← Chapters

စွယ်စုံကျမ်း,မင်းက အရမ်းစိတ်ပျက်ဖို့ ကောင်းတာပဲ..

Vol. 24 Ch. 354

စွယ်စုံကျမ်း,မင်းက အရမ်းစိတ်ပျက်ဖို့ ကောင်းတာပဲ..

Vol. 24 Ch. 354

ဘာသာပြန် = စနိုးဝှိုက်

လူအိုကြီး ပြန်ရောက်လာတဲ့ အချိန်မှာ သူ့ရဲ့ ခန္တာကိုယ်က အရမ်းနေသာထိုင်သာ ရှိနေတယ် လို့ ခံစားနေရပါတယ်..။သူ့ခန္တာကိုယ်ထဲက ခံစားချက်က တကယ် မယုံကြည်နိုင်စရာပါပဲ..။

ကောင်တာမှာ ရှိနေတဲ့ သူနာပြုမ လေတွေတောင် လူအိုကြီးကို မြင်လိုက်တဲ့ အချိန်မှာကြောင်အ သွားခဲ့ကြပါတယ်..။သူမပြုမလေး တစ်ယောက်ဟာ ပြောလိုက်တယ်..။

"အန်ကယ်..အသားအရေက အရင်ကထက်ပိုကောင်းလာသလို ပဲနော်.."

လူအိုကြီးကတော့ သူ့ခန္တာကိုယ်ရဲ့ ပြောင်းလဲမူတွေ အတွက် ပျော်ရွှင်နေခဲ့ပါပြီ..။အပြုံးလေးနဲ့ သူပြန်ဖြေလိုက်တယ်..။

"အဲလိုလား.."

သူ ဒါကို ခံစားရပေမယ့်လည်း..သူနာပြုမလေး..ပြောလာတော့ ပိုလို့တောင် ခံစားလို့ကောင်း

သွားပါသေးတယ်..။ယင်းနောက် သူပြောလိုက်တယ်..။

"နေမကောင်းတာက ပြန်ကောင်းလာလို့ထင်တယ်.."

သူနာပြုမလေးတွေဟာ ပြုံးပြီး ခေါင်းညိမ့်လိုက်ကြပေမယ့်.. နှလုံးသာထဲမှာတော့..ဝမ်းနည်းသွားခဲ့ကြပါတယ်..။ဒီ အန်ကယ်ရဲ့ ရောဂါက ဘယ်လိုရောဂါ လဲ ဆိုတာ သူတို့ သိထားကြပြီးသားပါ..။သူတို့ ဒါကို ထုတ်မပြောတာက..အန်ကယ် စိတ်ဓာတ်ကျသွားမှာ စိုးလို့ပါပဲ..။

အန်ကယ်ဟာ သူ့ရဲ့ လူနာဆောင်ကို ပြန်သွားခဲ့တယ်..။

သူနာပြုမလေးတွေဟာ တီးတိုး ပြောလိုက်ကြပါတယ်..။

"ငါ ခုနက တွေ့တာကတော့..အန်ကယ်ရဲ့ အသားအရေ တွေက အရင်ကထက် ပိုကောင်းလာသလိုပဲနော်.."

"ငါလည်း ဒီလိုပဲထင်တယ်. သူ့ကြည့်ရတာ..ခွန်အားတွေ ရှိနေသလိုပဲ..။သူက အရင်ကထက်ပို ကောင်းလာတယ်..လို့ထင်ရတယ်.."

"ဒါက ထင်ယောင်ထင်မှား ဖြစ်နေတာလား..။ငါတို့ အကုန်လုံ အန်ကယ်ကို ပြန်ကောင်းလာစေချင်တဲ့ စိတ်ကြောင့် ဒီလို..မြင်နေရတာဖြစ်မှာပေါ့.."

"ဒါ အဓိပ္ပါယ် ရှိတယ်..။ဒါက..ဖြစ်စဥ်ပဲ.."

လူအိုကြီးကတော့ သူ့ရဲ့ လူနာဆောင်ကို ပျော်ရွှင်စွာပဲ ပြန်လာခဲ့ပါတယ်..။သူ့ရဲ့ မိန်းမဟာ သူပြန်လာတာ မြင်တဲ့ အချိနိမှာ မျက်နှာမှာ အပြုံးတွေ ပေါ်လာပြီး ပြောလိုက်တယ်..။

"လေကောင်းလေသန့် ရူပြီးသွားတော့ ခံစားရတာ ပိုကောင်းသွားလား..."

လူအိုကြီးဟာ ပြုံးလိုက်တယ်။

"ငါတကယ် ခံစားလို့ ကောင်းနေတယ်..။ငါတို့ တစ်ရက် နှစ်ရက် ဆိုရင် ဆေးရုံက ဆင်းလို့ရပြီ ထင်တယ်...။အိမ်မှာရှိတဲ့ဟင်းသီး ဟင်းရွက် တွေကို ဂရုစိုက်ရဦးမယ် လေ...။ဟို ခွေးသားလေး တစ်ကောင် လာလာခိုးနေပြန်ပြီလား မသိဘူး..."

"ကောင်းပြီ ကောင်းပြီ.."

မိန်းမဟာ.ဖျားနာမူတွေကို ကိုယ်စားဝင်ခံပေးလို့ မရပေမယ့်လည်း ..လက်ရှိ အခြေအနေ အမှန်ကို လက်ခံထားပြီး ပါပြီ..။ဒီ ဆေးရုံမှာ ရှိနေတဲ့ ဒေါက်တာတွေ ကိုယ်တိုင်က သူတို့ မကယ် တင်နိုင်တော့ ပါဘူး လို့ ပြောခဲ့တာပါ..။သူတို့ ပြန်ရောက်တဲ့ အချိန်ကျရင်..စားချင်တဲ့ အရာတိုင်းကို စားသောက်ပြီး..လက်ကျန် အချိန်ကို..ပျော်ပျော်ရွှင်ရွှင် ပဲ ဖြတ်သန်းကြရမှာပါ..။

လူအိုကြီးဟာတော့ စိတ်ကောင်းဝင်နေခဲ့ပါတယ်..။သူ သူ့မိန်မကို ကြည့်လိုက်ပြီး ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာကို ပြောပြချင်နေပေမယ့် လည်း..တစ်ခုခု ကို တွေးမိပြီး မပြောတော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်..။သူ ကတိ ပေးထားပြီးမှတော့ မပြောသင့်ပါဘူး..။ယင်းနောက် သူပြုံးပြီး ခေါင်းခါယမ်း လိုက်တယ်..။သူ အကုန်လံူး ပြန်ကောင်းသွားမှ သူ့မိန်းမကို စပရိုက် လုပ်ပေးရတော့မှာပါ..။

သူ အခုတော့..ဒီ လူငယ်လေးကို လေးစား​ေနခဲ့ပါပြီ..။ပထမ ဆံူး ကူသမူရဲ့ အကျိုးသက်ရောက် မူက တကယ် ထင်ရှားပါတယ်..။သူ့ ခန္တာကိုယ် အခြေအနေက က အကောင်းဆံူးဖြစ်နေသလို ခံစား​နေရပြီး..အရင်ကနဲ့ မတူတော့ပေ..။

…

ဆေးရုံက ထွက်ခွာပြီးနောက်..။လင်းဖန် နောက်ထပ် ဆေးရုံတစ်ခုကို ကြည့်ဖို့ သွားခဲ့တယ်..။သို့ပေမယ့် သူ ဘယ်လို စလုပ်ရမလဲ မသိပါဘူး..။သူ့မှာ ဆေးလက်မှတ် မရှိတဲ့ အတွက်..သတင်းတွေသာ ပျံ့နှံ့သွားမယ် ဆိုရင် အဖမ်းခံရမှာပါ..။

ထပ်ပြောရရင် အဖိုးကြီးလို သူ့ကို ယုံကြည်တဲ့ နောက်တစ်ယောကိကို တွေ့ရဖို့ ဆိုတာက အတော်ကို ခက်ခဲပါတယ်..။လူတစ်ရာမှာ ဒီလိုလူ တစ်ယောက်ကို ကြုံရတယ် ဆိုရင်ပဲ..သူကံကောင်းတယ်လို့ ပြောလို့ရနေပါပြီ..။

သူ လူတွေ အများကြီးကို ကူညီပြီး အသက်တွေကယ်ချင်ပေမယ့် လည်း အကူညီမဲ့ နေခဲ့ပါပြီ..။ဒါက သူ တစ်ခြားလူတွေကို..ကူညီချင်စိတ်တွေ လျော့သြားတာ မဟုတ်ပဲ ..တစ်ခြားလူတွေကကို သူ့ကို မယုံကြည်နိုင် ကြတာပါ.။တစ်ကယ်လို့ သူတို့ သာ တစ်စုံတစ်ယောက်ကို တိုင်ကြားလိုက်ရင် သူအလကားနေရင်း အဖမ်းခံရဦးမှာပါ..။

ညအချိန်..။သူ တည်ခိုခန်း တစ်ခုရှာပြီး အခန်းတစ်ခု ငှားရမ်းခဲ့တယ်..။အခုလို အပြင်ထွက်လာတဲ့ အချိန်မှာ အတော်ခံစားလို့ ကောင်းပါတယ်..။

ရှန်ဟိုင်းက မြို့ကြီး တစ်ခု ဖြစ်ပေမယ့်လည်း.သူက အမြဲတမ်း တိမ်ဖြူလမိး သေးသေး လေးမှာ နေတဲ့ လူတစ်ယောက်ပါ..။သူ ကမ္ဘာကြီးရဲ့ တစ်ခြား အစိတ်အပိုင်းကို..မမြင်ဖူးပါဘူး..။

နောက်တစ်ရက်..မနက် ၉ နာရီ..။

"မာစတာ ..ရောက်လာပြီလား.."

လူအိုကြီးဟာ မနက်အစောကြီး အိပ်ယာ နိုးနေခဲ့တာပါ..။အရင်နေ့တွေ တုန်းက ဆိုရင် အိပ်ယာထတာနဲ့ သူ့ခန္တာကိုယ် တစ်ခုလုံး နာကျင်နေပြီး...သူ အကိုက်ခဲပျောက်ဆေး မသောက်ရင်..အိပ်ယာထဲကတောင် မထနိုင်ပါဘူး..။သို့ပေမယ့်..ဒီနေ့မနက်မှာတော့ သူ့ ခန္တာကိုယ်မှာ..ဘာနာကျင်ကိုက်ခဲမူ မှမရှိပဲ..သာမန်လူအတိုင်း ဖြစ်နေခဲ့ပါတယ်။

လင်းဖန် ရဲ့ လက်ရှိကျွမ်းကျင် မူနဲ့ ..စွယ်စုံကျမ်းရဲ့ အားဖြည့်မူ​သာမရှိရင်..သူ ဒီလူကြီးကို ကုသ ဖို့ လ အနည်းငယ် လောက်အချိန်ယူရမှာပါ..။သို့ပေမယ့် စွယ်စုံကျမ်းကျမ်းရဲ့ ကူညီပြီး အားဖြည့်ပေးမူကြောင့်..ကြာချိန်က အရမ်းမြန်ဆန်နေခဲ့ပါတယ်...။

လင်းဖန် ပြုံးပြီး ပြောလိုက်တယ်။

"ခန္တာကိုယ်ဘယ်လို ခံစားရလဲ..။မနေ့ညက အိပ်တော့ တစ်ခုခု ခံစားရသေးလား.."

လူအိုကြီးဟာ အမြန်ပြန်ဖြေလိုက်တယိ..။

"ဟုတ်တယ် ဟုတ်တယ်..ငါမနေ့ညက အိပ်တော့..ငါ့ရဲ့ အရိုးတွေက နွေးထွေးနေပြီး မသိရင် နေနွေးပူပူ နဲ့ရေချိုးသလိုပဲ..။ငါ မနေ့က ချွေးတွေ ထွက်နေပြီး ချွေးတွေ ထွကိပြီးတဲ့ နောက်မှာ..ခန္တာကိုယ်က ပိုပြီး ပေါ့ပါးလာတယ်.."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်...။ဒါတွေ အကုန်လုံးကို စွယ်စုံကျမ်းထဲမှာ ရေးချထားပြီးသားပါ..။သူ လူအိူကြီး ပြောနေတာကို ကြားတဲ့ အချိန်မှာ ဘာပြသနာမှ မရှိမှန်း သဘောပေါက်လိုက်ပါတယ်..။

လငိးဖန် ဘေးကို ကြည့်ပြီး ပြောလိုက်တယ်..။

"ဘယ်သူမှတော့ ခင််ဗျားနောက် လိုက်မလာပါဘူးနော်..။ဟုတ်တယ်မလား.."

လူအိုကြီးဟာ လက်ကို ဝေ့ယမ်းလိုက်တယ်..။

"ဟင့်အင် ငါဘယ်သူ့ကိုမှ မပြောထားဘူး..ငါ့မိန်းမတောင်မှပဲ..။မာစတာ..မင်းက ဘယ်ဆေးရုံကလဲ..။မင်းရဲ့ ဆေးပညာက အရမ်းကောင်းမွန်လွန်းတယ်နော်.."

လငိးဖန် ရယ်မောလိုက်တယ်..။

"ကျွန်တော်က ဘယ်ဆေးရုံကမှ မဟုတ်ဘူး..။ကျွန်တော်က ပရိုဖက်ရှင်နယ် မဟုတ်သလို ...ဆေးကုသခွင့် လက်မှတ်လည်း မရှိဘူး..။ကျုပ်ခင်ဗျားရောဂါကို ခိုးကြောင်ခိုးဝှက် ကုသနေတာ မမြင်ဘူးလား..။တကယ်လို့ တစ်ယောက်ယောက်က ဖမ်းမိသွားရင် ထောင်ထဲတောင် ရောက်သွားနိုင်တယ်.."

"အာ.."

လူအိုကြီး ကြောင်အသွားခဲ့တယ်..။ယင်းနောက် ..သူ အလျင်အမြန် ခေါင်းညိမ့်လိုက်ပါတယိ..။

"ငါ နားလည်ပြီ..။စိတ်မပူနဲ့..ငါ ဒါကို လျို့ဝှက်ချက်အဖြစ်သဘောထားပြီး..ဘယ်သူ့ကိုမှ ပြောမှာ မဟုတ်ဘူး.."

လင်းဖန် ​မေးလိုက်တယ်..။

"အန်ကယ် ,ခင်ဗျား မနက်စာ မစားရသေးဘူးမလား.."

"ဟင်အင်.."

လင်းဖန် ပြောလိုက်တယ်..။

"ဒါဆို ဒီဆေးကို သောက်လို်က်..ကျွန်တော် အပ်စိုက်ပြီး ကုသပေးမယ်..။ပြီးတော့ နေ့လည်ကျရင်..တသ်ခေါက် ထပ်ကုပေးမယ်..။ပြီးကျရင်တော့..ထပ်ပြီး အပ်စိုက်ကုထုံး လူပ်စရာ မလိုတော့ဘူး..။ဒီ တရုတ်ဆေးရည် အတွက်ကတော့..နေ့တိုင်း ကိုယ်တိုင်ကျိုပြီးသောက်ရမယ်..။အကုန်ပြီးဆံူးပြီဆိုရင်..အပြည့်အဝ ပြန်ကောင်းသွားတော့မှာပါ.."

"တကယ်လား.."

လူအိုကြီးဟာ မယုံကြညါရဲပေ..။

"ဒါ တကယ် ဟူတ်လား မဟုတ်လား မခံစားရဘူးလား.."

လငိးဖန် ပြုံးပြီး ပြောလိုက်တာပါ..။ဒီလို ဆေးပညာ အဓိက အခန်းကို ရတာက သဘာဝကို ဆန့်ကျင်သွားတဲ့ အတိုင်းပါပဲ..။သူ လူသေကို အသက်မသွင်းနိုင်ပေမယ့် လည်း ရောဂါ အကုန်လုံးကိုတော့ ပျောက်အောင် လုပ်နိုင်ပါတယိ..။

ဒါပေမဲ့ အရင်ညတုန်းက လင်းဖန် ဒီအသိပညာကို သူပို်င်ဆိုင်ပေမယ့် လူတွေကိုလျောက်ပြောလို့ မရဘူး ဆိုတာ သူ နားလည်လိုက်ပါတယ်..။သူ့ ကိုယ့်အားကိုပဲ ကိူးရမှာပါ..။

လူအိုကြီးဟာ..သူ့ရဲ့ အပေါ်အက်ျီကို အလျင်အမြနိ ချွတိပြီး အစောင့်ဆိုင်း နိုင်စွာ ပြောလိုက်တယ်..။

"မာစတာ..ကျွန်တော် နောက်ထပ် နှစ် ၂၀ လောက်နေနိုင်ဦးမယ် လို့တကယ်ထင်လား.."

လငိးဖန် ပြုံးပြီး ပြောလိုက်တယ်..။

"သေချာတော့ မပြောနိုင်ဘူး..။ဒါပေမဲ့ ၁၀ နှစ် ...အနှစ် ၂၀ ကတော့ ပြသနာ မရှိလောက် ပါဘူး.."

လူအိုကြီး ရှက်ကိုးရှက်ကန်း ပြောလိုက်တယ်..။

"၁၀ နှစ်ပဲဖြစ်ဖြစ် ..နှစ် ၂၀ ပဲဖြစ်ဖြစ် ပြသနာ မရှိပါဘူး..ငါ့မိန်းမထက် နောက်ကျမှ သေရင်ပဲ ပျေနပ်ပါပြီ..။ဒါဆိုရင် သူ အထိီးမကျန်တော့ဘူးလေ.."

လင်းးဖန် အပ်တွေကို ထုတ်ကာ အပ်စိုက်ကုထုံးကို စတင်လိုက်ပါတယ် .။ဒီတစ်ခါမှာတော့..လင်းဖန် ..သူ အပ်စိုက်နေချိန် ကူညီပေးနေတဲ့ စွယ်စုံကျမ်းရဲ့ စွမ်းအားတွေကို ဂရုစိုက်နေခဲ့ပါတယ်..။

လင်းဖန် ခေါင်းခါယမ်း.။ဒီစွယ်စုံကျမ်းက အတော် ဆိုးရွားပါတယ်..။သူ့ရဲ့ ပညာရပ်က လုံလောက်အောင် အံ့ဩဖို့ မကောင်းရင် ..သူကိုယ်တိုင်က ခွန်အားတွေပေးပြီး အံ့ဩဖို့ ကောင်းအောင်လုပ်ပေးတာပါ..။သူ ဘာပြောနိုင်ဦးမှာလဲ..။သူ ပြောနိုင်တာက..စွယ်စုံကျမ်းက အံ့ဩဖို့ ကောင်းတယ် ဆိုတာပါပဲ..။

"သက်သောင့်သက်သာ ရှိတယ် တကယ်သက်တောင့် သက်သာ ရှိတယ်.."

ကျေနပ်တဲ့ အမူအရာတွေဟာ..လူအိုကြီးရဲ့ မျက်နှာမှာ ပေါ်လာခဲ့တယိ.။ထပ်ပြောရရင် သူ့ခန္တာကိုယ်မှာရှိတဲ့ တိကျတဲ့ ပြောင်းလဲမူတွေကို..ခံးစားနေတာပါ..။

အစက နာကျင်မူ အနည်းငယ် ရှိနေသေးပေမယ့်..အခုတော့ သူ့ခန္တာကိုယ်မှာ နာကျင်မူတွေ လုံးဝ မရှိပါဘူး..။ဒါက အံ့ဩဖို့ ကောင်းတဲ့ ရလာဒ်တစ်ခုဖြစ်ပြီး..နာကျင်နေတဲ့ နေရာတွေက လံူးဝ ပျောကိကွယ်သွားသလိုပါပဲ..။

လင်းဖန် ငွေအပ်တွေ အကုန်လံူးကို ပြန်နှုတ်လိုက်ပြီး..အမိှုက်ပံူးထဲ ပစ်ထည့်လိုက်တယ်..။

"နေ့လည်ကျရင်..တတိယ ကုသမူ အတွက် ပြန်လာခဲ့ပါ..။အဲဒါ ပြီးရင်တော့..ကျွန်တော်တို့..အပ်စိုက်ကုထုံး လုပ်စရာ မလိုတော့ဘူး.."

လင်းဖန် ပြုံးလိုက်တယ်..။အပ်စိုက်ကူထုံးနဲ့..ဆေးဝါးတွေက..လုံလောက်အောင် ကောင်းနေပေမယ့်လည်း..စွယ်စုံကျမ်း အကူညီ မပါရင်..ကင်ဆာရောဂါကို ကုသဖို့က မဖြစ်နိုင်ပါဘူး..။

လူအိုကြီးဟာ လင်းဖန်ရဲ့ကို လက်ကို ဖမ်းဆုပ် ကျေးဇူးတင်တဲ့ မျက်နှာအမူအရာနဲ့ ​မေးလိုက်တယ်။

"မာစတာ ..နာမည် ဘယ်လိုခေါ်လဲ.."

လင်းဖန်လက်ဝေ့ယမ်းပြီး.. မတ်တတ်ထရပ် လိုက်တယ်..။သူ ထွက်သွားခါနီး ပြောလိုက်ပါတယ်..။

"သတိရပါ..နေ့လည် သုံးနာရီ.နော်.."

"အိုကေ..အိုကေ.."

လူအိုကြီးဟာ..ချက်ချင်း ​ပြန်ဖြေလိုက်တာပါ..။

သူ ဒီလို အရေးကြီးတဲ့ အချိန်ကို ဘယ်လို်မှ မေ့နိုင်မှာ မဟုတ်ပေ..။

All Chapters