← Chapters

ငါက ရိုးသားတဲ့ လူတွေကို မလိမ်ဘူး

Vol. 23 Ch. 338

ငါက ရိုးသားတဲ့ လူတွေကို မလိမ်ဘူး

Vol. 23 Ch. 338

ဘာသာပြန် = စနိုးဝှိုက်

၁၀ နာရီခွဲ..။

လင်းဖန် ဝင်ပေါက်မှာ ရပ်နေခဲ့တယ်..။သူ ဒီကို လာခဲ့တဲ့ ရည်ရွယ်ချက်ကတော့ ရှင်းလင်း ပါတယ်..ဒါက ဖက်တီးကို ကူညီဖို့ အတွက်ပါ..။သူ ဒီဖက်တီးကို ကူညီစရာ ဘာအကြောင်းမှ မရှိပေမယ့်လည်း..သူ့ကိုဝိုက်ဘိုပေါ်မှာ အချိန်အကြာကြီး ဇွဲရှိရှိ တိုက်ခိုက်တာလာ ကတော့ လေးစားစရာ ပါပဲ..။လင်းဖန်ဟာ အနာဂတ်မှာ အင်တာနက် ကို အသုံးပြုစရာတွေ ရှိသေးတာကြောင့်..သူ့အတွကိ အကူညီ ါိလိုအပ်ပါတယ်..။ဆောင်းဦးဓားကို သူ့အတွက် ကူညီခိုငိးတာကလည်း ဆိုးရွားတဲ့ အကြံဥာဏ်တစ်ခုတော့ မဟုတ်ပါဘူး..။

ဒီ မဂ်လာပွဲ ရဲ့နေရာကိုရှာဖို့ အတွက် လင်းဖန် လူအများကြီးဆီမှာ စုံစမ်းခဲ့ရပါတယ်..။ယင်းနောက်..သူ့ကို ကူညီပြီး သရုပ်ဆောင်ဖို့ လူအနည်းငယ်ကိုပါ ခေါ်လာခဲ့တာပါ..။

အဲ့အချိန်မှာပဲ အို့ဘိုင်ချီဟာ ဟိုတယ်မှာ ​ပျော်ရွှင်နေခဲ့တယ်..။သူ ဒီညမှာ မျက်နှာ မပျက်တဲ့ အပြင်ဒီလာက် အထိ အဆငိ့အတန်း မြင့်သွားလိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး.။ဒီခံစားချက်က တကယ်ကောင်းမွန်ပါတယ်..။တစ်ချိန်တည်းမှာပဲ မာစတာ လင်း ဘာလို့ သူ့ကို ကူညီတာလဲ ဆိုတာကို သူမစဥ်းစားတတ်တော့ပေ..။

သူက ဘာလို့ ငါ့ကို ကူညီတာလဲ...

သို့ပေမယ့် မာစတာ လင်းက သူသဘောကျအောင်

ဒီလောက်အထိ ကြိုးစားနေမှတော့ သူမာစတာလင်းကို ဆက်မတိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်..။မဟုတ်ဘူး..ရပ်တန့်မှာ မဟုတ်ဘူး..နည်းနညိး လျော့ပြီး တိုက်ခိုက်မှာ..။

အဲ့အချိနိမှာ ပဲ ဆောင်းဦးဓားဟာ ဝင်ပေါက်ကို ရောက်လာခဲ့တယ်..။သူ့ရှေ့က အရိပ်ကို မြင်တဲ့ အချိန်မှာ သူ့မျက်နှာကတော့ ပြောင်းလဲ သွားခဲ့ပါပြီ..။ဒီအရိပ်က အရမ်းရင်းနှီး လွန်းလှပါတယ်..။

လငိးဖန် ဆောငိးဦးဓားကို ခေါင်းကနေ ခြေထောက်အထိ အကဲခတ်ကြည့်လိုက်တယ်..။သူက တကယ် မြင်လို့မကောင်းတဲ့ ခန္တာကိုယ်ရှိနေခဲ့တာပါ..။သူ့ရဲ့ အလေးချိနိက အရမ်းကြီးမား လွန်းလှပါတယ်..။သူ ရည်းစားရချငိတယိဆိုရင်တောင် လုံးဝ မဖြစ်နိုင်ပါဘူး..။

"မင်းက မာစတာ လင်းလား.."

ဆောင်းဦးဓားဟာ လင်းဖန်ရဲ့ ပုံတွေကို အမှားကြီးမြင်ဖူးထားပါတယ်..။သူ လင်းဖန်ကို တွေ့လိုက်တဲ့ အချိနိမှာ တော်တော် တူတယ်ဆိုတာ ချက်ချင်း သတိထားမိလိုက်ပါတယ်..။

လင်းဖန် ခေါင်းညိမိ့လိုက်တယ်..။

" ငါပဲ.."

ဆောင်းဦးဓားဟာ လင်းဖန်ကို ခေါင်းကနေ ခြေထောက်အထိ ကြည့်လိုက်တယ်..။သူ့ရဲ့ နှလုံးသားကတော့ မြန်မြန်ခုန် နေခဲ့ပါတယ်..။

တစိချိန်တည်း မှာပဲ သူ မနာလို ဖြစ်နေခဲ့တယ်...လင်းဖန်က ပိန်ရုံတင် မကပဲ ရုပ်ရည်လည်း ကြည့်လို့ကောင်းနေခဲ့တာပါ..။ဒါပေမဲ့ အဓိက အချက်က သူ့ရဲ့ အရည်အချငိးတွေပါ..။ဆောင်းဦးဓားဟာ သူတို့နှစ်ယောက် နှိုင်းယှဥိ ကြည့်လိုက်တဲ့ အချိန်မှာ..အတော်ကွာ ခြားတာကို တွေ့လိုက်ရတယ်.. ။

သိုပေမယ့် ဆောင်းဦးဓားဟာ သူငယ်ရွယ်တဲ့ အချိန်မှာပဲ..ဒီလိုတွေ ခံစားနေရလိမ့််မယ် ဆိုတာ ယုံကြည်ထားခဲ့ပါတယ်..။နတ်ဘုရားတွေက သူ့ကို စိန်ခေါ်မူတွေ ရှိတဲ့ ငယ်ဘဝကို ပေးနေတာဖြစ်ပြီး..သူတကယ်လို့ အခွင့်အရေးရလာမယ် ဆိုရင်..ဘဝရဲ့ ထိပ်ဆုံးကို ကျိန်းသေရမှာပါ..။

လင်းဖန် ပြုံးပြီး ပြောလိုက်တယ်..။

"ဒီနေ့ အခြေအနေ ဘယ်လိုလဲ..။ကိုယ့်ကိုကို ခံစားရတာ ကောင်းတယ်မလား..!

ဆောင်းဦးဓား မေးလိုက်ပါတယ်..။

"မင်းဘာလုပ်ဖို့ ကြိုးစား နေတာလဲ.."

အဲအချိန်မှာတော့ သူ့ရဲ့ နှလုံးခုန်သံတွေဟာ မြည်နေခဲ့တယ်..။တကယ်လို့ တစ်စုံ တစ်ယောက်က သူ့ကို အရမ်းကောင်းနေရင်..မကောင်းတဲ့ ယုံကြည်ချက်တွေ ရှိနေတယ် လို့ သူယုံကြည်ထားခဲ့ပါတယ်..။

ထပ်ပြောရရင် သူ့ရဲ့ အပြုံးမှာက ဖုံးကွယ်ထားတဲ့ အပြုံးတွေ ရှိနေခဲ့တာပါ..။ဒီငနဲက သူ့ကို မကောင်းတာ တစ်ခုခု လုပ်ချင်နေတဲ့ ပုံပါပဲ..။

လငိးဖန် ဆောငိးဦးဓားကို လက်ညိုးထိုးပြီး ပြောလိုက်တယ်..။

"ငါတော့ မင်းမှာ ပါရမီ ရှိတယ် လို့ထင်တယ်..။ငါ့အတွက် အလုပ်လုပ်ပြီး အင်တာနက်လုံခြုံရေး ဆိုင်ရာ နည်းပညာ အကြီးအကဲ အဖြစ်တာဝန်ယူ ရမယ်..။ဘယ်လိုလဲ.."

"အင်တာနက် လုံခြုံရေး ဆိုင်ရာ နည်းပညာ ဒါရိုက်တာလား.."

ဆောင်းဦးဓားဟာ..အံ့ဩသွား ပြီး မေးလိုက်တယိ..။

"အဲတာ ဘာလဲ.."

"ဒါက ရိုးရှငိးပါတယ်..အခုက စပြီး အင်တာနက်မှာ တစ်ခြားလူတွေရဲ့ တိုက်ခိုက်မူကနေ ငါ့ကို ကာကွယ်ပေး.."

ဆောင်းဦးဓားဟာ လင်းဖန်ကို ကြည့်လိုက်ပြီး ခေါင်းခါယမ်း လိုက်တယ်.။

"ငါဆောင်းဦးဓားက အရှုံးမပေးတဲ့ လူတစ်ယောက်ပဲ..။မင်းရဲ့ မကောင်းတဲ့ အလုပ်တွေကို ကူညီပေးရမယ်ပေါ့..။ငါက အမြဲတမ်း တာဝန်တွေကို သိတတ်ပြီး လူထုဖက်ကို ပြန်ကြည့်တဲ့ လူပဲ..။မင်းက ငါ့ကို လက်နက်အဖြစ် လိုချင်နေတာလား..။ဆက်ပြီး အိပ်မက်မက် နေလိုက်.."

"ဘိုင်ချီ..ဘာလို့ မြန်မြန် ပြနိသွားတာလဲ.."

အဲ့အချိန်မှာပဲ လူတစ်စုဟာ..ဟိုတယ် ထဲကနေ ထွက်လာခဲ့ကြပါတယ်..။

ဝူ မိသားစု နဲ့ အတန်းဖော် တွေဟာ ဆောငိးဦးဓားရဲ့ ရှေ့မှာ ပေါ်လာခဲ့ကြတယ်..။သူ့တို့တွေ အကုန်လုံးကတော့ ပျော်ရွှင်စွာ ပြုံးနေကြလို့ပါ..။

ဝူဟန်လိန်ဟာ လင်းဖန်ကို မြင်တာနဲ့ ချက်ချငိးရှေ့ကို တက်လာခဲ့ပြီး..

"မာစတာ လင်း..ကျွန်တော်တို့ တူတူသွားကြရအောင်.."

"အရမ်း ယဥ်ကျေးနေဖို့ မလိုပါဘူး..။ကျွန်တော် ကိုသူလိုက်ပို့မှာပါ.."

လင်းဖန် လက်ဝေ့ယမ်း လိုက်ပြီး ဆောင်းဦးဓားကို ကားသော့ ပေးလိုက်တယ်.။

"ဟိုဘက်မှာ ငါ့ကားရှိတယ် သွားမောင်းလာခဲ့.."

အဲ့အချိန်မှာပဲ..ဆောင်းဦးဓားရဲ့..နှလုံးသားဟာ..လျင်မြနိစွာ ခုန်နေခဲ့ပါတယ်..။ယင်းနောက် သူ လူအုပ်ကြီီးကို ကြည့်ပြီး ရယ်မောလိုက်တယ်..။တစ်ခြား လူတွေကတော့ သူ့ကို လေးစားစွာ ပြန်ကြည့်နေကြလို့ပါ..။ ဒီ ခံစားချကိမျိုးက သူမျှော်မှန်း ထားသလိုမျိုးပါပဲ.။ယင်းနောက် သူ ကားသော့ကို ကိုင်ကာ ပြောလိုက်တယ်..။

"ဟုတ်ကဲ့ပါ သူဌေး.."

လငိးဖနိ ခေါင်းညိမ့်လိုက်ပြီး..

"ဘိုင်ချီက အလုပ်ကြိုးစားတယ်..တကယ်မဆိုးဘူး..။အနာဂတ်မှာ သူအောင်မြင်ဖို့ဆိုတာ ဘာအတားအဆီးမှ မရှိလောက်ဘူး.."

ဝူဟန်လိန် ပြုံးပြီး ပြောလိုက်တယ်..။

"ဘိုင်ချီ မင်း သေချာ ကြိုးစားသင့်တယ်နော်..။မာစတာလင်းလို လူမျိုး မင်းအပေါ်ကို မျှော်မှန်းထားတာက တကယ်အံ့ဩဖို့ ကောင်းတယ်.."

"ဟုတ် ..ဟုတ်ကဲ့ပါ.."

ဆောင်းဦးဓားဟာ..ပိုပြီး နိမ့်ချနေခဲ့တယ်..။အခုချိနိမှာ အကုန်ပေါ်သွားမှာကို သူမလို ချငိပါဘူး..။

ကျန်းမင်ဂျန် ပြုံးပြီး ပြောလိုက်ပါတယ်..

"ဘိုင်ချီက ထူးခြားတဲ့ လူဆိုတာ ငါ သိတယ်.."

ဘေးနားက အခန်းဖော်တွေဟာ တွေဟာလည်း သဘောတူစွာ ခေါင်းညိမ့်လိုကိကြပါတယ်..။

ဆောင်းဦးဓားကတော့..အကူညီ မဲ့စွာပဲ..လင်းဖန်ရဲ့ ထောက်ခြောက်ထဲ သက်ဆင်းရတော့မှာပါ..။

ယင်းနောက် သူနာခံ စွာပဲ ကားကို မောင်းလာခဲ့တယ်..။

လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး..

"ကျုပ်သွားတော့မယ်..။အနာဂတ်မှာ..ကျုပ်တို့ အခွင့်အရေးရှိမှ ထပ်တွေ့ကြတာပေါ့.."

ဝူဟန်လိန် လင်းဖန်ကို ယဥ်ကျေးစွာ လိုက်ပို့လိုက်ပြီး..ပြောလိုက်တယ်..။

"ကောင်းပါပြီ..ကောင်းပါပြီ မာစတာလင်း.."

ယင်းနောက် သူ ဆောင်းဦးဓားကို ကြည့်လိုက်ပြီး..

"ဘိုင်ချီ..သူဌေးကို ဂရုစိုက်ဦးနော်.."

လင်းဖန် ပြနိဖြေလိုက်တယ်..။

"ကျွန်တော်ကပဲ..သူ့ကို ဂရုစိုက်ရတော့မယ် ထင်တယ်..။သူက သောက်ထားတယ်လေ.။လာ အောက်ကိုဆင်း ငါမောင်းမယ်.."

အားလုံးရဲ့ မျက်လံူးရှေ့မှာ ဆောင်းဦးဓားဟာ နာခံနေခဲ့ပါတယ်..။သူ ဘာမှ ပြန်မပြောရဲ ပါဘူးး.။သူ ပေါ်သွားမှာ ကြောက်လို့ ဘာတစ်ခွန်းမှတောင် မပြောရဲခဲ့ပေ..။

ကားထွက်သွားပြီးနောက်..။

ဝူဟန်လိန် ကြည့်လိုက်ပြီး..

"ဘိုင်ချီ ရဲ့ အနာဂတ်ကတော့ တောက်ပနေမှာပဲ..။ဒီမာစတာ လင်း ဆိုပိုပြီးတောင် အောင်မြင်ဦးမယ်.."

သူ သီးသန့်ခနး်ထဲက မြင်ကွင်းတွေကို အခုထိ မှတိမိနေပါသေးတယ်..။များပြားလှတဲ့ သူဌေးကြီးတွေက မာစတာလင်းကို လေးလေးစားစား ဆက်ဆံနေခဲ့တာပါ..။ဒါက တကယ်ကို မထင်မှတ်ထားစရာ ပါပဲ..။

ကားထဲတွင်..။

ဆောင်းဦးဓား ပြောလိုက်တယ်..။

"ဒီနေ့အတွက် ကျေးဇူးပဲ.။ဒီလိုဆို ဘယ်လိုလဲ..အနာဂတ်မှာ ငါမင်းကို ထပ်ပြီး မတိုက်ခိုက်တော့ဘူးးလေ..။ငါတို့ ကိုယ့်လမ်းကိုပဲ လျောက်ကြမယ်.. ။မင်းက ငါ့ကို အရှက်မခွဲနဲ့ ငါကမင်းကို..မတိုက်ခိုက်တော့ဘူး..။ဘယ်လိုလဲ.."

လင်းဖန် ပြနိဖြေလိုက်တယ်..။

"ငါတော့ ဒီအကြံက ကောင်းတယ် မထင်ဘူး..။မင်းငါ့အတွက် အလုပ်လုပ်ရင် မင်းအတွက် ပိုကောင်းမယ် ထင်တယ်.."

ဆောင်းဦးဓား လင်းဖန်ကို ကြည့်လိုက်တယ်..။

"မင်းငါ့ကို ဒီနေ့ မျက်နှာရအောင် ကူညီခဲ့လို့..ငါ မင်းကို အရမ်းကျေးဇူး တင်မယ်လို့ ထင်နေတာလား..။တစ်ခါတည်း ပြောလိုက်မယ်..ငါ ဆောင်းဦးဓားက အဲလို လူမျိုး မဟုတ်ဘူး.."

လင်းဖန် ပြောလိုက်တယ်..။

"မင်းရဲ့ လစာက ဒေါ်လာ ၅၀၀၀ ပဲ.."

ဆောင်းဦးဓား ရယ်မောလိုက်တယ်..။

"အင်တာနက်ပေါ်က လူတွေက ပြောပြီးသားစကားပြန်မရုတ်သိမ်းဘူး..။ငါ ပိုက်ဆံနည်းနည်း အတွက်..ပြောင်းလဲမယ် ထင်လို့လား.."

လင်းဖန် ပြောလိုက်တယ်..။

"ဒေါ်လာ ၈၀၀၀.."

ဆောင်းဦးဓားဟာ ပြောလိုက်တယ်..။

"ငါက ပိုက်ဆံ မြင်လိုက်တာနဲ့ မျက်လုံးကြီး ပြူးကျယ်သွားတဲ့ ကောင်လို့ ထင်လို့လား..။ပြောလိုက်မယ် အဲလို လူမျိုး မဟုတ်ဘူး...ငါ ဆောင်းဥိီးဓားက သိက္ခာရှိတဲ့ လူတစ်ယောက်ပဲ..။ငါ မင်းရဲ့ ကျေးဇူးကို မှတ်ထားပေးမယ်..မင်းကို နောက်ထပ် မတိုက်ခိုက်တော့ဘူး..ဒါပဲ.."

လင်းဖန် ​​ေ​ပြာလိုက်တယ်..။

"ဒေါ်လာ တစ်သောင်း အပြင်ကို နှစ်ကုန်တိုင်း ဘောနပ်ရှိတယ်.. ။ငါပြောလိုက်မယ် ဒီအခွင့်အရေးကဘရဖို့ ခက်ခဲတယ်နော်...။မင်းသာ မဆုပ်ကိုင်လိုက်ဘူးဆိုရင်တော့..အကြီးမားဆုံး ဆံူးရှုံးမူကြီးပဲ.."

ဆောင်းဦးဓား ပြောလိုက်တယ်..။

"ဒါက အဓိပ္ပါယ်ရော ရှိရဲ့လား..။မင်း အခုနကပဲ ဒေါ်လာ ၈၀၀၀ ပြောတယ် ..အခု ဒေါ်လာ ၁၀၀၀၀ ပြောနေပြန်ပြီ..ငါ့ကို ဘယ်လို လူမျိုးထင်နေတာလဲ.။ငါက အင်တာနက် အဖွဲ့အစည်းရဲ့ ခေါင်းဆောင် တစိယောက်ပဲ..တစ်ခွန်းပြောလိုက်တာနဲ့ အင်တာနက်ပေါ်မှာ လူများစွာက ဝိုင်းပြီး တိုက်ခိုက်ကြလိမ့်မယ်...။မင်းသာ ငါ့ကို တစ်ခုခု မကောင်းတာပြောရင် ဘာဆကိဖြစ်မယ် ထင်လို့လဲ.."

လင်းဖန် ပြောလိုက်တယ်..။

"မေ့လိုက်တော့့..ငါဘာမှ မပြောခဲ့ဘူးပဲ ထားလိုက်. .ခနနေကျရင် ငါမင်းကို ပြန်ပို့ပေးမယ်..မင်းဲ့ အတန်းဖော်တွေကိုတော့..မင်းက ငါ့ရဲ့ အလုပ်သမား မဟုတ်ဘူးဆိုတာ ငါပဲ အသိပေးလိုက်တော့မယ်.."

ဆောင်းဦးဓားဟာ လငိးဖန်ကို ကြည့်လိုက်ပြီး နောက်ဆံူးမှာ ပြောလိုက်တယ်..။

"သူဌေး.."

လင်းဖန် ရယ်မောလိုက်ကာ..

"အရမ်းကောင်းတယ်..အခုကစပြီး..မင်းက အိမ်ကနေပဲ အလုပ်ဆငိးပြီး ငါ့ညွှန်ကြားမူတွေကို စောင့်နေ..။ငါ အင်တာနက်ပေါ်မှာ ပျံ့နှံ့ချင်တဲ့ အရာတိုင်းကို မင်းက တာဝန်ယူပေးရလိမ့်မယ်..။အင်တာနက်ပေါ်မှာ ငါတစ်ယောက်ယောက်နဲ့ တိုက်ခိုက်နေရင်ခည်း မင်းက ဝင်ပြီး တို်က်ခိုက်ပေးရလိမ့်မယ်.။ပြီးတော့ ငါ့ကို မာစတာ လင်းလို့ပဲ ခေါ်.."

ဆောင်းဦဓား ငိုချင်နေခဲ့တယ်..။

"မင်းကြိုက်သလို လူပ်ပါ..ငါမင်းရဲ့ အလုပ်သမားအဖြစ် လက်ခံလိုက်ကတည်းက ထောက်ခြောက်ထဲမှာ ရောက်နေပြီ.."

"ဒါအမှန်ပဲ မင်းကတကယ် ဥာဏ်ကောင်းတယ်.."

ဆောင်းဦးဓားဟာ အပြင်ဘက်က မြင်ကွင်းကို ကြည့်နေရင်း ပြောလိုက်တယ်..။

"မင်းပြောတာ တစ်လကို လစာ ဒေါ်လာတစ်သောင်းပေးမယ့် အပြင် ..နှစ်ကုန်ဘောနပ်လည်း ပေးဦးမယ် လို့ ပြောတယ်နော်..။ငါ့လို ရိုးသားတဲ့ လူကို မလိမ်ညာနဲ့.."

လင်းဖန် ပြောလိုက်တယ်..။

"စိတ်မပူနဲ့..ငါက ရိုးသားတဲ့ လူကို ဘယ်တော့မှ မလိမ်ညာဘူး.."

All Chapters