← Chapters

ဒီလောက် မရိုးရှုင်းဘူး....

Vol. 25 Ch. 365

ဒီလောက် မရိုးရှုင်းဘူး....

Vol. 25 Ch. 365

#ဘာသာပြန် = စနိုးဝှိုက်

လျှပ်စစ်ဆိုင်ကယ်တွေ..ဟာ သူ့နောက်ကနေ လိုက်လာခဲ့ပါတယ်..။ရဲအရာရှိတွေဟာ.. နတ်ဘုရား ဆန်တဲ့ ဒေါက်တာက ဘာလို့ ဒီလောက်တောင်အသက်လုပြီး..ပြေးသလို ပြေးနေတာလဲ နားမလည်ကြတော့ပါဘူး..။သူက တစ်ခုခု လုပ်စရာ ရှိတာ ..ဒါမှမဟုတ် နောက်ထပ် ဆေးရုံတစ်ခုမှာ ခွဲစိတ်စရာ ရှိတာ ဖြစ်နိုင်ပါတယ်..။

"ဒေါက်တာ လေး..ရပ်ပါဦး...။ဘယ်ကို သွားမလို လုပ်နေတာလဲ..ကျွန်တော် တို့ကို ပြောလေ.လိုက်ပို့ပေးမှာပေါ့.."

ရဲအရာရှိဟာ အော်လိုက်တာပါ..။တစ်ချိန်တည်းမှာပဲ..ဒီဒေါက်တာက ဘာလို့ အဲလောက်တောင် မြန်နေတာလဲ ဆိုတာ သိချင်နေခဲ့ကြတယ်..။လျှပ်စစ်ဆိုင်ကယ်တွေဆိုတာ..သေချာ ထုတ်လုပ်ထားတာ ဖြစ်ပြီး..ပုံမှန် ထက်ပိုမြန်တယ် လို့ ပြောလို့ရပါတယ်..။သို့ပေမယ့် ဒါ​တောင် ..သူတို့ ဒီထူးဆန်းတဲ့ ဒေါက်တာ အနား မရောက်ကြသေးပါဘူး..။

သတင်းထောက်တွေလည်း..လျှပ်စစ်ဆိုင်ကယ်တွေစီးပြီး နောက်ကနေ လိုက်နေခဲ့ကြတယ်..။ကင်မရာတွေကို အရှေ့ကို ချိန်နေခဲ့ကြပါတယ်..။

"အမြန်..မြန်မြန်လေး.."

"ညီအစ်ကို ကျုပ်လည်း အမြန်ဆုံးနှုန်းနဲ့ မောင်းနေတာပဲလေ.."

"ငါတို့ တစ်ချကိမှတောင် မရိုက်ရသေးဘူး.."

သတင်းထောက်တွေဟာ စိတ်ပူနေကြပြီး ဘာလုပ်ကြမလဲ မသိကြတော့ပါဘူး..။လူတစ်ယောက်က ဘာလို့ ဒီလောက် မြန်မြန် ပြေးနိုင်နေရတာလဲ..။သူ ဆေးတစ်ခုခု များ စားထားတာလား..။

လင်းဖန် ကြောင်အနေခဲ့ပါပြီ..။

ဘာတွေဖြစ်နေတာလဲ....။ဒီလူတွေ ရူးများ နေတာလား..။ဘာလို့ ငါ့နောက်ကို အတင်းလိုက်နေကြတာလဲ....။

သူ အဖမ်းခံရလို့ မဖြစ်ပါဘူး..။မဟုတ်ရင် သူ ကျိန်းသေ စစ်ဆေးခံရမှာဖြစ်ပြီး..မစ်ရှင်ကြန့်ကြာသွားပါလိမ့်မယ်..။

"ငါ့နောက်ကို ဘာလို့ လိုက်ဖမ်းနေတာလဲ..။ငါ တစ်ခုခု လုပ်စရာ ရှိသေးတယ်..."

လင်းဖန် အော်လိုက်တာပါ..။

ရဲအရာရှိဟာ..ပြောလိုက်တယ်..။

"ဒေါက်တာလေး..ငါတို့မင်းကို လိုက်ဖမ်းနေတာ မဟုတ်ပါဘူး..။ကျေးဇူးပြုပြီး ရပ်လိုက်ပါ..ငါတို့ မင်းသွားချင်တဲ့ နေရာကို လိုက်ပို့ပေးမှာပေါ့.."

နောက်မှာ ရှိနေတဲ့ ရဲအရာရှိဟာ ပြောလိုက်တယ်..။

"မြန်မြန်မောင်း..."

"ဒါက အမြန်ဆုံးနှုန်းပဲလေ.."

ဒါရိုက်ဘာဟာ ပြောလိုက်တာပါ..။

"ချီးပဲ.ဘယ်လိုဖြစ်နိုင်မှာလဲ..။ငါတို့ရဲ့ အမြန်ဆုံးနှုန်းက..၁ နာရီကို ၅၀ ကီလိုမီတာလေ.."

"ဘယ်သူ သိမှာလဲ..ဒီဒေါက်တာကကို အရမ်းမြန်နေတာလေ..။ဒီ ဆိုင်ကယ်တွေကပဲ ပြသနာဖြစ်​ေနတာများလား..။အမြန်နှုန်းအကုန်တငိပြီး..မောင်းတာတောင် သူ့ကို မမှီသေးဘူး.."

…

လင်းဖန် နောက်လှည့်ကြည့်လိုက်တဲ့ အချိန်မှာ ရဲအရာရှိတွေဟာ..သူ့နောက်ကို လိုက်နေတုနိး ပါပဲ..။သူ လွှတ်မြောက်ဖို့ နည်းလမ်း တစ်ခုကို တွေးလိုက်တယ်..။ယင်းနောက် သူ ဘေးဘက်ကို ကြည့်လိုက်ပြီး..နံရံ အနည်းငယ်ကို ခုန်ကျော်လိုက်ပါတယ်..။သူလမ်းတစ်ဖက်ခြမ်းရဲ့ လမ်းကြားထဲကို ပြေးဝင်သွားတဲ့ အချိန်မှာ တော့ ရဲအရာရှိတွေ မြင်ကွင်းထဲက ပျောက်ကွယ်သွားခဲ့ပါပြီ..။

လငိးဖန် တစ်နေရာရာမှာ..ဝင်ပုန်းပြီး ပြုံးနေခဲ့တယ်..။ရဲအရာရှိတွေ ပြန်သွားတာနဲ့ဒီပြသနာက ပြီးဆုံး သွားမှာပါ.. ။

"ဆာ..ကျုပ်တို့ မျက်ခြေပြတ်သွားပြီ..။ဆရာဝန်ကို မတွေ့တော့ဘူး.."

ဆေးရုံတွင်..။

"တစ်ယောက်ယောက်မျာ..အဲဒိီ ဒေါက်တာကို မှတ်မိကြသေးလား.."

ရဲအရာရှိဟာ မေးလိုက်တာပါ..။

သူနာပြုမလေးတွေနဲ့.ဒေါက်တာတွေဟာ..တသ်ဟောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ခေါင်းခါယမ်းလိုက်ကြတယ်..။

"ကျွန်တော်တို့..သူ့ကို မသိဘူး.."

ဘေးနားက လူအုပ်ကြီးဟာ ပြောလိုက်ပါတယ်..။

"သူက လတ်တလော သတင်းတွေထဲမှာ ကါနေတဲ့ နတ်ဘုရား ဒေါက်တာ ဖြစ်နိုင်မလား..။သူက နန်ချင်မှာ ပေါ်လာပြီး..ပြေးတာကလည်း အရမ်းမြန်တယ်လေ..။ပြီးတော့ ပျောက်ကွယ်သွားတယ်.."

"ဟုတ်တယ် သူပဲဖြစ်ထမယ်..။သူက မျက်နှာကိုအုပ်ထားပြီး ကျွမ်းကျင်မူတွေက လည်း အရမ်းကောင်းမွန်တယ်လေ..။သူ ကုသတဲ့ လူတိုင်း ကောင်းသွားတာ ချည်းပဲ..။ငါတော့ သူပဲဖြစ်မယ် ထင်တယ်.."

မြို့သားတွေဟာ ဒီကိစ္စ ကို သေချာ ဆွေးနွေး နေ ခဲ့ကြပါတယ်..။

နောက်တစ်ရက်..။

ဟန်ကျိုးရဲ့ သတင်းဌာနတွေဟာ..မနေ့က အဖြစ်အပျက်ကို သတင်းတွေထဲမှာ ထည့်သွင်း ပြောပြလာခဲ့ကြပါတယ်..။တစ်ချိန်တည်း မှာပဲ ထူးဆန်းတဲ့ ဒေါက်တာဟာ အင်တာနက်ပေါ်မှာ ကျော်ကြားလာခဲ့တယ်..။

သူ့အကြောင်းကို ရေးထားတဲ့ ပိုစ့်တွေ အများကြီး ရှိနေခဲ့ပါတယ်..။

"မနေ့က ကားအကြီးကြီး နှစ်စီး တိုက်မိတဲ့ မတော်တဆမူကြောင့် ထိခိုက်မိတဲ့ လူတွေ အများကြီး..ဟန်ကျိုး မှာ ရှိတဲ့..ဆေးရုံကို ရောက်သွားခဲ့ကြတယ်...။အခြေအနေက အတော် ဆိုးရွားပြီး လူအများကြီး ပြင်းထန်တဲ့ .ဒဏ်ရာတွေ ရခဲ့ကြတယ်လေ..။ ဒေါက်တာတွေနဲ့..သူနာပြုတွေ ဆိုရင် အရမ်းကို စိတ်ပူပြီး အလုပ်များခဲ့ကြတာ..။အဲ့အချိန်မှာပဲ..mask တပ်ထားတဲ့ ဒေါက်တာ တစ်ယောက်က ရုတ်တရက် ပေါ်လာခဲ့တယ်..။သူ့ရဲ့ ကျွမ်းကျင်မူတွေက အံ့မခန်းပဲ..ဆေးရုံက ဆရာဝန်တွေ လက်လျော့လိုက် တဲ့ လူနာ ဆယ်ယောက်ကို ကုသပေးခဲ့တယ်..။ငါ လူအုပ်ထဲမှာ ကြည့်နေပြီး ကြောင်အနေခံတာပေါ့..။ပြီးတော့..နတ်ဘုရား ဒေါက်တာက ထွက်ပြေးသွားတယ်..ရဲတွေ သူ့ကို လိုက်ဖမ်းပေမယ့် လည်း ဘယ်လိုမှ ဖမ်းလို့ မရကြဘူးလေ..။ငါတို့ သိသလောက်တော့..သူက ဆူကျိုး..ဟန်ကျိုးနဲ့ နန်ချင် တို့ကို သွားပြီးသွားပြီ ..သူ ဘယ်ကို ထပ်သွားမလဲ ဆိုတာ ဘယ်သူသိနိုင်မှာလဲ.."

ဒီပိုစ့်ကို ကြိုက်နှက်သက်တဲ့ သူဟာ သိန်းထောင်ချီ ရှိပြီး..ပြန်​ဖြေကြတဲ့ လူတွေဟာလည်း အများကြီးပါ..။

"ချီးပဲ ဒါအမှန်ပဲလား..။သူက နတ်ဘုရား ဒေါက်တာ လား.။သူက ဘာလို့ ထွက်ပြေးတာလဲ.."

"ငါလည်း ဒါကို မစဥ္းစားနိုင်တော့ဘူး.။ငါ သတင်းတွေ တက်လာတိုင်း ဖတ်ကြည့်တာ..သူ ဘာလို့ ထွက်ပြေးနေတာလဲ နားမလည်နိုင်ဘူး.."

"အကြောင်းပြချက် အနည်းငယ်တော့ ရှိတယ်..။၁ အချက်..သူက ရုပ်ဆိုးလို့..။ ၂ အချက် ..သူက နိမ့်ချပြီးနေ ချင်လို့..။ ၃ အချက်..သူက ဒေါက်တာ မဟုတ်ပဲ ဟန်ဆောင် နေရတာ..။ ၄ အချက်.. သူ့မှာ ဆေးလက်မှတ် မရှိဘူး..။ ၅ အချက်..သူက ရူးနေတာ.."

"ငါထောက်ခံတယ် + 1"

"ငါထောက်ခံတယ် + 2 "

"ငါထောက်ခံတယ် + 3"

လူအများကြီးဟာ ဆွေးနွေးနေကြပါပြီ..။

နန်ချင်ရဲ့ ရဲဌာနတွင်..။

"စစ်ဆေးရေးမှုးယန် နောက်ထပ်သတင်း တစ်ခု တက်လာပြီ..။ဟန်ကျိုးက ဆေးရုံကြီးမှာ ထပ်ဖြစ်ခဲ့တာ..ဒီတစ်ခါလည်း..နတ်ဘုရား.ဆရာဝန်ပဲ ဖြစ်လိမ့်မယ်..။ဒါပေမဲ့ သူပဲ လို့ပြောဖို့ သက်သေတော့ မရှိဘူး.."

စစ်ဆေးရေးမှုးယန် ..မျက်မှောင်ကျုတ်လိုက်တယ်..။

"ဒါက ထူးဆန်းတယ်..။ဘာလို့ နတ်ဘုရား ဒေါက်တာက ထွက်ထွက် ပြေးနေတာလဲ.."

ရဲအရာ ရှိဟာ ပြန်ပြောလိုက်တယ်..။

"မစဥ္းစားတတ်တော့ဘူး.."

စစ်ဆေးရေးမှုးယန်ဟာ သူ့မှာ ရှိတဲ့ အကန့်အသတ် အချက်အလက်နဲ့ ရုပ်ပုံမူကြမ်းကို ကြည့်လိုက်ပြီး..

"သွား..ဒီအချက်အလက်တွေနဲ့ လူဘယ်နှစ်ယောက်က..တူနေလဲ ကြည့်ကြည့်လိုက်.."

"ကောင်းပါပြီ.."

.

သိပ်မကြာခင်မှာပဲ ရဲအရာရှိ ပြန်ရောက်လာခဲ့ပါတယ်..။

"ဆာ..အ​ဖြေထွက်လာပြီ..စုစုပေါင်း..၁၁၈၆၀ယောက် ရှိတယ်.."

စစ်ဆေး​ေရးမှုး ယန် ခေါင်းခါယမ်း လိုက်တယ်..။

"အရမ်းခက်ခဲလွန်းတယ်..။အရေးကြီးဆံူး အချက်က ပြေးတာ မြန်တာကို ထည့်တွက်မှရမယ်..။ဒါပေမဲ့ ဒါလည်း ခက်ခဲနေတုန်းပဲ.."

ရပ်အနည်းငယ် ကြာပြီးနောက်..။

အင်တာနက် ပေါ်မှာ..ပွက်လောရိုက် နေကြပါပြီ..။ဟန်ကျိုး မှာ ပေါ်လာတဲ့.နတ်ဘုရား ဒေါက်တာက နောက်ထပ် မြို့နှစ်မြို့မှာပါ..ပေါ်လာခဲ့တာပါ..။

သူက ကျန်တဲ့ မြို့နှစ်မြို့မှာလည်း လူတွေ အများကြီး ကို ကယ်တင်ခဲ့ ပါတယ်.။လူအများကြီးက ဒီ ဒေါက်တာ ဘယ်သူလဲ ဆိုတာ သိချင်နေကြပေမယ့် ဘယ်သူမှ မသိနိုင်ခဲ့ ပါဘူး...။

စစ်ဆေးရေးမှုးယန် နဲ့ သူ့အဖွဲ့မှာ အချက်အလက်အချို့ ရှိပေမယ့်လညိး..ဒါက မလုံလောက်သေးဘူးလို့ ပြောရမှာပါ..။စုံစမ်းစစ်ဆေးဖို့က အချိန်ယူရမှာ ဖြစ်တာကြောင့် ..သူတို့..သိပ်ပြီး မတိူးတက် ကြပေ..။

ဆေးရုံကြီး ငါးခုကတော့...ဒီ ဒေါက်တာကို ကြိုးစားရှာဖွေနေကြပြီး..သူတို့ ဆေးရုံမှာ အလုပ်ခန့်ချင်နေကြပါတယ်..။

အဲ့အချိန်မှာတော့ နေရာတစ်ခုတွင်..။

လင်းဖန် စိတ်ရှည်ရှည် စောင့်နေခဲ့တယ်..။

"မစ်ရှင်က မပြီးသေးတာလား..။ငါ မြို့ငါးမြို့ကို သွားပြီးသွားပြီလေ.."

"ငါ ရှန်ဟိုင်းကို မပြန်ရသေးလို့..မစ်ရှင် မပြီးမြောက်သေးတာလား.."

ယင်းနောက်လင်းဖန် ရှန်ဟိုင်းကို ပြန်ဖို့ လက်မှတ်ဖြတ်လိုက်တယ်..။သူ ဒီမစ်ရှင်ကို လုပ်ဖို့ အဝေးကြီးတွေကို ခရီးထွက်ခဲ့ရတာပါ...။သူ လူတွေ အများကြီး လိုက်တာ ခံခဲ့ရပေမယ့် လည်း..ဘယ်သူမှ..ဖမ်းမမိ နိုင်ခဲ့ကြပါဘူး.။

ရှန်ဟိုင်း ဘူတာရုံတွင်..။

လင်းဖန် အသက်ပြင်းပြင်း ရူပြီး မစ်ရှင်ပြည့်မြောက်ဖို့ကို စောင့်နေခဲ့ပါတယ်..။

သို့ပေမယ့် အသံမှ မြည်မလာခဲ့ ပေ..။

ချီးပဲ..ဘာလို့ ဒီလို ဖြစ်နေတာလဲ..။ငါ့ကို တကယ် သေတဲ့အထိ အလုပ်လုပ်စေချင်တာလား...။

လင်းဖန် စွယ်စုံကျမ်းကို အနီးကပ်ကြည့်လိုက်ပါတယ်..။

"မစ်ရှင် : နေရာအတည်တကျ မရှိတဲ့ ဒေါက်တာ တစ်ယောက်ဖြစ်လာပြီး..မြို့ငါးမြို့မှာလူတွေကို ကယ််ဆယ်ကာ..ဆေးပညာကို လေ့ကျင့်ပါ."

လင်းဖန် အချိန်အတော်ကြာတွေးနေခဲ့တယ်..။စွယ်စုံကျမ်းက..သဘောကောင်းပေမယ့်လည်း

စကားလုံးတွေနဲ့ လှည်ပတ်ကစားတတ်တာ သိလိုက်ပါပြီ..။

အချိန်အတော်ကြာတွေးပြီးနောက်မှာ ဆယ်ခုမြောက် မစ်ရှင်က ပြည့်ဖို့ မလွယ်ကူဘူးဆိုတာ လင်းဖန် နားလည်လိုက်တယ်..။

အဓိက အသိပညာ အခန်းဖြစ်တာ​ေကြာင့်..အကိုင်းအခွဲ အသိပညာနဲ့ မတူပါဘူး..။မစ်ရှင်က အဲလောက် မရိုးရှင်းပေ..။

ကြည့်ရတာ သူစိတ်ရှည်ရှည်နဲ့ ဆက်လုပ် ရဖို့ပဲ ရှိပါတော့တယ်..။

All Chapters