← Chapters

ချီးပဲ..ဒါက အစစ်အမှန်မဟုတ်တဲ့အတိုင်းပဲ..

Vol. 24 Ch. 349

ချီးပဲ..ဒါက အစစ်အမှန်မဟုတ်တဲ့အတိုင်းပဲ..

Vol. 24 Ch. 349

ဘာသာပြန် = စနိုးဝှိုက်

ဒီ မတော်တဆ မူက သတင်းကြီး တစ်ခုဖြစ်တော့မယ် ဆိုတာကို အကြီးအကဲ ဝမ်သိထားပါတယ်..။ဒီမှာ မြို့သားတွေဟာ..ဖုန်းလေးတွေ ကိုယ်စီကိုင်ပြီးကြည့်နေကြတာ ဖြစ်တဲ့ အတွက် သတင်းမပြန့်နှံ့ဖူး ဆိုတာက လုံးဝ မဖြစ်နိုင်ပါဘူး..။

လီရှောင်ရှမ်း နဲ့ သူ့လူတွေကတော့..ဒီကိစ္စကို လုံးဝ စိတ်မပူကြပေ.။

ဒီနေရာက သူတို့ ထိန်းချုပ်မူ အောက်မှာ ရှိတဲ့ နယ်မြေမဟုတ်ပါဘူး..။သို့ပေမယ့်..နိုင်ငံရဲဌာန တွေအနေနဲ့တော့..သက်ဆိုင်ပါသေးတယ်..။အထူးသဖြင့် ဒီလူတွေက ရဲတွေကို စော်ကားထားတာ ဆိုတော့ ဖမ်းဆီး ထိန်းသိမ်းထားမှ ရမှာပါ..။

ဌာန အကြီးအကဲဝမ်ဟာ မြို့သားတွေရဲ့ ရှေ့ကို သွားပြီး စကားပြောလိုက်တယ်..။ဘေးနားမှာ ရှိနေတဲ့ မြို့သားတွေရဲ့ ခံစားချက်တွေကို သူတည်ငြိမ်အောင် လုပ်ပေးဖို့ လိုအပ်ပါတယ်..။ဒါက ဘယ်သူမှားတယ် ဘယ်သူမှန်တယ် ဆိုတဲ့ အရာမျိုးမဟုတ်ပဲ.စည်ပင်အရာရှိ တွေ လုံးဝ မှားနေတဲ့ အခြေအနေတစ်ခုမှာပါ..။

ဒီကိစ္စကို အထက်က သိသွားရင်..ဌာန အကြီးအကဲ ဖြစ်တဲ့ သူတစ်ယောက်ထဲ ခေါင်းခံလို့ ရတဲ့ အရာမဟုတ်ပါဘူး..။သူ အထက်ကို သေချာ အစီရင်ခံစာ တင်ဖို့ လိုအပ်ပါတယ်...။

လီရှောင်ရှမ်းဟာ လင်းဖန်နဲ့ စကားအနည်းငယ် ပြောပြီး နောက်မှာ...မြို့သားတွေဆီး သွားပြီး အချက်အလက် တွေ ထပ်စုံစမ်း ခဲ့ပါတယ်..။တစ်ချိန်တည်းမှာပဲ..သူ ဗီဒီယို တစ်ခုကိုပါ..ကော်ပီ ကူးလာခဲ့တယိ..။

သူ ဗီဒီယို ကိုကြည့်တဲ့ အချိန်မှာ လီရှောင်ရှမ်း မျက်မှောင်ကျုတ်သွားခဲ့ပါပြီ..။ပြီးနောက် သူ အကြီးအကဲဝမ်ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး..

"မင်း ဒီ ဗီဒီယိူကို ကော်ပီ ကူးထားသင့်တယ်..။မ ဟုတ်ရင် မင်းတစ်ယောက်ထဲ တာဝန်ယူနေရမယ်.."

ဌာန အကြီးအကဲဝမ် ခေါင်းညိမ့်လိုက်ပါတယ်..။သူတို့ စည်းကမ်း ထိန်းသိမ်းရေး အရာရှိတွေက နဂိုကတည်းကမှ..မြို့သားတွေကြားထဲမှာ..နာမည်သိပ်မကောင်း ဖြစ်နေခဲ့တာပါ..။

သူတို့ အကောင်းဆုံးကြိုးစားပြီး..ပြည်သူတွေရဲ့ အမြငိကို ပြင်ဆင်ပေးနေပေမယ့်လည်း..သူတို့ စည်ပင်အရာရှိတွေရဲ့ ဂုဏ်သိက္ခာကို မထိန်းသိမ်းတဲ့အပြင် အရှက်ရစရာတွေဖြစ်အောင် လုပ်တဲ့ လူက သပ်သပ်ကို ရှိနေခဲ့တာပါ..။

လီရှောင်ရှမ်း ပြောလိုက်တယ်..။

"ဌာန အကြီးအကဲ ဝမ်..။ကျွန်တော်တို့ ဒီလူတွေကို ပြန်ခေါ်လာခဲ့မယ်..။ဒီလူတွေက..စည်းကမ်းထိန်းသိမ်းရေး နဲ့ မဆိုင်တော့ဘူး..ဒါက ရဲအရေးပိုင်တဲ့ ပြစ်မူတစ်ခု ဖြစ်နေပြီ။ကျုပ်တို့..စုံစမ်း စသ်ဆေးလိုက်မယ်.."

ဌာနအကြီး အကဲဝမ်ခေါင်းညိ်မ့်လိုက်တယ်..။

"ငါနားလည်ပါတယ်..။ဒီကိစ္စက လွယ်လွယ်နဲ့ ဖြေရှင်းလို့ ပြီးမှာ မဟုတ်ဘူး.."

လီရှောင်ရှမ်း သူ့လူတွေကို အမိန့်ပေး လိုက်တယိ..။

"လက်ထိပ် မခတ်ခင် သူတို့ ယူနီဖောင်း တွေကို ချွတ်လိုက်..။သူတို့ကြောင့် အလုပ်အကိုင် သိက္ခာမကျစေနဲ့.."

"ရက် ဆာ.."

ရဲအရာရှိတွေဟာ ခေါင်းညိမ့်ပြီး အလျင်အမြန်လှုပ်ရှားလိုက်ပါတယ်..။သူတို့ရဲ့ ရဲသားတွေ အရိုက်ခံရတော့ သူတို့လည်း ဒေါသထွက်နေခဲ့ကြတာပါ..။

…

လီရှောင်ရှမ်းနဲ့ ကျန်တဲ့ လူတွေ ထွက်သွားပြီးနောက်..။

လင်းဖန် လက်ဝေ့ယမ်းလိုက်တယ်..။

"အားလုံးပဲ..ပြန်ကြတော့..။ဒီကိစ္စက ပြီးပြီးသွားပြီ သူတို့ အပြစ်ပေးခံရလိမ့်မယ် လို့ ကျုပ်ယုံကြည်တယိ..။

အဲ့အချိန်မှာပဲ အနောက်မှာ ရှိတဲ့..မက်မွန်းသီးသည်အဖိုးကြီး ဟာ ပြောလိုက်ပါတယ် ။

"သူဌေးလေး ကျွန်တော် တောင်းပန်ပါတယ်..။ဒီလူအိုကြီးကြောင့် ပြသနာ တက်နေရပြီ.."

လင်းဖန် လက်ဝေ့ယမ်းလိုက်တယ်..။

"ဒါက ပြသနာ မဟုတ်ပါဘူး..။ပြီးတော့ အဖိုးကြောင့်လဲ မဟုတ်ဘူးလေ..သူတို့တွေက အချိူးမပြေလို့ပဲ..။တကယ်လို့ ကျွန်တော်တို့ မခံရပဲ တစ်ခြားလူတွေ ခံရမယ် ဆိုရင်လည်း..ထိုင်ကြည့်နေမှာ မဟုတ်ဘူး.."

ဘေးနားက ဆိုင်ပိုင်ရှငိတွေလည်း သဘောတူလိုက်ကြတယ်..။

"ဒါအမှန်ပဲ..။ဒါက ကျွန်တော် တို့ရဲ့ တာဝန်ပဲလေ..။တိမ်ဖြူလမ်းက လူတွေကို ညီတူညီမျှ ဆက်ဆံပြီး..ဘယ်သူမှ လာအနိုင်ကျင့်လို့ မရစေရဘူး.."

မြို့သားတွေဟာ..ဂုဏ်ပြုလိုက်တယ်..။

"ဒီလောကိစည်းလုံး တဲ့ လူတွေကို မြင်ရတာ ပထိမ ဆုံးပဲ.."

"ဟုတ်တယ် ..ငါတို့ ဒီလို အနိုင်ကျင့်တဲ့ အရာတွေမြင်ဖူးပေမယ့် အကြိမ်တိုင်းဒေါသ ထွက်ရတယ်..။ဒါပေမဲ့ ဘယ်သူမှ ရှေ့ကိုသွားပြီး ဝင်မပြောရဲကြဘူး.."

"ငါ ဘာမှ မလုပ်ခဲ့ပေမယ့်လည်း..ဒီနေ့အတွက် တော်တော် ဂုဏ်ယူရတယ်.."

"မာစတာ လင်းစကားနည်းနည်းလောက် ပြောပါလား..။ဒီ ဗီဒီယိုက အင်တာနက်ပေါ်မှာ တင်မှာလေ.."

"ကျုပ်မှာ သတင်းထောက် သူငယ်ချငိးတစ်ယောက်ရှိတယ် .။သူ့ကို ဒီဗီဒီယို ဖိုင်ပို့ပေးလိုက်မှာ.."

လင်းဖန် ဒါကို ကြားတဲ့ အချိန်မှာ ဝမ်းသာ သွားခဲ့တယိ..။ယင်းနောက် သူ သပ်သပ်ယပ်ယပ် ဖြစ်အောင် လုပ်လိုက်ပြှီး..မြို့သားတွေရဲ့ ဖုန်းကင်မရာကို ကြည့်ကာ ပြောလိုက်ပါတယ်..။

"နှုတ်ဆက်ပါတယ်..။အားလုံးပ​ဲ ကျွန်တော်ကတော့ အကုန်လုံး လတ်တလော ပြောနေကြတဲ့ မာစတာ လင်းပါ..။ဒီနေ့ ဖြစ်ခဲ့တဲ့..မတော်တဆ မူက အထူးပြသနာ တစ်ရပ်ဖြစ်ပြီး..နိုင်ငံပိုကောင်းလာဖို့ ဆိုရင် ပြုပြင်ဖို့ လိုအပ်တဲ့ အရာတွေပါ..။ကျွန်တော် အရင်တုနး်က ပန်ကိတ်လုပ်တာကိုတင် သင်ခဲ့တာ မဟုတ်ပဲ..သီချင်းရေးတာကိုလည်း သင်ယူခဲ့ပါသေးတယ်..။တကယ်လို့ ကျွန်တော်ရေးသားတဲ့..သီချင်းတွေ ထွက်ရှိလာလို့ ရှိရင် မအံ့ဩကြပါနဲ့..အဲတာ တကယ်ပဲ ကျွန်တော်ပါ.."

အစပိုင်းမှာတော့ သူ့စကားလုံးတွေက ဘာပြသနာ မှ မရှိပေမယ့် လည်း နောက်ပိုင်းမှာတော့ တဖြည်းဖြည်း လွဲချော်လာခဲ့ပါတယ်..။

မာစတာ လင်းက ဘာလို့ သူ့ကိုယ်သူ အတင်းတွေ ချီးမွမ်းနေတာလဲ..

စကား အနည်းငယ်ပြောပြီးတဲ့နောက်မှာ လင်းဖန် မြို့သားတွေကို လက်ပြပြီး နှုတ်ဆက်လိုက်တယ်..။

"ကောင်းပြီ စျေူဝယိမယ့် လူတွေက ဆက်ပြီး စျေးဝယ်ကြပါ..။ဒီကိစ္စက ပြီးသွားပြီ ဆိုတော့ကျွန်တော်

လည်း အနားယူလိုက်ဦးမယ်...။မတော်တဆမူက မထင်မှတ်ထားတဲ့ အရာဖြစ်နေတော့ နည်းနည်း ပင်ပန်းသွားတယ်လေ.."

"ဟားဟား.."

လူတိုင်းဟာ ရယ်မော ပြီး လူစုခွဲလိုက်ကြပါတယ်..။ဆိုင်ပိုင်ရှင်တွေ လည်း..ဒီမတော်တဆ မူက စည်ပင်အရာရှိတွေ ကြောင့်ဖြစ်လာမယ်လို့ မထင်ထားခဲ့ကြပါဘူး..။အရင်တုနး်က ဆိုရင် သူတို့ သတ္တိအရမ်းရှိနေမယ် ဆိုရင်တောင် ထွက်ပြောရဲကြမှာ မဟုတ်ပေ..။

မာစတာ လင်းနဲ့ အတူတူ အလုပ်လုပ်ရတာက တကယ် စိတ်ဓာတ်တက်ကြွ စေပါတယ်..။

လင်းဖန် အိမ်ပြန်ရောက်တဲ့ အချိန်မှာ လူတစ်ယောက်ဟာ..ကော်ပီ ဗီဒီယို တစ်ခုကို ပို့ပေးထားခဲ့ပါတယ်..။

လင်းဖန် ဝိုက်ဘိုပေါ်မှာ ဗီဒီယိုနဲ့ အတူ ခေါင်းစဥ်တစ်ခုရေးကာ..ပို့စ်တင်လိုက်ပါတယ်..။

"တေးရေး ဆရာ မာစတာ လင်းက..ပြည်သူတွေနဲ့ ပူးပေါင်းပြီး..ဥပဒေကို ဆန့်ကျင်တဲ့ စည်းကမ်းထိန်းသိမ်းရေး အရာရှိတစ်ချို့ကို အပြစ်ပေးခဲ့တယ်.."

ဒီခေါင်းစဥ္က အနည်းငယ် မောက်မာ နေတဲ့ ပုံစံပေါက်ပေမယ့် လည်း ဘာအမှားမှ မပါပါဘူး..။ယင်းနောက် သူ ဘာမှ စိုးရိမ်တာ​ေတွ ဖြစ်မနေစေဖို့ ..ဖုန်းကို ပိတ်လိုက်ပါတယ်..။

အဲ့အချိန်မှာတော့ အင်တာနက်မှာ လိှုင်းလုံးကြီးတွေလို တရိပ်ရိပ်ဖြစ်နေခဲ့ ပါပြီ..။

လူ့အသိုင်းအဝိုင်းရဲ့ ပုံရိပ်ကို ထိခိုက်စေနိုင်တဲ့ အရာက လူတွေရဲ့ အာရုံကို ဖမ်းစားနိုင်တာ ပုံမှန်ပါပဲ..။

ဒါပေါ့..အင်တာနက်ပေါ်မှာက များပြားလှတဲ့ ဗီဒီယိုအပိုင်အစ တွေကရှိနေခဲ့တာပါ..။ဒီ ဗီဒီီယိုဟာ..လူများစွာ ဆီ ပျံ့နှံ့သွားမှာ ဖြစ်ပြီး အပြည့်အစုံ နားမလည်တဲ့ လူတွေကတော့..စိတ်မကြည်မလင်ဖြစ်ကာ..အုပ်ချုပ်သူတွေကို အပြစ်တင်ကြမှာပါ..။သူတို့ရဲ့ မပျော်ရွှင်မူတွေက ..နိုင်ငံရဲ့ အုပ်ချုပ်သူတွေ ကြောင့်ပါပဲ..။

နောက်တစ်ရက်..။

အင်တာနက်မှာတော့ ..လှုပ်ခတ်မူတွေ...ဖြစ်နေခဲ့ပါပြီ..။များပြားလှတဲ့ မီဒီယာ ကုမ္ပဏီတွေဟာ..ဒီမတော်တဆ မူကို..သတင်းအဖြစ် ပေါ်ပြနေကြပါတယ်..။

သက်ဆိုင်ရာ ဌာနတွေဟာ..ကြေညာချက်တွေ ထုတ်ပြနိပြီး..ပါဝင်ပတ်သက်တဲ့ လူတွေတိုင်းကို အပြစ်ပေး အရေးယူမယ်လို့ ကြေညာခဲ့ပါတယ်..။သူတို့ရဲ့ ရာထူးတွေက နေဖယ်ရှားခံရတဲ့ အပြင် သူတို့ ရဲအရာရှိကို ရိုက်နှက်ခဲ့တဲ့ အတွက်ကြောင့်လည်း..ဖမ်းဆီးထိန်းသိမ်း ခံကြရဦးမှာပါ..။

သက်ဆိုင်ရာ ဌာနခေါင်းဆောငိတွေဟာ..ပြည်သူ့လူထုကို လူသိရှင်ကြား တောင်းပန်နေကြပြီး..ပြည်သူတွေ သူတို့ အပေါ် နားလည်ဖို့ မျှော်လင့်ကြောင်း ဘလာ ဘလာ ပြောခဲ့ကြပါတယ်..။

အင်တာနက်တွင်

"ချီးပဲ..​ပြောစရာ စကားတောငိ မရှိတော့ဘူး..။ဒီလူတွေက အတော်ဆိုးရွားတယိ.."

"ငါ ဗီဒီယို ကိုကြည့်ပြီးပြီ ဒီကောင်တွေက စည်းကမ်းထိန်းသိမ်းရေး ဌာန အတွက်တော့ ရှက်စရာတွေပဲ.."

"ရှန်ဟိုင်း စည်းကမ်းထိန်းသိမ်း ရေးဌာနကလည်း..ဒီအပြစ်ပေးမူကို ထောက်ခံခဲ့တယ်.."

"ဘေဂျင်း စည်းကမ်း ထိန်းသိမ်းရေး ဌာန ရောပဲ.."

"မာစတာ လင်း.. ဗီဒီယိုမှာ ပါလာပြန်ပြီ..။သူက ငါ့ရဲ့ အိုင်ဒေါပဲ.."

"ဟုတ်တယ် မာစတာ လင်း တင် မဟုတ်ဘူး..။သူတို့က..မက်မွန်းသီ သည်အတွက်နဲ့..တိုက်ခိုက်ပေးခဲ့ကြတာ.."

"ဟေး..ဒီမာစတာ လင်းဆိုတာက တေးရေးဆရာပဲလား..။ငါ သူ့နာမည်ကို..ရိုက်ရှာကြည့်တာ..သူက ဒီမတော်တဆ မူမှာတင်မဟုတ်ဘူး..နေရာတကာ တော်တော် များများမှာ ပါထားတာပဲ..ဟားဟား.."

"အံ့ဩဖို့ ကောင်းတယ်..။ငါကတော့ သူ့အကြောင်တောင် ပေ့ချ်ထောငိထားပြီးပြီ..။တကယ်လို့ တး်

တစ်ယောက်ယောက်က မာစတာ လင်းအကြောင်း သိချင်တယ် ဆိုရင်..သွားပြီးစစ်ဆေးကြည့်လို်က်.."

" မိုးကောင်းကင် သီချင်းကို မာစတာ လင်းရေးထားတာလေ..။တကယ်အံ့ဩဖို့ ကောင်းတယ်.."

တိမ်ဖြုလမ်း..။

လင်းဖန်ရောက်လာတဲ့ အချိန်မှာတောါ သတင်းထောက်တွေ အများကြီးဟာ ရောက်နေခဲ့ပြီးပါပြီ..။

"ချစ်လှစွာသော သတင်းထောက်တို့..အလျင်မလိုကြပါနဲ့..။ဖြည်းဖြည်း...အရမ်းမတိုးကြနဲ့..တကယ်လို့ မေးခွန်းတွေ ရှိတယ် ဆိုရင် မေးကြပါ.."

သတင်းထောက်တစ်ယောက်ဟာ မေးလိုက်တယ်..။

"မာစတာ လင်း .မနေ့က မတော်တဆ မူနဲ့ ပတ်သက်ပြီး တွေးမိတာလေးများ ရှိလားခင်ဗျ..။သက်ဆိုင်ရာ ဌာနတွေရဲ့ ကြေညာချက်တွေကို ရော သဘောကျမူ ရှိရဲ့လား.."

လင်းဖန် ပြောလိုက်တယ်..။

"ကျွန်တော်မှာ ဘာအတွေးမှ မရှိပါဘူး လို့ပြောပါရစေ..။ဒါက အထူးကိစ္စရပ်တစ်ရပ် ဖြစ်ပြီး ဌာနဆိုင်ရာတွေရဲ့ ကြေညာ ချက်တွေ အပေါ်မှာ ကျေနပ်တယ် တို့ မကျေနပ်ဘူး ဆိုတာ မျိုးတွေ မရှိပါဘူး..။အားလုံးမြင်တဲ့ အတိုင်းပဲ..မနေက မတော်တဆ မူအပြီး မှာ ပြည့်သူတွေက..တရားမျှတမူကို လိုလား ကြတယ် ဆိုတာ မြင်နိုင်ပါတယ်..။ဒါပေမဲ့ ကျုပ်တို့ရဲ့ နိုင်ငံက အကြီးကြီး လေး ဘယ်မှာပဲ ဖြစ်ဖြစ် ကြက်ဥ ပုတ်တွေ ဆိုတာကတော့ ရှိနေနိုင်တာပဲ.."

လင်းဖန် ရဲ့ဒီလို စကားပြော ကောင်းမွနိမူကြောင့် အင်တာနက် ပေါ်မှာ လူတွေဟာ မာစတာ လင်း ဆိုတာကို ပိုပြီး လေးစားလာခဲ့ပါတယ်..။အထူးသဖြင့် သူတို့ ဗီဒီယိူကို မြင်တဲ့ အချိနိမှာ..သဘောကျ နှစ်သက်စွာပဲ ပြန်တင်နေခဲ့ကြတယ်..။

တစ်ချို့ မာစတာလင်းကို မသိကြသေးတဲ့ လူတွေက တော့...ဒီ ဗီဒီယိုကို ကြည့်ပြီးတဲ့ အချိနိမှာ တေးရေးဆရာ တစ်ယောက်အဖြစ် သဘောပေါက်လိုက်ကြပါတယ်..။

တစ်ယောက် လေးစားတယ်..။

နှစ်ယောက် လေးစားတယ်..။

…

လူတစ်သောင်း လေးစားတယ်..။

တိမ်ဖြူလမ်း..။

လင်းဖန်ဟာ..သတင်းထောက်တွေနဲ့ စကားပြောနေတဲ့ အချိနိမှာပဲ သူ့ ခေါင်းထဲမှာ အသံတစ်သံကို ကြားလိုက်ရပါတယ်...။

ချီးပဲ..

ဒါက မဖြစ်နိုင်တာ...

မစ်ရှင်က..

...ပြည့်မြောက်သွား ပြီ..။

All Chapters