← Chapters

အခြေအနေက ထိန်းချုပ်ရခက်ခဲ ကုန်ပြီ..

Vol. 24 Ch. 348

အခြေအနေက ထိန်းချုပ်ရခက်ခဲ ကုန်ပြီ..

Vol. 24 Ch. 348

ဘာသာပြန် = စနိုးဝှိုက်

မြို့သား​ေ အကုန်လံူး ကြောင်အနေခဲ့ကြတယ်..။

ဘာတွေ ဖြစ်နေတာလဲ..

ဒီကောင်တွေက ရဲကို တောင် ရိုက်နှက်ရဲတယ်လား..

လင်းဖန် မြင်ကွင်းကို ရောက်တဲ့ အချိနိမှာ အရိုက်ခံရလို့ မြေကြီးပေါ်မှာ မှောက်နေတဲ့ လူနှစ်ယောက်ကိုမြင်ပြီး ကြောင်အသွားခဲ့တယ်..။သူ မယုံကြည့်နိုင်စွာဖြင့်..

"လူလိမ် ထျန်..မြေကြီးပေါ်မှာ..အရိုက်ခံရပြီးမှောက်နေတဲ့ လူတွေက ဘာလို့ ရဲတွေနဲ့ ပုံစံတူနေရတာလဲ.."

လူလိမ် ထျန်..ကြောင်အသွားခဲ့ပါတယ်..။

"သူတို့က ရဲတွေနဲ့ တူနေတာ မဟုတ်ဘူး..။သူတို့က ရဲတွေပဲ.."

"ချီးပဲ.."

လင်းဖန် တွေဝေချင်း မရှိပဲ..ရှေကို တက်ကာ တစ်ယောက်ချငိးစီ တိုင်းကို စောင့်ကန်လိုက်တယ်..။ယင်းနောက် သူ ရမ်ဂျန် ကို ကူညီလိုက်တဲ့ အချိန်မှာ ရမ်ဂျန် ရဲ့ မျက်နှာမှာ သွေးတွေ ထွက်နေခဲ့ ပါပြီ..။

သူ စိတ်ပူစွာ အော်လိုက်တယ်..။

"ငါ့တပည့်လေးက ဒီမှာပဲ..သူ့ကို အမြန်ကယ်လိုက်ပါဦး..!)"

တစ်ဖက်မှာတော့ လူငယ်လေးဟာ..မြေကြီးပေါ်မှာ.လဲကျနေပြီး..သူ့ကို ဝိုင်းရိုက်နေတာတွေကို မထိအောင် လက်နဲ့ ကာနေခဲ့ပါတယ်..။

"မင်းတို့ ကျားသစ် အူတွေ စားလာခဲ့ကြတာလား.."

လင်းဖန် အကုန်လုံးကို စောင့်ကန်လိုက်ပြီး.ကျို့ဂျီချိုင်ကို ကယ်တင်လိုက်ပါတယ်..။သူတို့နှစ်ယောက်စလုံးဟာ အခြေအနေ အတူတူပဲ ဖြစ်ပြီး..ဒဏ်ရာတွေ ကိုယ်စီနဲ့ပါ..။

တစ်ချိန်လုံး တိုက်ခိုက်နေတဲ့ ချီကျန်းဒီ ..ဟာ ​ေုပာလိုက်တယ်..။

"မင်း ဒီ ယူနီဖောင်းသာဘ မဝတ်ထားဘူးဆိုရင် ဒီနေ့ ငါမင်းကို သေအောငိ ရိုက်သတိမှာ.."

ဒါကို ပြောပြီးနောက်မှာ သူဟာ..ပစ္စည်းတွေ ကို ပြန်သွားကောင်းပြီး ဘာမှ မဖြစ်သလို ပြင်ဆင်လိုက်တယ်..။

"မင်းတို့ ကောင်တွေက စည်ပင် အရာရှိတွေရဲ့ အလုပ်ကို တားဆီးပြီး..တိုက်ခိုက်တာက ငါတို့မြို့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်..။မင်းဒီကိစ္စကို ရိုးသားတာ ကောင်းလိမ့််မယ်နော်.."

ချီကျန်းဒီဟာ မောက်မာတဲ့ လေသံနဲ့ ပြောလိုက်တာပါ..။သူ့ကြည့်ရတာ...အရိုက်ခံထားရတဲ့ ရဲနှစ်ယောက်ကို ထပ်ပြီး ဂရုမစိုက်တော့တ​ဲ့ ပုံပါပဲ..။

ရမ်ဂျန်ဟာ ရဲအရာရှိ လုပ်လာတာ ဆယ်နှစ်လောက်ရှိပြီ ဖြစ်ပေမယ့် လည်း.ဒီလို အဖြစ်အပျက်မျိုး တစ်ခါမှ မကြုံဖူးခဲ့ပေ..။သူ ဒီလို အရာတွေကို သတင်းထဲမှာပဲ ဖတ်ဖူးခဲ့တာပါ..ဉ

ရမ်ဂျန် သူတို့ကို ့လက်ညိုးထိုးပြီး ပြောလိုက်တယ်..။

"မင်းတို့ အကုန် လူမိုက်တွေပဲ..."

ချီကျန်းဒီ ဆူပူလိုက်တယ်.

"မင်းဘာပြောတာလဲ..။ငါ မင်းတို့ကို ကားထဲထည့်ပြီး ငါတို့ ဌာနကို ခေါ်သွားရမယ်..။မင်းဘာလို့ ငါ့တို့ စည်ပင်အရာရှိတွေရဲ့ လူပ်ငန်းစဥ်တွေကို ဝင်နှောက်ယှက်တာလဲ ဆိုတာ မေးခွန်းထုတ်ရမယ်.."

ဘေးနားက မြို့သားတွေဟာတော့..ဖုနး်တွေကို ထုတ်ပြီး ရိုက်ကူးနေကြပါပြီ..။ဒီလူတွေက ရဲအရာရှိကိုတောင် ရိုက်နှက်ရဲ ကြတဲ့ လူတွေပါ..။မာနကြီးတာလက်ခံလို့ ရပေမယ့် ဥပဒေမဲ့ လုပ်နေတာတွေကိုတော့ လက်ခံလို့မရပါဘူး..။

အဲ့အချိန်မှာပဲ လင်းဖန် ရှေ့ကို တက်လိုက်တယ်..။ဒီ ကိစ္စက ကြီးမားလာတော့မှာ ဖြစ်ပြီး..လင်းဖန် သတင်းတွေထဲမှာ မကြာခန ပါလာဖို့ လိုအပ်ပါတယ်..။ဒါက တရားမျှတမူကို ​ဖြေရှင်းပေးရုံသာမက..သူ့က သတင်းခေါင်းကြီး ပိုင်းတွေမှာ ပါဝင်ပြီး..ဂုဏ်သတငိး တက်သွားဥိိီးမှာပါ..။ဒါက ငှက်နှစ်ကောင်ကို ကျောက်ခဲတစ်လုံးထဲနဲ့ ပစ်သလို ပါပဲ..။

လင်းဖန် ဒီလူတွေကို ကြည့်ပြီး ပြောလိုက်တယ်..။

"မင်းတို့ သိပ်ပြီး သတ္တိတွေ ကောင်းနေပါလား..။ဒီလူတွေက ဘာတွေလဲ ဆိုတာသိတာတောငိ တိိုက်ခိုက်ရဲ သေးတယ်.."

ချီကျန်း ဒီ ပြောလိုက်တယ်..။

"ငါတို့က မြို့တော်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းနေရတ​ဲ့ လူတွေပဲ..။ငါတို့ရဲ့ ခေါင်းဆောင်က အစိုးရ အရာရှိ ..သူတို့ရဲ့ ခေါင်းဆောင် ဆိုတာက ဗျူရိုကရေစီက အကြီးအကဲ တစ်ယောက်သာသာပဲ..။သူတို့ ငါ့တို့လူပ်နေတာတွေကို မေးခွန်းထုတ်ပြီး..တားဆီးစရာ ဘာအကြောင်းမှ မရှိဘူး.."

ကျောက်ကျန်းယန်ဟာ တိုက်ရိုက်ထုတ်လွင့်နေခဲ့တယ်..။

"ချီးပဲ..ဒီစည်ပင် အရာရှိတွေ..ငါတော့ သူတို့ အစားရှက်မိတယ်."

"တကယ်ဆိူးရွားတဲ့ ကောင်တွေပဲ.."

"သူတို့ ဘာလို့ သတ္တိရှိနေကြလဲ နားလည်သွားပြီ..။အစိုးရရဲ့ တရာဝင်အ ရာရှိ တစ်ယောက်က ..တာနံပါတ် ၁ အရေးကြီးတဲ့ လူပဲ.."

"ညီအစ်ကိုတို့ ဒီနေ့​ေခတ်မှာ..ခေါင်းဆောင်တွေက သူတို့ရဲ့ မှတ်တမ်းတွေ တိုးတက်ဖို့ ဆိုရင် မလုပ်ရဲတာ ဘာမှ မရှိဘူး..။သူတို့က မြို့လှပဖို့ အကောင်းဆုံးကြိုးစားကြမှာပဲ..။ပြည်သူတွေ..မလိုက်နာဘူးဆိုရင် သူတို့ အင်အားသုံးပြီး လုပ်ကြမှာ...။ဒါဆိုလူတွေ အများကြီးကို ဆွဲဆောင်နိုင်ပြီး ရင်နှီးမြုပ်နှံ့မူတွေ လူပ်ကြလိမ့်မယ်လေ .။တကယ်လို့ သူတို့ကို တစ်ယောက်ယောက်က လာတားဆီးရင် သူတို့က သက်ညှာနေမှာ မဟုတ်ဘူး..."

"အပေါ်က လူပြောတာ မှန်တယ် ဒီနေ့ခေတ် စည်ပင် အရာရှိတွေက အတော် ဆိုးရွားလာကြပြီ.."

"ဒါက လူနည်းစုတွေ ဖြစ်ပါလိမ့််မယ်..။ငါတို့ရဲ့ လက်ရှိ ရှန်ဟိုင်း ခေါင်းဆောင်တွေက အရမ်းကောင်းကြတယ်နော်..။ဒီလူတွေက..စုန်းပြူး တွေပဲ ဖြစ်ရမယ်.."

…

ချီကျန်းဒီ ..ကျောက်ကျန်းယန်ကို လက်ညိုးထိုးပြီး ပြောလိုက်တယ်..။

"မင်းဘာတွေ ရိုက်ကူးနေတာလဲ..။အခုချက်ချင်း ဖျက်ပစ်လိုက်.."

မာစတာ လင်းရှိနေတဲ့ အတွက်...ကျောက်ကျန်းယန်..လုံဝ ကြောက်ရွံ့မနေခဲ့ ပါဘူး..။

"ငါ ရိုက်ကူးနေတာလေ..။မင်းရှက်စရာ မလုပ်ထားဘူဆိုရင် ဘာမှ ရှက်နေစရာ အကြောင်းမရှိဘူး..။ငါ့ဖုန်းကို လာလုချငိတာလား..အိပ်မက်ဆက်မက်နေလိုက်.."

ဘေးနားက ဆိုင်ပိုင်ရှငိတွေလညိး အော်လိုက်ကြပါတယ်..။

"မအိမ်လုံးတွေ..လူတွေကို အနိုင်ကျင့်နေတာ ရပ်လိုက်တော့..။မဟုတ်ရင် ငါတို့ မင်းတို့ကို တိုက်ခိုက်ရလိမ့်မယ်.."

"အာ..မင်းဘာလို့ အသီးအရွက် လှီးတဲ့ ဓားကြီး ကိုင်ထားတာလဲ..။မြနိမြန်ပြန်သွားထားလိုက်..သူဌေးလေးကို ပြသနာ ဖြစ်အောင် လုပိချင်နေတာလား..။အဲ့အစား တံမြက်စည်း တွေကို သုံးမယ်.."

"ငါတို့ တိုက်ခိုက်ရမှာကို..မကြောက်ဘူး..။ငါတို့ရှုံးမှာ မဟုတ်ဘူး..

"မြန်မြန် ပြန်သွားထားလိုက်..။တံမြက်စည်းပဲ ယူယူလာခဲ့..။သူဌေးလေးကို ပြသနာ မရှာနဲ့..

…

ဆိုင်ပိုင်ရှင်တွေဟာ..ကိုယ်ကျင့်တရားရှိပေမယ့် မကြောက်ရွံ့ကြပါဘူး..။သူတို့ တွေဟာ သူဌေးလေးနောက်မှာ ရပ်လိုက်ကြတယ်...။ဒီလူတွေ ရှေ့တိုးလာရင် သူတို့ ကြောက်နေတော့မှာ မဟုတ်ပေ..။

လင်ဖန်စိတ်မရှည်တော့ပါဘူး..။သူ ဒီလူတွေကို အကုန်ရိုက်နှက်ပြီး မောင်းထုတ်လို်က်ချင်နေပါပြီ..။

လူတစ်ယောက်ဟာ ရှေ့ကို တက်လာပြီးပြောလိုက်တယ်...။

"ဖုန်းကို ငါ့ကိုပေး.."

ကျောက်ကျန်းယန်..ဟာ ဖုန်းကို ကိုင်ထားပြီး..နောက်ကို တစ်လှမ်းဆုတ်လိုက်တယ်..။

လငိးဖန် အသက်ကို ပြင်းပြင်းရူလိုက်ပါတယ်..။သူ ထပ်ပြီး သည်းမခံ နိုင်တော့ပါဘူး..။သူ ဒေါသတွေကို ညာဘက် ခြေထောက်မှာ စုထားလိုက်ပြီး..ကျောက်ကျန်းယန် ရှေ့က လူကို စောင့်ကန်လိုက်တယ်..။ပြင်ထန်လှတဲ့ ကန်ချက်ကြောင့် လူကြီးဟာ နောက်ကို မီတာ အနည်းငယ် အထိ လွင့်သွားခဲ့ပါတယ်..။

"ဘယ်သူမှ မလှုပ်နဲ့..တကယ်လို့ လှုပ်ရဲတဲ့ ကောင်ရှိရင်..မသန်စွမ်းဖြစ်အောင် လုပ်ပေးလိုက်မယ်."

ကန်ချက်တစ်ချက်ကတင် သူဘာကောင် လဲ ဆိုတာကို ဖော်ပြဖို့ လုံလောက်ပါတယ်..။

တိမ်ဖြူလမ်း ဝင်ပေါက်တွင်..။

ရဲကားများစွာဟာ ရောက်လာခဲ့တယ်..။

ဌာန အကြီးအကဲ ဝမ်ဟာ ကားပေါ်ကဆင်းတာနဲ့ မြင်ကွင်းကို မြင်ပြီး ကြောင်အသွားခဲ့ ပါတယ်..။

ရှောင်ဂျီ အလျင်အမြန်ရှေ့ တက်သွားခဲ့ပြီး..

"ဌာနအကြီးအကဲ ရောက်လာပြီလား..။ချီကျန်းဒီ နဲ့ ကျန်တဲ့ လူတွေက တားလို့ မရဘူး..။တကယ်လို့ ကျွန်တော် တို့ အမြန်မတားဆီး နိုင်ရင် ပြသနာ တက်လိမ့်မယ်.."

စိုးရိမ်တဲ့ အမူအရာနဲ့ ဌာနအကြီးအကဲဝမ်ဟာ ပြောလိုက်ပါတယ်..။

"မင်းတို့ ဘာတွေ လုပ်နေကြတာလဲ..။သူတို့ ပြသနာရှာတာကို ရပ်ကြည့်နေကြတာလား.."

ရှောင်ဂျီ ပြောလို်က်တယ်..။

"ဌာန အကြီးအကဲ ကျွန်တော် တို့မှာလည်း ရွေးချယ်စရာ မရှိဘူး..။သူတို့က ဒေါသထွက်နေခဲ့ကြတာ..ပြီးတော့ အခု သူတို့..သူတို့.."

ဌာန အကြီးါကဲ ဝမ်ရဲ့ မျက်နှာဟာ..စိုးရိမ်နေတာကနေ ကြောက်ရွံ့သွားခဲ့တယိ..။

"သူတို့ ဘာဖြစ်လဲ..မြန်မြန်ပြောစမ်း.."

ရှောင်ဂျီ ပြောလိုက်တယ်..။

"သူတို့က..ရဲနှစ်ယောက်ကိုပါ ရိုက်နှက်ထားကြပြီးပြီ.."

ဒါကို ကြားတဲ့ အချိန်မှာ..ဌာနအကြီးအကဲ ဝမ်ဟာ ဒေါသထွက်သွားခဲ့တယ်..။

"သူတို့ ကျားသစ် အူကို စားခဲ့ကြတာလား.။လာ..သူတို့ ဆန့်ကျင်ရဲမယ် ဆိုရင်..အကုန်ထောင်ထဲ ထည့်ပစ်မယ်.."

ရှောင်ဂျီ ပြန်ပြောလိုက်တယ်..။

"ရက် ဆာ.."

လီရှောင်းရှမ်းဟာ ဒီစကားတွေကို ကြားတဲ့ အချိနိမှာ သူ့လူတွေကို အမိန့်ပေးလိုက်တယ်..။

"လိုက်ခဲ့ကြ.."

အဲ့အချိန်မှာတော့ နှက်ဖက်စလုံး ဟာ အခြေအနေ တင်းမာနေခဲ့ပါပြီ..။လင်းဖန်ကတော့ မကြောက်ရွံ့ပေ..။တကယ်လို့..ဒီလူတွေ သာ လှုပ်ရှားလာရင် သူ အကုန်လုံးကို မသန်စွမ်း တွေဖြစ်အောင် လုပ်လိုက်မှာပါ..။

နောက်ဆက်တွဲဖြစ်လာမှာတေံွကိုသူမတွေး တော့ပါဘူး..။သူအရင်ဆုံးတိုက်ခိုက်ပြီး ..စဥ်းစားတာကို နောက်မှ လုပ်တော့မှာပါ..။

"အားလုံး ရပ်လိုက်.."

ရုတ်တရက် ကျယ်လောင်တဲ့ အသံတစ်ခုကို ကြားလိုက်ရတယ်..

ချီကျန်းဒီ လာနေတဲ့ လူကို မြင်ပြီး..ကြောင်အသွားခဲ့ပါတယ်..။

"ဌာနအကြီးအကဲ.."

ဌာန အကြီးအကဲ ဝမ်ဟာ သူတို့ကို လက်ညိုး ထိုးပြီး ပြောလိုက်တယ် ။

"ကောင်းတယ်..အရမ်းကို ကောင်းတယ်..။မင်းတို့က တကယ်စွမ်းဆောင် နိုင်စွမ်းတွေ ရှိတာပဲ.."

လင်းဖန်ဟာ လင်းဖန်ရဲ့ ဘေးနားကို လျောက်လာခဲ့ပြီး..ရဲအရာရှိ နှစ်ယောက်ရဲ့ အခြေအနေကို မြင်ကာ..သူ့အမူအရာပြောင်းလဲ သွားခဲ့ပါတယ်..။

"သူတို့ဘာဖြစ်တာလဲ.."

အခြေအနေကတော့ စိုးရိမ်ဖို့ကောင်းနေပါပြီ..။ဒါကတကယ်စိုးရိမ်စရာ ပါပဲ..။

"ဒီ ချစ်လှစွာသော ရဲနှစ်ယောက်ကို..ဒီကောင်တွေ ရိုက်နှက်ထားတာ..။သူတို့က..ယူနီဖောင်း မဝတ်ထားရင် သေအောင်ရိုက်ပြီးသွားပြီ လိူတောင် ပြောသေးတယ် ."

ဘေးနားက မြိူ့သားတွေဟာ ရှင်းပြလိုက်တာပါ..။

လီရှောင်ရှမ်း စည်ပင် အရာရှိ ဘဝတုန်းက..အကြမ်းဖက် ပြီး..လုပ်ဆောင်မူတွေကို အမုနိးဆံူးပါပဲ..။အမှန် အမှားကို နားမလည်တဲ့ လူတွေကို သူပိုပြီး မုနိးပါတယ်..။ဒီလူတွေ ရဲအရာရှိကိုတောင် တိုက်ခိုက်ရဲတယိ ဆိုတာကို ကြားတဲ့ အချိန်မှာ သူဒေါသထွက်သွားခဲ့တယိ..။

သူ စည်ပင် အရာရှိဘဝ တုန်းက ရဲအရာရှိ တွေကို လေးလေးစားစား ဆက်ဆံခဲ့တာက..ဒီ ရဲအရာရှိတွေကသာ လုံခြုံပြီး ငြိမ်းချမ်းတဲ့ နယ်မြေဖြစ်အောင် အလုပ်လုပ် နေတယ် ဆိုတာကို သိလို့ပါ..။

စည်းကမ်းထိန်းသိမ်းရေး အရာရှိတွေဟာ.ရဲအရာရှိတွေနဲ့ယူနီဖောင်း ချင်း ဆင်တူနေတဲ့ အတွက် တစ်ချို့ လူတွေဟာ မခွဲနိုင်ကြပဲ..ဒီလို မတော်တဆမူတွေကို ရဲအရာရှိတွေကိုသာ အပြစ်တင်ကြတတ် ပါတယ်..။

လင်းဖန် လီရှောင်ရှမ်းကိုပြောလိုက်တယ်..။

"ဒီကိစ္စကို ခင်ဗျား လက်ထဲ ထည့်လိုက်ပြီ.."

လီရှောင်ရှမ်း ခေါငိးညိမ့်ပြီး ဒီလူတွေကို လက်ညိုးထိုးကာ ညွှန်ကြားလိုက်ပါတယ်..။

"ဒီကောင်တွေ အကုန်လုံကို ဖမ်းလိုက်..။ဥပဒေကို သိနေတာတောင် ရဲအရာရှိကို တိုက်ခိုက်သေးတယ်.. ဥပဒေမဲ့တဲ့ ကောင်တွေပဲ.."

ချီကျန်းဒီ နဲ့ ကျန်တဲ့ လူတွေဟာ ကာကွယ်ဖို့ လူပ်နေကြပါတယ်..။

"မင်းတို့ ဘာလုပ်ချငိတာလဲ...မင်းတို့ ဘာလုပ်ဖို့ကြိုးစားနေတာလဲ.."

*ဘန်း.*

အဲအချိန်မှာပဲ ဌာန အကြီးအကဲ ဝမ်ရဲ့လက်သီးဟာ သူ့မျက်နှာနဲ့ မိတ်ဆက်သွားခဲ့ပါတယ်..။

"ပါးစပ်ပိတ်ပြီး အပြစ်ပေးခံဖို့ကို စောင့်နေလိုက်.။အထိုးခံရတာက မင်းရဲ့ စိုးရိမ်မူတွေကို ဖြေ​ပျောက်ပေးလိမ့်မယ်.."

All Chapters