← Chapters

ဆယ်ခုမြောက် စာမျက်နှာကအဓိက အသိပညာ အခန်းကပဲ..

Vol. 24 Ch. 350

ဆယ်ခုမြောက် စာမျက်နှာကအဓိက အသိပညာ အခန်းကပဲ..

Vol. 24 Ch. 350

ဘာသာပြန် = စနိုးဝှိုက်

"ကိုးခုမြောက် မစ်ရှက်ကို ပြည့်မြောက်သွားပါပြီ..။စွယ်စုံအမှတ် ၂၀ ရရှိပါတယ်.."

"ဆယိခုမြောက် အသိပညာ ဖွင့်လှစ်လိုက်ပါပြီ.။ဆယ်ခုမြောက် အသိပညာကိုတော့..ဆယ်ပြည့် အဖြစ်..ကျဘမ်း အသိပညာတစ်ခုကို ရွေးချယ်ပေးလိုက်သည်..သို့ပေမယ့်...ဒါဟာ အဓိက အသိပညာ အခန်း မှ ဖြစ်သည်.."

အဲ့အချိန်မှာတော့ လင်းဖန်ဟာ ကြောင်အနေခဲ့ပါပြီ.။သူ ကြားလိုက်တဲ့ အရာကိုတောင် သူမယုံကြည်နိုင်တော့ပါဘူး...။စွယ်စုံကျမ်းမှာ ဘယ်တုန်းက စည်းမျဥ်း ရှိသွားတာလဲ..။ဆယ်ခုမြောက် အသိပညာက..အဓိက အသိပညာ အခန်းကလား...။

အဓိက အသိပညာ အခန်းဆိုတာကတော့ မယုံကြည်နိုင်စရာပါပဲ..။အဓိက အသိပညာ အခန်းတစ်ခုမှာ အကိုင်းအခွဲ အသိပညာတွေ အများကြီး ပါဝင်ပါတယ်..။

ဥပမာ အားဖြင့်..ကိုယ်ခံပညာ..ဆိုတာဟာ အဓိက အသိပညာအခန်းမှာ ပါဝင်ပါတယ်...။လင်းဖန် တတ်နေတဲ့ စွမ်းအား ရှစ်မျိုးလက်သီးသိုင်းဆိုတာက..ကိုယ်ခံပညာရဲ့ အကိုင်းအခွဲ အသိပညာ တစ်ရပ် ပါပဲ..။တကယ်လို့ သူသာ အဓိက အသိပညာ အခန်းကို ရမယ် ဆိုရင် သဘာဝကိုတောင် ကျော်လွန်သွားတော့မှာပါ.။

ဘေးနားမှာရှိနေကြတဲ့ သတင်းထောက်တွေဟာ လင်းဖန် စကားပြောရပ်သွားတာကိုကြည့်ပြီး ..စိတ်ပူသွားခဲ့ကြတယ်..။

"မာစတာ လင်း.."

လင်းဖန် ရဲ့ အမူအရာတွေဟာ လေးနက်နေခဲ့ပါတယ်..။သူ ခေါင်းကို မော့ပြီး ပြောလိုက်တယ်..။

"အားလုံးပဲ.ကျေးဇူးပြုပြီး ခနလောက်..။ကျွန်တော်ကို ၃ မိနစ်လောက်ပဲပေးပါ..။စကားမပြောကြပါနဲ့.."

သတင်းထောက်တွေဟာ ဘာတွေ ဖြစ်နေမှန်း မသိကြပေမယ့်လည်း လင်းဖန်ရဲ့ အမူအရာ လေးနက်နေတာကိုတော့ သတိထားမိကြပါတယ်..။ကြည့်ရတာ သူက အရေးကြီးတဲ့ ပြသနာ တစ်ခုခုနဲ့ တွေ့နေရတဲ့ ပုံပါပဲ..။ဒါကြောင့် သူတို့ အသက်ရူလိုက်ကာ တိတ်တဆိတ်စောင့် နေလိုက်ကြတယ်..။

သူဌေးလေးက တစ်ခုခု အရေးကြီးတာကို တွေးနေတာများ ဖြစ်နိုင်မလား...

ဒါမှ မဟုတ်သူက မနေ့က မတော်တဆ မူကို ပြန်တွေးနေတာလား..

အဲ့အချိန်မှာတော့..လင်းဖန်ဟာ စိတ်လှုပ်ရှားနေခဲ့ပါပြှ..။သူက အင်မော်တယ် တို့.. သူရဲကောင်းတို့ ဖြစ်မလာသေးပေမယ့်လည်း..အခုတော့..အဓိက အသိပညာအခနိးက ပွင့်လာခဲ့ပါပြီ..။

ဘယ်လို အဓိက အသိပညာ အခန်းပဲဖြစ်ဖြစ်..အဓိက အသိပညာ ဆိုတာနဲ့ သူအရင် ဖွင့်လှစ်နေတဲ့..အကိုင်းအခွဲ အသိပညာ တွေ..ထက် အများကြီး ပိုပြီး အဆင့်မြင့်မှာပါ.ယ။

သူ လက်ရှိ ရနေသမျှ အသိပညာတိုင်းက အကိုင်းအခွဲ အသိညာ​ေတွေ ချည်းပဲ ပါပဲ..။အရင်တုန်းက သူရခဲ့တဲ့..တိရစ္ဆာန် ဘာသာစကားဟာ လညိး ..ဘာသာစကား အသိပညာရဲ့ အကိုင်းအခွဲလေး တစ်ခုပါ..။တကယ်လို့..သူသာ အဓိက ဘာသာစကား အသိပညာ..ကို ဖွင့်လှစ်နိုင်ခဲ့ရင် ကမ္ဘာပေါ်မှာ ရှိတဲ့ ဘာသာစကားတိုင်းကို တတ်မြောက် သွားမယ်လို့ ဆိုလိုတာပါ.။

"အဓိက အသိပညာ အခန်းဟာ ရွေးချယ်နေပါပြီ..ကျေးဇူးပြုပြီး စောင့်ဆိုင်းပေးပါ.."

ဒါကအချိနိ ခနလေး ဖြစ်ပေမယ့် လည်း..လင်းဖန် နေ့တွေ နှစ်တွေ များစွာ ကျော်ဖြတ်နေသလို ခံစားလို်က်ရတယ်..။တကယ်လို့ လာတော့မယ် ဆိုရင်လည်း လာလိုက်လေ..။ဘယ်လိည အဓိက အသိပညာ ပဲဖြစ်ဖြစ် သူလက်ခံ နိုင်ပါတယ်..။သို့ပေမယ့် သူ့ကို စောင့်ဆိုင်း ခိုင်းတာကတော့ ငရဲတစ်ခုလိုပါပဲ..။

များပြားလှတဲ့ အဓိက အသိပညာတွေ အခန်းတွေ ကြားထဲမှာ အလင်းရောင်လေးတစ်ခုဟာ ပြေးလွှားနေခဲ့တယ်..။ဒီအလင်းရောင်လေးက အခန်းတစ်ခု အပေါ်ကျပြီး ဖွင့်လှစ်ပေးမှာပါ..။

*ဒင်*

အလင်းရောင် လေးဟာ ရုတ်တရက် ရပ်တန့်သွားခဲ့ပါပြီ..။

"ဆေးပညာ အဓိက အသိပညာ အခန်းကို ဖွင်ါလှစ်လိုက်ပါပြီ..။ဒီမှာ...တရုတ်ဆေးပညာ...အနောက်တိုင်း ဆေးပညာ နဲ့..ဆေးပညာနဲ့ သက်ဆိုင်တဲ့ အခန်းတွေ ပါဝင်ပါသည်..."

"တရုတ် ဆေးပညာကို တရုတ် အပ်စိုက်ကုသမူနဲ့ တရုတ် ဆေးဝါး ပညာရပ် ဆိုပြီး နှစ်မျိုး ခွဲထားသည်.."

"အနောက်တိုင်း ဆေးပညာကိုတော့.. သိပ္ပံ ဆေးပညာနဲ့...ခွဲစိတ်မူ ဆိုင်ရာ ဆေးပညာ အဖြစ် ခွဲထားသည်.."

"မစ်ရှင် : ဖိနပ်မပါသော ဒေါက်တာ..ဆေးပညာကိုလေ့ကျင့်ရင်း လူတွေကို..ကူညီပေးကာ..မတူညီတဲ့ မြို့ ငါး မြို့သို့ သွားလာရမည်"

"ဆုလာဒ် : စွယ်စုံ အမှတ် ၁၀၀ နှင့် နောက် စာမျက်နှာကို ဖွင့်လှစ်နိုင်မည်.."

"မှတ်ချက် ' အဓိက အသိပညာအခန်း ဖြစ်သည့်အတွက် ပရိုအဆင့်တွင် ပါဝင်နိုင်ရမည်.."

"လက်ရှိ စွယ်စုံအမှတ် : 160 "

"ရေတွက်မူ ၆၀ စက္ကန့် စတင်ပါပြီ..။မစ်ရှင်ကို ချက်ချင်း လူပ်ဆောင်ပါ.."

…

"ချိးပဲ.."

လင်းဖန် ဒီ အသံကိုကြားလိုက်တဲ့ အချိနိမှာ ကြောင်အသွားခဲ့တယ်..။ဒီ မစ်ရှင်က အလျင်စလို ပုံစံမျိုးပါပဲ..။

ငါက ဘာလို့ ချက်ချင်း လူပ်ဆောင်ရမှာလဲ..

“59!”

“58!”

…

သတင်းထောက်တွေဟာ လင်းဖန် အသိစိတ်ပြန်ဝင်လာပြီး ဒေါသထွက်နေတာကိုကြည့်ကာ အံ့ဩသွားခဲ့ကြပါတယ်..။ယင်းနောက် သူတို့..လင်းဖန်ကို ..မေးခွန်းတွေနဲ့ သိချင်တာတွေ ပြန်လည်မေးလိုက်ကြပါတော့တယ်..။

လင်းဖန် မှာ သတင်းထောက်တွေကို အချိန်ပေးပြန်ဖြေလို စိတ် မရှိတော့ပေ..။သူ လှည့်လိုက်ပြီး လူလိမ်ထျန်နဲ့ ကျန်တဲ့ လူတွေကို အော်ပြောလိုက်ပါတယ်..။

"ကျုပ်အပြင်ကို အတော်ကြာအောငိ သွားစရာ ရှိတယ်..။ဆိုင်ကို ခင်ဗျားတို့နဲ့ ပဲ ထားခဲ့ရမှာပဲ.."

လူတိုင်း အံ့ဩသွားခဲ့ကြတယိ..။ဘာတွေဖြစ်နေလဲ သူတို့ နားမလည်ကြတော့ ပါဘူး..။

ဒါကဘာကို ဆိုလို တာလဲ...

အဲ့အချိန်မှာပဲ..လင်းဖန်ဟာ အပေါ်ကနေ ခုန်ချလိုက်ပြီး လူအုပ်ကြီးကို ကျော်ဖြတ်ကာ ပြေးထွက်သွားခဲ့ပါတယ်..။သူနောက်ကို လှည့်ပြီး ပြန်အော်လိုကိတယ်..။

"ကျုပ်မှာ လုပ်စရာရှိသေးလို့ ..အချိန်တစ်ခုကြာရင် ပြန်လာခဲ့မယ်..။ခင်ဗျားတို့က ဆိုင်ကိုပဲကြည့်ထားပေးကြ.."

သတင်းထောက်တွေဟာ သူ့နောက်က ပြေးလိုက်နေကြပါတယ်..။

လူလိမ် ထျန်လည်း သူ့နောက်ကနေ ပြေးလိုက်နေခဲ့တယိ..။

"မင်းက ဘယ်ကို သွားနေတာလဲ..။အနည်းဆုံးတော့ ငါတို့ကို နေရာလေး ပြော ခဲ့ဦးလေကွာ.."

သို့ပေမယ့် လင်းဖန်ကတော့ အရိပ်တောင် မကျန်ခဲ့ပဲ ပျောက်ကွယ် သွားခဲ့ပါပြီ..။

လူလိမ်ထျန် ဖုန်းကို ထုတ်ပြီး ခေါ်လိုက်တယ်..။

"ချီးပဲ မင်းက ဘယ်ကို သွား​ေနတာလဲ.."

လင်းဖန်ကတော့ ကားတောင် ငှားပြီး သွားပါပြီ..။သူ ပြောလိုက်တယ်..။

"ကျုပ်အရေးကြီးတာ တစ်ခုခု တွေးမိလိုက်လို့..။ကျုပ်အချိန်တစ်ခုလောက် အပြင်သွားဖို့ လိုအပ်တယ်..ခငိဗျားက ဆိုင်ကိုပဲ ကြည့်ထားပေ.."

"မင်းက ဘယ်နှစ်ရက်ကြာမှာလဲ.."

လင်းဖန် အချိန်ခနတွေး ပြီး ပြောလိုက်တယ်..။

"အနည်းဆုံး ဆယ်ရက်ပေါ့.."

ဒါက လူလိမ်ထျန် စိတ်ကျေနပ်အောင်သာ ပြောလိုက်ချင်းဖြစ်ပြီး သူကိုယ်တိုင်လည်း တကယ် မသိပါဘူး..။

ဖုန်းချပြီးနောက်မှာတော့ လင်းဖန် ဘာမှတောင် မပြောနိုင်တော့ပေ..။

ဆယ်ခုမြောက် မစ်ရှင်က အတော် ဆိူးရွားပြီး သူ့ကိုတောင်ချက် ချင်းစတင် လုပ်ဆောင် ဖို့ ရေတွက်မူ တွေ လူပ်ခဲ့တာပါ..။သူ သေချာ ဝတ်စားဖို့ မပြောနဲ့ဆိုင်ကိုတောင် သေချာ မပြင်ဆင်နိုင်ခဲ့ပေ..။

ဒါကဘာ ကစားပွဲ မျိူးလဲ....

တိမ်ဖြူလမ်း..။

ဝူယူလန်ဟာ ကြောင်အနေတဲ့ အမူအရာနဲ့ မေးလိုက်တယ်...။

"လူလိမ် ..သူဘာပြောလဲ.."

လူလိမ် ထျန် ခေါင်းခါယမ်းလိုက်တယ်..။

"ငါလည်း မသိဘူး..။သူပြောတာတော့ ဆယ်ရက်ကျော်ရင် ပြန်လာခဲ့မယ်တဲ့.."

ကျောက်ကျန်းယန်ဟာ ပြောလိုက်တယ်..။

"မဖြစ်နိုင်တာ ဒီလောက်တောင် ကြာမှာလား.."

လူလိမ်ထျန် အကူညီမဲ့စွာ ပုခုံးတွန့်လိုက်ပါတယ်..။

"ငါလည်း မသိတော့ဘူး..သူမရှိရင် ဆိုင်ကို ဘယ်လိုလုပ်ကြမလဲ..။ပန်ကိတ်စားချင်တဲ့ မြို့သားတွေကကျိန်းသေ ပြသနာ ရှာကြမှာ.."

အဲ့အချိန်မှာတော့ လင်းဖန်က ရထားဘူတာမှာ ရောက်နေခဲ့ပါပြီ..။သူ လက်မှတ် ဝယ် လိုက်တယ်..။သူဘယ်ကို သွားရမလဲ ဆိုတာက တော့ အကြံဥာဏ် မရှိသေးပါဘူး..။ဘယ်မြို့က နီးလဲ ဆိုတာကိုပဲ သူကြည့်ရပါတော့မယ်..။အရမ်းဝေးတဲ့ နေရာတွေကိုလည်း သူမသွား ချင်ပါဘူး... ။

ရထားထဲတွင်..။

လင်းဖန် ထိုင်လိုက်တယ်..။သူ့ရဲ့ စိတ်ခံစားချက်တွေကတော့ တည်ငြိမ်သွားပါပြီ..။ဒီတစ်ခေါက် အသိပညာအခန်းက ဒီလိုတွေဖြစ်လာမယ်လို့ သူမထင်ခဲ့ပေ..။ထပ်ပြောရရင်..စွယ်စုံကျမ်းက သူနဲ့ နီးတဲ့..လူဆီကတောင် မရွေးချယ်တော့ပါဘူး..။ကြည့်ရတာ ဆယ်ခုမြောက်တိုင်း အဓိက အသိပညာ အခန်းပွင့်မှာများ ဖြစ်နိုင်မလား...။

တကယ်လို့ ဒါသာအမှန်ဆိုရင် ဆိုးရွားတဲ့ အရာတစ်ခု လုံးဝ မဟုတ်ပေ..။

*အဟွတ် အဟွတ်*

သူဘေးမှာ ထိုင်နေတဲ့ သက်လတ်ပိုင်း လူကြီးဟာ ပါးစပ်ကို အုပ်ပြီး ချောင်းတွေ အသည်းအသနိ ဆိုးနေခဲ့တယိ..။ယင်းနောက် လူကြီးဟာ ရင်ဘတ်ကိုသက်သာအောင်လုပ်ပြီး တည်ငြိမ်အောင်ပြန်လူပ်နေခဲ့ပါတယ်..။

လင်းဖန် လူကြီးကို စိတ်ဝင်စားစွာပဲ ကြည့်လိုကိတယ်..။အရင်တုန်းကသာ ဆိုရင် သူ့ရဲ့ ဗေဒင်ပညာရပ်နဲ့..ဒီလူနေမကောင်းဘူး ဆိုတာမြင်နိင်အေမယ့် ဘယ်လို ကုရမလဲ ဆိုတာ မသိပါဘူး..။အခုတော့ ..တစ်ချက်ကြည့်လိုက်တာနဲ့..ဒီလူရဲ့ အတိတ်က အကြောင်းတွေကို မြင်နိုင်ပြီး ဘာရောဂါ ရနေလဲ ဆိုတာနဲ့..ဘယ်လို ကုသရမလဲ ဆိုတာကိုပါ ..သိနိုင်ပါတယ်..။

လူကြီးဟာ သူ့ဘေးနားက ကောင်လေးသူ့ကို ကြည့်နေတာကို သတိထားမိလိုက်ပြီး ခေါင်းညိမ့်ကာ ပြုံးပြလိုက်တယ်..။

"ဒါက နာတာရှည်ရော ဂါပဲ.."

လင်းဖန် ဘာမှ ပြန်မပြောပဲ ..ပြုံးရုံသာ ..ပြုံးပြလိုက်ပါတယမ..။

ဝန်ထမ်းတစ်ယောက် သူအနားကို ဖြတ်တဲ့ အချိနိမှာ လင်းဖန် ပြောလိုက်တယ်..။

"ကျေးဇူးပြုပြီး ဘောပင်နဲ့..စာရွက်လေး ပေးပါလား.."

ဝန်ထမ်းဟာ ပြန်ပြောလိုက်တယ်..။

"ကောင်းပါပြီ..။ကျေးဇူးပြုပြီး..ခနလောက် စောင့်ပေးပါ.."

မကြာခင်မှာပဲ ဘောပင်နဲ့ စာရွက်ရောက်လာခဲ့တယိ..။

တတိယမြောက်မစ်ရှင် ဖိနပ်မပါတဲ့ ဒေါက်တာတစ်ယောက်ဖြစ်လာပြီး လူတွေကို ကူညီရမယ်လို့ ပြောထားတာက လင်းဖန်အတွကိတော့ မခက်ခဲပါဘူး..။လူတွေကို ကူညီတာကလည်း ဆိုးရွားတဲ့ အရာတစ်ခု မဟုတ်ပေ..။

တရုတ် နဲ့ အနောက်တိုင်း ဆေးပညာ ဆိုတာက နှစ်ခုလုံး ..ကောင်းကျိုးတွေ ရှိပါတယ်..။တရုတ်ဆေးပညာက..ခန္တာကိုယ် တည်ဆောက်ပုံကို အဓိက ထားပြီး အနောက်တိုင်း ဆေးပညာက ခေတ်မှီလုံလောက်ပေမယ့် ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိပါတယ်..။ ဒီနှစ်ခုမှာ ဘယ်အရာက ပိုပြီး ကောင်းမွန်လဲ ဆိုတာက ပြောဖို့ခက်ခဲမှာပါ..။

လင်းဖန် ဘာမှ လုပ်စရာ မရှိမှတော့ ဒီလူကို ကုသပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်..။သို့ပေမယ့် သူ့မှာ..ဘာဆေးဝါးမှ မရှိပါဘူး..။သူ ဆေးအညွှန်းတစ်ခုကို ရေးချပြီး ဘောပင်ကို ဝန်ထမ်းဆီ ပြန်ပေးလိုက်တယ်..။

အချိန်အတော်ကြာ အပြီးမှာတော့..။

သူတို့ ဘူတာတစ်ခုကို ရောက်လာခဲ့ပါပြီ..။

ဆူးကျို့..။

သူ နေရာရောက်လို့ ရထား ပေါ်က ဆငိးကာနီးမှာ လူကြီးရဲ့ ပုခုံးကို ပုတ်လိုက်ကာ..

"ညီအစ်ကို ခင်ဗျား ချောင်းဆိုးနေတာကို ကျွန်တော်မြင်လိုက်တယ်..။ဒါက အဆုတ်ကြောင့်ဖြစ်နေတာပဲ။ကျွန်တော်က ဆေးပညာကျွမ်းကျင်တော့ တရုတ်တိုင်းရင်းဆေးညွှန်းကို ရေးပေးထားတယ်..။အကြိမ်အနည်းငယ် သောက်ပြီးရင် ကောင်းသွားမှာပါ.."

သက်လတ်ပိုင်းလူကြီးဟာ..လင်းဖန်ကိုကြည့်ပြီး စာရွက်ကို ယူလိုက်ပါတယ်..။ယင်းနောက် သူ ရယ်မောပြီး လမ်းဆက်လျောက်သွားပါတော့တယ်..။

လင်းဖန်ကတော့..ဒီလူ သူ့ကို ယုံကြည်မယ်လို့ ဘယ်တုန်းကမှ မတွေးထားခဲ့ပေ..။သူ မတတ်နိုင်စွာပဲ ခေါင်းခါယမ်းလိုက်ပါတယ်..။

သို့ပေမယ့် လင်းဖန် ရထားပေါ်က ဆင်းပြီး လမ်းလျောကိဖို့လုပ်လိုက်တဲ့ အချိန်မှာပဲ..လူကြီးက သူပေးလိုက်တဲ့ စက္ကူကို လုံးချေပြီး လွင့်ပစ်လိုက်တာ တွေ့လိုက်ရပါတယ်..။

သက်လတ်ပိုင်း လူကြီးက ဆရာဝန် နဲ့ ပြပြီး ရှန်ဟိုင်းကနေ ပြန်လာခဲ့တာပါ..။ဒေါက်တာ တောင်မ သူ့ကို ဘာ အာမခံချက်မှ မပေးနိုင်တဲ့ အချိန်မှာ ဒါပေါ့ သူ လင်းဖန်ရေးတဲ့ ဘာမဟုတ်တဲ့ စာရွက်လေးကို မယုံကြည်ပါဘူး..။သူ အစောက ယူလိုက်တယ် ဆိုတာက အမြန်ထွက်သွားဖို့ ဖြစ်ပြီး လင်းဖန်နဲ့ အချိန်မဖြုန်း ချင်လို့ပါ..။

လငိးဖန်ကတော့ သူ့နေရာမှာပဲ..ရပ်မြဲအတိုင်းရပ်ကာ တိတ်ဆိတ်နေခဲ့တယ်..။

သူ လူကြီးကို အပြစ်မတင်နိုင်ပါဘူး..။ဘာပဲဖြစ်ဖြစ် တစိမ်းတစ်ယောက်ကို မယုံကြည်တာက ပုံမှန်ပါပဲ..။

All Chapters