လူတိုင်းနဲ့ သဟဇာတဖြစ်တယ်
Vol. 23 Ch. 331
ဘာသာပြန် = စနိုးဝှိုက်
လူလိမ်ထျန်ဟာ..ထောင့်မှာ ရပ်နေပြီတော့..တစ်ယောက်ထဲ ရယ်မောနေခဲ့ တယ်..။ဒီ ဆယ်လီတွေ လင်းဖန်နဲ့ တွေ့ရတာ ကံဆိုးတယ် လို့ ပြောလို့ရပါတယ်..။လင်းဖန် က တစ်စုံတစ်ယောက်ကို မကြိုက် ဘူး ဆိုရင် လုံးဝ ကို မျက်နှာသာ မပေးပါဘူး..။
အထူး သဖြင့် လီမူဇီ နံ လုဒေါင်ရမ် တို့ပါ..။တကယ်လို့..သူတို့..ရိုက်ကူးရေးပြီးတာတောင် ပြသနာ လာရှာဦးမယ် ဆိုရင်လည်း သူတို့ပဲ နှစ်ခါခံကြရဦးမှာပါ..။သူတို့ ..လင်းဖန် နဲ့ တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်မယ် ဆိုရင်တော့ သူတို့ အရိုက်နှက်ခံရဖို့ ကျိန်းသေ သွားပါပြီ..။
ဘယ်လောက်တောင် ကံဆိုး လိုက်လဲ...
ဝူယူလန် ဟာ သက်တောင့် သက်သာ မရှိတော့ပေ..။လင်းဖန် တန်ယန် ကိုကောင်းကောင်းဆက်ဆံတာက..သူမက လှပနေလို့လား..။သို့ပေမယ့် သူမကိုယ်တိုင်လည်း လှပတဲ့ မိန်းကလေး တစ်ယောက်ပါ..။ဒါမှမဟုတ် ယောက်ျားလေးတွေပဲ သူတို့ ပန်ကန်ထဲမှာ ရှိတဲ့ အစားအသောက်ကို မစားချင်ပဲ..တစ်ခြား အစားအသောက်ကို စားချင်တာလား....ဒါမှ မဟုတ်...သူက သူ မပိုင်ဆိုင်ရတဲ့ အရာကို ပိုင်ဆိုင်ချင်တာလား..။
ဒါမှမဟုတ် သူမကပဲ..လင်းဖန် အတွက် မြင်ရတာ မလှပတော့ တာလား...။
အဲ့အချိန် မှာတော့ ဝူယူလန် ရဲ့ နှလုံးသားဟာ..ဖြစ်နိုင်ခြေတွေကို တွေးတောပြီး စိတ်လှုပ်ရှားနေခဲ့ပါတယ်..။
တန်ယန်ဟာ လင်းဖန်ကို ပြုံးပြီး ပြောလိုက်တယ်..။
"မာစတာ လင်း..ညီမက ဝိုက်ဘိုမှာ အစ်ကိုရဲ့ ပရိတ်သတ်ပါ..။ညီမ မာစတာ လင်း ဝိုက်ဘိုမှာ ပိုစ့်တင်တဲ့ အရာတိုင်းကို သိထားတယ်.. ပြီးတော့..မာစတာ လင်းရဲ့..ဗေဒင်ပညာက အရမ်းတိကျတာလည်း သိတယ်..။အစ်ကိုက ပုံမှန်ထက်ထူးချွန်တဲ့..လူပဲ..."
"မင်းတို့ မိန်းကလေးတွေရဲ့ မသိစိတ်က အမြဲတမ်းမှန်တယ်..။ဗေဒင်ဆရာ အများစုက အလိမ်အညာတွေ ဆိုတာ အမှန်ပဲ ဒါပေမဲ့..ငါ့ရဲ့..ဗေဒင်ပညာက အလိမ်အညာ မဟုတ်ဘူး..။အခုချိန်ထိ ဘယ်သူမှ ငါ့ကို မကျော်လွန်နိုင်သေးဘူး.."
ဟင်..
တန်ယန် ဟာ..မာစတာ လင်း မှာ ဒီလောက်ထိ မြင့်မားတဲ့ ယုံကြည်မူ ရှိနေလိမ့်မယ် လိူ့ မထင်ထားခဲ့ပေမယ့်လည်း သူမ သဘောမကျ မဖြစ်မိပါဘူး.။သူမက ဆယ်လီ တစ်ယောက်ဖြစ်ပေမယ့် လည်း..သူမ ဘဝရဲ့ မန်နေဂျာ တစ်ယောက်လို့ ပြောလို့ရပါတယ်..။သူမ အလုပ်မရှုပ်တဲ့ အချိန်ကျရင်..ဝိုက်ဘို အကောင့်ကို စစ်ဆေးပြီး..သတင်းတွေကို ဖတ်လို့ရပါတယ်..။ လီမူဇီ တို့လို အရမ်းအောင်မြင်တဲ့ ဆယ်လီ တွေကျတော့...သူတို့ကို စိတ်ပူစေတဲ့ သတင်းတွေ မရှိရင် ကိုယ့်အကောင့်ကို သုံးဖို့ အချိန် မရှိကြပေ..။
"ကိုယ့်ကိုကို ချီးမွမ်းနေတာ ရပ်လိုက်စမ်းပါ..။ဘယ်လောက် အရှက်မရှိလိုက်လဲ.."
လီမူဇီ တိုးတိုး ပြောလိုက်တာပါ..။
"မင်းဘာပြောတာလဲ.."
လင်းဖန် သံသယ ဖြစ်စွာ ကြည့်ပြီး မေးလိုက်တယ်..။
"ဘာမှ မဟုတ်ဘူး.."
လီမူဇီ ဘာမှ ပြန်ပြီး မပြောချင်တော့ပဲ တစ်တစ်ကြိမ် ရှိုးနိမ့်မူကို လက်ခံထားပြီးပါပြီ..။တကယ်လို့ သူတို့သာ..ရိုက်ကူးရေး လုပ်နေတာ မဟုတ်ရင်..သူ လင်းဖန်ကို နောင်တရ သွားအောင် လုပ်လိုက်မှာပါ..။
လင်းဖန် က တစ်စုံတစ်ယောက်ကို မကြိုက်ဘူး ဆိုရင် မျက်နှာသာ မပေးတာကို သူစောစော နားမလည်ခဲ့တာ စိတ်မကောင်စရာ ပါပဲ..။
ဒီ နောက်ကွယ်က မကောင်းကြံတတ်တဲ့ နှစ်ကောင်ကို မြင်ကတည်းက ဒီကောင်တွေရဲ့ အပြုအမူတွေက ဟန်ဆောင်မူတွေဆိုတာ လင်းဖန် ခံစားရပါတယ်..။
လင်းဖန် လီမူဇီကို အချိန်အတော် ကြာအောင် စိာက်ကြည့်လိုက်တဲ့ အချိန်မှာ သူဘာလိူ့ ဒီလိုဖြစ်နေတာလဲ ဆိုတာ နားလည်သွားခဲ့တယ်..။
သူက ဖုံးကွယ်ထားတာတွေ ကောင်းလွန်းလို့ လူအများစုက အမှန်တရားကို မသိကြပါဘူး..အထူးသဖြင့် သူ့ရဲ့ ပရိတ်သတ်တွေပါ..။သူက အမြဲတမ်း ပြင်ဆင်ပြီးမှ လူပ်တတ်ပြီး..ဘယ်သူမှ သူ့ရဲ့ စိတ်ရင်း အမှန်ကို မသိကြပေ..။
"မင်းပြောပြော မပြောပြော ပြသနာ မရှိဘူး..။မင်းရဲ့ စကားလုံးတွေ အပြုအမူတွေက အကုန်အတုအယောင် တွေ ချည်းပဲ..။မင်းက တစ်ခြား လူရဲ့ နောက်ကွယ်ကနေ မကောင်းပြောတတ်တဲ့ လူပဲ..ဒါက ကောင်းတဲ့ အရာမဟုတ်ဘူးနော်.."
ချီးပဲ..
လီမူဇီရဲ့ မျက်နှာဟာ ဒေါသကြောင့် နီရဲနေပေမယ့် သူ့ရဲ့ အပြုံးကို ထိမ်းသိန်း ထားခဲ့ပါတယ်..။
"မာစတာလင်း ခင်ဗျားရဲ့ ပါးစပ်ကလည်း ဘာထူးလို့လဲ..။ကျွန်တော်ရဲ့ ဒေါသတွေက သိမ်မွေ့ပြီး အရင်တုန်းကလည်း တိုက်ကွမ်ဒို လေ့ကျင့်ဖူးတယ် နော်..။အခု ခင်ဗျားဒီလို တွေပြောနေတာ တစ်ခြား အချိန်မှာသာ ဆိုရင် အရိုက်ခံရနိုင်တယ်.."
သူက စနောက်သလို ပြောနေပေယ့်လည်း..လူတိုင်းက သူ့ရဲ့ စကားတွေဟာ အဆိပ်ပြင်းတာ..ဒါမှမဟုတ် သူတကယ်ပဲ စိတ်တိုနေတာ ဒါမှမဟုတ်..မာစတာ လင်းကို တကယ်ရိုက် ချင်နေတယ် ဆိုတာ သိကြပါတယ်..။
လင်းဖန် လုံးဝ ဒေါသ မထွက်ပေ..။
"မင်းက ငါ့ပြိုင်ဘက် ဘယ်လို ဖြစ်နိုင်မှာလဲ..ငါက စွမ်းအားရှစ်မျိုး လက်သီးသိုင်..ပါးကွကျန်း ကို လေ့ကျင့်ထားတာ...။တစ်ချက် ထိုးတာနဲ့ မင်းမျက်နှာ ဘယ်တော့မှ နဂို အတိုင်း ပြန်ဖြစ်လာမှာ မဟုတ်ဘူး..။အိုး..ငါမေ့နေတာပဲ..ငါက ရှန်ဟိုင်း တရုတ်ကိုယ်ခံ ပညာ အဖွဲ့အစည်းရဲ့ ဒုတိယ ဥက္ကဌ နော်..။မင်းမယုံရင် ငါတို့ ဒီမှာ..နည်းနည်းပါးပါး စမ်းကြည့်လို့ရတယ်..ဒါပေမဲ့ ငါမင်းကို လျော့ပေးမှာပါ.."
ပရိုဂရမ် ရိုက်ကူးရေး လုပ်နေတာ ဆိုတော့ နှစ်ဖက်စလုံးက ရုပ်ဆိုးတဲ့ ဘက်ခြမ်းကို မပြချင်ကြပါဘူး..။
လီမူဇီဟာ အစကတော့ အမှတ်နည်းနည်း ရချင်ပေမယ့် ဒီကနဲ လုံးဝ အလျော့မပေး ပဲ နေလိမ့်မယ် လို့မထင်ထားခဲ့ပေ..။သူတကယ် စိတ်ရှည်မူတွေ ကုန်ဆံူးလာခဲ့ပါပြီ..။
ဟောင်ယွဲ့.လက်ခုပ်တီး လိုက်တယ်..။
"ဒါ မဆိုးဘူး..။ဒါပေမဲ့ ငါတို့ ..နားလည်မူ တစ်ခုလုပ်ကြရင်ရော ဘယ်လိုလဲ..တကယ်လို့..အစ်ကို ဇီသာ နိုင်သွားရင် မာစတာလင်းဆီက သဲလွန်စကို သူ့ကို ပေးလိုက်ကြမယ်.."
"ဒါက သိပ်မဆိုးတဲ့ သဘောတူမူပဲ..။အစ်ကို ဇီက တစ်ချိန်လုံး လေ့ကျင့်နေတဲ့ လူတစ်ယောက်ပဲ..။နောက်ဆုံးတစ်ကြိမ် ငါတို့ ရုပ်ရှင်ရိုက် တုန်းက ဆိုရင် အစ်ကို ဇီရဲ့..ကျွမ်းကျင် မူတွေက ကောင်းလွန်းလို့..ကူညီပေးတဲ့..ဆရာတွေတောင်..အံ့ဩနေုကသေးတယ်.."
အစ်ကို ဇီဟာ အစက ဒါကို ငြင်းပယ်ဖို့ လုပ်လိုက်ပေမယ့်လည်း..မာစတာ လင်းရဲ့..အခြေအနေက လွတ်မြောက်အောင် လုပ်ချင်တဲ့ အမူအရာကို မြင်ပြီး လှောင်ပြုံးပြုံးလိုက်တယ်..။
"ကောင်းပြီလေ...မာစတာ လင်းက ကိုယ်ခံပညာ အဖွဲ့အစည်းရဲ့..ဥက္ကဌ ဆိုတော့..ကျွမ်းကျင်မူ တော့ရှိမှာပေါ့..။ကျုပ်တို့ တစ်ယောက်နဲ့ တစ်ယောက် ပညာချင်းနဲနဲလောက် ဖလှယ်ကြရအောင်..။စိတ်မပူပါနဲ့ ကျွန်တော် ခင်ဗျားကို အရှက်ရတဲ့ အထိမလုပ်ပါဘူး.."
လင်းဖန် ငါးစာ ချနေခဲ့တာပါ..။
ယင်းနောက် သူ မတ်တတ်မရပ်ခင် ပြုံးလိုက်တယ်..။
"ကောင်းပြီ လေ.."
"ဒါရိုက်တာ ဟု..ဒါကမဟုတ်သေးဘူး ထင်တယ်နော်.."
ရိုက်ကူးရေး အဖွဲ့သား တစ်ယောက်ဟာ..ဒါရိုက်တာ ဟု နားကို ကပ်ပြီး မေးလိုက်တာပါ..။
ဒါရိုက်တာ ဟု လက်ဝေ့ယမ်းလိုက်တယ်..။
"ဘာမှ ဟုတ်တာတွေ မဟုတ်တာတွေ ပြောမနေနဲ့..။ဇာတ်ညွှန်းဆိုတာက ကျောရိုးအတွက် ပဲရေးထားတာ..ဒီကြားထဲဖြစ်လာတာတွေ..အကုန်လုံးက..ပရိုဂရမ် အတွက်ပဲ.."
"ဒါပေမဲ့ လေထုက တစ်ခုခုတော့ မှားနေတယ်လို့ ကျွန်တော် ထင်တယ်နော်..။ဒါက အပျော်အပါးကနေ လေးလေးနက်နက် တွေဖြစ်လာသလိုပဲ.."
"အရှုပ်အထွေးကတော့..အနည်းငယ် ရှိမှာပဲ လေ..သူတို့ ကိုယ့်ဒေါသကို ထိန်းထာတာ မတွေ့ဘူးလား..။အကုန်လုံးက အားလုံး အဆင်ပြေနေတာပဲကို.."
ဒါရိုက်တာ ဟု ပြုံးပြီး ပြောလိုက်တာပါ..။
ရိုက်ကူးရေး အဖွဲ့သားတွေဟာ ဘာမှ ထပ်မပြော
တော့ပဲ ဒါရိုက်တာ ဟုရဲ့ လမ်းညွှန်မူ အတိုင်းသာ..မေးလိုက်ကြပါတယ်..။
လီမူဇီ .ဟာ ဒီငနဲ သူ့ရဲ့ စိန်ခေါ်မူကို တကယ်လက်ခံ ရဲလိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး..။သူက တိုက်ကွမ်ဒိုကို အချိန်အတော်ကြာ..လေ့ကျင့်လာခဲ့တာပါ..။သူ ယုံကြည်မူ ရှိစွာ ရယ်မောလိုက်တယ်..။ထပ်ပြောရရင်..သူက ကိုယ်ခန္တာကိုလည်း နေ့တိုင်း လေ့ကျင့်နေတာ ဖြစ်တာကြောင့်လ.. ဒီတိုက်ခိုက်မူက သူ့အတွက်..ထမင်းစားရေသောက် သလို လွယ်ကူနေတော့မှာပါ..။
!ဒီငနဲ ကြောက်ချီးပါသွားဖို့ လက်သီး တစ်လံူး ဆိုရင်တောင် လုံလောက်နေပါပြီ..။
"လာထိုးလေ..ငါ ဖွင့်ပေးထားမယ်.."
လင်းဖန် လီမူဇီကို ခြေဟန်လက်ဟန် ပြလိုက်တယ်..။
ချီးပဲ...
လီမူဇီဟာ သူ့ကိုယ်သူ တိုက်ပွဲကွင်းပြင်မှာ ရောက်နေသလို ခံစားလိုက်ရတယ်..။
ဒါက ဘာအဓိပ္ပါယ်လဲ..ဒီငနဲက ငါ့ကို အထင်သေးနေတာလား..။ကောင်းပြီလေ..ငါ မင်းကို တစ်ချက်ထဲနဲ့...အမှောက်သိပ်ကြမယ်.....
"မင်းအဆင်သင့် ဖြစ်ပြီလား...။မင်း အချိန်လုံလောက်အောင်..ယူပြီးပြီ ဆိုရင် လာခဲ့တော့..။ငါ အနိုင်ကျင့်တယ် လို့ အပြောမခံရအောင် မင်းကို လက်တစ်ဖက် ထဲပဲ သုံးမယ်.."
လင်းဖန် ပြောလိုက်တာပါ..။
မအိမျလူံး...
လီမူဇီ စိတ်ထဲကနေ ကျိန်ဆဲ လိုက်တယ်..။လင်းဖန်က သူ့ဒေါသကို လာဆွ နေခဲ့တာပါ...။
ဘေးနားက လူတွေဟာ နောက်ကို ဆုတ်ပေးလိုက်ပြီး သူတို့ အတွက် နေရာလွတ် ဖန်တီး ပေးလိုက်ကြပါတယ်..။ဒီ ပရိုဂရမ်က မိနစ်တိုင်း စိတ်ဝင်စားဖို့ ကောင်းလာခဲ့ပါပြီ..။လူတိုင်းဟာ ဘယ်လို ရလာဒ္ထွက်လာမလဲ ဆိုတာ သိချင်နေခဲ့ကြတယ်..။
ရုတ်တရက်..
လီမူဇီဟာ လှုပ် ရှားလာပြီး..သူ့ရဲ့ လက်သီးဟာ လင်းဖန် ဆီကို ဦးတည်လာခဲ့တယ်..။
လင်းဖန် ဒါကို မြင်တဲ့ အချိန််မှာ ပြုံးလိုက်တယ်..။သူ ..လီမူဇီရဲ့ လက်သီးထိုးချက်ကို ဘေးဖက်သို့ ရှောင်တိမ်းကာ...လက်ကို ဆွဲလိုက်ပြီး လီမူဇီ ရဲ့ ကျောကို အနည်းငယ် တွန်းကာ ရှေ့ကို အရှိန်လွန်အောင် လုပ်လိုက်ပါတယ်..။
လီမူဇီဟာ လင်းဖန် သူ့ကို ပြန်ပြီး တိုက်ခိုက် မ
ယ်လို့ ထင်ထားတာပါ..။သိုပေမယ့် မထင်မှတ်တဲ့ တုန့်ပြန်မူကြောင့် ရှေ့ကို အရှိန်လွန်ပြီး..မြေကြီးပေါ် လေးဖက်ထောက် ကျသွားကာ..ရှက်ရွံ့စရာ အနေအထားဖြစ်သံွားခဲ့ပါတယ်..။
"အဆင်ပြေရဲ့လား...မင်းက ကိုယ်ခံ ပညာသိပ်မကျွမ်းဘူးထင်တယ်..။ငါ ခွန်အား နည်းနည်း ထပ်လျော့ပေးရဦးမလား.."
လင်းဖန် စိုးရိမ်နေတဲ့ လေသံ နဲ့ မေးလိုက်တာပါ..။
"အဆင်ပြေတယ်.."
လီမူဇီဟာ..ဒေါသတွေ ပေါက်ကွဲ ထွက်ချင်နေပေမယ့် အတတ်နိုင်ဆုံး ထိန်းထားခဲ့တယ်..။
တိုက်ခိုက်မူ ပြီးသွားပြီ...
လင်းဖန် ထိုင်ခုံဆီပြန်သွား လိုက်ပြီး..လီမူဇီကို ခေါင်းခါယမိးကာ ကြည့်နေလိုက်တယ်..။
ချီးပဲ...
ဘေးနားမှာ ကြည့်နေတဲ့ လူတိုင်း ကြောင်အနေခဲ့ပါပြီ..။
အရမ်းမြန်လွန်းတယ်..
လီမူဇီဟာ သူ့ရဲ့ ရှက်ဖို့ ကောင်းတဲ့လေးဖက်ထောက်.. အခြေအနေကနေ ထလာပြီး ဒေါသထွက်နေခဲ့ပါတယ်..။ယင်းနောက် အရှက်ရတဲ့ အခြေအနေကနေ ရုန်းထွက်ဖို့ သူ ဖုန်ခါပြီး နေလိုက်တယ်..။
ဟောင်ယွဲ့ဟာ ဒီ အခြေအနေကို မြင်ပြီး ရယ်မောလိုက်ပါတယ်..။သူမ ဘာပြောရမှန်းတောင် မသိတော့ပါဘူး..။
ဒီတစ်ေခါက် ရိုက်ကူးရေး အပိုင်းက ကြည့်ရူနှုန်း တကယ်မြင့်တက်လာတော့ မှာပါ..။