← Chapters

ဒါက မူမမှန်သလိုပဲနော်..

Vol. 25 Ch. 361

ဒါက မူမမှန်သလိုပဲနော်..

Vol. 25 Ch. 361

#ဘာသာပြန် = စနိုးဝှိုက်

အခန်းထဲမှာ ရှိနေကြတဲ့..ကျွမ်းကျင်သူတွေဟာ..ဗီဒီယိုနဲ့ ပတ်သက်ပြီး ဆွေးနွေးနေခဲ့ကြတယ်..။သူတို့ အရမ်းကို အံ့ဩသင့်နေခဲ့ ကြပါပြီ..။သူတို့ ..ဒီလူရဲ့ ကျွမ်းကျင်မူတွေကို တွေ့ခဲ့ရပြီး..တစ်ချိန်တည်းမှာ ဒီလူ ဘယ်သူလဲ ဆိုတာကို သိချင်နေကြကာ..မေးခွန်းထုတ်ချင်နေကြပါတယ်..။

မိန်းကလေးရဲ့ စမ်းသပ်ချက် အဖြေကတော့ ထွက်လာခဲ့ပါပြီ..။

.

ဒါက ဆေးရုံကြီး တစ်ခုဆိုတော့ ခေတ်မှီကိရိယာ..အစုံအလင်ရှိပါတယ်..။ပုံမှန် စမ်းသပ်ချက် အဖြေဆိုရင် တစ်ရက် နှစ်ရက် ကြာတတ်ပေမဲ့..အခုကတော့..အချိန်ခနလေးနဲ့ ပြီးဆုံးအောင် လုပ်သွားခဲ့တာပါ..။

ဒေါက်နာ မို ဟာ..အ​စီရင်ခံစာရွက်ကို ကိုင်ထားရင်း ရေရွတ်လိုက်တယ်..။

"ဘယ်လို ဖြစ်နိုင်မှာလဲ.."

"အဖြေဘယ် လိုရှိလဲ.."

ကျန်တဲ့ ကျွမ်းကျင်သူတွေဟာ ရှေ့ကို တက်လာပြီး ကြည့်လိုက်ကြတယ်..။ယင်းနောက် သူတို့ ဒေါက်တာ မိုကို ကြည့်လိုက်ကြပြီး..

"ကလေးမလေးက..ဦးနှောက် အဆီကျိတ်အနားမှာ ရောင်ယမ်းနေတာ သေချာရဲ့လား.."

ဒေါက်တာ မိုဟာ..မယုံကြည်နိုင်ပေမယ့် လည်း အဖေက သူ့ရှေ့မှာ ရှိနေတဲ့ အတွက် သူယုံကြည်ရတော့မှာပါ..။

"အင်း..သေချာတယ်.."

"ဒါက မဖြစ်နိုင်တာ.."

ကျွမ်းကျင် ပညာရှင်တွေ ကြောင်အသွားခဲ့ကြပါပြီ..။

"ဒီရောဂါမျိုးက ခွဲစိတ်ရုံနဲ့ ပျောက်နိုင်တာ မဟုတ်ဘူးလေ..။ထပ်ပြောရရင် ခွဲစိတ်မူကလညိး အရမ်းရှုပ်ထွေးတဲ့ အတွက် ဒီလို လွယ်လွယ်ကူကူပံ ထိန်းချုပ်နိုင်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး.."

"လူနာ ရဲ့ အခြေအနေအရ ဆိုရငထ..သူမက ခွဲစိတ်ပြီးရင်တောင် အချိန်အတော်ကြာအောင် ကိုမား ဖြစ်နေရမှာ..။သူမ တစ်ပတ်အတွင်း ပြန်နိုးလာရင်တောင်..ဒါကောင်းမွန်းတယ် လို့ပြောနိုင်တယ်..။အခုက သူမ ကောင်းကောင်း အိပ်နေပြီး..ခနနေ ကျရင် နိးလာတော့မယ် ထင်တယ်.."

ဒေါက်တာ မို ခေါင်းခါယမ်း လိုကိတယ်..။

"ငါလည်း မသိဘူးလေ..ဒါပေမဲ့ စမ်းသပ်ချက်အဖြေက ဒီမှာပဲ..။ငါတို့ ယုံကြည်မှရတော့မယ်.."

တရုတ် သမားတော်ဟာ..ထပ်ပြီး ရေရွတ်လိုက်တယ်..။

"ငါ ဘာလို့ ဦးခေါင်းမှာ ငွေအပ်သုံးချောင်း စိုက်သွားလဲ ဆိုတာကို သိပြီ..။မှတ်တမ်းတွေအရတော့..ဦးခေါင်းမှာ ခန္တာကိုယ်ကို ကောင်းကျိုး ဖြစ်

စေတဲ့ ဆုံမှတ်တွေ အများကြီး ရှိတယ်.."

ကျွမ်းကျင်သူတွေဟာ ..ဒါကို နားမလည်ပဲ မေးလိုက်ကြတယ်..။

"မင်း..အပ်သုံးချောင်းရဲ့..တည်နေရာတွေကို သိနေတာလား.."

တရုတ်သမားတော် ကြီးဟာ ခေါင်းခါယမ်းပြီး ပြောပါလိုက်ပါတယ်..။

"မသိဘူးလေ.."

ကျွမ်းကျင်သူ တွေဟာ သူ့ကို..သတ်ချင်တဲ့ အကြည့်တွေနဲ့ ကြည့်လိုက်ကြပါတယ်..။ဒီလူပြောတဲ့အ ရာတွေကဘာမှ အသုံးမဝင်ပါဘူး..။

ဒေါက်တာ မိုပြောလိုက်တယ်..။

"လေးစားဖို့ ကောင်းတယ်..အမှန်တရားကသာ ငါ့ရှေ့မှာ မဟုတ်ရင် ငါယုံကြည်နိုင်မှာတောင် မဟုတ်ဘူး..။အခု သူငါ့ကို ရိုက်သွားလို့..အပြစ်မတင်နိုင်တော့ဘူး..သူဘာလို့ လုပ်သွားတာကို နားလည်ပြီး ကျေးဇူးတောင် တင်မိသေးတယ်..။အစကဆို ငါသူ့ကို ယုံကြည်မှာ မဟုတ်ပဲ စောက်ရူးတစ်ယောက်လိုတောင် ဆက်ဆံမိဦးမှာ.."

မိန်းကလေးရဲ့ မိဘတွေဟာ ပြောလိုက်တယ်..။

"သူ ခွဲစိတ်ခန်းထဲကနေ အပြင်ကို ထွက်လာတော့..သူက နတ်ဘုရားလို ဒေါက်တာ မျိူးဖြစ်ပြီး သူနဲ့တွေ့ခွင့်ရတာက ကံတရားပဲတဲ့..။မင်းတော့ မင်းတို့ ရောက်လာတာနဲ့..သူက ခုန်ချသွားတာ.."

ကလေးမလေးရဲ့ မိဘတွေဟာ လင်းဖန်ကို ကျေးဇူးတင်ချင်နေကြပါတယ်..။လင်းဖန်ကြောင့် မဟုတ်ရင် သူတို့ သမီး အသက်ရှင်နိုင်မှာ မဟုတ်ပါဘူး..။

စစ်ဆေးရေးမှူး ယန်ဟာ တည်တည်ငြိမ်ငြိမ်ရှိနေပြီး ပြောလိုက်တယ်..။

"လူငယ်လေးက ..အသက် ၂၀ ကျော်လောက်ရှိပြီး..ကိုယ်ခန္တာလည်း သန်စွမ်းတယ်..။သူက အရပ် 1.78m နဲ့ အလေးချိန် 104 lb လောက် ရှိမယ်လို့ ခန့်မှန်းရတယ်..။ပိန်ပိန်ပါးပါး ပဲ.."

"ဒေါက်တာမို..ခင်ဗျားကို သူရိုက်သွားတဲ့ နေရာမှာ..ကင်မရာ ရှိလား.."

စစ်ဆေးရေးမှုး ယန်မေးလိုက်တာပါ..။

ဒေါက်တာ ​မို ခေါင်းခါယမ်း လိုက်တယ်..။

"မရှိဘူး..။အဲ့နေရာက ကင်မရာ မတပ်တဲ့ နေရာပဲ.."

ယင်းနောက် အခန်းတစ်ခုလုံး ခနငြိမ်သွားခဲ့ကြပါတယ်.။ဒါရိုက်တာ ချန်းဟာ မယုံကြည်နိုင်စွာပဲ ရုတ်တရက် ထမေးလိုက်တယ်..။

"စစ်ဆေးရေးမှုးယန်..ခွဲစိတ်သွားတဲ့ ဒေါက်တာက..အသက် ၂၀ ကျော်လို့ ပြောလိုက်တာလား.."

စစ်ဆေးရေးမှုးလီ ခေါင်းညိမ့်လိုက်တယ်..။

"အသက် ၃၀ တော့ ဘယ်လိုမှ မကျော်နိုင်ဘူး.."

ကျန်တဲ့ လူတွေဟာ..တစ်ယာက်ကု တစ်ယောက် မယုံကြည်နိုင်စွာ ကြည့်လို်က်ကြပါတယ်..။ဒါက ဟာသ ကြီး တစ်ခုလိုပါပဲ..။

အသက် ၃၀ မကျော်သေးတဲ့ ဒေါက်တာက ဘယ်လိုဖြစ်ပြီး ဒီလို ကျွမ်းကျင်မူတွေ ရှိနေရတာလဲ....

သူတို့ တစ်နိုင်ငံလံူး ပတ်ရှာရင်တောင် ဒီလို လူမျိုး မရှိတာက ကျိန်းသေ ပါတယ်..။

ယင်းနောက် ရဲအရာရှိတွေဟာ..အခန်းထဲဝင်လာခဲ့တယ်.။

"ဖွင့်လိုက်.."

လူအုပ်ကြီးဟာ ဗီဒီယိုကို သိချင်စွာ ကြည့်နေပြီး..လင်းဖန် နံရံကို ခုန်ကျော်ပြီး တက်သွားတာ မြင်တဲ့ အချိန်မှာ ကြောင်အသွားခဲ့ကြပါတယ်..။

စစ်ဆေးရေးမှုး ယန် ခေါင်းညိမ့်လိုက်တယ်..။

"လိုက်ဖက်တဲ့ အဝတ်အစားတွေ..အဖြူရောင် တီရှပ်..။သန်မာတဲ့..ကိုယ်ခံစွမ်းအား..။ ရပ်လိုက်....."

ဗီဒီယိုဟာ ရပ်တန့်သွားခဲ့တယ်..။

ဗီဒီယို မှာတော့ ..လင်းဖန် ရဲ့ ခေါင်းဟာ လှည့်နေခဲ့ ပါတယ်..။သူမ mask တပ်ထား ပေမယ့် လည်း..ခွဲစိတ်တဲ့ ဦးထုပ်တော့ မဆောင်းထားခဲ့ပါဘူး.. ။စစ်ဆေးရေးမှုး ယန်ဟာ အသွင်အပြင်ကို ရေးဆွဲလိုက်တယ်..။သူဟာ တစ်ချို့နေရာတွေကို ွက်လပ်ချန်ထားပြီး တစ်ချို့နေရာတွေမှာ..စာတစ်ခုခုရေးနေခဲ့ ပါတယ်..။

"ပြေးတာလဲ အရမ်းမြန်တယ်..ခုန်တာကလည်း အရမ်းမြင့်တယ်..ကိုယ်ခံစွမ်းအားကလည်း ထူးခြားလွန်းတယ်..."

"ကင်မရာ အားလုံးကို တစ်ခုချင်းစီကြည့်ပြီး..သူ့ပုံပါလား ဆိုတာ စစ်ဆေးကြည့် တစ်ခုမှ မလွတ်စေနဲ့.."

စစ်ဆေးရေးမှူးယန် လေးလေးနက်နက် ပြောလိုက်တာပါ..။

"ဟုတ်.."

…

ဒါရိိက်တာ ချန်း ပြောလိုက်တယ်..။

"စစ်ဆေးရေးမှုးယန် ..ဒီလူကို ရှာတွေနိုင်လား.."

စစ်ဆေးရေးမှုး လီ ခေါင်းညိမ့်လိုက်တယ်..။

"ကျုပ်တို့..ဒီလူရဲ့ mask မပါတဲ မျက်နှာ ပုံကြမ်းကို ဆွဲနိုင်ရင်..ကျိန်းသေ ရှာနိုင်လိမ့််မယ်..။သူ့အသက်က..အဓိက အချက်ဖြစ်တာကြောင့် ပြသနာ မရှိလောက်ဘူး..။ကျုပ်တို့ အချိန်နည်းနည်း ပဲလိုတယ်..။ပြီးတော့ ကျွမ်းကျင်သူတွေကို ခေါ်ပြီး သူ့ရဲ့ လက်ဗွေကို ရအောင် ယူခိုင်းရမယ်..။သူ အဖမ်းခံရမှာပါ..."

ဒါရိုက်တာ ချန်းဟာ ​​မေးလိုက်တယ်..။

"နိုင်ငံရေး ..ထောက်လှမ်းရေး စကေးတွေက အဆင့်မြင့်လာပါလား..။ အရင်ကနဲ့ အတူတော့ သလိုပဲနော်.."

စစ်ဆေးရေးမှုး ယန်ပြုံးပြီးပြောလိုက်တယ်..။

"ဒါပေါ့..ကင်မရာတွေက..အကြီးမားဆုံး အထောက်အကူပဲ..။ဘယ်ကိုမှ ပြေးလို့မရဘူး.."

ဒါရိုက်တာ ချန်း ပြောလိုက်ပါတယ်..။

"စစ်ဆေးရေးမှုးယန် ..သူ့ကို မိရင် ကျွန်တော်ကို အကြောင်းကြားပေးလို့ ရမလား.."

"ဒါပေါ့..ကျုပ်အမြင်အရတော့ ဒီလူက ဘာအမှားမှ မလုပ်ထားဘူး..။သူ ကောင်းကောင်းလုပ်ခဲ့တယ် လို့ ကျုပ်ခံစားရတယ်..။ဒါပေမဲ့ တစ်ခြားလူတွေရဲ့ အမြင်မှာတော့ ဒါက လုံခြုံရေး ချိူးဖောက်မူကြီး ပဲလေ..။ကျုပ် ဖမ်းမိတာနဲ့ အမြန်ဆုံး အကြောင်းကြားပေးပါ့မယ်.."

"ကျေးဇူး.."

ဒါရိုက်တာ ချန်း ပြုံးပြီး ပြောလိုက်နာပါ..။တကယ်လို့ သူတို့ ဒီလို ဆရာဝန်မျိုးကို အလုပ်ခန့်နိင်ရင် အတော်ကံကောင်းမှာပါ..။ဒါက လူနာတွေ အတွက်လည်း သတင်းကောင်းတစ်ခုလို ပါပဲ..။

…

အပြင်ဘက်တွင်..။

မတော်တဆ မူဖြစ်ပြီး ကတည်းက နာရီ အနည်းငယ် ရှိနေခဲ့ပါပြီ.။

သတင်းထောက်တွေဟာ အပြင်က စောင့်နေကြပေမယ့် ဘာသတင်းမှ မရရှိကြသေးပေ..။တစ်ချိန်တည်းမှာပဲ သူတို့ နောက်ဆုံးရလာဒ်ကို မသိကြသေးပါဘူး..။

"သူတို့ ထွက်လာပြီ.."

သတင်းထောက် တွေဟာ ရဲတွေ ထွက်လာတာမြင်ပြီး ပြောလိုက်ကြတယ်..။ယင်းနောက် သူတို့ရဲတွေ ဆီ စုဝေးသွားလိုက်ကြပါတယ်..။

"ရဲအရာရှိကြီးတို့..လက်ရှိ အခြေအနေလေး သိပါရစေ.."

"မိန်းကလေးရဲ့ အခြေအနေလေး ပြောလို့ရမလား..။သူမ တစ်ခုခုဖြစ်နေပြီလား.."

စစိဆေးရေးမှူးယန် လက်ဝေ့ယမ်းလိုက်တယ်..။

"အားလုံးပဲ ..ကျွန်တော် ကတော့..ဘာမှားယွင်းမူမှ မရှိဘူး လို့ပြောချင်တယ်..။အသေစိတ်ကိုတော့ ဒါရိုက်တာ ချန်းကပဲ ပြောသွားမှာပါ.။ကျုပ်တို့ စစ်ဆေးစရာတွေရှိလို့ ခွင့်ပြုပါဦး.."

သတင်းထောက် တွေဟာ..ရဲတွေကို လွှတ်ပေးလိုက်ပြီး ဒါရိုက်တာ ချန်းဆီကို ရောက်သွားခဲ့ကြပါတယ်..။

ဒါရိုက်တာ ချန်းဟာ..သူဒီ်မတော်တဆ မူကို ဖုံးကွယ်ထားလို့ မရဘူးဆိုတာ နားလည်ထားပြီးသားပါ..။

"အားလုံးပဲ..ကလေးမလေးက ကျန်းကျန်းမာမာ ရှိပါတယ်..။သူက အခု အကုန် အိုကေပါပဲ..။ကျွန်တော် ဆရာဝန် အယောင်ဆောင်သွားတဲ့ လူကို ကျေးဇူးတင်ရမှာပါ..သူက နတ်ဘုရားလို ဒေက်တာ တစ်ယောက်ပါပဲ.။ကျွန်တော် ဒီဒေါက်တာကို လစာ အမြင့်ဆုံး..အကျိူးခံစားမူ အမြင့်ဆုံးနဲ့တောင် အလုပ်ခန့်ချင်မိပါတယ်.."

အဲ့အချိ်န်မှာတော့..။

သတင်ထောက်တွေဟာ..ကြောင်အနေကြပါပြီ..။

ကြည့်ရတာ သူတို့ တွေးထားတာ တွေက မှားယွင်းနေတဲ့ ပုံပါပဲ..။

ဒါက မူမမှန်တော့ ပါဘူး..။

All Chapters