ကြာနက် သူတော်စင် ခန္ဓာ ကိုယ်နှင့် ပြန်လည် ကြုံဆုံခြင်း။
Vol. 147 Ch. 2058
ဤသည်မှာ နှစ်တစ်ထောင် အတွင်း ပြိုင်ဘက်ကင်းဟု အဓိပ္ပါယ် ရ၏။ မည်သူမျှ အသံ မထွက် ဝံ့ချေ။
ဓားစံအိမ်၏ ပါရမီရှင် ဖုန်ရှန့်လင် သည်လည်း ဓား တစ်ချက်ပင် မခံနိုင်သဖြင့်၊ ဓား မဟာမိတ် အဖွဲ့အား ခါးသက် သွားစေ၏။
ဖုန်ရှန့်လင် မျက်နှာ ဖြူဖျော့ နေပြီး အံကြိတ်လျက်၊
“ ယဲ့ချင်းရှန် ... မင်း တကယ် မောက်မာတယ်၊ နှစ်ပေါင်း တစ်သောင်း အတွင်း မှာ၊ ပြိုင်ဘက် ကင်းလို့ ဘာလို့ မပြောလဲ။ ”
“ ရွှေခေတ်က လူတွေကို သနားလို့။ ”
လင်းယွန်မှ ပြန်ဖြေ၏။
“ တကယ် အရှက်မဲ့ တာပဲ။ ”
ဖုန်ရှန့်လင်က လှောင်ပြောင်သည်။
“ မင်း နားလည်မှု လွဲသွားပြီ၊ သူတို့နဲ့ မယှဉ်နိုင် ဘူးလို့ ပြောနေတာ မဟုတ်ဘူး၊ သူတို့ ငါနဲ့ ဆုံတွေ့ခွင့် မရ လိုက်တာ ကံကောင်း တယ်လို့ ပြောချင်တာ၊ မဟုတ်ရင် ... ။ ”
ဖုန်ကျန့်လင် တစ်ယောက် အံသြပြီး မည်သည့် စကားများ ဆက်ပြော ရမည်မှန်း မသိ တော့ချေ။
သူသည် မောက်မာ လွန်းသော်လည်း ထိုသို့သော ဝင့်ကြွားမှုမျိုး မပြုဝံ့ သည်မှာ အမှန် ပေပင်။
ပတ်ဝန်းကျင်ရှိ လူတိုင်း မျက်လုံးပြူး လာသည်။ ဓားညီလာခံ သမိုင်းတွင် ဤမျှ မာန ကြီးသူ တစ်ယောက်မျှ မတွေ့ဖူးခေျ။
ကျန့်ကျင်းရှန် သည်ပင် ၎င်းထက် ယဉ်ကျေး နေသေးသည်။
“ မင်း အရှုံးကို ဝန်မခံ သေးဖူးလား။ ”
“ ငါ ရှုံးနိမ့် တာကို လက်မခံရင် ... မင်း ဘာလုပ် မလဲ၊ ငါ့ကို သတ်မို့လား။ ”
“ မသတ် ပါဘူး ... ၊ မင်း မယုံကြည် သေးဖူးဆိုရင် ဒဏ်ရာ တွေကို ကုပြီး ပြန်လာခဲ့၊ ထပ်တိုက်မယ်။ ”
လင်းယွန် စကားကြောင့် ဖုန်ရှန့်လင် တစ်ယောက် အံ့အားသင့် သွား၏။ သူ့၌ ဝှက်ဖဲ များ ရှိနေ သေး သဖြင့်၊ ထပ်၍ တိုက်သော် သည်မျှ ရလာဒ် ဆိုးရွားမည် မဟုတ်ကြောင်း ယုံကြည်သည်။
“ ကောင်းပြီ ... ။ ”
သို့သော် နန်းတော် ပေါ်ရှိ ဖုန်ရှောက်ယွီ မျက်နှာမှာ ဖြူဖျော့လျက်၊ နဖူး၌ ချွေးသီးများ စီးကျ လာသည်။
အမည်ခံ သူတော်စင် နယ်ပယ်ကို အားကိုးကာ၊ တိုက်ခိုက်မှုအား ကြည့်မိ သဖြင့်၊ အစောပိုင်း တိုက်ခိုက်မှုသည် သူ့ကို အမှန် တကယ် ထိတ်လန့် စေခဲ့၏။
ဤတစ်ကြိမ် တွင်လည်း၊ ယခင် အကြိမ် ကဲ့သို့ အပြင်လူ တစ်ဦး၏ လက်ထဲ ကျရောက် သွားနိုင် သည်ဟု၊ တွေးလာ မိသည်။
ကူဇီကျန်းမှ ပြုံးပြီး။
“ အဲဒီ လူက နည်းနည်းတော့ ... နား မလည်နိုင် လောက်အောင် ပါပဲ၊ ကောင်းကင် တာအို ဂိုဏ်းက ... ၊ ဒီလို ပါရမီရှင် မျိုးကို ဘယ် အချိန် တုန်းက၊ ပျိုးထောင် နိုင်ခဲ့ တာလဲ။ ”
ထပ်မံ တိုက်ခိုက် လျှင်ပင်၊ ဖုန်ရှန့်လင် တစ်ယောက် ဆုံးရှုံး နိုင်သည်ကို သိနေသော ကြောင့် စိုးရိမ် လာမိ၏။
“ ညီအစ်ကို ကူ ... ၊ မင်း ဘယ်လိုများ ပြုံးနေနိုင် တာတုန်း .. မြန်မြန် တိုက်ဖို့ လုပ်ပါ၊ မင်းပဲ သူ့ကို နှိမ်နှင်း နိုင်မှာ။ ”
“ စိတ်လျော့ပါ ... ၊ အစ်ကို ကျောက်က အနက်ရောင် ငှက်မွှေးကျမ်း ... တတိယ အဆင့် ရောက်ရှိ ထားတယ်၊ သူက ယဲ့ချင်းရှန်ကို အနိုင် ဖို့ ... ၊ ပြဿနာ ရှိမှာ မဟုတ်ဘူး၊ ပြီးတော့ ...
... အစ်ကို ကျောက်နဲ့ ... ဒီယဲ့ချင်းရှန် ကြားမှာ ရန်ငြိုးတွေ ရှိသေးတယ်၊ ဒါကြောင့် ... ငါ့အစား သူက ပိုသင့်လျော်တယ်။ ”
ကူဇီကျန်းမှ ပြုံးကာ ပြန်ပြောသည်။ ကျောက်ဝူကျိက သူ့စကား များကို လျစ်လျူရှု ကာ၊
“ လွန်ခဲ့တဲ့ တစ်နှစ် လောက်က ... ကြယ်ဓားကို ငါနားလည်ပြီး၊ ကနဦး ကျွမ်းကျင် မှု အထွတ် အထိပ် ရထားတယ်၊ သူ့ကို အနိုင် ယူဖို့ လွယ်ပါ လိမ့်မယ်။ ”
-ဟု ယုံကြည်မှု အပြည့်နှင့် ပြောကြား လာသည်။
သူ့ကျင့်ကြံမှုသည် နိဗ္ဗာန်-နဝမမြောက် အထွတ် အထိပ် အသွင် ကူးပြောင်းမှု အဆင့်၌ ရှိ၏။ အမည်ခံ သူတော်စင် တစ်ပါးအား ယှဉ်နိုင်သည်။
ဆိုလို သည်မှာ၊ ယဲ့ချင်းရှန်၏ ဓားကို ခံနိုင်ရည် ရှိသရွေ့၊ ကျင့်ကြံမှု တစ်ခု တည်းဖြင့်၊ အလွယ်တကူ အနိုင်ယူ နိုင်၏။
“ ဒါဆို ... မင်း လှုပ်ရှား လိုက်တော့၊ မဟုတ်လို့ ဓားမဟာမိတ် အဖွဲ့ ရှုံးခဲ့ရင် ရှက်စရာ ဖြစ်လိမ့် မယ်။ ”
ဖုန်ရှောက်ယွီမှ မျှော်လင့်တကြီး ပြောကြား လိုက်၏။ ထိုအချိန်၌ ဖုန်ကျန့်လင်က လင်းယွန် အား မော့ကြည့်သည်။
သူ့၌ နောက်တစ်ကြိမ် တိုက်ရန် အခွင့် အရေး ရှိသဖြင့်၊ အနိုင် မယူ နိုင်သော်မှ ရလာဒ် ဆိုးရွား လိမ့်မည် မဟုတ်ကြောင်း၊ ယုံကြည် လာ၏။
“ အဲဒီကောင်က သူ့ကိုယ်သူ နက်နက် နဲနဲ ဖုံးကွယ် ထားတာပဲ။ ”
ကျောက်ဝူကျိမှ ရေကန်ကို ကြည့်ကာ သုံးသပ် လိုက်သည်။ ဖုန်ကျန့်လင် တစ်ယောက် ဒဏ်ရာများ သက်သာ လာ သည်နှင့်၊ ထပ်မံ တိုက်ခိုက် တော့သည်။
“ ဟိတ် ... ။ ”
သူ ရှုံးမည်ကို သိသော်လည်း၊ တိုက်ပွဲ၌ မထိန်းထား တော့ဘဲ ဝှက်ဖဲများ အားလုံးကို သုံး ပြ ခဲ့သည်။
သို့တိုင် ယဲ့ချင်းရှန်၏ အဝတ်အစား ကိုပင် မထိနိုင် ဖြစ်နေ၏။ လုံးလုံး လျားလျား ဖိနှိပ် ခံရ ခြင်းမျိုး ပေပင်။
ကျောက်ဝူကျိမှ တိုက်ပွဲထံ ကြည့်ကာ၊ ယဲ့ချင်းရှန်အား နှိပ်ကွပ်ရန် စိတ်ပိုင်း ဖြတ်လိုက် ပြီး၊ အခွင့် အရေး ရပါက သတ်ပစ် ပေမည်။
၎င်းသည်သာ ဆက်လက် ကြီးထွား လာသော် ဒုက္ခ ဖြစ်နိုင်၏။ ထိုအချိန်တွင် အဆုံး သတ်ရန်၊ လင်းယွန်က ဓားအား လွှဲချ လိုက်သည်။
“ ရွှပ် ... ။ ”
ယင်းက ဖုန်ကျန့်လင်၏ အားနည်းချက် အပေါ်၊ တိကျစွာ ထိမှန်လျက်၊ လွင့်ပျံ သွားစေ ခဲ့၏။ သို့သော် ထိန်းထားခဲ့ သဖြင့်၊ ဖုန်ကျန့်လင် တစ်ယောက် အသက် ရှင်ခဲ့သည်။
“ ဓားချက်တည်း ပဲလား ... ။ ”
ဖုန်ကျန့်လင် နှုတ်ခမ်းများ တုန်ယင် လာသည်။ သူက၊
“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ ... ၊ ငါရှုံးခဲ့ ရင်တောင်၊ ဓားတစ်ချက် လောက်တော့ ခံနိုင်ရည် ရှိသင့်တယ် မဟုတ်လား။ ”
-ဟု မယုံနိုင်ဟန် ပြောကြား လိုက်သည်။
ဖုန်ကျန့်လင်နှင့် ယဲ့ချင်းရှန် တို့သည်၊ တူညီသော အဆင့်တွင် မရှိကြမှန်း လူတိုင်း နားလည် လာ၏။
ယင်းက ဖုန်ကျန့်လင်အား အဆင် မပြေသော အနေ အထားသို့ ကျရောက် သွားစေ သည်။
လင်းယွန်မှ လူစု လူဝေး ကြားတွင် ပုန်းအောင်း နေသော ဖုန်ကျန့်လင်ကို ကြည့် ကာ၊ ခေါင်းယမ်း မိလေသည်။
အစော ပိုင်းတွင် ဤလူသည်၊ သူ့ကိုယ်သူ ဉာဏ်ကြီးရှင် တစ်ဦးဟု ဆိုကာ၊ သတ္တိ ကောင်း ခဲ့သည်။
ထိုသို့သော လူသည် ဓားသမား ဖြစ်သင့် ချေပြီ။ သို့သော် ယခုမူ နှစ်ကြိမ်တိုင် ရှုံးနိမ့် ပြီး သော်မှ၊ အရှုံးကို ဝန်ခံရန် သတ္တိ မရှိချေ။
လင်းယွန်က စိတ်ပျက် လက်ပျက် လျစ်လျူရှု လိုက်ပြီး၊
“ ဘယ်သူ ရှိသေးလဲ ... ။ ”
-ဟု မေးမြန်းလိုက်သည်။
လက်နှစ်ဖက်ကို နောက်ပို့လျက် ရပ်စောင့် နေလိုက်သည်။
“ ငါ ရှိတယ် ... ။ ”
ကျောက်ဝူကျိက နန်းတော်မှ ခုန်ဆင်း လာ၏။ သူ ဆင်းလာသော အခါ အနက်ရောင် ဝတ်ရုံက၊ အတောင်ပံ တစ်စုံ အသွင် ဖြစ်ပေါ် လာသည်။
ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ကြာပန်း တစ်ပွင့် သူ့ခြေဖဝါး အောက်၌ ဖြစ်တည် လာ ခဲ့၏။ ကြာပန်း များကို ဓား ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်း ထားသည်။
“ အဲဒါ ကြာနက် သူတော်စင် ခန္ဓာပဲ၊ အနက်ရောင် ငှက်မွှေး ဓားကျမ်းကို ... အမြင့် တစ်နေရာ ရောက်တာနဲ့ ... ၊ ကြာနက် မီးလျှံနဲ့ ကြာနက် သူတော်စင် ကိုယ်လုံး ကိုယ်ပေါက်ကို ဆုပ်ကိုင် နိုင်လိမ့်မယ်၊ ပြီးတော့ ...
... သူ့ရဲ့ ... ရွေ့လျားမှု နည်းစနစ်က ကြာနက် ... အသွင် ပြောင်းခြင်း ကိုးမျိုးပဲ၊ တကယ်တော့ ... ဓားတာအို မြင့်မြတ်မြေ သုံးပါးရဲ့ ခေါင်းဆောင်က ... အနက်ရောင် ငှက်မွှေး နန်းတော်ပဲ မဟုတ်လား။ ”
ဖုန်ကျန့်လင်၏ မောက်မာမှုနှင့် နှိုင်းယှဉ် ပါက ကေျာက်ဝူကျိမှာ ပိုမို နှိမ့်ချသော အသွင် ရှိ နေသည်။ ၎င်းလောက် မာနကြီးခြင်း မရှိချေ။
သို့သော် ထိုနှိမ့်ချ မှုသည်၊ သူ့ကို ဝန်းရံ နေသော ကြာနက် များကြောင့်၊ ကြောက်စရာ ပို ကောင်း လာ၏။ သူ ထုတ်လွှတ် လိုက်သော ရောင်ဝါသည် ဖုန်ကျန့်လင်ထက် များစွာ သာလွန် နေသည်။
“ ကြာနက် သူတော်စင် ခန္ဓာ ကိုယ်လား။ ”
လင်းယွန် တစ်ယောက် အတွေးနက် သွားတော့သည်။ ဘုရင် အဆင့်မှ ကျင်းရွှမ်ယီ တွင်လည်း ကြာနက် သူတော်စင် ခန္ဓာကိုယ် ရှိကြောင်း၊ သတိရ လာ၏။
သို့သော် ကျောက်ဝူကျိ၏ ခန္ဓာကိုယ်သည် ၎င်းထက် များစွာ သာလွန်၏။ ကြာနက် များမှာ၊ ဆန်းကြယ်ပြီး ရှေးကျ ချေသည်။
သူတို့အား ရှေးဦးခေတ်၌ ဧကရာဇ် သို့မဟုတ် နတ်ဘုရား အဆင့်၊ သဘာဝ ရတနာ အဖြစ် သတ်မှတ်နိုင် ပေ၏။
ရေကန် ပေါ်တွင် ကြာနက်များ ပွင့်လာပြီး။
“ ယဲ့ချင်းရှန် ... မင်းကို ဒီလောက် သန်မာ လိမ့်မယ်လို့ မမျှော်လင့် ထားဘူး၊ ငါလျှော့တွက် မိခဲ့တယ်၊ ကောင်းပြီ ... ငါ မင်းကို အခွင့်ကောင်း ယူမှာ မဟုတ်ဘူး၊ တိုက်ပွဲ မစခင်၊ မင်း ... ခဏ အနား ယူနိုင်တယ်။ ”
“ မလို ပါဘူး ... ။ ”
“ ဒါဆို ... ။ ”
ကျောက်ဝူကျိက ဆက်မပြော တော့ဘဲ မျက်နှာချင်း ဆိုင်လိုက်၏။ လှုပ်ရှားရန် အလျင် စလို မဖြစ်ခဲ့ ကြချေ။
“ ရွှပ် ... ။ ”
ထို့နောက် ရုတ်တရက် ကျောက်ဝူကျိက လင်းယွန်၏ လည်ပင်းကို ဓားဖြင့် လှမ်းထိုးပစ် လိုက်သည်။
လူတိုင်း ဟစ်အော်မိ မတတ် ထိတ်လန့် နေစဉ်၊ လင်းယွန်က မှိန်ဖျော့လျက် ရပ်နေရာမှ ပျောက်ကွယ် သွားတော့သည်။
ကျောက်ဝူကျိ ဓားသည် ပုံရိပ်ယောင် ပေါ်ကိုသာ ထိုးမိ ခဲ့၏။ လင်းယွန်က ပြိုင်ဘက် ကို လျှော့ မတွက်ဘဲ၊ ဓား နှလုံးသားအား တစ်ချိန်လုံး အသက်သွင်း ထားသည်။
“ ဝှစ် ... ။ ”
ထို့ကြောင့် အန္တရာယ်ကို ကြိုသိကာ ရှောင်နိုင် ခဲ့ခြင်း ဖြစ်သည်။ ဓားဆွဲ ထုတ်လျက် ကောင်းကင်မှ ဇောင်ထိုး ဆင်းသက် လိုက်ကာ၊ ကျောက်ဝူကျိထံ လွှဲခုတ် ပစ်၏။
အန္တရာယ် အငွေ့ အသက်ကို သတိ ပြုမိသော ကျောက်ဝူကျိက သူ့ရှေ့တွင် ဓားအား ကန်လန့် ‘ကာ၊’ လိုက်သည်။
“ ထန် ... ထန် ... ။ ”
“ ရွှပ် ... ။ ”
ဓား-ဓားချင်း ထိပ်တိုက် တွေ့မိသွားပြီး၊ မီးပွားများ ပွင့်ကုန်၏။ လင်းယွန်က နတ်ဘုရား ပုံရိပ်ယောင် ဓားဖြင့်၊ ကျောက်ဝူကျိ ရင်ဘတ် ဆီသို့၊ တောက်ထုတ် ပစ်လိုက်သည်။
ကျောက်ဝူကျိ ကလည်း၊ တည်ငြိမ် စွာဖြင့် ဝင်ရောက် လာသော ဓားအလင်းအား ပိတ်ဆို့ ပစ် လိုက်သည်။
ကြီးမားသော သက်ရောက်မှုကြောင့် ရေမျက်နှာပြင် ပေါက်ကွဲ သွားပြီး၊ နှစ်ဦးသား မြင်သာသော အရှိန်ဖြင့်၊ ကွဲကွာ ကုန်၏။
“ ပိုးစုန်းကြူး ရောင်ခြည်တော် ... ။ ”
လင်းယွန်မှ အနား မယူချေ။ လေထုကို နင်းလျက် ပြန်လည် အားယူကာ၊ ဓားချက်များ ထုတ်ဖော် လိုက်သည်။
ရေကန် ပေါ်၌ အမျိုး မျိုးသော ဖြစ်စဉ်များ ထင်ဟပ် လာပြီး ပိုးစုန်းကြူး နတ်ဓား ထွက်ပေါ် လာ၏။
ဓားသွားရာ လမ်း၌ နောက်ဆက်တွဲ ပုံရိပ်များ ကျန်ရစ် ခဲ့၏။ မြန်လွန်း သောကြောင့် ပုံရိပ်များ၊ ရာနှင့်ချီ ဖြစ်ပျက် နေသည်။
ပိုးစုန်းကြူး နတ်ဓားသည် ဤသို့ အစွမ်းထက် လိမ့်မည်ဟု၊ မည်သူမျှ မမျှော်လင့် ထားချေ။
လင်းယွန်က ဓား ရည်ရွယ်ချက် များကို ပေါင်းစပ်ကာ၊ စက်ဝိုင်းပေါင်း ရာဂဏန်းခန့် ခဏချင်း ဖန်တီး သည်။ ပြီးနောက်၊
“ အနန္တဓားများ ပေါင်းစည်းခြင်း ... ။ ”
-ဟု အော်ဟစ် လိုက်၏။
“ ဟိတ် ... ။ ”
ရေကန် မျက်နှာပြင် အထက် လေထု ထဲတွင်၊ ဟောက်သံ နှစ်သံ ပဲ့တင်ထပ် လာ၏။ ဓား ရည်ရွယ်ချက် များ ကြောင့်၊ ပုံရိပ်ပေါင်း များစွာ ဖြစ်ပေါ် လာသည်။
“ ဝုန်း ... ။ ”
အားကောင်းသော ဓားနှစ်လက် အစွမ်းကြောင့်၊ ပထမဆုံး သက်ရောက်မှု အဖြစ်၊ ရေမျက်နှာပြင် ကွဲသွားကာ၊ ကြီးမားသော လျှိုမြောင် တစ်ခု ဖြစ်ပေါ် လာတော့၏။
***