← Chapters

ဒီအခြေအနေက စောက်ကျိုးနဲ ပဲ ...

Vol. 25 Ch. 362

ဒီအခြေအနေက စောက်ကျိုးနဲ ပဲ ...

Vol. 25 Ch. 362

#ဘာသာပြန် = စနိုးဝိှုက်

သတင်းထောက်တွေဟာ တစ်ယောက်နဲ့ တစ်ယောက်ကြည့်ပြီး ကြောင်အနေခဲ့ပါတယိ..။

ခွဲစိတ်မူက အောင်မြင်သွား တာလား...။သူတို့က ဒေါက်တာ အတုကိုတောင်..အလုပ်ခန့်ချင်နေတယ် ဆိုပါလား..။

ချီးပဲ...

သူတို့ပြောချင်တာက..ဒီလူက..ခွဲစိတ်ရာမှာ အရမ်းကျွမ်းကျင်ပြီး ကလေးမလေးကို ကယ်တင်ပေးသွားခဲ့တယ်ပေါ့..။သူတို့ရှေ့မှာ ရှိနေတဲ့ လူက..နန်ချင်ရဲ့ အကြီးဆုံး ဆေးရုံကြီးတွေထဲက တစ်ခုရဲ့ ဒါရိုက်တာ တစ်ယောက်ပါ..။သူ့မှာလည်း..လုံလောက်တဲ့ ဂုဏ်သတင်း ရှိပါတယ်..။အခု သူက လူတိုင်းရဲ့ ရှေ့မှာ ပြောနေတယ် ဆိုကတည်းက ဒါက အမှန်တရား ပဲဖြစ်ရမှာပါ..။

သတင်းထောက် တွေဟာ ိအခြေအနေကို ဒီအတိုင်း လွှတ်မပေး လိုက်ချင်ကြပေ..။သူတိူ့ အများကြီး မေးခွန်းတွေ မေးချင်ပေမယ့် ..ဒါရိုက်တာ ချန်းက တစ်ချို့ အ ရာတွေကို ဖုံးကွယ်ထားခဲ့ ပါတယ်..။

ဗီဒီယို ဖိုင်ကလည်း..ဒေါက်တာ တွေ အတွက် အဖိုးတန် ရတနာ တစ်ခုလိုပါပဲ..။သူတို့ ဒီကနေ အများကြီး သင်ယူကြရမှာပါ..။သူတို့ သေချာ ဂရုတစိုက်ပြန်ကြည့်ပြီး..အရေးပါတဲ့ အချက်အလကိတွေ ရနိုင်သေးလား ဆိုတာ သိချင်ပါသေးတယ်..။

ရဲဌာနတွင်..။

စစ်ဆေးရေးမှူးယန် နဲ့ သူ့လူတွေဟာ အချက်အလက်တွေနဲ့ အတူ ပြန်လာခဲ့ကြတယ်..။ယင်းနောက် လှပတဲ့ ရဲမေ အရာရှိလေးတစ်ယောက်ဟာ.. ရောက်လာခဲ့ ပါတယ်..။

"စစ်ဆေးရေးမှုးယန်..နန်ချင် ဆေးရုံတစ်ခုကိုသွားတယ် လို့ကြားတယ်..။ကလေးမလေး အခြေအနေ ဘယ်လိုရှိလဲ..။ခွဲစိတ်တာ အောင်မြင်ရဲ့လား.."

စစ်ဆေးရေးမှူးယန်ဟာ သူမကို ကြည့်ပြီး ပြုံးလိုက်တယ်..။

"ဒါက အောင်မြင်တယ်..။ခွဲစိတ်မူက အကုန် အဆင်ပြေပြီး ..သူမလည်း ပြန်ကောင်းလာနေပြီ.."

မိန်ူကလေး အရာရှိဟာ ..ပြန်ပြောလိုက်တယ်..။

"စစ်ဆေးရေးမှုးယန် နောက်နေတာလား..။ခွဲစိတ်တာ အောင်မြင်ရင်တောင်..ဒီလောက် အမြန်ကြီး ပြန်မကောင်းသင့်ဘူးလေ.."

စစ်​ေဆးရေးမှုး ယန် လက်ဝေ့ယမ်းလိုက်တယ်..။

"ငါ လုပ်စရာ ရှိသေးတယ်..။သူတို့ကို ပဲ မေးကြည့်လိုက်တော့..။အဲ့ထူးဆန်းတဲ့ ငနဲက ဘယ်သူ့လဲ ဆိုတာကို ငါတကယ် သိချင်မိတယ်.."

မိန်းကလေး အရာရှိဟာ. စစ်ဆေး​ေရးမှုး ယန် ပြောတာကို နာမလည်ခဲ့ ပါဘူး..။ယင်းနောက် သူမ တစ်ခြား လူပ်ဖော်ကိုင်ဖက် တွေကို သွားမေးလိုက်တယ်..။သူမ အဖြစ်အပျက် အကုန်လံူး သိသွားတဲ့ အချိန်မှာတော့ အံ့ဩသွားကြပါပြီ..။ယင်းနောက် သူမ အသိစိတ်ဝင်လာပြီး. စိတ်လှုပ်ရှားစွာ ခုန်လိုက်တယ်..။ဒီသတင်းက..သူမအတွက် အပျော်ဆုံး သတင်းတစ်ခု လိုပါပဲ..။

…

အဲ့အချိန်မှာတော့ ..လင်းဖန်က နောက်တစ်မြို့ ကိုတောင် ရောက်နေခဲ့ပါပြီ..။

ဟန်ကျိုး..

သူဒီတစ်ခါတော့ ခပ်ဝေးဝေး မြို့တစ်မြို့ကို ရွေးချယ်ခဲ့ ပါတယ်..။သူ့အတွက် လောလောဆယ် အခြေအနေက ဝေးလေ ပိုပြီး လံူခြုံလေ ပါပဲ..။နန်ချင်က လူတွေ..ဘာတွေတွေ့ရှိထားပြီး ဘာတွေ လူပ်နေကြလဲ ဆိုတာ သူမသိပေ..။လောလောဆယ်မှာ သူ အဖမ်းခံပြီး ထောင်ထဲ မသွားရဖို့ကို ပဲ တွေးတောနေခဲ့ ပါတယ်..။

သူ ဘူတာရုံက နေထွက်လာပြီးတဲ့ အချိန်မှာ တစ်ညတာ ကုန်ဆုံးဖို့ နေရာတစ်ခုကို ရှာလိုက်တယ်..။သူ အဖမ်းခံ ရမှာကို မကြောက်ပါဘူး..ဒါပေမဲ့ မစ်ရှင်လေးတော့ ပြည့်မြောက် ​ေအာင် လုပ်ချင်ပါသေးတယ်...။

နောက်တစ်ရက်..။

အင်တာနက် ပေါ်မှာ မိန်းကလေးရဲ့ အကြောင်းအရာတွေ ပျံ့နှံ့နေခဲ့ ပါတယ်..။သတင်းထောက် တွေဟာ ပို့စ်တင်ထားကြပြီး..လူတွေ အများကြီးက ဖတ်နေခဲ့ ကြပါပြီ..။သူတို့ သတင်းတွေ ဖတ်ကြပြီး..ကလေမလေးတွေ နောက်ခံမကောင်းတာကို သိကာ ငွေကြေးတွေတောင် လှူဒါန်းခဲ့ကြပါတယ်..။

"ဟားဟား..ဒါက အပျော်ဆံူး သတင်းတစ်ခုပဲ.."

"ငါကတော့ အရင်ကတည်းက ဒီကလေးမလေး အ​ေကြာင်း သတင်းတွေ ဖတ်ရပြီး ခွဲစိတ်မူ ကျဆုံး မှာကို စိတ်ပူနေတာ...အခုတော့ အဆင်ပြေသွားခဲ့ပြီ.."

"ခနလေး မင်းတို့ သတင်းခေါင်းစဥ္ရော ဖတ်ကြလား..။ကလေးမလေးကို ခွဲစိတ်သွားတာက ..ဒေါက်တာ အယောင်ဆောင်ထားတဲ့ ဆန်းကျယ်တဲ့ လူတစ်ယောက်ပဲ..။ငါသိသလောက်တော့ ဆေးရုံက အတော်ဆုံး ဒေါက်တာတောင် အောင်မြင်ဖို့ ယုံကြည်မူ မရှိဘူးတဲ့.."

"ငါလည်း ဖတ်လိုက်သေးတယ်..။ထူးဆန်းပြီး..နတ်ဘုရားဆန်တဲ့ ဒေါက်တာက လူအုပ်ကြီး ဝိုင်းလိုက်လို့ ထွက်ပြေးသွားရတယ်လေ.."

"ဗီဒီယိုက ထွက်နေပြီ..။ဒီမှာကြည့် သူပြေးတာ စောက်ရမ်း မြန်တယ်.."

"ခနလေး..ဆူကျိုးမှာလည်း ထူးဆန်းတဲ့ ဒေါက်တာ တစ်ယောက်ပေါ်လာတာကို မှတ်မိကြလား..။သူ ကင်ဆာရောဂါ သည်ကို တကယ်အောင်မြင်အောင် ကုသွားတာ.."

"ချီးပဲ နားထောင်လို့တော့ ကောင်းပါတယ်...။ဒါပေမဲ့ ငါတော့ တစ်ယောက်ထဲလို့ မထင်ဘူး...။ဆူကျိုးရဲ့ မတော်တဆမူက အတုလို့ ငါထင်တယ်.။ကင်ဆာကို ဘယ်လို ကုသနိုင်မှာလဲ.."

…

အင်တာနက်ပေါ်မှာ ..လူတွေများစွာဟာ ဆွေးနွေးနေခဲ့ ကြပါတယ်..။

ရဲဌာနတွင်..။

ရဲအရာရှိဟာ အချက်အလက်တွေကို ကိုင်ပြီး စစ်ဆေးရေးမှူး ယန် ရဲ့ ရုံးခန်းထဲကိုဝင်လာခဲ့တယ်..။

"အ ရာရှိယန် ..ဒီသတင်းကို ကြည့်လိုက်ဦး.လတ်တလော ဆူကျိူးမှာလည ထူးဆန်းတဲ့ ဆရာဝန် တစ်ယောက်က..ကင်ဆာ ရောဂါသည်ကို ကူသပေးသွားခဲ့သေးတယ်..။ပြီးတော့ သူက ပျောက်ကွယ်သွားပြီး ဘယ်သူမှ မရှာနိုင်တော့ဘူး...။ဒီပုံတွေက ဆူကျိူး ဆေးရုံက ရိုက်ကူးထားတဲ့ ပုံတွေ .။သိပ်တော့ မရှင်းလင်းဘူး.."

စစ်ဆေးရေးမှူးယန်ဟာ. အချက်အလက်တွေကို အနီးကပ် ကြည့်လိုက်ပြီး မျက်မှောင်ကျုတ်နေခဲ့ပါတယ်..။

ရဲအရာရှိမေးလိုက်တယ်..။

"စစ်​ေဆးရေးမှုး ယန် သူတို့က တစ်ယောက်ထဲပဲလား.."

စစ်ဆေး​ေရးမှုး ယန်ဟာ.. ဓာတ်ပုံကို သေချာစိုက်ကြည့်နေရင်း ကနေ ခေါင်းညိမ့်လိုက်ပါတယ်..။

"သူတို့က တစ်ယောက်ထဲပဲ ဆိုတာ ငါသေချာတယ်..။ပြီးတော့..စစ်ဆေးတဲ့ ဌာနကို ပို့ပြီး ဒီဓာတ်ပုံ ၂ ပုံကို စစ်ဆေးခိုင်းလိုက်..။သေချာတယ် ဆိုရင်..ငါတို့အတွက် အကြီးမားဆုံး အထောက်အကူ ဖြစ်ပြီပဲ.."

"သိပါပြီ.."

ရဲအရာရှိဟာ ခေါင်းညိမ့်လိုက်တယ်..။သူ ဒီထူးဆန်းတဲ့ လူဟာ ဘယ်သူလဲဆိုတာ သိချင်နေပြီး..ဘယ်လိုလုပ် ဒီလိုစွမ်းရည်တွေ ပိူင်ဆိုင်ျနတာလည်း မေးချင်နေခဲ့ ပါတယ်..။

ဒါပေါ့ ဒါက လူတွေ အကုန်လုံး သိချင်နေတဲ့ ကိစ္စပါ..။တစ်ခြား ဆေးရုံကြီးတွေရဲ့..ဒေါက်တာ တွေဟာတော့..ဒီကိစ္စကို လုံးဝ မယုံကြည်ကြပါဘူး..။တစ်ချိန်တည်းမှာပဲ နန်ချင် ဆေးရုံကြီးက ..အကြီးစား ဆေးရုံတစ်ခု ဖြစ်ပေမယ့်..သတင်းအတုတွေ ဖန်တီးနေတယ် လို့တောင် စွပ်စွဲ ခဲ့ကြပါသေးတယ်..။

သူတို့လည်း ကလေးမလေး ရဲ့ အခြေအနေကို အသေးစိတ်ကြည့် ရူပြီးကြပါပြီ.။ဆေးရုံတွေ အများကြီး က ကလေးမလေး ရဲ့ အခြေအနေကို သိကြပါတယ်..။သူတို့ပြောသလို..ဘာမဟုတ်တဲ့ ခွဲစိတ်မူတစ်ကြောင့် ပြန်ကောင်းလာတယ် ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ပေ..။သူတို့ လုံးဝ မယုံကြည်ပါဘူး..။

သို့ပေမယ့် နန်ချင်ကတော့..သူတို့ကို ပြန်လည် မတုန့်ပြန်နေတော့ပေ..။သူတို့ ဒီလို လုပ်စရာ မလိုဘူးလို့ တွေးထားပြီး ဂရုလည်း မစိုက်ကြပါဘူး..။ဒီလိူ ဘဝင်မြင်နေတဲ့ လူတစ်သိုက်နဲ့ ဘာမှ ငြင်းခုန်နေစရာ အကြောင်း မရှိပေ..။သူတို့ ဆန်းကြယ်တဲ့ ဒေါက်တာကို..အမြန်ရှာပြီး ရိူးသားစွာ အလုပ်ကမ်းလှမ်းဖို့သာ စိတ်အား ထက်သန်နေခဲ့ကြပါတယ်..။

ဆရာဝန် ကောင်းဆိုတာက ..ဆေးရုံတိုင်း က လိုချင်ကြတာပါ..။ထပ်ပြောရရင် ဒေါက်တာ မို ကိုယ်တိုင်က ဒီလူဆီကနေ သင်ယူချင်နေခဲ့ ပါတယ်..။

အဲ့အချိန်မှာတော့ တိမ်ဖြူလမ်းတွင်..။

လူလိမ် ထျန်ဟာ..လိုင်းပေါ်က ဗီဒီယိုကို ကြည့်ပြ ီးအကုန် အကုန်လုံးကို ခေါ်လိုက်တယ်..။

"လာကြည့်ကြဦး..။ဒီနောက်ကျောက အရမ်းရင်းနှီးမနေဘူးလား.."

ဝူယူလန် ကြည့်လိုက်ပြီး ပြောလိုက်တယ်..။

"အမ်..ဒါက အစ်ကို လင်း မဟုတ်ဘူးလား..။သူက ဘာလိုဘ အင်တာနက်မှာ ပါလာပြီး..လူတွေ အများကြီးက သူ့ကို ဝိုင်းလိုက်နေကြတာလဲ.."

သူမ ဘာတွေဖြစ်နေမှန်း မသိပေမယ့် ဒီနောက်ကျောက အတော် ရင်းနီှးနေခဲ့တာပါ..။

လူလိမ် ထျန် ကြောင်အသွားခဲ့တယ်..။

"နင်ဘာလို့ အဲလောက်တောင် သေချာနေတာလဲ.."

ဝူယူလန် လူလိမ် ထျန်ကို ကြည့်လိုက်တယ်..။

"ဒါပေါ့ သိတာပေါ့..။နောက်ကျောကို မပြောနဲ့ဦး..အဲ့အက်ျီကို ညီမ ဝယ်ပေးထားတာလေ..။အဖြူရောင် တီရှပ်ကို ပုံနှိပ်စာလုံးနဲ့.."

"အိူး..ဟုတ်သားပဲ.."

ယင်းနောက် သူ လင်းဖန်ကို ဖုန်းခေါ္လိုက်တယ်..။

လင်းဖန်ဟာ သားကောင်ကို ရှာဖွေနေတုန်းမှာပဲ လူလိမ် ထျန်ဆီက ဖုန်းဝင်လာတာတွေ့ပြီး စိတ်ရှုတ်သွားခဲ့တယ်..။ဆိုင်မှာ ဘာဖြစ်နေပြန်ပြီလဲ သူမသိတော့ပါဘူး..။

လင်းဖန် ​ပြောလိုက်တယ်..။

"လူလိမ် ..ဘာဖြစ်လို့လဲ..။ကျုပ်အခု အလုပ်ရှုပိနေတာ..

လူလိမ် ထျန်ပြောလိုက်တယ်..။

"မင်းဘာလို့ နန်ချင်ကို သွားတာလဲ..။ပြီးတော့ ဘာလို့ မင်းကို လူတွေဝိုင်းလိုက်နေကြတာလဲ.."

လင်းဖန် ကြောင်အသွားခဲ့တယ်.။

"ဘာပြောချင်တာလဲ.."

လူလိမ် ထျန် သတင်းခေါင်းစဥ္ကို ကြည့်ပြီး ထပ်ပြောလိုက်ပါတယ်..။

" မင်းနန်ချင်..ရဲ့ ဆေးရုံကို သွားပြီး.ကလေးမလေး တစ်ယောက်ကို ကယ်ခဲ့တယ်လေ.."

လင်းဖန် ကြောင်အနေခဲ့ပါပြီ.။

"ချီးပဲ ခင်ဗျားတို့ ဘယ်လိုသိတာလဲ.."

လူလိမ်ထျန် မယုံကြည်နိုင်စွာ ပြောလိုက်တယ်..။

"အဲတာ တကယ်မင်းလား..။ငါအစက မင်းကို သတိမရဘူး..ဒါပေမဲ့..ဒါပေမဲ့ ယူလန်က အတည်ပြုပေးခဲ့တာ..။မင်းက သူဝယ်ပေးထားတဲ့ အက်ျီကို ဝတ်ထားတာလေ..။ပြီးတော့ ဒီလောက် ပြေးတာမြန်နေပုံထောက်ရင် မင်းပဲဖြစ်လိမ့်မယ်..။နန်ချင်ကို ရောဂါကုဖို့ သွားတာလား.."

လင်းဖန် အစက ပျော်ရွင်နေခဲ့ပေမယ့် အခုတော့ အံ့ဩသင့်နေခဲ့ ပါပြီ..။

ဘာတွေဖြစ်နေတာလဲ..။သူက မျက်နှာတောင် မဖော်ပြပေမယ့်..ဒီလူတွေက ဖမ်းမိနေခဲ့ ပါပြီ..။

ဒါက နည်းလမ်းမကျပါဘူး..။

"လူလိမ် အကုန်လုံးကို ဘယ်သူ့ကိုမှ မပြောဖို့ သတိပေးထားဦး.။ဒီတိုင်း မသိချင်ယောင်ပဲ ဆောငိနေကြ.."

လင်းဖန်ကတော့ ငိုချင်နေခဲ့ ပါပြီ..။သူက ငတက်ပြားတစ်ယောက်လို အကောင်းဆံူး ခိုးကြောင်င်ခိုးဝှက် လုပ်ခဲ့ပေမယ့် ..သူတို့က လွယ်လွယ်နဲ့ မှတ်မိသွားကြတာပါ..။

လူလိမ် ထျန်ပြောလိုက်တယ်..။

"နားလည်ပြီ..မင်းက နိမ့်ချပြီး နေချင်တယ်ပေါ့..။စိတ်မပူနဲ့ ငါဘယ်သူ့ကိုမှ မပြောဘူး..

ဖုန်းချပြီး နောက်တွင်..။

လင်းဖန် ဟာ အခြေအနေတွေက စောက်ကျိုးနဲတော့မယ် ဆိုတာကို သိနေခဲ့ပါပြီ..။သူ မစ်ရှင်ကို အတတ်နိုင်ဆုံး မြန်မြန်လုပ်မှ ရမှာပါ..။

All Chapters