သေချာ ကြော်ငြာလိုက်..
Vol. 23 Ch. 344
ဘာသာပြန် = စနိုးဝှိုက်
ဒါက တကယ်အံ့ဩဖို့ ကောင်းတယ်..။
ဝမ်မင်ယန်ကတော့ သူ့ညီအစ်ကို ရဲ့ စွမ်ဆောင်ရည်တွေကို အထင်ကြီးနေခဲ့ ပါပြီ..။သီးချင်းတွေ အကုန်လုံးလည်း ဖန်တီး လင်းဖန် ပဲ ဖန်တီးသွားခဲ့တာပါ..။အခုကျန်တာ ဆိုလို့ ဝူရွနး်ယွဲ့ လေ့ကျင့်ဖို့ ပါပဲ..။
ရက်အနည်းငယ် ကြာပြီးနောက်.။
ဝူရွှန်းယွဲ့ ဟာ ဝိုက်ဘိုပေါ်မှာ ပို့စ်တစ်ခု တင်လိုက်တယ်..။
"အယ်လ်ဘမ်အသစ် ဖြစ်တဲ့..'မျှော်လင့်ချက်' ဆိုတဲ့ အယ်လ်ဘမ်ဟာ မကြာခင်ထွက်ရှိတော့မှာပါ..။ဒီသီချငိးတွေကို ..မာစတာ လင်း ကိုယ်တိုင် ကူညီပြီး ရေးပေးထားတာပါ..။ဒီသီချင်းတွေက..လူကြိုက်အများဆုံး ဖြစ်ဖို့ ရည်ရွယ်ထားပါတယ်..။အားလုံးပဲ သဘောကျလိမ့်မယ် လို့ မျှော်လင့်ပါတယ်နော်.."
ဝူရွှန်းယွဲ့ဟာ အောင်မြင်ပြီးသား အဆိုတော် တစ်ယောက် ဖြစ်နေခဲ့ပါပြီ..။သူမရဲ့ ရောင်းအားက လည်း ကောင်းမွန်တယ် လို့ ပြောလိူ့ရပါတယ်..။သူ့မှာ ပရိတ်သတ် အများအပြား ရှိနေပြီဖြစ်ပြီး ဒီ ပို့စ်ကို မြင်တဲ့ အချိန်မှာ.. ကြောင်အသွားခဲ့ကြတယ်.။
သူတို့ရဲ့ အိုင်ဒေါ ရဲပ ပထမ အယ်လ်ဘမ်ဟာ ထွက်ရှိထားတာ မကြာသေးတဲ့ အတွက် အခုချိန် နောက်တစ်ကြိမ် ထပ်ထုတ် မယ် ဆိုရင် မြန်ဆန်လွန်းနေပါတယ်..။ဒါက မယုံကြည်နိုင်စရာ ပါပဲ..။
ဆွေးနွေးကြတဲ့ ပရိတ်သတ်တွေ ရှိနေသလို..ရွန်းယွဲ့ ကို စိုးရိမ် နေကြတဲ့ ပရိတ်သတ်တွေ လည်း ရှိကြပါတယ်..။
"ရွှန်းယွဲ့..အယ်ဘမ် အသစ်ကို မြန်မြန်ကြီး မထုတ်နဲ့လေ..။ဖြည်းဖြည်းချင်းလုပ်..အရည်အသွေးက သာ အဓိကပဲ.. အရေအတွက်က အဲလောက် အရေးမကြီးဘူး.."
"ဟုတ််တယ်..ပထမ အယ်ဘမ်ရဲ့ သီချင်းတွေက ကောင်းပါတယ်..။သီးချင်း တစ်ပုဒ် နှစ်ပုဒ္ လောက် မကောင်းတာ ရှိပေမယ့်လည်း အကုန်ခြုံကြညါ့ရင် ..ဒီနှစ်တွေထဲမှာ အတော်ကောင်းတဲ့ အထဲပါတယ်.."
"သီးချင်းတွေက..ဘယ်ဇယား မှာမှ ထိပ်ပိူင်း ဆယ်နေရာ မဝင်သေးတာကို..အခု ထပ်ထုတ်မယ် ဆိုတော့.အလျင်မလိုနေဘူးလား.."
"မင်း သေချာ လုပ်မှ ရမယ်နော်..။အလျင်မလို သင့်ဘူး.."
"မာစတာ လင်းက ဘယ်သူလဲ..မင်းတို့ သူ့ကို သိကြလား.."
"ဟင်အင်..ငါက တေးရေးတွေကို ဘယ်တော့မှ ဂရုမစိုက်ဘူး.."
"နည်းနည်း ရင်းနှီးနေသလိုပဲ..သူက မိုးကောင်းကင် သီချင်းကို ရေးတဲ့ သူထင်တယ်.."
"လူ အများဆုံး ဒေါင်းလော့ လုပ်ကြတာက..မိုးကောင်းကင် သီချင်းပဲ..။ဒီ တစ်ခေါက် သူ သီချင်းရေးပေးတာ ဆိုရင်တော့ ပိုပြီး မျှော်လင့်ချက်ရှိလိမ့်ယမယ်.."
"ငါတော့ အဲလို မထင်ဘူး..။ဒါက အလျင်လိုလွန်းတယ်..။သီချင်းကောင်းတွေက ဘယ်တော့မှ အမြန်ထွက်မလာတတ်ဘူး.."
ဝူရွှန်းယွဲ့ရဲ့ ပရိတ်သတ်တွေဟာ..ဒီကိစ္စကို စိုးရိမ်စွာ ဆွေးနွေးနေကြပါတယ်..။သူတို့သူမကို စအားပေးကတည်းက သူမကို ပိုပိုပြီး အောင်မြင်စေချင် ခဲ့တာပါ..။သူတို့က ခနလေး အောင်မြင်မူ အတွကိ အားပေးနေကြတာ မဟုတ်ပါဘူး..။ကြည့်ရတာ..ဝူရျနး်ယွဲ့ က အယ်လ်ဘမ်တွေ မြန်မြနိ ထုတ်ပြီး ပရိတ်သတ် များများရအောင် လုပ်နေတယ် လို့ ခံစားနေရပါတယ်..။
တစ်ချို့ အဆိုတော့ တွေဟာ..ဒီကိစ္စ ကို ဖတ်မိကြပြီး ဝိုက်ဘိုပေါ်မှာ စောင်းမြောင်းကာ ပိုစ့်တင်လိုက်ကြပါတယ်..။ဒါပေါ့ သူတို့ နာမည်တော့ ထည့်ရေးကြမှာ မဟုတ်ပါဘူး.။
"ဒီနေ့ခေတ်မှာ..တစ်ချိုလူတွေက ..အခြေခံတောင် လုံလောက်အောင် မရှိသေးပဲ..လမ်းလွယ်ကို လိုက်ချင်နေကြပြီ..။အမြင်ရောက်လေ ..အကျနာလေ ဆိုတာကိုတော့ သိထားသင့်တယ်နော်.."
ပရိတ်သတ်တွေဟာ လည်း..ဘယ်သူ့ကို ရည်ညွှန်းတာလဲ ဆိုတာ ဆွေးနွေး လိုက်ကြတယ်..။
ယန်ဂျန်ဟာ..ဂီတ လောက..ရဲ့ ဧကရီ တစ်ပါးအနေနဲ့ များပြားလှတဲ့ ရှိုးပွဲတွေမှာ ပါဝင်ခဲ့ ပါတယ်..။
အခုလည်း သူမ ရှိုးပွဲအတွက် အလုပ်ရှုပ်နေခဲ့တာပါ..။သူမ ဝိုက်ဘို သုံးတိုင်း..ဝူရွှန်းယွဲ့ ရဲ့ အခြေအနေကို ဝင်ကြည့်ဖြစ်ပါတယ်..။ဘာပဲဖြစ်ဖြစ် အရင်တစ်ခေါက် ပြသနာက သူမကြောင့် ဖြစ်လာခဲ့တာပါ..။
ယန်ဂျင်ရဲ့ မန်နေဂျာဟာ ရောက်လာခဲ့တယ်..
"အစ်မယန်.. ဒီမိန်းကလေးရဲ့ ဝိုက်ဘိုကို ကြည့်လိုက်ဦး..။သူမက..အယ်လ်ဘမ်အသစ်ကို ထပ်ထုတ်ဖို့ လုပ်နေတာ.."
ယန်ဂျင်ရဲ့ မန်နေဂျာ တစ်ယောက်အနေနဲ့ သူမ တစခါတစ်လေ ကလေးလေး တစ်ယောက်လို နေဖို့ လိုအပ်ပါတယ်..။အရာရာတိုင်းက ယန်ဂျင် ဆုံးဖြတ်တာဖြစ်ပြီး..သူမကတော့ ယန်ဂျင် လမ်းညွှန်တဲ့ အတိုင်း လိုက်လုပ်ရုံပါပဲ.။
ယန်ဂျင် ဒါကို ကြားတဲ့ အချိန်မှာ.သူမ ဝိုက်ဘိုကို ကြည့်လိုက်ပြီး..ရယ်မောလိုက်တယ်..။သို့ပေမယ့်သူမတို့ မာစတာ လင်းရဲ့ နာမည်ကို မြင်တဲ့ အချိန်မှာ..သူမရဲ့ မျက်နှာ အမူအရာပျက်သွားခဲ့ပါတယ်..။
"ဒီငနဲက ငါ့ကို အသံသစ် အစီစဥ်မှာ အရှက်ခွဲ သွားတာ ငါ သူ့ကို ဘာမှ ပြန်မတုန့်ပြန်ရသေးဘူး.."
မန်နေဂျာ ဟာပြောလိုက်တယ်..။
"အစ်မယန်..ရှန်ဟိုင်းက ..အကြီးအကဲ စီ နဲ့ ဆက်ဆံရေး ကောင်းတွေ ရှိတယ်မလား..။ဘာလို့ သူ့ကို နည်းနည်း မကြည့်ခိုင်းတာလဲ.."
ယန်ဂျင် လက်ဝေ့ယမ်းလိုက်ပြီး..။
"ဒါက အသေးအဖွဲလေးပဲ..ဘာမှ လုပ်စရာ မလိုသေးဘူး..။သူ့ရဲ့ တေးရေး အစွမ်း ဘယ်လောက် ရှိလဲ ဆိုတာ စောင့်ကြည့်လိုက်ရအောင်.."
ယင်းနောက် ယန်ဂျင်ဟာလည်း ဝိုက်ဘိုမှာ ပိုစ့်တင်လိုက်ပါတယ်.။
"နင်က အချိန်အနည်းငယ် အတွင်းမှာ အတော်အောင်မြင် ချင်နေတာပဲ.။နင့်မှာ အခြေခံ ကောင်းတွေ ရှိနေဖို့တော့ လိုတယ်နော်.။အခြေခံ မရှိရင် နင်သေလိမ့်မယ်နော်.."
ယန်ဂျင် ဟာ..ဂီတ လောကရဲ့ ..ပုံရိပ်ကြီး တစ်ခု လိုဖြစ်နေတဲ့ အတွက်..ဝူရွှန်းယွဲ ယှဥ္နိုင်တဲ့ လူတစ်ယောက်မဟုတ်သေးပါဘူး..။
ဝူရွှန်းယွဲ့ဟာ အဆိုတော့ အသစ်ပဲ ဖြစ်သေးတာကြောင့် ဂီတ လောကက လူအများစုဟာ သူမရဲ့ တည်ရှိမူကိုတောင် မသိကြသေးပါဘူး..။
ယန်ဂျင်ဟာ ဝိုက်ဘိုမှာ ပို့စ်တင်ပြီး.ကျေနပ်သွားခဲ့တယ်.။
မန်နေဂဟာ အလျင်စလို ပြောလိုက်တယ်..။
"အစ်မ ယန် ..တစ်စုံတစ်ယောက်က ဒီှာ အပြစ်တင်နေပြီ.."
ယန်ဂျင် ပြောလိုက်တယ်..။
"တစ်ယောက်ယောက် အပြစ်တင်တာက ပုံမှန်ပဲလေ..။ကိစ္စကြီးမှ မဟုတ်တာ."
မန်နေဂျာ ပြန်ပြောလိုက်တယ်...။
"မဟုတ်ဘူး.ဒါက အစ်မမုန်းနေတဲ့ မာစတာ လင်းပဲ..။သူအခု မှတ်ချက်ကနေ ကျိန်ဆဲထားတာ.."
ယန်ဂျင်မျက်မှောင်ကျုတ်လို်က်တယ်..။ယင်းနောကိ သူမ ဝိုက်ဘိုကို ဖွင့်လိုက်ပြီး မှတ်ချက်ကို ချင်းချင်းကြည့်လိုက်ပါတယ်..။
လင်းဖန် : အရူးမ
မန်နေဂျာ ပြောလိုက်တယ်။
"အစ်မယန် စိတ်မဆိုးပါနဲ့..။ဒီလို စောက်ရူးကို.လွတ်ထားသင့်တယ်.."
သို့ပေမယ့် ယန်ဂျင်ဟာ သည်းမခံနိုင်ပဲ စာပြန်လိုက်ပါတယ်..။
"အဆန့်အတန်း မရှိတဲပ လူတစ်ယောက်ဆိုရင် ငါ့ဝိုက်ဘိုကနေ ထွက်သွားလိုက်ပါ.."
လင်းဖန် : အရူးမကြီး..
ချီးပဲ
ယန်ဂျင်ဟာ ဒေါသထွက်လာပြီး ထပ်သည်းမခံနိုင်တော့ပေ..။
မန်နေဂျဟာ သူမကို နှစ်သိမ့်လိုက်ပါတယ်..။
"အစ်မယန် ဒေါသမထွက်ပါနဲ့..။ဒီလို လူမျိုးဆီမှာ ခွန်အားတွေ အကုန်ခံစရာ အကြောင်း မရှိဘူး.."
ယန်ဂျင် အသက်ပြင်းပြင်းရူပြီး ရေရွတ်လိုက်တယ်..
"ဟုတ်တယ် ..ငါ ဒေါသမထွက်သင့်ဘူး.."
မန်နေဂျာဟာ ခေါင်းညိမ့်လိုက်ပါတယ်..။ဒီလို လူအတွက် ဒေါသထွက်နေဖို့ မလိုပါဘူး.။
ရုတ်တရက် ယန်ဂျင် သူမအကောင့်မှာ ပြောင်းလဲမူတွေ ဖြစ်နေတာ သတိထားမိလိုက်ပါတယ်..
သူမနဲ့ နာမည်တူနေတဲ့ အကောင့်တွေ အများကြီး ပေါ်လာခဲ့တာပါ..။
ယန်ဂျင် ၁ : ငါက ယန်ဂျင်ပဲ..။ငါက အရူးတစ်ယောက်ပါ..။
ယန်ဂျင် ၂ : ငါက ယန်ဂျင်ပဲ..။ငါက အရူးတစ်ယောက်ပါ..။
…
ယန်ဂျင် ၉၉၉ "...."
လင်းဖန် ; " အထူး လိမ်ညာ ကြီးမားတဲ့ အရူးမကြီး ယန်ဂျင်.."
…
"ငါ သည်းမခံနိုင်တော့ ဘူး."
ယန်ဂျင်ဟည သူမနဲ့နာမည်တူတဲ့ အကောင့်မျာစွာကို မြင်ပြီး ထပ်သည်းမခံနိုင်တော့ ပါဘူး..။
"ခွေးသား လင်း..ငါနင့်ကို အရှက်ခွဲပြမယ်..။ငါ့ရှေ့နေဆီက စာကိုသာ စောင့်နေလိုက်တော့."
လငိးဖန် : နင်က ကမ္ဘာပေါ်မှာ အရူးဆုံးပဲ..။
တိမ်ဖြူလမ်း.။
ကျောက်ကျန်းယန် မေးလိုက်တယ်..။
"မာစတာ လင်း ဘာလို့ ယန်ဂျင်ကို ရုတ်တရက်ကြီး သွားပြီး ကျိန်ဆဲနေတာလဲ.."
လငိးဖန် ခေါင်းမော့ပြီး တည်ငြိမ်စွာ ပြောလိုက်တယ်...။
"ငါက ကြော်ငြာဖို့ ကြိုးစားနေတာပါ.."
ချီးပဲ..
ကျောက်ကျန်းယန်ဟာ..ဒါကို ကြားပြီး ကြောင်အသွားခဲ့တယ်..။
ဒါက ဘယ်လို လူသိများအောင် ကြော်ငြာနည်းလဲ...
လင်းဖန်ကတော့ ဝူရွှန်းယွဲ့ အတွက်သီချင်းရေးပြီ အယ်လ်ဘမ်ထုတ်ပေးရုံ နဲ့..သူ့ရဲ့မစ်ရှင် ပြီးမြောက်ပါ့မလား ဆိုတာကို အနည်းငယ် သံသယဖြစ်နေခဲ့တာပါ..။ဒါကြောင့် အောင်မြင်ဖို့ ရာခိုင်နှုန်းများချင်တယ် ဆိုရင် သူပိုပြီး ပြင်ဆင်ထားသင့်ပါတယ်..။