← Chapters

အဝေးကို ထွက်ပြေးခြင်း

Vol. 25 Ch. 364

အဝေးကို ထွက်ပြေးခြင်း

Vol. 25 Ch. 364

#ဘာသာပြန် = စနိုးဝှိုက်

ဘေးနားမှာ ရှိနေကြတဲ့ သူနာပြုတွေဟာ မယုံကြည်နိုင်စွာ ကြည့်နေခဲ့ကြပါတယ်..။သို့ပေမယ်..လင်းဖန်ကတော့ သူမဟုတ်တဲ့ အတိုင်း အေးဆေးပါပဲ..။ဒီလို ဟိုလူဒီလူ ရှုတ်ယှက်ခတ်နေတဲ့ အခြေအနေအနေမှာ..မစ်ရှင်လုပ်ဖို့ကို ခိုးကြောင်ခိုးဝှက် မလိုတော့ပေ..။

ဒီမှာက ဗရမ်းဗတာ ဖြစ်နေခဲ့တာပါ..။များပြားလှတဲ့..ဒေါက်တာတွေဟာ..အလျင်အမြန်လှုပ်ရှား နေခဲ့ကြတယ်..။ဒီလို လူအများကြီး အနာတရ တွေဖြစ်တာက..ကပ်ဆိုးကြီး တစ်ခုလိုပါပဲ..။ဒီမှာ နာကျင်လို့ အော်ဟစ်သံ တွေ ငိုယို သံတွေကိုပါ ကြားနေခဲ့ရပါတယ်..။ဘေးနားမှာ ကြည့်နေကြတဲ့ လူတွေလည်း ဝမ်းနည်းနေခဲ့ကြပြီး..တစ်ချို့ ဆိုရင်..မျက်ရည်တွေတောင် ကျနေခဲ့ကြပါပြီ.။

သက်လတ်ပိုင်း အရွယ်လူကြီးဟာ..သူ့ရဲ့ ငါးနှစ်အရွယ်သားလေးကို ကြည့်ပြီး ဒေါက်တာကို ပြန်ကြည့်လိုက်တယ်..။သူကိုယ်တိုင်လည်း ဒဏ်ရာတွေ ခံစားရပေမယ့် ..သူ့သားက ဆိုးဆိုးရွားရွား ခံစားခဲ့ရတာပါ..။

ဒေါက်တာဟာ အကူညီမဲ့စွာ ခေါင်းခါယမ်းလိုက်ပြီး..

"တောင်းပန်ပါတယ်..။ကျွန်တော် သူ့ကို မကယ်နိုင်တော့ဘူး..။ကျွန်တော်လည်း အကောင်းဆုံး ကြိုးစားခဲ့ပါတယ်.."

*ဝုန်း*

လူကြီးဟာ ခံစားချက်မဲ့စွာ မြေကြီးပေါ်ကို ထိုင်လျက်သားပြုတ်ကျသွားခဲ့ ပါတယ်..။ယင်းနောက် ဒေါက်တာဟာ နောက်ထပ် လူနာတစ်ယောက် ဆီကို သွားလိုက်တယ်...။သူ့ရဲ့ စိတ်က ကောင်းမွန်တဲ့ အခြေအနေ တစ်ခုမှာ မရှိပေမယ့်လည်း..ခံစားချက်တွေ ကြောင့် တုန်လှုပ်နေလို့ မရပါဘူး..။သူ ကြန့်ကြာမနေပဲ နောက်ထပ် လူနာ တစ်ယောက်စီကို သွားကာ စစ်ဆေးနေခဲ့ ပါတယ်..။

ရဲနဲ့ သတင်းထောက်တွေဟာ ရောက်လာခဲ့တယ်..။

ဒါက မတော်တဆမူ အကြီးကြီး တစ်ခုပါ..။

တစ်ချို့ အရေးပေါ်လူနာတွေကို ခွဲစိတ်ခန်းထဲ အမြန်ပို့နေကြပြီး..တစ်ချို့ ဆရာဝန်တွေ လက်လျော့ထားတဲ့..လူနာတွေကတော့ ငိုယိုနေကြပါတယ်..။

ဆရာဝန် ဆိုတာ လူနာကို အလွယ်တကူ လက်မရှော့သင့်ပေမယ့်လည်း..ဒီမှာက ဒေါက်တာ အရေအတွက် မလုံလောက်တာကြောင့်..သူတို့ အချိန်အကန့်အသတ်အတွင်းမှာ..လူနာတွေ ရသလောက်ကယ်ဖို့ ကြိုးစားနေခဲ့ကြတာပါ..။

သက်လတ်ပိုင်းလူကြီးဟာ..ဘီးတပ် တွန်းလှည်းရဲ့ဘေးနားမှာ..စတင်ပြီး ငိုကြွေးနေခဲ့တယ်..။

ဘေးနားက လူတွေတောင် ဒီလူကြီးရဲ့ဝမ်းနည်း ပူဆွေးမူတွေကို ခံစားနေကြရပါတယ်..။သူ့သားက သူ့မျက်စိရှေ့တင် သေသွားတာဖြစ်ပြီး..ဘယ်မိဘက မှ ဒါကို ခနလေးအတွင်း လက်ခံနိုင်မှာ မဟုတ်ပေ..။

"ခွင့်ပြုပါ..ခင်ဗျား ကလေးကို ကျုပ်ကူသပေးမယ် ဆိုရင် ခွင့့်ပြုမယ် မလား.."

လူကြီးဟာ ခေါင်းကို မော့လာခဲ့ပြီး..လင်းဖန်ကို ကြည့်လိုက်ပါတယ်..။ယင်းနောက် သူ ငိုကြွေးပြီး ပြောလိုက်တယ်..။

"ခနက ဒေါက်တာက ကျွန်တော် သားလေး မျှော်လင့်ချက် မရှိတော့ဘူးလို့ ပြောသွားတယ်..။သူက သေပြီတဲ့.."

"ခငိဗျားက ကိုယ့်ကလေးကို သေစေချင်တာလား..ရှင်စေချင်တာလား..။ရှင်စေချင်တယ် ဆိုရင်ဘေးကိုဖယ်"

"ရှင်စေ...ရှင်စေချင်ပါတယ်.."

သက်လတ်ပိုင်းလူကြီးဟာ ..ငို​ပြီး ပြောလိုက်တာပါ..။

လငိးဖန် အသက်ပြင်းပြင်းရူပြီး ပြောလိုက်တယ်..။

"ဒါဆို ဘေးကို ဖယ်.."

လူကြီးဟာ ကြောင်အစွာ ထရပ်လိုက်ပြီး ဘာပြောရမှန်း မသိတော့ပေ..။ပထမ ဒေါက်တာက ..မျော်လင့်ချက် မရှိတော့ဘူး..ပြောနေပေမယ့်..အခုဒေါက်တာက သူကယ်ပေးမယ် လို့ ပြောနေခဲ့တာပါ..။

အစောက ကုခဲ့တဲ့ ဒေါက်တာဟာ..လင်းဖန်ကို လှမ်းကြည့်ပြီး ပြောလိုက်တယ်..။

"အဲ့ကလေးကို မကြည့်နဲ့တော့..တစ်ခြား တစ်ယောက်ကို ပဲကြည့်လိုက်တော့.."

လင်းဖန် ပြန်တောင် လှည့်မကြည့်ခဲ့ပေ..။

"အဆင်ပြေပါတယ်..မျှော်လင့်ချက် ရှိသေးတာပဲ..။မင်းကောက်ချက် ချတာက အလျင်စလို လုပ်လွန်းတယ်..။မင်း နောက်တစ်ခါကျရင် ဒီအဖြစ်အပျက်ကို ပြန်တွေးပြီး..လူ့အသက်ကယ်ဖို့ကို လွယ်လွယ် လက်မလျော့နဲ့.."

ဒေါက်တာဟာ အံ့ဩသွားခဲ့တယ်..။

"မင်း.."

သူ လင်းဖန်ကို တစ်စုံတစ်ယောက်ရဲ့ ဘဝကို လောင်းကစား လုပ်ချင်နေတာလားလို့ မေးလိုက် ချင်ပေမယ့် သူမမေးနိုင်ခင်မှာပဲ..​မြင်လိုက်ရတဲ့ မြင်ကွင်း ကြောင့် ကြောင်အသွားခဲ့ပါါပြီ.။

လင်းဖန်..ကလေးရဲ့ ရင်ဖတ်ကို ဖိနေခဲ့ ပါတယ်..။သူ အသက်ကို ဖြည်းဖြည်းချင်း ရူပြီး ငွေအပ်တွေကို ထုတ်လိုက်တယ်..။သူ အပ်တွေကို..အမြင်ဆိုင်ရာ အဓိက အကြောတွေ ဖြစ်တဲ့.ချီဟိုင် အကြော...ဂေါင်ယွန် အကြောတွေမှာ အမြန်စိုက်ထားလိုက်ပါတယ်..။ယင်းနောက် သူ့လက်နှစ်ကို ရင်ဘတ်ပေါ်တင်ပြီး..ဖြည်းဖြည်းချင်း ဖိအားပေး နေခဲ့တယ်..။သူ့ရဲ့ ဖိအားကြောင့် ကလေးရဲ့ လက်ဟာ ခပ်ကြမ်းကြမ်း လှုပ်လာခဲ့ပါတယိ .။

*ကလေး ငိုသည့်အသံ*

ကလေးဟာ စတင်ပြီး ငိုကြွေးလာခဲ့ ပါပြီ..။သက်လတ်ပိုင်း လူကြီးဟာ ဒါကို မြင်ပြီး အံ့ဩသွားခဲ့တယ်..။ရုတ်တရက် သူ ပျော်သွားခဲ့ပြီး..

"အသက်ရှင်နေသေးတယ်..ငါ့သားလေး အသက်ရှုင်နေသေးတယ်.."

လင်းဖန် ငိုနေတဲ့ က​ေလးကို ကြည့်ပြီး လည်ပင်းမှာ အိပ်တစ်ချောင်း စိုက်လိုက်ပါတယ်.. ။

"ဘာလို့ ငိုနေတာလဲ..ခနပြန်အိပ်လိုက်ဦး.."

ကလေးဟာ ဒါကို နားမလည်ခဲ့ပေ.။သို့ပေမယ့်..သူ ရုတ်တရက်..အငို တိတ်ပြီး..ပြန် အိပ်မောကျသွားခဲ့ ပါတယိ..။

"ဒေါက်တာ..ကျွန်တော် သား အသက်ရှင်နေသေစာလာား.."

လူကြီး ပျော်ရွှင်စွာ ရေရွတ်လိုက်တာပါ..။

လင်းဖန် တည်ငြိမ်စွာပြောလိုက်တယ်..။

"အခုထိ မဟုတ်သေးဘူး..။သူက ဆိုးဆိုးရွားရွား ထိမိထားတော့ ဒဏ်တွေက အရမ်းပြင်းထန်တယိလေ..။သူက အသက်မရူနိုင်အဲ အောက်စီဂျင် လို

အပ်နေရင်းကနေ ဦးနှောက်ကို ထိသွားခဲ့တာ..။ကျုပ်တို့ သူ့ဦးနှောကိကို ခွဲစိတ်ဖို့ လိုသေးတယ်.."

"အာ..ဦးနှောက်ကို ခွဲစိတ်မှာလား.."

သက်လတ်ပိုင်း လူကြီးဟာ ကြောင်အသွားခဲ့တယ်..။ယင်းနောက်..သူ ခေါင်းညိမ့်လိုက်ပြီး...

"သူ အသက်ရှင်မယ် ဆိုရင် ကျွန်တော်အကုန်လုပ်မယ်..။အနာဂတ်မှာ သူ့အတွက် ဘေးထွက်ဆိုးကျိူး ရှိ်မယ် ဆိုရင်တောင် ဘာမှမဖြစ်ပါဘူး.."

"အဲလောက်ထိလည်း မဟုတ်ပါဘူး.."

လင်းဖန်ကလေးရဲ့ ဦးခေါင်းကို ကိုင်လိုက်ကာ.အပ်တစ်ချောင်း ထပ်စိုက်လိုက်ပါတယ်..

"ဒါက ဘိုင်ဟွေး အကြောရဲ့ တည်နေရာပဲ..ဒါက သူ့ဦးနှောက်ကို..လောလောဆယ် အခြေအနေပိူမဆိုးအောင် တားဆီး ပေးထားလိမ့်မယ်..။ကျုပ်​ပြော့ို့လည်း ခင်ဗျားသိမှာ မဟုတ်ဘူး..ဒီတိုင်း ဘေးနားကနေပဲ ကြည့်နေ.."

လင်းဖန် ပိုပြီး တည်ငြိမ်လေလေ လူကြီးက မျှော်လင့်ချက် ပိုရှိလေလေပါပဲ..။

ကလေး အခြေအနေ က ကယ်လို့ မရတော့ဘူးလို့ ပြောသွားတဲ့ ဒေါက်တာဟာ..ကြောင်အနေခဲ့တယ်..။

ယင်းနောက် သူ လက်မထောင်ပြလိုက်ပြီး..

"ကျေးဇူးပါ..ကြည့်ရတာ ငါ့ရဲ့ ဆုံးဖြတ်ချက်တွေက အလျင်စလိုဖြစ်လွန်းနေတယ် ထင်တယ်.."

လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး..

"ဆက်ပြီး ကယ်ကြရအောင်..ပြသနာ တစ်ခုခုရှိရင်သာ ငါ့ကိုပြော.."

ဒေါက်တာဟာ..ဒါကို ကြားတဲ့ အချိန်မှာ ဒေါသမဖြစ်ပေ..။သူ ပိုပြီးတောင် အားတက်လာခဲ့ ပါတယ်..။

"ကောင်းပြီ.."

လင်းဖန် ပြောတာကို သူနားလည်ပါတယ်..။သူကယ်တင်ဖို့ ယုံကြည်ချက်မရှိရင်..လူနာကို ဒီဒေါက်တာ ဆီလွှဲပေးလိုက်ယုံပါပဲ..။

ဘေးနားမှာ ရှိနေတဲ့ လူတွေရော လူနာရှင်တွေရော ​ေကြာင်အနေခဲ့ ကြတယ်..။

"ကြည့်..သူ နောက်တစ်ယောက်ကို ကူညီလိုက်ပြန်ပြီ.."

"ကလေးသေသွားပြီ မဟုတ်ဘူးလား..။့အခုတော့ အဆင်ပြေသွားပြီ ဆိုပဲ.."

"သူက နတ်ဘုရားလို ဒေါက်တာ တစ်ယောက်ပဲ..။အရမ်းကို ကျွမ်းကျင်လွန်းတယိ.."

ရဲတွေဟာ..ဒီကို ရောက်လာကြပေမယ့်..တစ်ခြား မဆိုင်တဲ့လူတွေ အနားမကပ်အောင်သာ ကူညီတားဆီးပေးနေကြပါတယ်..။သူတို့က ဒေါက်တာတွေ မဟုတ်တဲ့ အတွက်လူနာတွေကို မကယ်တင်နိုင်ပဲ..လုပ်ထုံး လုပ်နည်းအတိုင်း လုပ်ပြီး..ဒေါက်တာတွေ နေရာလွတ် ရအောင် ကူညီပေးနေကြပါတယ်..။

"ဒေါက်တာ..ဒီလူနာကို ကျုပ် မနိုင်တော့ဘူး..။သူက သွေးထွက်တာ လွန်နေပြီ..ပြီးတော့ နှလုံးလဲ ရပ်တန့်သွားပြီ.."

လငိးဖန် ရှေ့ကို တက်သွားပြီး..။

"တစ်ခြားလူနာ ဆက်ကြည့်..။ဒီလူနာကို ငါနဲ့ထားခဲ့လိုက်.."

အစောက ဒေါက်တာဟာ..ဒီလူနာကို ဘယ်လိုမှ မကယ်နိုင်တော့ပါဘူး..။ကားတိုက်တိုက်ချင်းဆို သူကယ်နိုင်သေးပေမယ်..အခုကတော့..သွေးထွက်လွန်နေပြီး ကုသဖို့ နောက်ကျသွားခဲ့ပါပြီ..။

တစ်ခြားလူတွေ မတတ်နိုင်ပေမယ့် လင်းဖန် မကုနိုင်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး..။စွယ်စုံကျမ်းရဲ့ အကူအညီသာ မရှိရင်...ဒီလို ကူသမူတွေကြောင့် သူ့ရဲ့ ခွန်အားတွေ အများကြီး ကုန်ဆုံးမှာပါ..။

စွယ်စုံကျမ်းက ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ ကူညီနိုင်တာလဲ သူလည်း မသိတော့ပါဘူး..။

ဒါက ငါ့ကို အင်မော်တယ်..စွမ်းအင်တွေလို မျိုး ပေးတာ ဖြစ်နိုင်မလား...

အချိန်တွေ ဖြည်းဖြည်းချင်းကုန်သွားခဲ့တယ်..။

လင်းဖန် တစ်ခြား ဒေါက်တာတွေ လက်လျော့တဲ့ လာနာ ဆယိယောက်ကျော်လောက်ကို ကုသပေးခဲ့ပါတယ်..။

သူတို့ ဆက်ရုံမှာ ဆကိကုသခံကြမှာ ဖြစ်ပြီး..ဘာပြသနာမှ မဖြစ်နိုင်ကြတော့ ပါဘူး..။

သို့ပေမယ့်..ကံဆိုးချင်တာက ဆေးရုံးကို..မရောက်ခံလမ်းမှာ သေဆုံးသွားတဲ့ လူရှိနေခဲ့တာပါ..။အဲတာကတော့ ဒဏ်ရာတွေ အများကြီးရနေတဲ့ ဒါရိုက်ဘာ ပါပဲ..။

လင်းဖန်သာ အချိန်မှီတွေ့ရရင် ကူညီနိုင်မှာ ဖြစ်ပေမယ့်လည်း..အခုတော့ သေသွားတာ ကြာပြီဖြစ်တဲ့ အတွက် ဘာမှ မတတ်နိုင်တော့ပေ..။

လူအုပ်ကြီးဟာ..လက်ခုတ်တီးကာ..ဂုဏ်ပြုနေကြပြီး..ဒေါက်တာတွေကတော့ ကြမ်းပြင်မှာ မောပန်းနေကြပါပြီ..။နောက်ဆံူးတော့ သူတို့ အခြေအနေကို ထိန်းချုပ်မူအောက် ရောက်​ေအာင် ပို့နိုင်ခဲ့တာပါ..။

ယင်းနောက် ဒေါက်တာတွေဟာ..ဘယ်ကမှန်း မသိတဲ့ နတ်ဘရား ဆန်တဲ့ ဒေါက်တာကို လှမ်းကြည့်လိုက်ကြပါတယ်..။

တကယ်လို့ ဒိီဒေါက်တာ သာ မရှိရင် သေဆုံးသူ အတော်များမယ် ဆိုတာကို သူတို့ သိထားကြပါတယ်..။

သတင်းထောက်တွေဟာ..အရာရာကို မှတ်တမ်းတင်နေရင်း လင်းဖန်ကို ကြည့်လိုက်ကြတယ်..။

လင်းဖန်ကတော့ ဖြည်းဖြည်းချင်း အပြင်ဘက်ကို ရွှေ့နေပြီး..ချက်ချင်းထွက်ပြေးဖို့ ပြင်ဆငိနေခဲ့တာပါ..။

"ဒေါက်တာ.."

ရဲအရာရှိ တစ်ယောက်ဟာ..လင်းဖန်ကို နှုတ်ဆက်လိုက်တယ်..။

လင်းဖန် ဒါကိုကြားတဲ့ အချိန်မှာ ချက်ချင်း နောက်လှည့်ပြီး ထွက်ပြေးပါတော့တယ်..။

ရဲအရာရှိဟာ..ကြောင်အသွားခဲ့တယ်..။သူက နှုတ်ဆက်ရုံပဲ ရှိသေးတယ် ဒီဒေါက်တာက ထွက်ပြေးသွားခဲ့တာပါ..။

"အမြန် သူ့နောက်လိုက်လိုက်..။ဒေါက်တာက အရေးကြီးတာ တစ်ခုခု လုပ်စရာ ကျန်နေသေးလို့ ထင်တယ်..။ငါတို့ ကူညီပေးရမယ်.."

"သိပါပြီ.."

ရဲအရာရှိတွေဟာ..ပြေးလိုက်သွားကြပြီး..သတင်းထောက်တွေပါ လိုက်သွားခဲ့ကြပါတယ်..။

လင်းဖန် ပြေးနေရင်း ..နောက်ကို ပြန်လှည့်ကြည့်လိုက်တယ်..။

ချီးပဲ သူတို့ ငါ့နောက်ကို တကယ်လိုက်လာတယ်....

"ဒေါက်တာရေ..ခနလေးစောင့်ပါဦး.."

ရဲတွေဟာ လှမ်းအော်လိုက်တာပါ..။

"မင်း နှမကြီးကို စောင့်ခိုင်းပါလား..ငါက မင်းတို့ဆီက ထွက်ပြေးလာတာလေ.."

သို့ပေမယ့် ဆေးရုံ အပြင်ကို ရောက်သွားတဲ့ အချိန်မှာ..လင်းဖန် မထင်မှတ်ထာတာ ဖြစ်လာခဲ့တယ်..။ရဲအရာရှိတွေက..သူ့နောက်ကနေ မော်တာ ဆိုင်ကယ် တွေိနဲ့ လိုက်လာကြပြီ..အရှိန်လည်း အရမ်းမြန်ကြပါတယ်..။

All Chapters