← Chapters

ဒါက ဆန်းကျယ်လွန်းတယ်..

Vol. 24 Ch. 353

ဒါက ဆန်းကျယ်လွန်းတယ်..

Vol. 24 Ch. 353

ဘာသာပြန် = စနိုးဝှိုက်

ဆေးရုံတွင်.။

မိန်းမဟာ မေးလို်က်တယ်..။

"ဘာလို့ နာရီကိုပဲ ခနခန ကြည့်နေရတာလဲ..။တစ်ခုခု ဖြစ်နေလို့လား.."

လူအိုကြီး.ဟာရယ်မောပြီး ပြောလိုက်တယ်.။

"ဒါက ဘာမှမဟုတ်ဘူး..။ငါက နာရီကြည့်နေတာက..နာရီကြည့်ရတာ သဘောကျလို့ပါ.."

သူနာပြု မလေး ဟာတော့ ဒီ အဖိုးကြီး ဇနီးမောင်နှံနဲ့ ရင်းနှီးနေကြပါပြီ..။သူမ ပြောလိုက်တယ်..။

"အန်ကယ် စိတ်မပူပါနဲ့..။အန်ကယ်ရဲ့ ခန္တာကိုယ်က ကျန်းမာပါတယ်.."

သူမ ဒီစကားတွေကို ပြောလိုက်ပေမယ့် လည်း သူမကိုယ်တိုင်တောင် ဒီစကားတွေကို မယုံကြည်ပါဘူး..။ဒီအန်ကယ်ကို မကြာခင် ဆေးရုံက ဆင်းခွင့်ပြုတော့မှာ ဖြစ်ပြီး..အဲတာက သူမတို့ ဒီအန်ကယ်ကို နောက်ဆုံးအကြိမ်တွေ ဆုံမူတောင် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်..။

မိန်းမဟာ နှလုံးသားထဲက သက်ပြင်းချပြီး ပြောလိုက်တယ်..။

"ကြားတယ်မလား...သူနာပြုမလေးကတောင် အဆင်ပြေတယ် လို့ ပြောနေမှတော့..ဘာတွေများ ဖြစ်နိုင်ဦးမှာလဲ.."

လူအိုကြီးဟာ ပြုံးပြီး ပြန်ဖြေလိုက်တယ်..။

"ဒါပေါ့ ငါ့ရဲ့ ခန္တာကိုယ်က အကောင်းဆုံးပဲ...ငါ ကျိန်းသေ အဆင်ပြေသွားမှာပါ..။ငါ ကျန်းမာရေး ကောင်းအောင် လမ်းလေး ဘာလေး လျောက်လိုက်ဦးမယ် ..မင်းခနလောက် အိပ်လိုက်ဦး..။ကိုယ့်ကို၇ို အပင်ပန်း မခံနဲ့.."

သူ့ရဲ့ အမျိုးသမီးဟာ စိုးရိမ်သွားခဲ့တယ်.။

"ကျွန်မပါ လိုက်ခဲ့မယ်.."

"မလိုဘူး မလိုဘူး..ငါ့မှာ လက်တွေ ခြေထောက်တွေ ပါတာပဲကို..။ငါ ဒီတိုင်းလေကောင်းလေသန့် လေး ရူချင်ယုံပါ..။ဘာမှ ဖြစ်မှာ မဟုတ်ဘူး.."

သူနာပြုမလေးဟာာလည်း အပြုံးလေးနဲ့ ဝင်ပြောလိုက်ပါတယ်..။

"စိတ်မပူပါနဲ့ အန်တီ..။အန်ကယ်က အောက်ကို ဆင်းသွားလို့လည်း ဘာမှဖြစ်မှာ မဟုတ်ပါဘူး..။လေကောင်းလေသန့်ရူတာကလည်း ခန္တာကိူယ်အတွက်ကောင်းမွန်တယ်လေ.."

သူနာပြုမလေး ပါ ပြောလာတဲ့ အချိန်မှာတော့..အဖိုးကြီးရဲ့ ဇနီးဟာ ဘာမှ မပြောတော့ပဲ..။သို့ပေမယ့် သူမရဲ့ နှလံူးသားထဲမှာတော့ စိုးရိမ်နေတုန်း ပါပဲ..။

လူအိုကြီးဟာ..လူသွားလမ်း တစ်လျောက် အပြုံးတွေနဲ့ ပြည့်နှက်ကာ ထွက်ခွာသွားခဲ့တယ်..။လမ်းမှာတွေတဲ့ သူနာပြုမလေးတွေတိုင်းဟာ သူ့ကို နှုတ်ဆက်ကြပါတယ်..။

လူနာဆောင်တွင်..

အဖိုးကြီးရဲ့ အမျိူးသမီးဟာ..သူနာပြုမလေးရဲ့ လက်မောင်းကို ကိုင်ပြီး ပြောလိုက်ပါတယ်..။

"ကလေးမလေး..ဒီက အန်တီကို ပြောပါဦး..။အန်တီရဲ့ယောက်ျား ဘယ်လောက်ကြာအောင်..တောင်ခံနိုင်လောက်မလဲ.."

သူနာပြုမလေး ဟာ ပြောဖို့ ခက်ခဲနေခဲ့ပါတယ်..။သို့ပေမယ့် အန်တီကတော့ အမှန်တရားကို သိဖို့ လိုအပ်တဲ့ လူတစ်ယောက်ပါ..။

"အန်တီ ..အန်ကယ်ရဲ့ ခန္တာကိုယ်​ေကာင်းမွန်နေတယ် ဆိုတာက သူဓာတု ကုထုံးတွေ မလုပ်လို့ပါ..။အခုချိန်မှာ ကင်ဆာဆဲလ်တွေက သူ့ခန္တာကိုယ်ဘတစ်ခုလုံးမှာ တွယ်ကပ်နေတဲ့ အတွက် သူ အချိန်မရွေး သေသွားနိုင်တယ်လေ..။သမီးမျှော်လင့်တာတော့ အန်ကယ် နောကိဆံူး အချိန်လေးတွေမှာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားနိုင်ဖို့ပဲ.."

အန်တီဟာ..မျက်လုံးထောက်က ကျလာတဲ့ မျက်ရည်တွေကို သုတ်ကာ ပြောလိုက်တယ်..။

"အင်း..ပြောပြပေးတဲ့ အတွက် ကျေးဇူးတင်ပါတ

် ကလေးမလေးရယ်..။အန်တီ ဒါကို တောင့်ခံနိုင်ပါတယ်..ဒါပေမဲ့ သူ့ကိုတော့ သွားမပြောလိုက်ပါနဲ့..။မဟုတ်ရင် သူမပျော်မရွှင်ဖြစ်သွားမှာကို စိုးရိမ်မိတယ်.."

သူမပြုမလေးဟာ..အန်ကယ်က သူ့အခြေအနေ အမှန်ကို သူသိထားပြီး..သူ့မိန်းမ စိုရိမ်မှာကြောင့် ထုတ်မပြောပဲ နေနေတယ် ဆိုတာကို နားလည်ထားပါတယိ..။

သူနာပြုမလေးဟာ ..ဒီလို အခြေအနေမျိူးကို အများကြီး မမြင်ဖူးပေ..။ကင်ဆာ ရောဂါ သည်အများစုက..သူတို့ သေရမှာကို အသည်းအသန်ကြောက်ရွံ့ကြတာ များပါတယိ..။

သိပ္ပံပညာတွေ နဲ့ အတည်မပြုနိုင်ပေမယ့် လည်း လူ့ခန္တာကိုယ် ဆိုတာ ထူးဆန်းစွာ တည်ရှိနေပြီး..စိတ်ခံစားမူတိုင်း..အပြုအမူတိုင်းက..တစ်စုံတစ်ယောက်ရဲ့ ကျန်းမာရေးကို သက်ရောက်စေမှာပါ..။

ဓာတ်လှေကား ဝင်ပေါက်တွင်..။

လူအိုကြီးဟာ ထိုင်ခုံတစ်လုံးပေါ်မှာ ထိုင်နေခဲ့တယ်.။သူဟာ နာရီကို ခနခန ကြည့်နေပြီး..အခုဆိုရင် ၄ နာရီ ၅၀ မိနစ် ရှိနေခဲ့ပါပြီ..။သူ အတော်ကြာတွေးတော ပြီးတဲ့ နောက်မှာ စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်..။

ဘာလို့ စမ်းပြီး ကြိုးစားကြည့်တာလဲ ဆိုတာကတော့ သူ့ကိုယ်သူလည်း သေချာ မသိပါဘူး..။ဒါက တစ်စုံတစ်ယောက်ဟာ ရွေးချယ်စရာ မရှိတော့ရင် ရတဲ့ အခွင့်အရေးကို ယူကြသလိုပါပဲ..။သူ့နှလံူးသားရဲ့ နက်ရှိုင်းတဲ့ အပိုင်းမှာတော့ သူလည်း မသေချင်ပါဘူး..။သူ့လည်း သူ့မိန်းမနဲ့ အတူ အသက်ရှင်သန် နေထိုင်ချင်ပါတယ်..။

လူအိုကြှီးဟာ ထိုင်နေရင်း အတွေးတွေ နဲ့ ရှုပ်ထွေးနေခဲ့တယ်..။သူ့ကိုယ်သူ ဘာတွေး နေမှန်းတောင် သူမသိတော့ပါဘူး..။ဓာတ်လှေကား တံခါးပွင့်လာတဲ့ အချိန်တိုင်းမှာ သူ လှမ်းလှမ်း ကြည့်နေခဲ့ပါတယ်..။ဒါပေမဲ့ သူမျှော်နေတဲပ လူကတော့ အခုထိရောက်မလာ သေးပါဘူး..။

*ဒင်*

ဓာတ်လှေကား တံကားဟာ နောက်တစ်ခေါက်ပွင့်လာခဲ့ပါတယ်..။

လူအိုကြီးဟာ ဓာတ်လှေကား တံခါးကိုကြည့်လိုက်တဲ့ အချိန်မှာ နေ့လည်က တွေ့ခဲ့တဲ့..လူငယ်လေးကို တွေ့လိုက်ရတယ်..။

လင်းဖန်..သူ့လက်မှာ ပစ္စည်းတွေကိုင်ထားရင်း ပြောလိုက်တယ်..။

လူအိုကြီးဟာ ခေါင်းညိမ့်လိုက်တယ်..။

"အင်း.."

လင်းဖန်ပြုံးလိုက်တယ်..။တစ်ချိန်တည်းမှာပဲ..တကယ်လို့ ဒီလူသာ သူ့အစား..လူလိမ် နဲ့တွေ့ရင်လည်း ယုံကြည်ဦးမလား ဆိုတာ ..အံ့ဩမိပါတယ်..။

"ဒီမှာ လူတွေအများကြီးပဲ..။လူ ရှင်းတဲ့ နေရာကို သွားကြရအောင်.."

လင်းဖန် ပြောလိုက်တယ်..။

သူတို့က ဆေးရုံထဲမှာ ပဲဖြစ်နေတဲ့ အတွက် လူအိုကြီးက မကြောက်ရွံ့ပါဘူး..။သူ ခေါင်းညိမ့်ပြီး လင်းဖန်နောက်ကနေ လိူက်လာခဲ့ ပါတယ်..။

လူအိုကြီးဟာ လင်းဖန်ကို ကြည့်ပြီး မေးလိုက်တယ်..။

"ငါ ပိုက်ဆံပေးဖို့ မလိုဘူး ..ဟုတ်တယ် မလား..။တကယ်လို့..ပေးရမယ် ဆိုရင် ငါ မစမ်းကြည့်ချင်တော့ဘူး.."

"ပိုက်ဆံပေးဖို့ မလိုဘူး.."

လင်းဖန် ပြန်ဖြေလိူက်တာပါ..။

အစက လူအိုကြီး..ဟာ သတိထားနေရာကနေ ..အပြုံးမျက်နှာ အဖြစ်ပြောင်းလိုက်တယ်..။

"ဒါကောင်းတယ်..။ငါ့ရဲ့ ပိုက်ဆံတွေကို ငါ့မိန်းမအတွက် ချန်ထားဖို့ လိူအပ်သေးတယ်လေ..။ဒါမှ သူ ဘိုးဘွားရိပ်သာကို သွားဖို့ ပိုက်ဆံရှိမှာ..။သူမကို ဂရုစိုက်မယ့် သူ မရှိမှာကို..ထပိပြီး စိုးရိမ်စရာ မလိုတော့ဘူး.."

လင်းဖန် ပြံူးပြီး ပြောလိုက်တယ်..။

"စိတ်မပူပါနဲ့..ခင်ဗျားက ကျွန်တော်ကို ယုံကြည်ပြီး ဆိုမှတော့..အမျိုးသမီးကို လည်းသေချာ စောင့်ရှောက်ပေးပါ့မယ်..။ဒါပေမဲ့..တစ်ခြားလူတွေကို ထပ်မပြောဖို့တော့..သတိထပ်ပေးလိုက်မယ်နော်.."

လူအိုကြီးဟာ ခေါင်းညိမ့်ပြီး မေးလိုက်တယ်..။

"ဘာလို့.မပြောရမှာလဲ.."

လင်းဖန် ခေါင်းခါယမ်းလိုက်တယ်..။

"ကျွန်တော် အခုမပြောသေးဘူး..။အရင်ဆုံး ကုသမူကို အရင်လုပ်မယ်..။တကယ်လို့ ပြန်ကောင်းသွားတယ် ဆိုရင် ဘယ်သူ့ကိုမှ မပြောနဲ့..တကယ်လို့ ပြန်မကောင်းဘူး ဆိုရင်တော့..တစ်ခြား လူတွေကို ပြောလို့ရတယ်.."

"အာ..ဒါက ငါတွေးထားတဲ့ အတိုင်း ကွက်တိပဲ.."

လူအိုကြီးက ပြောလိုက်တာပါ...

ဒါကို ကြားတဲ့အချိနိမှာ..လင်းဖန် လူအိုကြီးကို ကြည့်လိုက်တယ်..။ဒီ လူအိုကြီး.အတွေးအခေါ်ကောင်းလိမ့်မယ် လို့ သူမထင်ထားခဲ့ပါဘူး..။

သူတို့ ဘယ်သူမှ မရှိတဲ့ တစ်နေရာရာကို သွားလိုက်တယ်..။

လင်းဖန် လူအိုကြီးကို ဆေးရည် ကမ်းပေးလိုက်ပါတယ်. ..။

"သောက်လိုက်..."

လူအိုကြီးဟာ..ရနံ့အနည်းငယ် ခံလိုက်ပြီး..တွေဝေချင်း မရှိပဲ အကုန်လုံးကို မော့သောက်လိုက်တယ်..။

လင်းဖန် အပ်ထည့်ထားတဲ့ သေတ္တာကို ဖွင့်လိုက်ပြီး..လူအိုကြီးရဲ့ ခန္တာကိုယ်ကို ကိုင်တွယ်ကြည့်လိုက်ပါတယ်..။သူ့စိတ်ထဲမှာ ရှိနေတဲ့ အသိပညာ အရတော့..သူဘယ်လို ကုသရမလဲ ဆိုတာကိုကောင်းကောင်း သိပါတယ်..။

သူ့ရဲ့ လက်ချောင်းနှစ်ခုကြားမှာတော့..ငွေအပ်တစ်ချောင်းကို ကိုင်ထားလို့ပါ..။ရုတ်တရက်..သူ့လက်ချောငိးကြားမှာ ရှိတဲ့..ငွေအပ်ဟာ..ပြောင်းလဲသွားတာကို ခံစားမိလိုက်တယ်... ။မသိရင် ဆန်းကျယ်တဲ့ စွမ်းအားတွေ သူ့ဆီမှာ ရှိနေသလိုပါပဲ..။

ဒါက စွယ်စုံကျမ်းက ကူညီပေးနေတာဘများလား..။

လင်းဖန် နှလုံးသားထဲက ရေရွတ်လိုက်တယ်..။ဒီခံစားချက်က ပန်ကိတ်တွေကို သူပြုလုပ်နေတဲ့ ခံစားချက်ထက်ကို ပိူပါတယ်..။ပန်ကိတ်တွေဆိုရင်လည်း လူတွေ အများကြီး..မထိန်းချုပ်နိုင်ပဲ..ကြိုက်နှစ်သက် ကြတာပါ..။

သူအပ်ကို..သူ အပ်ကို အပ်စိုက်ကုထုံး..အမှတ်မှာ ချိန်ပြီး.ထိုးစိုက်လိုက်တယ်..။ရုတ်တရက် လူအိုကြီးဟာ အသက်ရူ ထည့်လိုက်ပါတယ်..။

လင်းဖန် မေးလိုက်တယ်...။

"ဘာဖြစ်လို့လဲ..သက်တောင့်သက်သာ မရှိဘူးလား.."

လူအိုကြီးဟာ ခေါင်းခါယမ်း လိုက်တယ်..။

"မဟုတ်ဘူး..ဒါက အရမ်းသက်သောင့်သက်သာ ရှိတယ်..။မင်းအပ်ကို စိုက်လိုက်တဲ့ ..အချိန်တုနိးက ငါ့ကိုယ်ထဲမှာ..အပူလိှုင်းတွေ စီးဆင်းနေသလိုပဲ.."

"အဲလိုလား.."

လင်းဖန် လည်း ဘာတွေဖြစ်နေတာလည်း ဆိုတာ သိပ်တော့ နားမလည်ပါဘူး..။စွယ်စုံကျမ်း..ရဲ့အကူညီ မရှိရင် သူ့ဦးနှောက်ထဲမှာ ပေါ်နေတဲ့ နည်းလမ်းက အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်မှာပါ..။သို့ပေမယ့် စွယ်စုံကျမ်းရဲ့ အကူအညီ

လူအိုကြီးရဲ့ ခန္တာကိုယ်ဟာတော့..တဆတ်ဆတ် တုန်ရီ နေခဲ့ ပါတယ်..။

"ဒါကအရမ်း သက်သောင့်သက်သာ ရှိတာပဲ..။ငါ့ ဗိုက် ဖောင်းလာသလိုတောင် ထင်ရတယ်.."

လင်းဖန် ပြောလိုက်တယ်..။

"ဒါက ပုံမှန်ပါပဲ..။ဒါက အကျိုးသက်ရောက်တယ် လို့ ဆိုလိုတယ်.."

လူအိုကြီးဟာ ဘာ​တွေဖြစ်နေမှန်း မသိတော့ပါဘူး..ဒါပေမဲ့..သူ့ကိုယ်ထဲကို အပ်တွေ ဝင်သွားတဲ့ အချိန်မှာ..သူ သက်သောင့်သက်သာ ဖြစ်မူကို ခံစားနေရပါတယ်..။သူအရင်တုန်းက နာကျင်ခဲ့တဲ့ နေရာတွေဟာ ရုတ်တရက် နာကျင်တာ ရပ်တန့်သွားခဲ့ပါပြီ..။ဒါက အကိုက်ခဲ ပျောက်ဆေးတွေ စားတာထက်တောင် ပိုပြီး ကောင်းမွန်ပါသေးတယ်..။

အဲ့အချိနိမှာပဲ..လူအိုကြီးရဲ့..ခန္တာကိုယ်ထဲမှာ..အပ်တွေများစွာ.. စိုက်ဝင်နေခဲ့ပါပြီ..။များပြားလှတဲ့ ချွေးတွေကတော့..သူ့ရဲ့ နောက်ကျောနဲ့ဝမ်းဗိုက် မှာ စတင်ပြီး ထွက်ရှိနေခဲ့ပါပြီ..။

နာရီ ဝက်ကြာပြီးနောက်..။

လင်းဖန် လူအိုကြီး ကိုယ်ထဲက..အပ်တွေ အကုန်လုံးကို ဖယ်ရှားလိုက်တယ်..။ယင်းနောက် သူ လုံခြုံစွာ ပြန်စုစည်းလိုက်ပြီး..ဘေးနားမှာ ရှိနေတဲ့ အမှိုက်ပုံးထဲ ထည့်လိုက်ပါတယ်..။

လင်းဖန် အတွက်ကတော့..ဒီ လူကို ကုသ ပေးရတာ တစ်နာရီ ခွဲ့လောက်ကြာသွားခဲ့ပေမယ့်.. လူအိုကြီးအတွက်ကတော့.. အသစ်ပြနိလည် မွေးဖွားလာသလို ခံစားနေရပြီး..သက်တောင့်သက်သာ ခံစားနေရပါတယ်..။တကယ်လို့ သူ့ခြေထောက်တွေသာ မြေကြီးတွေနဲ့ ထိမနေခဲ့ဘူးဆိုရင်..သူ့ကိုယ်သူ လေပေါ်မှာ ပျံသန်နေတယ် လို့ထင်မြင် မိမှာပါ..။

"ပြီးသွားပြီလား.."

လူအိုကြီး ရဲ့ မျက်လုံးတွေဟာ တောက်ပပြီး စိတ်လှုပ်ရှားနေခဲ့ပါတယိ..။

သူက အသက်ကြီး နေပြီ ဖြစ်ပေမယ့် လည်း ငတုံးတစ်ယောက်တော့ မဟုတ်ပါဘူး..။ဒီကုသမူက အကျိုးသက်ရောက်လား မသက်ရောက်ဘူးလား ဆိုတာ..သူ ခံစားနေရပါတယ်..။အရင်တုန်းက သူ့ရဲ့ ခန္တာကိုယ်က လှုပ်ရှားသွားလာလို့ ရပေမယ့်လည်း..များပြားလှတဲ့..လေးလံပြီး..များပြားလှတဲ့ အစိတ်အပိုင်းတွေက နာကျင်ခဲ့ရတာပါ..။သူ အကိုက်အခဲ ပျော်ဆေးတွေ သောက်ရင်တောင်..နာကျင်မူကို မတားဆီး နိုင်ခဲ့ပေ..။

သို့ပေမယ့် အခုတော့..သူ့န္တာကိုယ်ထဲ နာကျင်မူတွေ ပျောက်ကွယ် သွားခဲ့ပါပြီ..။သူအရမ်းကို ခွန်အားတွေနဲ့ ပြည့်နှက်နေသလို ခံစားနေရပါတယ်..။

"အရမ်း မမြန်ပါဘူး..။မနက်ဖြန် ..မနက် ၉ နာရီ ကျွန်တော်ကို ဒီနေရာကနေပဲ..စောင့်နေလိုက်.."

လင်းဖန် ပြောပြီး မတ်တတ်ထရပ်လိုက်တယ်..။

လူအိုကြီးရဲ့ နောက်ကျောမှာတော့ ချွေးတွေ နဲ့ ပြည့်နှက်​ေနခဲ့ ပါပြီ..။သူ့ အက်ျီကို ပြန်ချလိုက်တဲ့ အချိန်မှာ..သူ့ရဲ့ ပုံစံက ရေးချိုးထားတဲ့ အတိုင်းပါပဲ..။သို့ပေမယ့် လူအိုပြီးရဲ့ ခံစားချက်တွေကတော့ အရမ်းကို ကောင်းမွန်နေခဲ့ပါတယ်...။

လူအိုကြီးဟာ ခေါင်းကို ပြန်မော့လိုက်ပြီး လင်းဖန်ကို ကျေးဇူးတင်စကား ပြောဖို့ လုပ်လိုက်တဲ့ အချိန်မှာပဲ..ဒီ မာစတာ လေးက ထွက်သွားခဲ့ပြီဆိုတာ သူ နားလည်လိုက်ပါတယ်..။

All Chapters