အထိမ်းအမှတ် နေ့...
Vol. 25 Ch. 366
#ဘာသာပြန် = စနိုးဝှိုက်
တိမ်ဖြူလမ်း...။
"သူဌေးလေး ပြန်လာပြီ.."
"အချိန်အကြာကြီး ပျောက်ကွယ်နေတဲ့ သူဌေးလေးနောက်ဆုံးတော့ ပြန်လာပြီပေါ့.."
ဆိုင်ပိုင်ရှင်နဲ့..မြို့သားတွေဟာ..သူဌေးလေးကိုပြန်တွေ့လိုက်ရတဲ့ အတွက် ခံစားနေကြရပါတယ်..။သူဌေးလေး ပျောက်ကွယ်သွားကတည်းက သူတို့..မှောဆန်တဲ့ ပန်ကိတ်ကို ရနံ့တောငိ မခံကြရတော့ပါဘူး...။
"ဝုတ် ..ဝုတ်"
အကြီးအကဲ ခွေး နီကိုးလပ်..အမြီးလေးယမ်းကာ..ရှေ့ကို တက်လာခဲ့ ပါတယ်..။
လင်းဖန် အတွက်ကတော့ ခံစားချက် သိပ်မကောင်းပါဘူး..။သူ အချိန်အကြာကြီး ခရီးထွက်ခဲ့ ပေမယ့်လည်း..မစ်ရှင်ဟာ..မပြည့်မြောက်သေးပေ..။ယင်းနောက် သူ ဖြည်းဖြည်းချင်း လုပ်ဖို့သာ ဆုံးဖြတ်လိုက်ပါတော့တယ်..။
"ဟေး..ဘော်ဒါတို့..မတွေ့တာတောင် ကြာပြီ.."
လင်းဖန် လက်ဝေ့ပြပြီး.ပြုံးကာ နှုတ်ဆက်လိုက်ပါတယ်..။အချိန်အကြာကြီး မတွေ့ဖြစ်တော့..သူလည်း အနည်းငယ် သတိရမိတာပါပဲ..။
ဆိုင်ပိုင်ရှငတွေ ထဲမှာ ရှိနေတဲ့ အကြီးအကဲ ကျန်းဟာမေးလိုက်တယ်..။
"သူဌေးလေး..ဘယ်နေ့ ရောက်တော့မယ် ဆိုတာရော မှတ်မိလား.."
လင်းဖန် ပြုံးလိုက်တယ်..။
"ကျုပ်ဘယ်လို မေ့နိုင်မှာလဲ..။လတစ်လရဲ့ ၂၀ ရက်နေ့က တိမ်ဖြူလမ်းရဲ့ အထိန်းအမှတ်နေ့လေ..။ပြင်ဆင်ထားကြရအောင်.."
"ဟားးဟား..ငါတို့လည်း ဒီနေ့ကို စောင့်နေကြတာ ကြာပြီ.."
အကြီးအကဲ ကျန်း ရယ်မောပြီး ပြောလိုက်တာပါ..။လူတိုင်းလည်း..သူ့လိုပဲ ဒီနေ့ကို စိတ်လှုပ်ရှားပြီး စောင်နေခဲ့ကြ ပါတယ်..။သူတို့ စည်းလံူးမူကိုပြနိင်သလို..အဓိပ္ပါယ်ရှိတဲ့..အ ရာကိုလည်း လုပ်နိင်မှာပါ..။ဒါက ခဲ တစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်သလို ပါပဲ..။
ဝူယူလန်ဟာ..ဆိုင်ထဲကနေ ထွက်လာပြီး လင်းဖန်ကို..ညှင်သာတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်..။သူမ လင်းဖန်ကို မမြတာ အတော်ကြာပြီ ဖြစ်တဲ့ အတွက်လွမ်းနေခဲ့ပါပြီ..။
"ဝိုး.."
ဝူယူလန် လင်းဖန်ကို ရုတ်တရက် ဖက်လိုက်တဲ့ အချိန်မှာ ဘေးနားက လူတွေဟာ..ထူးဆန်တဲ့ အသံတွေ လုပ်လိုက်ကြပါတယ်..။
"ညီအစ်ကို လင်း..ကျုပ်တို့လည်း လွမ်းနေကြတာနော်.."
"မင်းက ငါ့ကို အသားယူ ချင်နေတာပဲ ဖြစ်မယ်.."
လင်းဖန် ပြုံးပြီး ပြောလိုက်တာပါ..။
"တကယ်တော့..ငါလည်း ..မင်းကို လွမ်းပါတယ်.."
လူလိမ်ထျန် လင်းဖန်ကို သံသယဖြစ်စွာ ကြည့်လိုက်ပြီး..
"ငါတို့ ခနနေ စကားပြောကြရဦးမယ်.."
သူတို့ လင်းဖန် ဘာသွားလုပ်မှန်း မသိကြပေမယ်..သတင်းတွေ ကြည့်ပြီးနောက် မှာ လူနာတွေကို သွားပြီးကုသမှန်း သိ သာလှပါတယ်..။
ဒီငနဲက ဘယ်တုနိးက ဆေးကုတတ်သွားရပြန်တာတုန်း....။
နတ်ဘုရား ဒေါက်တာ..။
မရေမတွက်နိုင်တဲ့ လူတွေ အများကြီးဟာ..နတ်ဘုရား ဒေါက်တာက ဘယ်သူလဲ လိုက်ရှာနေကြပေမယ့်..သူမှန်း မသိကြပါဘူး..။
ဝူယူလန် လင်းဖန်ကို လွှတ်လိုက်ပြီး ပြုံးပြလိုက်တယ်..။
"ငါတု့ိ နင့်အကြောင်းကို သတင်းမှာ ဖတ်ရတယ်.."
"အာ..အကျယ်ကြီး မပြောနဲ့လေ..။ငါ..နိမ့်ချပြီး နေမှရမယ်.."
လင်းဖန် ငြင်သာစွာ ပြောလိုက်ပါတယ်..။ဒီကိစ္စက နည်းနည်း ရှုပ်ထွေးပြီး..လူတွေ သိသွားကြရင်..ဘယ်လို..ဖြေရှင်းရမလဲ မသိသေးပါဘူး..။
ဝူယူလန် ခေါင်းညိ်မ့်ပြလိုက်တယ်..။
"စိတ်မပူနဲ့ ငါတို့ဘယ်သူ့ကိုမှ မပြောထားပါဘူး..။ဒါပေမဲ့ အဲတာက အမှန်ပဲလား.."
လင်းဖန် ဆန်းကျယ်စွာ ပြုံးလိုက်ပြီး
"ဘယ်လို ထင်လို့လဲ."
…
ကျောက်ကျန်းယန်ဟာ .. အမြနိပြောလိုက်ပါတယ်..။
"အားလုံးပဲ..မာစတာ လင်း ပြန်လာပြီ ဆိုတော့..အရင်ကလို ပြန်စည်ကား တော့မယ်.."
လင်းဖန် ကျောက်ကျန်းယန်ရဲ့ ကင်မရာ ဖုန်းကို လက်ဝေ့ယမ်း ပြလိုက်ပါတယ်..။သူ ဒီတစ်ခေါက် တော်တော် ပင်ပန်းခဲ့ပေမယ့် လည်း မြို့ငါးမြို့ကို သွားပြီး..လူတွေ ကယ်တင်နိုင်ခဲ့တာပါ..။ဒီခံစားချက်တွေ ဆိုတာက စကားလုံးနဲ့..ဖော်ပြလို့ မရနိုင်ပါဘူး..။
ဆိုင်ထဲတွင်.။
လူလိမ် ထျန် ပြောလိုက်တယ်..။
"မင်း အကြီးကြီး လူပ်ထားတာပဲ...။သတင်းလည်း ဖတ်ကြည့်လိုက်ဦး..လူတွေ အများကြီးက မင်းဘယ်သူလဲ သိချင်ပြီး ရှာဖွေနေကြတယ်..ပြီးတော့ ရဲတွေရောပဲ..။တကယ်လို့ သူတို့ကသာ မင်းမှန်း သိသွားရင် ငါတို့ဆိုင်တော့ ပြသနာ ပဲ.."
လငိးဖန် ကျောက်ကျန်းယန်ကို ကြည့်လိုက်တဲ့ အချိန်မှာ ကျောက်ကျန်းယန် ခေါင်းညိမ့်ပြီး ပြန်ဖြေလိုက်ပါတယ်..။
"တိုက်ရိုက် ထုတ်လွင့်မူ ပိတ်ပြီးသွားပြီ.. "
"ကျွန်ျတာ် အဲတာကို အခု ပြောမှာမဟုတ်ဘူး..။ဘာပြောရမှန်းလဲ မသိဘုး..။ဒီတိုင်းဖုံးကွယ်ထားပြီး..ဘယ်သူမှ မပြောပဲ နေရအောင်.."
လူလိမ် ထျန်ပြန်ပြောလိုက်တယ်..။
"တကယ်တော့.ငါတို့ ဆေးခန်းပြောင်းဖွင့်ရမယ် ဆိုရင်တောင် ဆိူးရွားတဲ့ အရာတစ်ခု မဟုတ်ပါဘူး..။ထပ်ပြောရရင် အခုချိန်မှာ ငါ ဆေးရုံတစ်ခုဖွင့်ဖို့ ယုံကြည်မူတွေ ရှိနေတယ်.."
လင်းဖန် ပြုံးလိုက်တယ်..။
"ဘာလို့လဲ ခင်ဗျား ခံခဲ့ရလို့လား.."
လူလိမ်ထျန် ခေါင်းညိမ့်လိုက်တယ်..။
"ဒါပေါ့..ငါ တုတ်ကွေးဖြစ်တုန်းက ဆေးရုံကိုသွားတယ်လေ..။ငါတို့က ငါ့သွေးကို စမ်းသပ်တယ်.ပြီးတော့ တစ်ခြား အရာတွေလည်း စမ်းသပ်သေးတယ်..။ငါ့ ရဲ့ ခုခံအားကောင်းမွန်မူနဲ့ ဖြတ်လပ်မူကြောင့်သာ မဟုတ်ရင် အဲ့မှာတင် ပိုက်ဆံ အတော်ကုန်မယ့် အပေါက်ပဲ.."
လင်းဖန် ပြုံးလိုက်တယ်..။
"ဒါက ခင်ဗျား တော်သွားလို့ပေါ့.။ကောင်းပြီ..အရေးမပါတာတွေ မပြောနဲ့တော့...ကျုပ်လည်း ကိုယ့်အခက်အခဲ နဲ့ကို ရှိနေတာ.."
"ကျုပ်ဒီမှာနေရင်း..ဆေးလက်မှတ်ရအောင် လုပ်ရမယ်..။အဲတာ မရှိရင် ပေါ်တင် ဆေးကုလို့မှ မရတာ.."
လူလိမ်ထျန် ပြုံးလိူက်တယ်..။
"အလျင်လို စရာ မလိုဘူး..။အခုမှ ၂၀ ရက်နေ့ပဲ ရှိသေးတယ်လေ..။ငါတစ်ခြားလူတွေကို..စူပါမားကပ်တွေမှာ.ကလေးတွေ အတွက်.စျေးဝယ်ဖို့ ပြောခိုင်းပြီးသွားပြီ..။မသန်စွမ်း ဂေဟာအတွက်ဆိုရင်..စျေးလျော့ပေးကြတယ်လေ.."
လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။
"ကောင်းပြီ..မနက်ဖြန် သွားကြရအောင်..။ကျုပ်တစ်ခြားလူတွေကိုပါ ပြောလို်က်မယ်.."
ဝီချပ် ဂရုတွင်..။
လင်းဖန် စာပို့လိုက်တယ်..။
"မနက်ဖြန် ၂၀ ရက်နေ့မှာ ကျွန်တော်တို့ နမ်ရှမ်း မသန်စွမ်း ဂေဟာ ကိုသွားကြမယ်..။လောင်းကြေးရှုံးထားတဲ့ လူတွေ မမေ့ကြနဲ့နော်.."
ခနအကြာမှာပဲ လူတွေ ပြန်ဖြေလာခဲ့ကြပါတယ်..။
ဟီချန်းဟန်.. " မာစတာ စိတ်မပူပါနဲ့..။ကျွန်တော် အစောကတည်းက ပြင်ဆင်ထားတာပါ..။ဒီမှာ အရုပ်တွေ ၂၀၀၀ လောက်ပြင်ဆင်ပေးထားတယ်.."
ဂျန်ယန်မင်.. " ကျုပ်လည်း လက်ဆောငိပြင်ဆင်ပြီထားပြီ..။ကလေး အဝတ်အစား ၁၀၀၀ အတိပဲ.."
"လက်တော့ အလုံး ၁၀၀ ပြင်ဆင်ထားတယ်..
"သင်ကြားရလွယ်ကူတဲ့ ပစ္စည်းတွေ ပြင်ဆင်ထားတယ်.."
ကျို့ကျို့.. "ရှင်တို့ရဲ့ လက်ဆောင်တွေက အရမ်းစျေးကြီးတာပဲ..။ကျွန်မတော့ မျက်နှာသုတ် ပုဝါတွေပဲ ပြင်ဆင်ထားတယ်.."
လီဟောင်.."ငါကတော့ စာအုပ်စင် တစ်ထောင်နဲ့ စာအုပ်တွေ ပြင်ဆင်ထားတယ်.."
လငိးဖန် ကြောင်အသွားခဲ့ပါတယ်..။
"ချီးပဲ ခင်ဗျားတို့က ပြင်ဆင်ပြီးကြပြီလား.."
ဟီချန်းဟန်.."ဟားဟား..ဘယ်လိုလုပ်မေ့နိုင်မှာလဲ.ကျုပ်တို့ မှတ်မိတာပေါ့..
"ကျေးဇူးပါ.ကျေးဇူးပါ..
လငိးဖန် ပြုံးနေခဲ့ ပါတယ်..။ဒီကိစ္စမျိူး ဆိုတာဟာ ပေါင်းစည်း လုပ်ကိုင်ရတာ ဖြစ်ပြီး တစ်ယောက်ထဲကို ပဲ အားကို နေလို့ မရပါဘူး..။
လင်းဖန်.. "ကောင်းပြီ မနက်ဖြန် တွေ့ကြရအောင်.."
*ကလင် ကလင်*
ဝမ်မင်ယန်ဟာ ဖုန်းခေါ်လာခဲ့တယ်.။
ဝမ်မင်ယန်.. "စာရွက်စာတမ်းတွေ အကုန်အဆင်သင့်ဖြစ်ပြီ..။အခုကျန်တာဆိုလို့ မင်းလက်မှတ်ထိူးဖို့ပဲ.."
လင်းဖန် အံ့ဩသွားခဲ့ပါတယ်..။
"မြန်လှချည်လား.."
ဝမ်မင်ယန် ရယ်မောလိုက်တယ်..။
"ဟားဟား..ဘယ်သူ စီမံနေ တာလဲ ကြည့်လိုက်လေ..။ဘယ် နှေးကွေးပါ့ မလဲ.."
လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။
"ကောင်းပြီ မနက်ဖြန် တွေ့ကြရအောင်...။ကျေးဇူး အများကြီး တင်ပါတယ်.."
ဝမ်မင်ယန် ပြောလိုက်တယ်..။
"မင်းက အရမ်းယဥ်ကျးနေတာပဲ..။ငါ မပျော်မရွှင်တောင် ဖြစ်သွားပြီ..။ဘာလိုကျေးဇူးတင်နေတာလဲ..ငါလည်း ဘဝမှာ အဓိပ္ပါယ်ရှိတာလေးတွေ လူပ်ရတာပေါ့.."
"ဟားဟား.."
သူတို့ အချိန်အတော်ကြာအောင် စကားပြောပြီး ဖုန်းချလိုက်ကြပါတယ်..။
နောက်တစ်ရက်..။
တိမ်ဖြူလမ်းဟာ လူတွေ ပြည့်နေခဲ့ပါပြီ..။ဆိုင်ပိုင်ရှင်တွေဟာ ဆိုင်တွေပိတ်ထားကြပြ လမ်းထိပ်မှာလည်း ကားတွေတန်းစီ ရှိနေခဲ့ကြပါတယ်..။
ပန်ကိတ်ဝယ်ဖို့ ချီတက်လာကြတဲ့ မြို့သားတွေဟာ ..ဒါကိုမြင်ပြီး ကြောင်အသွားခဲ့ကြတယ်..။ဘာတွေဖြစ်နေလဲ သူတို့ မသိကြတော့ပါဘူး..။