← Chapters

မင်းငါ့ကို မလေးမစား မပြုမူစေရဘူး..

Vol. 25 Ch. 370

မင်းငါ့ကို မလေးမစား မပြုမူစေရဘူး..

Vol. 25 Ch. 370

#ဘာသာပြန် = စနိုးဝှိုက်

လင်းဖန် နဲ့ ဟီချန်းဟန် ဟာ စကားတွေ ပြောနေခဲ့ကြပါတယ်..။သူတို့ သိပ်အများကြီး မပြောကြပေမယ့်လည်း..ဟီချန်းဟန်ကတော့ လင်းဖန်ကို လေးစားနေကြပါပြီ..။

ဝမ်မင်ယန် ဆီကကြားတာတော့..လင်းဖန်က နန်ရှမ်း မသန်စွမ်း ဂေဟာကို လက်လွှဲယူတော့မှာ ဖြစ်ပြီး ဒါက အတော်ကို လေးစားဖို့ ကောင်းတဲ့ အရာပါ..။

ဒီလို ကိစ္စဆိုတာက..အလှူငွေ ရရှိမူကိုပဲ သိပ်အားကိုးနေလို့ မရပဲ..များပြားလှတဲ့ အရင်းအမြစ်တွေလည်း လိုအပ်ပါတယ်..။လက်လွှဲယူပြီးရင်..ပါးစပ်ပေါက် ရာနဲ့ချီပြီးကို တာဝန်ယူထားရမှာဖြစ်ပြီး..တစ်ခြား ကိစ္စအရပ်ရပ်ကိုလည်း မျက်နှာလွှဲထားလို့ မရပြန်ပါဘူး...။

ကမ္ဘာပေါ်မှာ အချမ်းသာဆုံး..ပုဂ္ဂိုလ်တောင် ဒီလို အလုပ်ကို လုပ်ချင်မှာ မဟုတ်ပါဘူး..။ဒီဟာက ဝင်ငွေလုံးဝ မရှိပဲ..ကလေးတွေကိုပဲ..ပြုစုပျိုးထောင်နေရမှာပါ..။

သို့ပေမယ့် သူ လင်းဖန်ကို လေးစားရတဲ့ အကြောင်းအရင်းက..သူ ဒီအလုပ်ကို လုပ်ဖို့ အတွက် တွေဝေနေခြင်း လံူးဝ မရှိတာပါ..။

လင်းဖန် စီးကရက် ကို ​ချေမွပြီး ဘေးနားက အမှိုက်တောင်းထဲ ပစ်ထည့်လိုက်တယ်..။

"အထဲ သွားရအောင်.."

"ခနလေး.."

ဟီချန်းဟန် ခေါင်းညိမ့်ခါနီးမှာပဲ..လူအနည်းငယ် ကို တွေ့လိုက်ရပါတယ်..။သူရုတ်တရက် ပြုံးလိုက်ပြီး..

"ဘယ်လောက် အံဩဖို့ကောင်းလဲ..။သူမက ဒီမှာ ဘာလုပ်နေတာလဲ မသိဘူး.."

လငိးဖန် ကြည့်လိုက်တဲ့ အချိန်မှာ ခုနက ဆယ်လီ တွေနဲ့ အတူ တစ်ခြား လူတွေလည်း ရှိနေတာကို တွေ့လိုက်ရပါတယ်..။

"ခင်ဗျား သူမကို သိလို့လား.."

"ငါသိပါတယ်..ဒါပေမဲ့ အရမ်းကြီးတော့ မဟုတ်ဘူး.."

သူ့တွေ့နေရဲ့တဲ့ အမျိုးသမီးက အရမ်းကို တွက်ချက်တတ် တာပါ..။ဒါပေမဲ့ သူမက ..ဖျော်ဖြေရေး လောကမှာပဲ ကျင်လည်ပြီး အပေးအယူတွေကို လုပ်ပါတယ်..။သူမက များပြားလှတဲ့ တက်သစ်စ သရုပ်ဆောင်တွေကို အောင်မြင်အောင် လုပ်ပေးတာပါ..။

သူမက အောင်မြင်နေတဲ့ အမျိုးသမီး တစ်ယောက်ပါပဲ..။ဒါပေမဲ့ သူမက ဒီမှာ ဘာလာလုပ်နေတာ လဲ..။သူက ပုံမှန်ဆို..ဝိုင်တစ်ခွက်သောက်ပြီး..အဆင့်အတန်းမြင့်တဲ့ လူတွေနဲ့ အပေးအယူ လုပ်နေသင့်တာပါ. ။

လငိးဖန် ရယ်ပြီး ပြောလိုက်တယ်..။

"သူမ ကြည့်ရတာ ပြသနာ လာရှာတာ ထင်တယ်.."

ဟီချန်းဟန် လင်းဖန်ကို ကြည့်ပြီး ကြောင်အသွားခဲ့တယ်..။

"ဘာလို့ အဲလို ပြောတာလဲ.."

လင်းဖန် တည်တည် ငြိမ်ငြိမ်ပဲ ပြန်ပြောလိုက်ပါတယ်..။

"သူ့နားက လူတွေကို ကြည့်လေ..။ခုနက ကျုပ်တို့ လုပ်လွှတ်လိုက် တဲ့ ..ဆယ်လီတွေပဲ..။ဒီမိန်းမက အဲ့ ဆယ်လီ ဂျင်ယန် ခေါ်ထားလို့ ရောက်လာတာ ရှင်းနေတာပဲကို.."

ဟီချန်းယန် လင်းဖန်ကို အံဩစွာ ကြည့်လိုက်ပြီး..

"အံ့ဩစရာပဲ..ဒါပေမဲ့ မင်းစိတ်မပူဘူးလား..။ငါတို့က ဒီကို ကူညီဖို့ လာကြမှတော့..မင်းကို အထိခံမှာမဟုတ်ပါဘူး..။သူမက..စွမ်းအားရှိတဲ့ အမျိုးသမီး ဖြစ်ပေမယ့် ငါတို့က ကြောက်ရွံ့နေမှာ မဟုတ်ဘူး..။တကယ်လို့ ခနနေ ပြသနာ တစ်ခုခု ရှိလာရင် ငါရှင်းလိုက်မယ်.."

လင်းဖန် ပြုံးပြီး ပြောလိုက်တယ်..။

"ဒီလောက်ထိ ဒုက္ခခံဖို့ မလိုပါဘူး.."

ဟီချန်းဟန် လက်ဝေ့ယမ်းပြီး ပြောလိုက်ပါတယ်..။

"မဟုတ်ဘူး..ငါဖြေရှင်းလိုက်မယ်..။အမျိုးသမီးရဲ့ နာမည်က..ကျန်းဟွေး..။သူမက ရိုးရှင်းတဲ့ လူမဟုတ်ဘူး..အဆက်အသွယ်တွေ အများကြီး ရှိတယ်.."

…

အဲ့အချိန်မှာပဲ..ဂျင်ယန်ဟာ..လင်းဖန်ကို မြင်ပြီး ပိုမို ဒေါသထွက်လာခဲ့ ပါတယ်..။သူ ဒီခွေးသားကို ..အရည်ခွံ နွာချင်နေခဲ့ပါပြီ..။သူ ပြောလိုက်တယ်..

"အစ်မကျန်း..အဲ့ငနဲပဲ.."

အစ်မကျန်းဟာ လှမ်းကြည့်လိုက်ပြီး ပြန်ဖြေလိုက်တယိ..။

"အင်း.."

သူမ ဂျင်ယန် ဘက်ကရပ်တည်ပေးတာဟာ..သူ့ကို အရမ်းတွေ သဘောကျနေလို့ မဟုတ်ပဲ..သူမရဲ့ သရုပ်ဆောင် ဖြစ်နေလို့ပါ..။ဒီလို အခြေအနေမျိူးက..သရုပ်ဆောင် အတွက်ရော..ကုမ္ပဏီ အတွက်ရော..ကြီးမားတဲ့..ထိခိုက်မူကြီး ဖြစ်စေမှာပါ. ။

အခုချိန်မှာ ..သူမ ဒီကိစ္စကို သေချာ မ​ဖြေရှငိးရင်ပိုဆိုး သွားမှာပါ..။

အဲ့အချိန်မှာပဲ..သူတို့ဟာ လင်းဖန်တို့ ရှေ့ကို ရောက်လာခဲ့တယိ..။ဂျင်ယန်..လင်းဖန်ကို တည့်တည့်ကြည့်ပြီး ပြောလိုက်တယ်..။

"အစ်မကျန်း..သူပ​ဲ.."

လင်းဖန် ဒီခွေးသားလေးကို ..ကြည့်ပြီး ပြုံးကာ မေးလိုက်ပါတယ်. ။

"ဘာလဲ..ငါတစ်ခုခု ကူညီပေးစရာ ရှိလို့လား.. "

ဂျင်ယန် ထပ်ပြီး..သည်းမခံနိုင်တော့ပေ..။

"မင်းတို့ ရူးနေကြတာလား..။မင်းတို့ ငါ့ကို ဘာလုပ်ကြလဲ ဆိုတာတောင် သိကြရဲ့လား.."

"ဝိုး..မင်းက ကိုယ်လံူးတီး ချွတ်ခံသွားရတဲ့ တစ်ယောက်လား..။အဲတာ မင်းလား.."

လင်းဖန် တည်ငြိမ်စွာ ​ေပြာလိုက်တာပါ..။

ရုတ်တရက် ဘေးနားကနေ ရိုက်ချက် တစ်ချက် ထွက်လာခဲ့တယ်..။

ရိုက်လိုက် တဲ့ လူကတော့..ကျန်းဟွေးပါ..။သူမဘေးနားမှာ ရပ်နေပြီး စကားတစိခွန်းမှ မပြောပဲ..လက်ကို မြောက်ကာ လင်းဖန်ရဲ့ ပါးကို လှမ်းရိုက် လိုက်ပါတယ်..။

လင်းဖန် အံ့ဩသင့်သွားပြီး သူမရဲ့ လက်ကောက်ဝတ်ကို အလျင်အမြန် ဖမ်းဆွဲလိုက်တယ်..။

ကျန်းဟွေး...

"လူငယ်လေး..နင်က အခုထိ ကိုယ့်အမှားကို ဝန်မခံ ချင်သေးဘူးလား.,"

"ခင်ဗျား ကျုပ်ကို ရိုက်ဖို့ ကြိုးစားနေတာလား.."

လင်းဖန် ကျန်းဟွေးကို သေချာကြည့်ပြီး မေးလိုက်တာပါ..။

ကျန်းဟွေး လင်းဖန်ကို စိုက်ကြည့်လိုက်တယ်..။

"ငါ့လက်ကို လွှတ်လိုက်..။နင်တို့လို..လူငယ်လေးတွေက ဘယ်လို အခြေအနေက ရှုပ်ထွေးလဲ နားမလည်သေးပါဘူး..။

ဟီချန်းဟန် နောက်ဆံူး တော့ အသိဝင်လာပြီး ရှေ့ကို ထွက်လာခဲ့ ပါတယ်..။

"အစ်မ ကျန်း...ဒါက.."

*ဖြန်း..*

ဟီချန်းဟန် စကား မဆုံးခင်မှာပဲ..လင်းဖန် လက်ကို မြောက်ပြီး ကျန်းဟွေးရဲ့ ပါးကို ရိုက်လိုက်တယ်..။

အဲအချိန်မှာတော့ အားလုံးဟာ ကြောင်အပြီး တိတ်ဆိတ်သွားခဲ့ ပါပြီ..။

ဂျင်ယန် ကြောင်အနေခဲ့တယ်.ဒီငနဲ ပြန်ရိုက်ရဲလိမ့်မယ် လို့ သူစိတ်ကူးထဲမှာတောင် မတွေးရဲပါဘူး..။ကျန်းဟွေး ဘေးနားက ဘော်ဒီဂတ်တွေ တောင် ကြောင်အနေကြတာပါ..သူတို့ချက်ချငိးပဲ လင်းဖန်ကို အမှောက်သိပ်ဖို့ ပြင်လိုက်ကြတယ်..။

"အလျင်မလိုနဲ့.."

ဟီချန်းဟန် အကုန်ရပ်သွားအောင် ရှိသမျှအားတွေ ညစ်ထုတ်ပြီး အော်လိုက်တယ်..။

"နင်က ငါ့ကို ရိုက်ရဲတယ်လား.."

အစ်မကျန်းရဲ့ မျက်လုံးမှာတော့ ဒေါသမီးတွေ တောက်လောင်နေခဲ့ပါပြီ..။

လငိးဖန် ရယ်ပြီး ပြောလိုက်တယ်..။

"ခင်ဗျားက ကျုပ်ကို ရိုက်ချင်တယ်လေ..။ကျုပ်က ဘာလို့ ခင်ဗျားကို မရိုက်သင့်ရမှာလဲ..

ဟီချန်းဟန် ကြောင်အ နေခဲ့တယ်..။လင်းဖန်က လက်ကို ဖမ်းပြီးတာနဲ့ ဒီလောက်မြန်မြန် ပြန်ရိုက် လိမ့်မယ် လို့ သူ မထင်ထားခဲ့ ပါဘူး..။သူ ထပ်ပြောရမှန်း မသိဖြစ်နေတုနိး မှာပဲ..အစ်မကျန်းဟာ ပြန်တုန့်ပြန်လာခဲ့တယိ..။

"နင်တို့ ဘာတွေ ကြည့်နေကြတာလဲ..။တစ်ခုခု လုပ်ကြ.."

အစ်မကျန်း ဘော်ဒီဂတ်တွေကို အမိန့်ပေးလိုက်တယ်..။

"အဲ့ကောင်ကို သေတဲ့ အထိရိုက်..။တစ်ခုခု ဖြစ်လာရင် ငါတာဝန်ယူတယ်.."

ဟီချန်းဟန် အခြေအနေ ရှုပ်ထွေးလာတာကို မြင်ပြီး ဝင်ပြောလိုက်တယ်..။

"အစ်မကျန်း ကျွန်တော်တို့ စကားပြောလို့ရပါတယ်."

"နင်.."

ကျန်းဟွေး လင်းဖန်ကို ကျိန်းဆဲဖို့လုပ်နေတုန်းမှာပဲ..ဟီချန်းဟန်ကို သတိထားမိလိုက်ပါတယ်..။ဒီမျက်နှာက အတော်ရင်းနီှနေခဲ့တာပါ..။

"နင်က ရှင်းချန်း..အရုပ်ကုမ္ပဏီ က ဟီချန်းဟန် မလား."

ဟီချန်းဟန် ခေါင်းညိမ့်လိုက်တယ်..။

"ဟုတ်ပါတယ်..။ကျေးဇူးပြုပြီး ကျွန်တော် မျက်နှာကို ထောက်ပေးပါ..။ဒါက ကျွန်တော် သူငယ်ချင်းဆိုတော့ ကိစ္စတွေကို ကြီးအောင် မလုပ်ပါနဲ့.."

ကျန်းဟွေးရဲ့ မျက်နှာဟာ မဲနက်သွားပြီး ပြောလိုက်တယ်..။

"နင်ဘာပြောတာလဲ..နင့်သူငယ်ချင်း ငါ့မျက်နှာကို ရိုက်တာ အဆင်ပြေတယ်ပေါ့..။ငါ ဒီကိ္စ္စကို ကြီးအောင်လုပ်ချင်ရင် လုပ်မှာပဲ..။ငါ ကျန်းဟွေး ဒီလောကမှာ ကျင်လည်လာတာ ကြာပြီ ဘယ်သူ့ကိုမှ မကြောက်ဘူး.."

ဟီချန်းဟန် အမြန်​ပြောလိုက်တယ်..။

"အစ်မကျန်း အဲလို ဆိုလိုတာ မဟုတ်ပါဘူး..။ဒါက ကျွန်တော် သူငယ်ချင်းဆိုတော့ မျက်နှာ နည်းနည်းလောက်ပေးဖို့ပါ.."

"မျက်နှာလား..။နင့်မျက်နှာက တန်ဖို့း မှမရှိဘူး.."

ကျန်းဟွေး ရူးသွပ်နေခဲ့ ပါပြီ..။သူမ အရိုက်ခံရလိမ့် မယ်လို့ မထင်ထားခဲ့ ပါဘူး..။သူမအတွက်က ဂုဏ်သိက္ခာကသာ အရာရာတိုင်းပါ..။

လင်းဖန် ပြောလိုက်တယ်. .

"အကြီးအကဲ ဟီ စိတ်မပူပါနဲ့..။ကျွန်တော် ကိုင်တွယ်နိုင်ပါတယ်.."

ဟီချန်းဟန် လက်ဝေ့ယမ်းလိုက်တယ်..။

"မာစတာ လင်း စိတ်ပူစရာ မလိုဘူး..။ဒီကိစ္စလေးတောင် မကိုင်တွယ်နိုင်ရင် မာစတာ လင်းကို ဘယ်လို ကာကွယ်ပေးမှာလဲ.."

ဟီချန်းဟန် ကတော့ ဒီအခြေအနေက လေးနက်ပေမယ့် နောက်မဆုတ်ချင်ပါဘူး..။ဒီမျတာ်တဆမူက သူနဲ့ မာစတာ လင်း ပိုပြီး ရင်းနှီးလာစေမယ့် အခွင့်အရေး ဆိုတာကို သူသိပါတယ်..။လကိရှိ ဆက်ဆံရေး အရလည်း သူနောကိဆုတ်လိုက်ရင် ဟာသတစ်ခုဖြစ်သွားမှာပါ..။

"အိုကေ..ကျန်းဟွေး..နင်က ကစားချင်တယ် ဆိုတော့ လိုက်ကစား ပေးရမှာပေါ့..။နင့်မှာ ဘယ်လိုအရည်အချင်းတွေ ရှိမလဲ ကြည့်လိုက်ရအောင်..။နင်ငါကို မဖယ်ရှားနိုင်ရင်..နင်ဘာမှ မလူပ်နိုင်စေရဘူး..

ဟီချန်းဟန်ရဲ့ မောက်မာပြီး..အထက်ဆီးဆန်တဲ့ ဟန်ပန်ဟာ ပေါ်လာခဲ့တယ်..။အစောက..ယဥ်ကျေးပြီး..ဂရုတစိုက်ပြုမူတတ်တဲ့ ဟီချနး်ဟန်က မရှိတော့ပါဘူး..။

ကျန်းဟွေး ဟီချန်းဟန်ကို ကြည့်ကာ ပြောလိုက်တယ်..။

"နင်က သူ့ကို ကာကွယ်ချင်တယ်ပေါ့.."

ဟီချန်းဟန် ပြောလိုက်တယ်..။

"ဟုတ်တယ်..နင်ပြေပြေလည်လည် ဖြစ်စေချင်ရင် စကားပြောပြီး အဆုံးသတ်လိုက်လို့ရတယ်..။မဟုတ်ရင်တော့ ငါနင့်ကို ကြောက်နေမှာ မဟုတ်ဘူး.."

ဂျင်ယန် ဘေးနားကနေ ​ဝင်ပြီး ဆီထပ်လောင်းပေးလိုက်တယ်..။

"အစ်မကျန်း..ဒီလူတွေက မောက်မာ လွန်းနေတယ်နော်.."

"အိုကေ.."

ကျန်းဟွေး ပြန်တည်ငြိမ်သွားပြီး နှစ်ယောက်လုံးကို ကြည့်ကာ ပြောလိုက်တယ်..။

"နင်တို့က သတ္တိရှိသားပဲ..။နင်တို့ ငါ့ကို ဘယ်လို ယှဥ်မှာလဲ ဆိုတာ ကြည့်ကြည့်ရအောင်.."

အဲအချိန်မှာပဲ ကျန်းဟွေးဟာ ဖုန်းကို ထုတ်ပြီးဖုန်းခေါ်လိုက်တယ်..။

"အစ်ကို .. ကျွန်မ နန်ရှမ်း မသန်စွမး်ဂေဟာ မှာရောက်နေတာ..။ပြန်လာခဲ့လိုက် ဒီမှာ ပြသနာ နည်းနည်း တက်နေလို့..။ဟုတ်တယ်....ရောက်ရင် သိလိမ့်မယ်.."

ဖုန်းချပြီးနောက်မှာ..ကျန်းဟွေး..ဟီချန်းဟန်ကို ကြည့်ကာ..ပြောလိုက်တယ်..။

"အကြီးအကဲ ဟီ..နင်က အတော် ခေါင်းမာတာပဲ..။ငါ.ကျန်းဟွေးကို..မလေးမစား ဆက်ဆံရင်ဘာဖြစ်မလဲ ဆိုတာ ပြပေးမယ်.."

All Chapters