ထပ်ပြီးမစောင့်နိုင်တော့ဘူး
Vol. 23 Ch. 342
ဘာသာပြန် = စနိုးဝှိုက်
ရက်အနည်းငယ် ကြာပြီးတဲ့နောက်မှာ..လီမူဇီ နဲ့ လုဒေါင်ရန် တို့ ရဲ့ ဝိုက်ဘိုအကောင့်ဟာတိုက်ခိုက်ခံနေခဲ့ရပါတယ်..။သူတို့ဖျက်လိုက်တဲ့ မှတ်ချက်တိုင်းဟာ ပြန်ပြန်ပေါ်လာနေခဲ့ပြီး..like တွေ အများကြီးတောင် ရနေခဲ့ပါတယ်..။
ဒီငနဲက သူတို့ကို အဆုံးအထိ အလွတ်မပေးပဲ ဖျက်ဆီးချင်နေခဲ့တာပါ..။
တစ်စုံတစ်ယောက်က ဘာလို့ ဒီလောက်အထိ အညှာတာ ကင်းမဲ့ရတာလဲ...
သူတို့ မသိတာက လင်းဖန် က ဒီကိစ္စကို လုံးဝ ဂရုမစိုက်ဘူးဆိုတာ ပါပဲ..။သူက နေ့ရက်တိုင်းကို လွတ်လွတ်လပ်လပ် နေနေခဲ့ပါတယ်.. ။အင်တာနက် စစ်ပွဲ အတွက်ကတော့ သူ ဆောင်းဦးဓားကို ပဲ အကုန်လက်လွှဲပေးထား ခဲ့တာပါ..။
ဆောင်းဦးဓားကတော့ မပျော်မရွှင်ဖြစ်နေခဲ့ပါတယ်..။သူ လင်းဖန်ကို အခက်တွေ့အောင် လုပ်ဖို့ အကြိမ်တိုင်း ကြိုးစား ခဲ့ပေမယ့် ကျဆုံးခဲ့ရတာ ချည်းပါပဲ..။ဒီလုပ်ရပ် တွေကြောင့် သူ့ရဲ့ လစာတောင် ဒေါ်လာ ၃၀၀၀ အထိ လျော့ခံခဲ့ရပါတယ်..။သူ ဘယ်လို နည်းလမ်းနဲ့ပဲ လိမ်ဖို့ ကြိုးစားကြိုးစား ဖော်ထုတ်ခံခဲ့ရတာ ချည်းပါပဲ..။
လင်းဖန် သူ့ရဲ့ မစ်ရှင်ကို ပြီးမြောက်အောင် လုပ်ဖို့ အကောင်းဆုံး နည်းလမ်းကို တွေးနေခဲ့တယ်..။ယင်းနောက် သူ ချက်ချင်း ပဲ ဖုန်းခေါ်လိုကိပါတယ်..။
ဝူရွှန်းယွဲ့ဟာ ဖုန်းဝင်လာတာ တွေ့တဲ့ အချိနိမှာ ချက်ချင်း ဖုန်းကိုင်လို်က်တယ်..။
"မာစတာ ..နောက်ဆံူးတော့ ရှင် ကျွန်မကို ဖုန်းခေါ်ပြီပေါ့.."
လင်းဖန် ဒီအသံကို ကြား တဲ့ အချိန်မှာ မျှော်လင့်စောင့်စားမူတွေ ခံစားလိုက်ရပါတယ်..။သူ ပြုံးလိုက်ပြီး..
"နောက်ဆုံး အယ်လ်ဘမ် အခြေအနေ ဘယ်လိုရှိလဲ.."
ဝူရွှန်းယွဲ့ ပြုံးလိုက်ပြီး..
"ညီမက တက်သစ်စပဲ ရှိသေးတယ်လေ..။ညီမက လူကြိုက်အများးဆုံး စာရင်းမှာ ဝင်နေပေမယ့် ညီမအထက်မှာ ရှိနေတဲ့ လူတွေ အကုန်လုံးက စီနီယာတွေ ချည်းပဲ..။ညီမ သူတို့ကို တော့..မရိုက်ချနိုင်သေးဘူး.."
လင်းဖန် ရယ်လိုက်တယ်..
"အင်း..မင်းနောက်ထပ် အယ်လ်ဘမ်တစ်ခု ထပ်ထုတ်ချင် သေးလား..။ငါ ဖန်တီးဖို့ ကူညီပေးမယ်.."
"အာ.."
ဝူရွှန်းယွဲ့ အံ့ဩသွားခဲ့တယ်..။
"မာစတာလင်း..အစ်ကိုက ညီမကို..အယ်ဘမ် ကူထုတ်ပေးမှာလား."
လင်းဖန် ခေါင်းညိမ့်လိုက်တယ်...
"ဟုတ်တယ် အဲလိုပဲ..။စီနီယာတွေကို အနိုင်ရချင်တယ်မလား..ဒါဆိုငါတို့ အရည်အသွေး နဲ့ပဲ အနိုင်ယူရမှာ..အရည်အသွေးကလည်း ထိပ်ပိုင်းမှာ ရှိနေရလိမ့်မယ်.."
ဝမ်မင်ယန်ကတော့..အယ်လ်ဘမ်နှစ်ခုကြားမှာ နားနေတဲ့ အချိန် နည်းလို့..အကျိုးမရှိဘူး လို့ တွေးနေခဲ့တာပါ..။သို့ပေမယ့် လင်းဖန်ကတော့ သူ့ရဲ့ စွယ်စုံကျမ်း မစ်ရှင်ကို ထပ်ပြီး မတွန့်ဆုတ် ချင်တော့ပါဘူး.။
သူ လက်ရှိ ..မစ်ရှင် အတွက်ယုံကြည်ချက် ရှိနေပြီး..အမြန်ဆုံး ပြီးမြောက်အောင် လုပ်ချင်နေခဲ့ ပါပြီ..။
ဝူရွှန်းယွဲ့ဟာ မာစတာ လင်းကို မငြင်းခဲ့ပေ..။
"မာစတာ လင်း ညီမ ကျိန်းသေလုပ်မှာ ပေါ့..။ညီမက အခု ဆရာမနဲ့ အတူတူ သိီချင်းဆို လေ့ကျင့်နေတာ..အဲတာကို အယ်ဘမ် အတွက် စမ်းသပ်ခကေ်နေပြီ.."
လင်းဖန် ပြုံးလိုက်တယ်..။
"ကောင်းပြီ ပြသနာ မရှိဘူး..အခု ဝမ်မင်ယန်ကို ဖုန်းခေါ်လိုက်ဦးမယ်.."
လင်းဖန် ဝမ်မင်ယန်ကို ဖုန်းခေါ်လိုက်ပြီး ဖုန်းကိုင်တာနဲ့ တန်းပြောလိုက်ပါတယ်..။
"ဒါက တစ်ခုတည်းသော နည်းလမ်းပဲ..။ကျုပ် ဝူရွှန်းယွဲ့ နဲ့ စကားပြောပြီးသွားပြီ..။အယ်ဘမ် နှစ်ခုကြား အချိန်ကွာဟ မူက အ ရမ်းနည်းနေတယ် လို့ မပြောနဲ့နော်..။ကျုပ်ကတော့ လက်ရှိ အယ်လ်ဘမ်က လံူလောက်အောင် အဖြစ်မရှိဘူး လို့ခံစားနေရတယ်..ဒါကြောင့် အသစ်တစ်ခုနဲ့..ပုံရိပ်ကို မြင့်တင်ဖို့ လိုအပ်နေတာ.."
ဝမ်မင်ယန် ကြောင်အသွားခဲ့တယ်..။ယင်းနောက် သူ ရယ်မောလိုက်ပြီး..
"ညီအစ်ကို ဒီ အယ်လ်ဘမ်က ဆရာ ယန်က ဖန်တီးပေးထားတာ..။သူ အခု ငါ့ဘေးနားမှာ ရှိနေတယ်.."
လင်းဖန် အကြပ်ရိုက်သွားပြီး ပြန်ပြောလိုက်တယ်. .။
"ချီးပဲ..ကျုပ်ဘာမှ မပြောသလို ဟန်ဆောင်နေ.။.ဆရာယန်..ကျွန်တော်ကို စိတ်မရှိပါနဲ့..ဒါပေမဲ့..ကျွန်တော် ပြောချင်တာက ကျွန်တော် ထပ်ပြီး မစောင့်နိုင်တော့ဘူး..။ဒီတိုင်း လုပ်ပါရစေ.."
ဝမ်မင်ယန် ဘာမှ ထပ်မပြောပဲ ခေါင်းညိမ့်လိုက်ပါတယ်..။
"ကောင်းပြီလေ..ဒါဆိုလည်း ငါမင်းနဲ့ လိုက်ကစား ပေးမယ်.."
လင်းဖန် ပြုံးလိုက်ပြီး..
"ကောင်းပြီ ..ဒါမှ ကျုပ်ရဲ့ ညီအစ်ကို ပဲ...။ကျုပ် ပန်ကိတ်လုပ်ပြီး သွားရင်..ခင်ဗျားကို လာရှာလိုက်မယ်..။ကျုပ်တို့ သီချင်း တူတူ လုပ်ကြတာပေါ့.."
ဝမ်မင်ယန် ပြန်ပြောလိုက်တယ်.။
"မင်းက အလျင်စလို့ ဖြစ်နေပါလား.."
လင်းဖန် : " အလျင်စလို လုပ်မှလည်း ရမယ်လေ."
ဖုန်းချပြီး နောက်မှာတော့ လင်းဖန် စိတ်ခံစားချက် ကောင်းနေခဲ့ ပါတယ်..။လက်ရှိ မစ်ရှင်က လွယ်ကူတဲ့ အတွက် ဘာမှ အချိန်ဆွဲနေဖို့ မလို အပ်ပါဘူးး...။
ဆယ်လီ မိသားစု အစီစဥ္မှာ တိမ်ဖြူလမ်းကို ကြော်ငြာပြီးနောက်..ကာစတန်မာတွေဟာ ပိုမို များပြားလာခဲ့ပါတယ်..။သူတို့ထဲက တစ်ချို့ဟာ တစ်ဆင့်က တစ်ဆင့်သိကာ ရောက်လာကြတာဖြစ်ပြီး ဒီရက်ပိုင်းမှာတော့ တိမ်ဖြူလမ်းရဲ့..ကာစတန်မှာ အရေအတွက်ဟာ အထွတ်အထိပ်..ကိုရောက်နေခဲ့ပါပြီ..။
လင်းဖန်ရဲ့ စီးပွားရေးမှာလည်း ဒီအတိုင်းပါပဲ..။
"မာစတာလင်းရဲ့ ပန်ကိတ်တွေက အရသာ ရှိလား.."
"ဒါပေါ့ မာစတာ လင်းရဲ့ ပန်ကိတ်တွေက ကမ္ဘာပေါ်မှာ အရသာ အရှိဆံူးပဲ..။မင်းစားပြီးမှပဲ ဒါကို နားလည်လိမ့်မယ်.."
"ဒါက အဲလောက်တောင် ကောင်းလား..။ငါက ရသစုံရှိုးမှာ တွေ့မှလာကြည့်တာ..ဒီမှာက လူတွေ အများကြီးပဲ ငါ ဘယ်လောက်ကြာအောင် တန်းစီရမှာလဲ.."
လူတစ်ယောက်ဟာ ပြန်ရှင်းပြလိုက်တယ်..။
"ဒါက ကံတရားနဲ့ပဲ ဆိုင်တယ်.. ။မင်း ကံကောင်းရင် ဝယ်ခွင့်ရလိမ့်မယ်..မဟုတ်ရင်တော့..မင်းစောင့်ရလိမ့်မယ်..။ဒါက တစ်သက်လုံး ပန်ကိတ်စောင့်ရင်းတောင် သေသွားနိုင်တယ်နော်.."
"မင်းငါ့ကို ဘာလို့ ကျိန်ဆဲနေတာလဲ.."
"ငါက ကျိန်ဆဲ နေတာ မဟုတ်ဘူး..။သူ့နည်းလမး်ကို ပဲ ပြောပြနေတာလေ..။ဒီမှာ က တစ်နေ့ ဆယ်လုံးပဲ ရောင်းပြီး နံပါတ်တွေနဲ့ ရွေးချယ်တာ..။မင်းဟာမင်းကံကောင်းတယ်လို့ ထင်လား.."
လင်းဖန် ဆိုင်ရှေ့မှာရှိနေတဲ့ ...များပြားလှတဲ့ မြို့သားတွေကို သံသယ ဖြစ်စွာ ကြည့်လိုက်တယ်..။တကယ်လို့ ဒီဆိုင်သာ သူ့ရဲ့ ဆိုင်ဆိုရင် သူ ပန်ကိတ်လုပ်ရင်း သေရမယ် ဆိုရင်တောင် ဒီလူတွေ အကုန်လုံးကို ရောင်းချမှာပါ..။သူက ဒိီကလေးနဲ့ မတူပဲ တစ်နေ့ ဆယ်လံူးတွေ ဘာတွေ လုပ်နေမှာ မဟုတ်ပါဘူး..။
သို့ပေမယ့် လူလိမ်ထျန်ဟာ လင်းဖန် လုပ်တာလည်း မှားတယ် လို့ မခံစားရပေ..။ဒီမှာ ပွဲစားတွေ ရှိနေတာကိုလညိး သူပျော်ရွှင်မိပါတယ်..ဘာလို့လဲ ဆိုတော့ ဒီမှာ သူ့ကို အစ်ကိုကြီး အစ်ကိုကြီး ဆိုပြီး ပြုစုနေတဲ့ ပွဲစားတွေ အများကြီး ရှိနေလို့ပါ..။
"ချီးပဲ ဒါက စောက်ကျိုးနဲပဲ..ငါတော့ မဝယ်တော့ဘူးး.။ငါက ပန်ကိတ် တစ်ခါမှ မစားဖူးတဲ့ လူလည်း မဟုတ်ပဲနဲ့.."
"ဟားဟား..ဟုတ်ပါပြီ.."
"တစ်ယောက်လျော့လေ ..ပြိုက်ဖက် လျော့လေပဲ.."
ရွေးချယ်မူ ပြီးစီး သွားခဲ့တယ်..။
တစ်ချို့တွေဟာ ကျေနပ်နေကြပြီး တစ်ချို့တွေကတော့ စိတ်ဓာတ်ကျနေခဲ့ ပါပြီ..။
"ဟားဟား..ငါ အရွေးခံရပြီ ငါအရွေးခံရပြီ.."
သက်လတ်ပိုင်း မိန်းမကြီးဟာ ရေရွတ်လိုက်တာပါ..။
အဲအချိန်မှာပဲ.ပွဲစားတစ်ယာက်ဟာ ရှေ့တက်လာခဲ့တယ်.။
"မဒမ် ပန်ကိတ်ကို ရောင်းမှာလား..။ဒါကို ဒေါ်လာ ၁၀၀၀ နဲ့ ကျွန်တော် ပြန်ဝယ်မယ်.."
မိန်းမကြီးဟာ ပြောလိုက်တယ်..။
"ငါ့ကို စောက်ရူးများ ထင်နေတာလား..။နင် ပြန်ဝယ်ချင်တယ် ဆိုရင် ဒေါ်လာ ၂၀၀၀ ပေးမှ ရမယ်..။မဟုတ်ရင်တော့ မေ့လိုက်တော့.."
ပွဲစားဟာ ပြန်ပြောလိုက်တယ်..။
"ကောင်းပြီ အပေးယူ ဖြစ်ပြီ.."
တိမ်ဖြူလမ်းကို အခုမှ စရောက်ဖူးတဲ့ လူတွေဟာ ဒါကို မြင်ပြီး ကြောင်အသွားခဲ့ကြတယ်..။
"ဒေါ်လာ ၅၀ တန်ပန်ကိတ်ကို တကယ်ပဲ ဒေါ်လာ ၂၀၀၀ နဲ့ဝယ်သွားတာလား.."
"ဒါပေါ့ ဒါက မာစတာ လင်းရဲ့ ပန်ကိတ်ပဲလေ..။ပွဲစားတွေက စျေးနှုန်းကို အဆ အနည်းငယ်မြင့်ပြီးတစ်နေရာရာမှာ ပြန်ရောင်းမှာလေ.."
"ချီးပဲ အဆအနညး်ငယ် ထပ်မြင့်ဦးမှာလား.။ဘယ်စောက်ရူးကများ ဒါကို ဝယ်စားမှာလဲ..."
"ကောင်လေး..မင်းမမြင်ဖူးတာနဲ့ပဲ..မတည်ရှိဖူးလို့ မတွေးနဲ့လေ..။မင်း မတွေးနိုင်လောက်အောင် ချမ်းသာတဲ့ လူတွေ ကမ္ဘာပေါ်မှာ အများကြီးရှိတယ်.."
ပွဲစားဟာ ပိုက်ဆံကို ထုတ်ပြီး ငွေချေနေတာ တွေ့မှ သူတို့ ယုံကြည်သွားခဲ့ပါတယ်..။ဒေါ်လာ ၅၀ တန် ပန်ကိတ်က အခု ဒေါ်လာ ၂၀၀၀ ဖြစ်သွားခဲ့ ပါပြီ..။
ပွဲစားတွေဟာ လာတန်းစီကပြီး..သူတို့ဘာပန်ကိတ်မှ မရရင် ချက်ချင်း..ထွက်ခွာသွားကြပါတယ်..။ဒါက သူတို့ရဲ့ အလုပ်ကို ဘာထိခိုက်မူမှ မရှိပါဘူး..။
ဒါပေါ့ ပွဲစားတွေဟာလည်း နေ့တိုင်း ပန်ကိတ်ရနေတာ မဟုတ်ပေ..။တစ်ချို့ လူတွေက ပြန်မရောင်းချပဲ ကိူယ်တိုင်စားကြပါတယ်..။
လင်းဖန် ဒီကိစ္စတွေကို လံူးဝ စိတ်မဝင်စားပါဘူး..။တိမ်ဖြူလမ်း မှာ..လူစည်ကားနေသ၍ အကုန်အဆင်ပြေပါတယ်..။
ဘေးနားက ဆိုင်ပိုင်ရှင်တွေဟာလည်း နေ့တိုင်းပြုံးနိုင်ကြပါတယ်..ဘာလို့လဲ ဆိုတော့..သူတို့ရဲ့စီးပွားရေးတွေက မာစတာ လင်းရဲ့ အကူအညီကြောင့် ကောင်းနေလို့ပါ..။
ဝမ်မင်ယန် ၏ နေရာတွင်...။
ဆရာယန် ပြောလိုက်တယ်..။
"အကြီးအကဲ ဝမ်..အယ်ဘမ်အသစ်ကို တကယ် ထုတ်မှာလား..."
ဝမ်မင်ယန် ပြန်ပြောလိုက်တယ်..။
"အင်း.."
ဆရာယန် တွေဝေနေပြီး..
"အချိန်ကွာဟ ချက်က နည်းလွန်းတယ်..။ဒါက အနှုတ်လက္ခာတွေ ဆောင်နေလိမ့််မယ်.."
ဝမ်မင်ယန်ဟာ..လက်ဝေ့ယမ်းလိုက်ပြီး..
"အနှုတ်သဘော ဆောင်မယ် ဆိုရင်လည်း..အဆင်ပြေပါတယ်..။ကျုပ်ညီအစ်ကိုက ကြိုးစား ချင်တယ် ဆိုမှတော့..ထောက်ပံ့ပေးရမှာပေါ့..။ဆုံးရှံးမူနဲ့ ကြုံမယ် ဆိုရင်လည်း အဆင်ပြေပါတယ်.."
ဆရာ ယန်ဟာ အကူညီ မဲ့သွားပေမယ့် လည်း သိချင်နေခဲ့ ပါတယ်..။ဒီတစ်ခေါက်လည်း မာစတာ လင်း ဘယ်လို အံ့ဩစရာ သီချင်းမျိုးတွေ ဖန်တီးဦးမှာလဲ..မသိနိုင်ပါဘူး..။
သူ မာစတာ လင်းရေးတဲ့ "မိုးကောင်းကင်"သီချငိးတစ်ပုဒ်သာ သိပေမယ့် ..ဒါက အရမ်းကောင်းတယ် ဆိုတာကိုတော့ဝန်ခံရမှာပါ..။သို့ပေမယ့် ..မာစတာ လင်း ဒီလို သီချငိးကောင်းမျိုး အများကြီး ဆက်ပြီး ဖန်တီး နိုင်ဦးမလား ဆိုတာကတော့ ပြောဖို့ ခက်ပါတယ်..။
ဘာလို့လဲ ဆိုတော့ တေးရေး ဆရာတွေဟာ..သီချင်းကောင်း တစ်ပုဒ် နှစ်ပုဒ် လောက်သာ..ဖန်တီးနိုင်ကြပြီး..တစ်ခြား သီချငိးတွေကတော့ အမြဲတမ်း ပုံမှန်ပါပဲ..။