← Chapters

ပြန်လာပြီ..

Vol. 23 Ch. 340

ပြန်လာပြီ..

Vol. 23 Ch. 340

ဘာသာပြန် = စနိုးဝှိုက်

နောက်တစ်ရက်..။

လင်းဖန် မနက်နိုးလာတဲ့ အချိန်..ဝိုက်ဘိုကို ဖွင့်ကြည့်လိုက်တာနဲ့..မယုံကြည်နိုင်စရာ တွေကို တွေ့လိုက်ရပါတယ်..။

ဝိုက်ဘိုရဲ့ ပထမဆုံးရှာဖွေ ခံရမူ စာရင်းက..ဆယ်လီ မိသားစု ပါပဲ..။

"အံ့ဩစရာ လူတစ်ယောက်ဟာ..လီမူဇီ နဲ့ လုဒေါင်ရမ် ကို နိပ်ကွပ်ခဲ့ခြင်း.."

…

အောက်မှာ ရှိနေတဲ့ မှတ်ချက်တွေကတော့..လုံးဝကို ထိန်းမနိုင သိမ်းမနိုင်ပါပဲ..။

"ငါ ဆယ်လီ မိသားစု ရှိုးကို ကြည့်ပြီး တစ်ဝက်လောကိနေတော့..လေထူက တဖြည်းဖြည်း မူမမှန်တာကို ငါခံစားလိုက်ရတယ်.."

"ဒါက ​အံ့ဩဖို့ဖို့ ကောငိးတာပဲ..လီမူဇီ နဲ့ လီဂေါင်ရမ်က ရှက်နေတော့မှာ.."

"မာစတာ လင်းက ဘယ်သူလဲ.အတော်ကို အံ့ဩဖို့ ကောင်းတယ်..။သူ ဒီငနဲ နှစ်ကောင်ကို တကယ် ဆူလိုက်တာပဲ..။သူ ပြသနာ ရှာနေတာပဲ ဖြစ်ရမယ်.."

"လီမူဇီက ဂုဏ်ယူစရာ လူတစ်ယောက်ဖြစ်ပေမယ့် လည်း သူ့ကြောင့် အမှိုက်တစ်စ လိုကိုဖြစ်နေရပြီ."

"လီမူဇီက ဘဝင်မြင့်နေတဲ့ ကောင်ပဲ..။သူက သူ့ကိုယ်သူ ရုပ်ရည် အခန့်ညားဆုံးလို့ ပြောရဲမှတော့..မာစတာ လင်း အရှက်ခွဲတာ ခံရတော့မှာပေါ့.။ယယန်တောင်က အမြဲတမ်း နိမ့်ချနတတိပေမယ့် သူက လီမူဇီ ထက်ပိုခန့်ညားတာ သိသာနေတာပဲကို.."

"ဟားဟား..မာစတာ လင်းက အဓိပ္ပါယ်ရှိပြီး စိတ်ဝင်စာဖို့ ကောင်းအောင် ဗေဒင်ဟောပေးခဲ့တာပဲ.."

"ဒီငနဲ နှစ်ကောင်က အချိုးမှဘ မပြေတာ။ဒီ အပိုင်းကတော့ ကြည့်ရတာ တော်တော် တန်တယ်..!

ငါ မာစတာ လင်းလို့ ရိုက်ရှာလိုက်တာ.. ရလာဒ်က အံ့ဩစရာပဲ..။မာစတာ လင်းက ဒီလောက် ​ေကျာ်ကြားမယ်လို့ မထင်ထားခဲ့ဘူး.."

"သူ ဘယ်သူလဲ ဆိုတာ ငါသိထားပြီးပြီ..။သူက တိမ်ဖြူလမ်း က မာစတာ လင်းလေ...သူက ရှန်ဟိုင်းမှာ တော်တော် ကျော်ကြားတာ..။အထူးသဖြင့် သူ့ရဲ့ ပန်ကိတ်တွေပဲ.."

…

အွန်လိုငိး ဆွေးနွေး မူတွေဟာ..ပိုပြီး..ဆိုးရွား လာခဲ့တယ်..။

လီမူဇီ ၏ အဖွဲ့တွင်..။

"ငါ ဘာလုပ်နိုင်မလဲ..။ပြောပါဦး..ငါ အခု ဘာလုပ်ရမလဲ.."

လိီမူဇီ အော်ဟစ် လိုက်တာပါ..။သူ လိုင်းပေါ်က မှတ်ချက်တွေကို ကြည့်တဲ့ အချိန်မှာ လူအများကြီးက သူ့ကို ရယ်မောပြီး လှောင်ပြောင်နေကြပါတယ်..။

မန်နေဂျာ မျက်မှောင် ကျုတ်လိုက်တယ်..။

"ငါတို့ အကြပ်တည်း တွေ့နေပြီ..ဒါပေမဲ့ အခြေအနေမှာ တစ်ခုခုမှားနေတယ် ငါတို့ ပရိတ်သတ်နဲ့ ဆက်ဆံရေးကို သေချာတိုးတက်အောင် လုပ်မှ ရမယ် မဟုတ်ရင် လမ်းပျောက်သွားလိမ့််မယ်.."

တစ်ခြား အဖွဲ့သားတွေ လည်း အကူညီ မဲ့နေခဲ့တယိ..။သူတို့ ဘာမှ မတွေးနိုင်ကြတော့ ပါဘူး...။

လီမူဇီ ပြန်ပြောလိုက်တယ်...

"အရမ်းများသွားပြီ ဒီငနဲက အရမ်းများသွားပြီ...။ဒါက အရမ်းရှက်ဖို့ ကောင်းတယ်လေ..။သူက ကျုပ်ကို မြေကြီးပေါ် လဲကျတဲ့ အထိရိုက်ပြီး..အရှက်ခွဲခဲ့တာ..။လီဒေါင်ရမ် နဲ့ ကျုပ်နဲ့ ဆိုပေမယ့် လည်း လူတိုင်းက ကျုပ်ကိုပဲ ပြောနေကြတာ..။ကျေးဇူးပြုပြီး တစ်ခုခု စဥ်းစားကြပါဦး.."

မန်နေဂျာ အတွေးနက်နေရာကနေ ရုတ်တရက် ပြုံးလို်က်တယ်..။

"ဟုတ်တယ် ဒါက ရသစုံ ရှိုးမဟုတ်ဘူးလား.. ငါတို့.."

လီမူဇီဟာ မန်နေဂျာ ပြောတာကို ကြားပြီး..အံ့ဩကာ ကျေနပ်သွား ခဲ့ပါတယ်..။ဒီ အကြံဥာဏ်က တကယ်မဆိုးပါဘူးး..။

…

ထုတ်လုပ်ရေး အဖွဲ့..။

"အံ့ဩစရာ ပဲ ..တကယ် အံ့ဩဖို့ ကောင်းတယိ..ရလာဒ်က ထွက်လာပြီ..။ဒါက ပြီးခဲ့တဲ့ အပိုင်း နှစ်ပိုင်းထက်တောင် ပိုလူကြည့် များသေးတယိ.."

ဒါရိုက်တာ ဟု ကြောင်အသွားခဲ့တယ်..။

"တကယ်လား..အဲလောက်တောင် ကောင်းတာလား.."

"အဲလောက်မဟုတ်ဘူး..လိုင်းပေါ်က ထုတ်လွင့်တာ ကြည့်ရူမူတင် သန်းတစ်ရာ.နီးပါး.လောက်ရှိတယ်.."

ဒါရိုက်တာ ဟု ပြောလိုက်တယ်..။

"ကောင်းပြီ..ငါတို့ ဒီအပတ် အလုပ်ကောင်းကောင်း လုပ်နိုင်ခဲ့ပြီ..။ခေါင်းဆောငိ ပိုင်းတွေလည်း ကျေနပ်ကြမှာပဲ.. ငါတို့ တစ်ခြား ရသစုံရှိုးတွေကို ကျော်တက်နိုင်ခဲ့ပြီ..။ငါတို့က အကောင်းဆုံးပဲ.."

"ဒါရိုက်တာ ဟု ကြည့်လို်က်ဦး..အရင်တုန်းကလည်း..ရှန်ဟိုင်း ရုပ်မြင်သံကြားက တောင်းပိုင်းလောင်းကစား ဘုရင်..မြောက်ပိုင်း လောငိးကစား ဘုရင် နဲ့ အတူ မာစတာ လင်းကို လောငး်ကစား တိုက်ဖျက်ရေး ရှိုးမှာ ဧည့်သည်အဖြစ် ဖိတ်ထားတာ ကြည့်ရူသူ နှုနး်က ကြောက်စရာပဲ..။မာစတာ လင်း ပါလာသ၍ ကြည့်ရူနှုန်း တက်လာမယ် လို့ ဘာလို့ထင်နေရတာလဲ.."

ဒါရိုက်တာ ဟု..ခန ရပ်လိုက်ပြီး..

"တကယ်လား..ငါတို့ သေချာရှာမှ ထင်တယ်..။ဒါပေမဲ့ လောလောဆယ် တော့ အဲ့အကြောင်း မတွေးနဲ့ဦး.. ငါတို့ ဒီနေ့ ရလာဒ်ကို အောင်ပွဲခံရဦးမယ်.. ။အင်တာနက်မှာ ဘာတွေ ဖြစ်နေလဲ စစ်ဆေူကြည့်လိုက်.."

…

လင်းဖန်ဟာ အဖြစ်အပျက်ကို မြင်ကာ အံ့ဩသွားပြီး ပြုံးလိုက်တယ်..။သူ့ရဲ့ ဝိုက်ဘိုရဲ့ ဖော်လိုတွေဟာ ထပ်တိုး လာခဲ့ပါပြီ..။သူက ဆယိလီတွေ ထဲက တစ်ယောက် ဆိုရင်တောင် မမှားတော့ ပါဘူး..။

သူ့ရဲ့ ပရိတ်သတ်တွေ အများကြီး ရှိနေတာကြောင့် လင်းဖန် နှုတ်ဆက်ချင်ခဲ့တယ်..။ယင်းနောက် သူ ပို့စ်တင်လိုက်ပါတယ်..။

"ဟဲလို ပရိတ်သတ်ကြီးတို့.."

အရင်တုန်းက သူ့ရဲ့ဝိုက်ဘို အကောင့်မှာ ဖော်လို အနည်းငယ်သာ ရှိပေမယ့် လည်း အခုတော့..၂ သန်းကျော် ရှိနေခဲ့ပါပြီ..။

ပို့စ်တက်လာတဲ့ အချိန် မှာပဲ..မှတ်ချက်တွေဟာ တက်လာခဲ့တယိ..။အစကတော့ ပရိတ်သတ်အသစ်တွေဟာ သူ့ကို အားပေးဖို့ လာတာ ထင်ပေမယ့်လည်း ..သူမှတ်ချက်တွေကို ဖတ်ကြည့်လိုက်တဲ့ အချိန်မှာ တစ်ခုခု မှားနေတာကို သတိထားမိလိုကိတယ်..။

"မအိမ်လုံး..ငါ့ရဲ့ မူဇီလေးကိုများ ဆူပူရဲတယ်လား.."

"မူဇီက နင့်အပေါ်ကို ကောင်းကောင်းဆက်ဆံတယ်လေ..နင့်ရဲ့ အသုံးမဝင်တဲ့ ပညာတွေကို ဘာလုပ်ရမှာလဲ"

"နင်ကများ..ငါတို့ မူဇီ နဲ့ ဒေါင်ရမ်ကို စိတိဆိုးရဲတယ်လား..။နင် စောက်ရူးပဲ.."

"နင်က မူဇီကို မကြိုက်တဲ့ လူတွေနဲ့ ပေါင်းပြီး ငါတို့ မူဇီကို ခက်ခဲအောင် လုပ်တာပဲ ဖြစ်ရမယ်.."

…

လင်းဖန်..ဒါတွေကို ကြည့်ပြီး ဒေါသထွက်သွားခဲ့တယ်.. ။ကြည့်ရတာတော့..စစ်ပွဲတစ်ခု ဖြစ်ပွားတော့မှာပါ..။

ယင်းနောက်ဘသူချက်ချင်းဖုန်းခေါ်လိုက်တယ်..။

ဆောင်းဦးဓားဟာ အိပ်နေတုနိးပါ..။သူမနေ့ညက ဘနက်တဲ့ အချိနိမှာသာ အိပ်ခဲ့ရပါတယ်...။သူ ဝိတ်လုံးဝ ကျသွားပြီး လှပတဲ့ ကိုယ်ခန္တာတစ်ခု ရနေပြီလို့ အိပ်မက်မက်နေခဲ့တယ်..။သူ့ဘေးနားမှာလည်းမိန်းမလေးတွေ ဝန်းရံနေလို့ပါ..။

*ကလင် ကလင် *

သူ မကြိုဆိုတဲ့ ဖုန်းဟာ မြည်လာခဲ့တယ်..။သူ မျက်လုံးတွေကို ဖွင့်လိုက်တဲ့ အချိနိမှာ ခုနက အရာတွေက အိပ်မက်မက်သာ ဖြစ်ကြောင်းတွေး မိပြီး ဝမ်းနည်းသွားခဲ့ပါတယ်..။သို့ပေမယ့် ဖုန်းခေါ်တဲ့ လူကို မြငိတဲ့ အချိနိမှာတော့ အံ့ဩသွားခဲ့ပါပြီ..ဒါက သူ့ရဲ့ သူဌေးပါ..။

ဆောင်းဦးဓား ဖုန်းကိုင်လိုက်ပြီး..

"သူဌေး ဘာဖြစ်လို့လဲ.."

လင်းဖန် ပြန်ပြောလိုက်တယ်.. ။

"အခုပဲ စစ်ပွဲစလိုက်တော့ ငါရဲ့ ဝိုက်ဘိုက အတိုက်ခိုက် ခံနေရပြီ..။ကျေးဇူးပြုပြီး မင်းရဲ့ စစ်တပ်ကို လွှတ်လိုက်တော့.."

ဆောင်းဦးဓားဟာ စစ်ပွဲဆိုတာကို ကြားတဲ့ အချိန်မှာမျက်လုံး ပြူးကျယ်သွားခဲ့ပါတယ်..။ယင်းနောက်သူအိပ်ယာက အလူးအလဲ ထပြီး ပြောလို်က်တယ်..။

"သူဌေး ကျွန်တော် အခုလာခဲ့မယိ..!

ဖုန်းချပြီးနောက်..

ဒီအခြေအနေက ထိလွယ်ရှလွယ်တယ် ဆိုတာ လင်းဖန်နား လည်လိုကိပါတယ်..။ယင်းနောက်ဘသူလီမူဇီ နဲ့.. လုဒေါင်ရမ် တို့ ဝိုက်ဘိုကို ကြည့်လိုက်တာ ဘာမှ မဖြစ်တာ တွေ့လိုက်ရတယ်..။

သူ အချိန်ကို ကြည့်လိုက်တဲ့ အချိနိမှာ ၈ နာရီထိုးခါနီးနေပါပြီ..။သူ တိမ်ဖြူလမ်းကို ချက်ချင်း ထွက်သွားလိုက်တယ်..။

ဆိုင်ရောက်တဲ့ အခါမှာတော့..။

ဝူယူလန် နဲ့ ကျန်တဲ့ လူတွေဟာ စုဝေးလာခဲ့တယိ..။

"ငါတို့ သတင်းဖတ်ပြီးပြီ နင့်ရဲ့ ဝိုက်ဘိုက ဆယ်လီတွေရဲ့ ပရိတ်သတ်တွေ တိုက်ခိုက်တာကို ခံနေရတယ်..။အခြေအနေက မကောင်းဘူး..ဝိုက်ဘို အကောင့်ကို ပိတ်လိုက်ချင်လား.."

လင်းဖန် ယုံကြည်မူရှိရှိ ပြုံးလိုက်ပြီး..

"မလိုပါဘူး..ဒါက စစ်ပွဲပဲလေ..။ဘာမှ ကြောက်စရာမရှိဘူး.. ခနနေ ငါတို့ဘက်က စစ်သည်တွေလည်း ရောက်လာလိမ့်မယ်.."

ဝိုက်ဘို.။

လင်းဖန်ရဲ့ သစ္စာရှိ ပရိတ်သတ်တွေဟာ..ရုတိတရက် အများကြီးရောက်လာတဲ့ ဆယ်လီတွေရဲ့ ပရိတ်သတ်တွေကို မတားဆီးနိုင်ကြတော့ ပါဘူး..။သူတို့ ကြောင်အနေခဲ့ပါပြီ..။

အဲ့အချိန်မှာပဲ.. ။

သူတို့ အားလုံးကို မျှော်လင့်ချက် ရစေမယ့် အကောင့်တစ်ခုဟာ..သူတို့ရဲ့ မျက်စိထဲကို ပေါ်လာခဲ့တယိ.။

မာစတာ လင်းရဲ့ ဝိုက်ဘိုမှာ.ရှိတဲ့..တစ်ဦးထဲသော နတ်ဘရား..မီးတောက်စစ်ပွဲ အင်ပါယာ ဟာ အချိန်အတော်ကြာပျောက်ဆံူးပြီး နောက်မှာ ပြန်ပေါ်လာခဲ့ပါပြီ..။

All Chapters