၊ စမ်းသပ်မှု သုံးခုကို ဖြတ်ကျော် နိုင်သူတွေက ဘယ်လိုလုပ် သာမာန် ဖြစ်နိုင် မှာလဲ။ ”
ယွင်ဖုန်းက ခေါင်းယမ်းပြီး ပြုံးကာ၊
“ ကျွမ်းကျင်သူ စစ်စစ်တွေ အတွက် စမ်းသပ်မှု သုံးခုကို ကျော်ဖြတ် ဖို့က လွယ်လွန်း ပါတယ်၊ (၄)ပါးသော လူတွေ ကိုသာ အာရုံပြု ထိုက်တယ်၊ သူတို့ (၄)ယောက်က လွဲရင် အားလုံးက အလယ် အလတ်ပဲ၊ ...
... လူတွေ စည်ကား နေပေမယ့် ... ၊ လူတိုင်းက သူတို့ (၄)ဦးရဲ့ ... ခြေနင်းတုံးတွေ ဖြစ်လာ လိမ့်မယ်။ ”
“ အိုး ... ငါ နားထောင် နေတယ်။ ”
စမ်းသပ်မှု သုံးကြိမ် အတွင်း၊ လင်းလက် တောက်ပ နေသည့် လူချို့ကို သူ သိသော်လည်း၊ ယွင်ဖုန်း ပြောသော လူများ မပါချေ။
“ ဟိုမှာ ကြည့် ... ။ ”
သူတော်စင် ရောင်ခြည် များဖြင့်၊ ဖုံးအုပ် ထားသည့်၊ ကောင်းကင် ပေါ်တွင် ပျံဝဲ နေသော နန်းတော် တစ်လုံးထံ၊ ယွင်ဖုန်းက မေးဆက် ပြ၏။
နန်းတော် ထဲတွင်၊ ဓားစံအိမ် သခင်ငယ် ဖြစ်သော ဖုန်ရှောက်ယွီ ထိုင်နေ၏။ သူ့အနား၌ ထူးချွန်သော လူငယ်များ ရှိသည်။
“ တွေ့လား ... ၊ သူတို့ရဲ့ အသွင် အပြင် နဲ့တင်၊ ထူးထူး ခြားခြား ဆိုတာ မြင်သာတယ်၊ သူတို့က ကြယ်ဓားကို ဆုပ်ကိုင် ထားတယ်၊ တကယ်တော့ ...
... ကြယ်ဓားကို နားမလည် သေးတဲ့ လူတိုင်းက သူ ဘယ်လောက် စွမ်းလဲ ... မသိ နိုင်ဘူး။ ”
၎င်းကို လင်းယွန်မှ သိ၏။ ကြယ်ဓား မရှိသော် မိုးပြာ မူလ အမည်ခံ သူတော်စင်သည် သူ့အား အလွယ် တကူ သတ်နိုင် ပေမည်။
“ အပြာရောင် ဝတ်ရုံနဲ့ လူက ... လျှို့ဝှက် ဓားစံအိမ်ရဲ့ ဖုန်ရှန့်လင်ပဲ၊ လွန်ခဲ့တဲ့ ခြောက်လ ကမှ ကြယ်ဓားကို နားလည် ထားတယ်၊ တောင်ပိုင်း နယ်စပ် မျိုးဆက်တူ ဓားသမား တွေထဲမှာ ပြိုင်ဘက် မရှိဘူး၊ ...
... ကြမ်းတမ်းတဲ့ အသွင်အပြင် မျိုးနဲ့၊ အနက်ဝတ် လူငယ်က ... အနက်ရောင် ငှက်မွှေး နန်းတော်က ကျောက်ဝူကျိ ... ၊ သူ့ ဂိုဏ်းက မြောက်ပိုင်း လွင်ပြင်က ... မြင့်မြတ်မြေ အားလုံးရဲ့ ခေါင်းဆောင်ပဲ၊ ...
... သူတို့ရဲ့ ... အနက်ရောင် ငှက်မွှေး ဓားကျမ်း ဆိုတာ၊ မိစ္ဆာ လမ်းစဉ် ပညာရပ် တစ်ခုပါ၊ သူ့ဘေးက အဖြူဝတ် လူငယ်ကို ကျန်းယွင်ရှင်း လို့ ခေါ်တယ်၊ ...
... အနန္တ ဓားခန်းမရဲ့ ပါရမီရှင်၊ သူရဲ့ ... ဓားဟာ မိုးပြာ မူလ အဆင့် ပြိုင်ဘက်ကို၊ ဓား သုံးကွက် တည်းနဲ့ ... သတ်နိုင်တယ်။ ”
လင်းယွန် တစ်ယောက် လေးနက်သော အတွေးထဲ ရောက်ရှိ သွား၏။ အနန္တ ဓားခန်းမ နှင့်၊ အနက်ရောင် ငှက်မွှေး နန်းတော် တို့သည် ဓားတာအို ထာဝရ မြင့်မြတ်မြေများ ဖြစ်ပြီး၊ ရှေးဟောင်း အမွေများ ရှိသည်။
ထို့ကြောင့် ၎င်းတို့၏ တပည့် များသည် ကြယ်ဓားကို ဆုပ်ကိုင်နိုင် သည်မှာ အံ့သြ စရာ မဟုတ်ချေ။
“ နောက်ဆုံး လူက ကူဇီကျန်းလား ... ။ ”
လင်းယွန်မှ မေးလိုက်သည်။
“ မင်း သိလို့လား။ ”
“ သူ့ကို ရထားလုံးနဲ့ တစ်ကြိမ် တွေ့ဖူးတယ်။ ”
လင်းယွန်က ခေါင်းညိမ့် ပြ လိုက်သည်။
“ မှန်တယ် ... ၊ နောက်ဆုံး လူက ကူဇီကျန်းပဲ၊ သူက သာမန် ထက်သာ လွန်ပြီး မာန ကြီးတယ်၊ ရေခဲ ဧကရာဇ်ရဲ့ ကောင်းကင် တံဆိပ် ကျမ်းကို၊ အမည်ခံ သူတော်စင် မဖြစ်မီ၊ မြင့်မားတဲ့ အဆင့်ထိ လေ့ကျင့် ထားနိုင်တယ်။ ”
“ ဒါဆို ကြယ်ဓား ရည်ရွယ်ချက်ကို ဆုပ်ကိုင်ထား နိုင်တာ လေးယောက်ပဲ ရှိတာ ပေါ့။ ”
လင်းယွန်က ပြန်လည် ရေတွက်ကာ၊ မေးမြန်း လိုက်၏။
“ လေးယောက်နဲ့ မလုံလောက် ဖူးလား၊ ကြယ်ဓားကို နားလည်ဖို့ ... လွယ်တယ်လို့၊ မင်း ထင်နေ တာလား၊ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ် အတွင်းမှာ ... ကြယ်ဓားကို သူတို့ အပြင် နားလည် နိုင်တဲ့ လူ မရှိဘူး၊ ...
... ကျန့်ကျင်းရှန် ကသာ တစ်ယောက် တည်းနဲ့ သူတို့ အားလုံးကို တပြိုင် နက်တည်း စိန်ခေါ်ပြီး အကုန်လုံး အနိုင်ယူ ပြလိုက်တာ၊ မဟုတ်ရင် မဟာမိတ် အဖွဲ့က သူ့ကို လွှတ်မယ်များ ထင်လား။ ”
လင်းယွန်က အံ့အားသင့် သွားပြီး၊
“ ဓားတာအို မြင့်မြတ်မြေ တွေမှာ၊ ဓားသမားတွေ အတွက် ... ၊ မဟာ နေမင်း သူတော်စင် ဆေးလုံးနဲ့ ... ၊ မဟာ လမင်း သူတော်စင် ဆေးလုံး တို့လို ... အရင်း အမြစ်တွေ ရှိတယ် မဟုတ်လား။ ”
-ဟု မေးမြန်း လိုက်သည်။
ယွင်ဖုန်းက သက်ပြင်းချပြီး၊
“ ဒါပေမယ့် မင်းမှာ ကြယ်ဓားတော့ အရင်ဆုံး ရှိနေ ရမယ်၊ ကြယ်ဓား ဆိုတာက အရင်း အမြစ် ရှိရုံနဲ့ ... နားလည် နိုင်တဲ့ ... အရာမျိုး မဟုတ်ဘူး၊ ...
... အမည်ခံ သူတော်စင် နယ်ပယ်ကို မရောက်မီ၊ ကြယ်ဓား ဆုပ်ကိုင်ဖို့ ... ဖြတ်လမ်း မရှိဘူး၊ ကောင်းကင် အလွှာ (၃၆) လွှာကို ဖြတ်ကျော်ဖို့ ဆိုတာ အရမ်း ခက်တယ်။ ”
ယင်းသည် လင်းယွန် အတွက်၊ ကိုယ်တွေ့ ဖြစ်၏။ ဂိုဏ်းချုပ် ဝိညာဉ်မှ လမ်းညွှန်မှု မပေး ခဲ့သော်၊ ဆုပ်ကိုင် နိုင်ဦးမည် မဟုတ်ပေ။
“ မကြာသေး မီက၊ ပါရမီရှင် ဓားသမား တစ်ယောက် ပေါ်လာပြီး၊ ဒုတိယ ကျန့်ကျင်းရှန် ဖြစ်ချင် တယ်လို့၊ ပြောကြား ခဲ့ဖူးတယ်။ ”
“ ဘယ်သူလဲ ... ။ ”
လင်းယွန်မှ မေး မိ၏။
“ မင်း ... မသိဘူးလား။ ”
ယွင်ဖုန်းမှ အံ့သြ သွားသည်။
“ ယဲ့ ချင်း ရှန်က လွဲရင် ... ၊ ဘယ်သူများ ရှိဦးမှာလဲ၊ သူ့မှာ ကြယ်ဓား ရှိပြီး၊ ကျောက်ဝူကျိ ရဲ့ ဓားကျွန် (၄) ယောက်ကို အနိုင်ယူ ခဲ့တယ်၊ သူက ကူဇီကျန်း ထက်တောင် ပိုသန်မာတယ်၊ ဓားမဟာမိတ် အဖွဲ့ကို၊ ...
... သူ့ မျက်လုံးထဲ မထားဘူး၊ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် တုန်းကလို၊ အားလုံးကို အနိုင်ယူ ပြမယ်လို့၊ ကြေငြာ ထားတယ်။ ”
ဤရက်များ အတွင်း ဒုက္ခများ မလိုချင် သဖြင့်၊ ကောင်းကင် တာအို ဂိုဏ်း၏ ဌာနခွဲ တွင်သာ သူ နေခဲ့သည်။
“ သူ့ အကြောင်း ပြောရရင် ... ငရဲ သစ်ခွ ခြံဝင်းက၊ သန့်ရှင်းသော သမီးတော် ရေချိုးတာ ချောင်းကြည့်ဖို့၊ တစ်လလောက် ပုန်းအောင်း နေဖူးတယ်၊ တကယ် ဇွဲကောင်းတဲ့ လူ။ ”
ယွင်ဖုန်းက လင်းယွန်အား လှည့်ကြည့်ပြီး၊
“ ညီအစ်ကို ... ၊ မင်းရဲ့ မျက်နှာက ကြည့် မကောင်းဘူး၊ ဘာဖြစ် တာလဲ ... ၊ ယဲ့ချင်းရှန်နဲ့ သိနေ လို့လား။ ”
-ဟု မေးမြန်း လိုက်၏။
လင်းယွန်မှ ချက်ချင်း ပြန် မဖြေသေးဘဲ၊ အနည်းငယ် စဉ်းစား နေခဲ့ ပြီးနောက်၊
“ ငါက ယဲ့ချင်းရှန် ... ။ ”
-ဟု ဖြေကြား လိုက်တော့သည်။
***