← Chapters

မစ်ရှင်အတွက် ပြင်ဆင်မူ

Vol. 23 Ch. 343

မစ်ရှင်အတွက် ပြင်ဆင်မူ

Vol. 23 Ch. 343

ဘာသာပြန် = စနိုးဝှိုက်

ဝမ်မင်ယန်၏ ရုံးခန်းတွင်.။

ယန်ချန်း.ဝူရွှန်းယွဲ့ နဲ့ ကျန်တဲ့ လူတွေ ဟာ ရှိနေကြတယ်..။

ဝမ်မင်ယန်ဟာ လင်းဖန်ကို ကြည့်လိုက်ပြီး..

"အယ်လ်ဘမ် အသစ်ထုတ်ဖို့ လို့ အလျင်လို နေရတာလဲ.."

လင်းဖန် ဘာလို့ စိတ်မရှည်ဖြစ်နေတာလဲ ဆိုတာ သူအခုထိ နားမလည်သေး ပါဘူးး..။

သို့ပေမယ့် လင်းဖန်ကတော့ သူ့ကို အမှန်အတိူင်း ပြောမှာ မဟုတ်ပေ..။မစ်ရှင် ပြည့်မြောက် အောင် လုပ်ဖို့ လား အဲလို ပြောလိုက်ရင် တုံးအရာ ကျသွားမှာပါ..။

"ဘာမှ မဟုတ်ပါဘူး.။ကျုပ်ဦးနှောက်ထဲမှာ စာသားတွေ နဲ့ ပြည့်နှက်နေပြီး..ဖန်တီးချင်စိတ်တွေ ဖြစ်နေတယ်လေ..။ဒါကြောင့် လုပ်ချင်တာ ..မဟုတ်ရင်နေရထိုင်ရတာ အဆင်ပြေမှာ မဟုတ်ဘူ."

ဒီဖြေရှင်းချက်က သင့်လျော်ပါတယ်..။

ဝမ်မင်ယန် ကြောင်အသွားခဲ့တယ်..။ဖြေရှင်းချက်က တော့ ကြားရတာ သဘာဝ ကြပါတယ်..။

ယန်ချန်း ဟာ..အတွေ့အကြုံ ရင့်ကျတ်တဲ့ တေးရေး ဆရာတစ်ယောက်ပါ..။သူလည်း ဒီဖြေရှင်းချက်ကို ဘာမှ ပြောစရာ မရှိပါဘူး..။ဒါပေမဲ့ တစ်ခြား တေးရေး ဆရာတွေ ကြားရင်တော့ ဒေါသထွက်ကြပါလိမ့်မယ်..။သူများတွေ..သီချင်းတစ်ပုဒ်ရဖို့ အမျိုးမျိုး ခံစားချက်သွင်းနေတဲ့ အချိန်မှာ လင်းဖန်က​ေတာ့ ခေါင်းထဲမှာ သီချင်းတွေ ပြည့်နေတဲ့ ပုံစံ ပြောနေခဲ့တာပါ..။

ဝူရွှန်းယွဲ့ဟာ အခုဆိုရင်..လူသိများတဲ့ တေးသံရှင် တစ်ယောက် ဖြစ်နေခဲ့ပါပြီ...။သူမ ရဲ့ အပြုအမူနဲ့ စကားလုံးတွေ ကို အများကြီး ထိန်းသိမ်းနေရပါတယ်..။ယင်းနောက် သူမပြုံးလိုက်ပြီး..

"ညီမကတော့ အစ်ကို လင်းရဲ့ တေး​ေရး စွမ်းရည်ကို အပြည့်အဝ ယုံကြည်မူ ရှိတယ်..။ဒါက မိုးကောင်းကင် သီချင်းလိုမျိုး တွေပဲ ဖြစ်မှာပဲ.."

လင်းဖန် ယုံကြည်မူ ရှိစွာ ပြုံးလိုက်တယ်..။

"ဒါပေါ့..အခု သီချင်းတွေက အဲ့ထက်တောင် ပိုကောင်းဦးမယ်.."

လင်းဖန်မှာ စွယ်စုံကျမ်းက ဖွင့်ပေးထားတဲ့ သီချင်းတွေ အများကြီး ရှိပါတယ်..။ဘယ်နှစ်ပုဒ် ဆိုတာ သူရေတောင် မရေတွက် နိုင်တော့ပါဘူး..။စွယ်စုံကျမ်းရဲ့ ရှင်းပြချက်မှာတော့ ဒါက တစ်ကမ္ဘာလုံးမှာ ကျော်ကြားခဲ့တဲ့ သီချင်းတွေ ဖြစ်ပြီး..ဘာသားမျိးစုံလည်း ပါဝင်ပါတယ်..။

တကယ်လို့ သူသာ သီချင်းဆိုတတိတဲ့ လူဆိုရင် ဒီသီချင်းတွေကို အသုံးပြုပြီး အခွေ တစ်ခွေလောက်ထုတ်ဖို့ ဝန်လေးနေမှာ မဟုတ်ပေ..။

ယန်ချန်း နဲ့ ဝမ်မင်ယန် တို့ဟာ လင်းဖန်ကို ကြည့်ပြီး အံ့သြနေခဲ့ကြတယ်..။ယန်ချန်ဟာ လင်းဖန် မိုးကောင်းကင် သီချင်းထက် ပိုကောင်းအောင် ရေးပြမယ် လို့ ပြောတာ ကြားတဲ့ အချိန်မှာ ကြွားဝါနေတယ် လို့သာ ခံစားလိုက်ရပါတယ်..။

"ခင်ဗျားမှာ စာရွက်နဲ့ ဘောပင် ရှိလား.."

လင်းဖန် မေးလိုက်တာပါ..။

ဝမ်မင်ယန် ကြောင်အသွားခဲ့တယ်..။

"ဘာလုပ်ဖို့တုန်း."

လင်းဖန် ဝမ်မင်ယန်ကို ကြည့်လိုက်ပြီး...

"ဘာဖြစ်ရဦးမှာတုန်း.။သီချင်းရေး ပေးမယ်လေ..။ပြီးတာနဲ့ ကျုပ်တို့ အသံသွင်း လို့ရပြီ.."

ယန်ချန် နဲ့ ဝမ်မင်ယန် တို့ ရှော့ရသွားခဲ့တယ်..။ဘေးနားက ဝူးယွန်းရွှဲ့ ပြောစရာ စကား ကင်းမဲ့နေခဲ့ပါပြီ..။အစ်ကို လင်းက ဒီလောက်အထိ အလျင်စလိုဖြစ်နေလိမ့်မယ် လို့ သူမ မထင်ထားခဲ့ပါဘူး..။

သူပြောတာက တကယ်ကြီးလား.။သူ့ ဦးနှောက်ထဲမှာ တကယ် သီချင်းတွေ အများကြီး ရှိနေတာ လား..။

လင်းဖန် စာရွက်နဲ့ ဘောပင်ကို ယူကာ ချက်ချငိး ရေးချလိုက်တယ်..။

ယန်ချန်းနဲ့ ဝမ်မင်ယန်ကတော့ တစ်ယောက်ကို တစ်ယောက် ရှုပ်ထွေးစွာ ကြည့်နေကြလို့ပါ..။ယင်းနောက် သူတို့ လင်းဖန် ဘက်ကို လှည့်လိုက်တယ်..။လင်းဖန် ရုတ်တရက် ရေးနေတာကို ရပ်တန့်လိုက်ပါတယ်..။သူ့ပုံစံက နက်နက်ရှိုင်းရှိုင်း တွေးနေတဲ့ ပုံပါပဲ..။

သူတို့က တော့ လင်းဖန် စာသားကို သေချာ တွေးနေတယ် လို့ ထင်နေကြပေမယ့်ဟလင်းဖန်ကတော့ ဘယ်သီချင်းကို ရေးရင် ကောင်းမလဲ လို့ တွေးနေခဲ့တာပါ..။ယင်းနောက် သူ စွယ်စုံကျမ်းက သီချင်းတွေကို အလျင်အမြန် ကူးချလိုက်တယ်..။

* စာရွက်တွေ၏ အသံများ*

ဘောပင်ဟာ အလျင်အမြန် ရွေ့လျားနေပြီး နောက်ဆုံးမှာတော့..စာရွကိတွေ ပြည့်သွားခဲ့ပါပြီ..။

ယန်ချန် ဟာ ဒါတွေကို ကြည့်နေရင်းကနေ..ကြောင်အနေခဲ့တယ်..။ဒါက တကယ် မယုံနိုင်စရာ ပါပဲ...။

ဝမ်မင်ယန်လည်း ဘာ​ေတွ ဖြစ်နေလဲ မသိပေမယ့် သူ့ညီအစ်ကို အံ့ဩဖို့ ကောင်းတာကိုတော့ သိထားပါတယ်..။ယင်းနောက်..သူ ယန်ချန်း ကို လှမ်းပုတ်လိုက်ပြီး..

"ဆရာ ယန် ဘယ်လို ထင်လဲ.."

"ငါမပြောနိုင်သေးဘူး..။သီချင်းတွေက ဘယ်လိုလ ဆိုတာကို ကြည့်ဖို့ လိုအပ်တယ်.."

ယန်ချန်းဟာ အလွန်အမင်း သိချင်နေခဲ့တယ်..။သူက အတွေ့အကြုံရှိတဲ့ တေးရေး ဆရာ ဖြစ်ပေမယ့် လည်း ဘာတွေ ဖြစ်လာမလဲ မပြောတတ်ပါဘူး..။သူ သီချင်း အမြန်ရေး နိုင်တဲ့ တေးရေး ဆရာတွေကို တွေ့ဖူး ပေမယ့် ဒီလောက်ထိ မြန်တဲ့ တေးရေး ဆရာမျိုး ကိုတော့ မတွေ့ဖူးပါဘူး..။

သို့ပေမယ် သူ သီချင်းတွေရဲ့ အရည်အသွေးကို ကြည့်ဖို့ လိုအပ်ပါသေးတယ်..။

အချိန် တချို့ ကြာပြီးနောက်..။

လင်းဖန် ဘောပင်ကို စားပွဲပေါ် ပြန်ထား လိုက်တယ်..။

"ကောင်းပြီ ပြီးသွားပြီ.."

ဝမ်မင်ယန်က သိပ်မသိ ပေမယ့် လည်း ဒါက ဆရာ ယန် မသိဘူး လို့ ဆိုလိုတာမဟုတ်ပါဘူး..။

"မာစာ လင်း ဒါပဲလား.."

လင်းဖန် ပြုံးလိုက်ပြီး..

"ဟုတ်တယ်..အလုပ်ဖြစ်လား ကြည့်ရအောင်.."

ဝူရွှန်းယွဲ့ဟာ..တေးရေးတစ်ယောက် မဟုတ်မေယ့်လည်း..စာသားတစ်ချို့ကို ဖတ်ကြည့်ကာ..မှတ်သားပြီး သီဆိုဖို့ လွယ်တာကို ခံစားလိုက်ရပါတယ်..။

ယန်ချန်..စာရွက်တွေကို သံသယဖြစ်စွာ ကြည့်ပြီး ဖတ်ကြည့်လိုက်တယ်..။

"အမှား တစ်ထောင် "

ငါတို့ နှစ်ယောက် အတူကုန်ဆုံး ခဲ့တဲ့ ညတွေကို ပြန်ကြည့် လိုက်ပါဦး.....

အပြာရောင် ကောင်းကင်က မင်းဖြစ်ပြီး..မင်းက သိပ်ကို လှပတဲ့ နေလုံးကြီးကို ငါ့ကို ပေးခဲ့တယ်လေ...

…

ဆက်ဖတ်နေရင်းကနေ..ယန်ချန် အံ့ဩသင့်နေခဲ့တယိ..။ယင်းနောက် သူလင်းဖန်ကို ကြည့်လိုက်ပြီး..

"မာစတာ လင်း.ဒီစာသားတွေက.."

သူရပ်တန့်လိုက်တယ်..။သူ ခံစားရ သလောက်တော့ ဒီ စာသားတွေက မာဒရင် ဘာသာစကားမဟုတ်ပါဘူး..။သဒ္ဒါ တွေက ထူးဆန်းလှပါတယ်..။

လင်းဖန် ပြုံးလိုက်ပြီး..

"ဒီသီချင်းက ကွမ်းတုံ လေ.."

"တကယ်ပဲ.."

ယန်ချန် ခေါင်းညိမ့်ကာ..လင်းဖန်ကို သိချင်စိတ်ဖြင့် မေးလိုက်တယ်..။

"!ဒါပေမဲ့ ဒီနေ့ခေတ်မှာ ကွမ်းတုံစကားနဲ့ သီချင်းတွေက အပေါက်တော့ဘူးလေ..။ဒါက ပြသနာ ရှိမယ် မထင်ဘူးလား.,"

လင်းဖန် လက်ရှိ အခြေအနေတွေကို မသိပေမယ့်..ဒီသီချင်းက စွယ်စုံကျမ်းက ဖြစ်တာကြောင့် လုံးဝ ကျဆုံးမှာ မဟုတ်ပါဘူး..။

"ဒါအဆင်ပြေပါတယိ..။ရွှန်းယွဲ့ ဆိုပြီးသွားရင်သာ ဘယ်လို နေမလဲ ကြည့်ကြရအောင်."

လင်းဖန် သူမနဲ့ စွယ်စုံကျမ်းကို ယုံကြည်ပါတယ်..။

ယန်ချန်ဟာ ဘာမှ ထပ်မပြောတော့ပေ...ဒီသီချင်းရဲ့ သံစဥ်တုန်းတွေက ကြင်နာ တဲ့ ပုံရှိပါတယ်..။သူတို့ ဘယ်လို ဖော်ပြရမလဲ မသိသေးပေမယ့် ကျိန်းသေ သီချင်းကောင်း တစ်ပုဒ္ ဖြစ်မှာပါ..။

ယင်းနောက် သူဆက်ဖတ်လိုက်တယ်..။

ဝမ်မင်ယန်ဟာ သိချင်စွာ မေးလိုက်ပါတယ်..။

"မင်း ဘယ်နှစ်ပုဒ် ရေးလိုက်တာလဲ.."

လင်းဖန် ပြန်ဖြေလိုက်တယ်..။

"ဆယ်ပုဒ်.."

"ဆယ်ပုဒ်လား..။ အယ်လ်ဘမ်က အဲလောက် သီချင်း အများကြီး မလိုဘူးလေ.."

လင်းဖန် ပြုံးလိုက်တယ်..။

"ဘာတွေ မှားနေလို့လဲ..။ဒါကို လိုင်းပေါ်တင်မှာ ဆိုတော့..သီချင်းများများ လုပ်ရမယ်.."

လင်းဖန်လည်း သီချင်းတွေ များတာကြောင့် ဘယ်အပုဒ်ကို ရွေးရမလဲ မသိပါဘူး..။သို့ပေမယ့်...ထိပ်ပိုင်းက သီချငိးတွေကို ရွေးထားတာဖြစ်တဲ့ အတွက် ပြသနာ မရှိသင့်ပါဘူး..။

"ကောင်းပြီ.."

ယန်ချန် ကြောင်အနေခဲ့တယ်..။သူ လင်းဖန်ကို ကြည့်လိုက်ပြီး..

"ကွမ်းတုံ သီချင်းက လွဲပြီး..တစ်ခြာသီချင်းတွေကိုတော့ ..အရေးကြီး အစိတ်အပိူင်းတွေ ငါ မမြင်နိုင်ခဲ့ဘူးး..။ဒါပေမဲ့ ဒီသီချင်းတွေက လက်ရှိပေါ်ပြူလာ ဖြစ်နေတဲ့ သီချင်းတွေနဲ့တော့ အတော်ကွဲပြားတယ်..။ဒီသီးချင်းတွေမှာ ခံစားချက်တွေကို အလေးထားပြီးတော့...အမြင့်သံ တစ်ခုမှ မရှိဘူး.."

လင်းဖန် ပြုံးလိုက်တယ်..။

"ဒါပေါ့ အမြင့်သံ တွေကို ဘာလို့ သုံးနေမှာတုန်း.."

တေးရေး ဆရာ တစ်ယောက်ဖြစ်တဲ့ ယန်ချန်ကတော့ ့ လင်းဖန်ကို လေးစားနေခဲ့ပါပြီ..။

"တကယ်ကို ​ေလးစားသွားပြီ ..ငါ လေးစားသွားပြီ..။ဒီမှာ ရှိတဲ့ သီချင်းတိုင်းက အတိတ်ကော..လက်ရှိကော ပေါက်နေတဲ့ သီီချင်းတွေကို ကျော်တက်နိုင်လိမ့်မယ် လို့ ယုံကြည်တယ်...။ဒီ သီချင်းတွေက အံ့ဩစရာပဲ.."

သီချင် ဆိုး နဲ့ သီချင်း ကောင်းဆိုတာက ခွဲခြားရတာ အရမ်း လွယ်ကူပါတယ်..။ပုံမှန်လူတစ်ယောက်တောင်မှ နားထောင်လို့ ကောင်းလိုက်တာ လို့ခံစားရရင် ဒါက သီချင်းကောင်း တစ်ပုဒ်ပါပဲ..။

All Chapters