လူတိုင်းကြောင်အသွားကြပြီ..
Vol. 24 Ch. 359
#ဘာသာပြန် = စနိုးဝှိုက်
ခွဲစိတ်ခန်း၏ အပြင်ဘက်တွင်..။
လူနာ ရဲ့ မိဘတွေဟာ စိတ်ပူစွာ စောင့်နေခဲ့ကြတယ်..။အဲ့အချိန်မှာပဲ သူတို့နားက တံခါးဟာ အတွင်းဘက်ကနေပြီး ပွင့်သွားခဲ့ပါတယ်..။ဆေးဝါးအကူ တစ်ယောက်ကလည်း..လင်းဖန်ကို ကြောင်အပြီး ကြည့်နေခဲ့လို့ပါ..။သူတို့ ဘာလို့ ဒေါက်တာမိုက တစ်ယောက်ထဲ ထွက်လာတာလဲ ဆိုတာကို သိချင်နေခဲ့ပါတယ်..။
ဒါက..ခွဲစိတ်မူကျဆုံး သွားလို့များ ဖြစ်နိုင်မလား...
အဲလိုတော့ မဖြစ်နိုင်ပါဘူး..ဟုတ်တယ်မလား...
အချိန်ခနလေး အတွင်းမှာတင်ပဲ ..သူတို့ ဖြစ်နိုင်ခြေတွေ အားလုံးကို တွေးပြီးနေခဲ့ပြီးပါပြီ..။
"ဒေါက်တာ ကျွန်မသမီးလေးအခြေအနေ ဘယ်လိုရှိလဲ.."
ရုတ်တရက် လူအများကြီးဟာ လင်းဖန်ကို စုဝေးလာကြတယ်..။ကလေးမလေးရဲ့ မိဘတွေကျေတာ့ မျှော်လင့်ချက်တွေနဲ့ မျက်လံူးအရောင်တောက် နေကြပါတယ်..။သူတို့ ဒေါက်တာ ဆီက သတငိးကောင်းကို စောင့်မျှော်နေကြတာပါ..။အခွင့်အရေးက သိပ်မရှိဘူးဆိုတာကို သူတို့ သိပေမယ့်လည်း..သူတို့ သတင်းကောင်းကိုပဲ မျှော်လင့်မိကြပါတယ်..။
အဲ့အချိန်မှာတော့ ..လင်းဖန် ဟာ မတ်စ် (mask ) ကိုလုံးဝ မချွတ်ပါဘူး..။ဆူကျိုးမှာတုန်းက သတိမမူမိလို့..တစ်ခါ ဖြစ်သွားခဲ့တာပါ..။ဘယ်သူမှ မမှတ်မိတာတောင် သူကံကောင်းနေပြီလို့ ပြောလို့ရပါတယ်..။ဒီတစ်ကြိမ်ကတော့.သူ ဂရုစိုက်ပြီး လုပ်ဆောင်နေခဲ့ပါပြီ..။
လင်းဖန် ဒါတွေတွေးနေတုန်းမှာပဲ..ကလေးမလေးရဲ့ မိဘတွေ ကတော့ မျက်လံူးတွေ မဲနက်ပြီး ဝမ်းနည်းမူတွေ အဖြစ်ပြောင်းသွားခဲ့ပါပြီ..။ဒေါက်တာက စကားမပြာဖူးဆိုတာ..ဒါ ခွဲစိတ်မူကျဆုံးတယ် လို့ ဆိုလိုတာပါပဲ...။
ရုတ်တရက် လူနာစောင့်နေတဲ့ နေရာတစ်ခုလုံး..မြေကြီးတောင် တုန်လှုပ်စေနိုင်တဲ့ အသံတွေ ထွက်ပေါ်လာခဲ့တယ်..။ကလေးမလေးရဲ့..မိဘတွေဟာ မြေကြီးပေါ်မှာ တစ်ယောက်ကို တစ်ယောက်ဖက်ပြီး ငိုနေကြတာပါ..။
"အိုး ..ငါ့ရဲ့ သမီးလေးရယ်.."
"ခင်ဗျားတို့ ဘာလို့ ငိုနေတာလဲ..။ခွဲစိတ်မူက အကြီးကြီးအောင်မြင်တယ်..။သူမက အေးဆေးပဲ..။သူမကို သေချာပြုစုပေးရင် အခုချိန်ကစပြီး..အကောင်းအတိုင်း ပြန်ဖြစ်တော့မှာ.."
လင်းဖန် အသိစိတ်ဝင်လာပြီး ပြောလိုက်တာပါ..။
"အာ..."
အဲအချိန်မှာကဲ..အကုန်လံူး ကြောင်အသွားခဲ့ကြတယ်..။ကလေးမလေးရဲ့ မိဘတွေကတော့ လင်းဖန်ကို မယုံကြည်နိုင်စွာ ကြည့်နေကြလို့ပါ..။
ရုတ်တရက်..။
"အဲတာ သူပဲ.."
အောက်ခံ ဘောင်းဘီ အနီရောင်လေးကို သာ ဝတ်ဆင်ထားတဲ့ ဒေါက်တာ မိုဟာ..လုံခြုံရေးတွေ..သူနာပြုတွေ..တစ်ခြားလူတွေကို ဦးဆောငိပြီးတော့..ဓာတ်လှေကားနဲ့ စက်လှေကားတွေကနေ ရောက်လာခဲ့ကြပါတယ်.။သူတို့ ထွက်ပေါက်တွေ အကုန်လုံးကို ပိတ်ထားလိုက်ကြတယ်..။
"ချီးပဲ..ဒီငနဲက ဘာလို့ ရောက်လာတာလဲ.."
လင်းဖန် ကြောင်အနေခဲ့တယ်..။ဒီငနဲက အတော်ကို ဒေါသကြီးတာပါ .။တကယ်လို့ ဒီငနဲလာတဲ့ အချိန်က..သူခွဲစိတ်နေတုန်း ဆိုရင် တကယ့် ပြသနာ ပါပဲ..။ဒီလူက သူ့ကို..ဆက်ပြီး ခွဲစိတ်ခိုင်းတဲ့အထိ သဘောထားကြီးမှာတော့ မဟုတ်လောက်ပါဘူး.။
အခု အရာရာတိုင်းက အဆင်ပြေပြီး..ခွဲစိတ်မူလည်း ပြီးပြီ ဆိုတော့..ပြသနာ မရှိတော့ပေ..။အဓိကက သူဒီနေရာကနေ လွတိမြောက်ဖို့ပါပဲ..။
ကလေးမေလးရဲ့ ဆွေးမျိုးတွေနဲ့ မိဘတွေလည်းအံ့ဩနေခဲ့ကြတယ်..။သူတို့..ကိုယ်တုံးလုံးနဲ့ ဒေါက်တာမိုကို တစ်ချက်ကြည့်လိုက် ဝတ်စုံပြည့်ဝတ်ပြီး မတ်တပ်ထားတဲ့ ဒေါက်တာမိုကို တစ်ချက်ကြည့်လိုက် လုပ်နေခဲ့ကြပါတယ်...။
စောက်ကျိူးနဲ ဘာတွေဖြစ်နေတာလဲ...
လင်းဖန် ပြုံးပြီး လက်ဝေ့ယမး်လိုက်တယ်..။
"အားလုံးကို နှုတ်ဆက်ပါတယ် .။ခင်ဗျားရဲ့ သမီးက ကျုပ်လို နတ်ဘုရားဆန်တဲ့ ဒေါက်တာ မျိုးနဲ့ တွေ့တာ ကံကြမ္မာကြောင့်လို့ ပြောရမှာပဲ..။ကျုပ်ကို ကျေးဇူးတင်ဖို့ မလိုသလို..ရှာဖို့လည်း မလိုပါဘူး.."
သူ့ရဲ့ ပြေးခုန်ပစ် စကေး နဲ့ ဆိုရင်..ပြေးတာ ခုန်တာလောက်က သူ့အတွက် ပြသနာ လုံးဝမရှိပေ..။သူဒေါက်တာ မို တို့ မရောက်လာခင်မှာ အလျင်အမြန်ပဲ ..အောက်တစ်ထပ်ကို ခုန်ချလိုက်ပါတယ်..။
ဒေါက်တာမို အစစ်ဟာ အော်လိုက်တယ်..။
"မြန်မြန် အောက်ကို ဆင်းပြီး သူ့ကို လိုက်ဖမ်း..။
ယင်းနောက် သူနာပြုမလေးတွေကို ညွှန်ပြလိုက်ပြီး..
"နင်တို့က..လူနာအခြေအနေကို စစ်ဆေးဖို့ ခွဲခန်းထဲကို ငါနဲ့ လိုက်ခဲ့ကြ.."
နောက်ဆုံးတော့..ကလေးမလေးရဲ့ မိဘတွေဟာ နားလည်သွားခဲ့ကြတယ်..။ခွဲစိတ်ခဲ့တဲ့ ဒေါက်တာမိုက ဒေါက်တာမို မဟုတ်ပဲ..ဒေါက်တာမို အစစ်က ကိုယ်တုံးလုံးနဲ့ ရှိနေခဲ့တာပါ..။သူတို့ ဒါကို သိပြီး မျက်နှာတွေ ဖြူဖျော့သွားခဲ့တယ်..။
"ဘုရားရေ..ငါ့သမီးလေး.."
လင်းဖန် ဒုတိယ ထပ်က ခုန်ချပြီး မြေညီထပ် ကြမ်းပြင်ပေါ်ကို ခြေချပြီးတဲ့ နောက်မှာ..အေခြအနေကို တစ်ချက်ကြည့်လိုက်ပြီး ဘယ်သူမှ မရှိတာသေချာမှ..ခွဲစိတ်တဲ့ဝတ်စုံတွေကို ချွတ်ပြီး..အမှိုက်ပုံးထဲ ပစ်လိုက်ပါတယ်..။
.
ဒီဆေးရုံက တကယ်မဆိုးပါဘူး..။ခွဲစိတ်ခန်းက ဒုတိယထပ်မှာ ဆိုတော့ သူအေးဆေး ခုန်ချလိုက်လို့ ရပါတယ် ..။
"အဲ့ငနဲ ဘယ်ရောက်သွားလဲ.."
"ငါလည််း မျက်ခြေပြတ်သွားတယ်.။နေ့ရာတိုင်းလိုက်ရှာ အဲ့ခွေးသားလေးကို တွေ့မှရမယ်.."
"သူက ဒီလို ချစ်စရာ ကလေးမလေး အပေါ်မှာတောင် အကွက်တွေ ရွှေ့ရဲသေးတယ်.."
"သူက အသက်နဲ့ရင်းပြီး ဆော့ကစားချငိနေတာပဲ.."
…
.
အောက်ထပ်မှာ..လုံခြုံရေးတွေ.တားဆီးမူခံနေရတတဲ့ သတငိးထောက်တွေဟာ ဒီကိစ္စကို သိသွားခဲ့ကြတယ်...။
"ဘာ တစ်စုံတစ်ယောက်က ဒေါက်တာမို အယောင်ဆောင်ပြီး ကလေးမလေးကိုဝင်ခွဲစိတ်တယ်..ဟုတ်လား..။ဘယ်လို ဟာသမျိုးလဲ.."
"သူတို့ ခွဲခန်းမဝင်ခင် ဒေါက်တာကို မစစ်ဆေးဘူးလား.."
"ဒါက ဒီဆေးရုံရဲ့ အားနည်းချက်ကြီးပဲ.။တကယ်လို့ ကလေးမလေး တစ်ခုခုဖြစ်မယ် ဆိုရင် ငါတို့ ဒီဆေးရုံကို လွယ်လွယ် လွှတ်မပေးဘူး..။ဘယ်လို ကိစ္စပဲရှိရှိ ဖော်ထုတ်ရမယ်.."
"ငါထင်တာတော့ ကလေးမလေး အသက်ရှင်ဖို့ အခွင့်အရေးက ..နဂိုကတည်းက အရမ်းနည်းတယ်..။အခု တစ်စုံတစ်ယောက်က ဆရာဝန်ကို ရိုက်ပြီး ဝင်ခွဲစိတ်တယ် ဆိုတော့..သူမဘယ်လို အသက်ရှင်နိုင်တော့မလဲ..။သူမ အတော်ခံစားရမှာပဲ.."
…
ခွဲစိတ်ခန်းတွင်..။
"အာဘားဘား.."
လင်းဖန် ကြိုးနဲ့ တုတ်ထားခဲ့တဲ့ သူနာပြုမလေးတွေဟာ ရုန်းကန်နေကြတယ်..။သူမတို့ အစောကတော့.ဒီလို အခြေအနေမျိုးနဲ့ ကြုံရလို့ ကြောက်လန့်ခဲ့ကြပေမဲ့ ကလေးမလေး အဆင်ပြေနေတာတွေ့ပြီး..အံ့ဩနေကြပါပြီ..။ဘာတွေဖြစ်နေတာလဲ သူတို့နားမလည်ကြပါဘူး..။
ဒီလူက ဘယ်သူလဲ..သူက ဘာလို့ ဒေါက်တာမို ပုံစံ ဟန်ဆောင်တာလဲ...။သူ့မှာ ဒီလိုစွမ်းရညိတွေ ရှိတာတောင် ဘာလို့ ဖမ်းခံရမှာ ကြောက်နေတာလဲ..။
ပြီးတော့ ငွေအပ်သုံးအပ် ကရော ဘာလို့ စိုက်သွားတာလဲ..။သူ ကလေးမလေးရဲ့ ခေါင်းကို စိုက်တော့ဘာမှဖြစ်မသွားဘူးလား..။
တကယ်တော့ ဒါက သူမကို ကူညီတဲ့ ပုံစံ ပေါ်နေခဲ့တာပါ..။
ကိုယ်တုံးလုံး ဒေါက်တာမိုဟာ ခွဲစိတ်ခန်းထဲက အခြေအနေတွေကို ကြည့်ပြီး ကြောင်အသွားခဲ့တယ်..။သူဟာ ရပ်မြဲအတိုင်းရပ်နေပြီး တုန်လှုပ်နေခဲ့ပါတယ်..။
"ခွဲစိတ်မူ မလုပ်ခင် စောင့်ကြည့် စစ်ဆေးတဲ့ ဝန်ထမ်းတွေက ဘယ်ရောက်နေတာလဲ..။သူတို့ သေနေတာလား..။ဒီလောက် ဖြစ်ပျက်နေတာတွေ အများကြီး ရှိတာတောင် သတင်းပို့မူမှ တက်မလားဘူး.."
.
သူ ဒေါသတကြီး ပြောဆိုပြီးနောက်မှာ..လူနာ ကုတင်ကို အမြန်သွားလိုက်ပြီး ကလေးမလေး အခြေအနေကို စစ်ဆေးလိုက်တယ်..။တစ်ခြား ဆေးဝါးအကူတွေနဲ့ သူနာပြုမလေးတွေဟာ သူ့ကို ကူညီနေခဲ့ပါတယ် ။
စောင့်ကြည့်စစ်ဆေးတဲ့ အဖွဲ့ကလွဲပြီး ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရပါဘူး..။ဒီမှာက ဆေးပြသနာ မတော်တဆမူတွေကို သက်သေပြနိုင်အောင် ကင်မရာတွေလည်း တပ်ထားပါတယ်..။ဘာပဲဖြစ်ဖြစ် ခွဲစိတ်မူက အရမ််းကို ကြာမြင့်ပြီး လူနာကိုပဲ အာရုံစိုက်ရတာကြောင့်..ဒီဒေါက်တာက ဒေါက်တာမိုမဟုတ်တာ ကို သတိထားမိဖို့ မလွယ်ကူကြပေ..။
ဒေါက်တာ မို ဟာ..ကလေးမလေး ရဲ့ အခြေအနေကို စစ်ဆေးနေခဲ့တယ်..။ဘေးနားမှာတော့ ကလေးမလေးရဲ့ မိဘတွေကို ငိုကြွေးနေလို့ပါ.။သူ့တို့သမီးလေးကျမှ ဒီလို အဖြစ်အပျက်တွေ လာဖြစ်လိမ့်မယ် လို့ မထင်ထားကြပါဘူး..။
သူနာပြုမလေးတွေကို ကြိုးဖြေပေးပြီး ပါးစပ်ထဲက ခြေအိပ်တွေလည်း..ထုတ်ပေးပြီးပါပြီ..။သူတို့ စကားပြောလို့ ရရချင်း အော်ပြောလိုက်တယ်..။
"ကလေးမလေး အဆင်ပြေတယ်..။သူမက ကျန်းမာပြီးတော့ ဘာပြသနာ မှမရှိဘူး..။အမှန်အတိုင်းဆိုခွဲစိတ်မူက ပြီးပြည့်စုံစွာ အောင်မြင်တယ် လို့ပြောရမယ်..။ဒေါက်တာ မို အယောင်ဆောငိတဲ့ လူက အရမ်းကျွမ်းကျင်လွန်းတယ်..။သူ ဘာလို့ ထွက်ပြေးသွားတာလဲ မသိပေမယ့်..သူ့ရဲ့ ကျွမ်းကျင်မူတွေက လေးစား စရာပဲ..။အားလုံးပဲ စိတ်ပူစရာမလိုဘူး..။ကလေးမလေးက အိပ်ပျော်နေတာ..။ကျွန်မတို့ ကြောင်အနေတုန်း ရှိသေးတယ်..သူက ကျွန်မတို့ကို..မေ့အောင်လုပ်ပြီး ကြိုးနဲ့ ချည်သွားတာပဲ.."
"အာ.."
အဲ့အချိန်မှာ ပဲ စိုးရိမ်နေတဲ့ လူတွေ အကုန်လုံးဟာ ကြောင်အသွားခဲ့ကြတယ်..။ဘယ်လိုဖြစ်နိုင်မှာလဲ..။ဒေါက်တာ မို အယောင်ဆောင်တဲ့ လူက ကလေးမလေးကို ကယ်တင်ချင်လို့ လုပ်တာလား..။ပြီးတော့ သူ့ရဲ့ ကျွမ်းကျင်မူတွေကလည်း ထိပ်တန်းပဲလား..။ခွဲစိတ်မူ အောင်မြင်သွားတယ်ပေါ့..။
ခွဲစိတ်ခန်းထဲက လူတိုင်း စကားမပြောတော့ ပဲကြောင်အနေကြပါပြီ..။