ဇွဲကြီးလွန်းတယ်..
Vol. 24 Ch. 347
ဘာသာပြန် = စနိုးဝှိုက်
လင်းဖန် ပြောလိုက်တယ်..။
"အားလုံးပဲ..လူစုခွဲပြီးတော့..ကိုယ့်အလုပ်ကို ပြန်လုပ်ကြရအောင်.."
"သူဌေးလေး ဒီတစ်ခေါက်တော့ ကျုပ်တို့ မင်းကို ကျေးဇူးတင်ရတော့မယ်.."
"ဟုတ်တယ်..အရင်တုန်းက ငါတို့ အရာရှိလီ စည်ပင် အရာရှိလုပ်တုန်းက ဆိုရင် ..ရင်းရင်းနှီးနှီး ရှိကြတာ..။သူက စည်ပင်အရာရှိတွေ ကြားထဲက ပန်းပွင့်တစ်ပွင့်ပဲ.."
"ဒါကြောင့် လည်း အရာရှိ လီက စည်ပင် အရာရှိကနေ..ရဲအရာရာှိ ရာထူးကို ပြောင်းနိုင်ခဲ့တာလေ..။ဘယ်သူမှ အရာရှိလီ လုပ်သလို လိုက်လူပ်နိုင်မှာ မဟုတ်ဘူး.."
လင်းဖန် ဒါကို ကြားတဲ့ အချိန်မှာ မတတ်နိုင်စွာပဲ ရယ်မောလိုက်တယ်..။ဒီစကားတွေကို သာ အရာရှိလီ ကြားရင် အတော် ဝမ်းသာမိမှာပါ..။
သေချာ တွေးကြည့်ရင် ဒါကလည်း မှန်ကန်ပါတယ်..။လီရှောင်ရှမ်း စည်ပင် အရာရှိ ဖြစ်တုန်းကဆိုရင် သူက ရင်းနှီး ပွင့်လင်းစွာ ဆက်ဆံခဲ့တာပါ.။သူ လင်းဖန်ကို ဖမ်းမိတဲ့ အချိန်မှာလည်း..ရုပ်ပိုင်းဆိုင်ရာ ကြမ်းကြမ်း တမ်းတမ်း မဆက်ဆံ သလို..ကြမ်းတမ်းတဲ့ စကားတွေကို လည်း မပြောပါဘူး..။ဒါက အခုလူတွေ နဲ့ ယှဥ္ရင် အတော်ကြီး ကွာခြား နေတဲ့ အရာပါ.။
ဘေးနားမှာ ရှိတဲ့ မြို့သားတွေ အကုန်လုံးဟာ အဖြစ်အပျက်တွေ အကုန်လုံးကို မှတ်တမ်းတင် နေခဲ့ကြတယ်..။အခု ဖြစ်ပျက်သမျှ အရာရာတိုင်းက..အင်တာနက် ပေါ်ကို ရောက်သွားတော့မှာ ပါ..။
အဲ့အချိန် ..တိမ်ဖြူ့လမ်း အပြင်ဘက်မှာတော့..။
လူခုနှစ်ယောက်ဟာ အခုထိ ထွကိမသွားသေးပဲ ကျိန်ဆဲ နေခဲ့ပါတယ်..။
"ဒီလူတွေ ကျားသစ်အူ များ စားထားကြလို့ ဒီလိုဖြစ်နေတာလား မသိဘူး.."
"ဒီကိစ္စက ဒီမှာ မပြီးသေးဘူး..။တကယ်လို့ ငါတို့..ဘာတွေလဲ ဆိုတာ မပြရင် သူတို့ ကောင်းကင်နဲ့ မြေကြီး..ဘယ်လောက် တောင် ကြီးမားလဲ ဆိုတာ သိမဲ့ လူတွေ မဟုတ်ဘူး.."
ယင်းနောက် ကားတွေဟာ ရောက်လာခဲ့ကြတယ်..။
လူတစ်ယောက်ဟာ ပြောလိုက်တယ်..။
"သူတို့ ရောက်လာပြီ.."
ကားတွေ ဟာ ရပ်တန့်သွားပြီး..လူငယ်လေးတစ်ယောက် အရင်ဆုံး ထွက်လာကာ မေးလိုက်ပါတယ်..။
"ချီကျန်းဒီ ဒီမှာ ဘာဖြစ်တာလဲ..!
သက်လတ်ပိုင်း အရွယ်လူကြီးက ချီကျန်း ဒီ ပါ..။သူ ပြောလိုက်တယ်..။
"အရမး်မမေးနဲ့..အကာအကွယ်တွေ ကို ဝတ်ထား ကောင်လေးတို့..။ဒီမှာ ရှိတဲ့ လူတွေက ဥပဒေကို ဆန့်ကျင်တဲ့လူတွေ..သူတို့က ငါတို့ကိုတောင် ရိုက်နှက်ပြီး နာကျင်အောင် လုပ်ကြသေးတယ်..။ငါတို့ အထဲကို ရောက်တာနဲ့ သူတို့ အကုန်လံူးကို ရိုက်မယ်.."
လူငယ်လေး အံ့ဩသင့်သွားတယိ..။
"ချီကျန်းမင်..အလျင်မလိုနဲ..။ဒါက မြို့သားတွေပဲ ငါတို့ ဒီလို လုပ်လို့ မရဘူး.."
ချီကျန်းဒီ ဟာ...လူငယ်လေးကို ရိုင်းစိုင်းတဲ့ အကြည့်နဲ့ ကြည်ကာ လက်ညိုးထိုးပြီး ပြောလိုက်တယ်..။
"မင်းဘာစကားပြောတာလဲ..။မင်းလိုက်မှာလား မလိုက်ဘူးလား..!
လူငယ်လေး ခေါင်းခါယမ်းလိုက်တယ်..။
"ငါသွားမှာ မဟုတ်ဘူး..ဒါက ဥပဒေကို ဆန့်ကျင်နေတာပဲ..။စည်ပင် အရာရှိ တစ်ယောက်အနေနဲ့ မှားမှန်းသိနေတဲ့ အရာကို မလုပ်သင့်ဘူး..။ဘယ်လိုအခြေအနေပဲ ဖြစ်ဖြစ် ငါတို့ အရင်စုံစမ်းဖို့ လိုတယ်..။ငါတို့ အတင်းဝင်သွားပြီး ရိုက်နှက်လို့မရဘူး.."
ချီကျန်းမင် နောက်က လိုက်လာတဲ့ လူတစ်ယောက်ဟာ..ရှေ့ကို တက်လာပြီး လူငယ်လေးရဲ့ ရင်ဘတ်ကို တွန်းလိုက်တယ်..။
"မင်းက သတ္တိနဲတဲ့ ကောင်ပဲ..။ငါတို့ ဒီကောင်တွေ ကြောင့် အရိုက်ခံလာရတာတောင် မင်းကမကူညီ ချင်ဘူးလား..။ပြီးတော့ မင်းက..ဒီစကားတွေကို ပြောပြီးတောင် ဘေးနားမှာ ထွက်ရပ်နေသေးတယ်..။ဒီကိစ္စပြီးသွားရင် ငါမင်းကို သေချာကြည့်ပေးမယ်.."
လူငယ်လေးဟာ လုံးဝ မကြောက်ရွံ့ပေ..။သူ့နောက်က လုပ်ဖော်ကိုင်ဖက်တွေကို ကြည့်ပြီး ပြောလိူက်တယ်..။
"မင်းတို့လည်း အလျင်မလိုနဲ့..။ငါတို့ စည်းမျဥ်းစည်းကမ်း တွေအတိုင်း ဖြေရှင်းရလိမ်မယ်..။ကြမ်းတမ်းမူကို ကြမ်းတမ်းမူနဲ့ ဖြေရှင်းလို့ မရဘူး.."
အဆုံးမှာတော့..တစ်ချို့ အရာရှိတွေဟာ တွေဝေ နေကြပေမယ့် တစ်ချို့တွေဟာ မတွေဝေကြပါဘူး..။သူတို့ဟာ ပြောလိုက်တယ်.။
"ကျန်းဒီ ငါတို့ မင်းနဲ့ လိုက်ခဲ့မယ်..။ဒီ ရှောင်ဂျီက တကယ်သရဲဘော ကြောင်တာပဲ...။သူက တက္ကသိုလ်မှာ လေ့လာခဲ့မဲ့ လေ့လာတာ များပြီး တုံးအသွားတာ ထင်တယ်.."
ရှောင်ဂျီဟာ စိတ်ပူသွားခဲ့တယ်..။
"အလျင်မလိုနဲ့..ဒါက ဥပဒေကို ချိုးဖောက်နေတာပဲ..။ငါတို့က ငြိမ်းချမ်းတဲ့ လူမူဝန်းကျင်မှာနေနေတာ..။မင်းတို့ ဒီလို လုပ်နေရင်..ဝတ်ထားတဲ့ ယူနီဖောင်းက သိက္ခာကျလိမ့်မယ်.."
"မအလေိုး.."
ချီကျန်းဒီ ရဲ့ နောက်မှာ ရှိတဲ့ လူဟာ..ရှောင်ဂျီကို ကားဆီကို တွန်းထုတ်လိုက်ပြီး..လက်ဟန်နဲ့ ပြောလိုက်တယ်..။
"ငါတို့ အခုသွားတော့မှာ.။တကယ်လို့ အဲ့စောက်ရူး မြို့သားတွေ ပြန်တိုက်ခိုက်ရင်..ငါတို့ ညှာနေမှာ မဟုတ်ဘူး..။ငါတို့ သေတဲ့ အထိတိုက်ခိုက်မယ်.!
"မင်းတို့.."
ရှောင်ဂျီဟာ အခြေအနေကို ကြည့်ပြီး ကြောင်အနေခဲ့တယ်.။အလျင်မလိုတဲ့ အရာရှိတွေကတော့ သူ့အနားကို ရောက်လာခဲ့ကြပါတယ်.။
"ရှောင်ဂျီ ငါတို့ အခုဘာလုပ်ကြတော့မလဲ.။သူတို့ကြောင့် ပြသနာ အကြီးကြီးဖြစ်တော့မယ်.."
ရှောင်ဂျီ ေပြာလိုက်တယ်.
"မြန်မြန် ဌာန ခေါင်းဆောင်ကို ဖုန်းဆက်လိူက်.။တစ်ခုခု ဆိုးတာကတော့ ဖြစ်တော့မယ်.."
နောက်တစ်ယောက်ဟာ ကျိန်ဆဲလိုက်တယ်..။
"ချီးပဲ..ဒီကောင်တွေ ဒီအလုပ်ကို ဘယ်လို ရလာတာလဲ ငါမစဥ်းစားတတ်တော့ ဘူး..။ဒီလိုမျိူး လူပ်နေတာတွေက ငါတို့ရဲ့ ဂုဏ်သိက္ခာကိုပါထိခိုက်လိမ့်မယ်..။ငါ သူတို့နဲ့ လိုက်မသွားတာတောင်မှပဲ ရှက်ရွံ့မိတယ်..။လူတွေက ငါတို့ မြို့ထဲဝင်ရင်ကို လူဆိုး လူမိုက်တွေလို ကြည့်နေကြတာ.."
ရဲဌာနတွင်..။
လီရှောင်ရှမ်းဟာ သက်လတ်ပိုင်း အရွယ်လူကြီးနဲ့ လဖက်ရည်သောက်နေခဲ့တာပါ..။
"ညီအစ်ကို လီ ..တစ်ကယ်အံ့ဩဖို့ ကောင်းတာပဲ..။ငါမင်းနဲ့ မတွေ့တာ နည်းနည်းပဲ ရှိသေးတယ်..ဒါကိုဌာန တစ်ခုရဲ့ ခေါင်းဆောင် ရာထူးရနေပြီ..စစ်ဆေးရေးမှူးပေါ့.."
လီရှောင်ရှမ္း ရယ်လိုက်တယ်.။
"ငါ့ကို မြောက်မနေနဲ့တော့..။မင်းကအရင်တုန်းက ပိုကြိူးစားခဲ့တာလေ..။ငါက ကံကောင်းသွားလို့ပါ..။ငါတို့ မတွေ့တာတောင် အတော်ကြာသွားပြီ.."
ဌာန အကြီးအကဲ ဝမ် ရယ်မောလိုက်တယ်..။
"ဟုတ်တယ် ဒီရက်ပိုင်းမှာ မင်းရော ငါရော..အလုပ်တွေ ရှုပ်နေခဲ့တာလေ..။ငါတို့ တွေ့ဖို့ အချိန်တောင် မရှိဘူး..။ဒါက ငါတို့ လုပ်သင့်တယ်နော်..ငါတို့ဘက်မှာ အားတဲ့ တစ်နေ့လောက် တွေ့ရအောင်..။ဝိုင်လေး ဘာလေး သောက်ပြီးစကားပြောကြမယ် လေ..ဘယ်လိုလဲ.."
လီရှောင်ရှွး ပြောလိုက်တယ်..။
"ကောင်းပြီလေ..ငါ မင်းမိန်းမချကိပြုတ်တာ စားရတာတောင် မတော်ကြာခဲ့ပြီ.."
အကြီးအကဲ ဝမ်ဟာ..ကျယ်လောင်စွာ ရယ်မောလိုက်တယ်..။
"ငါက မင်း ငါ့အပေါ် အထင်သေးမှာကိုပဲ စိုးရိမ်မိတာ.."
လီရှောင်ရှမ်း ရယ်လိုကိတယ်..။
"အာ..မင်းက ငါ့ကို ဘယ်လို လူမျိုးထင်နေလို့တုန်း.."
*ကလင် ကလင် *
ဖုန်မြည်လာခဲ့တယိ..။
အကြီးအကဲ ဝမ် အပြုံးလေးနဲ့ ပြောလိုက်ပါတယ်..။
"ကြည့် ငါမရှိတာနဲ့ အောက်က ကလေးတွေက ဖုန်းတန်းဆက်ကြပြီ..။ဒီ ရှောင်ဂျီက တကယ်မဆိုးဘူး..။သူက နာမည်ကြီး တက္ကသိုလ် က ဘွဲ့ရခဲ့တာတောင် ဘာလို့..စည်ပင်အရာရှိ လာလုပ်နေတာလဲ ဆိုတာ နတ်ဘုရားပဲ သိလိမ့်မယ်..။ဒါက အရည်အချင်းဖြုန်းတီးနေတယ် လို့ မင်းမထင်ဘူးလား.."
လီရှောင်ရှမ်း ပြုံးပြီး ပြောလိူက်တယ်..။
"ဒါက အဆင်ပြေပါတယ်..။ဘယ်လိုလုပ်ပြီး အရည်အချင်းကို ဖြုန်းတီးတယ် လို့ဆိုနိင်မှာလဲ..။သူက ငါတို့ လူမူပတ်ဝန်းကျင်ကို..ကောင်းကောင်း ထိန်းသိမ်းနိုင်သ၍ ဘာပဲလုပ်လုပ် မြင့်မြတ်နေမှာပဲလေ..။မြန်မြန် ဖုန်းဖြေလိုက်ဦး..ဒါအရေးကြီးတာ တစ်ခုခုဖြစ်ရမယ်.."
အကြီးအကဲဝမ် ဖုန်းေဖြလိုက်တယ်..။သူဘာမှ မပြောခင်မှာပဲ တစ်ဖက်က ပြောသံကို ဆက်တိုက်ကြားလိုက်ရပြီး အကြောင်းစုံ နားလည်သွားကာ အကြီးအကဲ ဝမ်ရဲ့ မျက်နှာ ပြောင်လဲသွားခဲ့တယိ..။
"သူတို့ကို သွားတားလိုက်..။တကယ်လို့ သူတို့ ပြသနာ တစ်ခုခု ရှာရဲရင်..အသက်ရှင်လျက် အရည်ခွံစုတ်ပစ်မယ်."
လီရှောင်ရှမ်း မေးလိုက်တယ်..။
"ဘာဖြစ်လို့လဲ.."
အကြီးအကဲ ဝမ် ဒေါသထွက်စွာ ပြောလိုက်ပါတယ်.။
"ဒီကောင်တွေ ဘာလုပ်နေတာလဲ ခန့်မှန်းကြည့်စမ်းပါဦး..။သူတို့က..တိမ်ဖြူ့လမ်းက လူတွေကို ရိုက်နှက်ဖို့ စည်ပင်အရာရှိတွေကို စုဆောင်းနေကြတယိ..။အခြေအနေ တွေ ထိန်းချုပ်ရ ခက်လာရင် ဘယ်လို ဖြစ်လာမှာလဲ..။ငါ ဌာန အကြီးအကဲ ကပဲ နောက်ဆက်တွဲတွေကို ရင်ဆိုင်ရမှာ.."
"ဘာ..!
လီရှောင်ရှမ်းဟာ တိမ်ဖြူလမ်းဆိုတဲ့..စကားကို ကြားတဲ့ အချိန်မှာ..ဆွံ့အသွားခဲ့ပါတယ်..။ယင်းနောက် သူ အကြီးအကဲ ဝမ်ကို ဆွဲကာ ပြောလိုက်တယ်..။
"သွား ..သွား..ငါပါ လိုက်ခဲ့မယ်.."
အပြင်ဘက်.။
လီရှောင်ရှမ်း ပြောလိုက်တယ်..။
"လူစုလိုက်.ငါတို့ ဟောငိထျန် စီးပွားရေး တိမ်ဖြူလမ်းကို အခုချက်ချငိးသွားမယ်.."
ရဲအရာရှိဟာ ပြောလိုက်တယ်..။
"စစ်ဆေးရေးမှူး ..အဲ့နေရာက ကျွန်တော်တို့ ဌာနရဲ့ ထိန်းချုပ်မူအောက်မှာ မဟုတ်ဘူး.."
လီရှောင်ရှမ်း ပြောလိုက်တယ်..။
"ဘာတွေ ပေရှည်နေတာလဲ..သွား ဟ အခု လူသွားစုလိုက် ..။အမြန်.."
တိမ်ဖြူလမ်း.
ရဲနှစ်ယောက်ဟာ ဖြတ်သွားခဲ့တယိ..။
ရဲတစ်ယောက်က ..အသက်ကြီးကြီးဖြစ်ပြီး.. ကျန်တဲ့ တစ်ယောက်ကတော့ လူငယ်လေးပါ..။
"မာစတာ ကျွန်တော့် အနာဂတ်မှာ ရဲအရာရှိ ဖြစ်လာရင် ..ဒီနေရာတွေကို ကင်းလှည့်ရမှာလား..!
ကျို့ဂျီချိုင် သိချင်စွာ မေးလိုက်တာပါ..။
ရမ်ဂျန် ပြုံးပြီး ပြန်ပြောလိုက်တယ်..။
"နောက်တစ်ခါ..စီစဥ်မူတွေ ပြီးတဲ့ အချိန်မှာ ရှန်ဟိုင်းက..ကြီးမားတဲ့ မြို့တစ်မြို့ ဖြစ်လာလိ်မ့်မယ်..။ဒါက ငါတို့ နိုင်ငံမှာ အလုံခြုံဆုံး မြို့တစ်မြို့ပေါ့.။ဒါကြောင့် နေရာတိုင်းမှာ ငါတို့ လူပ်ဖော်ကိုက်ဘက် တွေ ရှိကြတယ်.."
ကျို့ဂျီချိုင် ခေါင်းညိမ့်လိုကိတယ်..။ယင်းနောက်သူကြည့်လိုက်ပြီး..
"မာစတာ ကြည့်လိုက်ဦး..။ဘာတွေဖြစ်နေတာလဲ.."
ရမ်ဂျန် လှမ်းကြည့်လိုက်ပြီး ကြောင်အသွားခဲ့ပါတယ်..။
"ဘာတွေဖြစ်နေတာလဲ.။လာ...မြန်မြန်သွား ကြည့်ရအောင်.."
အဲ့အချိန်မှာတော့..ချီကျန်းဒီဟာ ဒေါသထွက်နေခဲ့ ပါပြီ..။သူ့နောက်မှာ.လုပ်ဖော်ကိုင်ဖက် ဆယ်ယောက်ကျော်လောက် ပါပြီ..သူတို့အားလုံးမှာ..အက်ျီတွေ...ခေါင်းဆောင်းတွေ ဝတ်ထားကြကာ..လက်နက်အသီးသီး ကိုင်ဆောင် ထားကြပါတယ်..။
တိမ်ဖြူလမ်းမှာ စျေးဝယ်နေတဲ့ မြို့သားတွေဟာ..ဒီလူတွေကို မြင်လိုက်ကြတယ်..။အနီးအနားက ဆိုင်ပိုင်ရှင်တွေလည်း သူတို့ကို မြင်လိုက်ကြပါတယ်..။သူတို့အံ့ဩသွားကြပြီး..သူဌေးလေးကို အခြေအနေ သတင်းပို့ဖို့ လုပ်လိုက်ပါတယ်..။
ရမ်ဂျန် ပြောလိုက်တယ်..။
"မင်းတို့ ဒီမှာ ဘာလုပ်နေကြတာလဲ.."
ချီကျန်းဒီ ကတော့ ဒေါသတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်..။
"ငါတို့ကစည်းကမ်း ထိန်းသိမ်းရေး အရာရှိတွေပဲ.."
ရမ်ဂျန် မျက်မှောင် ကျုတ်လိုက်တယ်..။ဒီလူရဲ့ အမူအရာက..တစ်ခုခု လွဲမှားနေတယ်ဆိုတာ သူသတိထားမိလိုက်ပါတယ်..။ထပ်ပြောရရင်ဘသူတို့က လက်နက်တွေမှာ ကိုင်ဆောင်လာကြတာပါ..။ကြည့်ရတာ တစ်ခုခု ဆိုးတာ ဖြစ်တော့မယ့် ပုံပါပဲ..။
"မလှုပ်နဲ့.."
ယင်းနောက် သူ့တပည့်ကို ပြောလိုက်တယ်..။
"ဂျီချိုင် ငါတို့ လူတွေကို ထပ်ခေါ်လိုက်.."
"ဟုတ် မာစတာ .."
ကျို့ဂျီချိုင် ခေါင်းညိမ့်လိုက်တယ်..။သို့ပေမယ့် သူ အကူအညီ ခေါ်ဖို့ လုပ်လိုက်တဲ့ အချိန်မှာပဲ...ဘယ်ကမှန်း မသိတဲ့ စကားပြောစက်တစ်ခုဟာ..သူ့မျက်နှာကို လာမှန်ခဲ့တယ်..။
ချီကျန်းမင်း ရမ်ဂျန်ကို တွန်းထုတ်ကာ ပြောလိုက်ပါတယ်..။
"စောက်ရမ်းတွေ..လာဆူညံမနေနဲ့..။မြန်မြန် လစ်လိုက်တော့.."
"မင်းတို့ဘာလုပ်နေတာလဲ..။မင်းတို့ လူပ်ရဲ..."
သူစကား မဆုံးခင်မှာပဲ..အကာအကွယ် ဦးထုတ်နဲ့ ဖြတ်ရိုက်တာ ခံလိုက်ရပါတယ်.။
ရမ်ဂျနန်ဟာ တဖြည်းဖြည်းနောက်ဆုတ်ပေးနေရပြီး..ဒီလူတွေဟာ..သူ့ကို ဦးထုတ်နဲ့ ရိုက်ကာ နောက်ကို တွန်းထုတ်နေကြတယ်..။
ဘေးနားက မြို့သားတွေကတော့ ကြောင်အနေကြပါပြီ..။
ဘယ်လိုဖြစ် နိုင်မှာလဲ.."
"သူဌေးလေး မကောင်းတော့ဘူး..။ သူတို့ ပြန်လာပြန်ပြီ.."
အစကေတော့ လင်းဖန် တွေဖြစ်နေလဲ မသိပေမယ့် လည်း အခြေအနေကို ကြားကာ...ကြောင်အသွားပြီး အမြန်ပြေးထွက်သွားခဲ့တယ်..။
သူ ဒီလူတွေကို မြင်တဲ့ အချိန်မှာတော့..အံဩသွားခဲ့ ပါပြီ..။
ဒီလူတွေက တကယ် ဇွဲကြီးလွန်းတဲ့ လူတွေပါ.. ။