← Chapters

စာအုပ်ကြိီး အတိုင်းပဲ...

Vol. 24 Ch. 360

စာအုပ်ကြိီး အတိုင်းပဲ...

Vol. 24 Ch. 360

#ဘာသာပြန် = စနိုးဝှိုက်

လင်းဖန် အတော်ကို ပျော်ရွှင်နေခဲ့တယ်..။ဆေးရုံထွက်ပေါက် သူ့ရှေ့မှာပဲ ရှိနေခဲ့တာပါ..။သူတတ်နိုင်သမျှ အမြန်ဆုံး..ဒီနေက ထွက်သွားချင်နေခဲ့ပါပြီ..။ခွဲစိတ်မူက အတော်ကို အောင်မြင်ပြီး..သူကိုယ်တိုင်လည်း စိတ်ကောင်းဝင်နေခဲ့ပါတယ်..။ဘာပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်ကို ကူညီတယ် ဆိုတာက ကောင်းတဲ့ အရာပါ..။

"ဟင်..တစ်ခုခု မှားနေပြီ.."

ယင်းနောက်..လင်ဖန် လမ်းလျောကိနေရာကန ရပ်လိုက်တယ်..။ဆေးရုံရဲ့..လုံခြုံရေးတွေဟာ..ထွက်ပေါ်က အားလုံးကို ပိတ်ထားပြီး..ကားအဝင်အထွက်တွေကိုပါ သေချာ စစ်ဆေးနေခဲ့တာပါ..။

သူတို့လည်း..တစ်စုံတစ်ယောက်က..ဒေါက်တာ ပုံစံဟန်ဆောင်ပြီး..ခွဲစိတ်ခန်းကို..ဝင်သွားခဲ့တာကို..သတင်းရရှိပြီးပါပြီ..။ဒါက လေးနက်တဲ့..အရာတစ်ခု ဖြစ်တာကြောင့် ..သူတို့ မပေါ့ဆရဲကြပါဘူး..။

လင်းဖန် မတ်တပ်ထားရင်း..ဆေးရုံကနေ ဘယ်လိုထွက်သွားရမလဲ ဆိုတာကို စဥ်းစားနေခဲ့တယိ..။သူ တွေးနေတုန်းမှာပဲ..လုံခြုံရေး အရာရှိဟာ..လင်းဖန်ကို လက်ညိုးထိုးပြီး လှမ်းပြောလိုက်ပါတယ်..။

"မတ်တတ်ထားတဲ့ တစ်ယောက် ..အဲ့မှာ ခနရပ်နေဦး.."

"ချီးပဲ..သူငါ့ကို မိသွားပြီ..။မဖြစ်နိုင်တာ..သူတို့ ငါ့ကို အရင်က..မတွေ့ဖူးဘူးမလား..။သူတို့ ဘယ်လိုသိမှာလဲ.."

လင်းဖန် ဘေးနားကို ကြည့်လိုက်တဲ့ အချိန်မှာ..ဘယ်သူမှ mask မတပ် ထားကြတာ တွေ့လိုက်ရပါတယ်..။သူတစ်ယောက်ထဲ mask တပ်ထားပြီး ထင်ရှားနေခဲ့တာပါ..။

လုံခြုံရေးဟာ..စကားပြောစက်ကနေ..ပြောလိုက်တယ်..။

"တောင်ဘက်ခြမ်းဂိတ်မှာ...mask တပ်ထားတဲ့ တစ်ယောက်ရှိတယ်.."

"အဲ့မှာ ရပ်နေလိုက်.."

လင်းဖန် ချက်ချင်း ပြေးထွက်သွားခဲ့ တယ်..။သူ ​ရှေ့ကနေ ပြေးနေပြီး..လုံခြုံရေးတွေ အုပ်လိုက်ကြီးဟာ နောက်က ချက်ချင်း ပြေးလိုက်လာကြပါတယ်..။

"ရပ်လိုက် ရပ်လိုက်.."

လင်းဖန် လွတ်မြောက်ဖို့..လမ်းတစ်ခုကို ရှာနေခဲ့ပါတယ်..။ဘေးနားက..နံရံတွေဟာ သိပ်ပြီး..မမြင့်တဲ့ အတွက် သိပ်ပြီး..သူ ခုန်ကျော်လို့ ရနိုင်မှာပါ.။

သတင်းထောက်တွေကတော့...အခြေအနေကို ကြည့်ပြီး..ဆွေးနွေးနေခဲ့ကြပါတယ်..။သူတို့ နောက်ဆုံး ရလာဒ်ကို စောင့်နေကြတာပါ..။ယင်းနောက် သူတို့..

အသံတွေကို ကြားလိုက်ပြီး..လှည့်ကြည့်လိုက်ကြပါတယ်..။

လုံခြုံရေးတွေ အများကြီးဟာ..လူတစ်ယောက်ကို နောက်ကနေ အများကြီး ပြေးလိုက်နေခဲ့ကြပါတယ်..။

"ရပ်လိုက်..အဲဒီမှာ ရပ်နေလိုက်.."

သတင်းထောက်တွေဟာ..စတင်ပြီး ဆွေးနွေးနေခဲ့ကြတယ်..။

"ဒီလူကို ဘာဖြစ်လို့ လိုက်ဖမ်းနေတာလဲ.."

"ငါလည်း မသိဘူး.။ဘာလို့ လုံခြုံရေး အရာရှိတွေက လိုက်နေကြတာလဲ..။ဒါပေမဲ့ ဒီငနဲက ပြေးတာ စောက်ရမ်းမြန်နေတယ်နော်.."

ယင်းနောက် တစ်စုံတစ်ယောက်ဟာ..အော်လိုကိတယ်..။

"ဆရာဝန် ပုံစံ ဟန်ဆောင်ပြီး..ဝင်ခွဲစိတ်သွားတဲ့ လူက..အရေးပေါ်အပေါက်ကနေထွက်ပြေး သွားတယ်..။သူက mask လည်း တပ်ထားတယ်..။တကယ်လို့ သူ့တို့ တစ်ယောက်ယောက် တွေ့ရင် ကူညီပြီး ဖမ်းပေးထားကြပါ.."

"ချီးပဲ..mask တပ်ထားတဲ့ လူဆိုပါလား..။အဲတာ သူပဲ.."

သတင်းထောက်ဟာ..ဒေါသထွက်သွားခဲ့တယ်..။

"ဒေါက်တာ ပုံစံဟန်ဆောင်ပြီး..ကလေးမလေးကို သတ်သွားတာ ဒီကောင်လား..။ငါတို့သူ့ကို..ဖမ်းပြီး ရိုက်နှက် ရမယ်.."

"မအိမ်လုံး..မင်း ပြေးစမ်း.."

"ချီးပဲ..ဒီငနဲက ပြေးတာ စောက်ရမ်း မြန်တာပဲ..။ဒီကောင့်မှာ..ခြေလေးချောင်း များ ပါနေတာလား.."

လင်းဖန်ကတော့ သူ့ဘဝသူ ကျိန်ဆဲနေခဲ့ ပါတယ်..။

ဒီလူတွေက ဘာလုပ်နေကြတာလဲ...။သူ ဒီလူတွေကို ဘယ်တုန်းကမှ..မပြစ်မှားခဲ့ ပါဘူး..။

""ဒီလူတွေက ဘာလို့ ငါ့နောက် လိုက်နေကြတာလဲ.."

တစ်ချို့ သတင်းထောက်တွေဟာ..လင်းဖန် နောက်ကို ကင်မရာကြီး.တွေထမ်းပြီး လိုက်နေကြကာ ..တစ်ချို့ သတင်းထောက်တွေကတော့ ကင်မရာကြီးတွေ ထားခဲ့ပြီး အသည်းအသနိ လိုက်နေခဲ့ကြပါတယ်..။

"ဒီ mask က ငါ့ကို ဒုက္ခတွေ ပေးနေတာပဲ.."

လင်းဖန် ကျိန်ဆဲနေခဲ့တယ်..။ယင်းနောက် သူ နံရံပေါ်ကနေတဆင့် အပြင်ကို ချက်ချင်း ခုန်ကျော်တက်လိုက်ပါတယ်..။

"ချီးပဲ..ဒီ ငနဲကဘာလို့ အမြန်ပြေးနေတာလဲ.."

"လိုက်ခုန်ရအောင်.."

"သူ့ကို လက်လွှတ်ခံလို့ မရဘူး..ဘယ်လိုပဲ ဖြစ်ဖြစ် ရအောင်ဖမ်းရမယ်.."

"ငါတို့ သူ့ကို ဘယ်လို ဖမ်းကြမလဲ..။သူပြေးတာက စောက်ရမ်းမြန်တယ်နော်.."

…

အပြင်ဘက်..။

လင်းဖန် အမောတကော ဖြစ်နေခဲ့ကြပါတယ်.။ဒါက ဟာသတစ်ခု လိုပါပဲ..။သူသာ..အပြေးမမြန်ခဲ့ဘူးဆိုရင်..အဖမ်းခံပြီး သေတဲ့အထိရိုက်နှက်ခံရမှာပါ..။ဒါကတွေးတာ နဲ့တင် ကြောက်စရာပါပဲ..။

တကယ်လို့..ဒီပြသနာကို ကောင်းကောင်းဖြေရှင်း ပြီးရင်တောင်..သူ အရိုက်ခံရတယ် ဆိုတဲ့ ကိစ္စကို ပြောင်းလဲ နိုင်မှာ မဟုတ်ပါဘူး..။သို့ပေမယ့်..သူက ကိုယ်ခံပညာ တတ်နေတဲ့ အတွက် အရိုက်ခံရတဲ့ လူတွေက..ပြေးလိုက်လာတဲ့ လူတွေဖြစ်ကောင်းဖြစ်နိုင်မှာပါ ..။ဘာပဲဖြစ်ဖြစ် ရိုက်နှက်မူက ရှောင်လွှဲလို့ မရပါဘူး..။

ဘာပဲဖြစ်ဖြစ် အခုတော့ သူလည်း လုံခြုံသွားခဲ့ပါပြီ..။

သို့ပေမယ့်..ဒီမှာ လှည့်စားမူတွေ ရှိနိုင်တဲ့ အတွက် သူဂရုစိုက်မှ ရမှာပါ..။သူ ချက်ချင်းပဲ လမ်းကြားလေးတွေကို လျောကိဝင်သွားခဲ့တယိ..။နန်ချင်က သူဆက်နေသင့်တဲ့ နေရာတစ်ခုဖြစ်ပုံ မရတော့ပါဘူး..။

ဒါက သူ့ရဲ့ ဒုတိယမြို့ဖြစ်ပြီး..သူထပ်မနေချင်တာ မဟုတ်ပဲ..ရွေးချယ်စရာမရှိပဲ ထွက်သွားရတော့မှာပါ .။

တတိယ မြို့အတွက်ကတော့ သူဘာမှ မတွေးရသေးပါဘူး..။သူ ရထားဘူတာတစ်ခုကို အရင်သွားပြီး ဟိုရောက်မှအေးအေးဆေးဆေး စဥ်စားရတော့မှာပါ ...။

ဆေးရုံတွင်..။

ဒါရိုက်တာဟာ..အိမ်မှာနေပြီး..အပြင်သွားဖို့..ပြင်ဆင်နေခဲ့တယ်..။ရုတ်တရက်..ဆေးရုံကနေ ဖုန်းဝင်လာခဲ့ပြီး..တစ်စုံတစ်ယောက်ဟာ..ဒေါက်တာ အယောင်ဆောင်ပြီး ဝင်ခွဲစိတ်တဲ့ အကြောင်း..ပြောလာခဲ့တယ်..။သူ အံ့ဩသွားပြီး..ဆေးရုံကို အလျင်အမြန်ပဲ ပြေးထွက်သွားခဲ့ပါတယ် ..။

ဒါက သတင်းကြီး တစ်ခုဖြစ်ပြီး..တကယ် တစ်ခုခုဖြစ်ပျက်သွားခဲ့ရင် သူအကုန် တာဝန်ယူရမှာပါ..။သူအလုပ်တောင် ဆုံးရှုံးရနိုင်ပါတယ်..။

သူဆေးရုံကို ရောက်တဲ့ အချိနိမှာ ဘယ်သူမှ မသေတာကို သိလိုက်ရတဲ့ အတွက်..စိတ်သက်သာရာရ သွားခဲ့တယ်..။

တစ်စုံတစ်ယောက်က.. ဒေါက်တာအယောင်ဆောင်ပြီး..ကလေးမလေးကို ခွဲစိတ်တယ် ဆိုတော့ သူတကယ် အံ့ဩမိပါတယ်..။ခွဲစိတ်မူက အောင်မြင်ပြီး ကလေးမလေး အသက်ရှင်တယ် ဆိုတာ ကြားရတဲ့ အချိနိမှာ ကြောင်အသွားခဲ့ပါပြီ

ရဲတွေ လည်း ရောက်လာခဲ့တယ်.။

ဒီပြသနာက တရားမဝင် ကိစ္စတစ်ခုပါ. ။အစိုးရကလည်း ပါဝင်ပြီး စုံစမ်းဖို့ လိုအပ်ပါတယ်..။အရင်တုန်းက ဆေးရုံကြီးတွေမှာ ဒေါက်တာ ပုံစံ ဟန်ဆောင်ကြပေမယ့်လည်း ..ဘယ်သူမှတော့ ခွဲစိတ်ခန်းထဲအထိ ဝင်ပြီး မခွဲစိတ်ကြပါဘူး..။ဒါကြောင့် ရဲတွေကပါ..စုံစမ်းစစ်ဆေးဖို့ ရောက်လာကြတာပါ..။

အစည်းအဝေးခန်းတွင်..။

"စစ်ဆေးရေးမှူး..ယန်..ဒါက ဒေါက်တာ မိုပါ.."

ဒါရိုက်တာ မိတ်ဆက်ပေးလိုက်တယ်..။

စစ်ဆေးရေးမှူးယန်..ဟာ သက်လတ်ပိုင်း အရွယ်ရှိပြီး အတော် အတွေ့အကြုံရှိတဲ့ လူတစ်ယောက်ပါ..။

"ဒေါက်တာ မို..သူ့ပုံစံကို အသေးစိတ်..ပြောလို့ရမလား.."

ဒေါက်တာမိုဟာ..ဘာမှမပြောပေ..။ဘာတွေဖြစ်ခဲ့တာလဲ သူကိုယ်တိုင်တောင် မသိပါဘူး..။

ဘေးနားမှာရှိနေတဲ့ ရဲတွေဟာ မျက်မှောင်ကျုတ်လိုက်ကြတယ်..။တရားခံက အတော်ကို အတွေ့အကြုံရှိတယ်လို့ သူတို့ခံစားလိုက်ရပါတယ်..။

သူနာပြုမလေးတွေဟာ..ဘာပြောရမှန်း မသိကြတော့ပေ.။သူတို့ဟာ.. ခွဲခန်းထဲမှာ အလုက်ကိုသာ ဂရုစိုက်ထားကြပြီး..ဒေါက်တာကို သေချာမကြည့်ခဲ့ကြပါဘူး...။

ဒေါက်တာက အတုကြီး လို့ ဘယ်သူက တွေးမိမှာလဲ..

တစ်ချို့လူတွေက တော့ ဒေါက်တာဟာ အရပ်နည်းနည်းရှည်နေတဲ့ အတွက် သံသယဖြစ်မိကြပေမယ့်လည်း..ဘယ်သူမှ ထုတ်မပြောခဲ့ကြပေ.။

တကယ်လို့..သူတို့သာ ခွဲခန်းထဲမှာ အရေးမပါတာတွေ ထပြောရင်..ဖြစ်လာတဲ့ အကျိုးဆကိတွေကို တာဝန်ယူရမှာပါ..။

ဒေါက်တာ မိုဟာ ပြောလိုက်တယ်..။

"ဒါရိုက်တာ.ကျွန်တော်တို့ ခွဲခန်းထဲက ရိုက်ကူးမူ့ကို အရင်ကြည့်သင့််တယ်ထင်တယ်နော်..။ပြီးမှာ ..တစ်ခုခုအဖြေရှာကြမယ်လေ.."

ဒါရိုက်တာ ခေါင်းညိ်မ့်လိုက်တယ်..။

"ကောင်းပြီ.."

ကျွမ်းကျင်သူတွေ အားလုံး ဒီအခန်းထဲမှာ ရှိနေပြီး ကလေးမလေးရဲ့ မိဘတွေတောင် ရှိနေခဲ့ကြပါတယ်..။သူတို့ကတော့..ဒေါက်တာ အတုကို ကျေးဇူးတွေ တင်နေကြတာပါ..။

စစ်ဆေးရေးမှူး ယန်ဟာ..သူ့ လက်အောက်ကလူတွေကို ..ဗီဒီယိုကို ပြသဖို့ ပြောလိုက်တယ်..။သူဟာ နှစ်များစွာာ အတွေ့အကြုံရှိပြီး..ထက်မျက်တဲ့ မျက်လုံးတွေ ရှိတဲ့ လူတစ်ယောက်ပါ..။

အကုန်လုံး ဗီဒီယိုကို ကြည့်ရူနေခဲ့ကြတယ်..။

"ဒီလူက..ဒေါက်တာ မို ပုံစံ ဟန်ဆောင်ထားခဲ့တဲ့ လူပဲ..။သူက အခုမှ ပေါ်လာတာ..သူနာပြုမလေးတွေက သတိမထားမိဘူး.."

ခွဲစိတ်မူဟာ လုပ်ဆောင်နေပြီး..ကျွမ်းကျင်သူတွေ အကုန်လုံး ကြောင်အနေခဲ့ပါတယ်..။

"သူက အတော်ကျွမ်းကျင်တာပဲ.."

"ဟုတ်တယ်..ကြည့်လိုက် အခက်ခဲဆုံး အပိုင်းတွေကတောင် သူ့အတွက် လွယ်ကူနေသလိုပဲ..။သူ့ရဲ့ တုန့်ပြန်မူတွေက ငါတို့ထက်ပို ..ပျော့ပျောင်းပြီး ချောမွေ့တယ်.."

"ဟင်..ဘာလို့ လူနာ အခြေအနေက..အရမ်းတည်ငြိမ်နေတာလဲ ငါမစဥ်းစားတတ်တော့ဘူး.."

ကျွမ်းကျင်ပညာရှင်တွေဟာ..အစက အရာရာကို ထောက်လှမ်းဖို့ ပြင်ဆင်ခဲ့ကြပေမယ့် ကျွမ်းကျင်မူတွေကြောင့် အံ့ဩသင့်နေကြပါပြီ..။

ဒေါက်တာ မြောင် ကြောင်အသွားခဲ့တယ်..။ဒါက အတော် အံ့ဩဖို့ ကောင်းလှတာပါ..။

ဒါရိုက်တာ..ရေရွတ်လိုက်တယ်..။

"ဂျီးနီးယပ်စ်ပဲ.."

စစ်ဆေးရေးမှုးယန်ကတော့..ဗီဒီယိုကို ကြည့်ပြီး အချက်အလက်တွေ ရေးမှတ်နေခဲ့ပါတယ်..။ကြည့်ရတာ သူ တရားခံရဲ့ ကိုယ်ခန္တာ အချိုးအစား အသွင်အပြင်တွေကို မှတ်သားနေတဲ့ အတိုင်းပါပဲ..။

ဗီဒီယို ပြီးသွားသည့် နောက်တွင်..။

ကျွမ်းကျင် ပညာရှင်တွေဟာ ရေရွတ်လိုက်ကြတယ်..။

"ဒါက..ခွဲစိတ်မူ သင်ရိုးစာအုပ် ဥပမာ တစ်ခုလိုပဲ."

"ဒါပေမဲ့ ..အပ်သုံးချောင်းက ဘာလို့ စိုက်သွားတာလဲ..။ဒါက လူနာကို..ဘာအတွက် စိုက်ပေးသွားတာလဲ.."

"လူနာကို စစ်ဆေးနေတုန်းပဲ..အဖြေထွက်လာရင်တော့ သိရမှာပါ.."

ယင်းနောက် တရုတ်သမားတော် တစ်ယောက်ဟာစိတ်လှုပ်ရှားစွာ..ထပြောလိုက်တယ်..။

"ငါသိတယ်..ဒါက တရုတ် အပ်စိုက် ကုသ မူပဲ.."

လူတိုင်း ကြောင်အသွားခဲ့ကြပါတယ် ..။

"ခင်ဗျား..သူ ဘာလို့ စိုက်သွားတာလဲ ဆိုတာကို သိနေတာလား.."

"မသိဘူးလေ..”

တရုတ်သမားတော်ဟာ..ပြန်ပြောလိုက်တာပါ..။

လူတိုင်း ပြောစရာ ကင်းမဲ့သွား ကြပါပြီ..။

"..........."

တစ်စုံတစ်ယောက်က..ဘာတွေဖြစ်နေလဲ မသိတဲ့ အရာကို ဝင်မပြောသင့်ပါဘူး..။

All Chapters