← Chapters

ပြသနာ တက်ပြန်ပြီ

Vol. 25 Ch. 369

ပြသနာ တက်ပြန်ပြီ

Vol. 25 Ch. 369

#ဘာသာပြန် = စနိုးဝှိုက်

လင်းဖန် ဟန်လု ဒီမှာ ရှိနေလိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး.။သူ ဒီငနဲကို မြင်လိုက်တုန်းက အံ့ဩသွားခဲ့တာပါ..။ဒီငနဲက အတော်စိတ်ရှည်ပြီး..သူ့တပည့်ဖြစ်ဖို့ကို လုံးဝ လက်မလျော့ ပါဘူး..။သို့ပေ့မယ်..ဒီတစ်ကြိမ်က သိပ်တော့ မတူညီခဲ့ပေ..။

"ငါ့ရဲ့ တပည့် မဖြစ်ချင်တော့ဘူးလား.."

လငိးဖန် အေးဆေး မေးလိုက်တာပါ..။

ဟန်လု ခေါင်းခါယမ်းလိုက်တယ်.။

"ဟင်အင်း.။ဒီမှာ..ပရဟိတ အလုပ်တွေကို သင်ပြီး..ကလေးတွေပို ဘောက်ဆင် ထိုးနည်း သင်ပေးတာက ပိုပြီး အဓိပ္ပါယ် ရှိတယ်လို့ ခံစားရတယ်.."

လငိးဖန် သူ့ပုခုံးကို ပုတ်ပြီး ပြောလိုက်ပါတယ်..။

"အရမ်းကောင်းတယ်.။ဒါက မင်းကို ဂုဏ်ရှိစေမှာပဲ..ငါကတော့ မင်းနဲ့ အပြည့်အဝ ထောက်ခံတယ်.."

ဟန်လု ခေါင်းညိမ့်ကာ ပြောလိုက်တယ်..။

"ဒါပေမဲ့..မာစတာလင်း ကျွန်တော်ကို ..ပြောင်းလဲစေချင်တာ တစ်ခုခု ရှိရင် အကြံဥာဏ်ပေးပါ.။ကျွန်တော် မငြင်ပယ်ပါဘူး.."

"အေးဆေးပါ..ဘာမှ ပြောင်းလဲစရာ မရှိပါဘူး."

လငိးဖန် ပြုံးပြီး ပြောလိုက်တာပါ. ။

ဝမ်မင်ယန် လျောက်လာပြီး..လင်းဖန် ပုခုံးကို ပုတ်ကာ ပြောလိုက်တယ်..။

"လက်မှတ် မထိုးသေးဘူးလား.."

လင်းဖန် ပြုံးလိုက်ပြီး..

"စိတ်မပူမဲ့..ကျုပ်တို့..နောက်မှအေးဆေးလုပ်လို့ ရတယ်.."

ဟီချန်းဟန်ကတော့ ပစ္စည်းတွေ ကူသယ်နေကြတဲ့..အလုပ်သမားတွေကို ညွှန်ကြားနေခဲ့ပါတယ်..။သူတို့ဟာ..ကွန်ပြူတာ.အဝတ်အစား..အရုပ်..စာအုပ်..စသဖြင့် ..အများကြီး ယူလာခဲ့ကြတာပါ..။သူတို့ ဒီဟာတွေကို အကူညီမပါပဲ..သယ်ယူ ရွှေ့ပြောင်းလို့ မလွယ်ကူပါဘူး..။

"ဒါကို ဒီမှာထား..စားအုပ်တွေကို အရမ်းမြင့်မြငိ့ မစီနဲ့..။စာအုပ်စင် တွေကို နံရံမှာ ကပ်မယ်..ဒါဆိုကလေးတွေကစားရင်း..တိုက်မိတာတွေ မဖြစ်တော့ဘူး.."

"ကွန်ပြူတာတွေ တပ်ဆင်ရင် ဝိုင်ယာတွေကို သတိထား..။ဝိုင်ယာတွေကို ..ကြိုးပေါက်နေတာ မဖြစ်စေချင်ဘူး..။ဒါတွေက ဓာတ်လိုက်တာကို ကာကွယ်ဖို့ အတွက်ပဲ.."

"ဟိုဘက်မှာ အရုပ်တွေရှိတယ်..။ကလေးတိုငိး ရတာ.သေချာ ပလေ့စေ.."

…

မြင်ကွင်း တစ်ခုလုံး အလုပ်တွေ ရှုပ်နေခဲ့ပါတယ်..။လူတိုင်းက တစ်ခုမဟုတ် တစ်ခု လုပ်နေကြရတာပါ..။ဆိုင်ပိုင်ရှင်တွေကို ကလေးတွေနဲ့ အလုပ်ရှုပိနေကြပါတယ်..။

လင်းဖန် အသက်ပြင်းပြင်း ရူပြီး ပြောလိုက်တယ်..။

"ကျုပ် မီးဖိုချောင်ထဲ သွားလိုက်ဦးမယ်..။ဒီနေ့ကတော့ ပင်ပန်းတော့မှာပဲ.."

ဝမ်မင်ယန် ပြုံးပြီး ပြောလို်က်တယ်..။

"ငါ ဒီအချိန်ကို စောင့်နေတာ ကြာပြီ..။မင်းချက်ပြုတ်တာက အရမ်းအရသာ ရှိတယ် လို့ သူတို့ကို ပြောပေမယ့် သူတို့က မယုံကြည်ကြဘူးလေ..။သူတို့ကိုယ်တိုင် ကြုံတွေရမယ့် အချိန်ရောက်ပြီ.."

လင်းဖန် ရယ်ပြီးပြောလိုက်တယ်..။

"ခင်ဗျားတို့ စားရမယ်လို့ ဘာလို့ ထင်နေတာလဲ.."

ဝမ်မင်ယန် တစ်ခုခု နားလည်သွားခဲ့တယ်..။

"အိုး ဟုတ်သားပဲ..ဒီမှာ ကလေးတွေ အများကြီး ဆိုတော့ လောက်ချင်မှ လောက်မှာပေါ့..။ဒါပေမဲ့ တစ်ခုနှစ်ခုလောက် ယူစားတာကို သူတို့ စိတ်မဆိုးမှာ သေချာတယ်.. "

လင်းဖန် အကူညီမဲ့စွာ ရယ်လိုက်ပါတယ်..။

"ကလေးတွေဆီက အစားအသောက်ကိုတောငိ ခိုးယူတယ်ဆိုတော့...။ခင်ဗျားက တစ်ခုခုတော့ တစ်ခုခုပဲ.."

"ဒါက အရမ်းကောင်းတဲ့ အစားအသောက်တွေ ချက်တဲ့ မင်းရဲ့ အပြစ်ပဲလေ.."

ဒီစကားက မြောက်ပင့်ပြောနေတာ မဟုတ်ပဲ..တကယ့်အမှန်တရားပါ..။သူ့ညီအစ်ကိုရဲ့..အချက်အပြုတ် စ​ကေးက အရမ်းကို ကျွမ်းကျင်လွန်းပါတယ်..။တကယ်လို့ သူသာ စာဖိုမှူးလုပ်ပြီး..ဆိုင်တစ်ဆိုင်ဖွင့်မယ်ဆို ..ကမ္ဘာကျော်သွားဖို့က လုံဝ မခက်ခဲပါဘူး..။ဒါပေမဲ့ သူ့ညီအစ်ကို မဖွင့်ချင်ဘူး ဆိုတာ သူသေချာ သိပါတယ်..။

…

အပြင်ဘက်ရှိ ကားတစ်စီး ထဲတွင်..။ဂျင်ယန်ဟာ..ကိုယ်လုံးတီး ချွတ်ခံထားရပြီး..စိတ်ပျက်တဲ့မူအရာ ဖြစ်နေခဲ့ ပါတယ်..။သူပြောလိုက်တယ်..

"စိတ်တိုဖို့ကောင်းတယ်..တကယ် စိတ်တိုဖို့ ကော်းယ်..။အဲ့ခွေးသားက ငါ့ကိုတောင် ဒီလို လုပ်ရဲတယ်.."

မန်နေဂျာဟာလည်း..ဒေါသထွကိစွာ ပြောလိုက်ပါတယ်..။

"ဒီကောင်က ဘယ်လိုဖြစ်ပြီး ဒါမျိုး လုပ်ရဲတာလဲ..။မင်းက ဆယ်လီတစ်ယောက်..ဒီဗီဒီယို တွေသာ လိုင်းပေါ် ရောက်သွားရင် ဘယ်လိုတွေ ဖြစ်မလဲ တွေးတောင် မတွေးတတ်တော့ဘူး.."

*ဖတ်*

ဂျင်ယန်ဟာ..သူ့ဖုန်းကို ဆိုဖာပေါ် ပစ်ပေါက်လိုက်ပြီး ပြောလိုက်တယ်..။

"အခု ငါတို့ ဘာလုပ်ကြမလဲ..။ငါတို့က လူရယ်စရာ ဖြစ်နေပြီ.."

မန်နေဂျာ ပြန်ပြောလိုက်တယ်..။

"ငါ ကုမ္ပဏီကို ပြောပြီး ဒီကိစ္စကို ကိုင်တွယ်ခိုင်းလိုက်မယ်..။ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် သတင်းသာ တက်သွားရင် အကျိုးဆကိက အတော်ကြီးသွားမှာပဲ..။ငါ မင်းကို လေ့ကျင့်ခန်း လုပ်ပါလို့ အမြဲပြောတာတောင် မင်းက နားမထောက်ဘူး..။အခု မင်းရဲ့ ကိုယ်တုံးလုံး ပုံတွေ တက်သွားရင်..မင်းဝိုက်ဘိုမှာ လိမ်ထားတာတွေ ပေါ်ကုနိတော့မယ်.."

ဂျင်ယန် တိတ်ဆိတ်နေပြီးမှ ပြန်ပြောလိုက်တယ်..။

"ဒီလို ဖြစ်မယ် လို့ ဘယ်သူက ကြိုထင်ထားမှာလဲ..။ငါအခု ဒါကို ရှောင်လွှဲလို့ ရမှာ မဟုတ်တော့ဘူး..။ငါ အခု..အစ်မ ကျန်း ဆီကို ဖုန်းဆက်ပြီးပဲ အကူညီတောင်းတော့မယ်..။သူ့မက ရှန် ဟိုင်းမှာ..အဆက်အသွယ်တွေရှိတယ်..ငါတစ်ခုခုဖြစ်လို့..နီးစပ်သူတွေကို ထိခိုက်ရင်..သူအရင်ဆုံး ဖြစ်မှာပဲ.."

မန်နေဂျာ ခေါင်းညိမ့်လိုက်ပါတယ်..။

"ကြည့်ရတာ ဒါကပဲ အကောင်းဆုံးနည်းလမ်း ထင်တယ်.."

…

အဲ့အချိန်မှာတော့ အဆောက်အဦးက ဟောခန်းကြီးထဲမှာ..လူကြီးတွေနဲ့..ကလေးတွေ တစ်တွဲစီ ထိုင်နေကြပြီးပါပြီ..။လူကုန်ကူးမူကြီး ပြီးကတည်းက ..ကလေးမိဘတွေဟာ တစ်ယောက်ချင်း လာခေါ်ပေမယ့်လညိး..ကလေးတွေ အများကြီး ကျန်နေသေးပြီး ..အသစ်ထပ်ဝင်တဲ့ ကလေးတွေလည်း များစွာရှိနေခဲ့တာပါ..။

"အာ ဒီရနံ့က အရမ်းကောင်းတာပဲ.."

"ဒါက ငါတို့ရဲ့ ဒီနေ့ အစားအသောက်များလား..။ဝမ်မင်ယန် ပြောတာကတော့..ငါတို့ဒီနေ့တော့..ပြုစုခံရတော့မယ်တဲ့..အဲတာ ဘာပြောတာလဲ မသိဘူး.."

"အစားအသောက်တွေ အဆင်သင့်ဖြစ်ပြီ ."

ဆိုင်ပိုင်ရှင်တစ်ယောက်ဟာ..မီးဖိုထဲကနေ..အရသာ ရှိပြီး..လှပတဲ့ ဟင်းပွဲတွေ ထွက်လာတာကို မြင်ကာ ပြောလိုက်တာပါ..။

ဝမ်မင်ယန် ပြုံးပြီး သူ့လူတွေကို လှမ်းပြောလိုက်တယ်...။

"အစားအသောက်တွေ ..ခိုးစားဖို့ မလုပ်ကြနဲ့..။ဒါက ကလေးတွေ အတွက်ပဲ..ဒါပေမဲ့ မြည်းကြည့်လို့တော့ရတယ်..။မာစတာ လင်းရဲ့ ဟင်းပွဲတွေက ပိုက်ဆံနဲ့ဝယ်လို့ရတဲ့ အရာမဟုတ်ဘူး.."

ဟီချန်းဟန် အံ့ဩသွားပြီး ​မေးလိုက်တယ်..။

"သေချာလို့လား..။မင်းပြောနေတာက..သိပ်ပြီး ယုံစရာ မကောငိးဘူးနော်.."

ဝမ်မင်ယန် ပြုံးပြီး ပြောလိုက်တယ် .။

"မယုံဘူးပေါ့..။ခင်ဗျား မြည်းပြီးတဲ့ အချိန်ကြရင် ဘာဆက်ပြောမလဲ ကျုပ်စောင့်နေမယ်.."

မီးဖိုထဲတွင်..။

လင်းဖန် ဟင်းပွဲတွေ တစ်ခုပြီး တစ်ခု ဆက်တိုက် ပြင်ဆငိနေခဲ့ ပါတယ်..။မီးဖိုခန်း တစ်ခုလံူး ဟင်းရနံ့တွေနဲ့ ပြည့်နေခဲ့တာပါ..။ဒီရနံ့ကို..ရတဲ့ မသန်စွမ်းဂေဟာက အလုပ်သမား တစ်ချို့ဟာ..မီးဖိုထဲကို လာချောင်းကြပေမယ့်..သူတို့ စားခွင့် မရကြပါဘူး..။

အဲ့အချိန်မှာတော့ အပြင်ကနေ အံဩသင့်တဲ့ အသံတွေကို ကြားနေရပါပြီ..။

"ဒါက တကယ်အံ့ဩဖို့ ကောင်းတယ်.."

"ဒိီဟင်းအရသာ..ငါ့ဘဝတစ်လျောကိလုံး တစ်ခါမှာ မစားခဲ့ဖူးဘူး.. "

ဝမ်မင်ယန်ဟာ မြင်ကွင်းကို ကြည့်ပြီး ရယ်မောလိုက်တယ်..။

"ငါပြောသလိုပဲ..မာစတာ လငိးရဲ့ ချက်ပြုတ်မူက တစ်ခြားလူတွေနဲ့ မတူဘူး..။ခင်ဗျားတို့ နောက်တစ်ခါ စားချင်ရင်..ဒီနေရာမှာပဲ..ရလိမ့်မယ်..။ဒါပေမဲ့ ကိုယ့်ကိုကို ထိန်းချုပ်ထားကြဦး..ဟင်းတွေက ကလေးတွေ အတွက်ပဲ..။သူတို့ အတွက်စားစရာ မရှိပဲ နေဦးမယ်.."

ကလေးတွေဟာ စိတ်မရှည်ကြတော့ပဲ..ထုတ်ပြောလာကြပါပြီ..။

"အန်ကယ် ကျွန်တော် နည်းနည်းထပ်စားချင်တယ် ."

"အန်တီ..သား မစားရသေးဘူးလေ.."

"ဟားဟား.."

အဲအချိန်မှာတော့ ဟောခန်းကြီး တစ်ခုလုံး ရယ်မောသံတွေနဲ့ ပြည့်နေခဲ့ ပါပြီ..။ကလေးတွေနဲ့..လူကြီးတွေဟာ ဖြည်းဖြည်းချင်း စားသောက်နေခဲ့ကြတယ်..။

အချိန်တွေ တဖြည်းဖြည်းကုန်နေပြီး..လင်းဖန်လည်း ပင်ပန်းနေခဲ့ပါပြီ..။သူ အပြင်ကို ထွက်ပြီး စီးကရက် တစ်လိပ် ထုတ်ကာ သောက်လိုက်တယ်..။

ဟီချန်းဟန်ဟာ သူ့အနောက်ကို ရောက်လာခဲ့ပြီး..

"မာစတာ လင်း လည်း ဆေးလိပ်သောက်တာလား.."

လင်းဖန် ပြုံးပြီး ပြောလိုက်တယ်..။

"အမြဲတမ်း မဟုတ်ပါဘူး...။ပင်ပန်းတဲ့ အချိန်မှပါ..။ခင်ဗျား အထဲမှာ သူတို့ိနဲ့မနေဘူးလား.."

"ကျွန်တော် ပြီးခဲ့တဲ့ အခေါက်က ကိစ္စအတွက် ကျေးဇူတင်ချင်လို့ လာခဲ့တာပါ.."

လငိးဖန် လက်ဝေ့ယမ်း လိုက်တယ်..။

"ဘာမှမဟုတ်ပါဘူး..ဒါတွေက အသေးအဖွဲလေးတွေပါ.."

…

အဲအချိန်မှာတော့..မသန်စွမ်း ဂေဟာ အပြင်ဘက်မှာတော့ အစ်မကျန်းဟာ ရောက်​ေနပြီး ဇိမ်ခံကားတစ်စီး ပေါ်ကနေ ဆင်းလာခဲ့တယိ..။သူ့နောက်ကနေကားတွေ တန်းစီပါလာခဲ့ပြီး ဒီကားတွေထဲကနေ ဗလတောင့်တောင့် ဘော်ဒီဂတ်တွေ ဆင်းလာခဲ့ပါတယ်..။

အစ်မ ကျန်းဟာ..စကားတစ်ခွန်းမှ ်မပြောပေမယ့်..သူ့ရဲ့ အမူအရာက ထိပ်လန့်ဖို့ ကောင်းပြီး..သူမက သန်မာတဲ့ အမျိုးသမီး တစ်ယောကိ ဆိုတာကို

ပြသနေခဲ့တာပါ..။

"နင်တို့ ဘာလုပ်နေတာလဲ..။ကိုယ့်ကိုကို ..ဆယ်လီတွေဖြစ်နေပြီ ဆိုတာ မသိဘူးလား..။နင်တို့ ဒီလို အဖြစ်အပျက်တွေ ကြုံလာရင် ကုမ္ပဏီပဲ ထိခိုက်ရလိမ့်မယ်..။အဲ့လူတွေ ဘယ်မှာလဲ.."

ဂျင်ယန် ခေါင်းညိမ့်ပြီး ပြောလိုက်တယ်..။

"သူတို့ အကုန်လုံး အထဲမှာ.."

အစ်မ ကျန်း..ဂျင်ယန်ကို စိုက်ကြည့်လိုက်ပြီး..

"ငါ ကိုင်တွယ်လိုက်မယ်..။ဘယ်လို အခြေအနေပဲ ဖြစ်ဖြစ် အဖြေတစ်ခုတော့ ရှာရမှာပဲ.."

"အစ်မကျန်း ကျွန်တော် ဒီကိစ္စကို မကျေနပ်ဘူး..။သူတို့ကို လွယ်လွယ် လွှတ်မပေးနိုင်ဘူး.."

ဂျင်ယန် ပြောလိုက်တာပါ..။

အစ်မကျန်း ပြန်ပြောလိုက်တယ်..။

"အဲတာတွေ နောက်မှ ပြောမယ်..။စိတ်မပူနဲ့.နင်က ငါတို့ ကုမ္ပဏီရဲ့ သရုပ်ဆောင်ဆိုတော့..မျက်နှာ မပျက်စေရဘူး.."

ဂျင်ယန် အစ်မကျန်း ပြောတာကို ကြားပြီး ကျေနပ်သွားခဲ့ တယ်.။တစ်ခြား လူတွေသာ...အစ်မကျန်း ဘယ်သူလဲ..မသိရင် မသိမယ် ..သူ..ဂျင်ယန် ကတော့ ကျိန်းသေ သိပါတယ်..။

All Chapters