တိတ်တဆိတ် မစ်ရှင်
Vol. 24 Ch. 352
ဘာသာပြန် = စနိုးဝှိုက်
လူနာဆောငိ..။
မိန်းမဟာ ပြောလိုက်တယ်..။
"လူအိုကြီး..ဘာတွေ တွေးနေတာတုန်း..။ဘာတွေ ပြသနာ ဖြစ်နေလို့လဲ.."
လူအိုကြီးဟာ ပြန်ပြောလိုက်တယ်..။
"ဘာမှ မဟုတ်ဘူ..ဒီလူငယ်လေးက ထူးဆန်းတယ်လို့ ခံစားရလို့ တွေးနေတာ.."
မိန်းမဟာ ပန်းသီးကို အခွံခွာနေခဲ့တာပါ..။သူမရဲ့ မျက်လုံးတွေကဘသိပ်မမြင်ရတော့ ပေမယ့် လည်း သူမရဲ့..လှုပ်ရှားမူတွေက နှေးကွေးသွားခြင်းမ ရှိပါဘူး..။ခနအကြာမှာ သူမရဲ့ မျက်နှာပေါ်မှာ စိတ်ပျက်မူ အချို့ပေါ်လာခဲ့ပြီး ပြောလိုက်ပါတယ်..။
"လူအိုကြီး ရှင် ဘဝတ်စလျောက်လုံးမှာ ကျွန်မကို ဆန့်ကျင်တာတွေ မလုပ်ဖို့ မျှော်လင့်မိတယ်..။ကျွန်မ ရှင့်ကို ကလေးတစ်ယောက် မမွေးပေးနိုင်ခဲ့တာ ကျွန်မအမှားပါ..မဟုတ်ရင်..ကျွန်မတို့မြေးတောင် ၁၇ ..၁၈ အရွယ်လောက် ရှိနေလောက်ပြီ.. "
လူအိုကြီး ရယ်မောလိုက်တယ်..။
"မင်းဘာတွေ တွေးနေတာတုန်း..။မင်းက ငါအချစ်ရဆံူး လူတစ်ယောက်ပဲ...ဒါက ကလေးပေးနိုင်တာ မပေးနိုင်တာ နဲ့ ဘာမှ မဆိုင်ဘူး..။တစ်ဘဝလုံး မင်းနဲ့ အတူရှိခွင့်ရတာကပဲ ထိုက်တန် နေပါပြီ..။မင်း ဘာလို့ ငိုနေပြန်တာလဲ..။မင်း ငိုရင် ..ရုပ်ဆိုလာပြီးတော့ ..တစ်ခြားလူတွေက ရယ်မောကြလိမ့်မယ်.."
မိန်းမဟာ အဖိုးကြီးရဲ့ လက်ကို ကိုင်လိုက်ကာ ပူးကပ်ထားခဲ့ပါတယ်..။အချိန်တွေ ဆယ်စုနှစ်ပေါင်းများစွာ အခက်အခဲတွေ အတူတကွ ကျော်လွှားခဲ့ကြပြီးနောက်မှာ သူတို့ဆကိဆံရေးက အတော်ကို ကောင်းမွန်ပါတယ်..။သို့ပေမယ် ငယ်ရွယ်စဥ္ အချိန်ုတုန်းက မိန်းမဟာ ကလေးမမွေးနိုင်ဘူး ဆိုတာ သိခဲ့ရပါတယ်..။အဲဒီ အချိန်တွေ တုန်းက ဆိုရင် သူတို့ စိတ်သောက ရောက်လို့ ကွာရှင်းလု ဆဲဆဲ ပါပဲ..။သို့ပေမယ့် လူအိုကြီးဟာ သူ့မိန်းမကို ကျောမခိုင်းခဲ့ပေ..။သူလိုချင်တာက နှစ်ယောက်စလုံး အတူတူ ပျော်ပျော်ရွှင်ရွှင်နေသွားဖို့ပါ..။
သူတိူ့ ကလေးတစ်ယောက်ကို တောင်မှ မမွေးစားခဲ့ပါဘူး..။လူအိုကြီးက သူတို့ တစ်ခြား တစ်ယောက်ယောက်ရဲ့ ကလေးကို မွေးစားရင် သူ့မိန်းမ အမြဲတမ်း နောင်တရနေမှာ စိုးလို့ပါ..။ပြီးတော့ သူတို့နှစ်ယောက် အသက်ကြီးလို့..ကမ္ဘာကြီးပေါ်ကနေ ထွက်ခွာသွားရမယ် ဆိုရင်.. စိုးရိမ်မူတွေ..ဂရုစိုက်မူတွေ မရှိပဲ..ထွက်ခွာလိူ့ ရနိုင်မှာပါ..။
…
လငိးဖန် ဆေးရုံက ထွက်ပြီးတဲ့ နောက်မှာ တက္ကစီ တစ်စီးကို ခေါ်ပြီး..ဆေးဝါးဝယ်လို့ ရတဲ့ နေရာကိုသွားခဲ့တယိ..။
လူအိုကြီးရဲ့ အခြေအနေက အနောက်တိုင်း ဆေးပညာအနေနဲ့ ကြည့်ရင်..ကင်ဆာဆဲလ် တွေ တစ်ကိူယ်လုံး ပြန့့်နှံ့နေလို့ ကုသလို့ ရမှာ မဟုတ်ပါဘူး..။သူ ဓာတုကုထုံး လုပ်ရင်တောင် နာကျင်ရတာပဲ အဖတ်တင်မှာပါ..။
အနောက်တိုင်းဆေးပညာတွေ လုပ်နိုင်တာကို တရုတ်ဆေးပညာ က မလုပ်နိုင်သလို..။တရုတ်ဆေးပညာ လုပ်နိုင်တာကိုလည်း အနောက်တိုင်း ဆေးပညာ က မလုပ်နိုင်ပါဘူး..။
ဒီလို ရောဂါမျိူးက ခန္တာကိုယ်ထဲက ဆဲလ်တွေ လှည့်ပတ်တိုက်ခိုကိနေတာပါ..။
ပြီးတော့ လက်ရှိအခြေအနေကြောင့် သူ တရုတ် ဆေးပညာပဲ သုံးပြီး ကုသနိုင်ပါလိမ့်မယ်..။လင်းဖန်လည်း စွယ်စုံကျမ်းရဲ့ အကူအညီနဲ့ သူ့ရဲ့ ပထမဆုံးရောဂါ ကုသမူက ဘယ်လောက်အထိ ထိရောက်မလဲ ဆိုတာကို သိချင်နေခဲ့ပါတယ်..။
ဆေးဝယ်ရာနေရာတွင်..။
လင်းဖန် သူ လိုအပ်တဲ့ ဆေးဝါးပစ္စည်းတွေကို..ရွေးချယ်လိုက်တယ်..။အရင်တုန်းက သူ ဒီအပင်တွေကို မြင်ရင်တောင် ဘာပင်တွေမှန်း မသိပေမယ့် အခုတော့ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့ပါပြီ..။လင်းဖန် ဆေးပင်တွေ တစ်ခုပြီး တစ်ခုယူကာ ရွေးချယ်နေတုန်း..မျက်မှောင်ကျုတ်ကာ သူ့လက်တွေ ချက်ချင်း ရပ်တန့်သွားခဲ့တယ်..။
ဆိုင်ထဲမှာတော့ ဆိုင်ပိုင်ရှင်ဟာ..ဆေးဖက်ဆိုင်ရာ ပါဝင်ပစ္စည်းတွေကို..စားပွဲပေါ် တင်နေခဲ့ပါတယ်..။လင်းဖန် တစ်ချက်လှည်းကြည့်လိုက်ပြီး..နဂါး အရိုးဆေးပင် ကို မြင်တဲ့ အချိန်မှာ တစ်ခုခုမှားေနပြီမှန်းနားလည်လိုက်ပါတယ်..။
"သူဌေး ဒီကို လာပါဦး.."
လင်းဖန် ပြောလိုက်တာပါ..။
ဆိုင်ပိုင်ရှင်ကတော့ နှုတ်ခမ်းမွေးတွေနဲ့ပါ...။သူက အသက် ၅၀ ကျော်လောက်ရှိပြီး..သူ့မျက်လုံး တွေကတော့ မှိန်ပြပြဖြစ်နေခဲ့ပါတယ်..။သူ လင်းဖန်ကို ပြုံးပြီး ပြောလိုက်တယ်..။
"ဘာဖြစ်လို့လဲ လူငယ်လေး.."
လင်းဖန် ခေါင်းခါယမ်းပြီးပြုံးပြလိုက် ပါတယ်..။
"ဒီ နဂါးအရိုး ဆေးပင်က အစစ်လား..."
သူဌေးရဲ့ မျက်လံူးတွေဟာ ကျဥ်းမြောင်းသွားခဲ့တယ်..။ယင်းနောက် သူ ပြုံးလိုက်ပြီး...
"ဒါပေါ့..အစစ်အမှန်ပေါ့...။ငါတို့ 'ရတာနာ ရှစ်မျိုး" ဆိုင်က ဆေးပင်တွေနဲ့ လုပ်ကိုင်နေတာ ဆယ်နှစ်လောက်ရှိပြီ..။ငါတို့က ဂုဏ်သိက္ခာကို အလေးထားပြီး ဆေးပင်အတုတွေ မဖြစ်စေဘူးဆိုတာကို အာမခံတယ်.."
လင်းဖန်ရဲ့ အမူအရာဟာ သုန်မှုန်သွားပြီး ပြောလိုက်ပါတယ်..။
"ကျုပ်ခင်ဗျားကို နောက်ထပ် အခွင့်အရေး တစ်ခုပေးလိုက်မယ်.."
ရုတ်တရက်..လေထုဟာ..မတည်မငြိမ် ဖြစ်လာခဲ့ပါတယ်..။
ဆိုင်ပိုင်ရှင် လင်းဖန်ကို ကြည့်လိုကိတယ်..။သူ့ နှလုံးခုန်သံတွေ ကတော့ မြန်နေခဲ့ပါပြီ..။ယင်းနောက် သူ ရယ်မောလိုက်ပြီး..
"အိုး ဟုတ်သားပဲ..ငါ များပြီးယူမိတာ ထင်တယ်..။ဒါက နဂါးအရိုး ဆေးမြစ်မဟုတ်ဘူး..ဒါက တစ်ခြားတစ်ခုပဲ..။ငါ အသစ်တစ်ခု ယူပေးမယ်.."
လင်းဖန် စိတ်ပျက်သွားခဲ့တယ်..။ဒီနေ့ခေတ်မှာ တရုတ်ဆေးပညာ..အသိအမှတ်ပြု မခံရတာက ဆေးပညာ သမားတော်တွေ ညံ့ဖျင်းမူကြောင့် မဟုတ်ပဲ..ဆေးဝါး အတုတွေ ပေါများနေတာကြောင့်ပါ ..။တစ်ချို့ တွေ ဆိုရင် နှစ်တွေ အကြာကြီး ဆေးစွဲသောက်တာတောင် မပျောက်ကြပေ..။ဒါက ဆရာဝန်ကြောင့် မဟုတ်သလို ဆေးညွှန်းကြောင့် လည်း မဟုတ်ပါဘူး..။ဒါက..ဆေးရောင်းတဲ့ ဆိုင်တွေက အတုတွေနဲ့ ဂျင်းထည့်နေကြလို့ ပါ..။
ပြီးတော့..ဆေးပင်တွေကို အတုနဲ့ အစစ်သေချာ ခွဲခြားနိုင်တာကလည်း ကျွမ်းကျင်သမားတော် ကြီးတွေပဲ လုပ်နိုင်ကြတာပါ..။
အခုနက နဂါးအရိုး ဆေးမြစ်အတု မှာဆိုရင် ကယ်ဆီယ်အောက်ဆိုက်ဓာတ်နဲ့ ရေဓာတ်ပဲ ပါဝင်ပြီး နဂါအရိုးပုံစံ ရှိနေခဲ့ပါတယ်..။
အဲ့ဆေးမြစ်အတုနဲ့ ဘယ်ရောဂါကို သွားကုရမှာလဲ.....
ဆိုင်ပိုင်ရှင်ဟာ ဆေးပင် အသစ်ကို ယူလာပြီး ပြုံးကာ ပြောလိုက်တယ်..။
"ဒီတစ်ခုပဲ..ကြည့်ကြည့်ပါဦး.."
လင်းဖန် ဆိုင်ပိုင်ရှင်ကို ကြည့်ကာ ခေါင်းညိမ့်လိုက်ပါတယ်..။
"ဟုတ်တယ်..ကစားဖို့ မကြံစည်နဲ့...။ကျုပ်က ကျွမ်းကျင်အဆင့်ပဲ."
"ဟီးဟီး.."
ဆိုင်ပိုင်ရှင်ဟာ ရယ်မောလိုကိတယ်..။
"ငါက ကစားတာမဟုတ်ပါဘူး..။ငါလည်း မှားဝယ်ထားမိတာပါ "
တောက်တဲ့ ....ရေ ငှက်ပျော အမြစ် ...တရုတ် ရောင်စုံ ပန်းပင်..စသဖြင့်..
ပါဝင်ပစ္စည်း ၁၀ မျိုးလောက်ရှိပါတယ်..။
ဆိုင်ပိုင်ရှုင်က မရိုးသားတဲ့ အတွက်ကျန်တဲ့ ဆေးပင်တွေကိုပါသေချာ စစ်ဆေးမှ တော်ရာကျမှာပါ..။
ဆိုင်ပိုင်ရှင်ဟာ ပြောလိုက်တယ်..။
"စိတ်မပူစမ်းပါနဲ့ ကောင်လေး..ငါတို့ဆိုင် ကလေးကိုရော လူကြီးကိုရော မလိမ်ညာဘူး..။ခုနက ဟာက..ဆေးပင်တွေကြားထဲမှာ ကြားညှပ်ပြီးဘတစ်ခုတစ်လေ ပါလာတာ..။ငါတကယ် ဆေးအတုရောင်းတယ်လီု့ ထင်နေတာလား..။တစ်ခြားဆေးပင်တွေကအကုန် အစစ်တွေချည်းပဲလေ.."
လင်းဖန် ရယ်လိုက်တယ်.
"ကျုပ်ဒီမှာ တစ်ခါတည်း ဆေးကျိုသွားလို့ရလား.."
ဆိုင်ပိုင်ရှင်ဟာ ခေါင်ညိမ့်လိုက်တယ်..။
"သေချာတာပေါ့..ရှေ့ကိုဆက်သွား.."
လင်းဖန်မှာ..ဘာပစ္စည်း ကိရိယာ မှ မရှိတဲ့ အတွက်ဒီမှာ တစ်ခါတည်း ဆေးဖော်စပ်ဖို့သာ တတ်နိုင်ပါတော့တယ်..။သူ့နှလုံးခုန်သံတွေဟာ မြန်နေခဲ့ပါပြီ..။နည်းပညာက မြင့်မားသလောက် သူကတော့ လူသစ်လေးပါ..။ဆိုင်ပိုင်ရှင်တွေက ဆေးပင်ရောင်းတာကနေ ဘယ်လောက်မှ မမြတ်ပါဘူး..။သူက လိမ်ညာဖို့အတွက် လူသစ်ကလေးတွေကိုပဲ စောင့်နေခဲ့တာပါ..။
ယင်းနောက်လင်းဖန်ဟာ အဖိုးကြီး အတွက်ဆေးကြိုလိုက်တယ်..။သူ ဆယ်ကြိမ်လောက် သေချာ ပြန်ကြိုးစား ခဲ့ရပါတယ်..။.
လင်းဖန် ဆေးပြင်ဆင်လို့ ပြီးတဲ့ အချိနိမှာ ကောင်တာဆီကို ပြန်သွားလိုက်ပါတယ်..။
ဆိုင်ပိုင်ရှင်ဟာ ရယ်မောပြီး ပြောလိုက်တယ်..။
"မင်းက ငွေအပ်တွေ လိုချင်တာလား..။ငါ့မှာ ကောင်းတဲ့ တစ်စုံတော့ရှိတယ်..။အနုစိတ် ပြင်ဆင်မူကတော့ ပထမတန်းစားပဲ..။ဒါက ငါ့တို့ရဲ့ နှစ်တစ်ရာ မျိုးရိုးကနေ ဆင်းသက်လာတာ.။မင်းကြည့်ချင်လား..."
လင်းဖန် လက်ဝေ့ယမ်းပြီး ပြောလိုက်တယ်..။
"ဒီတစ်ခါသုံးငွေအပ် တွေပဲ ..လေးဘောက်စ်လောက်ပေးလိုက်တော့.."
"အာ.."
ဆိုင်ပိုင်ရှင်ဟာ လင်းဖန် ဒီလောက် ကပ်စေးနဲမယ်လို့ မထင်ထားခဲ့ပါဘူး..။
သူက တစ်ခါသုံး ငွေအပ် ကို လိုချင်တာလား....
ဒါပေါ့..ဒီဆိုင်မှာတင်ထားပြီ ဆိုမှတော့ ဒီတစ်ခါသုံးငွေအပ်တွေကလည်း ရောင်းချဖို့ အတွက်ပါပဲ..။
အစကတော့ သူ ဆေးပင်ကနေ လိမ်ညာလို့ မရတော့ ငွေအပ်သုံးပြီး ပိုက်ဆံ ရှာမလို့ပေ..။သို့ပေမယ့် ဒီကောင်လေးက သူ့ကို ဘာအခွင့်အရေး မှ မပေးပေ..။
သူ တစ်ခါသုံး ငွေအပ် လေးဘောက်စ်ကို ယူကာ ပြောလိုက်တယ်..။
"လေးဘောက်စ်..စုစုပေါင်း ဒေါ်လာ ၁၆၀.."
လင်းဖန် ဆေးပင်ဖို့း အတွက် ပေးပြီးပြီ ဖြစ်တာကြောင့် ဒေါ်လာ ၁၆၀ ထုတ်ပေးလိုက်ပါတယ်..။
အဲ့အချိန်မှာပဲ ကာစတန်မာ တစ်ချို့ဟာ ဆိုင်ထဲဝင်လာပြီး မေးလိုက်တယ်..။
"သူဌေး ဒီမှာရှိတဲ့ အကြီးဆုံး လင်ဇီးမှို ပေးပါလား.."
လင်းဖန် ဆိုင်ပြင်ကို ထွက်သွားဖို့ အပေါက်ဝကို ရောက်ခါနီးမှာပဲ ပြန်လှည့်ပြောလိုက်တယ်..။
"ခင်ဗျားတို့ နှစ်ယောက်သတိထားနော်..။ဒီဆိုင်က ဆေးအတု တွေရောင်းတာ..။ဘာပဲဖြစ်ဖြစ် လင်ဇီးမှိုက စျေးကြီးတော့ သတိထားသင့်တယ်လေ ..ဟုတ်တယ်မလား.."
"ချီးပဲ "
ဆိုင်ပိုင်ရှင်ဒါကို ကြားတဲ့ အချိနိမှာ ဒေါသထွက်သွားခဲ့တယ်..။ဒီ မအိမ်လုံးလေးက.. ပြန်ခါနီးတောင်သူ့ဆိုင်ကို နာမည်ဖျက်သွား ပါသေးတယ်..။ယင်းနောက် ကာစတနိမာ နှစ်ယောက်သံသယ ဖြစ်သွားတာကို ကြည့်ပြီး အလျင်အမြန် ပြောလိုက်တယ်..။
"ဒီကလေး ပေါက်ကရ တွေပြောတာကို နားမထောင်နဲ့..။လျောက်ပြောနေတာ.."
ကာစတန်မာ ပြောလိုက်တယ်..။
"ထားလိုက်တော့.. တစ်ခြားနေရာ သွားကြည့်ရအောင်.."
"ဒီနေ့ခေတ်မှာ လင်ဇီမှို အကြီးတွေက အတုတွေ များနေတာပါ..။ငါတို့ ပိုပြီး ဂရုစိုက်သင့် တယ်.."
ကာစတန်မာ နှစ်ဟောက် ထွက်သွားတာကို ကြည့်ပြီး ဆိုင်ပိုင်ရှင်ကတော့ ဒေါသထွက်ကာ ကျန်ခဲ့ ပါတယ်..။
အဲ့အချိနိမှာတော့ လင်းဖန်က ဆေးရုံဆီ ဦးတည်ပြီးသွားနေခဲ့ပါပြီ..။
ဒီ ပထမဆဲုံး လူနာက သူ့ကို ယုံကြည့်ပါ့မလား သူလည်း မသိပါဘူး..။ဒီ အဖိုးကြီး မယုံကြည်ရင် သူလည်း ဘာမှ တတ်နိုင်မှာ မဟုတ်ပေ..။
လင်းဖန် ဒီလို ကုသမူကို ပေါ်တင်လည်း မလုပ်ရဲပါဘူး..။တကယ်လို့ သူသာ ဖမ်းမိသွားရင်..ပြသနာ အကြီးကြီး တတ်သွားမှာပါ..။