← Chapters

အောက်ခံဘောင်းဘီပဲ ချန်ထားလိုက်...

Vol. 25 Ch. 368

အောက်ခံဘောင်းဘီပဲ ချန်ထားလိုက်...

Vol. 25 Ch. 368

#ဘာသာပြန် = စနိုးဝှိုက်

ယောက်ျားလေး သရုပ်ဆောင်. ဂျင်ယန်ဟာ..လင်းဖန် အနားကို ရောက်လာပြီး..မောက်မာတဲ့ လေသံနဲ့ ပြောလာခဲ့ ပါတယ်..။

"မင်းတို့ ဘာလို့ ဒီလို ပြောနေကြတာလဲ..။ငါတို့ ဒီကိုကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ရောက်လာကြတာလေ..။လက်ဆောင်တွေ အများကြီး ပေးပြီး ..တောင်းဆိုမူ နည်းနည်းလေး လူပ်တာကို ဘာလို့ စကားတွေ အများကြီး ပြောချင်နေကြတာလဲ..။ငါတို့ နဲ့ ပူးပေါင်းတာက ..အဲလောက် အထိ အလုပ်ရှုပ်သွားစေလို့လား.."

လင်းဖန် သူ့ရှေ့က လူကို ကြည့်လိုက်တယ်..။အခုချိန်မှာ သူက စိတ်ကြည်နေခဲ့တာပါ..။

"မင်းက ' ကောင်းကင်ဘုံ ခုနှစ်ဆင့် ' အချစ်ဇာတ်လမ်းမှာ သရုပ်ဆောင် ခဲ့တဲ့ တစ်ယောက် မဟုတ်လား..။မင်းနာမည်က ဘယ်သူ..,"

"ဂျင်ယန်.."

"အိုး.."

လငိးဖန် ခေါင်းညိမ့်လိုက်တယ်..။

"ဒီတော့ မင်းက ဟန်အင်ပါယာ ရုပ်ရှင်ထုတ်လုပ်ရေးက သရုပ်ဆောင် တစ်ယောက်ပေါ့..။အဲ့ဇာတ်ကားမှာ သရုပ်ဆောင်တဲ့ လူတွေက ဥာဏ်ထိုင်းကြပေမယ့် ဇာတ်ရုပ်နဲ့အတော်လိုက် တယ်လို့ ငါခံစားရတယ်နော်.."

ဂျင်ယန် အစပိုင်းမှာ ဝမ်းသာနေပေမေယ့်..နောက်ပိူင်း ဥာဏ်ထိုင်းတယ်လို့ သူတို့ကို ပြောတာကို..သဘောပေါက်ပြီး..အမူအရာ ပြောင်းသွားခဲ့တယ်..။

"မင်းဘာကို ဆိုလို ချင်တာလဲ.."

"မင်း ဘာစကား ပြောတာလဲ.."

ဝန်ထမ်းတစ်ယောက်ဟာ ဝင်ပြောလာခဲ့တာပါ..။

ငယ်ရွယ်ပြီး လှပတဲ့ မင်းသမီး..တစ်ယောက်ဟာ ဘေးနားမှာ ရပ်နေရင်း ပြောလိုက်တယ်..။

"နင်က ဘာကောင်မိုလို့ ဝေဖန်နေရ တာလဲ..။နင်ပြောတဲ့ စကားကိုတောင် နင်နားလည်လို့လား.."

လင်းဖန် သူတို့ကို မကြည့်ပဲ..တစ်ခွန်းတည်း ပြောလိုက်တယ်..။

"လစ်တော့..."

"မင်း ဘာပြောတာလဲ.."

ဂျင်ယန် ဒေါသထွက်သွားခဲ့ ပါတယ်..။သူ အောင်မြင်လာနေတဲ့..တက်သစ်စ မင်းသား တစ်ယောက် ဖြစ်ပြီး အရင်က ဒါမျိုး လုံးဝ မကြုံဖူး ပါဘူး..။သူအရင်က ဒီလိုမျိုး မဆက်ဆံ ခံ ခဲ့ရပေမယ့် အခု ဆက်ဆံ ခံနေရပါပြီ..။

သူ နန်ရှမ် မသန်စွမ်း ဂေဟာကို လာတဲ့ ပထမဆုံး အတွေ့အကြုံကတော့..တော်တော် ဆိုးဆိုးရွားရွား ပါပဲ..။

လင်းဖန် လက်ဝေ့ယမ်းပြီး ပြောလိုက်တယ်..။

"ငါ မင်းတို့ကို လစ်လိုက် လို့ ပြောနေတဲ့ အချိန်မှာ..မင်းတို့ နားတွေ ကန်းနေတာလား.။ငါထပ်ပြောမယ်...လစ်လိုက်တော့..."

တစ်ခြား ဆယ်လီ တွေနဲ့ဝန်ထမ်း တွေဟာ စိတ်တိုသွားကြပြီး လက်ညိုးထိုးကာ ပြောလိုက်ကြပါတယ်..။

"မင်းက ဘာကောင် မို့လို့လဲ..။မင်းကဘာကောင် မို့လို့ ဒီစကား ပြောတာလဲ..။မင်းမပြောခင် ငါတို့ ဘယ်သူတွေလဲ ဆိုတာ သေချာကြည့်လိုက်..။စကားမပြောခင်မှာ ကျေးဇူးပြုပြီး မင်းရဲ့ စကားလုံးတွေကို သတိထားပါ..။မင်း ဘယ်သူနဲ့ ပြောနေတယ် ထင်လဲ..သူတို့ရဲ့ အင်အား သေးသေးလေးနဲ့တင် မင်းဘဝကို ဖျက်ဆီးဖို့ လုံလောက်တယ်.."

လီရှောင်ရှမ်း လင်းဖန်ရဲ့ ပုခုံးကို ပုတ်ပြီး ပြောလိုက်ပါတယ်..။

"စိတ်အေးအေးထား.."

လင်းဖန် ပြုံးပြီး ပြောလိုက်တယ်..။

"ဒီကိစ္စသေးသေးလေးက ကျုပ်ကို ဘယ်လို စိတ်လှုပ်ရှားစေ မှာလဲ.."

ကျောက်ကျန်းယန် ..ဖုန်းကို ထုတိပြီး ပြောလိုက်တယ်..။

"ငါ မင်းရဲ့ ပါးစပ်ကြီးကို ဓာတ်ပုံရိုက်ထားပါ့မယျ..။စူပါ စတားလား..ဟမ့်.။ငါသာ ဒါကို အင်တာနက်ပျေါ တင်လိုက်ရင်..တကယ် အကုန်စိတ်ဝင်စား သွားကွမှာပဲ.."

"မင်းဘာလုပ်နေတာလဲ..။မင်းရဲ့ ဖုန်းကို ငါ့ကို ပေးစမ်း.။မင်း ဗီဒီယိုကို ပြန်ဖျက်လိုက်တာ ပိုကောင်းမယ်နော်.."

"သူတို့ ငါတို့ကို ဗီဒီယို ရိုက်သွားတာ.."

လင်းဖန် ခေါင်းခါယမ်း လိုက်ပြီး..

"ဒီနေ့က ငါတို့ အတွက် အထူးနေ့ပဲ..အဲတော့ မင်းတို့လို ခှေးသား လေးတွေနဲ့ ငါ အချိန်ကုန်မခံနိုင်ဘူး...။ခုနက ပြောသလိုပဲ..လစ်လိုက်တော့.."

ဂျင်ယန် ပြောလိုက်တယ်..။

"စောက်ပိုတွေ ပြောမနေနဲ့..။မင်းငါတို့ကို အခု ချက်ချင်း..ငါတို့ကို ပြန်တောင်းပန်လိုက်..။မဟုတ်ရင် ဒီကိစ္စက ဒီတိုင်း ပြီးသွားမှာ မဟုတ်ဘူး.."

"ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ.။လာကြတော့လေ.."

လင်းဖန် နောက်လှည့်ပြီး အော်လိုက်တာပါ..။

ဆိုင်ပိုင်ရှင် တွေအကုန်လုံးဟာ သူတို့ရဲ့ ကိုယ်ပိုင်တှေထဲကနေ ထွက်လာပြီး ..လင်းဖန်ဆီ လျောက်လာခဲ့ကြတယ်..။

"သူဌေးလေး.ဖြစ်လို့လဲ.."

ဂျင်ယန်ဟာ..သူ့ရှေ့ကို ရောက်လာတဲ့ လူတွေ အုပ်လိုက်ကြီးကို မြင်ပြီး..စိတ်ထဲမှာ တုန်လှုပ်သွားပေမယ့် လည်း..သူ့ရဲ့ အဆင့်အတန်းကို ပြန်တွေးမိပြီး တည်ငြိမ်သွားခဲ့ပါတယ်..။

သူ ပိုပြီး ယုံကြည်မူ ရှိလာကာ မေးလိုက်တယ်..။

"မင်းဘာလုပိ ချင်နေတာလဲ.."

သူတို့က မသန်စွမ်း ဂေဟာ မှာရောက်နေတာကြောင့် လင်းဖန် ဘာပြသနာမှ မဖြစ်ချင်ခဲ့ ပါဘူး..။တကယ်လို့ သူတို့သာ မသန်စွမ်း ကျောင်းမှာ မဟုတ်ဘူးဆိုရင်..သူဒီခွေးသားလေးတွေကို ရိုက်နှက်ပြီး မောင်းထုတ်ပြီးပါပြီ..။ထပ်ပြောရရင် စစ်ဆေးရေးမှူး လီ ဒီမှာ ရှိနေတဲ့ အတွက် သူ ဒီလူငယ်ံလေးတွေကို..ရိုက်နှက်လို့ မရပါဘူး..။

လင်းဖန် လက်နှစ်ချောင်း ထောင်ပြီး ပြောလိုက်တယ်..။

"အခု ငါမင်းတို့ကို ရွေးချယ်စရာ နှစ်ခုပေးမယ်..။မင်းတို့ အခု ထွက်သွားလို့ရတယ်..မဟုတ်ရင် ငါ့လူတှေကို ပြောပြီး..မင်းတို့ရဲ့ အက်ျီ ဘောင်းဘီ တွေကို အကုန်ဝိုင်းချွတ်မယ်..။ယုံတာ မယုံတာတော့ မင်းအပိုင်းပဲ.."

မိန်းကလေး ဆယ်လီ တွေကုန်လုံး ကြောက်ရွံ့သွားခဲ့ပြီး ခက်ြချင်း ထွက်သွားချင်နေခဲ့ကြပါတယ်..။သူတို့ ဒီလို ကိစ္စမျိုးနဲ့ ဟာသ အဖွစျ မခံချင်ကြပါဘူး..။

သို့ပေမယ့် ဂျင်ယန်ကတော့ ခြိမ်းခြောက် ခံ နေရတယ်လို့ ယူဆနခေဲ့ ပါတယ်..။သူက ဆယ်လီ တစ်ယောက်ဖြစ်ပြီး..လူသိလည်း များတဲ့ လူတစ်ယောက်ပါ..။ပြီးတော့ ဒီမှာလူတွေ အများကြီး ရှိပြီး ခုချိန် သူထွက်သွားရင် ..သူ မျက်နှာ ပျက်ရပါလိမ့်မယ်..။

"ငါ မင်းကို ပြောလိုက်မယ်..။ တစ်အချက်..ငါမင်းတောင်းပနိ တာ မခံရမချင်း..ငါထွက်မသွားနိုင်ဘူး..။ဒုတိယ အချက်..မင်းတို့ ဒီလောက် သတ္တိရှိလိမ့်မယ် လို့ ငါမယုံဘူး..။မင်းတို့ ငါ့ကို ထိလိုက်တာနဲ့..နောင်တဆိုတာ ဘာလဲ ပွပေးလိုက်မယ်.."

ဂျင်ယန် ..ပြန်ဖြေလိုက်တာပါ..။

လင်းဖန် ခက်ြချင်း..လက်ဝေ့ယမ်း..ပြောလိုက်ပါတယ် ။

"ယောက်ျားလေးတွေကို အောက်ခံဘောင်းဘီ ကျန်တဲ့ အထိချွတ်ကြ..။မိန်းကလေးတွေကိုပဲ ထားထားလိုက်..။မင်းတို့ က မသန်စွမ်းဂေဟာ..ကို..လာပြီး..ကျွွောငာရိုက်ချင်တယ် ဆိုကတည်းက ..စောက်ရှက် မရှိတဲ့ ကောင်တွေပဲဖွစျရမယ်.."

ဂျင်ယန် ..ဘေးနားက လူတွေကို..ကြည့်ပြီး နှာခေါင်းရှုတ်လိုက်ပါတယ်.။

"ဘယ်သူက ..အရင်စလုပ်ဖို့ သတ္တိရှိလည်း ကြည့်လိုကျရအောငိ.."

သို့ပေမယ်..ဆိုင်ပိုင်ရှင်တွေဟာ..ခက်ြချင်းပဲ..ဂင်ြယန်ကို ဝိုင်းထားကြပြီး ပါပြီ..။သူတို့..လင်းဖန်ကို ကြည့်ပြီး ထပ်မေးလိုက်တယ်..။

"သူဌေးလေး ..တကယ် ချွတ်ရမှာလား.."

လင်းဖန် ခေါင်ညိမ့်ပြီး ပြောလိုက်တယ်..။

"ချွတ်.."

ရုတ်တရက်..အကုန်လုံး ကြောင်အသွားခဲ့တယ်..။

"မင်းတို့ ဘာလုပ်နေကြတာလဲ.."

"ယီးပဲ..ငါက စူပါစတားကွ.။ငါ့ကို လွှတ်ကြ.."

"ဖယ်ကြ.."

လင်းဖန် လီရှောင်ရှမ်းကို တီးတိုး ပြောလိုက်တယ်..။

"စစ်ဆေးရေးမှူးလီ..ခင်ဗျား ဒီမှာ ရှိနေသင့်တယ် လို့ မထင်ဘူးနော်..။ကျုပ်ကို အထဲက စောင့်နေလိုက်.."

လီရှောင်ရှမ်း အကူညီ မဲ့စွာပြုံးလိုက်ပြီး အနားက ထွက်ခွာသွားခဲ့ပါတယ်..။မာစတာ လင်း ပြောတာက အမှန်ပါ..ဒီနေရာက သူ မတျ တတ်ရပ်နေဖို့ မသင့်တော်ပါဘူး..။

"အာ.."

မိန်းကလေး တွေဟာ အော်ဟစ်လိုက်ကြတယ်..။ဒါပေမဲ့..မာစတာ လင်း ပြောသလိုပဲ.ဘယ်မိန်းကလေးကိုမှ မချွတ်ကြပါဘူး..။သို့ပေမယ့် ဂငျြယနျကတာ့..အကုန်အချွတ်ခံခဲ့ရပြီး..အောက် ခံ ဘောင်းဘီလေးပဲ ကျန်နေပါတော့တယ်..။

"ဟီးဟီး မင်းခန္တာကိုယ်က တော်တော် ဆိုးတာပဲ..။ဒီတိုင်း အဆီးတွေများပြီး..ဘာမှ အသုံးမဝင်တဲ့ ဖက်တီး တစ်ယောက် သာသာပဲ..။မင်းက အက်ျီတွေနဲ့ ဖုံးထားတာပဲ.."

လင်းဖန် ခှဲခွားပွောလိုက်ပါတယ်..။

"ငါ့နာမည်က လင်းဖန် ..ပြီးတော့ ငါ့ဆိုင်က တိမ်ဖြူလမ်းမှာရှိတယ်..။မင်း မကျေနပ်ဘူး ဆိုရင် ကြိုက်တဲ့ အချိန် သာလာရှာလိုက်.."

ဘေးနားက တစ်ခြားလူတွေဟာလည်း..သူတို့့မြင်နေရတာကို မယုံကြည်နိုင်ပဲ..ကြောငျအနကွေပါပြီ..။

"ချီးပဲ.ဒါက ဂျင်ယန်မလား.."

"ဂျင်ယန်က ငါ့ အိုင်ဒေါလေ.။သူဘာလို့ ကိုယ်လုံးတီး ဖြစ်နေတာလဲ..။ဒါပေမဲ့ သူဝိုက်ဘိုမှာတုန်းက ဗိုက် မှာ 6 pack (ကြွက်သား.အမွောင်းတွေ) ရှိတယ်လို့ ပြောထားတာမလား.."

"ကြည့်.ဒီကောင်က လိမ်နေတာပဲ.။သူ့ ခန္တာကိုယ်က ငါ့လောက်တောင် မတောင့်ဘူး.."

ဘေးနားမှာရှိတဲ့ မြို့သားတစ်ချို့ဟာ ဖုန်းတွေကို ထုတ်ပြီး ရိုက် ကူးနေကြတယ်..။

ဂျင်ယန် အော်ဟစ်လိုက်ပါတယ်..။

"ရပ်လိုက်..မရိုက်ကြနဲ့.."

သူထပ်ပြီး မစဉ်းစားရဲတော့ပါဘူး..။ဒီဟာသာ လိုင်းပေါ်ရောက်သွားရင် သူ့ကို အကြီးအကျယ် အကျိုးသက်ရောက်စေမှာပါ..။

"မင်း..မင်း.."

ဂျင်ယန် လင်းဖန်ကို..ဒေါသတကြီး လက်ညိုးထိူးနေခဲ့တယ်..။သူ တကယ် လူသတ်ချင်နေခဲ့ ပါပြီ..။

လင်းဖန် သူ့ကို ကြည့်ပြီး ပြန်ပြောလိုက်တယ်...။

"ဘာလဲ..။မင်း မသွားချင်သေးဘူးလား..မဟုတ်ရင် ငါ အောက် ခံဘောင်းဘီပါ ထပ်ချွတ်ခိုင်း လိုက်မယ်.."

ဂျင်ယန် လင်းဖန်ကို စူးရှတဲ့ မကျြလုံးနဲ့ ကြည့်ကာ ပြောလိုက်တယ်..။

"အိုကေ..မင်းနိုင်တယ်.."

ယင်နောက်..သူ့ရဲ့ ဝန်ထမ်းတွေ အကာအကွယ်နဲ့ ဂျင်ယန် ထွက်သွားခဲ့ပါတယ်..။

လင်းဖန် ပြုံးပြီး ပြောလိုက်တယ်..။

"ကောင်းပြီ..ဆက်လုပ်လိုက်ကြရအောင်..။ဒီခှေးသားကြောင့် အချိန်တော်တော် ကုန်သွားတယ်..။ဒါက တကယ် မတနျတာပဲ.."

"ယေးးး.."

ဆိုင်ပိုင်ရှင်တွေဟာ..အောင်ပှဲခံလိုက်ကြပြီး ပစ္စည်းတှေကို စတင်ရွေ့ဖို့ ပြင်ဆင်လိုက်ကြပါတော့တယ်..။

အဲအချိန်မှာပဲ..အလုံပိတ်ကားတွေ .တန်းစီပြီး ဆက်တိုက် ရောက်လာခဲ့ကြတယ်..။

ဝမ် မင်ယန် အလုံပိတ် ကားထဲက ခေါင်းထွက်ပြီး အော်လိုက်ပါတယ်..။

သဘာပတိ ဟောင်ဟာ ကြောင်အပြီး ပြောလိုက်တယ်..။

"မာစတာ လင်း..ဒါက.."

လင်းဖန် ပြုံးပြီး ပြောလိုက်တယ်..။

"သူတို့က ကြင်နာတဲ့ လူတွေပါ ..။လာပြီး ကူညီပေးကြတာ."

ကားတွေ ဟာ အထပ်လိုက် အထပ်လိုက် ရှိနေပြီး ဗရမ်းဗတာဖြစ်နေခဲ့ပါတယ်..။ဒီလို အရာမျိုးက..လင်းဖန်ပဲ ဖန်တီး နိုင်တာပါ..။

ဝမ်မင်ယန် ကားပေါ်ကနေဆင်းပြီး သူ့နောက်ကကားတွေကို လက်ညိုးထိုးကာ ပြောလို်က်တယ်..။

"ဘယ်လို နေလဲ..။ခမ်းနား တယ်မလား.."

လင်းဖန် ရယ်လိုက်တယ်..။

"ခမ်းနားပါတယ်..တကယ် ခမ်းနားပါတယ်.."

ဝမ်မင်ယန် ပြုံးပြီး ပြောလိုက်တယ်..။

"ပစ္စည်းတွေ ချပြီး တဲ့ အထိသာ စောင့် ..။ပိုပြီးတောင် ခမ်းနား ဦးမယ်..။တကယ် အောင်ပွဲခံရမယ့် ကိစ္စက အထဲက စာရွက်စာတမ်း တွေပဲ..။လက်မှတ်ထိုးပြီးတာနဲ့ ပိုင်ဆိုင်သွားပြီ.."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။

"နားလည်ပြီ..။ ကျေးဇူးတင်ပါတယ်.."

All Chapters