← Chapters

ငါအရမ်း ပင်ပန်းနေပြီ..

Vol. 23 Ch. 332

ငါအရမ်း ပင်ပန်းနေပြီ..

Vol. 23 Ch. 332

ဘာသာပြန် = စနိုးဝှိုက်

လူလိမ် ထျန် ရယ်စရာ တစ်ခုလိုပြော လိုက် တယ်..။

"သူက ကိုယ့်အရှက် ကို ခွဲနေတာ ပဲ.."

လူလိမ်ထျန် ဟာ လင်းဖန် ရဲ့ စွမ်းရည် တွေကို အသိဆုံး ပါ..။သူကိုယ်တိုင်က များပြားလှတဲ့ တိုက်ခိုက်ရေး အတွေ့အကြုံတွေ ရှိခဲ့ပေမယ့် လည်း လင်းဖန် ရဲ့ စွမ်းရည် တွေက သူ့ထက် ကျော်လွန် နေတာပါ..။ ဒီ ဆယ်လီ က လင်းဖန်ကို တိုက်ခိုက် ဖို့ စိန်ခေါ်တယ် ဆိုတာ ကတော့ ကိုယ့်အရှက်ကို ခွဲတာ ပါပဲ..

လီမူဇီဟာ...ဘာမှ မပြောပဲ တိတ်တဆိတ် သာ ဖုန်ခါနေခဲ့ တယ်..။ကင်မရာ တွေ သူ့ကို ချိန်လာတဲ့ အချိန်မှာ တော့ ခန္တာကိုယ်ထဲမှာ ဆူပွတ် နေတဲ့ ဒေါသတွေ ကို ထိန်းချုပ်ကာ..ပြန်ပြုံး ပြလိုက်ပါတယ် .။

ယင်းနောက် လင်းဖန် ဟာ တန်ယန် ကို ကောင်းကင်ဘုံ ပေါ် ရောက်သွား တဲ့ အထိ ဆက်လက် ချီးမွမ်း နေခဲ့ ပါတယ်..။တန်ယန် အတွက်ကတော့..သူမ ရသစုံ ရှိုး တစ်ခုမှာ..ပထမဆုံး အကြိမ် ချီးမွှမ်းခြင်း ခံရတာ ဆိုတော့..အနည်း ငယ် ရှက်ရွံ့သလို ခံစား နေရပါတယ်..။

ဟောင်ယွဲ့ ဟာ ဆက်ပြီး ရယ်မောနေခဲ့တယ်..။သူမ က လုံလောက် အောင် နာမည်ကြီး နေပြီ ဖြစ်ပြီး..သူမ ဒီ ရှိုးမှာ ပါဝင်တယ် ဆိုတာ ကလည်း ပျော်စရာ လေး တွေ ဖန်တီး ဖို့ပါ..။တစ်ချိန် တည်း မှာပဲ ဒါက သူမအတွက် ဝင်ငွေ လည်း ရပါတယ်..။

သူမ မာစတာ လင်း လီမူဇီ နဲ့..လုဒေါင်ရမ် တို့ကို ဆူပူတဲ့ အချိန် မှာ တော့..အနည်းငယ် အံ့ဩသင့် မိတာ အမှန်ပါပဲ..။ဒီ ရှိုးကို ထုတ်လွင့် တဲ့ အချိန်ကြရင်..ဘယ်လို တုန့်ပြကြမယ် ဆိုတာ တောင် သူမ ကြိုတွေးထား ပြီးပါပြီ..။

ပရိတ်သတ် တွေဟာ ရှိုးပွဲတွေမှာ..ဒီလို အဖြစ်အပျက်တွေ ပါ ဝင်လာတာ ကို သဘော ကျကြပါတယ်..။ထပ်ပြောရရင် ...လီမူဇီ နဲ့ လုဒေါင်ရမ် တို့ နှစ်ယောက်စလုံး အင်တာနက် ပေါ်မှာ..နာမည် သိပ်မကောင်းတာ သိထားပြီးသားပါ..။ဒီ ရှိုးထုတ်လွင့်ရင် လူဘယ်နှစ်ယောက် လောက် မာစတာ လင်းကို ထောက်ခံမလဲ မပြောတတ်ပေ..။

ရိုက်ကူးရေးကို ဆက်လုပ်နေခဲ့တယ်..။

တဝက်တပျက် အချိန်မှာပဲ..လင်းဖန်ဟာ ခန​ပျော်သွားပြီး..ဒါရိုက်တာ ဟု နဲ့ သွားတွေ့ လိုက်ပါတယ်..။

"မာစတာ လင်း..သူတို့ကို သိပ်ပြီး လာ်း မဆူပူနဲ့ဦး..ဒီတိုင်းသာ ဆက်လုပ် နေရင်..အခြေအနေ ကောင်းတော့မှာ မဟုတ်ဘူး..။မဟုတ်ရင် အခန်းတစ်ချို့ကို ဖြတ်ထုတ်ရ လိမ့်မယ်.."

"ဒါရိုက်တာ ဟု..ကျွန်တော် သူတို့ကို ဆူနေတာ မဟုတ်ပါဘူး.. ။ကျွန်တော ်စကားပြောရင် အဲလိုပဲ လေ..အမြဲတမ်း ရင်းရင်း နှီးနှီး ပြောတတ်တယ်.."

ဒါရိုက်တာ ဟု ရယ်မောလိုက်တယ်..။သူ ရယ်တဲ့ အဓိပ္ပါယ်ကတော့ ရှင်းလင်း ပါတယ်..။သူ သာလင်းဖန် ပြောတာကို ယုံကြည်ရင် ဥာဏ် တုံးတဲ့ဝက်တစ်ကောင် ဖြစ်တော့ မှာပါ..။

သူက အရူးမဟုတ် ပါဘူး...ဘာတွေ ဖြစ်နေလဲ ဆိုတာ ကို အကုန်မြင် နေရပါတယ်..သို့ပေမယ့်..လင်းဖန် လုပ်သမျှက ပရိုဂရမ် အတွက် အကျိူးရှိ နေလို့ သာ သူ မတား ဆီးတာပါ..။

အဲ့အချိန် မှာပဲ လင်းဖန် ပြန်ရောက် လာပြီး..သူ့ရဲ့ ပန်ကိတ် လှည်း နောက်မှာ ရပ်လိုက်တယ်..။

"လာ..ငါမင်းတို့ကို ငါ့ရဲ့ ကျော်ကြားတဲ့ ပန်ကိတ်တွေကို မြည်းခွင့်ပေးမယ်..။မင်းတို့ နောင် တမရ စေရဘူး လို့ အာမခံတယ်.."

ဟောင်ယွဲ့ ကြောင်အသွား ခဲ့ပြီး..

"ပန်ကိတ်တွေက ဘာတွေ အဲလောက်တောင် ကောင်းလို့လဲ.."

"အင်တာနက် ပေါ်မှာ မာစတာ လင်း ရဲ့..ပန်ကိတ်တွေက အရမ်း အရသာ ရှိတယ် လို့ ဖတ်ဖူးတယ်.."

တန်ယန် ပြောလိုက်တာပါ..။

"မာစတာ လင်းရဲ့ ပန်ကိတ် ..တွေက တကယ်အရသာ ရှိမှာပဲ..ကျေးဇူးတင်ပါတယ်.."

ယန်တောင် ရေရွတ်လိုက်တာပါ..။

မာစတာ လင်းဟာ ယန်တောင်ကို အရမ်းချီးကျူး ထားတဲ့ အတွက် ယောင်တောင် သူ ဆက်ပြီး နိမ့်ချနေသင့်လား ဆိုတာ သံသယ ဖြစ်နေခဲ့ပါပြီ..။အစက ဘေးနားမှာ ရှိနေတဲ့ အောင်မြင်တဲ့ ဆယ်လီ တွေကြောင့် သူ့ကိုယ်သူ ယုံကြည်မူ သိပ်မရှိ ပါဘူး..။အခုတော့ သူကိုယ်ကိုကို ယုံကြည်မူတွေ ပြန်ရလာခဲ့ပါပြီ..။

လီမူဇီ အေးစက်စွာ ရယ်လိုက်တယ်..။

"ပန်ကိတ်က ဘာတွေများ ထူးခြားနေလို့လဲ.."

"ဟုတ်တယ် ...အရင်က ပန်ကိတ်တွေ အများကြီးစားထားလို့..ပန်ကိတ် ဆိုရင် မုန်းနေပြီ..။ဒါက အရမ်းတွေ ကောင်းနေတယ် ဆိုရင်တောင် ငါ နောက်တစ်ခု ထပ်စား မှာ မဟုတ် ဘူး.."

လင်းဖန် ဘာမှ ထပ်မပြော တော့ပဲ ပန်ကိတ် တွေကို စတင်ပြုလုပ် လိုက် ပါတယ်..။

…

တန်ယန် ဟာ ပန်ကိတ်တစ်ခု ကို ကိုင်ထားပြီး သူမရဲ့ မျက်နှာဟာ တောက်ပ နေကာ..ရနံ့ ရူကြည့်လိုက်တယ်..။

"တကယ် မွှေးကြိုင်တာပဲ.."

ယင်းနောက် သူမ ကိုက်လိုက်တယ်..။

တန်ယန်ရဲ့ မျက်နှာ အမူအရာဟာ..သူမ ကောင်းကင် အမြင့်ကြီးပေါ်မှာ ပျံဝဲ နေသလို မျိုးပြောင်းလဲ သွားခဲ့ပါတယ်..။

"ပန်ကိတ်ရဲ့ အရသာ က....."

သူမ စကားကို ဆုံးအောင် ပြောချင်စိတ် မရှိတောပပဲ..ပန်ကိတ်ကို သာ ဆက်ပြီး စားနေလိုက်တယ်..။

"နင့်ရဲ့ အမူအရာက အစစ်အဖြစ် နိင်ဘူး..."

ဟောင်ယွဲ့ တန်ယန် ကို ကြည့်ကာ ပြောလိူက်တာပါ..။

ရိုက်ကူး ရေးအဖွဲ့သား တွေဟာတော့..တန်ယန် ရဲ့ ပန်ကိတ်စားပြီး ဖြစ်ပေါ်နေတဲ့ ချဲ့ကားတဲပ့ အမူအရာကို အမိအရ ရိုက်ကူးနေခဲ့ပါတယ်..။

"ဒါက တိမ်ဖြူလမ်းရဲ့ အကျော်ကြားဆုံး ပန်ကတ်ပဲလေ...။အရမ်း အရသာ ရှိတယ်.."

လင်းဖန် ကြော်ညာ ဝင်လိုက်တာပါ..။

လင်းဖန် သူ့ဆိုင်ကို ရသစုံ ရှိုးမှာ..ကြော်ညာခွင့်ရတဲ့ အတွက် ကျေနပ်နေခဲ့တယ်..။

"သူ့အမူ အရာကို ကြည့်ပြီး ငါတောင် စားချင်သွားပြီ.."

ယန်တောင်ဟာ တန်ယန် ပန်ကိတ်စားနေတာကို ကြည့်ပြီး ပြောလိုက်တယ်..။

နောက်ထပ် ပန်ကိတ်တစ်လုံးဟာ ထွက်လာခဲ့တယ်..။

ဟောင်ယွဲ့ဟာ..ပန်ကိတ်ကို စိတ်မရှည်စွာ နမ်းလိုက်ပြီး..တစ်ကိုက်ကိုက် လိုက်ပါတယ်..။

"ဝိုး..."

အံ့ဩသင့်တဲ့ အသံဟာ ထွက်ပေါ် လာခဲ့တယိ..။

ဟောင်ယွဲ့ရဲ့ အမူအရာက တန်ယန် ထက်တောင် ပိုပြီး ချဲ့ကား နေခဲ့တာပါ..။သူ မရဲ့ ခေါင်းကို ငုံ့ထားပြီး သူမရဲ့ ..မျက်လံူးတွေက တကယ်ကို ကြောက်စရာ ပါပဲ..။

"ဒါအကောင်းဆုံးပဲ..မျက်နှာ အမူအရာတွေကို သေချာ ရိုက်ကူးထားကြ.."

ဒါရိုက်တာ ဟု စိတ်လှုပ်ရှားစွာ ပြောလိုက်တာပါ..။

ဒီလောက ထဲမှာ ကျင်လည် နေတာ ကြာပြီ ဖြစ်တာကြောင့် ပရိတ်သတ်တွေ ဘာကို သဘောကျကြလဲ ဆိုတာ သူကောင်းကောင်း သိထားပြီးသားပါ..။တန်ယန် နဲ့ ဟောင်ယွဲ့ရဲ့ မျက်နှာ အမူအရာတွေက ရသစုံ ရှိုးနဲ့ အလိုက်ဖက် ဆုံးပဲ လို့ တောင် ပြောလို့ရပါတယ် ။

ဘေးနားမှာ ရှိနေတဲ့ တစ်ခြား ဆယ်လီတွေဟာ တန်ယန် နဲ့ ဟောင်ယွဲ့ ကို သံသယ ဖြစ်စွာ ကြည့်နေခဲ့ကြတယ်..။

အဲလောက်တောင် အရသာ ရှိလို့လား....

သူတို့လို့ စူပါစတားး တွေက ပန်ကိတ်လို မျိုစ လမ်းဘေး အစားအသောက်ကို သိပ်မစားသောက် ဖြစ်ကြပါဘူး..။ဒါကြောင့် မိန်းကလေး နှစ်ယောက်ရဲ့ အမူအရာကို ကြည့်ပြီး သူတို့ သိချက်နေခဲ့ကြတာပါ..။

"အရမ်း အရသာ ရှိတယ်.."

ဟောင်ယွဲ့ဟာ ကျေနပ်စွာ ရေရွတ်လိူက်တာပါ..

"ဒီလောက်ထိ အရသာ ရှိတဲ့ အစားအသောက် မျိုးး မစားဖူး သေးဘူး..။နောက်တစ်ခါ ငါ ထပ်စာူချင်ရင် ဘယ်လို လုပ်ရတော့ မလဲ.."

"မာစတာ လင်း ပန်ကိတ်ကို..အမြန်ချော ပို့နဲ့ ပို့ပေးလို့ရလား.."

ဟောင်ယွဲ့ မေးလိုက်တာပါ..

"ဟင့်အင်..မင်းစားချင်တယ် ဆိုရင် တစ်ခြား လူတွေလို မျိုး တန်းစီဖို့လိုအပ်တယ် လေ.."

လင်းဖန် ပြုံးပြီး ပြောလိုက်တယ်..။

"ဘယ်လောက် ရှက်စရာ ကောင်းလဲ..။ငါ ဖြည်းဖြည်း ချင်းစားမှ ရတော့မယ်..။အရသာက နတ်ဘုရား လိုပဲ..ငါ့ရဲ့ နှလုံးသားတောင် ကျေနပ်မူတွေနဲ့ ပေါက်ကွဲနေပြီ.."

ဟောင်ယွဲ့ ရဲ့ အမူအရာက လုံဝ မယုံကြည့်နိုင်လောက် တဲ့ ပုံစံမျိုး ဖြစ်နေခဲ့တာပါ..။

.

နောက်ထပ် ပန်ကိတ်တစ်ခု ထွက်လာခဲ့တယ်..။

ယန်တောင်ဟာ ပန်ကိတ်ကို လက်နှစ်ဖက်နဲ့ ကိုင်ပြီး သေချာ ကြည့်နေခဲ့တယ်..။ဒီက ရနံ့နဲ့တင် သူကို စိတ်လှုပ်ရှားစေဖို့ လုံလောက်နေပါပြီ..။

"ဒါက ပုံမှန် ပန်ကိတ်လို မဟုတ်ဘူး.."

ယန်တောင် တစ်ကိုက်ကိုက် လိုက်တယ်..။

သူ့မျက်လုံးတွေဟာ ပြူးသွားပြီး လင်းဖန်ကို ကြည့်လိုက်ပါတယ်..။

"မာစတာ လင်း..ဒီပန်ကိတ်က အရမ်း အရသာ ရှိလွန်းတယ်.."

"ဖြည်းဖြည်းချင်းစား..မင်းရဲ့ ဝိုက်ဘိုကနေ တဆင့်ကြော်ညာ ပေးဖို့ သတိရဦး.."

လင်းဖန် ရယ်မောကာ ပြောလိုက်တယ်..။

"စိတ်မပူနဲ့..ကျွန်တော် ပြန်ရောက်တာနဲ့ ဝိုက်ဘိုကနေ တဆင့် ကြော်ငြာပေးမယ်.. ။နောက်တစ်ခါကျရင် ..ကျွန်တော် ရဲ့ ပွဲတွေနဲ့ ရုပ်ရှင် တွေကို ဖိတ်ပြီး ဒီပန်ကိတ်ဖို့း ပြန်ပေးရမယ်..။ဒီဟာကို စားပြီး မျက်ရည်တောင် ကျချင်နေပြီ.."

တစ်ခြား အ ရသာကို သိချင်နေကြတဲ့ ဆယ်လီ တွေဟာ စိတ်မရှည် ဖြစ်လာခဲ့ကြတယ်..။သူတို့ ဒီသုံးယောက်ရဲ့ ချဲ့ကားတဲ့ အမူအရာတွေကို ကြည့်ပြီး တကယ် စားချင်နေကြပါပြီ..။

လီမူဇီ နဲ့ လုဒေါင်ယန်တို့ဟာ..ဒါက သူတို့ ဂုဏ်သိက္ခာကို ကျစေတယ် လို့ ခံစားနေကြရပါတယ်..။ခနနေ သူတို့ ရဲ့ ပန်ကိတ်ကို ရရင်..ဒီတိုင်း ပန်ကိတ်တွေက ဆိုးရွားတယ်လို့ ပြောလိုက်ယုံပါပဲ..။

ပန်ကိတ် ခြောက်ခု ဟာ ထွက်လာခဲ့ပြီး လီမူဇီနဲ့ လုဒေါင်ရမ်က လွဲလို့ အကုန်ပန်ကိတ် ရပြီးကြပါပြီ..။

ယောက်ျားလေး ဆယ်လီ တစ်ယောက်ဟာ ဆိုရင် ပန်ကိတ်စားရင်း ငိုနေတဲ့ အတွက် အကုန်လုံးက အံ့ဩနေကြပါတယ်..။

ဒီပန်ကိတ်ကို စားဖူးတဲ့ လူကပဲ ပန်ကိတ်ဘယ်လောက် အရသာ ရှိလဲ ဆိုတာကို သိမှာပါ..။

"မာစတာ လင်း..အစ်ကို ဇီ နဲ့ အစ်ကို ရမ် တို့..ပန်ကိတ်မ ရသေးဘူး.."

ဟောင်ယွဲ့ ပြောပေးလိုက်တာပါ..။

လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး..

"ငါ အရမ်းပင်ပန်းနေပြီ..ဒါကြောင့် ပန်ကိတ် ထပ်မလုပ်နိုင်တော့ဘူး..။မင်းတို့ ကိုယ့်ဟာကို ပဲ စားလိုက်ကြ.."

ချီးပဲ..

လီမူဇီ နဲ့ လုဒေါင်ရမ် တို့ဟာ လင်းဖန်ကို သွေးဆာတဲ့ အကြည့်တွေနဲ့ ကြည့်လိုက်ကြတယ်..။ဒီငနဲက တကယ် ပြသနာ ရှာချင်နေတာပါ..။

သူတို့က လွဲပြီး လူတိုင်း ပန်ကိတ်ရကြပါတယ်..။

တကယ်လို့ဒါသာ TVထဲမှာ ပါလာခဲ့ရင် သူတို့က ပရိတ်သတ်တွေ အတွက် ရယ်စရာ တစ်ခု ဖြစ်လာတော့မှာပါ..။

မအိမ်လုံး....

All Chapters