← Chapters

အကုန်လုံး အံ့ဩတုန်လှုပ်သွားကြပြီ..

Vol. 24 Ch. 356

အကုန်လုံး အံ့ဩတုန်လှုပ်သွားကြပြီ..

Vol. 24 Ch. 356

ဘာသာပြန် = စနိုးဝှိုက်

အကောင်းဆုံးက ငါ အမြန်ဆုံး ထွက်ပြေးဖို့ပဲ မဟုတ်ရင် ဆရာဝန်တွေက ငါ့ကို ဝိုင်းပြီး တိုက်ခိုက်ကြလိမ့်မယ်..။ဆေးရုံက ထွက်ပြီးတဲ့ နောက်မှာ လင်းဖန် ရထားဘူတာ ရုံကို တန်းသွားလိုက်ပါတယ်..။သူ ထပ်ပြီးကြာကြာ မနေရဲတော့ပါဘူး..။မဟုတ်ရင် တစ်ခုခု ကတော့ ဖြစ်တော့မှာပါ..။

သူထပ်ပြီးသွားဖို့ မြို့လေးမြို့ကျန် ရှိနေပါသေးတယ်..။နောက်ထပ် ဘယ်မြို့ကို ထပ်သွားသင့်လဲ...။သူ အရင်က မတွေးဖူးပေမယ့် လည်း ဆုံးဖြတ်ချက် ချပြီးသွားပါပြီ..။

နန်ချင် ကို သွားရမယ်...

ဒီမြို့က သိပ်မဝေးတဲ့ အတွက်ကြောင့် ရထားနဲ့ ဆိုရင် ခနလေး ရောက်နိုင်မှာပါ.. ။ဒီတစ်ခေါက် ကုသမူအပြီး မှာတော့ စွယ်စုံကျမ်းရဲ့..အဓိက အသိပညာ..အခန်းက ဘယ်လောက်တောင် အစွမ်းထက်လဲ ဆိုတာကို သူသိလိုက်ပါပြီ..။

အဲ့အချိနိမှာတော့..ဆုကျိုး ဆေးရုံမှာ အန်ကယ်ချန်းဟာ..လူအုပ်စုတစ်ခုရဲ့ ဝန်းရံခြင်းကို ခံနေရပါတယ်..။

ဒေါက်တာ လီဟာ အရမ်းသိချင်နေခဲ့တယိ..။

"အန်ကယ် ချန်း..သူနာပြုမလေး ပြောနေတဲ့..ကောင်လေးက ဘယ်သူလဲ.."

အန်ကယ်ချန် ခေါင်းခါယမိး လိုကိတယ်.။

"ငါ ဘယ်သူ့ကိုမှ မပြောဘူးလို့ သူ့ကို ကတိပေးထားတယိ..။ငါ့ကို မေးနေကြတာ ရပ်လိုက်ပါတော့.."

အန်ကယ်ချန်းရဲ့ မိန်းမကတော့ စိုးရိမ်နေခဲ့ပါပြီ..။

"ဒေါက်တာ..ဒီအဖိူးကြီး..ဘာဖြစ်ခဲ့တာလဲ..။သူ လှည့်စားခံခဲ့ရတာလား..။ဒါမှ မဟုတ် တစ်ခုခု ဖြစ်ခဲ့တာလား.."

ဒေါက်တာလီဟာ ..အရာရာတိုင်းကို သေချာ တွေးဆကြည့်ပြီး မှ ခေါင်းညိမ့်လိုက်တယ်..။

"ကျွန်တော်တို့ရဲ့ ယူဆချက်ကို ပြောရမယ် ဆိုရင်တော့..အန်ကယ် ချန်းက ကျိန်းသေ လှည့်စားခံခဲ့ရတာ..။ဒီနေ့ခေတ် ဆေးရုံတွေမှာက လူလိမ် တွေ အများကြီး ရှိနေပြီလေ..သူတို့က လူနာရဲ့ အားနည်းချက်ကို အသုံးပြုပြီး လှည့်စား ဝင်ငွေ ရှာကြတာ.."

"အာ.."

မိနိးမဟာ..ကြောင်အသွားခဲ့တယိ..။

"လူအိုကြီး အဆင်ပြေရဲ့လား..။အဲ့လူလိမ်က ဘာလုပ်သွားသေးလဲ..။တစိနေရာရာက မကောင်းသလို ခံစားနေရတာ ရှိလား.."

အန်ကယ် ချန်း လက်မခံနိုင်တော့ပဲ ပြောလိုက်တယ်..။

"မာစတာက ဘာလို့ ငါ့ကိုလှည့်စား ရမှာလဲ..။သူက ငါ့ရောဂါကို ကုသပေးသွားခဲ့တာ..။ငါ အခုအချိန်ထိ သူ့ရဲ့ ကျွမ်းကျင်မူတွေကို အံ့ဩနေမိတုန်း.."

သူနာပြုမ​ေ့လးတွေကတော့ သူ့ကို ဆက်တိုက် သတိပေးနေခဲ့ပါတယ်..။

"အန်ကယ် ချန်း..ဒေါက်တာကို ယုံကြည်မှရမယ်လေ..။အပြင်က လူလိမ်တွေကို ယုံကြည်လို့ မရဘူး။သမီးတို့ အမှိုက်တောငိးထဲက တစ်ခါသုံး..ငွေအပ်တွေလည်း တွေ့သေးတယ်..ဒါက ဘယ်လောက်မှ တန်ကြေးမရှိဘူး.."

အန်ကယ် ချန်း လက်ကို ဝေ့ယမ်းလိုက်တယ်..။

"မေးနေတာ တော်လိုက်တော့..ငါဘာမှ ပြောမှာ မဟုတ်ဘူး..။ပြီးတော့ သူငါ့ကို မလှည့်စားခဲ့ဘူး..ငါ့မိန်းမ စိတ်ပူမနေနဲ့တော့..။သူက လူလိမ်တစ်ယောက် မဟုတ်ဘူး..။ငါ့ရဲ့ ခန္တာကိုယ် ဘယ်လောက် လန်းဆန်းနေလဲ ကြည့်ပါလား.။ဘာပြသနာ မှ မရှိတော့ဘူး.."

…

"ဒေါက်တာ လီ.. ဒိီကို ခနလာပါဦး.."

အဲ့အချိန်မှာပဲ လုပ်ဖော်ကိုင်ဘက် တစ်ယောက်ရဲ့ အသံဟာ တံခါး အပြင်ဘက်ကနေ ထွက်လာခဲ့တယိ..။

ဒေါက်တာလီဟာ..ခေါင်းညိမ့်ပြီး..သူနာပြုမလေးတွေကို အန်ကယ်နဲ့ စကားဆကိပြောခိုင်းကာ..အပြင်ထွက်သွားခဲ့ပါတယ်..။

"ဘာဖြစ်လို့လဲ.."

အပြင်ဘက်မှာ ရပ်နေတဲ့..ဒေါက်တာဟာ..ဒေါက်တာလီကို အံ့ဩနေတဲ့ မျက်နှာနဲ့ ကြည့်လိုက်တယ်..။ပြီးမှ..သူ စာရွက်ကိုထုတ်ပေးလိုက်ပါတယ်..။

"ဒါက ငါတို့ စမ်းသပ်ချက်ရဲ့ ရလာဒ်ပဲ..။လူနာရဲ့ ကိုယ်ထဲမှာ ရှိနေတဲ့ ကင်ဆာ ဆဲလ်တွေက..လျော့ကျလာနေပြီ..။သူ့ခန္တာကိုယ်ထဲက နေမကောင်းမူတွေလည်း မရှိတော့ပဲ..မှန်ကန်တဲ့ လမ်းကြောင်း အတိုင်းရွေ့လျားနေတယ် လို့ပြောရမယ်.။ဒါက ဘယ်လို ဖြစ်တာလဲ..။သူက ကင်ဆာ နောက်ဆုံးအဆင့်ကို ခံစားနေရတာလေ..။အခြေခံအားဖြင့်တော့ ဘယ်လို မှ ပြန်ကောင်းလာစရာ အကြောင်း မရှိဘူး.."

"ဘာ.."

ဒေါက်တာလီ မယုံကြည်နိုင်ဖြစ်သွားခဲ့တယိ..။

"မင်းမှားပြီးများ ကြည့်လာတာ လား.."

"မဟုတ်ဘူး..ငါတို့ ဘာအမှားမှ မရှိဘူး..။ငါ ဒါကို လက်ခံတုန်းက အသေးစိတ်စစ်ဆေးခဲ့တယ်..လူလည်း မမှားသလို စက်ချွတ်ယွင်းမူတွေလည်း မရှိဘူး.."

ဒေါက်တာလီဟာ ဒါကို မယုံကြည်ရဲတော့ပေ..။ဘ

ယ်လိုဖြစ်နိုင်မှာလဲ..။ယင်းနောကိ သူ တံခါးကနေ တဆင့် အန်ကယ်ချန်းကို ကြည့်လိုက်ပါတယိ..။

"ကောင်းပြီ ဒီကိစ္စကို မပြန့်နှံ့စေနဲ့ ဦး..။ဒါပေမဲ့ ငါရှင်းလင်းအောင် အရင်လူပ်ရဦးမယ်.."

"ရပ်လိုက်ကြပါတော့..ငါဘာမှပြောမှာ မဟုတ်ဘူး

သူ့ကို ကတိပေးထာပြီးပြီ..

အန်ကယ် ချန်း..ပြောလိုက်တာပါ..။

ဒေါက်တာလီ အသက်ကို ပြင်းပြင်းရူပြီး ပြောလိုက်တယ်..။

"အန်ကယ်ချန်း..သူ့ကို ..ကတိပေးခဲ့ပြီ ဆိုမှတော့

လျှိုဝှက်ချက်အနေနဲ့ ထာားသင့်ပါတယ်..။ဒါပေမဲ့ အန်ကယ်ချန်း ကိုယ့်ခန္တာကိုယ် အခြေအနေ ကို သိသင့်တယိလေ..။အခု စမ်းသပ်ချက်က အဖြေထွက်လာပြီ..အန်ကယ်ချန်းရဲ့ ကျန်းမာရေးက အများကြီး ပိုကောင်းလာနေတယ်..။ကင်ဆာဆဲတွေက သေဆုံးနေပြီ..ဒါပေမဲ့ ကျွန်တော်တို့လည်း သေချာမသိသေးဘူး.."

အန်ကယ်ချန်း ပြုံးပြီး ပြောလိုက်တယ်..။

"ငါ ဒီလိုဖြစ်မယ် ဆိုတာ သိထားတယိလေ..။ငါ့ ခန္တာကိုယ် အကြောင်းကို ငါကောင်းကောင်း သိပါတယ်..။အခု ငါ အပြည့်အဝ မကောင်းသေးတာက ညွှန်ကြားချက်အတိုင်း လူပ်စရာ လေးတွေကျန်နေသးလို့ပဲ.."

"အမှန်ပဲ.."

ဒေါက်တာလီ နားလည်သွားခဲ့ပါပြှီ..။တစ်စုံတစ်ယောက်က ကင်ဆာကို ကုသနိုင်လိမ့်မယ်လို့ သူမယုံကြည်ပါဘူး..။သို့ပေမယ့် မယုံကြည်တာက ရွေးချယ်စရာ တစ်ခုမဟုတ်ပေ..။ အမှန်တရားက သူ့ရှေ့မှာ ငုတ်တုတ်ကြီး ရှိနေခဲ့ပါပြီ..။

"အန်ကယ်ချန်း..သူက ဘယ်လိုလူလဲ ပြောပြလို့ ရမလား.."

အန်ကယ်ချန်း ခေါင်းခါယမ်းလိုက်တယ်..။

"ငါ မင်းကို မပြောချင်တာ မဟုတ်ဘူး..ပြောလို့ မရလို့ပါ..။ငါက ယုံကြည်မူကို ဘဝတစ်လျောက်လုံးတန်ဖိုးထားတဲ့ လူတစ်ယောက်ပဲ..။ငါ အခုပြောလိုက်ရင်..မာစတာလေးကို.. အနာဂတ်မှာ မျက်နှာချင်းဆို်နိုင်ပါဦးမလား.."

သူနာပြုမလေးတွေဟာ ဝင်ပြောလာခဲ့တယ်..။

"အန်ကယ် ပြောပြလိုက်ပါ..။ဒါက အရေးကြီးတဲ့ ကိစ္စတစ်ခုပဲလေ..။မြငိတဲ့အတိုင်းပဲ ဒီဆေးရုံမှာ နာကျင်မူကို ခံစားနေရတဲ့ ဝေသနာရှင်တွေက အများကြီးပဲ..။တကယ်လို့ သမီးတို့ မာစတာလေးကို တွေ့ပြီး အကုန်လုံးကို ကူညီပေးနိုင်ရင် ဒါမကောင်းဘူးလား.."

"ဒါက.."

အန်ကယ်ချန်း တွေဝေသွားခဲ့တယ်..။ဒီမေးခွန်းက တကယ်ရင်ထဲ ထိလွန်းတာပါ..။

သူနာပြုမလေးဟာ ဆက်ပြောလိုက်တယ်..။

"အန်ကယ်စဥ်းစားကြည့်ပါဦး..တကယ်လို့ သူ့ကို ဆေးပညာလောကထဲ ဆွဲခေါ်နိုင်ရင် များပြားလှတဲ့ ကင်ဆာဝေဒနာ သည်တွေ အတွက် သတင်းကောင်းဖြစ်သွားမှာနော်.."

သူတို့ အန်ကယ်ချန်းကို ဆယ်မိနစ်ကျော်လောက် ဆက်တိုက် ဖျောင်းဖြနေခဲ့ပါတယ် ။

အန်ကယ်ချန်း နောက်ဆုံးတော့ ပါးစပ်ဟ လာခဲ့တယ်..။

"အင်း...ကောင်းပြီ..ငါမင်းကို ပြောမယ်..။ငါလည်း သူ့ကို မသိဘူး..။ငါ သူ့ရဲ့ နာမည်ကိုတောငိ မသိဘူး..။အရင်နေ့တုန်းက ငါသူနဲ့..​ပျော်ပျော်ရွှင်ရွှင် စကားပြောနေတုနး်..သူက..ငါသူ့ကို ယုံကြည်လာ ဆိုပြီး..သူကုသ ပေးတာကို..လက်ခံနိုင်လား..လက်မခံပဲနေမလား ဆိုပြီး ရွေးချယ်ခိုင်းခဲ့တယ်.။ငါက ကိုယ့် အခြေအနေကို သိပြီးသားလေ..။ဒီကိစ္စက ငါ့ အတွက် ဘာမှ မထူးတော့ဘူး.။ပြီးခဲ့တဲ့ နှစ်ရက်က..သူငါ့ကို အပ်စိုက်ကုထုံး လုပ်ပေးပြီး..သောက်ဖို့ ဆေးလည်း ပေးတယ်..။ဒါကြောင့် ငါ့ရဲ့ ခန္တာကိုယ် ပိုကောင်းလာတာပဲ.."

လူနာဆောင်မှာတော့.ဒေါက်တာရော..သူနာပြုတွေရော..တိတ်ဆိတ်နေခဲ့ပါတယ်..။သူတို့အကုန်လံူး ဒါက မယုံကြည်နိုင်ဖို့ ကောင်းတယ် ဆိုတာ ခံစားမိကြပါတယ်..။

ဒေါက်တာလီ အံ့ဩစွာ ပြောလိုက်တယ်..။

"ဒါက တရုတ်ရိုးရာ ကုထုံး ဖြစ်နိုင်မလား.."

သူ စာလေ့လာတဲ့ အရွယ်တုန်းက ဆိုရင်..သူ တရုတ်ဆေးပညာကိုလည်း လေ့လာခဲ့ဘူးပါတယ်..။သူ တရုတ်ဆေးပညာရဲ့ သီအိုရီ တွေကိုလည်း..လက်ခံပေမယ့် သင်ယူဖို့အတွက်အရမ်းခက်ခဲလွန်းတာကြောင့် အနောက်တိုင်း ဆေးပညာဘက်ကို လိုက်စားခဲ့တာပါ..။

အများစုက ခန္တာကိုယ်ကို ကုသပေးတာပါ..။သို့ပေမယ့်လူအမျာစုက..အဓိက ရောဂါကြီးတွေ ဖြစ်ရင်..တရုတ်ဆေးပညာနဲ့ မကုသချင်ကြပါဘူး..။လူနာက အရမ်းဆင်းရဲလွန်းမှသာ..ဖြည်းဖြည်းချင်းပျောက်တဲ့ တရုတ်ဆေးဝါးတွေနဲ့ ကုသကြတာပါ..။

အန်ကယ်ချန်းဟာ သတိထားပြီး..သူ့အံ့ဆွဲထဲက..ဆေးထုပ်တွေကို ထုတ်ယူလိုက်တယ်...။

"ဒါက မာစတာလေး ပေးသွားတဲ့ ဆေးဝါးတွေလေ..။သူက ဒါကုန်တဲ့ အထိငါ့ကို နေ့တိုင်းသောက်ဖို့ ပြောတယ်..။ဒါအကုန်သောက်ပြီးသွားရင် ငါ့့ရဲ့ ရောဂါလည်း လုံးဝ ပျောက်သွားလိမ့်မယ်တဲ့..။မင်းတို့ ကြည့်လို့ ရတယ်..ဒါပေမဲ့ ဘယ်ကိုမှ ယူသွားလို့မရဘူး..။တစ်ကယ်လို့ ဆေးတစ်ခွက်စာ လျောသြားမယ် ဆိုရင်တောင် ငါပြသနာ တက်သွားလိမ့်မယ်.."

ဒေါက်တာလီဟာ ဆေးတွေကို ကြည့်ပြီး ကြောင်အနေခဲ့တယ်..။သူ အမြန်ပဲ အနီးကပ်ကြည့်လိုက်ပါတယ်..။ဒီဆေးတွေက တရုတ်ဆေးဝါး တွေပါ..။သူ ဒီဆေးတွေကို တစ်ခုမှ မသိတဲ့အတွက် တရုတ်တိုင်းရင်းဆေး သမားတော်ကြီး တွေကို ကြည့်ခိုင်းမှ ရမှာပါ..

"အန်ကယ် ချန်း စိတ်မပူပါနဲ့..။ကျွန်တော် တစ်ယောက်ယောက်ကို ခေါ်လာခဲ့မယ်..။ဒီဆေးဝါးတွေကို ယူမသွားပါဘူး..။ကျွန်တော်တို့ ဒီလူနာဆောင်မှာပဲ ကြည့်မယ်လေ.."

ဒေါက်တာလီ ပြောလိုက်တာပါ..။

အန်ကယ် ချန်း ခေါင်းညိမ့်လိုက်တယ်..။

"ဒါကောင်းတယ်.."

…

ခနအကြာမှာတော့..။

လူနာဆောင် သေးသေးလေးမှာ လူတွေ အများကြီးနဲ့ ပြည့်နေခဲ့ပါတယ်..။ဆေးရုံရဲ့ ဒါရိုက်တာ တွေနဲ့..ဌာနပေါင်းများစွာ ရဲ့ တာဝန်ရှိ ဆရာဝန်တွေပါ ရောက်လာကြပါတယ်..။ဒါမှာ အသက်ကြီးကြီး တရုတ်ဆေးဆရာကြီးတွေပါ ရှိနေလို့ပါ..ဉ

"ဘာဆေးတွေ လဲ.."

တရုတ်သမားတော်ကြီးဟာ..အနည်းငယ် အနည်းငယ်ပြီး ဆေးတွေကို ထိကြည့်လိုက်တယ်..။သူ့ရဲ့ အမူအရာက လေးနက်နေပြီး အချိန်အတော်ကြာတဲ့ အထိ စကားမပြောခဲ့ပါဘူး..။

အဲ့အချိနိမှာပဲ..ဘေးနားကလူတွေဟာ နောက်တစ်ခါထပ်မေးလို်က်ကြပေမယ့် ပြန်မဖြေခဲ့ပါဘူး..။သူတို့ စိတ်ရှည်ရှည်နဲ့ ဘေးနားကနေ စောင့်နေလိုက်ကြတယ်..။

ယင်းနောက် တရုတ် သမားတော်ကြီးဟာ စကားပြောလာခဲ့ပါတယ်..။

"ကျုပ်ဒီဆေးဝါးတွေကို မှတ်မိပါတယ်.. ။ဒါပေမဲ့ ဒီ​ေနာက်ကွယ်က ဆေးညွှန်းကို တော့ မသိဘူး.."

လူတိုင်း ဆွံ့အသွားကြတယ်..။

ဒီကမ္ဘာမှာ..သတင်းတွေကို တားဆီးနိုင်တဲ့ နံရံတွေဆိုတာ မရှိပါဘူး..။ရုတ်တရက် အန််ကယ်ချန်းရဲ့ မတော်တဆမူဟာ ဆေးရုံတစ်ခုလုံး ပြန့်နှံ့သွားခဲ့တယိ..။

မရေမတွက်နိုင်တဲ့ ကင်ဆာသည်တွေဟာတော့ အံ့ဩတုန်လှုပ်နေကြပါပြီ..။သူတို့ရဲ့..မျှော်လင့်ချက် မဲ့နေတဲ့..နှလုံးသားတွေကတော့ ပြန်လည်ရှင်လာခဲ့ပါပြီ..။သူတို့ဟာ သေဖို့ အဆင်သင့်ပြင်ထားကြတဲ့ လူတွေဖြစ်ပြီး..အခုသတင်းကို ကြားတဲ့ အချိန်မှာ စိတ်လှုပ်ရှားလာခဲ့ကြတယိ..။

အန်ကယ် ချန်းရဲ့ လူနာဆောင်မှာတော့ လူများစွာနဲ့ ပြည့်နှက်နေခဲ့ပါတယ်...။

တတ်လှုပ်ရှားလာခဲ့ကြတယိ..။

တစ်ချို့တွေဟာ အံ့ဩနေကြတယ်..။

တစ်ချို့တွေကတော့ ရှော့ရနေကြပါတယ်..။

တစ်ချို့တွေဟာ.အားကျပြီး. ..မနာလိုတောငိ ဖြစ်နေကြတာပါ..။

ဒီလို နတ်ဘုရား မာစတာ နဲ့တွေ့ခွင့်ရလောက်အောင်..အန်ကယ် ချန်းရဲ့ ကံတရားက ကောင်းမွန်နေခဲ့တာပါ..။

ပြီးတော့ သတင်းထောက်တွေ ရောက်လာခဲ့ကြတယိ..။သူတို့ ဒီမတော်တဆ မူကို အနံ့ခံ ပြီးရောက်လာခဲ့ကြတာပါ.။ဒါက သူတို့ ခြေရာခံမိတဲ့ သတင်းတစ်ခုပါပဲ..။

All Chapters