← Chapters

တကယ်မဟုတ်တဲ့အတိုင်းပဲ

Vol. 25 Ch. 363

တကယ်မဟုတ်တဲ့အတိုင်းပဲ

Vol. 25 Ch. 363

#ဘာသာပြန် = စနိုးဝှိုက်

လူလိမ်ထျန်ရဲ့ သတိပေးမူကြောင့်သာ မဟုတ်ရင် လင်းဖန် သူ့ကိုယ်သူ ပုန်းကွယ်ရာမှာ အရမ်းကျွမ်းကျင်သူ အဖြစ်ထင်နေမိမှာပါ..။သူ့ကို ..ဘယ်သူမှ ရှာတွေ့မှာ မဟုတ်ဘူးလို့ ထင်ထားခဲ့မိပေမယ့် လည်း..အခုတော့ ဂရုစိုက်ဖို့ လိုနေပါပြီ..။

ဟန်ကျိုးက နေရာကောင်းတစ်ခုပါ..။

ဒီမှာ ရာသီဥတုက အနည်းငယ် ပူပြင်းနေပေမယ့်လည်း..သူ အဝတ်အစား အသစ်တစ်စုံ..ဦးထုတ် နဲ့ နေကာမျက်မှန် တွေပါ ဝယ်လိုက်တယ်..။သူက ကိုယ့်ကိုကို..ရုပ်ဖျက်ဖို့ ကြိုးစားနေခဲ့တာပါ..။

ဟန်ကျိုး၏ ဆေးရုံကြီး တစ်ခုတွွင်..။

သူ ဒီတိုင်း လျောက်သွားနေပြီး..ဒါက ဘာပြသနာ မှမရှိပေ..။ဒီိလို ဖုန်းအုပ်ထားတာက ဆေးရုံမှာ သိပ်ပြီးတော့ မထူးဆန်းနေခဲ့ပါဘူး..။နေရောင်ကို ကာကွယ်ချင်တယ် ဆိုရင် ဒီလိုပဲ ဝတ်စားရမှာပါ..။

လင်းဖန်ဟာ...ဆေးရုံကို ..အကြိမ်အနည်းငယ် ရောက်ဖူးနေပြီးတော့..ဒီမှာက ခံစားရတာ သိပ်မကောင်းပါဘူး..။တစ်စုံတစ်ယောက်ဟာ..ဆေးရုံမှာဆိုရင်..တစ်ခုခုက ချုပ်တည်းထားသလို ခံစားရမှာပါ..။

သူ လျောက်ကြည့်နေတဲ့ အချိန်မှာ တစ်ချို့လူတွေကို ..သာမန်ရောဂါလောက်နဲ့သာ တွေ့ရပြီး တစ်ချို့လူတွေကတော့..ရောဂါကြီးတွေ ရှိနေခဲ့တယ်..။ဘဝ ဆိုတာ အမြဲတမ်းပြောင်းလဲ နေတာဖြစ်ပြီး..လူတွေလဲ ကိုယ့်ကိုကို ဂရုစိုက်ဖို့ လိူအပ်ပါတယ်..။

သူ့ရဲ့ အရင်အတွေ့အကြုံတွေ အရတော့ သူဘာလုပ်ရမလဲ ဆိုတာကို သိပြီးထားပါပြီ..။သူ့ရဲ့ ကျောပိုးအိတ်မှာ လျို့ဝှက်လက်နက် တစ်ခုပ်ပါတယ်..။

သို့ပေမယ့် ..သူလျောကိကြည့်နေတာတောင်..သင့်တော်တဲ့ လူကို မတွေ့ရသေးပါဘူး..။ထပ်ပြောရရင် သူ့မှာ ဆေးပညာလက်မှတ် မရှိတာက အတော်အခပ်တွေ့စေပါတယ်..။

ယင်းနောက်..မလှမ်းမကမ်းကနေ ဆူညံ့သံတွေ ကြားလိုက်ရတယ်..။

"လမ်းဖယ်..လမ်းဖယ် ဒေါက်တာ လာလို့ရအောင်.."

ဧည့်သည် တွေ့သည့် အခန်းတွင်..စကားပြောသံတွေကို ကြားနေရပြီး..လူတွေ အများကြီး အဲ့မှာ ရှိနေခဲ့တာပါ..။လူနာတွေဟာ..ဝှီးချဲ ပေါ်မှာ ထိုင်နေခဲ့ကြတယ်..။ဒီမှာက ဝှီးချဲတွေ အကန့်အသတ်ရှိတာကြောင့် တစ်ချို့ လူတွေဟာ..ကြမ်းပြင်ပေါ်မှာ လဲကျနေခဲ့ပါတယ်..။သွေးတွေ နေရာတိုင်းမှာ ရှိနေခဲ့ပြီး သူတိူ့ရဲ့ အစိတ်အပိူင်း တစ်ချို့မှာလည်း သွေးကွက်တွေ တွေ့နေရတာပါ..။

"ဘာဖြစ်တာလဲ.."

"ဘာဖြစ်တာလဲ.."

လူတွေအများကြီးဟာ မြင်ကွင်းကို ကြည့်ပြီး ကြောင်အနေခဲ့ကြတယ်..။ဒီလူတွေရဲ့ ကိူယ်လက်အဂ်ါတစ်ချို့ဟာ ပြတ်တောက် နေပြီး..အတော် နာကျင်ရတဲ့ မြင်ကွင်းတစ်ခုလို့ ပြောလို့ရပါတယ်..။

"ဒါက ကားမတော်တဆ မူတစ်ခုပဲ..။ဘတ်စကား နဲ့ ကုန်တင် ထရတ်ကား တစ်စီး တိုက်မိတာ..။ခရီးသည်တွေ..ပြင်းပြင်းထန်ထန် ဒဏ်ရာ ရကြပြီးတော့..တစ်ချို့လူတွေဆို နောက်ဆံူးထွက်သက်ကို ရောက်နေကြပြီ.."

ယင်းနောက် ..သူနာပြုမလေး တွေဟာ မြင်ကွင်းကိုကြည့်ပြီး ထိတ်လန့်ကာ မျက်ရည်တွေ ကျလာခဲ့တယ်..။ဒေါက်တာတွေကို သတင်းပို့ပြီးပြီ ဖြစ်ပေမယိ့..ထိခိုက်ဒဏ္ရာ ရသူတွေပ အရမ်းများလွန်းတာကြောင့် သူတို့..တစ်ချိန်တည်း အကုန်လုံး ခွဲစိတ်ဖို့ မဖြစ်နိုင်ပါဘူး..။သူတို့ ပိုပြီး ဒဏ်ရာပြင်းထန်တဲ့ လူတွေကို သာ ရွေးချယ်ကြရပါတယ်။

တစ်ချို့ မိသားစုဝင်တွေဟာ ရောက်လာပြီ..သူတို့ရဲ့ မိသားစုဝင် ဖြစ်ပျက်နေခဲ့တာ မြင်ပြီး ကြောက်ရွံ့ ထိပ်လန့် သွားခဲ့တယ်..။

"ဒေါက်တာ ကျွန်မ ယောက်ျားကို ကယ်ပါဦး.."

"ဒေါက်တာ ဒီကို အမြန်လာပါ..။ကျွနိမသားလေး သွေးအန်နေပြီ..။ကျေးဇူးပြုပြီး အခု လာပေးပါ.."

ဒေါက်တာ တွေဟာ လုံးဝကို အလုပ်ရှုပ်နေကြပါပြီ..။ဒီမှာက မတော်တဆ ဒဏ်ရာရသူတွေ အရမ်းများပြီး မိသားစုဝင်တွေကလည်း..အရမ်းခံစားလွယ်နေကြတာပါ..။ဒါက ကုသမူကို အနှောက်အယှက်ဖြစ်စေပါတယ်..။

ယင်းနောက် ဒေါက်တာ တစ်ယောက်ဟာ အော်လိုကိတယ်..။

"ဒီလူနာကို အခုချက်ချင်း ခွဲခန်းထဲ ပို့လိုက်..။ဒီလူကို အခုချက်ချင်း ခွဲစိတ်မှ ရမယ် မဟုတ်ရင် .နောက်ကျသွားလိမ့်မယ်.."

"အမြန် ...အမြန်.."

…

လင်းဖန် မြင်ကွင်းကို ကြည့်ပြီး ကြောင်အနေခဲ့ ပါတယ်..။ဒါက ..အတော်ကို ထိပ်လန့်ဖို့ ကောင်းတဲ့ မြင်ကွင်း တစ်ခုပါ..။ယင်းနောက်..သူဘာမှ မတွေးတော့..ပဲ ကျောပိူးအိတ်နဲ့ အတူ သန့်စင်ခန်းထဲ သွားလိုက်တယ်..။

သန့်စင်ခန်း ထဲတွင်..။လင်းဖန် ကျောပိုးအိတ်ကို အမြန် ဖွင့်လိုက်ပြီး..ဒေါက်တာ အဝတ်အစားနဲ့ လိူအပ်တဲ့ ပစ္စည်းတွေကို အမြန်..ထုတ်ယူလိုက်တယ်..။ယင်းနောက် သူ အဝတ်အစားလဲ လိုက်ပြီ..ဧည့်တွေတဲ့ ဟောခန်းကြီးထဲဆီ ဦးတည်ထွက်သွားခဲ့ပါတယ်..။

"ခွင့်ပြုပါဦး.."

လင်းဖန် လူနာရှင် တွေကို တိုးကာ..အထဲကို ဝင်သွားခဲ့တာပါ..။

သူ အထဲကို ရောက်တာနဲ့ မိသားစုဝင်တစ်ယောက်ဟာ..သူ့လက်မောင်းကို ချက်ချင်း ဖမ်းဆွဲလိုက်ပါတယ်..။သူဟာ အရမ်းခံစားနေရပြီး..

"ဒေါက်တာ ကျွန်တော် သားလေးကို ကြည့်ပေးပါ..။သူက ကျွန်တော် သားလေးက ကယ်လို့ မရတော့ဘူးပြောနေတယ်.။ကျေးဇူးပြုပြီး ကျွန်တော် သားလေးကို ကယ်ပေးပါ.."

လငိးဖန် ခေါင်းညိမ့်ပြီး လူနာဆီ သွားကြည့်လိုက်ပေမယ့် နှလုံးဟာ ရပ်တန့်နေခဲ့ပါပြီ..။တစ်ခြား လူတွေရဲ့ အမြင်မှာ သေလူဖြစ်နေပေမယ့်..လင်းဖန်အတွက်ကတော့ ဒီလို မဆိုလိုပါဘူး..။ဒီလူနာဟာ အခုလေးတင် နှလုံးရပ်သွားတာ ဖြစ်တဲ့ အတွက် အချိန်အတိုင်း အတာ တစ်ခုအထိ သူ့မှာ ကွာကွယ်နိုင်တဲ့ စွမ်းအားတွေ ရှိနေပါသေးတယ်..။

တစ်ခြား လူနာတစ်ယောက်ကို..ကုသနေတဲ့ ဒေါက်တာ ဟာ လှမ်းအော်လိုကိတယ်..။

"သူက မျှော်လင့်ချက် မရှိတော့ဘူး..။အမြန်လတစ်ခြား ကယ်လို့ ရသေးတဲ့ လူတွေကိုပဲ..လာကယ်.."

မိသားစုဝင်ဟာ ဒါကို..ကြားပြီး ဒေါသထွက်သွားခဲ့ပါတယ်..။

"မင်း ဘာစကား ပြောတာလဲ..ငါ့သားက မသေသေးဘူး.."

ဒေါက်တာဟာ ခေါင်းခါယမ်းလိုက်တယ်..အခြေအနေက အတော်ဆိုးရွားနေတဲ့ အတွက် သူထပ်မပြောတော့ပါဘူး..။

သူ နာပြုမလေး တစ်ယောက်ဟာ..လျောက်လာပြီး..သူ့ကို ကြည့်လိုက်တယ်..။

"ဘယ် ဒေါက်တာလဲ ဆိုတာ သိပါရစေ.."

သူမ ဒီလိာ အသွင်အပြင်နဲ့ ဒေါက်တာ မျိုး တစ်ခါမှ မမြင်ဖူးဘူးလို့ ခံစားနေခဲ့ရပါတယ်..။ထပ်ပြောရရင်သူက သူ့မျက်နှာသူ ကာကွယ်ထားတဲ့ အတွက် အတော်ကို ထူးဆနး်နေခဲ့တာပါ..။

လငိးဖန် သူမကို..စိုက်ကြည့်လိုက်တယ်..။

"အဲတာ ဘာလို့ ငါ့ကို လာမေးနေတာလဲ..။အမြန်ကယ်လို့ ရတဲ့ လူတွေကို သွားကယ်..။ဒီလူငယ် လေးကို ငါနဲ့ ထားခဲ့.."

သူမလေးဟာ.. အလျင်အမြန်ခေါင်းညိမ့်လိုက်တယ်..။ဒီလို အန္တာရယ်များတဲ့ အခြေအနေမျိုးမှာ သူမအများကြီး ထပ်မတွေးတော့ ပါဘူး..။

မိသားစု ဝင်ဟာ ပြောလိုက်တယ်..။

"ဒေါက်တာ ကျွန်တော် သားလေးကို ကယ်ပေးပါ.."

လင်းဖန် ပြန်ပြောလိုက်ပါတယ်..။

"ကျုပ်ကို လာလှုပ်မနေနဲ့..ခင်ဗျား အဲလို ဆက်တိုက်လုပ်နေရင် ကယ်နိုင်တော့မှာ မဟုတ်ဘူး..။ဘေးမှာ ရပ်ပြီး စောင့်နေ..ကျုပ်ကို အလုပ်လာ မရှုပ်နဲ့.."

မိသားစုဝင်ဟာ ခေါင်းညိမ့် လိုက်တယ်..။သူဟာ ချွေးတွေ ထွက်ပြီး ကြောက်လန့်နေခဲ့ ပါပြီ..။

လင်းဖန် လူနာကို ကြည့်လိုက်တဲ့ အချိန်မှာ များပြားလှတဲ့ အပြင်ပိုင်း ..ဒဏ်ရာ ဒဏ်ချက်တွေကို..တွေ့ပေမယ့်..သိပ်ပြီး.မများပြားပါဘူး..။သို့ပေမယ့်..သူ့ရဲ့ ဝမ်ဗိုက်မှာ..သတ္တု အပိုင်းအစ တစ်ခု စိုက်ဝင်နေခဲ့တာပါ..။

ယင်းနောက် လင်းဖန် သူ့ ပစ္စည်းတွေကို ထုတ်လိုက်တယ်..။ဒါက အရမ်း အန္တာရယ်များတဲ့ အခြေအနေကြောင့်..သူ အပ်တွေကို သုံးပြီး နေရာ တစ်ချို့ကို မထိခိုက်အောင် စည်းပိတ်ထားခဲ့ပါတယ်..။

ယင်းနောက် သူ ဗိုက်ကို ထိကြည့်လိုက်တယ်..။ဒီလို့ မဖြစ်နိုင်စရာ အခြေအနေကနေ ကယ်တင်ဖို့က စွယ်စုံကျမ်းရဲ့ အကူအညီ ကျိန်းသေ လိုအပ်မှာပါ..။

သူ့ရဲ့ အသည်းဟာ ပေါက်ကွဲ ထွက်နေတဲ့ အတံက် လင်းဖန် ဒီလူကို ချက်ချင်း ခွဲစိတ်မယ် ဆိုရင် ပြသနာ ဖြစ်သွားနိုင်ပါတယ်..။ပြီးတော့..သူတို့ဝမ်းဗိုက်ကို ခွဲလိုက်ပြီး..သွေးထွက်လာတာကို မတားဆီးနိင်ရင် ဆုံးရှုံးမူ ပိုကြီးသွားမှာပါ..။ထပ်ပြောရရင် အသဲဆိုတဲ့ အရာက..လူ့ခန္တာကိုယ်ကို အစိတ်အပိူင်း တွေထဲမှာ အရေးကြီးဆုံးတွေထဲက တစ်ခုပါ..။

ပြီးတော့ အခုချိန် ခွဲစိတ်လိုက်ရင် လူနာက အမှန်တကယ် သေသွားပါလိမ့်မယ်..။

ယင်းနောက်..သူ ကောင်လေးရဲ့.မိသားစုဝင် ဆီကို အော်လိုက်တယ်..။

"သူနာပြုဆီကို သွားပြီး သွေးအိတ် တစ်အိတ်တောင်းလာခဲ့.."

လူနာရှင်ဟာ..ချက်ချင်းခေါင်း ညိမ့်ပြီး..သူနာပြုမလေးဆီကို ပြေးသွားခဲ့ပါတယ်..။သူသွေးအိတ်ကို ရမှ ဖြစ်မှာပါ..။

ကံကောင်းချင်တော့..လင်းဖန် ငွေအပ်တွေ အများကြီး ပြင်ဆင်ထားခဲ့ပါတယ်..။သူ အပ်တွေကို..လူငယ်လေးရဲ့..သက်ဆိုင်ရာ အမှတ်တွေမှာ စိုက်ထားလိုက်တယ်..။ဒါက..သတ္တုအပိုင်းအစကို ခနနေဆွဲ နှုတ်တဲ့ အချိန်ကျရင်..သွေးထွက်ခြင်းကနေ တားဆီးလို့ရအောင်ပါ..။

မိသားစုဝင်ဟာ..သူနာပြုတစ်ယောက်နဲ့ အတူ သွေးအိတ်ပါ ရလာခဲ့ပါတယ်..။

"သွေးထည့်သွင်းမယ်.."

သူမပြုမလေးဟာ ပြောလိုက်ပါတယ်..။

"ရှင်ဘာလုပ်နေတာလဲ.."

လင်းဖန် ပြောလိုက်တယ်..။

"ငါ နင့်ကို သွေးသွင်းခိုင်းနေတာလေ..။ဘာလို့ အရေးမပါ တာတွေကို..မေးခွန်းထုတ်နေတာလဲ.."

မိသားစု ဝင်ဟာ ပြောလိုက်တယ်..။

"အမြန်လုပ်..ဒေါက်တာက သွေးသွင်းခိုင်းနေတယ်လေ..။လုပ်လိုက်တော့..မဟုတ်ရင် ငါနင့်ကို တိုင်ကြားရလိမ့်မယ်.."

သူနာပြုမလေးဟာ..အတွေ့အကြုံအများကြီး ရှိပေမယ့်လည်း..ဒီလို အခြေအနေကို အရင်က မမြင်ဖူးပါဘူး..။သူမ စိုးရိမ်စွာပဲ..လူငယ်လေးကို သွေးသွင်းပေးလိုက်တယ်..။

…

ဘေးနားက လူတွေဟာ လည်း အံ့ဩနေကြပါပြီ..။ဒီမြင်ကွင်းက ကြောက်ဖို့ ကောင်းလွန်းလို့ သူတို့ ​ဘာပြောရမှန်းတောင် မသိတော့ပါဘူး..။

ဆန်းကျယ်တဲ့ စွယ်စုံကျမ်းရေ ဒီတစ်ခါတော့ မင်း အပေါ်ကို ပဲ မူတည် နေပြီနော်....

လင်းဖန် အသက်ပြင်းပြင်းရူလိုက်ပြီး မိသားစုဝင်နဲ့ သူနာပြု ကို ပြောလိုက်တယ်..။

"ကျုပ်အခု သူ့ရဲ့..သတ္တု အပိုင်းအစကို ဆွဲနှုတ်တော့မှာ ကျုပ်ကို လာမထိနဲ့နော်..။မဟုတ်ရင် သူ့အသက် ကို ..ဆုံးရှုံးရလိမ့်မယ်..။အဲလိုဖြစ်လာမှ ကျုပ်ကို အပြစ်မတင် နဲ့နော်.."

သူတို့ ခေါင်းညိမ့်လိုက်တယ်..။

"ကျွန်တော်တို့..မထိပါဘူး.."

လူငယ်လေးရဲ့ ဒဏ် ရာက အရမ်းပြင်းထန်ပြီး သေဆုံးဖို့ နည်းလမ်းက..99 ရာခိုင်နှုန်းလောက် ရှိနေခဲ့ ပါတယ်..။သူနာပြုမလေးတောင်..လူငယ်လေးကို ကယ်နိုင်မယ် လို့ မထင်ထားခဲ့ပါဘူး..။

သူ့ရဲ့ အသဲကို သတ္တုပြားက ထိုးဖောက်နေပြီးပါပြီ..။ဘာများ အသုံးဝင်နိုင်ဦးမှာလဲ..။

*ဆွဲထုတ်လိုက်တယ်..*

သွေးတွေဟာ..ပန်းထွက်လာပြီး..သူနာပြုရဲ့ မျက်လုံးဟာ ပြူးကျယ်သွားခဲ့ ပါတယ်..။သူမ အံ့ဩလွန်းလို့ ကြောင်အနေခဲ့ပါပြီ..။

လင်းဖန် အပ်နှစ်ချောင်းကို ဒဏ်ရာပေါ်မှာ..စိုက်လိုက်တယ်..။သူ အပ်တွေကို ညှင်သာစွာ လှုပ်ယမ်းလိုက်ပါတယ်..။တကယ်လို့ ဒါသာ..ခွဲစိတ်ခန်းထဲမှာ ဆိုရင် ခွဲစိတ်မူပါ ပြုလုပ်ရမှာဖြစ်ပေမယ့် အတော်လည်း အန္တာရယ်များမှာပါ..။ဒါကြောင့် သူ လူငယ်လေးရဲ့ အသက်ကိုပဲ အရင်ကယ်လိုက်ပါတယ်..။

"သူ့ကို..ခွဲစိတ်ခန်းထဲ ခေါ်သွားပြီး ခွဲစိတ်ခိုင်းလိုက်..။လူငယ်လေးကို ကယ်ပြီးသွားပြီ..။သူပြန်ကောင်းလာဖို့ ကတော့ ..ဒီဆေးရုံ ရဲ့..ခွဲစိတ်မူစွမ်းရည်ပေါ်မှာပဲ မူတည်လိမ့်မယ်.."

လင်းဖန် ပြောလိုက်တာပါ..။သူ့ရဲ့ အပ်စိုက်ပညာနဲ့အတူ စွယ်စုံကျမ်းရဲ့..အကူအညီကြောင့် လူငယ်လေး ထပ်ပြီး..အန္တာရယ်မရှိတော့ပါဘူး..။

"ဘယ်လို ဖြစ်နိုင်မှာလဲ.."

သူနာပြုမလေး ဟာ မယုံကြည်နိုင်ခဲ့ပေ..။သူမ ဘာတွေဖြစ်နေလဲ အကုန်သိထားပြီး..ဒီလူငယ်လေး အခုအဆငိပြေသွားပြီ ဆိုတာကို မယုံကြည်နိုင်ပါဘူး..။ဒါက မဖြစ်နိုင်တဲ့ အရာပါ..။

လငိးဖန် လူငယ်လေးရဲ့မျက်နှာကို ခပ်ဖွဖွ ရိုက်လိုက်တယ်..။

"ထတော့.."

လူငယ်လေးဟာ..ရုတ်တရက် မျက်လုံးပွင့်လာတဲ့ အတွက် လူတိုင်း ကြောင်အသွားခဲ့ကြပါတယ်.။သို့ပေမယ့်..သူ့ရဲ့ ခြေတွေ လက်တွေက..ခံစားချက် မဲ့နေပြီး လှုပ်တောင် မလှုပ်နိုင်ပါဘူး..။

မိသားစူဝင်ဟာ အလျင်အမြန် ရှေ့တက်သွားခဲ့တယ်..။

"သား..မင်းမသေဘူးပဲ..။ဒေါက်တာ ကျွန်တော်သားလေး ဘာဖြစ်တာလဲ.."

လင်းဖန်ပြောလိုက်တယ်..။

"သူ အခုအဆင်ပြေနေပါပြီ..။အမြန်သူ့ကို ခွဲစိတ်ခန်းထဲ ခေါ်သွားလိုက်..။ကျုပ် သူ့ ခန္တာကိုယ်က ဆုံမှတတွေကို ပိတ်ပေးထားတယ်..။သူက အူိစိတ်ပြန်ရလာပေမယ့် နှစ်ရက်လောက်တော့ လှုပ်နိုင်ဦးမှာ မဟုတ်သေးဘူး.."

သူနာပြု မလေးဟာ မေးလိုက်တယ်..။

"ဒေါက်တာ..အပ်တွေကျတော့ ဘယ်လိုလုပ်ရမှာလဲ.."

လင်းဖန် သူမကို ကြည့့်ပြီး ပြောလိုက္တယ်..။

"ခွဲစိတ်တော့မယ် ဆိုရင် ဖယ်ထုတ်လိုက်..။အမြန် ..သွားတော့..အခု.."

လူတိုင်းဟာ..အခြေအနေကို ကြည့်နေပြီး ကြောင်အနေခဲ့ကြပါတယ်..။ဒါက တကယ်ဖြစ်ပျက်နေတယ် လို့တောင် မထင်ရပါဘူး..။

All Chapters