← Chapters

အမှန်တရားကို သိဖို့အတွက်..

Vol. 23 Ch. 335

အမှန်တရားကို သိဖို့အတွက်..

Vol. 23 Ch. 335

ဘာသာပြန် = စနိုးဝှိုက်

[ အရင်အပိုင်းမှာ ပြန်ထွက်သွားတယ် လို့ရေးထားပြီး..အခု မဂ်လာပွဲ ရောက်နေတာပါ..Eng မှာမှားနေတာ ]

ကျန်းမင်ဂျန် ပြောလို်က်တယ်..။

"အားလုံးက ဝင်ပေါက်မှာ ရှိနေပြီ ..သတို့သား သတို့သမီးနဲ့ အတူ အုပ်စုလိုက် ဓာတ်ပုံလေး ရိုက်ကြရအောင်..။ငါ တို့မင်းကိုပဲ စောင့်နေကြတာ.."

ဆောင်းဦးဓားရဲ့ မျက်နှာဟာ နီရဲနေပေမယ့်လည်း အရမ်းကြီး မသိသာပါဘူး..။

ကျန်းမင်ဂျန် သိလိုစွာ မေးလိုက်တယ်...။

"မင်းမျက်နှာကဘာလို့ နီရဲနေတာ လဲ..။ဓာတ်လှေကားကနေ တက်လာတာ မောနေလို့ လား..ငါတော့ မင်း ဝိတ်နည်းနည်းလောက် ချသင့်တယ် လို့ထင်တာပဲ.."

ဝိတ်နည်းနည်း ချသင့်တယ် ဆိုတဲ့ စကားကို ရောက်လာတဲ့ အချိန်မှာ ဆောင်းဦးဓား ခေါင်းကိုက်သွားခဲ့တယ်..။ယင်းနောက် သူ ရှက်ရွံ့စွာ ရယ်လိုက်ပြီး..

"ငါ လတ်တလောမှာ ဝိတ်ချနေတာ..အဲတာကြောင့်လည်း ဒီလို အ​ခြေအနေ ဖြစ်နေတာလေ.."

ကျန်းမင်ဂျန် ဘာမှ မပြောတော့ပဲ ဆောင်းဦးဓားကို သာ ဆွဲခေါ်သွားခဲ့တယ်..။

လက်ရှိ အချိန်မှာတောါ ဆောင်းဦးဓားရဲ့ နှလုံးသားဟာ ငြိမ်းချမ်း မနေခဲ့ပါဘူး..။သူ့ဟာ အများရှေ့မှာ ပေါ်တော့မယ် လို့ ခံစားနေရပြီး လီဂျီဟွား ကို ဘယ်လို တွေ့ရမလဲ ဆိုတာ မသိတော့ပေ..။

ကျန်းမင်ဂျန်လူအုပ်ကြီးကို ကြည့်ပြီး ပြောလိုက်တယ်...။

"ဘိုင်ချီက ဒီမှာဟေ့..သူ ဒီမှာ.."

ဆောင်းဦးဓားဟာ..ရှက်ရွံ့မူတွေကို ထိန်းချုပ်ပြီး လျောက်သွားလိုက်ပါတယ်..။သူ့ရဲ့ ကြီးမားလှတဲ့ ခန္တာကိုယ်ကြီး လူအများရှေ့မှာ ပေါ်လာတဲ့ အချိန်မှာတော့ တစ်ခြား လူတွေဟာ မထိန်းနိုင်တော့ပဲ..အသည်းအသန် ဝိုင်းရယ်လိုက်ကြတော့တယ်..။

ဝူဟောင်ယန် ဟာ အံ့ဩစွာ ဖြင့်..

"သူက စောက်ရမ်း ဝလွန်းတယ်..ဟုတ်တယ် မလား...။အရာရာ တိုင်းက ပြောင်းလဲတာ အရမ်းမြန်တာပဲ..။ဒါက နှစ်အနည်းငယ် လောက်ပဲ ရှိသေးပေမယ့် ဒီပြောင်းလဲ မူကြီးကတော့ မဟုတ်သေးဘူးနော်.."

လီဂျီဟွား .ဟာ ဝူဟောင်ယန် ဒီလို မပြောစေဖို့ အတွက် တံတောင်နဲ့ တို့ပြီးဘသတိပေးလိုက်တယ်..။

ကျန်တဲ့ အခန်းဖော်တွေ ကလည်း အရမ်းရယ်နေကြတာကြောင့် အခြေအနေက ထိန်းသိမ်းရ ခက်ခဲနေခဲ့ပါတယ်..။

"ဟုတ်တယ် ငါမင်းကို မမှတ်မိတော့ မလို့ပဲ"

တောင်းဦးဓား ဟာလည်း ရှက်ရွံ့စွာ ရယ်မောနေခဲ့ပေမယ့်..စိတ်ထဲမှာတောါ သူက ဆဲဆို နေခဲ့တာပါ..။

ချီးပဲ..ငါ မလာခဲ့ပဲ နေခဲ့သင့်တာ..အခု ဒီရောက်နေမှတော့..ရှက်စရာတွေနဲ့ ကြုံပြီး ဘာမှ မဖြစ်သလို ဟန်ဆောင်ဖို့ ပဲ တတ်နိုင်တော့တယ်...။

အရယ်ခံရတယ် ဆိုတာက သူ ကျင့်သား ရနေခဲ့ပါပြီ..။အထူးသဖြင့် သူ အားကစား ခန်းမကို သွားတဲ့ အချိန်ဆိုရင် အမြဲတမ်း အရယ်ခံနေရတာပါ..။

သူ အိပ်ကပ်ထဲက စာအိပ်အနီကို ထုတ်ပြီး..ပေးကာပြောလိုက်တယ်..။

"မင်းတို့ နှစ်ယောက် နှစ်တစ်ရာ တိုင်အောင် ပေါင်းသင်းနိုင်ဖို့ မျှော်လင့်ပါတယ်.."

လီဂျီဟွား လက်ခံပြီး ပြန်ပြောလိုက်တယ်..

"ကျေးဇူးပါ.."

ယင်းနောက် သူမကိုင်ထားတဲ့ အနီရောင် စာအိပ်က အရမ်းထူနေတာကို သတိထားမိလိုက်ပါတယ်..။

"ဘိုင်ချီ လူရောက်လာတာနဲ့တင် လုံလောက်ပါပြီ..။အများကြီး ပေးဖို့မလိုပါဘူး.."

ဆောင်းဦးဓား ပြုံးပြီး ပြောလိုက်တယ်..။

"ပြသနာ မရှိပါဘူး.."

ဘေးနားက လူတွေဟာ အနီရောင် အိတ်ကို ကြည့်ကာ တစ်ယောက်နဲ့ တစ်ယောက် ပြန်ကြည့်လိုက်တယ်..။

ဝူဟောင်ယန်ဟာ ရယ်မောလိုက်ပြီး..

"ပြန်ပေးလိုက်ပါ..မင်းက ..ကျောင်းမှာတုနိးက ဆိုရင် ချွေတာတတ်တဲ့ လူတစ်ယောက် အဖြစ် နာမည်ကြီးတယ်လေ..ဒါပေမဲ့ အပြင်လောက ထဲရောက်လာတော့ ဒီလောက်အထိ ပြောင်းလဲ သွားမယ် မထင်ခဲ့ဘူး.."

ဆောင်းဦးဓားဟာ ဝူဟောင်ယန်ကို ကြည့်ပြီးပြုံးလိုက်တယ်.. ။

"မင်း ဂျီဟွားကို ကောင်းကောင်း ဂရုစိုက်မယ်လို့ မျှော်လင့်ပါတယ်.."

ဝူဟောင်ယန် ဆောင်းဦးဓားကို ကြည့်လိုက်တယ်..ယင်း​ေိာက် ဂျီဟွားကို အနားကိုဆွဲပြီး နမ်းလိုကိပါတယ်..။

"မင်းအရေး မပါတာတွေ ပြောနေတာ မဟုတ်ဘူးလား..။သူက ငါ့မိန်းမလေ.ငါသာ သူမကို ကောင်းကောင်း မဆက်ဆံရင် ဘယ်သူ့ကို ကောင်းကောင်းဆက်ဆံ ရမှာလဲ..။ထပ်ပြောရရင် သူမမှာငါ့ရဲ့ ကလေးလဲ ရှိနေပြီ..ငါက ပိုပြီးတောင် ဂရုစိုက်ပေးရဦးမယ်.."

ဆောင်းဦးဓားရှက်ကိုးရှက်ကန်း ရယ်မောလိုက်တယ်..။သူ့ရဲ့ အချစ်ဦး သူများ ရင်ခွင်ထဲမှာ ရောက်နေတဲ့ခံစားချက်က အတော် ကို ဆိုးရွား လှပါတယ်..။

"ကောင်းပြီ ..ငါ ဒီကို လာကြည့်ပြီးပြီ..။ငါ့မှာ လုပ်စရာ လေးတွေ လည်း ရှိနေသေးတော့..အခုသွားတော့မယ်.."

သူ ထပ်မနေချင်တော့ ပါဘူး..ဒါက သူ့ကို အရှက်ရရုံရပဲ ရှိနေစေ မှာပါ..။သူ ဒီကို တစ်ချက်ကြည့်ရအောင် ရောက်လာပြီးပြီ ဆိုမှတော့ ပြန်ဖို့ အချိန်ပါပဲ..။

ကျန်းမင်ဂျန် သူ့ကို တားပြီး ပြောလိုက်တယ်..။

"မသွားနဲ့ဦး..မင်းဒီမှာ ရောက်နေပြီးမှတော့..အချိန်နည်းနည်းလောက်တော့ တူတူကုန်ဆုံး

ဦးလေ.."

လီဂျီဟွား သဘောတူစွာ ခေါင်းညိမ့်လိုကိတယ်..။

"ဟုတ်တယ် ရောက်နေပြီ ဆိုမှတော့ အထဲဝင်ပြီး အတူတူ ဝင်ကြည့်ရအောင်.."

ဝူဟောင်ယန်ဟာ..ဆောငိးဦးဓားကို အထင်သေးတဲ့ မျက်လုံးနဲ့ ကြည့်လိုက်တယ်..။သို့ပေမယ့် ဒါက သူ့ရဲ့ပျော်ရွှင်မူကြောင့် ဖြစ်ပြီး..စည်းကျော်တာတော့ ဘာတစ်ခုမှ မလူပ်ခဲ့ပါဘူး..။သူ့ရဲ့ ရည်းစား ပြိုင်ဘက် ဟောင်းကို ဘာမှ ထပ်မတွေးတော့ပေ..။

အားလံူးပဲ ဓာတ်ပုံတူတူ ရိုက်လိုက်ကြတယ်..။

ကျန်းမင်ဂျန်.ဆောင်းဦးဓား ဆီကို လျောက်လာပြီး ညင်သာစွာ ပြောလိုက်တယ်..။

"ဒီလို ဖြစ်မယ် မှန်းသိရင် ငါမင်းကို လို မခေါ်ခဲ့ပါဘူး."

ဆောင်းဦးဓား ပြန်​မေးလိုက်တယ်..။

"ဘာလို့လဲ.."

ကျန်းမင် ဂျန် ခေါင်းခါယမ်း လို်က်ပြီး..

"ဒါက ရှက်စရာ မကောင်းဘူးလား..။ဝူဟောင်ယန်က မင်းကို..မကြိုက်ဘူး ဆိုတာ လူတိုင်း သိနေတာပဲလေ. .။ဂျီဟွားက မင်းကို ပျော်စရာ အချိန် တူတူကုန်ဆုံး ဖို့ခေါ်တယ် ထင်နေတာလား..။သူမ က သူမပျော်နေတာ ကို မင်းကို မြင်စေချင်နေတာ..။ဂျီဟွားက သူမရဲ့ လွတ်လပ်ပြီးပျော်ရွှင္တဲ့ ဘဝကို မင်းကို မြင်စေချင်နေတာလေ.. ။ဂျီဟွားကအများကြီး ​ေပြာင်းလဲ သွားပြီ သူမက အရင်ကဂျီဟွား မဟုတ်တော့ဘူး..။သူမကို အရမ်းကောင်း​ေကာင်းကြီး မတွေးနဲ့.."

ဆောင်းဦးဓား ကြောင်အသွား ခဲ့တယ်..။ယင်းနောက် သူဟ မယုံကြည်နိုင်စွာဖြင့်..

"မဖြစ်နိုင်တာ.."

ကျန်းမင်ဂျန် ရယ်မောလိုက်ပြီး..

"မင်းက တကယ်တုံးအတာပဲ..ငါမင်းကို ပြောတယ် ဆိုတာက မင်းအမှောင်ထဲမှာ ပိတ်မိနေမှာကြောင့်ပဲ..။ဂျီဟွားက ဘာလို့ မင်းနဲ့ အဆက်သွယ်ဖြတ်တယ် ထင်လဲ..ဒါပေါ့ အဲတာ ဝူဟောင်ယန် ကြောင့်ပဲ..။အဲနောက်က အကြောင်းအရင်းကတော့ ပြောစရာတောင် မလိုတော့ဘူး..မင်းတို့ တွေ အနေဝေးတာကလည်း ကျောင်းမတူကြတော့လို့ လည်းပါမှာပေါ့.."

"ဘယ်လိုဖြစ်နိုင်မှာလဲ.."

ဆောင်းဦးဓားဟာ ရုတ်တရက် သူ့ရဲ့ နှလံူးသား အတွင်းပိုင်းမှာ ရှိနေတဲ့ အမဲစက်ကို ခံစားမိလိုက်ပါတယ်..။

"ကောင်းပြီ ..မင်းသိသွားတာအရမ်းကောင်းတယ်..။ဘာပဲဖြစ်ဖြစ် နှစ်တွေ အတော်ကြာပြီးသွားတော့..ကလေးတုန်းက ဘဝတွေ လိုမျိုး မဟုတ်ကြတော့ဘူးလေ..။ဂျီဟွားကိုလည်း သိပ်ပြီး အထင်ကြီး မနေနဲ့..လာ ဟိုဘက်မှာ သွားထိုင်ပြီး စကားပြောကြရအောငိ.."

ကျန်းမင်ဂျန် ဆောင်းဦးဓားရဲ့ ပုခုံူကို ပုတ်လိုက်တယ်..ယင်းနောက် သူမတတ်နိုင်စွာ ပဲ ထပ်မေးလိုကိပါတယ်..။

"မင်းဘယ်လို ဖြစ်ပြီး ဒီလောက်ဝိတ်တက် လာတာလဲ.. ။ငါမင်းကို မလာဖို့ ပြောခဲ့လို်က်ရမှာ.."

ဆောင်းဦးဓား ရုတ်တရက် သူ့ရဲ့ စိတ်ဝိဥာဥ္ ပြောင်ဆုံးသွားခဲ့တယ် .။သူဟာ ရေးအေးထဲမှာ ဝင်စိမ်နေသလိုဖြစ်နေပြီး ဘာလုပ်ရမလဲ မသိတော့ ပါဘူး..။

သူ့နောက်တွင်..။

ဝူဟောင်ယန် ရယ်မောနေခဲ့တယ်..။

"ဟားဟား..ငါရယ်ရလွန်းလို့ သေတော့မယ်..အို့ဘိုင်ချီ ဝမ်းနည်းသွားတာ မြင်လိုက်လား..သူက မနည်းရုန်းကနိနေရပြီး ပိုက်ဆံ ဆိုတာကလညး် ရှိတာမဟုတ်ဘူး..။ငါနဲ့ ယှဥ်လိုက်ရင် ကောင်းကင်နဲ့ မြေကြီး လိုပဲ.."

လီဂျီဟွား စာအိတ်နီကို ဖွင့်လိုက်တယ်..။

ဝူဟောင်ယန် တစ်ချက်ကြည့်ပြီး ပြောလိုက်တယ်..

"ဟားဟား ရက်ရောသားပဲ..ဒါပေမဲ့ ငါကိုင်တဲ့ အိတ်ရဲ့ တစ်ဝက်တောင် ဝယ်လို့ရတဲ့ ပမာဏ မဟုတ်ဘူး..။အခု ငါ့ကို ရွေးချယ်တာ ဘယ်လောက် မှန်ကန်တဲ့ ဆုံးဖြတ်ချက် လဲ ဆိုတာ သိပြီမလား..။မဟုတ်ရင် မင်း သူ့လိုလူမျိူး နဲ့ တွေ့နေရမှာ.."

လီဂျီဟွား..ဝူဟောင်ယန် ကိုကြည့်ပြီး ပြောလိုကထတယ်..။

"နင်ဘာတွေ ပြောနေတာလဲ..သူက ဒီကို ကြိုးစားပြီးတောင် လာခဲ့သေးတာလေ.. ။ဒါကြောင့် လှောင်ပြောင်နေတာကို တော်လို်က်တော့.."

ဝူဟောင်ယန် ဘာမှ မပြောပဲ ရယ်သာ ရယ်နေလိုက်ပါတော့တယ်..။

…

ဧည့်ခံပွဲတွင်..။

သက်သေ အကြီးအကဲဖြစ်တဲ့ ဟွန်ဇီချင်းဟာ..လုပ်ငန်းကြီး တစ်ခုရဲ့ သူဌေးတစ်ယောက်ပါ..။

မဂ်လာပွဲမှာ ဆိုရင် သက်သေ အကြီးအကဲ က မိသားစု တစ်ခုရဲ့ လူမူနယ်ပယ် အဆင့်အတန်းနဲ့ ..အဆက်အသွယ်ကို ကိုယ်စား ပြုပါတယ်..။

သက်သေပြုတဲ့ အခမ်းအနား ပြီးသွားတဲ့ အချိန်မှာ.ဟွန်ဇီချငိး..သက်လတ်ပိုင်း လူကြီးရဲ့ ရှေ့ကို သွားလိုက်ပြီး..

"အစ်ကို ဝူ..တံခါးဟိုဘက်က စားပွဲကို ကျွန်တော် သွားရဦးမယ် "

ဝူဟန်လိန် မေးလိုက်တယ်..။

"အကြီးအကဲ ဟွန် တံခါး ဟိုဘက်က စားပွဲမှာ ဘယ်သူတွေ ရှိလို့လဲ.."

ဟွန်ဇီချင်း ပြုံးလိုက်ပြီး..

"သူတို့က သူငယ်ချင်းဟောင်းတွေပါ...ဒါကြောင့် သွားတွေ့မှ ဖြစ်မယ်.."

ဝူဟန်လိန် ခေါင်းညိမ့်လိုက်တယ်။

"ခင်ဗျားက သက်သေ အကြီးအကဲ ဆိုတော့ ပြီးမှ ကလေးတွေကို ခွက်ချင်းတိုက်ဖို့ လွတ်လိုကိမယ်လေ.."

ဟန်ဇီချင်း ပြန်ပြောလိုက်တယ်..။

"ကောင်းပြီ ပြသနာမရှိဘူး..ဒါပေမဲ့ ကလေးတွေကို ယဥိကျေးပြီး အဓိပ္ပါယ်မရှိတာတွေ မပြောဖို့ သေချာမှာထားပါ..။သူတို့က ရှန်ဟိုင်းရဲ့ ပုဂ္ဂိုလ် ကြီးတွေပဲ..တစ်ချို့ လူတွေဆိုရင် ကျုပ်တောင် မကိုင်တွယ်နိုင်ဘူး..။သူတို့နဲ့ တွေ့ဆုံမယ့်နေရာက မဂ်လာပွဲနဲ့ တစ်နေရာတည်းဖြစ်နေတာ အတော် တိုက်ဆို်င်တာပဲ.."

ဝူဟန်လိန် ပြောလိုက်တယ်..။

"ကောင်းပါပြီ ကောငိးပါပြီ ခန ကလေးတွေ ကိုလွတ်လိုက်ပါ့မယ်.."

ဝူဟန်လိန် အတွက်က ဟန်ဇီချင်းကတင် အကောင်ကြီး ဖြစ်နေခဲ့ပါပြီ..။ဒီလူထက် ပိုပြီး အဆင့်မြင့်တဲ့ လူတွေ နောက်တံခါးက စားပွဲမှာ ဆိုတာကြားတဲ့ အချိန်မှာ..ဝူဟန်လိန် ရင်ခုန်ပြီး ပျော်ရွှင်သွားခဲ့တယ်..။သူ ကလေးတွေကို ခေါ်ပြီး..ယဥ်ကျေးမူအရ သွားပြီး နှုတ်ဆက်မှကို ဖြစ်တော့ မှာပါ.. ။

All Chapters