← Chapters

သနားစရာကောင်းတဲ့ဆောင်းဦးဓား...

Vol. 23 Ch. 334

သနားစရာကောင်းတဲ့ဆောင်းဦးဓား...

Vol. 23 Ch. 334

ဘာသာပြန် = စနိုးဝှိုက်

လီမူဇီဟာ ဒေါသထွက်နေခဲ့တယ်..။သူ ကိုယ်စားလှယ်ကို ပြောလိုက်ပါတယ်..။

"ကျွန်တော် စာချုပ်ကို ဖျက်သိမ်းချင်တယ်..။ဒီပရိုဂရမ်ကြောင့် ကျွန်တော် ဂုဏ်သိက္ခာ ထိခိုက်လိမ့်မယ်.."

ကိုယ်စားလှယ် ပြောလိုက်တယ်..။

"တကယ်လို့ မင်းစာချုပ်ဖျက်သိမ်း မယ် ဆိုရင်..ကြီးမားတဲ့ ပမာဏကို ပေးရလိမ့််မယ်..။အဲတာကို မေ့ထားလိုက်..။နောက်ထပ် အပိုင်းတွေ ကျန်သေးတယ် လေ..။အဲ့အပိုင်းတွေမှာ ဒီလူ ထပ်မပါလောက် တော့ပါဘူး.."

လီမူဇီ ကူညီရာမဲ့ တဲ့ အမူအ ရာနဲ့ ခေါင်းညိမ့်လိုကိတယ်..။

"ဒီငနဲကတော့ ငါ သူ့ဆိုင်ကို မဖျက်ဆီးရဲဘူး လို့ထင်နေလိမ့်မယ်..။ငါက မထိုက်တန်ဘူး လို့ထင်လို့ မလုပ်တာပဲ.."

ကိုယ်စားလှည် ခေါင်းညိမ့်လိုက်ပြီး..

"မှန်တယ် ..မှန်တယ်..မင်ဆုံးဖြတ်ချက်က တကယ်မှန်တယ်.."

…

နောက်တစိရက်..။

ဝိုက်ဘိုမှာ ..လှုပ်ရှားမူတွေ ရှိနေခဲ့တယ်..။

လင်းဖန် သူ့ရဲ့ ဝိုက်ဘို အကောင့်ကို ကြည့်ပြီး ပြုံးလိုက်ပါတယ်..။သူ များပြားလှတဲ့ လူတွေရဲ့ အာရုံစိုက်မူကို ရနေခဲ့ပြန်ပါပြီ..။

"အံ့ဩစရာ မာစတာ လင်းပဲ..။အဲဲဒီ စူပါစတာခြောက်ယောက်လုံးက မာစတာ လင်းရဲ့ ပန်ကိတ်ကို ကြော်ငြာ ပေးသွားတာ.."

"ဟားးးဟား..ငါ့ရဲ့ အကြိုက်ဆုံး ဆယ်လီ ဟောင်ယွဲ့တောင် မာစတာ လင်း ရဲ့ ပန်ကိတ်ကို ကြော်ငြာပေးသွားတယ်..။ဘာပြောရမလဲတောင် မသိတော့ဘူး.."

"ဒီနောက်ကွယ်မှာ ဘယ်လို လျိုဝှက်ချကိတွေ ဖုံးကွယ်ထားလဲ..။မာစတာလင်းက သူတို့ကို ဘယ်လိုသိတာလဲ.."

"ငါ ကြားတာတော့..ဆယိလီ မိသားစုရဲ့ တတိယပိုင်းကို တိမ်ဖြူလမ်းမှာ ရိုက်တာတဲ့..။သူတို့ မာစတာ လင်းရဲ့ ပန်ကိတ်ကို စားပြီး လွှမ်းမိုးခံလိုက်ရတာနေမယ်.."

"ဒါ အဓိပ္ပါယ်ရှိတယ်.."

ဟောင်ယွဲ့ နဲ့ ကျန်တဲ့ လူတွေဟာ သူ့ကို စိတ်မပျက်စေပေ..။တစ်ယောက်ချင်းစီ တိုင်းက သူ့ကို..ကြော်ငြာပေးထား ကြပါတယ်..။ဒီလို လူအများကို လွှမ်းမိုးထားတဲ့ ဆယ်လီ တေ တစ်ပြိုင်တည်း ကြော်ငြာ လိုက်တာက အတော်ကို အကျိုးသက်ရောက်မူ ရှိတာပါ..။ဟောင်ယွဲ့ရဲ့ ကြော်ငြာက လင်းဖန်ကို အနည်းငယ် ရှက်ရွံ့စေပါတယ်..။

ဟောင်ယွဲ့..

"ကျွန်မ အကောင်းတကာ့ အကောင်းဆံူး ပန်ကိတ်ကို အားလုံးနဲ့ မိတ်ဆက်ပေးမလို့ပါ..။ဒီပန်ကိတ်ကို စားပြီးတဲ့ နောက်မှာ..ပန်ကိတ်လုပ်တဲ့ သူဌေးနဲ့တောင် လက်ထပ် ချင်စိတ် ဖြစ်မိပါတယ်...။ကျွန်မသာ သူ့ထက် အသက်အရမ်းမကြီးရင် ကျိန်းသေ ဆွဲဆောင်မိမှာပါ..။တည်နေရာကတော့..တိမ်ဖြူလမ်းရဲ့ မာစတာ လင်း ဆိုင်ပါ..။အားလံူးပဲ ကျေးဇူးပြုပြီး သွားအားပေး လိုက်ကြပါဦး.."

ယန်တောင်နဲ့ တတ်ယန် တို့လဲ ပရိတ်သတ်တွေရဲ့ အာရုံစိုက်မူကို ရရှိအောင် ပို့စ်တင်ပေးထားကြပါတယ်..။

"ချီးပဲ..ယွဲ့ယွဲ က တစ်ခြားလူတစ်ယောက်ကို ဒီလိုမျိုး ကြော်ငြာပေးတာလား..။ဒီမာစတာ လင်းရဲ့ ပန်ကိတ်က ရှန်ဟိုင်းမှာ ရှိပြီး ငါ့နေရာနဲ့လည်း နီးတယ်..။ကြည့်ရတာ ငါတစ်ခေါက်သွားကြည့်မှထင်တယ်.."

"မာစတာ လင်းရဲ့ ဆိုင်ကို သိသားပဲ..အရမ်းကျော်ကြားတယ်လေ.။သူ့ဆိုင်ရဲ့ ပန်ကိတ်တွေကလည်း ဝယ်ဖို့ အရမ်းခက်တယ်..။သူက တစ်နေ့ကို ဆယ်လုံးပဲ ရောင်းပြီး တစ်လုံးကို ဒေါ်လာ ၅၀ ရှိတယ်.."

"ဟေး..ငါထင်တာတော့ လီမူဇီ နဲ့ လုဂေါင်ရမ် တို့လည်း အဲ့မှာ ရှိမှာပဲလေ..သူတို့ ဘာလို့ မကြော်ငြာပေးကြတာလဲ.."

"ငါထင်တာတော့..သူတို့ ပန်ကိတ်ကို စားပြီး အမှန်တရားကို ဝန်မခံချင်လို့ပဲ ဖြစ်ရမယ်.."

"ငါလည်း အဲလို ထင်တာပဲ..။ဒီနှစ်ကောင်က လူကောင်းတွေ မဟုတ်ဘူး..။ဘာပဲဖြစ်ဖြစ် ဒီနှသ်ကောင်က..နောက်ကွယ်က..လုပ်ကြံတဲ့ အဖွဲ့အစည်းကပဲ..ဟားးဟား.."

"အမှန်ပဲ.."

တိမ်ဖြူလမ်း..

"သူဌေးလေး..ကျွန်တော်တို့ ရောက်ပြီ..။ပန်ကိတ် အခု သုံးဆယိ..တွေးမိယုံ နဲ့တင်..အတော် စိတ်လှုပ်ရှားနေပြီ.."

"ဒီနေ့က စပြီး အခု သုံးဆယ်ဖြစ်ရင်ကောင်းမယ်..။ငါတို့..အခွင့်အရေး ပိုများတာပေါ့.."

"တိမ်ဖြူလမ်းက နောက်ရက်အနည်းငယ် ဆို TV မှာ ပါလာတော့မယ်..။အဲတာပြီးရင်တော့ လူတွေ အများကြီး လာဝယ်ကြတော့မှာပဲ..။ငါတို့တော့ ဖိအားတွေ အောက်မှာ ရောက်တော့မယ်.."

…

လင်းဖန် လှည်းရှေ့မှာ ရပ်နေပြီး လူအုပ်ကြီးကို

ကြည့်နေခဲ့တယ်...။သူ ​ဘာပြောရမှန်းတောင် မသိတော့ပါဘူး..။

လူလိမ် ထျန်န​ဲ့ ဝူယူလန်က နံပါတ် တွေ ဝေနေခဲ့ပါတယ်..။

အရွေးခံရတဲ့ လူတွေဟာ ပျော်ရွှင်သွားကြပြီး အရွေးမခံရတဲ့ လူတွေကတော့ ဝမ််းနည်းသွားကြပါပြီ..။ဒါက သူတို့ အတွက်တော့ အဓိပ္ပါယ် မရှိပါဘူး..။

နံပါတ် အများကြီးတောင် အရွေးမခံရတဲ့ အတွက် သူတို့ရဲ့..ကံတရားကို မေးခွန်း

"ဟားဟား..ငါအရွေးခံရပြီ...။နေ့ပေါင်းများစွာ မနားတမ်း..တန်းစီပြီးတဲ့နောက်မှာတော့ ငါအရွေးခံရပြီလေ.."

"ညီအစ်ကို တို့..ငါရှေ့နားလေးမှာ တနး်းစီနေတာတောင် အရွေးမခံရဘူး..။ဘယ်လောက်တောင် ကံဆိုးလိုက်လဲ..။ငါ အသက်တောင် မရှင်ချင်တော့ဘူး.."

"ပန်ကိတ် တစ်လုံးကို ဒေါ်လာ ၃၀၀..ဘယ်သူ ရောင်းချင်လဲ.."

"ဟေး..မင်းက မာစတာ လင်းရဲ့ ပန်ကိတ်ကို ဒေါ်လာ ၃၀၀ နဲ့ ဝယ်ချင်နေတာလား။မင်း အိပ်မက်မက် နေတာပဲ ဖြစ်ရမယ်.."

…

လျင်မြန်စွာပဲ ပန်ကိတ် အခုသုံးဆယ်ဟာ ပြင်ဆင်ပြီးသွားခဲ့တယ်..။ပန်ကိတ်ကို ရတဲ့ မြို့သားလေးတွေဟာတော့ အပြုံးတွေ ကိုယ်စီ ရှိနေကြလို့ပါ..။

သူတို့အတွက်ကတော့ ပန်ကိတ် စားခွင့်ရတာဟာကောင်းချီးပေးမူ တစ်ခုလိုပါပဲ..။

မြို့သားတွေ အကုနိလံူး ပြန်သွားတဲ့ အချိန်မှာ လင်းဖန် ဆိုင်ထဲကို ပြန်ဝင်သွားပြီး လဖက်ရည်သောက်နေခဲ့တယ်..။ဒီနောက်ပိုင်းနေ့ရက်တွေမှာ..ဘာပြသနာမှ ရှိတော့မှာ မဟုတ်ပါဘူး..။

ညအချိန်..။

ဟိုတယ် တစ်ခု၏ ဝင်ပေါက်ဝတွင်..။

ဟိုတယ်ရဲ့..အပြင်ဘက်မှာတော့ ဖက်တီးတစ်ယောက်ဟာ..စိတ်ပူပြီး အနည်းငယ် ဝမ်းနည်းနေတဲ့ မျက်နှာနဲ့ အချိန်ကြာအောင် ရပ်နေခဲ့ပါတယ်..။

ဒါကတော့ ဆောင်းဦးဓား ဖြစ်ပြီး သူ့ရဲ့ နာမည်အရင်းကတော့ အို့ဘိုင်ချီ ပါ..။လက်ရှိအချိန်မှာ သူနောင်တရလွန်း လိူ့.. ကိုယ့်ပါး ကိုယ်တောင် နှစ်ချက် လောက် ပြန် ရိုက် လိုက်ချင်ပါတယ်..။သူ့ရဲ့ နတ်သမီး လေးကို..ပြန်ရမယ် အထင်နဲ့..အားကစားခနမမှာ တစ်လလုံး..အလုပ်ကြိုးစားခဲ့ပေမယ့် လည်း သူကျရှုံးခဲ့ရပါတယ်..။

သူ အားကစား ခန်းမက ပြန်လာတဲ့..အချိန်မှာ ဆာလောင်တဲ့ စိတ်ကို အမြဲတမ်း မထိနိးနိုင်ခဲ့ပါဘူး..။ဒီလို အရာတွေ များလာတဲ့ အချိန်မှာတော့ သူ့ရဲ့..ဝိတ်ဟာ လုံးဝ ကျမလာတော့ ပါဘူး..အဲဲဒီအစား ဝိတ်တောင် ပြန်တိုးလာခဲ့ပါတယ်..။

.

"ဘိုင်ချီ.."

အဲ့အချိန်မှာပဲ အသံတစ်ခုကို ကြားလိုက်ရတယ်..။

ဆောင်းဦးဓားဟာ ဒီအသံကို ကြားတဲ့ အချိန်မှာ..လှည့်မကြည့်ချင်ပါဘူး..ဘာလို့လဲ ဆိုတော့..သူက အရမ်းတုန်းက..လို တင့်တယ်ပြီး..ရည်မွန်တဲ့ အို့ဘိုင်ချီ မဟုတ်တော့ ဘူးဆိုတာ ဒီလူကို မသိစေချင်လို့ပါ..။

ထပ်ပြောရရင် လက်ရှိသူ့ရဲ့ ပုံစံက ဘယ်သူမှ မမှတ်မိနိုင်ဘူးလို့ ထင်ထားခဲ့တာပါ...။

သို့ပေမယ့် လက်တစ်ဖကိဟာ သူ့ပုခုံးပေါ် ရောက်လာတာကို ခံစားမိလိုက်တဲ့ အချိန်မှာ ကြောင်အသွားခဲ့တယ်..။သူ ခန္တာကိုယ်က ဒီီလို အခြေအနေမှာ ရောက်နေခဲ့ပေမယ့် လည်း..တစ်စုံတစ်ယောက်ကတော့..သူကို မှတ်မိနေခဲ့ပါတယ်..။

့ဘယ်လို ဖြစ်နိုင်မှာလဲ..

ယင်းနောက် သူ အသက်ကို ပြင်းပြင်းရူလိုက်ကာ..အရင်းနှီးဆုံး အပြုံးတစ်ခုကို ပြုလုပ်လိုက်ပြီး..ပြန်လှည့်လို်က်တယ်..။သူ့နောက်ကလူကို မြင်တဲ့ အချိန်မှာ ကြောင်အသွားခဲ့ပါတယ်..။

"ဟေး..မင်းက ကျန်းမင်ဂျန် မဟုတ်လား.."

ကျန်းမင်ဂျန်..ပြုံးလိုက်ပြီး ဆောင်းဦးဓားကို ခေါင်းကနေ ခြေထောက်အထိ ကြည့်လိုက်တယ်..။

"ဘိုင်ချီ ငါမင်းကို မတွေ့တာ နှစ်အနည်းငယ် ပဲ ရှိသေးတယ်..မင်းက ဝိတ်တွေတောင် အတော်တက်လာတာပဲ.."

ဆောင်းဦးဓား ရှက်ရွံ့စွာ ခေါင်းညိမ့်ပြီး ပြောလိုက်ပါတယ်..။

"ငါ ဒီလောက် ဝိတ်တွေ တက်လာတာတောင် မင်းက ဘယ်လို မှတ်မိတာလဲ.."

"မင်းရဲ့ နားကို ကြည့်လိုက်တာလေ..။မင်းရဲ့ နားက အရမ်းကြီးတော့ တစ်ချက်ကြည့်လိုက်တာနဲ့ ငါမှတ်မိတယ်..။မင်း ဒီမှာ ရပ်ပြီး ဘာလုပ်နေတာလဲ အထဲကို သွားကြရအောင်.."

ကျန်းမင်ဂျန် အပြုံးလေးနဲ့ ပြောလိုက်တာပါ..။

ဆောင်းဦးဓားဟာ ဘာမှ ထပ်မပြောချင်တော့ပါဘူး..။အခုအချိန်မှာတော့ သူ ပြန်ချင်တာပဲ သိပါတယ်..။

"မင်းအရင်ပြနိလိုက်လေ..ငါပြီးမှ လိုက်လာခဲ့မယ်.."

ကျန်းမင်ဂျန် ခေါင်းညိမ့်လိုက်တယ်..။

"ကောင်းပြီလေ..ဒါဆိုရင်လည်း ဒါပေမဲ့ နောက်မကျနဲ့နော်..။ဒီတစ်ခေါက်..ဂျီဟွား..က မဂ်လာဆောင်တာဆိုတော့..ငါတို့ အတန်းဖော်တွေ အကုန်လုံး လူစုံနေဖို့ လိုအပ်တယ်..။ငါတို့ မတွေ့တာကြာပြီ ဆိုတော့ ဒါ​ပျော်ဖို့ ကောင်းမှာလေ.."

ဆောင်းဦးဓား ခေါင်းညိမ့်လို်က်တယ်..။

"ကောင်းပြီ..ငါခနနေ ဝင်လာခဲ့မယ်.."

ကျန်းမင်ဂျန် သူ့ရဲ့ လက်ရှိပုံစံကို မြင်ပြီး မအံ့ဩတာကို သူတွေ့နေရပါတယ်...။ယင်းနောက်သူ ယုံကြည်မူ ရှိတဲ့ အပြုံးကို ပြုံးပြလိုက်တယ်..။

ကြည့်ရတာ သူအနည်းငယ် ဝလာပေမယ့်..အရင်ကလို..အရှိန်အဝါတွေ ရှိနေသေးတဲ့ ပုံပါပဲ...

ဒါကို တွေးလိုက်မိတဲ့ အချိန်မှာတော့ ဆောင်းဦးဓား..ဟာ ယုံကြည်မူတွေ ပြန်ရောက်လာခဲ့ ပါပြီ..။ယင်းနောက် သူ ဟောတယ် ထဲကို ဝင်လိုက်တယ်..။သူ ဓာတ်လှေကားထဲကို ဝင်ပြီး သုံးလွှာကို ရောက်တဲ့ အချိန်မှာတော့..ကိုယ့်ကိုကို ပြန်ဆင် ပြီးထားပါပြီ..။

သူဟာ အတတ်နို်င်ဆုံး စိတ်ဓာတ် တက်ကြွအောင် ပြင်ဆင်နေပြီး..လက်မှာ.အနီရောင်စာ အိတ်ကို ကိုင်ထားကာ..တည်ငြိမ်တဲ့ မျက်နှာနဲ့..သူ့ရဲ့ ပထမဆုံး အချစ်ဦးကို တွေ့ရမှာပါ..။ပြီးတော့..သူ ဝူဟောင်ယန် နဲ့လည်း..ဂျီဟွား ကို ဂရုစိုက်ဖို့ အကြောင်းတွေ သေချာ ပြောရပါဦးမယ်..။

သို့ပေမယ့် ဆောင်းဦးဓားဟာ..ထောင့်နားကိုရောက်တဲ့ အချိန်မှာ..သူ့ရဲ့.ခြေလှမ်းတွေကို ရပ်တန့်လိုက်တယ်..။ဒါက သိပ် စိတ်ချမ်းသာ စရာ မကောင်းတဲ့..အသံတစ်ခုကို သူ ကြားလိုက်ရလို့ပါ..။

ကျန်းမင်ဂျန် ပြောလိုက်တယ်..။

"ငါ အခုနကပဲ အို့ဘိုင်ချီကို အောက်ဘက်မှာ တွေ့ခဲ့တယ် မင်းတို့ ယုံနိုင်မှာတောင် မဟုတ်ဘူး.."

ကျန်တဲ့ လူတွေဟာ မေးလိုက်တယ်..။

"ဘာကို မယုံကြည်ရမှာလဲ.."

ဝူဟောင်ယန် ပြောလိုက်တယ်..။

"ဂျီဟွား သူ့ကို ဘာလို့ ဖိတ်လိုက်တာလဲ ငါနားတောင် မလည်နိုင်တော့ဘူး.."

လီဂျီဟွား ပြောလိုက်ပါတယ်..။

"ငါ ဘာရည်ရွယ်ချက်မှ မရှိပါဘူး..။ငါအခု ကောင်းကောင်းနေနေ တယ် ဆိုတာ သူ့ကို သိစေ.ချင်ယုံပါ..။

ကျန်းမင်ဂျန် ပြောလိုက်တယ်..။

"ဂျီဟွားက တကယ်မမြော်အမြင်ရှိတာပဲ..။မင်းတို့ မသိသေးမှာ ငါ ကြောက်မိတယ် ..အောက်ဘက်မှာ..ငါ ဘိုင်ချီကို တွေ့တုန်းက ယုံတောင် မယုံနိုင်ဘူး..။အခု သူက အဝကြီး ဝနေတဲ့ ဝက်တစ်ကောင်လိုပဲ...ငါထင်တာတော့..သူအနည်းဆုံး ပေါင် ၃၀၀ လောက်ရှိမယ်..။မင်းတို့ ဒါကို ယုံကြည်နိုင်ပါ့မလား.."

လူအုပ်ထဲမှ တစ်စုံတစ်ယောက်ဟာ မေးလိုက်ပါတယ်..။

"မဖြစ်နိုင်တယ်..။မင်းချဲ့ကား ပြောနေတာ မလား.."

ကျန်းမင်ဂျန် ပြောလိုက်တယ်..။

"ငါက ဘာကိစ္စ ချဲ့ကားပြီး ပြောရမှာလဲ..။ငါ ပြောတာ အကုန်လံူး အမှန်တွေ ချည်းပဲ..။သူက စောက်ရမ်း ဝ လွန်းလို့ ကောင်းကင်ကိုတောင်..ဖုံးထား နိုင်လောက်တယ်..။ဒါက တကယ်ကြောက်ဖို့ကောင်းတတာနော်..သူ အပေါ်ကို တက်လာတဲ့ အချိန်ကြရင် တစ်ယောက်မှ မရယ်ကြနဲ့..ဒီတိုင်း မသိချင်ယောင်ပဲ ဆောင်နေကြ..။မဟုတ်ရင် သူအတော်ကို စိတ်ထိခိုက် သွားလိမ့်မယ်..။ငါ အောက်မှာ တုန်းကတောင် အံ့ဩတဲ့ စိတ်ကို မနည်းထိန်းထား ရတယ်.."

ဆောင်းဦးဓားရဲ့ ခြေထောက်တွေဟာ ရပ်မြဲအတိုင်း ရပ်တန့်နေခဲ့ ပါတယ်..။ယင်းနောက် သူ့ရဲ့ လျာကို အပေါ်ကို တင်ကာ နှာရည်တစ်ချို့ကို သုတ်လိုက်တယ်..။

ခနအကြာမှ သူသတိ ပြန်ဝင်လာပြီး.. ခြေလှမ်းတွေကို ပြန်လှည့်ကာ..ထွက်သွားပါတော့တယ်..။

All Chapters