ကြောက်ရွံ့ပြီး ဗရမ်းဗတာဖြစ်မူ
Vol. 23 Ch. 339
ဘာသာပြန် = စနိုးဝှိုက်
လင်းဖန်ဟာ ပျော်ရွှင်စွာ ပြန်လာခဲ့ပြီး ဆောငိဦးဓားကတော့..ရင်လေးစွာနဲ့ ကျန်နေခဲ့ပါတယ်..။
တစ်ရက်ကြာပြီးနောက်..။
ဆယ်လီ မိသားစု အပိုင်းသစ် ရဲ့ အညွှန်းဟာဟာ ..လိုင်းပေါ် နဲ့ TVပေါ်မှာ တက်လာခဲ့ပါပြီ..။
"ဒီ တစ်ပတ်ရဲ့..အညွှန်းက တစ်ခုခု လွဲနေသလိုပဲ နော်..။ကြည့်ရတာ လီမူဇီက အပြစ်တင် ခံခဲ့ရတဲ့ ပုံပဲ.."
"လီမူဇီ တင်မကဘူး.။လီဒေါင်ရမ်လည်း တူတူပဲ..!
"ထုတ်လုပ်ရေး အဖွဲ့တွေကို ချီးသား ကျွေးလိုက်ပအတော့ကွာ..။အညွှန်းက မပြည့်စုံဘူး..။ဘာတွေ ဖြစ်နေတာလဲ"
"ငါ ဒီလိုရှိုးပွဲတွေ ကို ကြိုက်ပါတယ်..ဒါပေမဲ့ လီမူဇီနဲ့ လီဒေါင်ရမ်ကိုတော့ တကယ်မကြိုက်ဘူး..။သူတို့နှစ်ယောက်စလုံးအချိုး မပြေဲတဲ့ ပုံစံတွေ.."
"ငါ့မျက်လုံးထဲမှာတော့ သူတို့ ဘယ်လောက်ပဲ ရင်းနှီးချင်ယောင် သရုပ်ဆောင်နေပါစေ..သူတို့ရဲ့ နတ်ဆိုးဆန်တဲ့ အပြုအမူတွေ ကို မထိန်းနိုင်ကြဘူး.."
"ရှိုးက ဒီည၈ နာရီ မဟုတ်လား..။ငါမစောင့်နိုင်တော့ဘူး.."
ထုတ်လုပ်ရေး အဖွဲ့..။
အဖွဲ့ဝင်တစ်ယောက်ဟာ ပြောလိုက်တယ်..။
"ဒါရိုက်တာ ဟု..ဒီတစ်ပတ် ..အညွှန်းကို ကြည့်ကြတဲ့ လူတွေက အရင်အပတ်တွေက ထက်တောင် ပိုများသေးတယ်.။လူအများကြီးက ဒီအပတ် ထုတ်လွင့်တာကို ကြည့်ချင်နေကြပြီ.."
ဒါရိုက်တာ ဟု ပြုံးလိုက်တယ်..။
"ဒါပုံမှန်ပဲ..ဒီတစ်ခေါက်က ငါတို့ သေချာကြိုးစားထားရတာလေ..။ကြည့်ရူသူတွေ ဘာတွေးနေလဲ ဆိငတာ ငါသိသားပဲ...။လီမူဇီ နဲ့ လီဒေါင်ရမ် တို့..နှစ်ယောက်က ငါတို့ရဲ့..အညွှန်းဗီဒီယို နဲ့တင် သက်ဆိုင်နေတာ မဟုတ်ဘူးလေ.။အခုလို အပိုင်းတစ်ခုလုံးမှာ စိတ်ဝင်စား စရာ ဖြစ်နေတော့ အာရုံစိုက်ခံရတာပေါ့.."
"ဟားဟား.."
အဖွဲ့ဝင်တစ်ယောကိဟာ ရယ်မောလိုကိတယ်..။
"ဒါရိုက်တာ ဟုက အမျှော်အမြင်ရှိတာပဲ..ဒီတစ်ပတ် တိမ်ဖြုလမ်းမှာ ရိုက်ကူးရေး လုပ်တာ မှန်သွားတယ် လို့ ပြောရမယ်.."
ဒါရိုက်တာ ဟု ပြောရွှင်စွာ ပြန်ပြောလိုက်တယ်..။
"ဒါပေါ့မနက်ဖြန် ရဲ့ ကြည့်ရူနှုန်က လွန်ခဲ့တဲ့ နှစ်ပတ်ကထက် ပိုများစေရမယ်..။ငါ မင်းတို့ကို ညစာလိုက်ကျွေးမယ်.."
အဖွဲ့ဝင်တွေဟာ..ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြတယ်..။
"အသက်ရှည်ပါစေ..ဒါရိုက်တာ ဟု.."
လီမူဇီ အသင်း..။
မန်နေဂျဟာ..အပိုင်းရဲ့ အညွှန်းကို ကြည့်ကာ ဝမ်းနည်းသွားခဲ့တယ်..။
" ဆယ်လီ မိသားစုရဲ့ ထုတ်လုပ်ရေး အဖွဲ့က တော်တော်ကို စည်းကျော်နေပြီ..။သူတို့က ဒါက မူဇီကို သက်ရောက်လိမ့်မယ် ဆိုတာ သိနေတာတောင်.."
လီမူဇီလည်း ဝမ်းနည်းနေခဲ့တယ်..။တကယ် ထုတ်လွင့်တဲ့ အချိန်ကြရင် သူပုန်းစရာ နေရာတောင် ရှိမှာ မဟုတ်တော့ပါဘူး..။လီဒေါင်ရမ်ပါ သူနဲ့ အတူပါနေပေမယ့် လည်း...ဒါက ရှက်စရာ ကောင်းနေတုန်းပါပဲ..။
"ငါတို့ ဒါရိုက်တာ ဟု..ကို ဒီအပိူင်း ဖြတ်ထုတ်ဖို့ ပြောရမလား..။သူမှာ အချိန်ရီှိသေးမယ် ထင်တယ်.."
လီမူဇီ ပြန်ပြောလိုက်တယ်..။
"အသုံးမဝင်ဘူး..ဒီငနဲက ဖျက်ပေးမှာ မဟုတ်ဘူ..။သူသာ တကယ်လုပ်ချင်တယ် ဆိုရင် အစောကြီးကတည်းက လုပ်ပြီး သွားလောက်ပြီ.."
မန်နေဂျာဟာ ပြန်ပြောလိုက်တယ်...။
"ရှိုးထုတ်လွင့်ပြီးမှ အခြေအနေ ကို ကြည့်ကြတာပေါ့..။အခုကတော့..ပရိတ်သတိတွေနဲ့ ဆက်ဆံရေး ကိုပဲ အဓိက ထားရအောင်.။ငါတို့ ကောင်းကောင်း လုပ်ရင် ကျော်လွှားသွားနိုင်မှာပါ.."
လီမူဇီ ခေါင်းညိမ့်လိုက်တယ်..
"ဒါကတော့..ငါတို့ လုပ်နိုင်တဲ့ အကောင်းဆုံး အရာပဲ.."
တိမ်ဖြူလမ်း..။
လင်းဖန် သူ့ရဲ့ ဝိုက်ဘိုကို ကြည့်လိုက်တဲ့ဘအချိန်မှာ အရာရာ တိုင်းက ငြိမ်းချမ်းနေခဲ့ပါတယ်..။လက်ရှိအခြေအနေက..ဆောင်းဦးဓားကို..အကူညီမဲ့စေမှာပါ..။
သူ ဆိုင်ထဲမှာ ဘာမှ လုပ်စရာ မရှိတဲ့အတွက် ပျငိးနေခဲ့တယ်..။တကယ်လို့ သူအွန်လိုင်း ပေါ်မှာ လုပ်စရာ တစ်ခုခု ရှာမတွေ့ရင် ပျင်းပြီး သေသွားတော့မှာပါ..။
*ကလင် ကလင်*
ဖုန်းမြည်လာခဲ့တယ်..။
သူ ဖုန်းကိုင်လိုက်တဲ့ အချိန်မှာတော့ ဝမ်မင်ယန်ဟာ ပျော်ရွှင်စွာ ပြောလာခဲ့ပါတယ်..။
"ညီအစ်ကို ငါမေးကြည့်ပြီး သွားပြီ.. နမ်ရှမ်း ကလေးထိန်း ဂေဟာက အစိုးရပိုင်တာ..။ဒါက ဖွင့်ထားတာ မကြာသေးပဲ...လှူဒါန်းမူတွေနဲ့ ရပ်တည်နေရတာ..။တကယ်လို့ မင်းသာ အဲ့ ဂေဟာကို ယူချက်ရင် ဒါက မဖြစ်နိုင်သလောက်ပဲ..။ဒါပေမဲ့ ငါတို့ အရှေ့ဘက် ဟန် အုပ်စုက ယူရင်တော့ ပြသနာ မရှိဘူး."
လင်းဖန် ပြောလိုက်တယ်..။
"ဒါက ကျုပ်တို့ ယူလို့ရတယ် လို့ ဆိုလိုတာပဲ..။ကျေးဇူးပြုပြီး ယူပေးပါလား..။အဲတာကို ကျုပ်စီမံမယ်..ဒါက ခင်ဗျားကို အကျိုးမသက်ရောက် စေရပါဘူး.."
"မဟုတ်ဘူး.."
ဝမ်မင်ယန် ပြောလိုက်တယ်..။
"မင်းသေချာ တွေးမှ ရမယ်နော်..မင်းသာ ယူလိုက်ရင် ဒါက တစ်သက်လုံး ထိန်းသိမ်းရတော့မှာ..။ဘယ်သူမှ စိတ်ဝင်စားတော့မှာ မဟုတ်ပဲ မင်းရပ်တန့်ချင်ရင်တောင် ရပ်တန့်ဖို့ ခက်ခဲသွားလိမ့််မယ်..".
"ဒါက က ငါနဲ့တော့ မဆိုင်ပါဘူး..ဒါပေမဲ့ တကယ်လို့ မင်း မလိုချင်ဘူး ဆိုရင် ဒီတိုင်းငွေကြေး လှူဒါန်း လို့လဲ ရတယ်လေ..ဒါကလည်း အလှူပဲ။ထပ်ပြောရရင်..ဒါကမင်းရဲ့ ဂုဏ္သတင်းကိုတောငိ ပိုပြီး ဆက်လာဦးမယ်.."
ဝမ်မင်ယန် နဲ့ ကျန်တဲ့ လူတွေဟာ ဒီလိုပဲ လုပ်နေကြတာပါ..။သူတို့ ပိုက်ဆံတွေ လှူဒါန်းကြပေမယိ့ လညိး..ဂေဟာ တစ်ခုကို ထိန်းသိမ်းဖို့ကတော့ စိတ်မဝင်စားကြပါဘူးး..။သူတို့က ဂေဟာ မှာ ငွေလိုပြီ ဆိုတဲ့ အချိန်ကြမှသာ လှူဒါန်းကြတာပါ..။
ဒါက သတင်းတွေထဲမှာ ပါလာပြီး ဂုဏ်သတင်းခည်း တက်စေပါတယ်..။
ဘယ်လောက် ကောင်းမွန် လိုက်သလဲ...
လငိးဖန် ပြန်ပြောလိုက်တယ်..။
"ကောင်းပြီ.. ကျုပ်ကို ကူညီပြီးသာ ..အဲတာကို ယူပေးပါ...ဒါဆို ခင်ဗျားအပေါ် အကြွေးတစ်ခု တင်သွားပြီ...။ကျုပ်ဒီကိစ္စကို အလေးအနက်ထားနေတာ..သေချာလည်း တွေးထားပြီးပြီ..အလျင်အမြနိ ဆုံးဖြတ်တာ မဟုတ်ဘူး.."
ဝမ်မင်ယန်ပြောလို်က်တယ်..။
"ကောငိးပြီ ငါနဲ့ထားလိုက် ..စာရွက်စာတမ်းတွေက အချိန်ကြာဦးမှာ ..မင်းလက်မှတ် လိုတဲ့ အချိန်ကြရင် ငါ ဖုန်းဆက်လိုက်မယ်..။နှစ်ပတ်လောက် ဆိုရင်တော့ ပြီးမှာပါ.."
လင်းဖန် ရယ်မောလို်က်ပြီး..
"ကောင်းပြီ..ခင်ဗျားလုပ်ပေးနေတာ ဆိုတောါ လုံးဝစိတ်မပူတော့ဘူး..။ဒါကို အနာဂတ်မှာ မှတ်ထားပြီး..ခငိဗျား ဘယ်လို ပြသနာနဲ့ပဲ ကြုံကြုံ အကြံပေးပါ့့မယ် ."
ဝမ်မင်ယန် ပြောလိုက်တယ် ။
"ချီးပဲ မင်းပြောတာက ဒီအဖြစ်အအျက် မရှိရင်ငါ ဒုက္ခရောက်နေရင်တောင် မကူညီပေးတော့ ဘူးပေါ့ ဟုတ်လား..။
"ဟားဟား ဒီတိုင်းပြောလိုက်တာပါ..။အရမ်းကြီးလည်း..အလေးနက်ထားမနေပါနဲ့.."
သူတို့ နှစ်ယောက် အချိန်အတော်ကြာအောင် ပြောပြီး လင်းဖန် ဖုန်းချလိုကိတယ်..။
ယင်းနောကိ ဝူယန်ဂန် ရဲ့ ဖုန်းချက်ချငိး ဝင်လာခဲ့ပါတယ်..။
လင်းဖန် ဖုန်းကိုင်လိုက်တဲ့အချိန်မှာ ဝူယန်ဂန် ရဲ့ အသံဟာ..အနည်းငယ် အားနည်းနေခဲ့တယ်..
"မာစတာ လင်း အဖြေထွကိလာပြီ.. ။ဆန်းလိန်မင် က မာစတာ လင်း ပြောတာကို လက်မခံဘူးး။သူ ထောင် ခြောက်နှစ်ကျခံ ရလိမ့်မယ်.."
ဝုယန်ဂန် အကူညီမဲ့စွာ ပြောလိုက်တာပါ..။အခေအနေတွေ ဒီလိုဖြစ်သွားမယ် လို့ သူမထင်ထားခဲ့ပါဘူး.။
လင်းဖန်ကတော့ ဒီလို ဖြစ်လာမယ် မှနိးသိထားပြီးသားပါ..။
"ခင်ဗျားက သူ့ကို သတိပေးထား ပြီးပြီလေ..။သူ့က သူ့လမ်းသူ ရွေးချယ်သွားတာ ဖြစ်လို့ ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရဘူး..။ခငိဗျားက အကောင်းဆုံး လုပ်ပေးခဲ့ပြီးပြီ.."
ဝုယန်ဂန် ပြောလိုက်တယ်..။
"ဟုတ်ပါတယ်.. မာစတာ လင်း သူ့ရဲ့ အနာဂတ် ဘယ်လို ရှိနိင်မလဲ သိလို့ရမလား.."
လင်းဖန် ပြနိပြောလိုက်တယ်..။
"ပြောဖို့တော့ခက်တယ်..။လူတိုင်းက ကံစီမံ အရာအတိုင်းသွားနေကြရတာလေ..။အကုနိလုံးက သူတို့ရဲ့ ရွေးချယ်မူအပေါ်မှာပဲ မူတည်သွားကြတာ..။ကောင်းပြီ အားတဲ့ အချိန် ရှန်ဟိုင်းကို လာပြီး..နားလိုက်ဦးလေ.. ။အရမ်းလည်း ဝမ်းနည်း မနေနဲ့.."
ယင်းနောက် သူတို့ အနည်းငယ်ထပ်ပြောကာ ဖုန်းချလိုက်တယ်..။အခြေအနေတွေက တကယ်ဒီလို ဖြစ်သွားမယ် လို့ မထင်ထားခဲ့ပါဘူးး..။
ဆန်းလိန်မင် ရဲ့ ကံတရား ဟာ ဒီလောကိထိ ဆိုးရွားစရာ အကြောင်းမရှိပါဘူး..။သို့ပေမယ့် သူ့ရဲ့ ရွေးချယ်မူ အမှားကြောင့် ဆိုးရွားသွားခဲ့ပါတယိ..။
ဝူယူလန်ဟာ..လဖက်ရည်ခွက် လာချပေးပြီး..
"ဆယ်လီ မိသားစုရဲ့ တတိယ အပိုင်းက ဒီနေ့ညထုတ်လွင့်မှာ..ဘယ်လိုထင်လဲ.."
လင်းဖန် ပြုံးလိုက်တယ်..။
"ငါ အစောကြီးကတည််း က ခန့်မှနိးထားပြီးသား..။အရှုပ်အထွေးတွေ ရှိလာနိုင်ပေမယ့် ကြောက်ရွံ့နေမှာ မဟုတ်ဘူး..!
ကျောက်ကျန်းယန်ဟာ ပြုံးလိုက်ပြီး..
"လီမူဇီနဲ့ လုဒေါင်ရမ် ကိုပြောတာမလား.."
"ဟားဟား."
လင်းဖန် ရယ်ပြီး ထပ်ပြောလိုက်တယ်..။
"မင်းမှန်တယ် သူတို့ ဘာလုပိမလဲ ဆိုတာ ဘယ်သူသိနိုင်မလဲ.."
ည ၈ နာရီ.။
လူအများကြီးဟာ..သူတို့ရဲ့ TV တွ..ကွန်ပြူတာ တွေရှေ့မှာ နေရာယူထားကြပြီး.ဆယ်လီ မိသားစု အပိုင်းကို ကြည့်ဖို့..အဆင်သင့် စောင့်နေကြပါပြီ..။
ရသစုံရှိုးဟာ..ဆယ်လီတွေ ကြားထဲက ဆက်ဆံရေးတွေကို တွေ့နိုင်ပြီး လူအများကြီးကို ဆွဲဆောင်နိုင်ပါတယ်..။
ပထမ မိနစ် ၃၀ ကတော့ ပုံမှန်သာ ဖြစ်ပေမယ့် လည်း..၃၀ မိနစ် ကျော်လာတဲ့ အချိန်မှာ..တကယ့်အချိန်ကို ရောက်လာခဲ့ပါပြီ..။
လူတို်င်းဟာ..သူတို့ မြင်နေရတာကို ကြည့်ပြီး ကြောင်အသွားခဲ့တယ်..။
အဲ့အချိန်မှာတော့..အင်တာနက်ပေါ်မှာ ကြောက်စရာ ကောင်းတဲ့ ဗရမ်းဗတာ အခြေအနေတွေဟာ စတင်နေခဲ့ပါပြီ..။