အရမ်းထိုက်တန်တယ်
Vol. 23 Ch. 337
ဘာသာပြန် = စနိုးဝှိုက်
ဝူဟောင်ယန်နဲ့ လီဂျီဟွားတို့ သူ့တို့နားတောင်လသူတို့ မယုံကြည်ကြတော့ပါဘူး..။သူတို့ရှေ့က လူတွေကို မသိပေမယ့်လည်း ရိုးရှင်းတဲ့ လူတွေ မဟုတ်တာတော့ သေချာပါတယ်..။
ဒါပေမဲ့ ဘိုင်ချီက သူတို့နဲ့ ဘယ်လို ပတ်သက်နေတာ လဲ...
ဝူဟန်လိန်ကလည်း..သူ့သားရဲ့ အခန်းဖော်က ဒီလို အံ့ဩဖို့ ကောင်းတဲ့ လူတွေကို သိနေလိမ့််မယ် လို့မထင် ထားခဲ့ပါဘူး..။သူ မတတ်နိုင်စွာ ပဲ သိချင်သွားခဲ့တယ်..။
"ဘိုင်ချီက မင်းတို့ရဲ့ အတန်းဖော်လား.."
သူတို့ နှစ်ယောက်စလုံး ဘာပြန်ပြောရမလဲ မသိကြပေမယ့် အဆုံးမှာတော့ ပြန်ဖြေဖို့သာ တတ်နိုင်ပါတော့တယ်..။
"အမ်..သူက သားတို့ရဲ့ အတန်းဖော်ပါ.."
ဟောင်ဇီချင်းဟာ ပြုံးလိုက်တယ်..။ယင်းနောက် သူ မာစတာ လင်းနဲ့ အကြည့်ချင်း ဖလှယ်လိုက်ပြီး..
"အကြီးအကဲ ဝူ မိတ်ဆက်ပေး ပါရစေ..ဒါက အကြီးအကဲ ဟီ ..သူက အရုပ်တွေကို ဖြန့်ဝေတယ်..သူ့ကို အထင်မသေးနဲ့နော် သူက တစ်ကမ္ဘာလံူးမှာ စျေးကွက်ဖြန့်ထားတာ..။သူ့ရဲ့ ပိုင်ဆိုင်မူက ဘီလီယံ နဲ့ ချီတယ်.."
ဟီချနး်ဟန် ခွက်ကိုမြောက်ပြီး ပြုံးလိုက်တယ်..။
"အကြီးအကဲ ဟောင်ကတော့ ကျုပ်ကို မြောက်နေပြန်ပြီ..။ကျုပ်က ဒီတိုင်း ကလေးအရုပ်ရောင်းတဲ့ လူတစ်ယောက် သာသာပါ..။လာ..ဒီ လင်မယား နှစ်တစ်ရာ တိုင်အောင် ပေါင်းဖက်နိုင်ကြပါစေ..။ဒီလိုပဲ ဆုတောငိးပေးလိုက်ပါရစေ.."
ဝူဟောင်ယန်.နဲ့ လီဂျီဟွားဟာ ဂါရဝပြုပြီး ပြန်ပြောလိုက်တယ်..။
"ကျေးဇူးတင်ပါတယ်..အကြီးအကဲ ဟီ.ကျေးဇူးတင်ပါတယ်.."
ဝူဟန်လိန် ဟာ ဟီချန်းဟန် နဲ့ ခွက်ချင်းတိုက်ဖို့ လုပ်နေတုန်းမှာပဲ..ဟောင်ဇီချင်းဟာ ပြုံးပြီး ပြောလိုက်တယ်..။
"အကြီးအကဲ ဝူ ခနနေဦး..ခင်ဗျား ဒီတစ်ယောက်ကို လည်း သိထားသင့်တယ်..။ဒါက အကြီးအကဲ ဝမ်..အရှေ့ဘက် ဟန် အဖွဲ့အစည်းရဲ့.. ဝမ်မင်ယန် လေ..။ဒါပေမဲ့ ကျုပ်တို့ကတော့ သူ့ကို အစ်ကို ဝမ်လို့ပဲ ခေါ်ကြတယ်.."
အရှေ့ဘက် ဟန် အဖွဲ့အစည်းက ရှန်ဟိုင်းမှာ ဂုဏ်သတင်း ကျော်ကြားတဲ့ အတွက်..ဝူဟန်လိန် ဒါကို ကြားဖူးတာ ပုံမှန်ပါပဲ..။သူဒီလို အံ့ဩစရာ လူမျိုးနဲ့ ရင်းနှီးခွင့်ရလိမ့်မယ် လို့ မထင်ထားခဲ့ပေ..။သူအတော်ကို ကျေနပ်နေခဲ့တယ်..။
ဝမ်မင်ယန် ပြုံးလိုက်ပြီး..
"အကြီးအကဲ ဝူ..ခွက်ချင်း တိုက်လိုက်ကြရအောင်.."
ဝူဟန်လိန် ပျော်ရွှင်စွာ ပြုံးပြီး ခွက်ကို မြောက်လိုက်ပါတယ်..။သို့ပေမယ် အဲ့အချိန်မှာပဲ လင်းဖန် ပြောလာခဲ့တယ်..။
"မင်းယန်..ခင်ဗျား ကိုယ့်ဟာကိုယ် ကားမောင်းမှာလား..ဒါရိုက်ဘာ နဲ့လာတာလား.."
ဝမ်မင်ယန် ပြန်ဖြေလိုက်တယ်..။
"ကိုယ့်ဟာကို မောင်းလာတာ.."
"ဒါဆို တစ်ခြား တစိခုခု သောက်သင့်တယ်နော်..။ကားမောင်းမယ် ဆိုရင် အယ်လ်ကိုဟော မသောက်သင့်ဘူး..အန္တာရာယ် များတယ်.."
ဝမ်မင်ယန် ပြုံးလိုက်ပြီး..
"ကောင်းပြီ ကောင်းပြီ ငါ့ရဲ့ အစ်ကို ကြီးပြောတာ နားထောင်ရမှာပေါ့.."
ယင်းနောက် သူ ဝူဟန်လိန် ကို ပြောလိုက်တယ်..
"တောင်းပန်ပါတယ် အကြီးအကဲ ဝူ ..။အစ်ကိုကြီးက ပြောနေတော့ နားထောင်မှ ရမယ်လေ..ကျွန်တော် ဝိုင်အစား တစ်ခြား တစ် ခုခုနဲ့ လဲလိုက်မယ်.."
ဝူဟန်လိန် လင်းဖန်ကို ကြောင်အနေတဲ့ အမူအရာ နဲ့ ကြည့်လိုက်တယ်..။ဒီမာစတာ လင်း ကို ဒီလောက်ထိ လေးစားကြလိမ့်မယ် လို့ သူမထင်ထားခဲ့ပါဘူး..။ပြီးတော့ သူမှတ်ထားလိုက်ပြီး..
"ကောင်းပါပြီ..အရက်သောက်ပြီး ရင် မမောင်းရဘူးလေ..ဘာပဲဖြစ်ဖြစ်ပါ အကြီးအကဲ ဝမ် ချီးယား.."
ယင်းနောက် သူတို့ စားပွဲကို ပတ်ပြီး..ခွက်ချငိး တိုက်လိုက်တယ်..။
လင်းဖန် ပြောလိုက်တယ်..။
"အကြီးအကဲ ဝူ ကျွန်တော် တို့ဆီကို အရင်ဆုံးလာခဲ့တာထင်တယ်..။ဒီနေ့က ပျော်စရာ အခမ်းအနားလေ..ဒီတော့..ကျွန်တော်တို့ကြောင့် ခင်ဗျားရဲ့ မိတ်တွေတွေကို အပြစ်မူသလို ဖြစ်နေမယ်..။ခင်ဗျားတို့ သွားပြီး ဧည့်ခံကြပေါ့..ကျုပ်တို့က အဆင်ပြေပါတယ်.."
ဝူဟန်လိန် ဟာ သူတို့ကို ပြန်ခိုင်းနေမှန်း နားလည်လိုက်ပါတယ်..။သူ ပြုံးကာ ခေါင်းငြိမ့်လိုက်ပြီး..
"ကောင်းပြီ..ဒါဆိုရင် အားလုံးကို မနှောက်ယှက် တော့ပါဘူး.."
ဝူဟောင်ယန် နဲ့ လီဂျီဟွားလည်း နှုတ်ဆက်လိုက်ပြီး..အခန်းထဲက ထွက်သွားခဲ့ကြပါတယ်..။
အခန်းထဲတွင်..။
ဟောင်ဇီချင်း ပြောလိုက်တယ်..
"မာစတာ လင်း အစီစဥ်ကလှလှပပ လေးပဲ ဟုတ်တယ် မလား.."
လင်းဖန် ပြုံးပြီး ခေါင်းညိမ့်လိုက်တယ်..။
"တကယ် လှပတယ်.."
ဟီချနး်ဟန် သိချင်စွာ မေးလိုက်ပါတယ်..။
"ဘိုင်ချီက ဘယ်သူတုန်း..။မာစတာ လင်းမှာ ဘယ်တုန်းက အင်တာနက် နည်းပညာဆိုင်ရာအကြီးအကဲ ရှိသွားတာလဲ.."
လင်းဖန် ရယ်လိုက်တယ်..။
"အခုရှိပြီလေ..နောက်ပိုင်းကျရင် အင်တာနက်က ပုဂ္ဂိုလ်ရေး ပြသနာ တွေကို သူကိုင်တွယ်ပေးလိမ့်မယ်.."
ဝမ်မင်ယန် ပြောလိုက်တယ်..။
"ငါ အခြေအနေ အပြည့်အစုံကို နားမလည်ပေမယ့် လည်း မပြောပဲ နေကြရအောင်..။နှလုံးသားထဲကနေ သောက်ကြတာပေါ့.."
…
အပြင်ဘက်..။
ဝူဟန်လိန် မေးလိုက်တယ်..။
"ဟောင်ယနိ..မင်နဲ့ ဂျီဟွားမှာ ဒီလို အတန်းဖော်ရှိတာ ဘာလို့ ငါ့ကိုမပြောခဲ့တာလဲ.."
ဝူဟောင်ယန် ကြောင်အသွားပြီး ..လီဂျီဟွာကို
တစ်ချက်ကြည့်ကာ ပြောလိုက်တယ်..။
"အဖေ..ကျွန်တော်လည်း ဒါကို မသိခဲ့ဘူး..။သူက သားတို့ကို မပြောထားဘူးလေ.."
ဝူဟန်လိန် ပြောလိုက်တယ်..။
"နောက်ပိုင်းကျ မင်းတို့ ဒီအခန်းဖော်ကို ကောင်းကောင်းဆက်ဆံ ရလိမ့်မယ်..။ငါထင်တာတော့ ဒီအတန်းဖော်က မာစတာ လင်းရဲ့ ရင်ထဲမှာ အရေးကြီးတဲ့ နေရာက ရှိတဲ့ ပံူပဲ..။သူ့ကို မကောင်းတာ ဘာမှ မလုပ်မိစေနဲ့.."
လီဂျီဟွားကတော့ အံ့ဩနေခဲ့ပါပြီ..။သူမ ဒီလို အဖြစ်အပျက် ဖြစ်လာမယ်လို့ မထင်ထားခဲ့ ပါဘူး..။
ဝူဟန်လိန် ပြောလိုက်တယ်..။
"အကြီးအကဲ တွေရဲ့ စားပွဲကို အရင်သွားနှုတ်ဆက်မယ်..ပြီးတာနဲ့ မင်းရဲ့ အခန်းဖော် စားပွဲကို သွားကြရအောင်.."
ဧည့်ခန်းပွဲတွင်..။
ကျန်းမင်ဂျန် ပြောလိုက်တယ်..။
"ဧည့်ခံပွဲက သိပ်မဆိုးဘူးနော်..။သူတို့မှာ ပင်လယ်စာတွေရော တစ်ခြား ဟာတွေရော အကုန်အစုံရှိတယ်..။ချမ်းသာတဲ့ လူတွေပဲ ဒါမျိူးတွေကို စားနိုင်ကြမှာ.."
.
ဆောင်းဦးဓား ဟာ ဘာမှ မပြောပဲ..တိတ်တဆိတ်သာ ထိုင်နေခဲ့တယ်..။သူ ဘာတွေးနေလဲ ဆိုတာ ဘာမှ မသိပါဘူး..။
သူ့ဘေးနားမှာ ထိုင်နေတဲ့..အတန်းဖော်ကတော့ အနည်းငယ် မူးနေခဲ့ပါပြီ..။သူ ပြုံးပြီး ပြောလိုက်တယ်...
"ဘိုင်ချီ ပြီးခဲ့တဲ့ အချိန်တွေတုန်းက မင်း ဂျီဟွား နဲ့ အတူတူ ရှိနေခဲ့တာလေ...။အခု သူ လက်ထပ်သွားပြီ ဆိုတော့ ဘယ်လို ခံစားရလဲ.."
ကျန်းမင်ဂျန် ပြောလိုက်တယ်..။
"နှစ်တွေ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ..အဲတာတာင် မင်းက ပြောနေတုနိးလား..။ရည်းစားနဲ့ မကွဲဖူးတဲ့ လူဆိုတာ ရှိလို့လား..။ထပ်မပြောနဲ့တော့ ဒါတွေကို ပြောနေလို့လည်း ဘာမှ ထူးမှာ မဟုတ်ဘူး.."
ယောက်ျားလေး အတန်းဖောိဟာ ပြောလိုက်တယ်..။
"ငါ့မှာ ဘာစိတ်မှ မရှိဘူး..။ တကယ်တော့ ငါ ဘိုင်ချီ ဒီကို လာလိမ့်မယ် လို့တောင် မထင်ထားဘူး.."
"ဘိုင်ချီ ..မင်းဘာအလုပ်လုပ်နေတာလဲ အတိတကျ ပြောစမ်းပါ..။အင်တာနက် မှာ တိုက်ခိုက်တာတွေ လုပ်တာလား.."
ဆောင်းဦးဓား..ပြန်ဖြေလိုက်တယိ..။
"အဲလို ပဲပေါ့..။ငါ အင်တာနက်က အဖြစ်အပျက်တွေကို ဖြေရှင်းပေးရတာ.."
"ဟီးဟီး ငါ ဒါမျိုးအလုပ်တွေကို သိတယ်..သူတို့က ဖုံးအုပ်ပေးရတာလေ..။ဒါမျိုး အလုပ်တွေက..မကောင်းတာတွေ လုပ်ထားတာတွေကို ဖုံးအုပ်ပေးရတာလေ..။ငါ ဒါမျိူးတွေကို အရမ်းမုနိးတာပဲ.."
ဆောငိးဥိးဓား ရှက်ရွံ့စွာ ပြုံးလိုက်တယ် .။
"ဒါက အသက်ရှုင်သန်မူ အတွက်ပဲလေ..။တကယ်လို့ ပေးတဲ့ ပမာဏက အများရင် မကောင်းတဲ့ အလုပ်တွေကို လက်မခံပါဘူး.."
"ဘယ်သူက ပိုက်ဆံကို သဘောမကျပဲ နေမှာလဲ.."
ကျန်းမင်ဂျန် ပြောလိုက်တယ်..။
"တစ်ခြား တစိခုကို ပြောရအောင်..။တကယ်လို့ ငါ မှတ်မိတာသာ မှန်ရင်..မင်းတို့ အကုန်လုံး ရည်းစား မရှိသေးဘူးထင်တယ် ..။ဘာလို့ တစ်ယောက်လောက် မရှာတာလဲ.."
"ဘယ်လို ရှာနိုင်မှာလဲ..ငါ့ရဲ့ အလုပ်က ဖိအားက အရမ်းများလို့ ကိုယ့်ဟာကိုတောင် အနိုင်နိုင်နေရတာ.."
"ငါလည်း အရင်က ရည်စား တသ်ယောက်ထားခဲ့ ပေမယ့် သိပ်မကြာခဲ့ပါဘူး.."
"ဟေး အခုက စပြီး မပြောပဲ နေကြရအောင်..။သူတို့ လာပြီး ခွက်ချင်းတိုက်နေကြပြီ.."
အဲ့အချိန်မှာတော့ ဝူဟောင်ယန် နဲ့ ကျန်တဲ့ လူတွေဟာ ခွကိချငိး တိုက်နေခဲ့ကြတာပါ..။
လီဂျီဟွားဟာ အို့ဘိုင်ချီကို မယုံကြည်နိုငိစွာ ကြည့်လိုက်တယ်..။အခြေအနေတွေ ဒီလို ဖြစ်လာလိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး..။
ဝူဟန်လိန် ပြောလိုက်တယ်..။
"လာပေးကြတဲ့ အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်..။အန်ကယ်နဲ့ အန်တီက မင်းတို့အတွက် တစ်ခွက်သောက်ပေးပါ့မယ်.."
"အန်ကယ် နဲ့ အန်တီ အရမ်းယဥ်ကျေးနေကြ ပြန်ပြီ.."
ဆောင်းဦးဓား လည်း အားတငိးပြီး ပြုံးလိုက်တယ်..။
အဲ့အချိန်မှာပဲ ဝူဟောင်ယန်ဟာ ဆောင်းဦးဓားရဲ့ ပုခုံးကို ပင့်ပြီးပြောလိုက်တယ်..။
"ဘိုင်ချီ ငါတကယ်မပြောနိုင်ခဲ့ဘူး..။မင်းအရမ်း ကောင်းမွန် နေလိမ်မယ် လို့မထင်ခဲ့ဘူး.."
"အာ..."
ဆောင်းဦးဓား အနည်းငယ် ကြောင်အသွားခဲ့တယ်..။ဘာကို ဆိုလို တာလဲ...ဒီကောင်က ငါ့ကို ထေ့ငေါ့ပြီး ပြောနေတာလား...ဒါမှမဟုတ်..ငါ့ကို လှောင်နေတာလား....
.
သို့ပေမယ့် ဝူဟန်လိန် ကပါ သူ့ပုခုံးကို လာပုတ်တဲ့ အချိန်မှာ ကြောင်အသွားခဲ့ပါတယ်..။
"ဘိုင်ချီ..မင်းက ငယ်ရွယ်ပြီး..ထူးချွန်တာပဲ..။ဒီလောကိ ငယ်ငယ်ရွယ်ရွယ်နဲ့..အင်တာနက် လုံခြုံရေး နည်းပညာ ဆိုင်ရာ အကြီးအကဲ တောငိ ဖြစ်နေပြီ..။နောက်ပိုင်း စီးပွားရေးလောကမှာတွေ့ရင်..အစစ်မှနိဆုံး ဆက်ဆံရေးက..အတန်းဖော်တွေနဲ့ သူငယ်ချင်း ဆက်ဆံရေး ဆိုတာ မှတ်ထားပေးပါ.."
ဝူဟန်လိန်ဟာ လူတိုင်းနဲ့ ခွက်ချင်းတိုက်တယ် လို့ပြောပေမယ့် ဆောင်းဦးဓားနဲ့ ခွက်ချင်းတိုက်ခဲ့တာပါ..။
ဆောင်းဦးဓား ကြည့်လိုက်ပြီး..
"အန်ကယ် ကျွန်တော်ရဲ့ အလုပ်က အဲ့လောက်ကြီး မဟုတ်ပါဘူး..။ပြောပစရာ မရှိတဲ့ အလုပ်လေးပါ.."
ဝူဟန်လိန် ရယ်မောလိုက်တယ်..။
"မင်းက နိမ့်ချတတ်တဲ့ ကြယ်ပွင့်လေးပဲ..။မင်းရဲ့ သူဌေး မာစတာ လင်းက ဟိုဘက်အခန်းမှာ..စားသောက်နေတယ်..။သူက မင်းကို တကယ်သဘောကျတာပဲ..။ပြီးတော့ အခုလို ဟောင်ယန် နဲ့ ဂျီဟွာကို လာပြီး ဂုဏ်ပြုတဲ့ အတွက် အန်ကယ်က မင်းကို ကျေးဇူးတင်ပါရစေ.."
အဲအချိန်မှာတော့ ဆောငိးဦးဓား ကြောင်အသွားခဲ့ပါပြီ..။
မာစတာ လင်း လား...
ငါ ဘာ မာစတာ လင်း နဲ့မှ မသိပါဘူး...
မဟုတ်ဘူး..ဒါမဟုတ်သေးဘူး..။ငါ သိတဲ့ မာစတာ လင်းဆိုတာက ဟိုလူလိမ် ငနဲပဲ...
ချီးပဲ တကယ်သူလား...
အဲ့အချိနိမှာတော့ ဝူဟန်လိန် ရဲ့ အပြုအမူတွေက အားလံူးရဲ့ အာရုံစိုက်မူကို ခံနေရတာပါ..။သူတို့ စောက်ရူးတွေ မဟုတ်ကြပါဘူး.. ။ပြောင်းလဲမူက ပုံမှန်မဟုတ်ပဲ..အထူသဖြင့်..ဝူဟောင်ယန် ရဲ ့ ပြောဆိုပုံတွေက အဓိပ္ပါယ်တွေ ရှိနေခဲ့ပါတယ်..။
ဆောင်းဦးဓား ဟာဂျီဟွားကို ကြည့်လိုက်တဲ့ အချိန်မှာ သူမသူ့ကို မတူညီတဲ့ အကြည့်နဲ့ ကြည့်နေတာကို ်သတိထားမိလိုက်တယ်..။သူမကြည့်ရတာ မယုံကြည်နိုင်မူတွေနဲ့ ပြည့်နေတဲ့ ပုံပါပဲ..။
ယင်းနောက်သူပြုံးပြီး ပြောလိုက်ပါတယ်..။
"အန်ကယ် ဒါက ဘာမှ မဟုတ်ပါဘူး.."
အဖြစ်အပျက်က ဒီလို ဆိုမှတော့ ဆက်ပြီး နားလည်မူလွဲတာက ပိုကောင်းပါတယ်..။
သူ အခြေအနေကို သေချာသိပေမယ့် လည်း..ဒီလို မျိုး ဖြစ်လာမှတော့ ဘာမှတတ်နို်င်တော့မှာ မဟုတ်ပါဘူး..။သူကိုယ်သူ အံ့ဩစရာ လူသား အဖြစ်ဆက်သရုပ်ဆောင်ဖို့ပဲ တတ်နိုင်ပါတော့တယ်..။
ငါ ဆောင်းဦးဓားက အထင်သေးခံရသင့်တဲ့ လူမျိုး မဟုတ်ဘူး.....
မာစတာ လင်း အတွက်ကတော့..ငါ ဒီကျေးဇူးကို မှတ်ထား ပါ့မယ်....
အဲအချိန်မှာတော့ တစ်ခြားအခန်းမှာ လင်းဖန်က ရယ်မောနေခဲ့ပါပြီ.. ။သူစကားနည်းနည်း ပြောလိုက်တာနဲ့ တစ်စုံတစ်ယောက်ကို ထိန်းချုပ်နိုင်ခဲ့တာပါ..။ဒီနေ့ကစပြီး သူ့အတွက် နှလံူးသားရော စိတ်ဝိဥာဥ္ရော ပေးဆပ်ပြီး..အင်တာနက်ပေါ်မှာ တိုက်ခိုက်ပေးမယ့် စစ်သည်တော် တစ်ယောက်ကိုရရှိလိုက်ပါပြီ..။