နည်းနညိးလောက် တုပလိုက်မယ်
Vol. 24 Ch. 357
ဘာသာပြန် = စနိုးဝှိုက်
ရထားပေါ်တွင်..
လင်းဖန် ဆူကျိုးက နေထွက်လာခဲ့တယ် ဆိုတာက အဲဲဒီမှာ လုပ်စရာ မရှိလို့ မဟုတ်ပါဘူး..သူ အန္တရာယ် ရဲ့ အငွေ့အသက်ကို ရရှိခဲ့လို့ပါ..။သိပ်နောက်မကျခင်နောက်ဆုတ် လိုက်တာက အကောင်းဆုံးရွေးချယ်မူတစ်ခုပါပဲ..။စွယ်စုံကျမ်းရဲ့ မစ်ရှင်က မြို့ကြီး ငါးမြိူ့ကို သွားရမှာပါ..။
တကယ်လို့ သူသာ ဆူကျိုးမှာ..ဖမ်းမိသွားပြီး..ထိနိးသိမ်းခံရရင် မစ်ရှင်က ကြန့်ကြာသွားနိုင်ပါတယ်..။ဒါက အချိန်ဖြုန်းမူ တစ်ခုလိုပါပဲ..။
ရထားပေါ်မှာတော့..လူသွားလမ်း ဘေးနားမှာ..အမျိုးသမီးတစ်ဦးဟာ ကလေးတစ်ယောက်ကို ချီပြီ ထိုင် နေခဲ့ပါတယ်..။ကလေးရဲ့ အသားအရည်ကတော့ သိပ်ပြီး မကောင်းပါဘူး..။မိန်းမကြီးရဲ့ မျက်နှာကလည်း..လူမမာရုပ်ပေါက်နေပြီး ..ဝါကြန့်ကြန့် ဖြစ်နေခဲ့ပါတယ်..။သူမက တစ်ခုခုကို စိုးရိမ်နေတဲ့ ပုံပါပဲ..။
"အစ်မကြီး..."
လင်းဖန် ပြောလိုက်တယ်..။
"ခင်ဗျားရဲ့ ကလေး ပြသနာအတွက်..။ကျွန်တော်ထင်တာတော့..ခင်ဗျား.."
လင်းဖန်စကားပြောလို့ မဆုံးသေးခင်မှာပဲ..မိန်းမကြီးဟာလင်းဖန်ကို ..သတိအနေအထားနဲ့ စောင့်ကြည့်လိုက်ပြီး...ဝန်ဆောင်မူ ဝန်ထမ်းတွေကို လှမ်းခေါ်ကာ တစ်ခုခု ပြောလိုက်ပါတယ်..။
"မစ္စတာ..သက်သေခံ ကတ်ပြားလေး တစ်ချက်ပြပေးပါလား.."
လင်းဖန် စိတ်ပျက်စွာ ခေါင်းခါယမ်း လိုက်ပြီး..ကတ်ပြားကို ကမ်းပေးလိုက်တယ်..။သူ့ရဲ့ ကောင်းမွန်တဲ့ စိတ်ထားတွေက...တစ်ခြားလူတွေအတွက် သံသယဖြစ်စရာတွေ ဖြစ်နေလိမ့်
မယ်် လိူ့ သူ မထင်ထားခဲ့ပါဘူး..။
ပြီးတဲ့ နောက်မှာတော့..ခရီးလမ်းတစ်ခုလုံး သူတစ်ခွန်းမှ မပြောတော့ပေ..။
သူ နန်ချင်ကို ညဘက်ရောက် ပြီး..တည်းခိုခနိးတစ်ခုကို ရှာပြီး နေလို်က်ပါတယ်..။
ဖုန်းဝင်လာခဲ့တယ်..
လူလိမ် ထျန် : မငး်ဘယ်တော့ ပြန်လာမှာလဲ..။မြို့သားတွေက ဒီနေ့ မေးခွန်းထုတ်ချင်နေကြပြီ..။ငါတို့ သူတို့ကို မထိန်းချုပ်နိုင်ဘူး..။
လင်းဖန် : ဖြည်းဖြည်းပေါ့..ခနလောက် ထိန်းထားလိုက်ဦး..။ကျုပ် သိပ်မကြာခင်မှာ ပြန်လာမယ်..။
လူလိမ် ထျန် အော်လိုကိတယ် ။
"မြန်မြန် ပြန်လာခဲ့..မင်းမရှိတော့..မြို့သားတွေက ငါ့ကို ပဲ ပြသနာ ရှာနေကြတာ..။ငါ တစ်နေ့တစ်နေ့ ကောင်းကောင်း မနေရဘူး.."
သူတို့နှစ်ယောက်ဟာ စကားအတော်ကြာအောင်ပြောပြီး လင်းဖန်ဖုန်းချလိုက်ပါတယ်..။သူ စိတ်ထဲကကြိတ်ရယ်လိုက်တယ်..။သူမရှိတုန်း မများကြီး ဖြစ်ပျက်နေလိမ့််မယ် လို့မထင်ထားခဲ့ပါဘူး..။
နောက်တစ်ရက်..။
လင်းဖန် စားသောက်ဆိုင်တစ်ခုမှာ ဝင်စားလိုက်တယ်..။
ဆိုင်မှာရှိတဲ့ ရုပ်မြင်သံကြား..သတင်းက သူ့ရဲ့ အာရုံကို ဖမ်းစားနေခဲ့ပါတယ်..။
ရုပ်မြင်သံကြားမှာတော့..သတင်းတင်ဆက်သူဟာ ပြောနေခဲ့တယ်..။
"မနေ့က ဆူကျိူးဆေးရုံတစ်ခုရဲ့ လူနာတွေ ကြားမှာထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခုဖြစ်ပျက်ခဲ့ပါတယ်..။အကြောင်းအရာကတော့..ကင်ဆာရောဂါသည်တစ်ယောက်ဟာ..ဆန်းကျယ်တဲ့ လူတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပြီးတော့..အဲ့လူရဲ့ ကုသမူကိုပါခံယူခဲ့တာပါ..။အခုဆိုရင်..သူ့ကိုယ်ထဲမှာ ရှိတဲ့ ကင်ဆာဆဲလ် တွေက ဆပ်တိုက်လျော့ကျနေခဲ့ ပါပြီ..။ဒီကိစ္စက အရမ်းအကျိုးသက်ရောက်မူကြီးမားပြီး မရေမတွက်နိုင်တဲ့ လူတွေက..ဆန်းက်ယ်တဲ့ လူက ဘယ်လိုလူလည်း..ဆိုတာသိချင်နေကြပါတယ်..။အခုကတော့..ကျွန်တော်တို့ရဲ့ သတင်းထောက် ..အန်ကယ်ချန်းကို အင်တာဗျူးနေတာကို ရူစားကြရအောင်.."
လင်းဖန် သတင်းကို ကြည့်ရင်း အစာစားနေခဲ့တယ်..။အခြအနေကတော့..သူထင်ထားသလိုပဲ ဖြစ်လာခဲ့တာပါ..။သူဖော်ထုတ်ခံလိုက်ရပေမယ့်လည်း သူဘယ်သူမှန်း သူတိူ့ သိကြမှာ မဟုတ်ပါဘူး..။
စမ်းသပ်ချက် မပြည့်သေးခင် သူ့ကိုယ်သူ လူသိခံလိူ့ မဖြစ်ပါဘူး..။
စမ်းသပ်မူပြီးသွားရင်တော့..သူ ဆေးပညာ စာမေးပွဲကို ဖြေဖို့ ပြင်ဆင်ရမှာပါ..။သူကြားသလောက်ဆိုရင်..တရုတ်ဆေးပညာ လက်မှတ်က ရရှိဖို့ အတော်လွယ်ကူပါတယ်..။
ဘေးနားက စားသောက်သူတွေကတော့..ဆွေးနွေးနေခဲ့ကြတယ်..။
"ဒီသတင်းက အတူလား အစစ်လား..။ကင်ဆာ ရောဂါသည်တောင် ကုသနိုင်တယ် ဆိုပဲ.."
"ဘယ်သူသိမှာလဲ..ဒါပေမဲ့ ရုပ်မြင်သံကြားမှာတောင် ပါတယ်ဆိုတော့..အစစ်ဖြစ်နိုင်တယ်.."
"ဘယ်သူမှ အတိကျ မသိဘူး..။ဒါက တကယ်မယုံကြည်နိုင်စရာပဲ..။ဒါကနတ်ဘုရား အဆင့် ဆထာဝန်များ ဖြစ်နိုင်မလား.."
"ကိုယ့်ကိစ္စပဲ စိတ်ဝင်စားကြရအောင်..။ဘယ်လို ဒေါက်တာပဲဖြစ်ဖြစ်..ငါတို့နဲ့ ဆိုင်တာမှ မဟုတ်ဘူးလေ...။ငါတို့ကလူနာတွေမှ မဟုတ်ကြတာပဲ.."
ဒီသတင်း ပျံ့နှံ့တာက မယုံကြည်နိုင်စရာကောင်းလို့မဟုတ်ပဲ ..ကင်ဆာရောဂါသည် ပါဝင်နေလို့ပါ..။ပုံမှန်လူတစ်ယောက်က..ဦးနှောက်ပါနေသ၍ နည်းနည်းလောက်တွေးလိုက်တာနဲ့ မဖြစ်နိုင်မှန်း သိရမှာပါ..။
အဲ့အချိန်မှာတော့..ဆေးရုံတစ်ခုလံူးဟာ..ဆန်းကျယ်တဲ့ လူကို အတင်းစုံစမ်းနေပေမယ့်..ကင်မရာတွေ အကုန်လံူးက ဝေဝါးဝါး အရိပ်ကိုသာ ဖမ်းယူနိုငိခဲ့ကြပါတယ်..။ဒီ ပုံတွေနဲ့ လူတစ်ယောက်ကို ရှာမယ်ဆိုရင် သမုဒ္ဒရာထဲ အပ်ရှာတာထက်တောင် ပိုခကမခဲ ဦးမှာပါ..။
…
နန်ချင်၏ ဆေးရုံတစ်ခူတွင်..။
လင်းဖန် ဆေးရုံထဲမှာ လျောက်သွားနေပြီး ပစ်မှတ်ကို ရှာနေခဲ့တယ်..။သူက ကုသလို့ မရနိုင်တဲ့ ရောဂါသည်ကို ရှာနေခဲ့တာပါ..။သို့ပေမယ့် အချိန်အကြာကြီး ရှာတာတောင် သူ့ကို ယုံကြည်တဲ့ လူတစ်ယောက်မှ မတွေ့ခဲ့ပေ..။
သူ လူနာကို တွေ့ရင်တောင်..စကားစပြောတာနဲ့..လူလိမ် တစ်ယောက်လို့ထင်ပြီး..လူနာက ကြောက်ရွံ့ထွက်ပြေးသွားတာပါ..။ဒါက သူ့ကို မခံမရပ်နိုင် ဖြစ်စေပါတယ်..။
ဒီလို နတ်ဘုရား ဆန်ဆန် ဒေါက်တာ မျိူးနဲ့ ဆုံရတာက ကံတရားပါပဲ..။သူတို့ သူ့ကို မယုံကြည်ဘူဆိုရင် ဒါ..သူတို့အတွက် ရှက်စရာပါ.။ဒါက သူ့ကိုလည်း..ကူညီရာမဲ့ စေပါတယ်..။
အဲ့အချိန်မှာပဲ...သူ့ရှေ့မှာ ဆူညံသံတွေ ဆက်တိုက်ကြားလိုက်ရတယ်..။သူ အခြေအနေကို စစ်ဆေးကြည့်လိုက်တဲ့ အချိန်မှာ မိဘနှစ်ပါးက..ဆရာဝန်းတစ်ယာက်ကို..ဆွဲနေကြာတာ တွေ့လိုက်ရပါတယ်..။
"ဒေါက်တာ..ကျွန်မတို့ တောင်းပန်ပါတယ်..။ခနနေ လုပ်မယ့် ခွဲစိတ်မူကို..ကျိန်းသေ အောင်မြင်အောင် လုပ်ပေးပါ.."
ဒေါက်တာဟာ လေးလေးနက်နက် ပြန်ဖြေလိူက်တယ်..။
"ကျွန်တော် အကောင်းဆုံး ကြိုးစားမှာပါ.."
သူ ဒီစကားကို ပြောတဲ့အချိန်မှာ ယုံကြည်မူတော့ သိပ်ရှိမနေခဲ့ပါဘူး..။ဒီရောဂါမျိူးက ရှားပါးပြီး..ခွဲစိတ်ဖို့ကလည်း အရမ်းခက်ခဲလွနိးပါတယ်..။သို့ပေမယ့် အားလုံးရဲ့မျော်လင့်ချက်တွေက သူ့အပေါ်မှာ ရှိနေတဲ့ အတွက် သူသွေးကြောင်နေလို့ မရပေ..။
သူနာပြုဟာ ပြောလိုက်တယ်.။
"သတင်းထောက်များဟာ..အောက်ထပ်မှာ ရောက်နေကြပြီ..။သူတို့ကို လုံခြုံရေးတွေက တားဆီးထားရတယ်.."
ဒေါက်တာဟာ ခေါင်းညိမ့်လိုက်တယ်..။
"သေချာပိတ်ထားလိုက်..ပြီးရင် လုံခြုံရေးတွေကို ပြောလိုက်ဦး..ခွဲစိတ်မူ မပြီးခင်အထိ တစ်ယောက်မှ ဝင်မလာစေနဲ့လို့.."
သူနာပြုမလေး ခေါင်းညိမ့်လိုကိတယ်..။ဒီကိစ္စကိုမိဘတွေတင် စိတ်ပူနေကြတာ မဟုတ်ပါဘူး..သူနာပြုမလေး ဟာလည်း ကြောက်လန့်နေခဲ့ ပါတယ်..။
လငိးဖန် လူနာဆောင်ကို ကြည့်လိုက်တဲ့ အချိန်မှာ မိန်းကလေး တစ်ယာကိ ကုတင်ပေါ်မှာ လှဲလျောငိးနေတာ တွေ့လိုက်ရပါတယ်..။သူနာပြုမလေးတွေဟာ သန့်ရှင်းရေး လူပ်နေကြပြီး..ကုတင်ကို တွန်းကာ..သူမကို ..ခွဲစိတ်ခန်းကို ခေါ်သွားလိုက်ကြတယ်..။
လင်းဖန် သေချာကြည့်ပြီး မျက်မှောင်ကျုတ်လိုက်ပါတယ်..။ဒါက အပြည့်အဝဖြစ်ပေါ်နေတဲ့..Craniopharyngioma ဖြစ်နေတာပါ..။အသက်ရှင်ဖို့ အခွင့်အရေး အရမ်းနည်းပါးပြီး...ခွဲစိတ်ဖို့ကလည်း အတော်ခက်ခဲပါတယ်..။သေးငယ်တဲ့ အမှားလေး တစ်ခုကတင် သူမရဲ့ ဘဝတစ်ခုလုံးကိုယူဆေင်သွားဖို့ လုံလောက်ပါတယ်..။မိသားစုဝင်တွေဟာလည်း..ခွဲစိတ်ကုသမူ မလုပ်ပဲနဲ့ မိန်းကလေး အသက်ရှင်ဖို့ မဖြစ်နိူင်ဘူးဆိုတာ နားလညိထားပုံပါတယိ..။
"ကျေးဇူးပြုပြီး လမ်းဖယ်ပေးပါ.."
သူနာပြုမလေးတွေဟာ..ကုတင်ကိုလှည်းကို တွန်းနေခဲ့တယ်..။
အိပ်ယာပေါ်မှာတော့..မိန်းကလေးဟာ..သူမ
ဖြစ်ပျက်နေတာကို မသိတဲ့အတိုင်း အဆက်မပြတ်ပြုံးနေခဲ့ ပါတယ်..။ယင်းနောက် သူမအမေလက်ကို ဆွဲလိုက်ပြီး..
"မားမား..သမီးသေသွားရင်..အနာဂတ် ကလေးရဲ့နာမည်ကို သမီး နာမည်ပေးလို့ရမလား...။မားမား တို့ သမီးကို မေ့သွားမှာ ကြောက်တယ်.."
မိန်းကလေးရဲ့ အမေကတော့..မျက်ရည်တွေနဲ့ ပြည့်နှက်နေခဲ့ပါပြီ..။
"ပါပါး နဲ့ မာမားက သွေးသားတွေ ..ကျောက်ကပ်တွေ ထုတ်ရောင်းရမယ် ဆိုရင်တောင်..သမီးလေးကို ရအောင် ကယ်တင်ပေးမှာပါ.."
သူနာပြူမလေးတွေဟာလည်း..သူတို့ ရဲ့မျက်ရည်တွေကို သုတ်လိုက်တယ်..။သူမက တစ်ခြား..ကလေးတွေနဲ့..ကွာခြားလှပါတယ်...သူမဟာ အရာရာတိူင်းကို အကောင်းမြင်းစိတ်ရှိပြီး အမြဲတမ်း ပြုံးနေတဲ့ သူတစ်ယောက်ပါ..။သို့ပေမယ့် ဒီတစ်ခါမြင်ရတာက နောကိဆုံး အကြိမ်တောင် ဖြစ်နိုင်ပြီး..ခွဲစိတ်မူ ကျဆံူးဖို့က ၉၀ ရာခိုင်နှုန်း လောက်တောင် ရှိတာပါ..။
လင်းဖန် မိန်းကလေးကို ကြည့်လိုက်ပါတယ်..။ယင်းနောက် သူ အဝတ်လဲဖို့ ထွက်သွားတဲ့ ခွဲ့စိတ်မူ ခေါင်းဆောင် ကိုကြည့်ကာ..နောက်က ကပ်တို့းလေး လိုက်သွားခဲ့တယ်..။
ခွဲစိတ်ဆရာဝန် ခေါင်းဆောင်ဟာ..အတွေ့အကြုံ အနှစ် ၂၀ ကျော်ရှိပြီ ဖြစ်ပေမယ့်လည်း..အခုချိန်မှာ နည်းနည်း ကြောက်ရွ့ံနေမိတယ် ဆိုတာကိုတော့ ဝန်ခံရမှာပါ..။မိသားစုတွေက..အမှားမယွင်းဖြစ်လည်း ပြသနာ မရှိပါဘူးလို့ လက်မှတ်ထိုးထားပေမယ့်..ဒါက သူ့ကို အကျိုးမသက်ရောက်တော့ဖူးလို့ မဆိုလိုပါဘူး..။သူ ဒီမိန်းကလေးကို တကယ် ကယ်တင်ချင်ပါတယ်..။
အဝတ်လဲခန်းတွင်..။
ခွဲစိတ် ဆရာဝန်ခေါင်းဆောငိဟာ အဝတ်လဲနေတုန်း..တံခါးဖွင့်တဲ့ အသံကို ရုတ်တရက် ကြားလိုက်ရတယ်..။
"ငါ မကြာခင်ပြီးတော့မယ်..။ခွဲစိတ်မူ အကြိုပြင်ဆင်မူ တွေကို သေချာလုပ်ထား..ဘာပြသနာ မှ မဖြစ်စေနဲ့.."
ပြန်မဖြေခဲ့ပေ..။
ခွဲစိတ်ဆရာဝန်..ဟာ သံသယဖြစ်သွားခဲ့တယ်..။ယင်းနောကိ.သူ ခေါင်းကို လှည့်ပြီး နောက်ကိုကြည့်လိုက်တဲ့ အချိန်မှာ..သူ့အမြင်တွေ ဝေဝါးသွားပြီး သတိလစ်သွားခဲ့ပါပြီ..။
"စိတ်မကောင်းပါဘူး...နည်းနည်းတော့ နာကျင်မှာပေါ့.."
လင်းဖန် ခွဲစိတ်ဆရာဝန်ခေါင်းဆောင်ကို အောက်ကို ချလိုက်ပြီး..ဘာမှထပ်မပြောတော့ပဲ.. အက်ျီချွတ်လိုက်ပါတယ်..။ခွဲစိတ်ဆရာဝန် ခေါင်းဆောင် အစောကြီး နိူးလာမှာကို ကြောက်ပြီး..သူကြိုးနဲ့ ချည်ထားခဲ့လိုက်တယ်..။
ခွဲစိတ်ဆရာဝန်ခေါင်းဆောင်ဟာ..အောက်ခံဘောင်းဘီသာ ကျန်ပြီး..ရှက်စရာကောင်းလောက်အောင် ချည်ခံထားရတာကြောင့်..လင်းဖန် ြပန်တောင်မကြည့်ရဲတော့ပေ..။
အကန်ပြင်ဆင်ပြီးတဲ့ နောက်မှာ လင်းဖန် အဖြူရောင် မတ်စ်( mask ) ကြီးတစ်ခုကို..ကို တပ်လိုက်ပါတယ်..။တစ်ချိန်တည်းမှာပဲ..ပြသနာ တစ်စုံတစ်ရာ မဖြစ်ရအောင် တံခါးကို သော့ချထားခဲ့တယ်..။
ဒီလို ရှုပ်ထွေးပြီး ခက်ခဲတဲ့ ခွဲစိတ်မူမျိုးဆိုတာ ..ပုံမှန်အားဖြင့် သူလို လူမျိူးကပဲ လုပ်သင့်ပါတယ်..။
အကုန်အဆင်ပြေသွားပြီ ဆိုရင်တော့...ဒါ အကုန်လုံး အကျိုးရှိမဲ့ အရာတစ်ခုပါပဲ..။
..........
Craniopharyngioma ဆိုတာ
ဦးနှောက် အမှေးရောင် ရောဂါမျိုးပါပဲ..။ဒါပေမဲ့ ဒီရောဂါက ဦးနှောက်ရဲ့ အဆီကျိတ် နားမှာ ဖြစ်နေပြီး အရမ်းလည်း ရှားပါးတဲ့ ရောဂါဖြစ်ပါတယ်..။ဒီရောဂါ ဖြစ်ပြီ ဆိုရင် ဦးနှောက်ကနေတဆင့် ခန္တာကိုယ်ကို ခိုင်းစေတဲ့ အာရုံကျောတွေကို..အနှောက်အယှက်ဖြစ်မှာပါ..။အသားပိုတစ်ခုလိုဖြစ်နေပြီး ဒါကို ခွဲစိတ်ရုံကလွဲပြီး..တစ်ခြားကုသစရာ နည်းလမ်းမရှိပါဘူး..ခွဲစိတ်ရုံနဲ့ မပျောက်မှသာ ဓာတ်ရောင်ခြည် အကူအညီကို ထပ်သုံးရတာပါ..။ဦးနှောက်ရဲ့ အဆီကျိတ်နားမှာ ဖြစ်တဲ့အတွက်..ခွဲစိတ်ဖို့ အရမ်းခက်ခဲပြီး အခန့်မသင့်ရင် တစ်ခါတည်း သေသွားနိုင်ပါတယ်..။
ဒီရောဂါမျိုးက မာစတာ လင်း လို ဆရာကြီးကပဲ ယုံကြည်မူ ရှိရှိ ကုသရဲတာပါ.။😁
(မင်မင်လည်း နားလည်သလောက် ရေးပေးလိုက်တာ☺️)