← Chapters

အခန်း (၃၄၁)

Vol. 23 Ch. 341

အခန်း (၃၄၁)

Vol. 23 Ch. 341

ဘာသာပြန် = စနိုးဝှိုက်

ဆောင်းဦးဓားရဲ့ လက်တွေက အရမ်းလျင်မြနိလွန်းလှ ပါတယ်..။သူ နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့တာဖြစ်ပြီး သူ့ရဲ့ ခပ်ဝဝ လက်ချောင်းတွေဟာ..သူ့ကို..နှောက်နှေးမူ တစ်စုံတစ်ရာ မဖြစ်စေခဲ့ ပါဘူး..။သူ့ရဲ့ အဖွဲ့တစ်ခုလုံးဟာ တိုက်ပွဲ ဝင်နေခဲ့တယ်.. ။

သူ လူများစွာ ကို အေးဆေးပဲ လိုက်နိမ်နင်းနေခဲ့တာပါ. .။ရုတ်တရက် သူ့ စိတ်ထဲမှာ တစ်ခုခုကို တွေးမိလိုက်ပါတယ်..။

သူဟာ လင်းဖန်ကို အနည်းငယ်တော့ စိတ်ဆိုးနေတုန်းပါ..။သူ မှတ်ချက်တွေထဲက ထိပ်နားက တစ်ခုကို မြင်ပြီး အတော်ကို ကျေနပ်သွားခဲ့တယ်..။

"ဘာကို မာစတာ လင်းလဲ..။အလကား စောက်ရူး လူလိမ်..။နင်က ငါတို့ရဲ့ မူဇီ နဲ့ လုဒေါင်ရမ်ကို အရှက်ခွဲရအောင်..ဘာတွေ များထိုက်တန် နေလို့လဲ..။မင်း မလုပ်ခင်မှာ ကိုယ့်ကိုကို မှန်ထဲ ပြန်ကြည့်လိုက်ဦး.."

ဆောဦးဓားဟာ ဒီမှတ်ချက်ကို မြင်ပြီး အတော်ကျေနပ်သွားခဲ့တယ်..။သူတွေ အများကြီး မြင်နိုင်အောင် ဒီတိုင်းထားထား လိုက်ပါတယ်..။တစ်ချိန်တည်း မှာပဲ..လင်းဖန်ကို သူ့ရဲ့ စိတ်ဓာတ်ကို ပြသချင်နေခဲ့တယ်.။သူက လောလောဆယ် နိမ့်ချပြီး နေတယ် ဆိုပေမယ့်လည်း..အချိန်မရွေး ပြန်တိုက်ခိုက်နိင်တယ် ဆိုတာပါ..။

သူ အကြောင်းပြချက်ကိုတောင် ဖန်တီးပြီးသွားပါပြီ..။ဒီလူက ..အင်တာနက် မှတ်ချက်တွေ ရေးတဲ့ နေ ရာမှာ ကျွမ်းကျင်အဆင့်ဖြစ်ပြီး ဖြေရှင်းဖို့ ခက်ခဲတယ် လို့..ပဲ ပြောလိုက်မှာပါ..။

ဆောင်းဦးဓားဟာ ဒီလို အကြောင်းပြချက်ကောင်းကို..တွေးမိလို့ ကိုယ့်ကိုကို သဘောကျ သွားခဲ့တယ်..။တစ်ချိန်တည်းမှာပဲ..ရယ်မောနေခဲ့ကာ ခန္တာကိုယ်ဟာ..လှုပ်နေခဲ့ပါတယ်...။ဒါက ခံစားလို့ အတော်ကောင်းပြီး ထပ်ပြီးတောင် ဝိတ်မချချင်တော့ ပါဘူး..။

တကယ်လို့..ကမ္ဘာကြီးသာ အဆုံးသတ်တော့မယ်ဆိုရင် တစ်ခြား လူတွေ အရင်သေရင်တောင်..သူလို ဝတုတ်ကြီးဟာ အသားများများ ရှိတာကြောင့်..နည်းနည်းနောက်ကျပြီးမှ သေရင်သေမှာပါ..။

ဆောင်းဦးဓာဟာ ဒါကို တွေးမိပြီး.အရူးတစ်ယောက်လို ရယ်မောလိုက်တယ်.။

*"ဒင် *

ဝိုက်ဘိုကနေ မက်ဆေ့ တစ်ခု ဝင်လာခဲ့တယိ..။

လင်းဖန်..

"ဟားဟား..မင်းက တကယ်မဆိုးဘူးပဲ..။မင်းရဲ့ လစာထဲက ငါ ဒေါ်လာ ၁၀၀၀ ဖြတ်တော့မယ်.."

"အာ.."

ဆောင်းဦးဓား..ကြောင်အသွားခဲ့ပြီး..သူ အမြန်ပြန်ဖြေရှငိးလိုက်ပါတယ်..။

"သူဌေး ကျွန်တော် မလုပ်နိုင်တာ မဟုတ်ဘူး..တစ်ဖက်က လူက အရမ်းသန်မာနေတာ..။ကျုပ် မကိုင်တွယ် နိုင်တော့ဘူး.."

လင်းဖန် ..

"အကြောင်းပြချက် ကောင်းလေးပဲ နောက်ထပ် ဒေါ်လာ ၁၀၀၀ ထပိပြီး ဖြတ်လိုက်မယ်.."

ယင်းနောက် ဆောင်းဦးဓားဟာ..ဒေါသထွက်သွားခဲ့တယိ..။သူက ဘယ်လိုလုပ်ပြီး ဒေါ်လာ ၂၀၀၀ ကို ဒီတိုင်း ဖြတိနိုင်ရတာလဲ..။ဒါက သူ့ရဲ့ နှစ်လစာ အသုံးစာရိတ်လောက် ရှိပါတယ်.."

"သူဌေးကျွန်တော် မှားသွားပါတယ်..။အနာဂတ်မှာ.ထပ်ပြီး မလုပ်ရဲ တော့ပါဘူး..။အဲ့မှတ်ချက်ကိုလည်း ..ဖယ်လိုက်ပါ့မယ်.."

ဆောင်းဦးဓား တောင်းပန်လိုက်တာပါ..။

လင်းဖန်..

"ကောင်းပြီ ..အလုပ်ကို သေချာလုပ်တာ ကောင်းလိမ့်မယ်နော်.."

ဆောင်းဦးဓားကတော့ ငိုတောင် ငိုချင်နေခဲ့ပါပြီ..။ဒီငနဲက သူလုပ်တဲ့ အကွက်တွေကို အကုန်မြင်နေခဲ့တာပါ..။

တိမ်ဖြူလမ်း..

လငိးဖန် ဝိုက်ဘိုက မှတ်ချက်တွေကို ကြည့်ပြီး ရယ်မောလိုက်တယ်..။

"ဟားဟား..ငါ့ကို ဟာသလာလုပ်ချင်နေတာလား..။ငါ ဘယ်သူလဲ ဆိုတာကို သိထားသင့်တယ်..ငါက မာစတာ လင်းပဲ..။ငါ မင်းရဲ့လစာ ကို တဖြည်းဖြည်းချင်း လျော့ချပြမယ်..။ ၆ ထောင် ၇ ထောင်လောက် ဆို တာတောင် မင်းအတွက် တော်တော် များနေပြီ.."

လင်းဖန်ရဲ့ ဖိအားကြောင့် ဆောင်းဦးဓားဟာ..မှတ်ချက်ကို ချက်ချင်းဖယ်ရှား ပစ်ခဲ့ပါတယ်..။

သို့ပေမယ့် လင်းဖန်ကို အံ့ဩသင့်စေတာက ဒီဆယ်လီတွေမှာ..ပရိတ်သတ်တွေ အများကြီး ရှိနေခဲ့တာပါ..။

များပြားလှတဲ့ အင်တာနက်ဆယ်လီ တွေဟာ ဒီအခြေအနေကို စောင့်ကြည့်နေခဲ့ကြတယ်.. ။အခြေအနေက ပုံမှန် မဟုတ်ဘူးဆိုတာကို သူတို့..နားလည်ထားပါတယ်..။

လီမူဇီနဲ့ လုဒေါင်ရမ် တို့ဟာ သူတို့ မာစတာ လင်းကို မယှဥ်နိုင်ဘူး လို့ခံစား လိုက်ကြရပါတယ်..။သူတို့ဟာ တစ်ခြား ဆယ်လီ ခြောက်ယောက်ရဲ့..ဝိုက်ဘိုမှာပါ..သွားဆူပူခဲ့ကြတယ်..။

လီမူဇီ ၏ ရုံးခန်းတွင်..။

လီမူဇီ ပြောလိုက်တယ်.။

"လက်ရှိ ဝိုက်ဘိုရဲ့ အခြေအနေက အထွပ်အထိပ်ကို ရောက်နေပြီ..ငါတို့ တစ်ခုခု လုပ်သင့်တယ်နော်.."

မန်နေဂျာဟာ ခေါင်းညိမ့်လိုက်တယ်..။

"ကောင်းပြီ..ပို့စ်တင်လိုက်ကြရအောင်.။ဒါက သရုပ်ဆောင်ထားတာလို့ ပြောလိုက် အဲတာဆို..အကူညီ ဖြစ်လိမ့်မယ်.."

လီမူဇီ စိုးရိန်စွာ ပြောလိုက်တယ်..။

"ဒီငနဲက ပြသနာ မရှာနိုင်ဘူးလား.."

မနိနေဂျာဟာ ယုံကြည်မူ ရှိစွာ ပြောလိုက်တယ်..။

"စိတ်မပူနဲ့ သူလုပ်မှာ မဟုတ်ဘူး...။သူ့ ဦးနှောက်သာ အလုပ်လုပ်သေးရင် အကျိုးဆက်ကို သူသိလိမ့်မယ်.."

"ကောင်းပြီလေ.."

မကြာခင်မှာပဲ လီမူဇီ နဲ့ လုဒေါင်ရမ် တို့ဟာ ..ဝိုက်ဘိုမှာ ပို့စ်တင်လိုက်တယ်..။

"ဆယ်လီ မိသားစု ရဲ့ တတိယ အပိုင်းမှာ ဖြစ်ပျက်တဲ့ အရာတွေ အကုန်လံူးက ကြိုတင် စီစဥ်ထားခဲ့တာပါ..။ဒါက လူတိုင်းထင်နေသလို မဟုတ်ပါဘူးး.။တိုက်ကွမ်ဒို အဆင့် ဆိုတာ တရာဝင် စမ်းသပ်ထားတဲ့ ရလာဒ်ပါ ဘယ်လိုဖြစ်ပြီး လှုပ်ရှားမူ တစ်ကွက်ကို မယှဥ်နိုင်ပဲ နေပါ့မလဲ..။အခုလုပ်ထားတာတွေက ရှိုးပွဲကို ပိုစိတ်ဝင်စားကြဖို့ အတွက်ပါပဲ.."

လုဒေါင်ရမ် ရဲ့ ပို့စ်ဟာ လည်း အတူတူပါပဲ..။ဒါက လီမူဇီရဲ့ အကြောင်းအရာနဲ့ တူညီလို့ နီးပါးပါ..။လက်ရှိ အခြေအနေက လိုင်းပေါ်မှာ ပျံ့နှံ့နေပြီး ထိန်းချုပ်ရ ခက်ခဲနေခဲ့ ပါတယ်..။

ဒါက ရှိုးပွဲမှာ အရှက်ခွဲခံရတာပါပဲ..အဆုံးမှာ တစ်ခြား ပြိုင်ပွဲဝင် ခြောက်ယောက်က ပန်ကိတ်ရကြပေမယ့် သူတို့ မရခဲ့ကြပါဘူး..။ဒါက ရှက်ဖို့ ကောင်းလှပါတယ်..။

ပရိတ်သတ်တွေဟာ.ဒီပိုစ်တွေကို မြင်တဲ့ အချိန်မှာ စတင်ပြီး ဆွေးနွေး ခဲ့ကြတယ်..။

"ကြည့် ငါပြောသားပဲ.. ဒါက ဘယ်လိုလုပ် အမှန်ဖြစ်နိုင်မှာလဲ..။ဒါက ရိုက်ကူးရေး အဖွဲ့က လုပ်ထားတာပဲ.."

"ချီးပဲ ..ဒီတော့ ဒါတွေက ရိုက်ကူးရေး အဖွဲ့ကြောင့်ပေါ့..။ငါက တကယ်ထငိနေတာ.."

"ဒါပေမဲ့ တမင်စီစဥ္ ထားတာတောင် ငါကတော့..ခံစားလို့ ကောင်းနေတုန်းပဲ..။ဒီနှစ်ကောင်ကို တော်တော် ကြည့်မရဘူး.."

"ငါရဲ့ မူဇီက တိုက်ကွမ်ဒိုကို ပရို အဆင့်အထိတောင် တတ်ကျွမ်းနေပြီ..။သူသာ ဆယ်လီ တစ်ယောက်မဟုတ်ရင်..နည်းပြတစ်ယောက်ဖြစ်နေမှာပဲ.. ။အဲ့ မာစတာ လင်း ဆိုတဲ့ လူက ဘယ်လိုလုပ် ငါတို့ မူဇီကို ယှဥ်နိင်မှာလဲ..။လာနောက် မနေကြနဲ့.."

"လစ်လိုက် မသာမ"

“+1.”

"ဟားဟား..ငါက ဘာလို့ ထွက်သွားရမှာလဲ..။အမှန်ကိုပဲ ပြောနေတာ..။ ပြသနာ တစ်ခုခု ရှိလို့လား.."

"အရူးမ ..နင် မာစတာ လင်းက ဘယ်လိုလူမျိူးလဲ ဆိုတာရော ဖတ်ဖူးလား.."

…

လီမူဇီ နဲ့ ကျန်တဲ့လူတွေဟာ အခြေအနေ ပြောင်းလဲ သွားတာကို ကြည့်ပြီး ရယ်မောနေခဲ့ကြတယ်..။

ယင်းနောက် မန်နေဂျာဟာ ပြောဘိုက်တယ်...။ယ

"အိုး ဒီငနဲရဲ့ ဝိုက်ဘိုကို ကြည့်လိုက်ဦး.."

လီမူဇီနဲ့ကျန်တဲ့ လူတွေဟာ ..လင်းဖန်ရဲ့ ဝိုက်ဘို ပိုစ့်ကို မြင်ပြီး..မျက်နှာတွေ နီရဲသွားကြပါတယ်..။

"ချီးပဲ..သူဘယ်လိုများ ဒီလို ပြောနိုင်ရတာလဲ..။သူက ငါကို အဆုံးအထိ ဖျက်ဆီး ချင်နေတာလား.."

ဝိုက်ဘို.

လင်းဖန် :" ဘယ်သူ ပြောတာလဲ..။ဒါက ထုတ်လုပ်ရေး အဖွဲ့နဲ့ ဘာမှ မဆိုင်ဘူး.. ။ငါ လီမူဇီ နဲ့ လူဒေါင်ရမ် ကို ကြည့်မရ လို့ပဲ..။ငါ့ ခွန်အားတွေတောင် မထည့်ရသေးဘူး..မြေကြီးပေါ်မှာ လေးဘက်ထောက်နေပြီလေ..။ငါသာ အားနည်းနည်းသုံးရင် ဆေးရုံမှာ ခုနစ်လ ရှစ်လ လောက် သွားလှဲနေရလိမ့်မယ်.."

ဟင်

လူအများကြီးဟာ ဒီပို့စ်ကို ဖတ်ပြီး ရယ်မောလိုက်ကြပါတယ်..။

"ချီးပဲ 666 မာစတာ လငိးက သူ့တို့ကို ဒေါသထွပ်အောင်လုပ်နေတာပဲ.."

"သူတို့ ဒီလို အရှက်ခွဲခံရတော့ ငါဘာပြောရမလဲ တောင်မသိတော့ဘူးး."

"ဟားဟားး.လီမူဇီနဲ့ လုဒေါင်ရမ် တို့ သူတို့ ပိုစ့်ကို ဖျက်သွားကြပြီ.. ။သူတို့ ဒီလိုဖြစ်လာမယ် လို့ မထင်ထားကြဘူး ထင်တယ်.."

…

တစ်ခြား ဆယ်လီ မိသားစု ရဲ့ ဆယ်လီတွေဟာ ဒီပိုစ့်ကိုမြင်ပြီး ကြောင်အသွားခဲ့ကြတယိ..။

သူတို့လည်း မာစတာ လင်း ဒီလောက်အထိ တည့်တိုး ဆန်လိမ့်မယ် လို့ မထင်ထားခဲ့ကြပါဘူး...။တကယ်လို့ ပုံမှန်လူတစ်ယောက်ဆိုရင် မေ့လိုက်ပြီး အရာရာတိုင်းကို ဒီတိုငိး ထားလိုကိတော့မှာပါ..။

ဒါပေမဲ့ မာစတာ လင်းကတော့..လုံးဝ အလွတ်မပေးပေ...။သူက ချက်ချင်း ပညာပြန်ပေးခဲ့တာပါ..။

လီမူဇီဟာ လင်းဖန် နဲ့ တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားပေမယ့်လည်း မနိနေဂျဟာ သူ့ကို တားလိုကိတယ်..။

"မလုပ်နဲ့..ဘယ်လိုပဲ အဖြေထွကိထွက် ငါတို့ အတွက် မကောင်းနိုင်ဘူး..။ဒီတိုင်း တိတ်တဆိတ်ပဲ နေကြရအောင်.."

လီမူဇီ ဝမ်းနည်းသွားခဲ့တယ်..။

"ငါတို့ ဒိီတိုင်းမေ့ထားလိုက် ကြမှာလား.."

မန်နေဂျာဟာ ပြောလိုက်ပါတယ်..။

"ဒါဆိုရင်လည်း ဘာများလုပ်နိုင်မလဲ ပြောစမ်းပါဦး..။မင်းက ဝိုက်ဘိုပေါ်မှာ သူနဲ့စစ်ပွဲ စတင်ချင်လို့လား.."

လီမူဇီ အကူညီမဲ့သွားခဲ့ပါတယ်..။ကြည့်ရတာ ဒီတိုင်းထားလိုက်ရတော့မယ် ့့ပုံပါပဲ."

တိမ်ဖြူလမ်း..။

"သူဌေးလေး.."

မြို့သားတွေဟာ ရောက်လာခဲ့တယ်..။

လင်းဖန် ဖုန်းကို ချက်ချင်း ပိတ်လိုက်ပြီး "ဒူကု ချင်းဘိုင် " တစ်ယောက်လို အမူအရာဖမ်းလိုက် ပါတယ်..။ဒီဆယ်လီ တွေက ဘာမှ မသုံးမဝင်ပေ..တိုက်ပွဲ တစ်ဝက်မှာတင် သူတို့ ရပ်တန့်သွားခဲ့့ကြတာပါ..။မြို့သားတွေ အတွက် ပန်ကိတ်လုပ်ပေးတာကပဲ ဒီထက် ပိုပျော်ဖို့ ကောင်း ပါသေးတယ်..။

သို့ပေမယ့်..ဒီကိစ္စက မပြီးသေးပါဘူး..။သူ ဒီနှစ်ကောင် ကို ပိုပြီးခက်ခဲအောင် လုပ်ဖို့ အတွက် ဆောင်းဦးဓားကို ခိုင်းစေရဦးမှာပါ..။

All Chapters