← Chapters

ဘာမှ မမှတ်မိတော့ဘူး..

Vol. 24 Ch. 355

ဘာမှ မမှတ်မိတော့ဘူး..

Vol. 24 Ch. 355

ဘာသာပြန် = စနိုးဝှိုက်

လူအိုကြီးကို ကြည့်ရူပေးပြီး တဲ့ နောက်မှာ လင်းဖန်..ရထားလက်မှတိ တစ်စောင်ကို ဖြတ်လိုက်တယ်..။လူအိုကြီးက ဘယ်သူ့ကိုမှ မပြောဘူးလို့ ပြောထားပေမယ့် လည်း..ကတိတစ်ခုထဲနဲ့ အရာရာအားလုံးပြီးဆုံးသွားနိုင် တာ မဟုတ်ပါဘူး..။

ဒီလို အဖြစ်အပျက် မျိုးဆိုတာက လူတွေ အများကြီးရဲ့ အာရုံကို ဖမ်းစားနိုင်မှာပါ..။ဒါက အပြည့်အဝ ဖုံကွယ်ထားနိုင်တဲ့ ကိစ္စမဟုတ်ပါဘူး..။

ဆေးရုံတွင်..။

လူအိုကြီးဟာ..သီးချင်းလေး ညဥ်းရင်း ပျော်ရွှင်စွာ လမ်းလျောက်နေခဲ့ပါတယ်..။သူ အသက်ပြန်မွေးဖွားလာသလို ခံစားနေရပြီး..တစ်ချိန်တည်းမှာပဲ..အတိတ်ဘဝက..ကောင်းမူတွေ လုပ်ခဲ့ပြီး.ဒီလို မာစတာ မျိုးနဲ့ တွေ့ခွင့်ရတဲ့ အပေါ် ကျေးဇူး တင်နေခဲ့ပါတယ်..။

သူ ..ဧည့်ကြိုကောင်တာကို ဖြတ်တဲ့ အချိန်မှာတော့..သူနာပြုမလေးတွေကို ..နှုတိဆက်ပြီး..သူ့မိန်းမနဲ့ စကားလေး ဘာလေး ပြောဖို့ လူနာဆောငိထဲကို ဆက်လျောကိလိုက်ပါတယ်..။

"အန်ကယ်..ခနစောင့်ပါဦး.."

သူနာပြုမလေး တစ်ယောက်ဟာ..လှမ်းအော်လိုကိတယ်..။ဒီ အန်ကယ်ရဲ့ အသားအရည်..အရင်ကနဲ့ အတော်ကွာခြားတယ် ဆိုတာ သူမ သတိပြုမိလိုက်တာပါ..။အရင်တုန်းက ဆိုရင်..ဝါပြီး ဖြူဖျော့နေဦးမှာ ဖြစ်ပေမယ့်လည်း..အခုကတော့ အသားအရည်က အရမ်းတွေ ကောင်းနေခဲ့ပါပြီ..။သူဟာ အသက်ဓာတ်တွေ နဲ့ ပြည့်နှက်နေပြီး..ရောဂါဖြစ်နေတဲ့ လူတစ်ယောက်နဲ့ လုံးဝ မတူညီပါဘူး..။

"ဘာတုန်း ကလေးမလေး ရဲ့.."

လူအိုကြီးဟာ ပြုံးပြီး မေးလိုက်တာပါ..။

သူနာပြုမလေး..ဟာ သူ့အနားကို လာပြီး အနီးကပ်ကြည့်လိုက်တယ်..။သူမရဲ့ လေသံမှာ အံ့ဩမူတွေ..ပါဝင်နေပြီး မေးလိုက်ပါတယ်..။

"အန်ကယ်..လတ်တလောမှာ တစ်ခုခု ထူးခြားတာများ စားခဲ့သေးလား။ဘာလို့ အသားအရည်က အရမ်းတွေ ကောင်းနေရတာလဲ.."

"ဟားဟား..ဒါပေါ့..ဒါက ဆန်းကျယ်တဲ့ ဆေးပညာပဲလေ."

လူအိုကြီးဟာ ရယ်မောပြီး ပြန်ဖြေလိုက်တာပါ..။ယင်းနောက် သူ တစ်ခုခုကို တွေးမိပြီး ပြောလိုက်တယ်..။

"ငါ့ ခန္တာကိုယ်က ပိုကောင်းလာသလိုပဲ..။အခုနောက်ပိုင်း ခွန်အားတွေနဲ့ ပြည့်နေတယ်.."

သူနာပြုမလေးဟာ နားမလည်ခဲ့ပေ..။

"အန်ကယ် ခန္တာကိုယ်က နာကျင်နေသေးလား.."

"ဟင်အင်..ငါရဲ့ ခန္တာကိုယ်က တကယ်ကောင်းမွန်နေတယိ..။ငါ့မိန်းမနဲ့ သွားတွေ့လိုက်ဦးမယ်..ပြီးမှ စကားပြန်လာပြီး ပြောမယ်လေ.."

လူအိုကြီးကတော့..အနာဂတ် အတွက် မျှော်လင့်ချက်တွေ ပြည့်နေခဲ့ပါပြီ..။သူ သူနာပြုမလေးကို နှုတ်ဆက်လိုက်ပြီး လူနာဆောင်ကို လျောက်သွားလိုက်တယ်..။

သူနာပြုမလေးတွေကတော့ ဆွေးနွေးနေကြပါပြီ..။

ခပ်ဝဝ သူနာပြုတစ်ယောက်ဟာ ပြောလိုက်တယ်။

"တစ်ခုခုတော့ မဟုတ်တော့ဘူးနော်..။တကယ်တစ်ခုခုတော့ မူမမှန်တော့ဘူး.."

"ငါတို့ အကုန်လံူး တစ်ခုခုမူမမှန်တာ သိပေမယိ့ ဘာက မူမမှန်တာလဲ ဆိုတာ မပြောနိုင်ကြဘူးလေ..။သူ့အသားအရေက ကင်ဆာရောဂါသည်တစိယောက်နဲ့လုံးဝမတူတော့ဘူး...။သူခံစားနေရတဲ့ ရောဂဂါဂါက ကင်ဆာလေ..။ဘာပဲဖြစ်ဖြစ် အသားအရည်က ဒီလောက်ကြီး ကောင်းမနေသင့်ဘူး.."

"ငါလည်း သေချာမသိပေမယ့်..သူဒီလို ဖြစ်လာတာပျော်ရွှင်ရပါတယ်..။ဒါက သူ့ရဲ့ စိတ်ပိူင်းဆိုင်ရာ တိူးတက်လာလို့ ဖြစ်နိုင်မလား..အဲတာကြောင့် သူ့ခန္တာကိုယ် ပြန်ကောင်းလာတာလေ"

"ဘယ်လိုဖြစ်နိုင်မှာလဲ..ငါတို့က သူနာပြုတွေ ဖြစ်ပြီး အခုဟာကလည်း..ကင်ဆာ အကြောင်း ပြောနေကြတာလေ..။သူ ရုတ်တရက်ကြီး ပြန်ကောင်းလာတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး.."

"ငါတို့ ဘာလို့.အန်ကယ်ကို တစိနေ့လောက် မစစိကြည့်ရမှာလဲ..။ဒါမှ တစ်ခုခုမှားနေလား..သိနိုင်မှာလေ"

"ဟုတ်တယ်.."

…

လူအိုကြီးကတော့ သူ့ကို ကုသပေးတဲ့ မာစတာ အကြောင်းကို သိချင်နေခဲ့ ပါတယ်..။သူက နာမည်ကိုတောင် ပေးသိချင်တဲ့ ပုံမပေါ်ပါဘူး..။လူအိုကြီးဟာ အသက်ကြီးနေပေမယ့်လည်း ငတုံးတစ်ယောက်မဟုတ်ပေ..။ သူ ခံစားနေရတဲ့ ရောဂါအကြောင်းကို သူကောင်းကောင်း သိထားပါတယ်..။သူ့ဘဝ အဆံူးသတ်ကို ဘယ်ဆေးဝါးမှ မကယ်နိုင်တော့တဲ့ အခြေအနေ တစ်ခုပါ..။

ဒါပေမဲ့ အခုတော့..အခြေအနေတွေ ပြောင်းလဲသွားပါပြီ..။သူ့ ခန္တာကိုယ်က ပိုပို ကောင်းမွန်လာနေခဲ့ ပါတယ်..။

မိန်မးကြီးဟာ မေးလိုက်တယ်..။

"လူအိုကြီး..လက်ထဲမှာ ဘာကိုင်ထားတာလဲ"

လူအိုကြီးဟာ ပြုံးပြီး ပြန်ဖြေလိုက်တယ်..။

"ဘာမှမဟုတ်ပါဘူး..။ငါတို့ နေ့လည်စာကို ဘာစားကြမလဲ..ငါ တစ်ခုခုစားချင်နေလို့.."

မိန်းမဟာ ပြုံးလိုက်တယ်..။

"ကောင်းပါပြီ..ကောင်းပါပြီ..ကျွန်မ ပြင်ဆင်ပေးပါ့မယ်.."

လူအိုကြီးဟာ သူ့မိန်းမထွက်သွားတာကို ကြည့်ပြီး ပြုံးလိုက်တယ်..။ယင်းနောက် ..ကျန်နေတဲ့ ဆေးတွေကို အံဆွဲထဲ ထည့်လို်က်ပါတယ်..။ဒါက အသက်ကယ်ပေးမယ့် ဆေးဝါးတွေပါ..။သူ မာစတာ ပြောတာကို နားလည်ထားပါတယ်..။သူ ဒီဆေးတွေကို တစ်နေ့ တစ်ထုတ် ကြိုသောက်ရမှာပါ.။အကုန်ပြီးသွားရင်တော့ သူလည်း ပြန်ကောင်းသွားပါပြီ..။

နေ့လည်ဘက်တွင်..။

လူအိုကြီးဟာ ပျော်ရွှင်စွာ လမ်းလျောက်ထွကိသွားခဲ့ပြန်ပါတယ်..။

သူ ဧည့်ကြိုကောင်တာကို ဖြတ်တဲ့ အချိန်မှာတော့..

"အန်ကယ် အပြင်သွားပြန်ပြီလား.."

သူနာပြုမ​ေ့လးတွေဟာ မေးလိုက်တာပါ..။

လူအိုကြီး ပြန်ဖြေလိုက်တယ်..။

"ဟုတ်တယ်..အန်ကယ် လမ်းလျောက်ထွက်မလို့လေ.."

သူနာပြုမလေးတွေဟာ အသည်းအသန်မေးလိုက်တယ်..။

"သမီးတို့ ပါ လိုက်ခဲ့ရမလား.."

ဒါပေါ​ြ သူက မာစတာ ကို သွားတွေ့မှာ ဖြစ်တာကြောင့် ဘယ်လိုလုပ် သူ့နဲ့အတူတူ တစ်ယောက်ယောက်ကို ခေါ်နိုင်ပါ့မလဲ.. ။သူ လက်ဝေ့ယမ်းပြီး ပြောလိုက်တယ်..။

"မလိုပါဘူး..မလိုပါဘူး..။စိတ်မပူကြနဲ့..တစ်ယောက်ထဲ သွားလိုက်မယ်.."

ယင်းနောက် လူအိုကြီးဟာ ခြေလှမ်းတွေကို အမြန်းလှမ်းနေခဲ့ပြီး..သူ့ခြေထောက်တွေ ထွက်ပေါက်နားကို ရောက်ခါနီးမှာတော့..တာဝန်ခံ ဒေါက်တာ နဲ့ ပက်ပင်းတိုး သွားခဲ့ပါတယ်..။

"အန်ကယ် ချန်း..အသားအရည် အရမ်းကောင်းနေပါလား.."

တာဝန်ခံ ဒေါက်တာဟာ အပြုံးလေးနဲ့ မေးလိုက်တာပါ..။

"ဒေါက်တာ လီ..ငါ့ရဲ့ အသားအရည်က အမြဲတမ်း ကောင်းနေတာလေ.."

လူအိုကြီးဟာ ပြောလိုက်တယ်..။

"ဒေါက်တာလီ ငါအောက်ကို ခနဆင်းလိုက်ဦးမယ်..နောက်မှ တွေ့မယ်နော်.."

လူအိုကြီး ထွက်သွာပြီးတဲ့ နောကိမှာ..သူနာပြုမလေးတွေဟာ ဒေါက်တာ လီကို ရပ်တန့်လိုက်ကြပါတယ်.. ။

"ဒေါက်တာလီ ..အန်ကယ် ရဲ့ အသားအရည်က မနေ့က ကတည်းက ပြောင်းလဲနေတာ ကျွနိမတို့သတိထားမိတယ်..။ကင်ဆာက သူ့ဟာသူ ပြန်ကောင်းနေတာဖြစ်နိုင်မလား.."

ဒေါက်တာလီဟာ ဒါကို ကြားပြီး ရယ်မောလိုက်ပါတယ်..။

"ကင်ဆာက သူ့ဟာသူ ပြန်ကောင်းတယိတဲ့လား..။နင်တို့ ဘယ်က ကြားလာတာတုန်း..။ဒါက ဆေးပညာအရဆိုရင် ဘယ်လို မှ မဖြစ်နိုင်ဘူး..။ဒါပေမဲ့ ရိူးရိုးသားသား ပြောရရင် အန်ကယ် ရဲ့ အသားအရေက အရမ်းကောင်းနေတယ်..။လူနာဆောင်ကို လိုက်ခဲ့..သူ့မိသားစုနဲ့ စကားပြောကြည့်ရမယ်.."

လူနာဆောင်ထဲတွင်..။

ရုတ်တရက် အံ့ဩလွန်းလို့ ထအော်တဲ့ အသံတစ်ခုကို ကြားလိုက်ရပါတယ်..။

ဒေါက်တာလီ အံ့ဩစွာ ပြောလိုက်တယ်..။

"အန်တီ ချန်း..မနေ့ကနေစပြီး..အန်ကယ် ချန်းက အကိုက်ခဲပျောက်ဆေး မသောက်တော့ဘူးလို့ ပြောချင်တာလား.."

အဲအချိန်မှာတော့ ဒေါက်တာရဲ့ လက်ထဲမှာ သူ အန်ကယ်ချန်းကို သောက်ဖို့ ပေးထားတဲ့ အကိုက်ခဲ ပျောက်ဆေးတွေ ရှိနေခဲ့ ပါတယ်..။သို့ပေမယ့် ဒီဆေးတွေကို တစ်ယောက်ယောက်က ကိုင်ထားတဲ့ ပုံတောင် မရှိပဲ အမူအယာ မပျက်ရှိနေခဲ့ပါတယ်..

အန်တီ ချန်း ခေါင်းညိမ့်လိုက်တယ်...

"မနေ့ကစပြီး..လူအိုကြီးက..ဘာဆေးမှ မသောက်တော့ဘူး..။အန်တီ သူ့ကို တိုက်တာတောင် သူက ဘာနာကျင်မူမှ မရှိတောပဲ သက်တောင့်သက်သာ ဖြစ်နေတယ် လို့ပြောတယ်.."

"ဘယ်လိုဖြစ်နိုင်မှာလဲ.."

ဒေါက်တာလီဟာ နားလည်နိုင်တော့ပေ..။ကင်ဆာ ရောဂါ နောက်ဆုံးအဆင့်တွေ ဆိုတာက..မခံမရပ်နိုင်တဲ့ နာကျင်မူမျိုးကို ခံစားကြရမှာပါ .။တစ်ခါ နာကျင်လာပြီဆိုရင် တောင်ခံဖို့ ဆိုတာ မဖြစ်နိုင်လောက်အောင် ပါပဲ..။ဒါပေမဲ့ အခုတော့ အန်ကယ်ချန်းက အကိုက်ခဲ ပျောက်ဆေး မသောက်တော့ဘူး ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အရာပါ..။

သူနာပြုမလေးဟာ ဖြတ်ပြောလိုက်တယ်..။

"ဒေါက်တာ လီ..ညီမတို့လည်း အန်ကယ်ချန်းရဲ့ အသားအရည်ပြောင်းလဲမူကို သတိထားမိတယ်. .။ပြီးတော့..သူကရုတ်တရက်ကြီး ပြောင်းလဲလာတာ.။ထပ်ပြောရရင်..သူ အပြင်ကို ခနခန ထွက်နေတယ်နော်..။ဒါက ပြသနာ ရှိနေတယ် လို့ထင်လား.."

ဒေါက်တာလီ ညွှန်ကြားလိုက်တယ်..။

"အောက်ကိုဆင်းပြီး အန်ကယ်ချန်းကို ရှာ..။ပြီးရင် ဘာတွေဖြစ်နေတာလဲ မေးကြည့်ဦး.."

"အခုသွားလိုက်ပါ့မယ်.."

…

နေရာဟောင်းတွင်..။

"မာစတာ..ဒီလူအိုကြီးတော့ နားမလည်နိုင်တော့ဘူး..။ဘာလို့ ကျွန်တော်ကို ကူညီတာလဲ.."

လူအိူကြီး ချန်း မေးလိုက်တာပါ..။

လင်းဖန် ပြုံးပြီး ပြန်ဖြေလိုက်တယ်..။

"ဒါက ကံတရားပဲ..ကျွန်တော် တစ်ခြား ဆေးရုံတွေသွားးပြီး လူနာတွေကို ကုသပေးရမလား မေးပေမယ့်..သူတို့က ကျွန်တော်ကို မယုံကြည်ကြဘူး.."

လူအိုကြီး ချန်း ခေါင်းညိမ့်လိုက်တယ်..။

"ဒါအမှန်ပဲ..ဒီနေ့ခေတ် ဒေါက်တာ အများစုက ဆေးရုံကြီးတွေကလေ..။မာစတာ လိုလူမျိုးတွေကို အယုံအကြည်ရှိကြမှာ မဟုတ်ဘူး..။ကျွန်တော်လည်း..လိမ်နေတယ်ဆိုရင်တောင် သေရမှာထက်စာရင် ကြိုးစား ကြည့်ချင်လို့ လာခဲ့တာ.."

ဒီလူအိုကြီးနဲ့နေရတာက တကယ်စိတ်ချမ်းသာဖို့ ကောင်းပါတယ်..။လင်းဖန် ရယ်​ေမာပြီး မေးလိုက်တယ်..

"ခင်ဗျားရဲ့ပြောင်းလဲမူတွေကို တစ်ယောက်ယောက်သတိထားမိသေးလား.."

လူအိုကြီးချန်း..ပြောပြဖို့ မစောင့်နိုင်တော့ပေ..။

"အင်း..သူနာပြုတွေ အကုန်လံူး ကျွန်တော် ပြောင်းလဲသွားတာ သတိထားမိကြတယ်..။သူတို့က..ကျွန်တော်ရဲ့ အသားအရည်က ပြောင်းလဲသွားတယ် လို့ပြောကြတယ်.."

လင်းဖန် ငွေအပ်တွေကို လူအိုကြီး ခန္တာကိုယ်ကနေ ဖယ်ပြီး ပြောလိုက်တယ်..။

"ကောင်းပြီ ..အလုပ်ပြီးသွားပြီ ဆိုတော့..ကျွန်တော် ပြောတာကိုလည်း မှတ်ထားပါ..။ကျွန်တော်ပေးထားတဲ့ ဆေးကို နေ့တိုင်း တစ်နေ့ တစိထုတ်သောက်ဖို့ လိုအပ်တယ်.။ပြီးရင်တော့..အာဟာရ ရှိတာတွေကိုစား..မကြာခင် အပြည့်အဝ ပြန်ကောင်းလာလိမ့််မယ်..။ပြီးတော့ ကျွန်တော် ကုသခဲ့တာကိုလည်း ဘယ်သူ့ကိုမှ မပြောနဲ့နော်.."

လူအိုကြီးချန်း ခေါင်းညိမ့်လိုက်တယ်..။

"စိတ်မပူပါနဲ့..တကယ်လို့ မာစတာ မပြောစေချင်ရင် မပြောဖို့ ကတိပေးပါတယ်.."

"အန်ကယ်..နင် အန်ကယ်ကို ဘာလုပ်လိုက်တာလဲ.."

အဲ့အချိန်မှာပဲ ခပ်ဝေးဝေးကနေ အသံတစ်ခုကို ကြားလိုက်ရပါတယ်..။

လင်းဖန် အရိပ်ကို မြင်ပြီး ကြောင်အသွားခဲ့ပါတယ်.။

ချီးပဲ ငါမိသွားပြီ..

ယင်းနောက် သူ ချက်ချင်း ထွက်ပြေးဖို့ လုပ်လိုက်တယ်..။

"ကျန်တာကို ခင်ဗျားနဲ့ ထားခဲ့တော့မယ်..ကျွန်တော် သွားပြီ..။ကံမကုန်သေးရင်တော့ ပြန်ဆုံကြတာပေါ့.,"

"မာစတာ ..မာစတာလေး.."

လူအိုကြိးဟာ အသံကုနိဟစ်ပြီး အော်လိုက်ပါတယ်..။

လင်းဖန်ကတော့ လက်ဝေ့မယိးပြပြီး ပျောက်ကွယ်သွားခဲ့ပါပြီ..။

သူနာပြုမလေးဟာ..လူအိုကြီး ဆီကို အမြန်လာပြီး တွဲကာ မေးလိုက်တယ်.။

"အန်ကယ် သူအန်ကယ်ကို ဘာလုပ်သွားသေးလဲ.."

"အာ.."

လူအိုကြီးဟာ..အကြိမ်အနည်းငယ် မျက်တောင် ပုတ်ခတ် ပုတ်ခတ်လုပ်လိုက်တယ်..။ယင်းနောက် သူဘာမှ မမှတ်မိတဲ့ ပုံစံနဲ့ ပြောလိုက်ပါတယ်..။

"မသိဘူးလေ.."

All Chapters