အခန်း (၃၃၃)
Vol. 23 Ch. 333
ဘာသာပြန် = စနိုးဝှိုက်
အဆုံးမှာတော့ လင်းဖန် ပရိုဂရမ် ရဲ့..သဲလွန်စကို တန်ယန်ကို ပေးလိုက်တယ်..။သူတို့ အကုန်လုံး လင်းဖန်ကို နှုတ်ဆက်ပြီး ထွက်သွားခဲ့ကြပါတယ်..။သူတို့ရဲ့ လက်ထဲမှာတော့ ပန်ကိတ်ကိုယ်စီ ရရှိနေခဲ့လို့ပါ..။အဲ့အချိန်မှာတော့..လီမူဇီ နဲ့ လုဒေါင်ရမ် တို့ဟာ နောက်ကနေ လိုက်သွားပြီး စိတ်ထဲကနေ ကြိမ်ဆဲနေကြပါတယ်..။
ဘယ်လို လူမျိုးနဲ့ လာတွေ့ နေရ တာ လဲ..
အစောက အဖြစမ အပျက်က သူတို့ အတွက် ရှက် ဖို့ ကောင်းလှပါတယ်..။သူတို့ နှစ်ယောက်က လွဲလို့ လူတိုင်း ပန်ကိတ် ရကြတာပါ..။ယင်းနောက် သူတို့ ဒါရိုက်တာ ကို ဒီအပိုင်း ဖြတ်ထုတ် ခိုင်းဖို့ အကြံရလိုက်ကြတယ်..။ဒါက TVမှာ ပြသဖို့ မဖြစ်နိုင်ပါဘူး..မဟုတ်ရင် လူရယ်စရာ ဖြစ်လာတော့မှာပါ..။
ဒါပေမဲ့..ကောင်းတဲ့ အချက်က သူတို့ ..ပြသနာ နေရာကနေ ရုန်းထွက်နိုင်ခဲ့ကြပါပြီ..။
လင်းဖန် ထိုင်ခုံပေါ်မှာ ပြုံးပြီး ပြန်ထိုင်နေခဲ့တယ်..သူဒီကိစ္စကို ဒီလောက်ကြီး းစိတ်ထဲ မထားပါဘူး..။
ကျောက်ကျန်းယန် ရောက်လာပြီး ပြောလိုက်တယ်..။
"စောက်ရမး် အံ့ဩဖို့ ကောင်းတယ်..။မာစတာ လင်း ခုနက လုပ်ခဲ့တာတွေက..သူတို့ကို ဆူတာထက်တောင်ပို ထိရောက်သေးတယ်နော်..။ကျွန်တော် တောင် သူတို့အစား ရှက်ရွံ့မိတယ်"
လင်းဖန် ရယ်မောလိုက်ပြီး..
"ဘာတွေများ ရှက်စရာ ရှိလို့လဲ..။ဒါက ပုံမှန်ပဲ မဟုတ်ဘူးလား...။ရိှုးကို လူစိတ်ဝင်စားဖို့ အတွက် ငါက လူဆိုး လုပ်ပေးလိုက်တာ.."
ကျောက်ကျန်းယန် ပြောလိုက်တယ်..။
"ဒါ အဓိပ္ပါယ် ရှိတယ်..။ကျွန်တော် ကတော့..ဒါရို်က်တာ ဟု..မာစတာ လင်းကို ကျေးဇူးတင် စကားပြောသင့်တယ်နော်.."
ဝူယူလန် မေးလိုက်တယ်..။
"ဟေး ငါသိချင်နေတာက...နင် အဲ့ တန်ယန်ကို မျက်စိကျ နေလို့ အဲလောက်တောင် ကောင်းပေး နေတာလား.."
လင်းဖန် ဝူယူလန် ကို ကြည့်ပြီး လေးနက်တဲ့ အမူအရာနဲ့ ပြောလိုက်ပါတယ်..။
"ဒါက နက်ရှိုင်းတဲ့ မေးခွန်းတစ်ခုပဲ..။ငါ ပြန်မဖြေခင်မှာ ဆယ်နှစ်လောက်တော့ သေချာစဥ်းစားရမယ် ထင်တယ်.."
လူလိမ်ထျန်ဟာ စီးကရက် သောက်နေရင်း ရယ်မောလိုက်ပါတယ်..။
"ကောင်လေး ..မင်းမှာ ကောင်မလေး တစ်ယောက်မှ မရှိသေးတာကို ကြည့်ရင် အရင်ဘဝက မိန်းမစိုးဖြစ်ခဲ့ပုံရတယိ..."
"တော်ပါ..ခင်ဗျား ဘာသိလို့လဲ..။ဒါက ကိုယ့်တာဝန်ကိုယ်ယူပြီး..သူများတွေ ကောင်းကျိုး လုပ်ပေးနေတဲ့ လူလို့ခေါ်တာ..။ကျုပ်က ဘယ်လိုလုပ်ပြီး..ရည်းစား ရှာနိုင်မှာလဲ.."
"ဟားဟားးး"
အချိန်တွေဟာ အလျင်အမြန်ကုန် သွားပြီး ညအချိန်ရောက်လာတဲ့ အခါမှာတော့..ပရိုဂရမ်ဟာ ပြီးဆုံး သွားခဲ့ပါပြီ..။
"နောက်ဆံူးတော့ ပြီးသွားပြီ..။မနက်ဖြန်ကျရင်တော့ ပင်ပန်းရတော့ မယ်..ပန်ကိတ် အလုံး သုံးဆယ် ဆိုတာ နည်းတဲ့ ပမာဏ မဟုတ်ဘူး.."
လူလိမ် ထျန် ပြောလိုက်တယ်..။
"ငါမင်းကို တကယ် ရိုက်ချင်နေပြီ..။မင်းက ပန်ကိတ်လေး အခု သုံးဆယ် လုပ်ရတာကို ပင်ပန်းတယ် လာညဥ်းနေတယ်..။ငါတို့ ဒီအလုပ်စတင်ပြီး လုပ်ခဲ့တဲ့ အချိန်ကိူ ပြန်တွေးကြည့်..။မင်း တစ်နေ့ကိုပန်ကိတ် အခု တစ်ရာလောက် ရောင်းခဲ့တာလေ.."
လင်းဖန် လက်ဝေ့ယမး်လိုက်တယ်..။
"ကျွန်တော်လည်း အသက်ကြီး လာပြီလေ..အရင်ကလောက်တော့ ဘယ် သန်စွမ်းတော့မလဲ.."
အဲ့အချိန်မှာပဲ..ကျောက်ကျန်းယန်ဟာ ဝင်ပေါက်မှာ မတ်တတ်ရပ်နေ ရင်း အော်ဟစ်လိုက်တယ်..။
"ဒါက ဆိုးဝါးတာပဲ..။အဲ့ ငနဲက ဒီကို လာနေပြီ.."
လင်းဖန် သိချင်စွာ မေးလိုက်တယ်...။
"ဘယ်ငနဲ လဲ.."
"လီမူဇီ လေ.."
ကျောက်ကျန်းယန် ပြန်ဖြေလိုက်တာပါ..။
လင်းဖန် လှမ်းကြည့်လိုက်တဲ့ အချိန်မှာ အမှန်တကယ်ပဲ လီမူဇီ သူ့ အေ့ဂျင့်တွေနဲ့ လာနေတာ တွေ့လိုက်ရပါတယ်..။
ပရိုဂရမ် ပြီးဆံူးသွားတဲ့ အထိ လီမူဇီ စိတ်မကြည်သေပါဘူး..။သူ ပိုပိုပြီး တွေးလေလေ ပိုပိုပြီး ဒေါသက ထွက်ထွက် လာလေ ပါ..။သူ ဒီမာစတာ လင်းကို..ရှာပြီး..ကင်မရာရှေ့မှာ..သူ့ကို မမျှမတ ဆက်ဆံတဲ့ အပေါ် စာရင်းရှင်းချင်နေခဲ့ ပါတယ်..။
လီမူဇီ ပြောလိုက်တယ်..။
"ရိုက်ကူးရေးမှာ မင်းက ဘာလို့ ငါ့ကို ပစ်မှတ်ထားတာလဲ..။ငါ ကျေနပ်လောင်မယ့် အဖြေမျိူး ပေးစမ်းပါဦး.."
လီမူဇီ ဘေးနားမှာ ရှိနေတဲ့ မိန်းကလေး ကိုယ်စားလှယ်ဟာလည်း ဝင်ပြောလိုက်တယ်..။
"ငါတို့ရဲ့ မူဇီက နင့်ကို ဘာတွေ လုပ်ထားလို့လဲ..။ရိုက်ကူးရေးမှာ နင့်ရဲ့ လုပ်ရပ်တွေက ငါတို့ရဲ့ မူဇီကို ဘယ်လောက် သက်ရောက်လဲ နင်နားလည်လား.."
ကျောက်ကျန်းယန် ကြားထဲက ဖြေရှင်းပေးဖို့ ကြိုးစားလို်က်တယ်..။
"ဒါတွေအကုန်လုံးက ရှိုး အတွက် လုပ်ပေးတာပါ..။ငါတို့ရဲ့ မာစတာ လင်းက..."
"ငါ မင်းမျက်နှာကို မကြိုက်ဘူး.."
လင်းဖန် ဒီတိုင်း ပြောလိုက်တာပါ..။
သူ့ စကားမဆံူး သေးခင်မှာပဲ..လင်းဖန်က ဖြတ်ပြောလာခဲ့တဲ့ အတွက် ကျောက်ကျန်းယန် ကြောင်အသွားခဲ့တယ်..။ဒီအဖြေကလည်း သိပ်တော့ မဆိုးပါဘူး.. ဒါက အဆင်ပြေပြီး..အကုန်လံူးကို ဖြေရှင်း
လို့ ရမှာပါ.။
"ဟုတ်တယ် ငါတို့ရဲ့ မာစတာလင်းက မင်း မျက်နှာကို မကြိုက်ဘူး..ဒီအဖြေက လုံလောက်တယ်မလား.."
ကျောက်ကျန်းယန်ဟာ သူ့လူဘက်က ပြတ်ပြတ်သားသား ရပ်တည်လိုက်တယ်..။လင်းဖန်က ဒီလို ပြောလာပြီ ဆိုမှတော့..ဒီအဖြေကို အကောင်းဆုံးဖြစ်အောင် ဝင်ကူပေးရမှာပါ..။
လီမူဇီ ရင်ဘတ်ဟာ နိမ့်ချည် မြငိ့ချည် ဖြစ်ပြီး လင်းဖန်ကို လက်ညိုးထိုး လိုက်တယ်..။
"မင်း..."
လင်းဖန် လီမူဇီကို ကြည့်ပြီး စိတ်ရှုပ်သွားခဲ့ပါတယ်..။
"မင်း..ဘာဖြစ်လဲ..။မင်းလိုချင်တဲ့ အဖြေကို ငါပေးပြီးပြီ လေ.. ။ငါ နောက်တစ်ခေါက် တပ်ပြောလိုက်မယ်..ငါ မင်းမျက်နှာကို မကြိုက်ဘူး ဒါကြောင့် မင်းက ငါ့ရဲ့ ပစ်မှတ် ဖြစ်နေတာပဲ..။ဒါကို မင်းမကျေနပ်လည်း..မတတ်နိုင်ဘူး.."
မိန်းကလေး ကိုယ်စားလှယ်ဟာ လီမူဇိီကို ပြန်ဆွဲလိုက်ပြီး...
"မူဇီ သူနဲ့ ပြိုင်ငြင်းမနေနဲ့..နင်က စူပါစတား တစ်ယောက်..။သူက ဒီတိုင်း လမ်းဘေးက စျေးသည်သာသာပဲ..။ကိုယ့်အဆင့်ကို အနိမ့်ချနဲ့.."
ကိုယ့်စားလှည်ဟာ ပြန်တားဆီးလိုက်တယ်..။လီမူဇီက အောင်မြင်နေတဲ့ လူတစ်ယောက်ဖြစ်တာကြောင့် အရှုပ်အထွေးတွေ ဖြစ်အောင် လုပ်လို့ မရဘူး ဆိုတာ သူမသိထားပါတယ်..။သူတို့ ဒီီကို လာတယ် ဆိုတာကလည်း လီမူဇီ စိတ်မကောင်း ဖြစ်နေလို့ပါ..။
လင်းဖန် ပြံူးပြီးပြောလိုက်တယ်..။
"စူပါစတား လေး..မင်းမပျော်မရွှင်ဖြစ်နေပြီလား..။မင်းငါ့ဆိုင်ကို ဖျက်ဆီးချင်လား..ဒီမှာ တူရှိတယ်နော်..ဒါဆိုရင် စိတ်ထဲမှာ ခံစားနေရတာတွေ ဖွင့်ထုတ်ပြီး ကျေနပ်သွားလိမ်မယ်.."
ကျောက်ကျန်ယန် အကူညီ မဲ့နေခဲ့တယ်..။မာစတာ လင်းက နောက်တစ်ခါငါးစာ ချနေခဲ့တာပါ..ဒီတစ်ခေါက် သားကောင်က ဆယ်လီ တစ်ယောက်ဖြစ်ပါတယ်..။သိုပေမယ့် ဒီစူပါစတား ဆိုင်ကို ဖျက်ဆီးခဲ့ရင်..နောက်ဆုံးကျ စျေးနှုန်း ကြောင့် သွေးအန်ရတော့မှာ ကျိန်းသေပါပဲ..။
"မင်းက ငါမလုပ်ရဲဘူး ထင်နေတာလား.."
လီမူဇီ ဒေါသထွက်စွာ ပြောလိုက်တာပါ..။
လင်းဖန် ခေါင်းညိမ့်လိုက်တယ်.။
"ငါတော့ အဲလို ထင်တာပဲ.."
ဒီ စိန်ခေါ်တဲ့ စကားတွေက လီမူဇီ ရဲ့ ရင်ထဲမှာ ဒေါသတွေ အလိပ်လိုက် ထွက်လာစေပါတယ်..။
လင်းဖန် မျှော်လင့်ချက်တွေ နဲ့ စိတ်ထဲကနေ တွေးလိုက်တယ်..။
မြန်မြန် ဖျက်ဆီး လိုက်စမ်းပါ..ဒါဆိုရင် ငါအေးဆေး နား လို့ရပြီ..။ဒါပေမဲ့ အဲ့မိန်းမက ဘာလို့ ဒီကောင်ကို ပြန်ပြန် ဆွဲနေတာလဲ...
"ဟမ့်..နင်ဘာကြံစည်နေလဲ မသိဘူးထင်နေတာလား..။နင်က ငါတို့ မူဇီ ကို ဖျက်ဆီးဖို့ ဆွဲဆောင်ပြီး လျော်ကြေးတောင်းဖို့ လူပ်နေတာမလား..အိပ်မက် ဆက်မက်နေလိုက်။လာ မူဇီ..သွားကြမယ်..ဒီလို လူမျိုးတွေက စကားပြောရတာတောင် မတန်ဘူး.."
လင်းဖန် ထရပ်ပြီး ပြောလိုက်တယ်..။
"အဓိပ္ပါယ် မရှိတာတွေ မပြောနဲ့..။မင်း လုပ်ရဲရင် လုပ်လိုက်..။ငါက မင်းအတွက် လက်နက် ချပေးထားတာတောင် မင်းမလုပ်ရဲသေးဘူး မလား...။ဒါ အတော် ဆိုးရွားတာပဲ ဘယ်အချိန် ရှိပြီလဲ.."
ကျောက်ကျန်းယန် နာရီကို ကြည့်ပြီး ပြန်ဖြေလိုက်တာ်..။
"6 နာရီ.."
လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။
"ချစ်လှစွာသော စူပါစတား ကြီး..မင်း ဖျက်ဆီးမှာလား မဖျက်ဆီး ဘူးလား...။မလုပ်ရင် လည်း ငါဆိုင်ပိတ်လိုက်တော့မယ်.."
ကိူယ်းစားလှယ် မိန်းကလေးကတော့ လီမူဇီကို ဆွဲပြီး စိတ်အေးအေးထားဖို့ ပြောနေခဲ့ပါတယ်..။
လီမူဇီဟာ သွားကိုကြိတ် ပြီး လင်းဖန်ကို စိုက်ကြည့်နေခဲ့ပါတယ်.။အဆုံးမှာတော့ သူ တစ်ဖက်ကို လှည့်ပြီး အဝေးကို လျောက်သွားကာ ပြောလိုက်တယ်..
"မင်းနိုင်တယ်..."
"ဟေးဟေး...သွားတော့မလို့လား..။မင်း လမ်းလျောက်ရင် အဲလို အခြောက်လို လျောက်မနေနဲ့ဘေ.."
လင်းဖန်အော်ပြောလိုက်တာပါ..။
လီမူဇီကတော့ လက်လျော့လိုက်ပါပြီ..။သူ့ လုပ်ချင်တိုင်း လူပ်လို့ မရပါဘူး.. ။သူမှာ ထိန်းသိမ်းရမယ့် ပုံရိပ်ရှိသေးပြီး..ဒါသာ မရှိရင် သူ ဖျက်ဆီးကောင်း ဖျက်ဆီးမိမှာပါ..။
လင််းဖန် လှမ်းအော်ပြီး စနောက် နေခဲ့တယ်..။
"အခြောက်ကလေး..လွယ်လွယ်နဲ့ လက်လျော့လိုက်ပြီလား.."
မိန်းကလေး ကိူယ်စားလှယ်ဟာ လင်းဖန်ကို အချိန်အတော်ကြာ စိုက်ကြည့်ပြီး ထွက်သွားခဲ့ပါတယ်..။
လင်းဖန် ရယ်မောလိုက်ပြီး..
"ဆိုင်ပိတ်လိုက်တော့..။အိမ်ပြန်ပြီး နားကြမယ်..."
…
မိန်းကလေး ကိူယ်စားလှယ်ဟာ လီမူဇီကို အမှီလိုက်ပြီး ကားထဲကို ဝင်ထိုင်လိုက်တယ်..။
ကဲထဲမှာတော့ လီမူဇီဟာ ဒေါသထွက်နေတုန်းပါ..
"စက်ဆုပ်ဖို့ ကောင်းတယ်..တကယ် စက်ဆုပ်ဖို့ ကောင်းတယ်.."
မိန်ူကလေးကိုယ်စာလှယ်ပြောလိုက်တယ်..။
"စိတ်အေးအေးထား..ဒီလိုလူနဲ့ ပြိုင်ပြောနေလို့ မှမထူးဘူး..။ငါအခု ဒါရိုက်တာ ဟုကို ဖုန်းဆက်ပြီး အပိုင်းတွေ ဖြတ်ထုတ်ဖို့ ပြောလိုက်မယိ.."
"အင်း.."
ဖုန်ခေါ်လိုက်တယ်..။
"ဒါရိုက်တာ ဟု..ကျွန်မတို့ မူဇီ ပါတဲ့ အပိုင်းနည်းနည်းလောက်ကို ဖြတ်ပေးလို့ ရမလား.."
ဒါရိုက်တာ ဟု... " ဘာလို့ ငါတို့က ဖြတ်ရမှာလဲ..။ငါကတော့ ဒါတော်တော် ကောင်းတယ်လို့ ထင်တာပဲ.."
မိန်းကလေးဟာ ပြန်ပြောလိုက်တယ်..။
"မဟုတ်ဘူး..ဒါရိုက်တာ ကျို့..ကျွန်မတို့ မူဇီနဲ့ မာစတာ လင်းဖြစ်ခဲ့တာ တွေကိုလည်းကြည့်ဦးလေ..။အဲတာကို ဖြတ်ပေးနိုင်မလား..ဒါသာ ထုတ်လွင့်လိူက်ရင် ကျွန်မတို့ မူဇီကို အကြီးကြီး အကျိုးသက်ရောက်လိမ့်မယ်.."
ဒါရို်တာ ဟု.." ဒါက ဘာလို့ သူ့ကို သက်ရောက်နိုင်မှာတုန်း..။ဘာမှ သက်ရောက်မှာ မဟုတ်ဘူး..။ငါ လုပ်စရာတွေ ရှိသေးလို့ ဖုန်းချလိုက်တော့မယ်.."
ကိုယ်စားလှယ် "........"