← Chapters

ကျိုးစီ.ရဲ့ကြောက်ရွံ့မူ

Vol. 25 Ch. 372

ကျိုးစီ.ရဲ့ကြောက်ရွံ့မူ

Vol. 25 Ch. 372

#ဘာသာပြန် = စနိုးဝှိုက်

အဲ့အချိန်မှာပဲ..လူတိုင်းဟာ မတ်တတ်ရပ်လိုက်ကြတယ်..။

လင်းဖန် မျက်မှောင် ကျုတ်ကာ ရှေ့ကို ထွက်ကို ထွက်သွားလိုက်ပြီး..

"ထွက်သွားကြ.."

ကျိုးစီ..ဒါကို ကြားတဲ့ အချိန်မှာ ရယ်စရာ တစ်ခုကို ကြားလိုက်သလို ရယ်မောလိုက်ပါတယ်..။

"ကောင်လေး..မင်းတို့ လူငယ်တွေက တကယ် ခွန်အားတွေ ပြည့်နှက်နေတာပဲ..။ဒါက အတော် အဓိပ္ပါယ် ရှိတယ်..။ဒါပေမဲ့ .ထူးခြားတာတွေ လုပ်ချင်တယ် ဆိုရင်တော့..မင်းမှာ..အရည်အချင်း တွေ ရှိဖို့ လိုတယ်နော်..။အကြီးအကဲ ကျန်း ဆိုတာက မင်းစော်ကား လို့ရတဲ့ လူတစ်ယောက် မဟုတ်ဘူး..။အဲ့ ကလေးကို ဆွဲထုတ်ခဲ့.."

ဘေးနားက တပည့်တွေဟာ..ဒါကို ကြားတဲ့ အချိန်မှာ..စတင်ပြီး လှုပ်ရှားလားခဲ့ကြတယ်..။သူတို့ရဲ့ ခေါင်းဆောင်ပြောလာပြီ ဆိုမှတော့..သူတို့..အမိန့်ကို နာခံ ကြရမှာပါ..။

"ကျိုးစီ..မအိမ်လုံး မင်းသေချင်နေတာလား.."

အဲ့အချိန်မှာပဲ..အကြီးအကဲ ဝမ် ဟာ ဒေါသ တကြီး လျောက်ထွက်လာခဲ့ပါပြီ..။

ကျိုးစီ ဟာ သူ့ကို အော်တဲ့ လူကို ဒေါသတစ်ကြီး ကြည့်လိုက်ပြီး တစ်ခုခုပြောဖို့ လုပ်လိုက်တဲ့ အချိန်မှာပဲ..ကြောင်အသွားခဲ့တယ်..။

"အကြီးအကဲ ဝမ်.."

ကျန်းဟွေး လည်းကြောင်အသွားခဲ့ တယ်..။ဒါပေါ့.သူ ဝမ်မင်ယန်ကို သိပါတယ်..ဒါပေမဲ့ သူ ဒီမှာ ပေါ်လာလိမ့်မယ် လို့ မထင်ထားခဲ့ ပါဘူး..။

"အကြီးအကဲ ဝမ်..နားလည်မူလွဲ နေပြီ.။ကျွန်တော် တို့က ပြသနာ ရှာဖို့ လာတာမဟုတ်ဘူး..ဒါပေမဲ့ ဒီငနဲကို စော်ကားထားတော့..ကျွန်တော်က စကားပြောဖို့ ခေါ်လိုက်တာ..။ကျန်တဲ့ လူတွေကို မနှောက်ယှက်ဘူးလို့ ..ကတိပေး ပါတယ်.. "

"ခွေးသား..မင်း ကန်းနေတာလား..။ဒါက ငါ့ညီအစ်ကိုလေ..သူ့ကို စကားပြောဖို့ ခေါ်တာက ငါ့ကိုခေါ်တာပဲ..။မင်းတော့ သေချင်နေပြီ ထင်တယ်..။မင်း ဆန္ဒရှိနေပြီ ဆိုရင် ငါဖြည့်ဆည်းပေး လို့ရတယ်နော်.."

"ကလေးတွေ ရှေ့မှာ..မယဥ္မကျေးတွေ မပြောမိကြစေနဲ့..။ကျုပ်တို့ အပြင်မှာ ထွက်ပြောရအောင်.."

လင်းဖန် ပြောလိုက်တာပါ..။

ဝမ်မင်ယန် ခေါင်းညိမ့်လိုက်တယ်..။

"ဟုတ်တယ်.."

ပြီးတော့ သူ ဆက်ပြောလိုက်ပါတယ်..။

"တိမ်ဖြူလမ်းကလူတွေ ကလေးတွေကို ဂရုစိုက်လိုက်..။ကျန်တဲ့ လူတွေက ငါနဲ့လိုက်ခဲ့..ဒီကောင်တွေ ဘာလိုချငိတာလဲ သိရအောင်.."

ကျိုးစီဟာ သူ့ရှေ့က မြင်ကွင်းကို ကြည့်ပြီး ကြောင်အနေခဲ့ပါပြီ..။အခြေအနေ မူမမှန်တော့ဘူးဆိုတာ သူခံစားနေရပါတယ်..။

အပြင်ဘက်..။

ကျန်းဟွေး မျက်မှောင်ကျုတ်ပြီ ကြည့်နေခဲ့တယ်...။သူ အခုချိန်မှာ..မှတ်မိတဲ့ လူတော်တော်များများကို တွေ့နေရပေမယ့်..ဒီငနဲနဲ့..ဘယ်လို ဆက်နွယ်နေလဲ မသိသေးပါဘူး..။

ဝမ်မင်ယန်မေးလိုက်တယ်..။

"ကျိုးစီ.မင်းက ဘာရည်ရွယ်ချက် ရှိနေတာလဲ."

အခုမှ မွေးတဲ့ နွားငယ်လေးက..ကျား ကို မကြောက်ဘူး ဆိုတဲ့ စကားပုံ အတိုင်း..ဂျင်ယန်ဟာ ရှေ့ကို တက်တာခဲ့တယ်..။

"ခင်ဗျားက ဘယ်သူလဲ..။အကြီးအကဲ စီ ဆိုတာက ခင်ဗျား မေးခွန်းထုတ်ချင်တိုင်း ထုတ်လို့ရတဲ့ လူမဟုတ်ဘူး.."

"နောက်ဆုတ်စမ်း.."

ကျိုးဆီ ဂျင်ယန်ကို စိုက်ကြည့်ကာ အော်လိုက်တယ်..။

"အကြီးအကဲ ဝမ်..မဟုတ်ဘူး..အစ်ကို ဝမ်..ဒါက နားလည်မူလွဲတာပါ.."

ဝမ်မင်ယန် ရယ်လိုက်တယ်..။

"နားလည်မူလွဲတယ်..မင်း ငါ့ညီအစ်ကို ကို ပြသနာ ရှာဖို့ လူတွေ အများကြီး..ခေါ်လာပြီးမှ..နားလည်မူလွဲတာလို့ လာပြောချင်နေတာလား...။ငါ ဝမ်မင်ယန် ဒီမှာ မရှိရင် မင်း ငါ့ညီအစ်ကိုကို..အနိုင်ကျင့်တော့ မှာ မဟုတ်လား..။မေ့မနေနဲ့ဦး..ငါ ငွေမရှိပဲ..မွဲတေနေတဲ့ အချိန်တုန်းကတောင်..မင်းလိုကောင်မျိုး..ကို အစ်ကိုကြီးလို့ ခေါ်ခိုင်းပြီး ပြုတ်သောက်လိုက်လို့ ရတယ်..။အခုငါမင်းကို သတ်လို့ရပြီး..ဘယ်သူလူပ်လိုက်မှန်တောင် သိလိုက်မှာ မဟုတ်ဘူးဆိုရင်ရော..မင်းယုံလား.."

"ဟုတ်ပါတယ် ဟုတ်ပါတယ်..စိတ်မဆိူးပါနဲ့ အစ်ကိုဝမ်..။ကျွန်တော် ကျိုးစီ..အစ်ကိုဝမ်ရဲ့ ညီအစ်ကိုကို မစော်ကားရဲပါဘူး..။ဒါက တကယ်နားလည်မူ လွဲနေတာပါ..အစ်ကိုဝမ်ရဲ့ ညီအစ်ကိုမှနိးသိရင်..ကျွန်တော် အသက်ဆယိချောင်း ပါမယ်ဆိုရင်တောင် လာရဲမှာ မဟုတ်ပါဘူး.."

ကျိုးစီ..ကြောက်ရွံ့စွာ ပြန်ဖြေလိုက်တာပါ..။

သူဝမ်မင်ယန် ကို ကြောက်တယ် ဆိုတာက အပေါ်ယံက မဟုတ်ပဲ..တကယ့် နှလုံးသားထဲကနေလာတဲ့ ကြောက်ရွံ့မူပါ..။ဟိုးအရင်တုန်းက သူ .ဝမ်မင်ယန်နဲ့ ရန်ဖြစ်ဖူးပြီး..ဝမ်မင်ယန်က သူ့ကို သေလောက်အောင်ရိုက် နှက်ခဲ့ဖူးပါတယ်..။အဲ့အချိန်က သူ..ဝမ်မင်ယန်ကို ..ဆောက်လုပ်ရေး ဆိုဒ်တစ်ခုမှာ..ဒူးထောက်ပြီး..အစ်ကိုကြီး လို့ပါခေါ်ခဲ့ရပါသေးတယ်..။

အဲ့တုန်းက လူအများကြီး ရှိနေခဲ့ပြီး..ဒီအစ်ကြောင်းတွေကို..ဘယ်သူမှ ပြန်မပြောတာက သူ့ရဲ့ အဆင့်အတန်း မြင့်တက်လာခဲ့သလို..ဝမ်မင်ယန်ရဲ့ အဆင့်အတန်းလဲ မြင့်တက်လာလို့ပါ..။ဒါကြောင့် တစ်ခြား လူတွေက သူတို့ရဲ့ ပုံရိပ်တွေကို..ထိန်းသိမ်းပြီး မပြောပဲ နေကြတော့တာပါ...။

ဝမ်မင်ယန် ရယ်မောလိုက်တယ်..။

"စိတ်ဆိုးတာလား..ငါမင်းကို စိတ်မဆိုးပါဘူး..။မင်းက ဒီကို လာပြီး ငါ့ညီအစ်ကိုနဲ့ ကစားချင်တာ ဆိုရင်တော့..ငါကစားပေးရမှာပေါ့..။ဒါပေမဲ့ တစ်ခုတော့ ​ပြောလိုက်မယ်...ငါက တရားဥပဒေ လိုက်နာတဲ့ စီးပွားရေး တစ်ယောက်ဆိုပေမဲ့လည်း..မင်းရင်ဆိုင်ချင်တယ် ဆိုရင်..ငါ ဘာကိုမှ ကြောက်ရွံ့နေမှာ မဟုတ်ဘူးနော်.."

ကျိုးစီဟာ သူ့ဘဝ မှာ ဘယ်သူ့ကိုမှ ​မကြောက်ရွံ့ဖူး ပေမယ့်လည်း..ဝမ်မင်ယန်ကို တော့ ကြောက်ရွံ့မိပါတယ်..။အရင်တုန်းက သူတို့ ဆောက်လုပ်ရေးမှာ လုပ်ကိုင်တော့...ဝမ်မင်ယန်ကအလုပ်သမား ခေါင်းဆောင်တစ်ယောက် ပါ..။ဝမ်မင်ယန်က သူ့ကို နှလုံးသားထဲအထိ ကြောက်လန့်သွားအောင် ရိုက်နှက်ခဲ့ ပါတယ်..။

ထပ်​ပြောရရင် .အခုချိန်.ဝမ်မင်ယန်မှာ ပိုက်ဆံရှိပြီ..သူအသုံးချနိုင်တဲ့ အင်အားက မျှော်မှန်းလို့ မရနိုင်အောင်ပါပဲ.။

ကျိုးစီ ခေါ်လာတဲ့ လူတွေဟာ ဘေးနားမှာပဲ တိတ်တဆိတ် ရပ်နေခဲ့ကြတယ်..။သူတို့ရဲ့ သူဌေးက လူပုံအလယ်မှာ..ပြစ်တင် ကြိမ်းမောင် ခံနေရပေမယ့်လည်း..ပြန်လည် ငြင်းခုန်မူတောင် မလူပ်ရဲပါဘူး..။အခြေအနေကတော့ သိပ်ကို ရှင်းလင်းပါတယ်..။

"ဟုတ် ..ဟုတ်ပါတယ်..။အစ်ကို ဝမ် စိတ်အေးအေးထားပါ..။အရင်တုန်းက ကျွန်တော် ဂရုမစိုက်မိလို့ ဆိုပေမယ့်..အခုတော့ အခြေအနေကို ကောင်းကောင်း သိနေပြီးပါပြီ..။တကယ်လို့ ဒီလိုမှန်း ကြိုသိရင် ကျွန်တော် မလာပါဘူး.."

လင်းဖန် ဝမ်မင်ယန် ကို ကြည့်ကာမေးလိုက်တယ်..။

"ခင်ဗျား အရင်က ဂိုဏ်းတွေမှာ ပါခဲ့ဖူးတာလား.."

ဝမ်မင်ယန် ပြောလိုက်တယ်..။

"မဟုတ်ဘူး..ဒါက ဘာကို ဆိုလိုတာလဲ..။ငါ မပါခဲ့ပါဘူး.."

လင်းဖန် ပြောလိုက်တယ်..။

"ကျိုးစီ...ညီအစ်ကို စီ..ဒါအမှန်ပဲလား.."

ကျိုးစီဟာ ကြောက်ရွံ့စွာဖြင့်...

"ကျွန်တော်ကို လီ.စီ လို့ပဲ ခေါ်ပါ.."

"မာစတာလင်း..ဘာတွေဖြစ်နေတာလဲ.."

အဲ့အချိန်မှာပဲ..လီရှောင်ရှမ်းဟာ အမြန်ပြေးလာခဲ့ ပါတယ်..။

"ငါ သန့်စင်ခန်းထဲသွားပြီး ပြန်ထွက်လာတော့..ဒီမှာ ပြသနာ လာရှာတဲ့ လူတွေ ရှိနေတယ်လို့ ပြောတယ်.."

လင်းဖန် လက်ဝေ့ယမ်းပြီး ပြောလိုက်တယ်..။

"ဘာမှ မဟုတ်ပါဘူး..စစ်ဆေးရေးမှူး လီ..။ဒါက အသေးအဖွဲလေးပါ.."

"ကျိုးစီ..ဒီမှာဘာလုပ်နေတာလဲ.."

လီရှောင်ရှမ်းဟာ ကျိုစီကို မြင်တာနဲ့ အံ့ဩပြီး မေးလိုက်တာပါ..။ယင်းနောက်..သူ့မျက်နှာဟာ လေးနက်သွားခဲ့တယ်..။

ကျိုးစီလည်း..လီရှောင်ရှမ်း ​ရောက်လာတာကို မြင်ပြီး ကြောင်အနေခဲ့တာပါ..။

"စစ်ဆေးရေးမှူး လီ လည်း ဒီကို ရောက်နေတာလား.."

လီရှောင်ရှမ်းဟာ ရာထူးတိုးထားတာ မကြာပေမယ့်လည်း..ရှန်ဟိုင်းရဲ့ နယ်မြေခံ ဂိုဏ်းကြီးတွေ အကုန်လံူးကို သိထားပါတယ်..။အမှန်ဆို..သူ ဒီဂိုဏ်းတွေနဲ့တောင် ထိတွေ့ပြီးပါပြီ.။

"ကျိုးစီ...မင်းလူတွေကို ခေါ်ပြီး ဒီမှာ ဘာလာလုပ်တာလဲ..။မင်းက ပြသနာ ရှာချင်နေတာလား..။မင်းပြသနာ ရှာရဲရင် ..ငါ့လူတွေကို အခုခေါ်ပြီး မငိးလိုကောင်ကို ထောင်ထဲထည့်ပစ်မယ် ဆိုတာကို သိထားလိုက်..။အဲတာဆို..မင်းရဲ့တန်ဖိုးမရှိတဲ့ အချိန်တွေ အဲ့မှာ ဖြုန်းလို့ ရသွားပြီ.."

ကျိုးစီ အမြန်ရှင်းပြလိုက်တယ်..။

"စစ်ဆေးရေးမှူး လီ..ဒါက နားလည်မူလွဲတာပါ..ကျွန်တော် ပြသနာ ရှာဖို့ လာတာမဟုတ်ပါဘူး.."

လီရှောင်ရှမ်း ကျိုးစီရဲ့ အက်ျီကော်လံကို ဆွဲပြီ လေးလေးနက်နက် ပြောလိုက်တယ်..။

"မင်းဟာ မင်းဘာလုပ်လုပ်..ငါစိတ်မဝင်စားဘူး..ဒါပေမဲ့ ဒါကိုတော့ မှတ်ထားလိုက်..။မင်းတကယ်လို့ ကစားချင်နေတယ် ဆိုရင်..ငါ လီရှောင်ရှမ်းက ဘာမှလုပ်စရာ သိပ်မရှိတော့ မင်းနဲ့ လိုက်ကစားပေးမယ်..။မင်း ဥပဒေကို ဆန့်ကျင်မယ် ဆိုရင်တော့...ငါမင်းကို လွှတ်ပေးမှာ မဟုတ်ဘူး.."

အခုချိန်မှာ ကျိုးစီဟာ သေတောင် သေချင်နေခဲ့ပါပြီ..။

ချီးတွေ ဖြစ်နေတာလား....

သူလုပ်တဲ့ အလုပ်တွေက..တရားမဝင် အလုပ်တွေဖြစ်ပြီး စစ်ဆေးရေးမှူး လီရဲ့ ပစ်မှတ်ထားခံရတာကိုသာ ခံရရင်..သူနေစရာနေရာ ရှိမှာတောင် မဟုတိပါဘူး..။

"ကြည့်ပါဦး..ကျွန်တော်ရဲ့ ချစ်စရာ စစ်ဆေးရေးမှူး လီ ကြီးရဲ့..ကျွန်တော် ပြသနာ လာရှာတာ မဟုတ်ပါဘူး..။ကျွန်တော် ဒီကအခြေအနေကိုတောင် မသိသေးဘူး.."

သို့ပေမယ့် သူတစ်ခုခုလူပ်ဖို့ ကြိုးစားရင်..သေလိမ့်မယ် ဆိုတာ သိထားပါတယ်..။

ဂန်းစတားက ရဲအရာရှိကို စိန်ခေါ်မှာလား..။တစ်ခြား ရဲအရာရှိဆိုရင်...ဖြစ်နိုင်ပေမယ့်..စစ်ဆေးရေးမှူး လီကိုတော့ မရပါဘူး..။

ထပ်ပြောရရင်..လီရှောင်ရှမ်းမှာက..ခါးမှာ သေနတိပါပြီ..သူ အတင်းပြသနာ ရှာရင်..အပစ်ခံရနိုင်ချေ ရှိပါတယ်..။

ကျိုးစီ ဘာပြောရမလဲ မသိတော့ပေ..။

ဒီငနဲနှစ်ယောက်က ဒိီမှာ ဘယ်လိုလုပ်ပြီး တစ်ချိန်တည်း ပေါ်လာရတာလဲ....

ဝမ်မင်ယန်ကတင် သူ့ရဲ့ အကြောက်ရဆုံးလူတစ်ယောက်ဖြစ်နေပြီး..စစိဆေးရေးမှူး လီရဲ့ ပစ်မှတ်ထားတာကိုပါ..ခံရရင် သူ့ဘဝက မတွေးရဲစရာပါပဲ..။

လင်းဖန် လက်ဝေ့ယမ်းလိုက်တယိ..။

"ဒီမှာ မင်းတို့အလုပ် ဘာမှ မရှိပေမယ့်..မင်းတို့ကြောင့် ကလေးတွေ ကြောက်ရွံ့သွားပြီ..။ကလေးတွေကို တောင်းပန်ပြီး..သွားကြတော့.."

လီရှောင်ရှမ်းဟာ ကြောင်တောင်တောင် ဖြစ်နေကြတာကို မြင်ပြီး ထပ်ပြောလိုက်တယ်..။

"မာစတာာလင်း ပြောနေတာ မင်းတို့မှာ နားမပါ ဘူးလား..။ကလေးတွေကို တောင်းပန်ပြီး သွားကြတော့..။အနာဂတ်မှာ..ငါ့ရှေ့မှာ မကစားမိစေနဲ့..မဟုတ်ရင်..ငါမင်းနဲ့ အဆုံးအထိ လိုက်ကစားပေးမယ်.."

ကျိုးစီ အလျင်အမြန် ခေါင်းညိ်မ့်ပြီး ပြန်ဖြေလိုက်တယ်..။

ယင်းနောက် ကျိုးစီဟာ..သူ့လူတွေကို အထဲသို့ခေါ်ကာ ကလေးတွေကို..တောင်းပန်ပြီး အမြန် ပြန်ထွက်သွားခဲ့ ပါတယ်..။

…

အဲ့အချိန်မှာပဲ..လင်းဖန် ကျန်းဟွေးကို ကြည့်ကာ မေးလိုက်တယ်..။

"ဘာလိုချင်သေးလဲ..."

ကျန်းဟွေး မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး ပြန်ဖြေလိုက်ပါတယ်..။

"မလိုချင်တော့ဘူး.."

All Chapters