ပြီးပြည့်စုံတဲ့ ခွဲစိတ်မူ တစ်ခု
Vol. 24 Ch. 358
#ဘာသာပြန် = စနိုးဝှိုက်
*ကလင် ကလင်*
ခွဲစိတ်ဆရာဝန်ခေါင်းဆောင်ရဲ့ဖုန်းဟာ မြည်လာခဲ့တယ်..။သူနာပြုမလေးရဲ့ အသံကို ဖုန်းထဲကနေ တဆင့်ကြားလိုက်ရပါတယ်..။
"ဒေါက်တာမို..ခွဲစိတ်မူ အကြိုပြင်ဆင်မူတွေ ပြီးသွားပါပြီ.."
လင်းဖန် အများကြီး ပြန်မပြောရဲပေ..။
"အင်ဟင်.."
သူနာပြုမလေးဟာ အတော် အလုပ်များနေတာ ဖြစ်ပြီး ပြန်ဖြေတဲ့ လေသံမှာ တစ်ခုခုမှားနေတာ ကို သတိမပြုမိခဲ့ပါဘူး..။ယင်းနောက်လင်းဖန် ခွဲစိတ်ခန်း အပြင်ဘက်ကို လျောက်သွားလိုက်တယ်...အတွင်းဘက်မှာတော့ လူတွေ အများကြီး ရှိနေလို့ပါ..။အထဲမှာ ခွဲစိတ်မူတွေ အများကြီး လုပ်နေကြပြီး..များပြားလှတဲ့ လူနာတွေရဲ့ မိသားစုဝင်တွေဟာ.. အပြင်မှာ စောင့်နေခဲ့ကြတယ်..။
ခွဲစိတ်ခန်းထဲ ဝင်ဖို့ ဆိုတာက..တံခါးမှာ လျို့ဝှက်နံပါတ်ရိုက်ထည့်ဖို့ လိုအပ်ပါတယ်..။လင်းဖန် ဒါကိုမြင်ပြီး ကြောင်အသွားခဲ့တယ်..။
လျိုဝှက် နံပါတ် ကဘာလဲ.....
သို့ပေမယ့်.ကံကောင်းချင်တော့ သူ့ရှေ့ကိုသူနာပြုတစ်ယောက်ဟာ ရောက်လာပြီး လျို့ဝှက်နံပါတ် ရိုက်ကာ..တံခါးပွင့်တာနဲ့ ဝင်သွားခဲ့တယ်..။လင်းဖန်လည်း တုန့်ဆိုင်း မနေပဲ လိုက်ဝင်လိုက်ပါတယ်..။
ဝင်ပေါက်နားက..ကောင်တာမှာ လင်းဖန် ဆေးဝါးအကူမိန်းကလေးကို ဖုနး်ကမ်းပေးလိုက်တယ်..။ယင်းနောက် သူနာပြုမလေး တစ်ယောက်ဟာ..အမြန်ထွက်လာခဲ့ပါတယ် .။
"ေဒါက်တာ မို..ကျွန်မတို့ ဒေါက်တာကို စောင့်နေကြတာ.."
သူနာပြုမလေးဟာ..အလျင်လိုနေပြီး လင်းဖန်ကို..အနီးကပ်မကြည့်ပါဘူး..။သူမသာ သေချာကြည့်ရင် ဒေါက်တာမို ရဲ့ မျက်လုံးတွေက အနည်းငယ် ကွာခြားနေတယ် ဆိုတာကို သိသွားမှာပါ..။
လင်းဖန် သူ့မျက်နှာကို ဘယ်သူမှ သေချာမကြည့်နိုင်အောင် ခေါင်းကို ငုံထားလိုက်တယ်..။ဒီလို မျိုးလူပ်ရတဲ့ အလုပ်က တကယ်ကို သူခိုးတစ်ယောက်လိုပါပဲ..။တကယ် ရင်ထိပ်ဖို့ ကောင်းပါတယ်..။
သူ ခွဲစိတ်ဆရာဝန် ခေါင်းဆောင်ကို..ခန မအိပ်ခိုင်းထားရင်တောင်မှပဲ..ဒီလူမှာ.ခွဲစိတ်ဖို့ ယုံကြည်မူ မရှိတာ လင်းဖန် သိထားပါတယ်..။ဒါကြောင့် တရေးတမော အိပ်နေတာက သူ့အတွက် အကောင်းဆုံး ပါပဲ..။အခြေအနေက ဒီလို ဖြစ်လာပြီ ဆိုမှတော့ သူအပြီးသတ်ရုံပဲ ရှိပါတော့တယ်..။
ဘယ်လိုဖြစ်ပြီး..ပန်းပွင့်လေးလို ငယ်ရွယ်တဲ့ မိန်းကလေး တစ်ယောက်က ဒီရောဂါကို ခံစားနေရတာလဲ...
သူ တစ်ကိုယ်လုံးကို ပိူးသတ်ဆေး ဖြန်းလိုက်ပြီး လက်အိပ်တစ်စုံကို ကောက်ဝတ်လိုက်တယ်..။အရာရာတိုင်းက အဆင်သင့် ဖြစ်နေခဲ့ပါပြီ..။
ခွဲစိတ်ခန်းထဲတွင်..။
ခွဲစိတ်မူ အကူဝန်ထမ်းတွေ အားလုံး အဆင်သင့်ဖြစ်နေပြီး..ခွဲစိတ်မူ ခေါင်းဆောင် ဆရာဝန်ရဲ့ ညွှန်ကြားမူကို စောင့်ဆိုင်းနေကြပါတယ်..။
"စမယ်.."
လင်းဖန် ညှင်သာစွာ ပြောလိုက်တာပါ..။အခုချိန်က ခွဲစိတ်မူကို စတင်မယ့် အချိန်အခါပါပဲ..။
အပြင်ဘက်တွင်..။
ကလေးမလေး ရဲ့ မိဘတွေဟာ စိုးရိမ်စွာ စောင့်ဆိုင်းနေကြပါတယ်..။သူ တို့ ဘယ်လို အဆုံးသတ်မလဲ မသိပေမယ့် သူတို့ရဲ့ သမီးလေး.လုံလုံခြုံခြုံနဲ့ ဘာပြသနာ မှ မရှိပဲ..ပြန်ထွက်လာဖို့ပဲ မျှော်လင့်နေကြတာပါ..။
သို့ပေမယ့် ခွဲစိတ်မူ မစခင်ကတည်းက..ဆေးရုံက သူတို့ကို..အဆိုးရွားဆုံး ဇာတ်လမ်းတွေကို ပြောပြပြီးသွားပါပြီ..။သူတို့ရဲ့ နှလုံးသားထဲမှာတော့ သူတို့ကလေးရဲ့ အခြေအနေက..မကောင်းပဲ..ခွဲစိတ်မူ.အောင်မြင်ဖို့ ရာခိုင်နှုန်း အရမ်းနည်းတယ် ဆိုတာကို သိထားကြပါတယ်..။
ခွဲစိတ်ခန်းထဲတွငိ..။
"သွေးဖိအား ပုံမှန်ပဲ.."
ခွဲစိတ်မူ အကူ သူနာပြုတွေဟာ..လူနာရဲ့ အခြေအနေကို..တချိန်းလုံး သတင်းပို့နေခဲ့တယ်..။
ဒါက လင်းဖန်ရဲ့ ပထမဆုံး ခွဲစိတ်မူဖြစ်တဲ့ အတွက်..မကြောက်ရွံ့ဖူးလို့ပြောရင် လိမ်ညာရာ ကျမှာပါ..။သို့ပေမယ့် ခွဲစိတ်မူရဲ့ အလယ်အရောက်မှာတော့..ဖြစ်လာသမျှ အရာတိုင်းကို သူအချိန်မှီ ပြန်ပြီး တုန့်ပြန်နိုင်တာကို သိလိုက်ရပါတယ်..။တစ်ခု လုပ်ပြီးသွားတာနဲ့ နောက်တစ်ခု ဘာဆက်လုပ်ရမလဲ ဆိုတာကို သူချက်ချင်း သိထားပါတယ်..။
ဘေးနားမှာ ရှိတဲ့ သူနာပြုမလေးတွေဟာ ကြောက်ရွံ့နေခဲ့ကြတယ်..။သူမတို့ဟာ တိတ်တဆိတ် ဆုတောင်း နေကြတာပါ..။ဒီ ခွဲစိတ်မူက အောင်မြင်မှကို ရမှာပါ ။ဒါက ပြီးပြည့်စံူစွာ ပြီးမြောက်ရပါမယ်..။တကယ်လို ခွဲစိတ်မူ ပြီးသွားရင် ဒါက ..အလုပ်ရဲ့ တစ်ဝက်ပြီးမြောက်သွားပြီလို့ ဆိုလိုတာပါပဲ..။
ပုံမှန် ဒေါက်တာတွေ ဆိုရင် ဒီလို ခွဲစိတ်မူမျိုးမှာ စိတ်လှုပ်ရှားမူတွေ ကြောက်ရွံ့မူတွေကို ပြတတ်ကြပေမယ့်..။အခုတော့ ဒီဒေါက်တာမှာ အဲလို်မျိုးတွေ လုံးဝ မမြင်ရပဲ တည်တည်ငြိမ်ငြိမ်ပဲ ရှိနေခဲ့ပါတယ်..။
ဘေးနားမှာ ရှိနေတဲ့ သူနာပြုမလေး တွေလည်း ..အံ့ဩနေခဲ့တယ်..။ဒေါက်တာ မိုရဲ့..ခွဲစိတ်မူနည်းစနစ်တွေက.အရင်အကြိမ်တွေ တုန်းကနဲ့ မတူတာ..သူမတို့ နားလည်ထားပါတယ်..။ထပ်ပြောရရင် ဒေါက်တာ မိုက အရမ်းတည်ငြိမ်နေခဲ့တာပါ..။ဒီလို ခွဲစိတ်မူမျိုး တွေ့နေတာတောင် သူတွေဝေနေတာတွေ..စိုးရိမ်နေတာတွေ မရှိပါဘူး..။
ဦးနှောက်ကို ခွဲစိတ် ရတယ် ဆိုတာက အရှုပ်ထွေးဆုံးအ ရာတစ်ခုပါပဲ..။လိုအပ်တဲ့ ကိရိယာ ပစ္စည်းတွေကလည်း ခွဲစိတ်မူတွေ ကြားထဲမှာ အများပြားဆုံးပါ..။
"အရိုးငေါ ညှပ်..."
လင်းဖန် လက်ဆန့်တန်းပြီး ရေရွတ်လိုက်တယ်.။သူနာပြုမလေးဟာ..ကိရိယာကို ချက်ချင်း ပေးလိုက်ပါတယ်.။
ခွဲစိတ်မူ စတင်ကတည်းက သူစွယ်စုံကျမ်းရဲ့ ထိန်းချုပ်မူတစ်ချို့ကို ခံစားနေရပြီး..စွယ်စုံကျမ်းက ကလေးမလေး..အဆင်ပြေအောင်နဲ့..မလိုအပ်တဲ့ မတော်တဆမူတွေ မဖြစ်အောင် ထိန်းပေးနေခဲ့ပါတယ်..။
ကလေးမလေးရဲ့ အခြေအနေကို စောင့်ကြည့်နေရတဲ့ သူနာပြုမလေးဟာ..နှလုံးခုန်မြန်နေ ခဲ့ပါပြီ..။ထူးဆန်းတယ်..ဒါက အရမ်းကို ထူးဆနး်တယ်..။ကလေးမလေးရဲ့ နှလံူးခုန်နှုန်းဟာ..ဆက်တိုက်မြင့်တက်နေပြီး..ကျသွားခြင်း လုံးဝ မရှိပါဘူး..။သူမရဲ့ သွေးဖိအားကလည်း နိမ့်လည်းမနိမ့် မြင့်လည်း မမြင့်ပေ..။ဘာတစ်ခုမှ မဖြစ်သလိုပဲ အရာရာတိုင်းက ပုံမှန် အတိုင်းဖြစ်နေခဲ့ပါတယ္...။
သူမ ခွဲစိတ်ခန်းတွေမှာ အတွေ့အကြုံတွေ အများကြီးရှိပြီး ဘယ်လိုခွဲစိတ်မူမျိုးမဆို..ပြောင်းလဲမူတွေအများကြီး ကြုံရပါတယ်..။ပြောစရာမလိုအောင်ပဲ..ဒီလို ရှုပ်ထွေးတဲ့ ခွဲစိတ်မူက ကျိန်းသေ..ပြောင်းလဲမူတွေ ဖြစ်ရမှာပါ..။
အဲအချိန် မှာပဲ ဒေါက်တာရဲ့ ချွေးတွေကို သုတ်ပေးရတဲ့ သူနာပြုမလေးဟာ..ဒေါက်တာမိုရဲ့ နှာဖူးမှာ ဘာချွေးမှ ထွက်မနေတာကို သတိပြုမိလိုက်ပါတယ်..။သို့ပေမယ့်..လိုအပ်ချက်အရ..ဒေါက်တာမိုရဲ့ ချွေးတွေဟာ ဒေါက်တာမိုရဲ့ မျက်လုံးထဲ သို့မဟုတ် လူနာရဲ့ ဒဏ်ရာထဲ မဝင်သွားစေဖို့ အတွက် သူမ ချွေးသုတ်ပေးဖို့ ့လိုအပ်ပါတယ်..။
အချိန်တွေဟာ..တစ်စက္ကန့်ပြီး တစ်စက္ကန့်..တစ်မိနစ်ပြီး တစ်မိနစ် ကုန်ဆုံးသွားကြပါပြီ..။
အချိန်ဘယ်လောက်ကြာသွားလဲ ဘယ်သူမှ မသိပါဘူး..။
အပြင်ဘက် လူနာရှင်တွေ စောင့်ကြပ်ရမယ့် နေရာမှာတော့..အစက လူတွေ အများကြီးရှိပေမယ့် တစ်ခြားလူနာရှငိတွေဟာ..သူတို့မိသားစုဝင်တွေရဲ့ ခွဲစိတ်မူ ပြီးသွားတဲ့ အတွက် ထွက်သွားကြပါပြီ..။ဒီနေရာမှာ..ကလေးမလေးရဲ့ မိဘနှစ်ပါးပဲ ကျန်ရှိပါတော့တယ်..။
နာရီ အနည်းငယ် ကြာပြီးတဲ့ နောက်မှာတော့ သူတို့ရဲ့ နှလုံးသား တွေဟာ မတည်ငြိမ် နိုငိတော့ပေ..။သူတို့ရဲ့ ရင်ထဲမှာ တစ်ခုခု တစ်ဆို့နေသလိုပါပဲ..။
အခန်းတစ်ခုထဲတွင်..။
တကယ့် ဒေါက်တာမို အစစ်အမှန်ဟာတော့..နိူးလာခဲ့ပါပြီ...။သူနိုးလာတဲ့ အချိန်မှာတော့..သူ ကြိုးနဲ့ အချည်ခံထားရပြီး..သူ့ပါးစပ်တွေမှာ သူ့ခြေအိပ်တွေ ရှိနေတာကို သတိပြုမိလိုက်ပါတယ်.။
"အာဘားဘား.."
ဒေါက်တာ မို ရုန်းနေခဲ့တယ်..။ဘာတွေဖြစ်နေမှန်း.
သူ မစဥ်းစားတတ်တော့ပါဘူး..။ငါ့ အက်ျီတွေ ဘယ်ရောက်သွားတာလဲ...။သူ့နာရီကို သူ တစ်ချက် ရှိုးလိုက်တယ်...။အချိန်တွေ အများကြီး ကျော်လွန်နေခဲ့ ပါပြီ..။အဲ့အချိန်မှာပဲ သူသတိရသွားခဲ့တယ်..။
နာရီပေါင်းများစွာက ကုန်သွားပြီ..သူ့မှာက..အရေးကြီးတဲ့ ခွဲစိတ်မူတစ်ခု လုပ်ဖို့ရှိသေးတယ်..။
"အာဘားဘား.."
ဒေါက်တာမို ဆက်ရုန်းနေခဲ့ပါတယ်..။သူ ဒီမှာ ကြိုးနဲ့ အချည်ခံထားရတာကို တွေးမိပြီး ခွဲစိတ်မူ ဘယ်သူလုပ်နေတာလဲ ဆိုတာကို သိချင်သွားခဲ့တယ်.. ။ဒီဆေးရုံမှာ ဒါမျိူး ခွဲစိတ်မူကို လူပ်နိုင်တဲ့လူ အများကြီး မရှိပါဘူး..။ပြီးတော့ အဲ့လူတွေကလည်း သူတို့ ခွဲစိတ်မယ့် သူတွေ ရှိပြီးသားပါ..။
သူဆက်တိုက် ရုန်းနေခဲ့ပြီး တံခါးကို ခေါက်ချင်နေခဲ့ ပါတယ်..။သိုပေမယ့် မတတ်တတ်ရပ်ဖို့ လုပ်တိုင်းပြန်ပြုတ်ကျသွားရစမြဲပါပဲ...
.
သူ့မျက်လုံးထဲမှာ ဝမ်းနည်းမူတွေ စိုးရိမ်မူတွေ ပေါ်လာခဲ့ပါပြီ..။သူက ခွဲစိတ်မူတွေ အများကြီးလုပ်လာတဲ့ လူတစ်ယောက်ပါ...။ရလာဒိက ဘယ်လို ပဲထွက်လာ ထွကိလာ သူခွဲစိတ်ရင် မျှော်လင့်ချက် ရှိဦးမှာ ဖြစ်ပေမယ့်လည်း...အခုတော့ သူခွဲစိတ်မူကို မလုပ်နိုင်တော့ ပါဘူး..။သူဒီလိုပဲ ကျဆုံးခဲ့ရပါပြီ..။
ဒါကို တွေးမိပြီး ..မျက်ရည်တွေ ကျလာခဲ့ပါတယ်..။
ယင်းနောက် သူတံခါးနားကို အတင်းကပ်သွားပြီး..မတ်တတ်အတင်းရပ်ကာ..ခန္တာကိုယ်နဲ့ တိုက်လိုက်တယ်..။
*ဘန်း *
ဘယ်သူမှ မလာခဲ့ပေ..။
သူ နောက်တစ်ကြိမ်ထပ်ကြိူးစား လိူက်ပါတယ်..။
*ဘန်း*
"အထဲမှာ ဘယ်သူလဲ.."
အဲအချိန်မှာပဲ အသံတစ်ခုကို ကြားလိုက်ရတယ်..။
ဒေါက်တာမို ဒီအသံကိုကြားပြီး စိတ်လှုပိရှားသွားခဲ့ပါပြီ..။
"အာဘားဘား.."
သူခြေထောက်နဲ့ တံခါးကို ဆက်တိုက်ကန်နေခဲ့တယ်..။
သိပ်မကြာခင်မှာပဲ..တစ်စုံတစ်ယောက်ဟာ တံခါးကို ဖွင့်လိုက်ပါတယ်..။
သူနာပြုမလေးဟာ..အထဲက ဆူညံသံတွေ ကြားတဲ့ အချိန်မှာ..သံသယဖြစ်သွားပြီး ဘာတွေ ဖြစ်နေလဲ မသိပါဘူး..။သို့ပေမယ့် တံခါးဖွင့့်ပြီးတဲ့ အချိနိမှာ သူမ ကြောင်အသွားခဲ့တယ်..။
"ဒေါက်တာ မို..ဘာလို့ ဒီမှာ ရောက်နေတာလဲ.."
သူနာပြုမလေးဟာ အံ့ဩသွားခဲ့ပါပြီ..။ဒေါက်တာ မိုက အမှန်တကယ်တော့ ဒီမှာရှိနေတယ် ဆိုတာ သူမ မယုံကြည်ရဲတော့ပါဘူး..။
"အာဘာဘား."
ဒေါက်တာမို ရုန်းနေခဲ့တယ်..။သူနာပြုမလေးဟာ ဒါကိုမြင်ပြိီး အလျင်အမြန်ပဲ..ပါးစပ်ထဲက..အဝတ်စကို..ထုတ်ပေးလိုက်ပါတယ်..။
ဒေါက်တာ မိုဟာ အော်လိုက်ပြီး...
"မြန်မြန် ငါ့ကို ကြိုးဖြည်ပေး..ငါ သတိလစ်အောင် အရိုက်ခံလိုက်ရတာ..။ငါ ခွဲစိတ်ခန်းကို သွားဖို့လိုတယ်.."
သူနာပြုမလေးဟာ..ကြိုးကို အလျင်အမြန်ဖြေပေးပြီး ပြောလိုက်တယ်..။
"ဒေါက်တာမို..တကယ်လို့ ရှင်ဒီမှာ..ကြိုးချည်ခံထားရတယ် ဆိုရင်..ခွဲစိတ်ခန်းထဲမှာ ခွဲစိတ်နေတဲ့ လူကရော ဘယ်သူလဲ.."
"ဘာ.."
ဒေါက်တာမိုဟာ ဒါကိုကြားတဲ့ အချိန်မှာ ကြောင်အသွားခဲ့တယိ။ယင်းနောက် သူ အလျင်အမြန်ထွက်သွားလိုက်ပြီး..
"အမြန်လိုကိလာခဲ့..အဲတာ ငါမဟုတ်ဘူး..။ငါတို့ သူ့ကို လျောက်လုပ်ခိုင်းလို့မရဘူး..ငါခွဲစိတ်ရင် အခွင့်အရေး ရှိနိုင်သေးတယ်.."
အပြင်ဘက်က ..သူနာပြုမလေးတွေနဲ့ မိသားစုဝင်တွေဟာ..တစ်စုံတစ်ယောက် အောက်ခံဘောင်းဘီနဲ့ လျောက်ပြေးနေတာကို ကြည့်ပြီး ကြောင်အသွားခဲ့ပါတယ်..။ဒေါက်တာမိုရဲ့ ကိုယ်ပေါ်မှာ ရှိသေးတဲ့ကြိုးတွေက သူကို ပိုပြီး အရှက်ရစေမှာပါ..။ထပ်ပြောရရင် အနီရောင် အောက်ခံဘောင်းဘီကြောင့် သူ့ကို ဘယ်သူမှ နှစ်ခါပြန်မကြည့်ချင်ကြပါဘူး..။
ခွဲခန်းထဲတွင်..။
လက်ဖန် အသက်ပြင်းပြင်းရူပြီး ပြုံးလိုက်တယ်..။သို့ပေမယ့်..မျက်နှာဖုံးအောက်မှာရှိတဲ့ သူ့အပြုံးကို ဘယ်သူမှ မမြင်နိုင်ပါဘူး..။
အဲအချိန်မှာပဲ..လငိးဖန် လှည့်လိုက်ပြီး..စုနေတဲ့ သူနာပြုမလေးတွေကိုကြည့်လိုက်ပါတယ်..။
"ကျေးဇူးပြုပြီး ခွင့်ပြုပါ..။အားလုံးပဲ..သူမကောင်းသွားပြီ..။နောက်မှ တွေ့ကြမယ်.."
သူနာပြုမလေးတွေဟာ လင်းဖန်ကို အံ့ဩစွာကြည့်လိုက်ကြပါတယ်။ဘာတွေဖြစ်နေလဲ သူတို့ မသိကြတော့ပါဘူး..။ခွဲစိတ်မူ ပြီးပြီးချင်း ဒေါက်တာမိုက ရုတ်တရက်ကြီး ပြောလာခဲ့တာပါ..။
သူမတို့ရဲ့ အံ့ဩနေတဲ့ အကြည့်အောက်မှာပဲ..လင်းဖန်ဟာ ငွေအပ်တစ်ချိ့ကို ထုတ်ပြီး ကလေးမလေးရဲ့ ခေါင်းမှာ စိုက်လိုက်တယ်..။ဒီမြင်ကွင်းက သူနာပြုတွေကို အံ့ဩသင့်စေပေမယ့် သူမတို့ ထပြီး မအော်ဟစ်ကြပါဘူး..။
လငိးဖန် အချိန်ကျပြီ ဆိုတာ နားလည်လိုက်ပါတယ်..။သူထပ်ပြီး ကြာကြာ မနေရဲတော့ပါဘူး..။ယင်းနောက် သူ ငွေအပ်သုံးချောင်းကို နှုတ်ပြီး ပုံးတစ်ခုထဲ ထည့်လိုက်တယ်..။အကုန်အဆင်ပြေသွားပါပြီ..။
ကလေးမလေးက အသံထွကိပြီး အိပ်နေတဲ့ အတွက် ကိုမား မဖြစ်နိုင်တော့ပါဘူး..။သူမနိုးလာတာနဲ့ နေ့ရက်အသစ်တွေက သူမကို ကြိုဆိုနေတော့မှာပါ..။
ခွဲစိတ်ခန်းထဲက ထွက်တာနဲ့ လင်းဖန် သူ့လက်တွေကို CCTV တွေကနေ ကာထားလိုက်ပါတယ်..။ဒီအရာတွေ အကုန်လုံး..ရိုက်ကူးပြီးထားမှာပါ..။