ဒါက ငါတို့ရဲ့ ပိုင်နက်ပဲ...
Vol. 23 Ch. 345
ဘာသာပြန် = စနိုးဝှိုက်
လင်းဖန် စဥ္းစားနေတုန်းမှာပဲ အကြံကောင်းတစ်ခုကို တွေးမိပြီး ဝိုက်ဘိုပေါ်မှာ ပိုစ့်တင်လိုက်ပါတယ်..။
လင်းဖန်..
"ယန်ဂျင်ကို ကျိန်ဆဲရဲတဲ့ ဘယ်အဆိုတော်ကို မဆို အမ်လ်ဘမ်..သီချင်းရေးပေးမယ်..။ငါ ဒဏ္ဌာရီလာ တေးရေးဆရာ မာစတာ လင်း ပဲ.."
ဒီပို့စ် လိုင်းပေါ်ကို ရောက်သွားတဲ့ အချိန်မှာ လူတိုင်း ကြောင်အသွားခဲ့တယ်..။
"666 စစ်ပွဲတော့ ဖြစ်တော့မယ် ထင်တယ်..။ဒါက ဘယ်လို တုံးအတဲ့ ပိုစ့်မျိုးလဲ မင်းကလွဲပြီး ဘယ်သူမှ..ယန်ဂျင်ကို မကျိန်ဆဲ ရဲကြဘူး..။သူတို့ ကိုယ့်ပြသနာ ကိုယ်ရှာသလို ဖြစ်နေကြမှာပေါ့.."
"ချီးပဲ သတင်းကြီး ဖြစ်လာပြန်ဦးမယ်..။မာစတာ လင်းက ယန်ဂျင်ကို ဒေါသထွက်အောင် သွားဆွနေတာပဲ..!
"ဘာတွေ ဖြစ်နေတာလဲ..။ငါ အခုမှ ဒီပိုစ့်ကို ဖတ်မိတာ..ဘာတွေ ဖြစ်နေတာလဲ မသိဘူး.."
"တူတူပဲ..ငါလည်း ဘာတွေ ဖြစ်နေတာလဲ မသိဘူး.."
…
ဝူယူလန် လင်းဖန်ကို အံ့ဩသင့်စွာ ကြည့်လိုက်တယိ..။
"ငါတော့ နင့်ကို ဘယ်သူမှ ကူညီမှာ မဟုတ်ဘူးလို့ ထင်တယ်နော်.."
"ငါ သိတယ်.."
လင်းဖန် ခေါင်းညိမ့်လိုက်ပါတယ်..။
ဝူယူလန် ပြောစရာ စကား ကင်းမဲ့သွားခဲ့တယ်..။
"သိရဲ့သားနဲ့..ပို့စ်တင်သေးတာလား.."
လင်းဖန် ပြုံးလိုက်ပြီး..
"ငါက ကိုယ့်ကိုကို ကျော်ကြားအောင်လုပ်နေတာ.ဒါပေမဲ့ ငါပြောနိုင်တာက အချိန်ခနကြာတဲ့ အချိန်မှာ..အဆိုတော့တွေက သူတို့ ဒီအချိန်အရေးကို လက်လွှတ်လိုက်မိလို့ နောင်တရနေလိမ့်မယ်.."
ဒီအကြောင်းပြချက်က သူမကို ဆွံ့အစေပေမယ့်..သူမဘာမှ ထပ်မမေးတော့ ပါဘူး..။
လူလိမ် ထျန် ခေါင်းခါယမ်း လိုကိတယ်..။
"မင်းက ပြသနာ မရှာပဲ နဲ့ ဘာလို့ ..သက်သောင့်သက်သာ မနေတာလဲ.."
လင်းဖန် လူလိမ် ထျန်ကို ကြည့်လိုကိတယ်..။
"ကျုပ်မှာ ဘာမှ လုပ်စရာ မရှိဘူလေ..။တကယ်လို့ ကျုပ်စိတ်ဝင်စားစရာ တွေလျောက်မလုပ် နေဘူး ဆိုရင် ပျင်းဖို့ ကောင်းသွားမှာပေါ့.."
လင်းဖန် ရဲ့ အကြံဥာဏ်က ေကာင်းမွန်ခဲ့တယ် လို့ပြောလို့ရပါတယ်..။
ယန်ဂျင်က ဂီတလောက မှာ ပုံရိပ်ကြီး တစ်ခုရှိပြီးအတွေ့အကြုံ တွေလည်း အများကြီး ရှိတဲ့ လူတစ်ယောက်ပါ..။သူမသာ စစ်ပွဲတစ်ခု စတင်မယ် ဆိုရင် လူအမြောက်အများရဲ့ အာရုံစိုက်မူကို ရစေပါလိမ့်မယ်..။
တစ်ချို့ သတင်းဌာန အသစ်တွေဟာ ဒီကိစ္စကို စတင်ပြီး မြင်လာကြတယ်..။
ဒါက အရင် သတင်းဟောင်း နဲ့တောင် သက်ဆိုင်နေပါသေးတယ်..။
နိုစီပါကာ ဆိုတဲ့ သတင်းဌာန တစ်ခုဟာ..ဒီကိစ္စကို သတင်းမ အဖြစ်ရေးသားလိုက်တယ်..။
လငိးဖန် ဒီပို့စ်ကို မြင်တဲ့ အချိနိမှာ ပြုံးလိုက်တယ်..။အင်တာနက်ပေါ်မှာလည်း တကယ် စွမ်းဆောင်နိုင်စွမ်း ရှိတဲ့ လူတွေ ရှိနေပါသေးတယ်..။ဒီ ဌာနက အချိန်တိုလေးအတွင်းမှာ ဒီသတင်းကို မြင်နိုင်ခဲ့တာပါ..။
…
ယန်ဂျင်ကတော့ ဆွံ့အနေခဲ့ပါပြှီ..။
"ဒီငနဲက ငါနဲ့ ကစားပွဲတစ်ခုလောက် ကစားချင်နေတာနဲ့ တူတယ်..။ဟုတ်တယ် မလား.."
မန်နေဂျာ ပြန်ပြောလိုကိတယ်..။
"အစ်မယန် .အကြီးအကဲ စီ ကို အကူညီတောင်းလိုက်မလား.."
ယန်ဂျင် လက်ဝေ့ယမ်းလိုက်တယ်..။
"မလိုအပ်ဘူး..။ဒီငနဲကြောင့် ဘယ်သူ့ကိုမှ..ကျေးဇူးအကြွေးတင်စရာ မလိုဘူး.."
…
လင်းဖန်ရဲ့ ဝိုက်ဘို ပရိတ်သတ်တွေလည်း အံ့ဩနေခဲ့ကြတယ်..။
"ဘာတွေဖြစ်နေတာလဲ...။ဘာလို့ မာစတာလင်းက အောင်မြင်နေတဲ့ အနုပညာရှင်ကို သွားတိုက်ခိုက်တာလဲ.."
"ငါ လည်း မသိဘူး..။မာစတာ လင်းက ..ငါတို့နဲ့ဝေးဝေးသွား သလိုပဲ..။အရင်တုန်းက ဆို သူက ပန်ကိတ်လေးပဲ အေးအေးဆေးဆေး ရောင်းနေတာလေ..။အခုတော့ သူက ဖျော်ဖြေရေး လောကရဲ့ နေရာတိုင်းမှာ ပါနေသလိုပဲ.."
"အံ့ဩဖို့ ကောင်းတယ်..။မာစတာ လင်းက..ဒီကမ္ဘာပေါ်မှာ အံ့ဩဖို့ အကောင်းဆုံးပဲ..။သူက ယန်ဂျင်ကိုတောင် စိန်ခေါ်ရဲတယ်နော်."
လူအများကြှီးဟာ ဒီကိစ္စကို ဆွေးနွေးနေကြပြီး..လီမူဇီ နဲ့ လုဒေါင်ရမ်ကတော့ ယန်ဂျင်ရဲ့ ဘက်မှာနေပြီး လင်းဖန်ကို တိုက်ခိုက်နေခဲ့ပါတယ်..။
ဒီစစ်ပွဲဟာ လူအများကြီး ရဲ့ မျက်စိရှေ့ကို ရောက်သွားခဲ့တယိ.။တစ်ချို့ အနုပညာရှငိ တွေဟာ ဒီပိုစိ့ကို မြင်ပြီး လင်းဖန်ကို အထင်သေးနေကြပါပြီ..။ယန်ဂျင်ကို ကျိန်ဆဲမယ် ဆိုရင် သီချငိးရေးပေးမယ် ဆိုတာက သူတို့ အတွက်တော့ ဟာသ တစ်ခုလိုပါပဲ..။
ဒီလောကမှာ ပုံရိပ်ကြီးလာမယ် ဆိုရင်တောင် သူတို့ ယန်ဂျင်ကို မကျိန်ဆဲရဲ ကြပါဘူး..။ဒါအပြင် ဘယ်လို သီချငိးမျိုးလဲ ဆိုတာ သူတို့လဲ မပြောနိုင်ကြပေ.။ဒီလူက တေးရေးတွေ ကြားတဲမှာတောင် ကျော်ကြားတဲ့ ပံူစံ မရှိပါဘူး..။သူက ဒီလို ပြောဖို့ အရည်အချင်း မရှိပေ..။
ဒါကြောင့်..ဒီပိုစ့်ကို လူအများက ကျော်သွားကြပြီး ဟာသတစ်ခု အဖြစ်သာ ထားခဲ့လိုက်ကြပါတယ်..။
…
ယင်းနောက်ဝမ်မင်ယန် ဖုနး်ခေါ်လာခဲ့တယ်.
"ညီအစ်ကို ဘာလို့ ယန်ဂျင်နဲ့ သွားတိုက်ခိုက်နေတာတုန်း.."
ဝမ်မင်ယန် ဒီ ညီအစ်ကိုကို လေးစားနေခဲ့ ပါပြီ..။ဒီကောင်က တကယ် ပြသနာ အရှာနိုင်ဆုံး လူတစ်ယောက်ပါပဲ..။အသံသစ် အစီစဥ် တုန်းက ပြသနာက အတိတ်မှာ ကျန်ခဲ့ပြီးပါပြီ ဒါပေမဲ့ ဒီကိစ္စကြောင့် မီဒီယာ တွေက ပြန်ဖော်ပြကြပါတော့မယ်..။
လင်းဖန် ပြန်ပြောလိုက်တယ်..။
"ဘာမှ မဟုတ်ဘူး..ဒီတိုင်း လုပ်ချက်လာလို့..။ဘာပဲဖြစ်ဖြစ် ကျုပ် အကုန်လုံးကို ထိန်းချုပ်ထားတယ်..။ယန်ဂျင်ရဲ့ ပိုစ့်က ကျုပ်တို့ကို ပစ်မှတ်ထားထားမှတော့ ဘာလို့ သူ့ကို မျက်နှာသာ ပေးရမှာလဲ.."
ဝမ်မင်ယန် ပြန်ပြောလိုက်တယ်..။
"ဒါအမှန်ပဲ.."
လင်းဖန် ထပ်မေးလိုက်တယ်..။
"အယ်လ်ဘမ် ပြင်ဆငိတာရော အခြေအနေ ဘယ်လို ရှိလဲ.."
"တီးလံူးတွေကတော့ အကုန်ပြင်င်ပြီးသွားပြီ..။ဝူရွှန်းယွဲ့ကတော့ အခုထိ လေ့ကျင့်နေတုန်း ပဲ..။ဒီ သီချင်း ဆယိပုဒ်လုံးက ရိုးရှင်းတော့ ဝူရွှန်းယွဲ့က အစွမ်းကုန် ကြိုးစားပြီး သီဆိုချငိနေတာ.."
လင်းဖန် ပြန်ပြောလိုက်တယ်.။
"အရမ်းကြီးလည်း မလိုပါဘူး.ဒီတိုင်း ဆိုပြီးသာ မကြာခင်ထုတ်လိုက်..။အိုး ဟုတ်သားပဲ..မာစတာ လင်းဆို တဲ့ စာလဲုးကို ကြီးကြီးလေး ထည့်ဖို့မမေ့နဲ့နော်.."
ဝမ်မင်ယန် ပြောလိုက်တယ်..။
"ဘာလို့ ပန်ကိတ်ရောင်းတာကို နားပြီး..သိချင်းလာမရေးတာလဲ..။ဒီအလုပ်က ရိုးရှင်းပြီး ဘာမှလည်း လုပ်စရာ မရှိဘူး.."
လငိးဖန်ပြန်ပြောလိုက်တယ်.။
"တော်လိူက်တော့..ကျုပ်ပန်ကိတ်ရောင်းတာကို စွန့်လွတ်မှာ မဟုတ်ဘူး..။ဒါက ကမ္ဘာကျော်သွားရင်တော့ တစ်မျိုးပေါ့.."
"ဒါက ရည်မှန်းချက်ပေါ့..။ငါမင်းကို ပံ့ပိုးပေးမယ်.."
ဝမ်မင်ယန် လေးလေးနက်နက် ပြောလိုက်တာပါ..။
ဖုန်းချပြီးနောက်..လင်းဖန် လိုင်းပေါ်မှာ ဖြစ်နေတဲ့ အရာကို ထပ်ပြီး ဂရုမစိုက်တော့ဖို့ ဆုံးဖြတ်လိုက်တယ်..။ဘာပဲဖြစ်ဖြစ် သူက အနုပညာရှင် မဟုတ်တဲ့ အတွက် သူ့ကို ဒီလောက်အထိ အကျိုးမသက်ရောက်စေ ပါဘူး..။
ယင်းနောကိ အပြင်ကနေ တစ်စုံတစ်ယောက်အော်သံကြားလိုက်ရပါတယ်..။
"တစ်ယောက်ယောက် အရိုက်ခံနေရပြီ..တစ်ယောက်ယောက် အရိုက်ခံနေရပြီ.."
လင်းဖန် ဒါကို ကြားတဲ့ အချိန်မှာ ကြောင်အသွားခဲ့တယ်..။
ဘယ်သူက တိမ်ဖြူလမ်းမှာ ရိုက်နှက်ရဲတာလဲ....
အကြီးအကဲ လိန်ပြောလိုက်တယိ..။
"သူဌေးလေး အမြန်..လာကြည့်ဦး..။ဒီမှာ တိုက်ခိုက်မူတစ်ခု ဖြစ်နေပြီ.."
လင်းဖန် ကြောင်အသွားခဲ့တယ်..။
"ဘာတွေဖြစ်နေတာလဲ.."
အကြီးအကဲ လိန် ပြောလိုက်တယ်..
"ငါလည်း မသေချာဘူး..။ငါကြားတာတော့ လူအိုကြီးတစ်ယောက်က.. လှည်းနဲ့ မက်မွန်းသီး ရောင်းဖို့ လုပ်တာကို..စည်ပင် အရာရှိတွေက ဖမ်းဆီး လိုက်ကြတယ်..။အခု..သူတို့ တိုက်ခိုက်နေကြပြီ ထင်တယ်.."
"ချီးပဲ ဒီလို ဖြစ်ပြန်ပြီလား.."
လင်းဖန် ကြောင်အသွားခဲ့တယ်.။
အကြီးအကဲ လိန်ပြန်ပြောလိုက်တယ်.။
"ငါလည်း သေချာတော့ မသိဘူး."
လူလိမ်ထျန်နဲ့ ကျန်တဲ့ လူတွေဟာ အမြန်ထွက်သွားလိုက်ကြပါတယ်..။
အရင်တုန်းက လင်းဖန်..စွယ်စုံကျမ်း မရှိခင်မှာ စည်ပင်အရာရှိတွေကို မြင်တိုင်း..အသည်းအသန်ပြေးထွက် ခဲ့ရပါတယ် .။သို့ပေမယ့် အခုက မတူပါဘူး.။ဒီလူအိုကြီး..ဒီနားမှာ မက်မွန်းသီး စတင်ရောင်းတုန်းက..တိမ်ဖြူလမ်းက ဆိုင်တွေကို မက်မံန်းသီနဲ့ လာကမ်းလှမ်းခဲ့ပါတယ်.။ဆိုင်ပိုင်ရှင် တွေဟာ မက်မွန်းသီကို လက်မခံပေမယ့်လည်း..အဖိုးကြီး..တိမ်ဖြူလမ်းမှာစျေးရောင်းတာကိုတော့ သဘောတူခဲ့ကြတာပါ..။
ဘာပဲဖြစ်ဖြစ်..ဒါက စီးပွားရေး လမ်းတစ်ခုဖြစ်တာကြောင့် သူ လမ်းလယ်ခေါင်မှာ စျေးဆိုင်လာမဖွင့်သ၍ အဆင်ပြေပါတယ်..။ထပ်ပြောရရင် ဒီလူက သုံးဘီး သုံးတာတောင် မဟုတ်ပဲ စက်ဘီးနောက်မှာ ခြင်းတောင်နှစ်ခု တပ်ဆငိထားတာပါ..။
သူတို့ ရောက်တဲ့ အချိန်မှာတော့ လူတွေ အများကြီး ရှိနေခဲ့ပါပြီ..။သို့ပေမယ့် ဒီလူတွေ အများကြီးက မြို့သားတွေပါ..။
ဆိုင်ပိုင်ရှင်တွေလည်း ရောက်လာခဲ့ကြပါတယ်.။
အသက် ၇၀ ကျော်အဖို့အိုဟာ..ကြွက်သားတွေနဲ့ လူသုံးယောက်ကြောင့်..မြေကြီးပေါ်မှာ လဲနေခဲ့တယ်..။မြေကြီးဆိုတာက အပေါ်ရဲ့ နေအပူရှိန်ထက်ပိုပြီး ပူတဲ့ အရာပါ..။စက်ဘီးကတော့ ဘေးနားမှာလဲနေပြီး..မက်မွန်းသီးတွေကတော့မြေကြီး ပေါ်မှာ ပျံ့ကျဲနေခဲ့ပါပြီ..။
"ချိီးပဲ မင်းတို့ အကုန် အခုရပ်လိုက်."
လင်းဖန်အော်လိုက်တာပါ..။
စီရင်စုက အခုဆိုပြောင်းလဲနေခဲ့ပါပြီ..။လီရှောင်ရှမ်း ဦးဆောင် တုန်းကလို မဟုတ်ကြတော့ ပါဘူး.။အခုတော့ မကောင်းတဲ့ လူတွေ နဲ့ ကောင်းတဲ့ လူတွေရောနေတဲ့ အချိန်လို့ ပြောလိုရပါတယ်..။
သို့ပေမယ့် သူတို့ လင်းဖန်အော်ပြီးတဲ့ အထိ မရပ်တန့်ကြပေ..။ဒါကြောင့် လင်းဖန် ရှေ့ကို အမြန် ပြေးထွက်ကာ သုံးယောက်လုံး ကို စောင့်ကန်လိုက်ပါတယ်..။ယင်းနောက်..သူ အဖိူးကြီးကို ကူညီပြီး ကာကွယ်ပေးလိုက်တယ်..။
ယင်းနောက် လင်းဖန် သူ့ရှေ့က လူခုနှစ်ယောက်လောက်ကို ကြည့်လိုက်ပြီး..
"မင်းတို့ ဘာလိုချင်တာလဲ.."
ခုနက အကန်ခံလိုက်ရတဲ့ လူသုံးယောက်ဟာ ဒေါသထွက်သွားခဲ့ပြီး..
"အခု မင်း ငါတို့ကို ကန်လိုက်တာလား.."
"ဟုတ်တယ်..မင်းဘာလို့ သူ့ကို ရိုက်တာလဲ..။အဖိူးကြီးတစ်ယောက်ကို ရိုက်နှက်တာ မင်းတို့ သုံးယောက် မရှက်ဖူးလား..။မြေကြီးက ဘယ်လောက်တောင် ပူလဲ မသိဘူးမလား..။မင်းတို့ ခံစားကြည့်ရင်ရောဘယ်လိုလဲ.."
လင်းဖန် အပြစ်တင်လိုက်တယ်..။
လူငယ်တစ်ယောက်ဟာ..ပြန်ပြောလိုက်တယ်..။
"မင်းက ဘာမို့လို့ ငါတို့ အလုပ်ကို ဝင်စွတ်ဖကိတာလဲ.."
နောက်ထပ်လူတစ်ယောက်ဟာ..စက်ဘီကို လက်ညိုးထိုးလိုက်ပြီး.
"အကုန်လုံးကို ဌာနဆီ သယ်ခဲ့လိုက်.."
လင်းဖန် အော်လိုက်တယ်..။
"ဘာတစ်ခုမှ မထိနဲ့.."
သို့ပေမယ့် စည်ပင်အရာရှိတွေဟာ လင်းဖန်စကားကို ဂရုမစိုက်ကြပေ..။
လင်းဖန် ဆိုင်ပိုင်ရှင်တွေကို ကြည့်ပြီးအော်လိုက်ပါတယ်..။
"အတူတူ လုပ်ကြရအောင်.။ထွက်ပေါက်တွေကို ပိတ်လိုက်..တိမ်ဖြူလမ်းက ကျုပ်တို့ ပိုက်နက်ပဲ သူတို့ လူပ်ချင်တိုင်း လုပ်လို့ မရဘူး..။မင်းတို့ သေချာမဖြေရှင်းရင် မင်းတို့ ၇ ယောက်လို့ ပြန်လို့ ရမယ် မထင်နဲ့..။ဘာလို့ ဒီနေ့ခေတ် စည်ပင်တွေက ကွဲပြားသွားကြတာလဲ..။မင်းတို့ အဲလောက်အထိ ကြမ်းတမ်းဖို့ လိုအပ်လို့လား..."
အကြီးအကဲဟန်ကတော့ မျက်နှာနီရဲနေပြီး ဒဏ်ရာတစ်ခုလည်း ရှိနေခဲ့ပါတယ်..။သူ ငြင်သာစွာ ပြောလိုက်တယ်..။
"သူဌေးလေး.."
လင်းဖန် လက်ဝေ့ယမ်းလိုကိတယ်..။
"အဆင်ပြေတယ်..ဒါက တိမ်ဖြူလမ်းဆိုတော့ ခင်ဗျားစျေးရောင်းတာ ဘာမှမဖြစ်ဘူး.။သူတို့က ဘာကို တားဆီးချင်နေတာ့ဲ.။ကျုပ်တို့နဲ့ ထားထားလိုက်."
တိမ်ဖြူလမ်းရဲ့ စည်းလုံးမူကို ပြသဖို့ အ ချိန်ရောက်လာခဲ့ ပါပြှ..။
လင်းဖန် ရဲ့ အမိန့်အောက်မှာပဲ ဆိုင်ပိုင်ရှငိတွေဟာ စုဝေးလာပြီး လက်နက်တွေ ယူလာခဲ့ကြတယ်..။
တစ်ချို့ ဘာဖြစ်နေမှန်း မသိကြတဲ့ လူတွေဟာလည်း.သူဌေးလေး အနိုင်ကျင့် ခံနေရတယ် ဆိုပြီး အလျင်အမြန်ရောက်လာခဲ့ကြပါတယ်.။
အကြီးအကဲ ကျန်း လက်နက်ကို ကိုင်ပြီးပြောလိုက်တယ်.
"မင်းတို့ သေချာ မရှင်းရင် ဒီက နေထွက်သွားဖို့ကို မေ့လိုက်တော့.."
အစ်မဟောင်ဟာ ထပ်ပြောလိုက်တယ်..။
"နင်တို့က ဘယ်လိုလုပ်ပြီး တိမ်ဖြူလမ်းက လူကို လာရိုက်နှက်ရဲတာလဲ..။ဒါက အဖိုးကြီးလေ..သူက မက်မွန်းသီးပဲ ရောင်းနေတာကိုတောင် နင်တို့က ရိုက်နှက်သေးတယ်.."
ယင်းနောက် တိမ်ဖြူလမ်းကို လာကြတဲ့ လူတွေဟာ ကြောင်အနေကြပါပြီ..။သူတို့ ဒီလို အဖြစ်အပျက်မျိုးတစ်ခါမှ မမြင်ဖူးကြပါဘူး..။
သူတို့ အဖိုးကြီး မြေကြီးပေါ်လဲကျတဲ့ အချိန်ကတည်းက ဗီဒီယို ရိုက်ကူးထားပေမယ်..သွားပြီးဘတားဆီးဖို့ အတွက်တော့ သတ္တိမရှိကြပေ..။
စည်းကမ်းထိန်းသိမ်းရေး အဖွဲ့က ၇ ယောက်ဟာတော့..ကြောင်အနေကြပါပြီ..။
"ခင်ဗျားတို့ တာဝန် ဝတ္တရား နှောက်ယှက်ပြီး ကြန့်ကြာအောင် လူပ်နေကြတာလား.."