အခန်း (၃၇၁)
Vol. 25 Ch. 371
#ဘာသာပြန် = စနိုးဝှိုက်
"အကြီးအကဲ ဟီ ဒါက ဘာပြသနာမှ မဟုတ်ပါဘူး.."
လင်းဖန် ဟီချန်းဟန်ကို ကြည့်ပြီး ပြောလိုက်တာပါ..။ဒီလို လူတွေနဲ့ ဖြေရှင်းတာက ဒီလောက်အထိ အလုပ်ရှုပ်ခံဖို့ တောင် မလိုအပ်ပါဘူး..။သူတို့ လုပ်စရာ လိုတာ ဆိုလို့ ဒီလူတွေ အကုန်လုံးကို မောင်းထုတ်လိုက် ယုံပါပဲ..။
ဟီချနး်ဟန် ပြောလိုက်တယ်..။
"မာစတာ လင်း..ကျွန်တော်..ကိုင်တွယ် ပါရစေ..။သူမ မာစတာ လင်းကို အပြစ်ပြုချင်း တိုင်း ပြုလို့မရစေရဘူး.."
လင်းဖန် အကူညီမဲ့စွာပဲ ဘေးမှာ ရပ်နေလိုက်ပါတယ်..။
ကျန်းဟွေး ဟီချန်းဟန် ကိုကြည့်ပြီး ပြောလိုက်တယ်..။
"နင်က အရုပ်လုပ်တဲ့ လူမဟုတ်ဘူးလား..။နင့်မှာ ဘာ အစွမ်းအစ တွေများ ရှိလို့တုန်း..။နင်တို့က ငါ့ကို ရိုက်ရဲမှတော့..ငါ ဒီတိုင်းလွှတ်ပေးမယ် လို့ ထင်နေတာလား.. "
လင်းဖန် ကျန်းဟွေးကို တစ်ချက်ကြည့်ကာ ပြောလိုက်တယ် .။
"ကျုပ် ခင်ဗျားနဲ့..ကစားဖို့ အချိန်မရှိသလို..ခင်ဗျားကို ဖျော်ဖြေဖို့လည်း စိတ်မဝင်စားဘူး..။ဒီတော့..ခင်ဗျား..ဘာလိုချင်လဲ ဆိုတာသာပြော.."
ဂျင်ယန် ဒါကိုကြားပြီး လှောင်ပြုံးပြုံးကာ ပြောလိုက်တယ်..။
"မင်းအခု ကြောက်နေတာလား..။ခုနက မောက်မာနေတဲ့ ပံူစံ ဘယ်ရောက်သွားတာလဲ..။မင်း ငြင်းခုန်ချင်နေတာ မဟုတ်ဘူးလား။မင်းမှာ ဘယ်လောက် အရည်အချင်း ရှိလဲ ကြည့်လိုက်ရအောင်.."
ကျန်းဟွေး.လင်းဖန်ကို ကြည့်လိုက်တယ်..။သူမ အခုလို သူမကို ရိုက်ရဲတဲ့ လူကို မကြုံဖူးသေးပါဘူး.။သူမသာ..ဒီငနဲ ကို သင်ခန်းစာ မပေးရင်..ကျန်းဟွေးဆိုတာ လုပ်ချင်တိုင်း လုပ်လို့ရတဲ့ မိန်းမလို့ ဒီငနဲ ထင်သွားတော့မှာပါ..။
"ဒါက ရိုးရှင်းပါတယ်..။ဒူးထောက် တောင်းပန်ပြီး ကိုယ့်ပါးကို ဆယ်ချက်ရိုက်လိုက်.."
လင်းဖန် ဒါကို ကြားတဲ့ အချိန်ကြောင်အသွားခဲ့တယ်..။ပြီးမှ ရယ်မောကာ သူပြောလိုက်တယ်..
"ခင်ဗျား ရူးနေတာလား..။ဒီလို..တောင်းဆိုမူမျိုးကိုများ လုပ်ရတယ်လို့..။ကောင်းပြီ..အဲ့မှာ ရပ်ပြီးသာ စောင့်နေလိုက်..ကျုပ်တို့ကတော့ ခင်ဗျားနဲ့ ဖြုန်းဖို့ အချိန်မရှိဘူး.."
"အကြီးအကဲ ဟီ..ကျုပ်တို့ အထဲဝင်ကြရအောင်.."
လင်းဖန် ပြောလိုက်တာပါ..။
ဟီချန်းဟန် ခေါင်းညိမ့်လိုက်တယ်..။
"ငါတို့..ဒီကိစ္စကို နှလုံးသားထဲ လက်မခံသင့်ဘူး.."
ဂျင်ယန်ဟာ...ဒီငနဲ နှစ်ကောင် အထဲလျောက်ဝင်သွားတာကို ကြည့်ပြီး မေးလိုက်တယ်..။
"အစ်မကျန်း...သူတို့ကို ဒီတိုင်းပဲ ထွက်သွားခိုင်းတော့မလို့လား.."
ကျန်းဟွေး နှာခေါင်းရှုတ်လိုက်တယ်..။
"ထွက်သွားမယ်..။ထွက်သွားလို့ ရမယ်လို့ နင်ထင်နေတာလား..။ငါ့လူတွေ ရောက်လာတဲ့ အထိသာစောင့်လိုက်..သူတို့..တည်ငြိမ်နိုင်ဦးမလား ကြည့်ရအောင်.."
"အကြီးအကဲ ဟီက ဘယ်သူလဲ..သူက အစ်မကျန်းကို သိနေသလိုပဲ..
ကျန်းဟွေးဟာ ဟီချန်းဟန်ကို လုံးဝ ဂရုမစိုက်ပေ..
"သူက အရုပ်လုပ်တဲ့ လူပဲ..။သူ့မှာ ပိုက်ဆံနည်းနည်း ရှိရင် ရှိမယ် ဒါပေမဲ့ ရှန်ဟိုင်းမှာက အဲတာ အရေးမကြီးဘူး.။အရေးကြီးတာက..အဆက်အသွယ်ပဲ..။သူက နေရာတစ်ကာ ဝင်ပါချင်နေတော့..ဒီလို ဝင်ပါတဲ့ အကျိုးဆက်ကို ပြပေးရသေးတာပေါ့.. "
…
လင်းဖန် ဟီချန်းဟန် ရဲ့ နောက်ကျောကို ပုတ်ကာ တီးတိုး ပြောလိုက်တယ်..။
"တစ်ခြားလူတွေကို ပြန်မပြောနဲ့ ဦး..။ဒါက မလိုအပ်ဘူး.."
ဟီချန်းဟန် ခေါင်းညိမ့်ပြီး ပြန်ဖြေလိုကိတယ်..။
"သိပြီ.."
ဝမ်မင်ယန် အော်လိုကိတယ်..။
"မင်းတို့ နှစ်ယောက် ဘာလုပ်နေတာလဲ..။အပြင်မှာ အကြာကြီးပဲ.."
လင်းဖန်ပြုံးပြီး ပြောလိုက်တယ်..။
"ကျုပ်တို့ အပြင်ထွက်တုန်း တစ်ခုခုဖြစ်နေလို့ လေ.."
"ဘာဖြစ်လို့လဲ.."
ဝမ်မင်ယန် သိချင်စွာ မေးလိုက်တာပါ..။
လင်းဖန် ရယ်လိုက်တယ်..။
"မကြာခင်သိလိမ့်မယ်."
ဘေးနားမှာ ရပ်နေတဲ့ လီဟောင်ဟာ ရယ်လိုက်တယ်..။
"ဒီနေ့ရဲ့..လုပ်ဆောင်မူတွေက တကယ်မဆိုးဘူး..။မာစတာ လင်းရဲ့ ချက်ပြုတ်မူစွမ်းရည်ကိုလည်း..မြည်းစမ်းခွင့်ရသေးတယ်. .။ပြောစရာ မလိုအောင် အကောင်းဆုံးပဲ.."
ဒီနေ့က အရင်တစ်ခေါက်တွေနဲ့ မတူပဲ..လူများစွာ ပါဝင်ပြီး..လှူဒါန်းတဲ့ ပစ္စည်းတွေလဲ များပြားခဲ့ပါတယ်..။
"အန်ကယ် ကျွန်တော်တို့ ဆီကို မကြာမကြာ လာတဲ့ အတွက် ကျေးဇူးပါ.."
ဝီးချဲပေါ်မှာ ထို်င်နေတဲ့ ကောင်းလေး တစ်ယောက်ဟာ..လင်းဖန်ဆီကို ရွေ့လာပြီး မေးလိုက်တာပါ..။
လင်းဖန် ကလေးလေး ခေါင်းကို ပုတ်ပြီး ပြောလိုက်တယ်..။
"ကျေးဇူးတင်ဖို့ မလိုပါဘူး.."
ယင်းနောက် သူ ကလေးရဲ့..ခြေထောက်ကို ကြည့်လိုက်တဲ့ အချိန်မှာ..ခြေထောက်တွေ ရှိနေသေးပေမယ့်..ဆိုးဆိုးရွားရွား ထိခိုက်ခံထားရပြီး..လမ်းမလျောက်နိုင်တော့ ပါဘူး..။
"မင်ယန် ..ဒါရိုက်တာ ဟောင်..ကို လိုက်ရှာဖို့ လိုက်ခဲ့ ပါဦး..။သူမကို တစ်ခုခုပြောရဦးမယ်.."
လင်းဖန် ပြောလိုက်တာပါ..။
ဝမ်မင်ယန် ခေါင်းညိမ့်ပြီး ပြောလိုက်တယ်..။
"ကောင်းပြီ ပြသနာ မရှိဘူး.."
အဲ့အချိနိ်မှာတော့ ဒါရိုက်တာ ဟောင်ဟာ တစ်ခြားအခန်းတစ်ခုထဲမှာ ရှိနေခဲ့တာပါ..။သူကလေးတွေ ပျော်ရွှင်နေတာကို ပြုံးပြီး ကြည့်နေခဲ့တယိ..။ဒီအရာက မြင်ရတာ ရှားပါးပြီး..လင်းဖန်နဲ့ သူလူတွေရဲ့ ကျေးဇူးကြောင့်ပါ..။
လင်းဖန် ပြောလိုက်တယ်..။
"ဒါရိုက်တာ ဟောင်..။အချိန်ခနလောက် ရမလား..။ဆွေးနွေးစရာ လေးရှိလို့ပါ."
ဒါရိုက်တာ ဟောင် ခေါင်းညိမ့်ပြီး လင်းဖန်နဲ့ဝမ်မင်ယန်ကို အနီးနားက ရုံးခန်းဆီ ခေါ်သွားခဲ့တယိ..။
ဝမ်မင်ယန် ဖိုင်တစ်ခုကို ထုတ်ကာ ပြောလိုက်ပါတယ်..။
"ဒါရိုက်တာ ဟောင်..။ဒီ နန်ရှမ်း..ဂေဟာက ကျွန်တော်တို့ကို လွှဲပြောင်းပေးပြီးထား ပါပြီ..။အခုကစပြီး ဒီပိုင်ရှင်က မာစတာ လင်း ဖြစ်တော့မှာ.."
ဒါရိုက်တာဟောင် ခေါင်းညိမ့်လိုကိတယ်..။
"ကျွန်မ အသိပေးစာ ရပြီးပါပြီ..။ကျွန်မ အတွက် နေရာတစ်ခု ရှိဦးမယ်လို့့ မျှော်လင့်ပါတယ်...။ကျွန်မ ဒီမှာ လုပ်လာတာ ကြာပြီ ဆိုတော့..ထွက်သွားဖို့ မလွယ်ဖူးလေ.."
လင်းဖန် ပြုံးပြီး ပြောလိုက်တယ်..။
"သေချာတာပေါ့..။အခုကစပြီး..ကျွန်တော် တတ်စွမ်းနိုင်သလောက် ကြိုးစားသွား ပါ့မယ်..။ကလေးတွေ အားလံူး ပျော်ရွှင်မူ တိုးတက်မူတွေ ရရှိစေရမယ်.."
ဒါရိုက်တာဟောင် ခေါင်းညိမ့်လိုက်ပြီး..
"မာစတာ လင်း..ဆီက ဒါမျိုးကြားရလို့ဝမ်းသာ ပါတယိ..။ဒီကလေး တွေက အတော်သနားဖို့ ကောင်းတယ်လေ..။အတူတူ နေလာတာကြာပြီ ဆိုတော့ ကျွန်မ အတွက် သူတို့က..မိသားစုတွေလိုပဲ.."
…
အပြင်ဘက်တွင်..။
အနက်ရောင် ပြိုင်ကားတွေဟာ အမြန်ရောက် လာခဲ့တယိ..။ကားတစ်စီ ထဲကနေ..ဗုဒ္ဓ လည်ဆွဲကို ဝတ်ဆင်ထားတဲ့ သက်လတ်ပိုင်းအရွယ် ခပ်ဝဝ လူကြီး တစ်ယောကိ ထွက်လာခဲ့ ပါတယ်...။
လူကြီးရဲ့ မျက်လုံးဟာ စူးရှနေပြီး..ပတ်ဝန်းကျင်ကို ခြုံ ကြည့်လိုက်တယ်..။ယင်းနောက် သူ့လူတွေကို ဦးဆောငိ ပြီး အထဲကို ဝင်သွားခဲ့ ပါတယ်..။
ကျန်းဟွေး ဒီလူကြီး လာနေတာကို မြင်ပြီး အမြန်ပြုံးကာ ပြောလိုက်တယ်..
"အစ်ကို စီ.."
ကျိုးစီ ဟာ.ရှန်ဟိုင်းမှာနေပြီး..ကျန်းဟွေးနဲ့ သူမ အဖွဲအစည်း နဲ့အတူ အပေးအယူတွေ အများကြီး လုပ်ဖူးပါတယ်..။
ကျန်းဟွေး ..သူမဖြေရှင်းရခက်ခဲ တဲ့ ပြသနာနဲ့ ကြုံနေရပြီ ဆိုရင်..ကျိုးစီ ကို ကျိန်းသေ လှမ်းခေါ်မှာပါ..။
ကျိုးစီဟာ ရှန်ဟိုင်းမှာ ကိုယ်ပိုင် ငွေချေး ကုမ္ပဏိီတစ်ခုလည်း..တည်ထောင် ထားပါသေးတယ်..။
"အကြီးအကဲ ကျန်း..ဘာဖြစ်လို့လဲ..။တစ်ခုခု ဖြစ်ခဲ့ လို့လား.."
ကျိုးစီ ဟာ ကျန်းဟွေးကို မေးလိုက်တာပါ..။
ဂျင်ယန်ဟာ လည်း ဒီလောက မှာ ရှိနေတဲ့ လူတစ်ယောကိ ဖြစ်တဲ့ အတွက် ကျိုးစီကို သိထားပါတယ်..။သူ နှုတ်ဆကိလိုက်တယ်..။
"အန်ကယ် စီ.."
ကျိုးစီ ခေါင်းညိမ့်ရုံ ညိ်မ့်ပြလိုက်တယ်..ဂျင်ယန် ရဲ့ အဆင့်က သူ့မျက်လုံးထဲမှာ ကလေးအဆင့်ပဲ ရှိတာပါ..။
ကျန်းဟွေးဟာ..ကျိုးစီကို အဖြစ်အပျက် အကုန် ရှင်းပြနေပြီး..ကျိုးစီ ဒါကိုကြားကာ ကြောင်အသွားခဲ့ပါတယ်..။ယင်းနောက် သူရယ်မောလိုက်ပြီး..
"အကြီးအကဲ ကျန်း..ဒီကိစ္စက အသေးအဖွဲလေးလေ...။ကျုပ်က အကြီးကြီး ထင်နေတာ..ဒါက လူငယ်လေးပဲ မဟုတ်လား.။ဖုန်းထဲမှာထဲက ရှင်းရှင်းလင်းလင်း ပြောသင့်တယ်..ဒါဆို ကျုပ်လူတွေ လွှတ်လိုက်တာနဲ့တင် ဒူးထောက်ပြီး တောင်းပန် နေလိမ့်မယ်..။အခု သတင်းအမှားပေးတော့..ကျုပ်အဝေးကြီး အထိလာခဲ့ရတာပေါ့.."
ကျန်းဟွေး ရယ်ပြီး ပြောလိုက်တယ်..။
"အစ်ကို စီ..ဒီအခြေအနေက အစ်ကိုစီကို တစ်ကယ်လိုအပ်လို့ပါ..။လတ်တလော..ကျွန်မ သင့်တော်တဲ့ အဖွဲ့ဝင်အသစ် လေးတွေ တွေ့ထားတယ်..ပြီးမှ တူတူသွားကြည့်ရင်ရော ဘယ်လိုလဲ.."
ကျိုးစီ ရယ်မောပြီး လက်ပြလိုက်တယ်..။
"နားလည်ပါပြီ..နားလည်ပါပြီ.။ကျုပ် ဒီအခြေအနေကို ကိုင်တွယ်ပေးပါ့မယ်..။ကျုပ် လှလှပပ ကိုင်တွယ်ပေးမယ်..အဲ့ငနဲ အခု့ဘယ်မှာလဲ.."
ကျန်းဟွေး လက်ညိုးထိုးလိုက်ပြှီး..
"အထဲမှာ.."
"အိုကေ..အကြီးအကဲ ကျန်းကိုတောင် အပြစ်ပြုရဲရအောင်..ဒီကောင့်မှာဘယ်လို သတ္တိမျိုးတွေ ရှိနေတာလဲ..ကြည့်လိုက်ရအောင်.."
ကျိုးစီ အခြေအနေကို အကုန်နားလည် ထားပြီးပါပြီ..။သူက ကျန်းဟွေး နဲ့ သူရဲ့ကုမ္ပဏီ အတွက် အမှောင် ဘက်ခြမ်းက အလုပ်တွေကို အမြဲကူညီလူပ်ဆောငိ ပေးနေတဲ့ လူတစ်ယောက်ပါ..။ကိစ္စတွေက အမှောင်ဘက်ခြမး်ကို ရောက်လာတဲ့ အချိန်မှာ သူတစ်ယောက်ထဲ ကိုင်တွယ်နိုင်ပါတယ်..။
"ကောင်လေးတို့..."
*ဘန်း.*
ကျိုးစီ စတင်ပြောလိုက်တာနဲ့... သူ့လူတွေဟာ.ခန်မကြီးဆီ လျောက်သွားပြီး တံခါးကို စောင့်ကန် ဖွင့်လိုက်တယ်..။
ရုတ်တရက် အထဲက လူတွေ တိတ်ဆိတ်သွားကြပါပြီ..။
လင်းဖန် ဘာတွေဖြစ်နေမှန်း မသိပဲ..တံခါးဆီကို လှမ်းကြည့်လိုက်ပါတယ်..။
လူမိုက်အဖွဲ့ထဲက လူငယ်တစ်ယောက်ဟာ..အသံကျယ်ကျယ်နဲ့ အောဟစ်လိုက်တယ်..။
"အကြီးအကဲ ကျန်းကို စော်ကားသွားတာ ဘယ်ကောင်လဲကွ..။ရှေ့ကို ထွက်လာစမ်းပါဦး..မြင်ဖူးချင်လို့.."