မလှုပ်နဲ့ ... ။
Vol. 147 Ch. 2056
လင်းယွန်၏ စကားကြောင့် ယွင်ဖုန်းကို အဆင် မပြေသော အနေ အထားသို့ ရောက်ရှိ လာစေသည်။
မည်သို့ ပြန်ပြော ရမည်မှန်း မသိချေ။ အချိန်အတော် ကြာ တိတ်ဆိတ် နေပြီးနောက် ယွင်ဖုန်းမှ ပြုံးသည်။
“ ဒါဆို မင်း ဒီစကားတွေ ... တကယ် ပြောခဲ့တာလား။ ”
လင်းယွန်မှ ထိုနေ့က ကေျာက်ဝူကျိအား ပြောခဲ့မိသော စကား များကို ပြန်၍ တွေးတော နေမိ၏။
မပြော မိဟု ထင်သည်။ သို့သော် အရေးမကြီး တော့ချေ။ ဓားသမား ဟူသည် ဓားဖြင့်သာ စကား ပြောရ ပေမည်။
“ အရေး မကြီးတော့ ပါဘူး၊ ငါ ... ပြောခဲ့တယ်လို့ မှတ်ယူ လိုက်လည်း ရတယ်။ ”
နှစ်ယောက်သား တိတ်ဆိတ် သွား၏။ ဖုန်ရှောင်ယီမှ စည်းမျဉ်း များကို ကြေညာကာ၊ ဓားညီလာခံအား စတင် ခဲ့သည်။
စည်းကမ်းချက်မှာ၊ ထူးထူး ခြားခြား မဟုတ်ချေ။ ဓားသမား တစ်ယောက်သည် မည်သူ့ကို မဆို စိန်ခေါ် နိုင်၏။
နှစ်ဦး နှစ်ဖက်ကြား ပဋိပက္ခများ ရှိသည့် ဂိုဏ်းအချို့မှ၊ ဤနေရာ၌ အချင်းချင်း စိန်ခေါ် ကြ ပေမည်။
ဓားမဟာမိတ် အဖွဲ့ကြီးတွင်၊ အင်အားစု များစွာ ရှိသောကြောင့်၊ ဤသို့ အပြိုင် အဆိုင် များ ရှိသည်မှာ သဘာဝ ပေပင်။
ဤလူများသည် ကောင်းကင် တာအို ဂိုဏ်း၏ သူတော်စင် တပည့် များနှင့် ယှဉ်နိုင် သည်ကို၊ လင်းယွန်မှ သတိ ပြုမိ၏။
ထိပ်တန်း အဆင့်ရှိ ပါရမီရှင်များ မှာမူ သာလွန်သော အရည်အချင်း ရှိသည်။ အချို့ စိတ်လှုပ်ရှား ဖွယ်ရာ တိုက်ပွဲ များသည်၊ လင်းယွန်အား အမြင်ကျယ် စေ၏။
“ ဒါက ကောင်းကင် တံဆိပ် ဓားပဲ။ ”
နှင်းရေခဲ သူတော်စင် နန်းတော်၏ တပည့် တစ်ဦးက၊ လင်းယွန် အာရုံကို ဆွဲဆောင် သွား ခဲ့သည်။
ဤတပည့်သည် အမည်ခံ ကြယ်ဓားကို နားလည် ထားပြီး၊ နိဗ္ဗာန် နဝမမြောက် အထွတ် အထိပ်သို့ ရောက်ရှိ နေ၏။
ပွဲပေါင်း များစွာကို အနိုင် ရထား ပြီးနောက်၊ ထင်ရှား ကျော်ကြား လာသည်။ သူ့ အမည်မှာ နန်းဂွန်းဟယ် ဖြစ်၏။
နှင်းရေခဲ နန်းတော်၏ အဓိက အမွေ အနှစ်သည်၊ အရာ အားလုံးကို ရေခဲ အဖြစ်၊ ဖုံးလွှမ်းခြင်း ဖြစ်သည်။
သူတို့သည် ပျက်စီး ခြင်းနှင့် အသက်ချွေ နိုင်သော ရည်ရွယ်ချက်ပေါ် အခြေခံ ထားကြ၏။ ထို့ကြောင့် ကျော်ကြား လှချေပြီ။
ဤသည်မှာ မျက်စိပွင့် စရာ အတွေ့ အကြုံ ဖြစ်သည်။ သိုင်း ရည်ညွှန်းချက် တစ်ခု၌၊ ဤမျှ လှည့်ကွက် များစွာ ရှိနိုင် မည်ဟု၊ ဘယ်တုန်း ကမှ မမျှော်လင့် ထားချေ။
“ သူက ကူဇီကျန်းထက် အများကြီး အားနည်းတယ်၊ သူ့ရဲ့ ကောင်းကင် တံဆိပ် ကျမ်းကို တတိယ အဆင့်ပဲ နားလည် ထားတယ်။ ”
လင်းယွန်၏ မျက်လုံး များတွင်၊ စိတ် ဝင်စားမှုကို သတိပြု မိသဖြင့်၊ ယွင်ဖုန်းမှ ပြောပြ လာသည်။
နန်းဂွန်းဟယ် ကဲ့သို့၊ ထူးချွန် ထက်မြက်သော ဓားသမား အချို့လည်း ရှိနေ သေး၏။
အနန္တ ဓားခန်းမမှ ကျန်းဖန်နှင့်၊ အနက်ရောင် ငှက်မွှေး နန်းတော်၏ အူယန်ဟောင် တို့မှာ၊ (၉) ပွဲဆက် အောင်ပွဲများ ရရှိ ထားကြသည်။
လက်ရှိ အချိန် အထိ တိုက်ပွဲဝင် နေသော တပည့် များထံ ကြည့်ကာ၊ ဓားတာအို မြင့်မြတ် မြေ များ၏ ကြောက်မက်ဖွယ် အခြေခံ အုတ်မြစ်ကို မြင်နိုင်သည်။
(၁၀)ပွဲ ဆက်တိုက် အောင်ပွဲ ရခဲ့သော အူယန်ဟောင်က လူအုပ်ထဲ ရုတ်တရက် ဝေ့ကြည့်ကာ၊
“ ကောင်းကင် တာအို ဂိုဏ်းရဲ့ ယဲ့ချင်းရှန်၊ မင်း ငါ့ကို တိုက်ခိုက် ဝံ့သလား။ ”
-ဟု မေးမြန်း လာတော့၏။
မကြာ သေးမီ ကမှ ဒုတိယ ကျန့်ကျင်းရှန် အဖြစ်၊ သူ့ကိုယ်သူ တင်စားခဲ့ သဖြင့်၊ ယဲ့ချင်းရှန် အမည်သည် လူတိုင်း အပေါ်၊ စိတ်ဝင်စားမှု တိုးလာ စေသည်။
“ ညီအစ်ကို ... ၊ မင်းအတွက် အခွင့်ရေး ကောင်းပဲ။ ”
ယွင်ဖုန်းမှ ပြောကြား လိုက်၏။ လူတိုင်း အူယန်ဟောင် အကြည့် နောက်သို့ လိုက်ကြပြီး ယဲ့ချင်းရှန်ထံ၊ ရပ်သွား ကြသည်။
ဤသူသည် ငရဲ သစ်ခွ ခြံဝင်း၏ သန့်ရှင်းသော သမီးတော်ကို ချောင်းကြည့် ခဲ့သူ ဖြစ်၏။ လူတစ်ရာတွင် တစ်ယောက် မလုပ် ရဲသော ဖြစ်ရပ်မျိုး ပေပင်။
လေပေါ် နန်းတော်ရှိ ဖုန်ရှောင်ယွီက အနည်းငယ် စိတ်လှုပ်ရှား လာ၏။ အရှေ့ဘက် ပျက်စီး မြေမှ တစ်စုံ တစ်ယောက်သည် လွန်ခဲ့ သည့် ဓားညီလာခံ၌၊ ပထမ နေရာကို သိမ်း သွားဖူးသည်။
“ ဒီလူက ... ၊ ဒုတိယ ကျန့်ကျင်းရှန် ဖြစ်ချင်နေ တာလား။ ”
မျက်မှောင်ကြုတ်လျက် မေး လိုက်၏။ လွန်ခဲ့သော အနှစ် နှစ်ဆယ်က အဖြစ် အပျက် များကို၊ သူ့ လက်ထက်၌ မကြုံလို တော့ချေ။
“ ဟုတ်တယ် ... ဒါပေမယ့် စိတ်မပူနဲ့၊ ဒီလို ရိုင်းစိုင်းတဲ့ လူကို၊ ငါ့ ဂျူနီယာက သင်ခန်းစာ ပေးဖို့ ... ၊ လုံလောက် ပါတယ်။ ”
ယဲ့ချင်းရှန်သည် အူယန်ဟောင်ကို အနိုင် မယူ နိုင်ကြောင်း၊ ကျောက်ဝူကျိမှ ယုံကြည်ထား လေသည်။
“ ဟား ဟား ဟား ... ယဲ့ချင်းရှန် မင်းက သတ္တိ မရှိ ဖူးလား။ ”
အူယန်ဟောင်မှ ရယ်မော လိုက်သည်။
စိန်ခေါ် ခံရ ပြီးနောက်၊ လူတိုင်း ရေကန် ပေါ်သို့ လာရောက် ကြသည်။ ယခုမူ ယဲ့ချင်းရှန် မှာ မလှုပ်သေး သဖြင့်၊ ကြောက်လန့် နေသည်ဟု ထင်လာ ကြ၏။
“ အူယန်ဟောင်က ဆယ်ပွဲ ဆက်တိုက် အနိုင်ရ ထားတာ ဆိုတော့ ... သူ ကြောက်နေ တာ နေမယ်။ ”
“ အရှေ့ဘက် ပျက်စီးမြေရဲ့ ဓားသမား တွေက ဘယ်မှာ သတ္တိ ရှိလို့လဲ၊ သူတို့ တွေရဲ့ ဂုဏ်သိက္ခာက ကျဆင်း နေပါပြီ။ ”
လူများစွာက ယဲ့ချင်းရှန်အား အထင် အမြင် သေးစွာဖြင့်၊ ဆွေးနွေးမှုများ ကျယ်လောင်စွာ ပြုလုပ် လာကြ တော့သည်။
“ ယဲ့ချင်းရှန် တက်လာပြီး ... ငါ့ကို တိုက်ပါ ... ။ ”
ကျယ်လောင်စွာ အော်ငေါက် သံကြောင့်၊ ကောင်းကင်ကြီး တုန်လှုပ် သွားကာ၊ ရေကန် အနှံ့ လှိုင်းလုံးများ ပြန့်ကျဲ ကုန်၏။
အကြိမ်ပေါင်း များစွာ ဆက်တိုက် တိုက်ပွဲ ဝင်ခဲ့ ရသော တစ်ဖက်လူ အပေါ်၊ အခွင့်ကောင်း မယူချင် သောကြောင့်၊ လင်းယွန်မှ တုန့်ဆိုင်း နေခြင်း ဖြစ်သည်။
“ ဝှစ် ... ။ ”
သို့သော် အူယန်ဟောင်မှ ကြီးစိုးပြ နေခဲ့သဖြင့် လက်နှစ်ဖက်ကို ဆန့်ကာ၊ ရေကန် ပေါ်သို့ ခုန်လွှား သွားလိုက် ရသည်။
ဤနေရာ၌ စင်မြင့် မရှိချေ။ လေထု အလယ် ရပ်လျက်၊ ကြည်လင်သော ရေသည် ခေျာ်ရည်ပူ အလား၊ အရှိန် ဟပ်စေသည်။
“ မင်း ... အနားယူ လို့ရတယ်။ ”
လင်းယွန်မှ ပြောကြား လိုက်သည်။ အူယန်ဟောင် မျက်လုံး၌ လှောင်ရိပ်များ ထင်ဟပ် လာပြီး၊
“ (၁၀)ပွဲ ဆက်တိုက် အနိုင်ရ ထားလို့၊ မင်းကြောက်နေ တာလား၊ ငါ အနားယူ နေစရာ မလို ပါဘူး။ ”
“ ကောင်းပြီ ... ၊ ဒါဆို စလိုက် ရအောင်။ ”
လင်းယွန်မှ ခေါင်းညိမ့် လိုက်၏။
“ မင်းကို သုံးကြိမ် အတွင်း ... ၊ ငါ အနိုင် ယူမယ်၊ ဓားကျွန် တွေက အနက်ရောင် ငှက်မွှေး နန်းတော်ရဲ့ ... သူတော်စင် တပည့် တေွနဲ့ ယှဉ်နိုင်တယ် မထင်နဲ့ ... ။ ”
အူယန်ဟောင်က ပြုံးပြီး ပြေးဝင် လိုက်တော့သည်။ သူ ပြေးနေစဉ် အနက်ရောင် ဝတ်ရုံမှ တောင်ပံ အဖြစ် ပြောင်းလဲ သွား၏။
ထိုတောင်ပံ ပေါ်တွင်၊ အနက်ရောင် မီးတောက်များ ဖုံးလွှမ်း လာသည်။ တစ်ချိန် တည်း မှာပင်၊ အမည်ခံ ကြယ်ဓား ကိုလည်း ဖြန့်ကျက် ထား၏။
“ ချွင် ... ။ ”
လင်းယွန် အနား ရောက်သော အခါ၌၊ အဆုံးမရှိ ဓား ရောင်ဝါဖြင့်၊ ဓားကို ဆွဲထုတ် လိုက်သည်။
လူတိုင်း အပေါ်၊ စိတ်မသက် မသာ ဖြစ်စေသော ဖိအား တစ်ခု၊ ကောင်းကင်ပေါ် လျှံတက် လာ၏။
ပြိုင်ဘက်ကို တစ်ချက် တည်းဖြင့် အနိုင် ယူရန် ဆုံးဖြတ်ထား သောကြောင့်၊ ဤဓားမှာ အစွမ်းထက် ချေပြီ။
ထို့ကြောင့် ဓားကို ဟန့်တားရန် မဆိုနှင့် ဖိအား အောက်၌ လှုပ်ရှားရန်ပင် ခက်ခဲ ပေမည်။
“ အူယန်ဟောင်က ... တကယ် သန်မာ တာပဲ၊ သူ ... ဒီဓားပဲ ထပ်သုံး ပြန်ပြီ၊ ယဲ့ချင်းရှန် အတွက် ... မကောင်း နိုင်ဘူး။ ”
ယွင်ဖုန်းက ရေရွတ် လိုက်သည်။
ဓားသမား အများ အပြားက၊ သူ့ကဲ့သို့ပင် လွင့်စဉ် လာမည့် ယဲ့ချင်းရှန် ကိုသာ စောင့်မျှော် နေမိ ကြ၏။
သို့သော် လင်းယွန်က သူ့ဓားကို လက်နှစ်ချောင်း အတွင်း ထည့်ကာ၊ တွန်းပစ် လိုက်သည်။
“ ထန် ... ။ ”
သတ္တု အချင်းချင်း တိုက်သံ ပေါ်လာပြီး၊ ဓားရောင်ခြည် ပြေးထွက် လာကာ၊ သူတော်စင် ဓားမှာ အဝေးသို့၊ လွင့်ကျ သွားတော့သည်။
“ ငါ ... ဘာကို ဆိုလို တာလဲ ... ၊ မင်း နားလည် ပြီလား၊ ငါ့ကို စိန် မခေါ်ခင် ... မင်း အနားယူ သင့်တယ်၊ အခုတော့ မင်းရဲ့ ဓားကို တောင်၊ မကိုင်နိုင် တော့ဘူး။ ”
လင်းယွန် စကားကြောင့် အူယန်ဟောင် တစ်ယောက် မျက်လုံးပြူး သွား၏။ လူအုပ် ကြီး ပင် မယုံကြည် နိုင်စွာ မှင်တတ် ကုန်သည်။
“ ငါ့မှာ ဓားတစ်လက်ပဲ ရှိတယ်လို့ ... ၊ မင်း ထင်နေ တာလား။ ”
အူယန်ဟောင်က နောက်ထပ် ဓား တစ်လက်ကို ထုတ်ယူကာ၊ လင်းယွန် ရင်ဘတ် ထဲ၊ ထိုးသွင်း လိုက်သည်။
သို့သော် လင်းယွန် ပုံရိပ်မှာ ယိမ်းယိုင်လျက် လှိုင်းအဖြစ်၊ ပျံ့ကျဲသွား တော့၏။ ဓားကို ပြန်ဆွဲ လို သော်လည်း၊ တစ်ဖက် လူ၏ လုယူခြင်း ခံလိုက် ရသည်။
ယင်းကြောင့် နောက်ထပ် ဓားတစ်လက် ဆွဲထုတ်ကာ၊ ခုတ်ပိုင်းချ လိုက်၏။ လင်းယွန်မှ မိုးပြာ နဂါး သူတော်စင် ခန္ဓာအား ဖြန့်ကျက် ကာ၊ နဂါး ရူရ်များ သိုင်းခြုံလျက်၊ ဖမ်းယူ ခဲ့သည်။
“ သေ စမ်း ... ။ ”
ယင်းကြောင့် အူယန်ဟောင် ခမျာ နောက်ထပ် သူတော်စင် ဓားတစ်လက်ကို ထပ်မံ ထုတ်ယူ လိုက်ရ ပြန်၏။
၎င်း၏ ဓားများတွင် ဓားစံအိမ် တံဆိပ် ပါရှိနေ သဖြင့်၊ ဤကာလ အတွင်း သူတော်စင် ဓား အများ အပြားက၊ ဓားစံအိမ်မှ ရောင်းချ နိုင်ခဲ့မှန်း၊ လင်းယွန် သိလိုက်သည်။
ဓား (၉)လက် တိတိ၊ ထုတ်ယူလိုက် သောလည်း၊ လက်လွှတ် လိုက်ရ သောကြောင့်၊ အူယန်ဟောင် မျက်နှာ ဖြူဖွေး သွားသည်။
“ ဓားစံအိမ်က ဓားတွေက အရည် အသွေး သိပ် မကောင်းဘူး ထင်တယ်။ ”
အာနား တဝိုက်တွင် ကျိုးကျ နေသော ဓားအပိုင်းအစ များကို ကြည့်ကာ၊ လင်းယွန်မှ လက်နှစ်ဖက် နောက်ပို့လျက်၊ ပြောကြား လိုက်သည်။
ယင်းသည် အူယန်ဟောင်အား ဒေါသ ထွက်စေ၏။
“ မလှုပ်နဲ့ ... မင်း ရှုံးနေပြီ။ ”
ရုတ်တရက် လင်းယွန်က တစ်ပါတ် လှည့်ကာ၊ ပန်းသင်္ချိုင်းကို ဆွဲထုတ်ပြီး၊ အူယန် ဟောင် ခေါင်းပေါ် တင်လိုက်သည်။
အူယန်ဟောင် တစ်ယောက် ထိတ်လန့် သွားကာ၊ ဒူးများ တဆက်ဆက် တုန်လျက် ရုန်းကန် လိုက်ရ၏။
သို့သော် လင်းယွန်က ဓားအား တဖြည်းဖြည်း ဖိချကာ၊ သူ့ကို ဒူးထောက် စေခဲ့ သည်။
“ ငါ ပြောနေတယ် ... ၊ မလှုပ်နဲ့လို့။ ”
လင်းယွန်မှ အေးစက်စွာ သတိ ပေးလိုက်သည်။ ယင်းကြောင့် အူယန်ဟောင် တစ်ယောက် ကျောရိုးများ အေးစက် လာပြီး၊ ချွေးများ စီးထွက် လာတော့သည်။
***