← Chapters

ကြီးမားတဲ့..ပွဲတစ်ခု..

Vol. 24 Ch. 346

ကြီးမားတဲ့..ပွဲတစ်ခု..

Vol. 24 Ch. 346

ဘာသာပြန် = စနိုးဝှိုက်

ဒါက ကြီးမားတဲ့ ပွဲကြီးတစ်ခုလို ပါပဲ..။

တိမ်ဖြူလမ်းရဲ့ ဆိုင်ပိုင်ရှင်တွေဟာ သရဲဘော ကြောင်တဲ့ ငကြောက်တွေ မဟုတ်ကြပါဘူး.။တကယ်တော့ သူတို့ရဲ့ စိတ်ထဲမှာ..မဟုတ်တာကို မခံချင်တဲ့ စိတ်လေးတွေ ရှိကြပါတယ်..။အခု လိုတစ်စုံ တစ်ယောက် စတင်ပြီး အော်လိုက်တဲ့ အချိန် မှာတော့..သူတို့ရင်ထဲမှာ ရှိနေတဲ့ အရာတွေဟာ ပေါ်ထွက်လာခဲ့ပါပြီ..။

သူတို့ဟာ လက်နက်တွေ ကိုင်ပြီး ..တိုက်ပွဲ ဝင်ချင်နေကြတယ်..။လူတိုင်းဟာတော့ တိမ်ဖြူလမ်းရဲ့ ဝင်ပေါက် ထွက်ပေါက်တွေကို ပိတ်ထားပြီး ကြပါပြီ..။

စည်ပင် အရာရှိ ခုနှစ်ယောက်ဟာတော့..သူတို့ မျက်နှာတွေကို ကြောင်အပြီး ကြည့်နေခဲ့ကြတယ်..။သူတို့ ဒီအလုပ်ကို လုပ်လာတာ အချိန်အတော်ကြာပြီး ဖြစ်ကြပေမယ့်လည်း ..ဒီလို အဖြစ်အပျက်မျိုးကို တော့ တစ်ခါမှ မကြုံဖူးကြပါဘူး..။အရင်တုန်းကလည်း သူတို့ကို လူတွေ ဝိုင်းလာကြတာကို ကြုံဖူးကြပေမယ့်လည်း..အဲဒီလူတွေ က မြင်ကွင်းကို ပဲ လာကြည့်ကြဖြစ်ပြီး..ဘာတစ်ခုမှ ပြန်လုပ်ရဲကြတာ မဟုတ်ပါဘူး..။သို့ပေမယ့် ဒီနေ့မှာတော့ သူတို့ တိမ်ဖြူလမ်းမှာ သရဲတစ္ဆေတွေကို တွေ့သလို ဖြစ်နေခဲ့ပါပြှီ..။

ဒီ လူခုနှစ်ယောက်ထဲက..ကြံ့ခိုင်သန်မာပြီး အသားမဲမဲ လူတစ်ယောက်ဟာ..လင်းဖန်ကို လက်ညိုးထိုးပြီး ရေရွတ်လိုက်တယ်..။

"မင်း ဘာလုပ်ဖို့ ကြိုးစား နေတာလဲ..။ဒါက ဥပဒေကို ချိုးဖောက်နေတာပဲ ဆိုတာရော မင်းသိရဲ့လား.."

လင်းဖန် လူခုနှစ်ယောက်လုံးကို ကြည့်လိုက်တယ်..။

"ငါ မင်းတို့ကို အနိုင်ကျင့်နေတာ မဟုတ်ဘူး..။အခု ဒီမှာ ရှိနေတဲ့..ပစ္စည်းတွေကို ကောက်ပြီး ဒီကိစ္စကို သေချာ ဖြေရှင်း.."

"မအိမ်လံူး..အိပ်မက် ဆက်မက်နေလိုက်.။မင်း..ကောင်းပြီ..။ဒီလို ပိတ်ဆို့မူတွေ အကုန်လုံးက ဥပဒေကို ဆန့်ကျင်နေတာပဲ..။မင်းက ငါတို့ ကိုတောင် ဝိုင်းထားလိုက်သေးတယ်.."

လူကြီးဟာ..ဖုန်းကို ထုတ်ကာ ဖုန်းဆက်လိုက်တယ်..။

"လူစုပြီး တိမ်ဖြူလမ်းကို လာခဲ့လိုက်..။ဒီမှာ..ငါတို့ အလုပ်ကို တားဆီးနေတဲ့ လူတွေ ရှိနေတယ်..။အမြန်...အမြန်လာခဲ့ကြ.."

ဘေးနားက..မြို့သားတွေဟာ..သူတို့ရဲ့ ဖုန်းကို ထုတ်ပြီး..စတင်ရိုက်ကူးနေခဲ့ကြတယ်..။

"ဒီကောင်တွေက အတော်မောက်မာတာပဲ.။ဒီကောင်တွေက အစိုးရကို သိက္ခာချနေတဲ့ ကောင်တွေပဲ.."

"ဟုတ်တယ်..ဒီနေ့ခေတ်မှာ..တစ်ခြားနေရာက စည်ပင်အရာရှိတွေဆို ရင်းရင်းနှီးနှှှီး ဖြေရှင်းနေကြပြီ..ဒါကို ဒီကောင်တွေက ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ချင်နေကြသေးတယ်.."

"သူတို့ မျက်နှာတွေကို သေချာရိုက်ထား.."

"ငါတို့ ဒီဗီယိုကို အင်တာနက်ပေါ်တင်ပြီး..ဒီကောင်တွေကို လူတွေ အများကြီး သိသွားအောင် လုပ်ရမယ်.."

"သူတို့..မလွတ်မြောက်အောင်လို့ သူတို့ရဲ့ အိုင်ဒီတွေကို..သေချာ..တားဆီးထားကြ..။မဟုတ်ရင်..ဒီကောင်တွေက ကိုယ့်အမှားကို..ဝန်ခံဖို့ ငြင်းဆန်ကြလိမ့်မယ်.."

…

လူခုနှစ်ယောက်ဟာ လင်းဖန်နဲ့ ကျန်တဲ့ လူတွေကို ကြည့်လိုက်ပြီး..

"မင်းတို့ အကုန်လုံး..ကိုယ့်ပြသနာ ကိူယ်ရှာနေကြတာပဲ..။မင်းတို့ အခုလုပ်နေတာတွေက ဘယ်လိုပြစ်မူ မျိုးတွေကို ကျူးလွန်မိပြီလဲ ဆိုတာ သိရဲ့လား.."

"ဟုတ်တာပေါ့..ငါတို့ မင်းတို့ရဲ့ မျက်နှာကို မှတ်သားထားပြီးသွားပြီ..။မင်းတို့ကို မင်းတို့ ဟုတ်လှပြီ မထင်နဲ့..စောင့်ကြည့်နေလိုက်.."

ဒီလူတွေဟာ..လင်းဖန်နဲ့ ကျန်တဲ့ လူတွေကို ဂရုမစိုက်ပဲ..ကြီးကြီးကျယ်ကျယ်..တွေပြောနေခဲ့ကြပါတယ်..။သူတို့ ကို ဒီလူတွေ တစ်ခုခု လုပ်လိမ့်မယ် လို့ လုံးဝ မယုံကြည့်ကြပါဘူး.။

လူငယ် တစ်ယောက်ဟာ လင်းဖန်ကို..စိုက်ကြည့်လိုက်ပြီး..

"တကယ်လို့..မင်း ငါတို့ ဒီ မက်မွန်းသီးတွေကို ..ပြန်ကောက်မယ်လို့ ထင်နေတယ် ဆိုရင်တော့..ငါပြောလိုက်မယ်..ဒါက လုံးဝမဖြစ်နိုင်ဘူး..."

*ဖောက်*

လူကြီးတစ်ယောက်ဟာ..မက်မွန်းသီးတွေကို ခြေထောက်နဲ့ တစ်လုံးချင်းစီ လိုက်နင်းနေပြီး..မြေကြီးပေါ်မှာ..အပိုင်းပိုင်း အစစဖြစ်အောင် လုပ်လိုက်တယ်..။ယင်းနောက်..သူလင်းဖန်ကို လူမိုက်လို စိုက်ကြည့်ကာ မေးလိုက်ပါတယ်..။

"မင်းငါတို့ ကို ဘာလုပ်ချငိလဲ.."

လူကြီးဟာ လင်းဖန်ရဲ့..ရှေ့ကို လျောက်လာပြီး..သူ့ရဲ့ မျက်နှာကို လင်းဖန်ရဲ့ ရှေ့မှာ ထားလိုက်ပါတယ်.။ယင်းနောက် သူ ပြောလိုက်တယ်...

"လာ ငါ့မျက်နှာကို မြင်တယ် မလား..ရိုက်လေ.."

ယင်းနောက်..သူ ဒေါသထွက်စွာ အော်ဟစ်လိုက်တယ်..။

"မင်းမှာ စောက်ရမ်း သတ္တိတွေ ရှိနေတယ် ဆိုရင် ရိုက်လေကွာ.."

သူ့ရဲ့ လေသံဟာ ကျယ်လောင်ပြီး မောက်မာမူတွေ ​ြ့ပည့်နေခဲ့ ပါတယ်..။ဘေးနားမှာ ကြည့်နေတဲ့ လူတွေဟာ ကြောင်အသွားခဲ့ကြတယိ..။ဆိုင်ပိုင်ရှင် တစ်ချို့တောင် ထိန့်လန့်သွားကြပါတယ်..။ဒီ လူရဲ့ မောက်မာ မူတွေကတော့ တုန်လှုပ်စရာ ပါပဲ..။

"မင်းငါ့ကို မရိုက်ရဲ ဘူး..။ဟုတ်တယ် မလား။ငါမင်းကို ပြောလိုက်မယ်..မင်းမှာ သတ္တိတွေ ဆယိဆလောက်ရှိနေမယ် ဆိုရင်တောင်မှ..မင်း..ရိုက်ရဲမှာ မဟုတ်ဘူး..။မင်းသာ လုပ်ရဲ့မယ် ဆိုရင်..ငါမင်းကို ထောင်ထဲရောက်အောင် ထည့်ပြမယ်."

ကျန်တဲ့ ခြောက်ယောက်ဟာ ဒါကို မြင်တဲ့ အချိနိမှာ ပြုံးလိုက်ကြတယ်..။ဒီ ကောင်လေး..က အရင်တုန်းက လမ်းဘေး လူမိုက်တစ်ယောက် လုပ်ဖုးတယ် လို့တောင် ပြောစရာ မလိုပါဘူး.။သူ့ရဲ့ မောက်မာ မူတွေက..တိမ်ဖြူလမ်းမှာ ရှိနေတဲ့ လူတွေကို ထိပ်လန့်ဖို့ အတွက် လုံလောက်ပါတယ်..။

စည်ပင်အ ရာရှိတွေ လေးနက်လာတဲ့ အချိနိမှာ လူအများစုဟာ ကြောက်ရွံ့သွားကြတယ်..။သူတို့်မှာ ရွေးချယ်စရာ မရှိပါဘူး..ဒီလူတွေ ဝတ်ထားတဲ့ ယူနီဖောင်းကတင် ကြောက်ဖို့ကောင်းနေပါပြီ..။

လငိးဖန် အသက်ပြင်းပြင်းရူလိုကိတယ်.။သူ့မျက်နှာလဲ ဒေါသကြောင့် နီရဲနေခဲ့ပါပြီ..။ရုတ်တရက် သူ့လက်လှုပ်သွားခဲ့တယိ..။သူ လူကြီး ရဲ့ လက်မောင်းကို ကိုင်လိုက်ပြီး..ပုခုံးကနေ တွန်းကာ မြေကြီးပေါ် ပစ်ပေါက်လိုက်ပါတယ်..။

"အကုန်လုံးကို ရိုက်.."

လင်းဖန် ရဲ့ အမိန့်ဆံူးတာနဲ့..ဘေးနားက ဝိုင်းထားကြတဲ့ ဆိုင်ပိုင်ရှင်တွေဟာ သူတို့ရဲ့ လက်နက်တွေကို ကိုင်ပြီး ကျန်တဲ့ လူ ၆ ယောက်ဆီ ပြေးဝင်သွားခဲ့ကြပါတယ်.။

အ ရာရှိ ၇ ယောက်ဟာ ဒါကိုမြင်ပြီး ကြောက်လန့်သွားကြပါပြီ..။

"မင်းတို့ လုပ်ရဲတယ်လား.."

*ဘန်း *

အဲအချိန်မှာပဲ..မြင်ကွင်းတစ်ခုလံူး ရှုပ်ထွေးလာခဲ့ပါတယ်..။ကျန်တဲ့ လူခြောက်ယောက်ဟာ.လက်နက်ပေါင်းစုံနဲ့ အရိုက်ခံလိုက်ရတယ်.။သူတို့ နာကျင်စွာ လူလိမ့်နေခဲ့ကြပါပြီ..။

"ရပ်လိုက်.."

လင်းဖန် ပြောလိုက်တာပါ.။

ဆိုင်ပိုင်ရှင်တွေဟာ နောက်ပြန်ဆုတ်သွားခဲ့့ကြတယ်..။

လူ ၇ ယောက်စလုံးရဲ့ မျက်နှာတွေဟာ နီရဲနေခဲ့ကြတယ်.။သူ့တို့ရဲ့ ခန္တာကိုယ်ကို..လက်နက်တွေနဲ့ ဝိုင်းရိုက်ကြတုန်းကဆိုရင်..မိန်းကလေးတွေလို ငိုကြွေးနေခဲ့ကြတာပါ..။အဲ့အချိန်မှာပဲ.သူတို့ထဲက လူတစ်ယောက်ဟာ လင်ဖန်ကို အံ့ဩစွာ ကြည့်နေခဲ့ကြတယ်.။

ဒီလူတွေ သူတို့ကို တကယ်ရိုက်ရဲ လိမ့်မယ်လို့ မထင်ထားခဲ့ကြပါဘူး.။

ဘေးနားက မြို့သားတွေရဲ့ သွေးတွေဟာလည်း ဆူပွက်လာခဲ့ကြပါတယ်..။

မိုက်တယ်..စောက်ရမ်း မိုက်တယ်...

သူတို့ ဒီလို အရာမျိုး ဘယ်တုန်းကမှ မမြင်ဖူး ခဲ့ကြပါဘူး..။

"ချီးပ..ဒီ တိမ်ဖြူလမ်းက ဆိုင်ပိုင်ရှင်တွေက လှလှပပကိုင်တွယ်နိုင်တာပဲ.."

"ဟုတ်တယ်.ကိုယ်တိုင် မမြင်ရရင် ဒါကို ဘယ်သူကများ ယုံကြည်နိုင်မှာလဲ.."

"ညီအစ်ကိုတို့..ငါကတော့ ဒီလို အဆုံးသတ်မယ် ဆိုတာ သိထားပြီးသားပဲ..။မာစတာ လင်းကတော့ အဖမ်းခံရတော့မယ် ထင်တယ်. ။ဒီလူတွေက ယာယီ ခန့်အပ်ထားတဲ့ အလုပ်သမားတွေ ထင်တယ်.။

"ဒါက တကယ်ပြသနာ ရှိ နေတာပဲ..။ဘာပဲဖြစ်ဖြစ် သူတို့က အရည်အသွေးနိမ့်တဲ့ ယာယီ အလုပ်သမားတွေကို ခန့်အပ်ထားတာလေ..။ဒီလူတွေကို ဘယ်သူကများ အလုပ်ခန့်ထားတာလဲ.."

"ဘာလို့လဲ ဆိုတော့.ဒီယာယီ အလုပ်သမားတွေက..ဘာမှ တာဝန်ယူပေးစရာ မလိုဘူးလေ..။မတော်တဆ တစ်ခုခုဖြစ်ရင်တောင် သူတို့ ဘာမှ နစ်နာမှာ မဟုတ်ဘူး.။

"ဒါ အဓိပ္ပါယ် ရှိတယ်.."

လူလိမ်ထျန် လင်းဖန် ပုခုံးကို ပုတ်ပြီး ပြောလိုက်တယ်..။

"တည်တည်ငြိမ်ငြိမ်နေ..ကြီးမားအောင် မလုပ်နဲ့.."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..

"အင်း ကျွန်တော် သိတယ်..။ကြီးမားအောင် မလုပ်ပါဘူး ."

အဲ့အချိန်မှာပဲ လင်းဖန် လူခုနှစ်ယောက်ကို ကြည့်ကာ ပြောလိုက်တယ်..။

"ငါ ဘာမှ ထပ်မပြောချင်တော့ဘူး.။မက်မွန်းသီး တစ်လုံးကို သုံးဒေါ်လာပဲ..။ဒါကို မင်းတို့က မြေကြီးပေါ် နင်းခဲ့ကြတယ်..တကယ်လို့ ဒါက ဒေါ်လာ တသ်ရာ တန်တယ် ဆိုရင် ဒေါ်လာ သုံးရာပေးပြီး လစ်လိုက်တော့.."

လူ ၇ ယောက်ကတော့ အသိဥာဏ် ပျောက်အောင် အရိုက်ခံထားကြရပါပြီ..။လူငယ်လေးတစ်ယောက်ဟာ..ဒဏ်ရာတွေကို ကိုင်ထားရင်း ပြောလိုက်တယ်..။

"မင်း အိပ်မက်မက်နေတာပဲ..ငါ မင်းကို ပြောလိုက်မယ်..ဒါက ဒီတိုင်းပြီးသွားမှာ မဟုတ်ဘူး.."

"ဆက်ရိုက်ကြ.."

ိဆိုင်ပိုင်ရှင်တွေဟာ ရှေ့ကို တက်လာကာ ထပ်ပြီး ရိုက်နှက်ဖို့ လုပ်လိုက်ကြတယ်..။

"ခွေးသားတွေ မောက်မာနိုင်သေးတယ်ပေါ့..။ဟုတ်လား.."

"တစ်ခြားနေရာမှ ဘာဖြစ်ဖြစ် ငါတို့ ဂရုမစိုက်ဘူး..။ဒါပေမဲ့ တိမ်ဖြူလမ်းမှာ ဒီစောက်ချိုး လာမချိုးနဲ့.."

"ဟုတ်တာ်..တကယ်လို့ မင်းတို့ တိမ်ဖြူလမ်းကို ပြန်လာရဲရင် ငါတို့ မင်းတို့ကို တွေ့တိုင်း ရိုက်နှက်ပြမယ်.."

ဆိုင်ပိုင်ရှငိတွေ သူတို့နား ရောက်လာခါနီးမှာပဲ..သတ်လတ်ပိုင်းလူကြီး တစ်ယောက်ဟာ ထ​ေအာ်လိုက်တယ်..။

"မရိုက်ပါနဲ့တော့ ..ငါ ..ငါတို့ ပေးပါ့မယ်.."

သက်လတ်ပိုင်းလူကြီးရဲ့ မျက်နှာမှာ ဒေါသတွေ ပြည့်နှက်နေပေမယ့် သူ့မှာလည်း ရွေးချယ်စရာ မရှိပါဘူး..။သူ ဒေါ်လာ ၃၀၀ ကို ထုတ်ပေးလိုက်တယ်..။

လင်းဖန် ပိုက်ဆံကို ကြည့်လိုက်ပြီး..

"ဒီဒေါ်လာ ၃၀၀ က မက်မွန်းသီး ဖိုးပဲ..။ဒါပေမဲ့ ဒီ အဖိုးကို မင်းတို့ ဒဏ်ရာရအောင် လုပ်ခဲ့ကြတယ်..။ဒီတော့..ဆေးဖိုးက ဒေါ်လာ ၅၀၀ .."

သက်လတ်ပိုင်းလူကြီး ဒေါသထွက်စွာ ပြောလိုက်တယ်.။

"မင်း သိပ်လည်း မမောက်မာနဲ့..။ငါတို့ကိုလည်းဘမင်းတို့ ရိုက်နှက်တာပဲ.."

"ငါက မင်းတို့ကို..အဖိုးကို ရိုက်လို့ ဆေးဖိုးပေးခိုင်းနေတာပဲ...။ငါတို့ ရိုက်တဲ့ ကိစ္စကို ပြီးမှ ငါတို့ ရှငိးပေးမယ် နားလည်လား.."

အဆုံးမှာတော့ ဒီလူကြီးဟာ..ဒေါ်လာ ၆၀၀ ထုတ်ပေးလို်က်ရတယ်.."

"မက်မွန်းသီးတွေ ကောက်လိုက်ဦး.."

လင်းဖန်ပြောပြီး ဒေါ်လာ ၆၀၀ ကို အဖိုးကြီး လက်ထဲ ထည့်ပေးလိုက်ပါတယ်.။

"ပိုက်ဆံ ယူထားလိုက်ပါ..နောက်တစ်ခါ တိမ်ဖြူလမ်းကို လာရင် ဘယ်သူမှ အနိုင်မကျင့်စေရဘူး.."

အဖိုးကြီးဟာ မျက်ရည်တွေ ကျလာခဲ့တယိ...သူမျက်ရည် တွေကို သုတ်လိုက်ပြီး..

"ကျေးဇူးပါ..ကျေးဇူးပါ.."

လင်းဖန် လက်ဝေ့ယမ်း လိုက်တယ်..။

"ကျေးဇူးတင်ဖို့ မလိုပါဘူး..။ကျေးဇူးတင်ချင်ရင် အကုန်လုံးကို ကျေးဇူတင်ရမှာပါ.."

ယင်းနောက် လင်းဖန် .လူ ၇ ယောက်ကို ကြည့်ပြီး လမ်းအပေါက်ဝကို ညွှန်ပြကာ ပြောလိုက်တယ်..။

"အခု မင်းတို့ အမြန်လစ်လိုက်တော့..။တိမ်ဖြူလမ်းမှာ ထပ်မပေါ်လာစေနဲ့..။မဟုတ်ရင် မင်းတို့ကို တွေ့တိုင်း ရိုက်နှက်ပြမယ်..။ဒီစကားကို ငါပြောတာ ..မင်းတို့ ကြိုက်တဲ့ လူကို ပြန်ပြောလို့ရတယ်."

လူ ၇ ယောက်လုံးဟာ ဆိုင်ပိူင်ရှငိတွေကို စိုက်ကြည့်လိုက်ကြတယ်..။သူတို့ ဒီလူတွေ ဒီလောက်အထိစည်းလုံးကြမယ်လို့ မထင်ထားခဲ့ပါဘူး..။သူတို့ ကျန်တဲ့ လူတွေကို ထပ်ခေါ်ထားပေမယ့် ဘာလို့ မရောက်လာကြသေးတာလဲ မသိတော့ပေ..။

၇ ယောက်လံူး ရှက်ရွံ့စွာ ထွက်သွားခဲ့ကြတယ်..။

ဆိုင်ပိုင်ရှင်တွေဟာ အော်လိုက်ပါတယ်..။

"မြန်မြန်သွား အလကားကောင်တွေ.."

"ဒီမှာ ထပ်မပေါ်လာမိစေနဲ့နော်..မဟုတ်ရင် ကောင်းတာတွေ ဖြစ်လာမှာ မဟုတ်ဘူး.."

"ဘယ်သူတွေကများ ဒီ့လို ကောင်တွေကို ခန့်လိုက်တာလဲ..။သူတို့စကားကို နားမထောင်တာနဲ့ပဲ လူတွေကို ရိုက်နှက် နေကြတယ်..။နင်တို့က လူမိုက်တွေလား.."

ဆိုင်ပို်င်ရှင်တွေရဲ့ စကားတွေက ..ဒီလူတွေရဲ့ မျက်နှာတွေကို ကြည့်ရဆိုးစေခဲ့ ပါတယ်..။သူတို့ရဲ့ ဘဝအတွက်ကတော့..ဒီနေ့က ရှက်စရာ နေ့တစ်နေ့ပါပဲ..။

သူတို့ သည်းမခံနိုင်ကြတော့ပေ..။

ဒါပေမဲ့ အခုတော့ သူတို့မှာ..ရွေးချယ်စရာ မရှိပါဘူး..။သူတို့ ပြန်ငြင်းခုန်ဖို့ ခွန်အားတောင် မရှိကြတော့ပေ..။

All Chapters