← Chapters

အကြီးမားဆုံး ဆုလာဒ်

Vol. 25 Ch. 373

အကြီးမားဆုံး ဆုလာဒ်

Vol. 25 Ch. 373

#ဘာသာပြန် = စနိုးဝှိုက်

ကားထဲတွင်..။

ကျိုးစီ..နှာဖူးမှာ ထွက်​ေနတဲ့ ချွေးတွေကို သုတ်လိုက်တယ်..။

သူ့ ရဲ့ တပည့်တစ်ယောက်ဟာ မေးလာခဲ့ ပါတယ်..။

"အကြီးအကဲ စီ..ကျွန်တာ်တို့ ဒီတစ်ကြိမ် အကြီးကြီး အရှက်ခွဲခံရတာပဲ.."

"မင်း ဘာသိလို့လဲ..ငါတို့ အသက်ရှင်နေသ၍..အရှက်ခွဲခံရတာကဘာမှ မဟုတ်ပါဘူး.. "

တပည့်လေးဟာ ပြန်ပြောလိုက်တယ်...။

"အကြီးအကဲ စီ..ကျွန်တော်တို့မှာ အဆက်အသွယ်တွေ မရှိတာ မဟုတ်ဘူးလေ..။ပြီးတော့..စစ်ဆေးရေးမှူး လီဆိုတာက ဘာကောင်မှ မဟုတ်ပါဘူး..။ကျွန်တော်တို့က ဌာန ခေါင်းဆောင်နဲ့တောင် သိနေတာကို..။ဘာလို့ သူ့ကို ကြောက်ရမှာလဲ.."

ကျိုးစီ သူ့တပည့်လေးကို ကြည့်ကာ ပြောလိုက်တယ်..။

"မင်း ဥာဏ်ထိုင်းလှချေလား..။မင်း စစ်ဆေးရေးမှူး လီ ဘယ်သူဆိုတာ မသိဘူးလား..။သူက ဒီရာထူးရတာ မကြာသေးပေမယ့် သူ့နောက်မှာ လူတွေ ရှိတယ်..။ဌာနခေါင်းဆောင် တောင် ပြသနာတစ် ခု မဟုတ်ဘူး..ဒါပေမဲ့..စစ်ဆေးရေးမှုး လီကိုသာ စော်ကားမိရင်..ငါတို့ ရှန်ဟိုင်းက ထွက်သွားရလိမ်ပမယ်.."

တပည့်လေးဟာခေါင်းညိမ့်ပြီး ပြောလိုက်တယ်..။

"ဒါပေမဲ့ အကြီးအကဲ..စီ..အဲ့ အစ်ကိုဝမ် ဆိုတဲ့ လူကရော ဘာမို့လို့လဲ..။သူ့မှာ ပိုက်ဆံ ရှိတာ ဘာလုပ်ရမှာလဲ..။ကျွန်​ေတာ်တို့ မှာလည်း ပိုက်ဆံ ရှိတာပဲ..။ပြီးတော့ အကြီးအကဲ စီကို လူတွေ အများကြီးက လေးစားကြတယ်လေ..။သူ့ကိုဘာ လို့ ကြောက်ရမှာလဲ.."

ကျိုးစီ ကြောက်လန့်စွာ ခေါင်းခါယမ်း လိုက်တယ်..။

"မင်းဘာသိလို့လဲ..။ငါတို့ ဘယ်သူ့ခေါင်းပေါ်ကိုပဲ ကျော်တက် ကျော်တက် သူတော့ ဖြစ်လို့မရဘူး.။ငါ့ကို လေးစားတဲ့ လူတွေက သူတို့ပိုပြီး ချမ်းသာတာတောင် ငါ့ကိုလေးစားကြတာ အမှန်ပဲ..။ဒါပေမဲ့ အခုက ပြောင်းလဲသွားပြီ..။သူတို့က ငါ့ကို အစ်ကိုကြီး လို့ ခေါ်နေကြပေမယ့်..သူတို့ ရင်ထဲမှာ ငါတို့ကို အထင်သေးနေကြတာ.."

.

ကျိုးစီ အတွက်ကတော့..ဒီနေ့အဖြစ်အပျက်တွေက တကယ့်စောက်တလွဲတွေ ပါပဲ..။သူ အနိုင်ကျင့် စော်ကားခံရပေမယ့် ဘာတစ်ခုမှ မတုန့်ပြန်နိုင်ခဲ့ ပါဘူး..။

ဝမ်မင်ယန် ဆိုတာက..ကျိုးစီ ဘယ်တော့မှ မစော်ကားရဲတဲ့ လူတစ်ယောက်ပါ..။အခုချိန်မှာ ဝမ်မင်ယန် ရဲ့ အောက်မှာ..အလုပ်သမား ထောင်နဲ့ချီ ရှိပါတယ်..။ဝမ်မင်ယန်ကို သာ စိတ်ဆိုးအောင် လုပ်ရင် မလွယ်ကူပါဘူး..။

.

ကျန်းဟွေး အတွက်ကတော့ သူ့မကိစ္စကို သူမကိုင်တိုင် ဖြေရှင်းသင့်ပါတယ် .။သူ အစောတုန်းက..ချမ်းသာတဲ့ လူတွေ အများကြီးကို မြင်ခဲ့တာဖြစ်ပြီး..အဲနေရာက..ပြသနာ မရှာသင့်တဲ့ နေရာ ဆိုတာကတော့ သေချာပါတယ်..။

နန်ရှမ်း..ကလေးထိန်း ကျောငိးတွင်..။

လင်းဖန် ကျန်းဟွေးကို ကြည့်ပြီး ပြောလိုက်တယ်..။

"ဘာမှ မလိုချင်တော့ဘူးပေါ့.."

ကျန်းဟွေး လင်းဖန်ကိုကြည့်ပြီး ပြောစရာ စကား ကင်းမဲ့နေခဲ့ ပါပြီ..။

ဘေးနားမှာ ရှိနေတဲ့ ဂျင်ယန် ဟာ ရေရွတ်လိုက်တယ်..။

"အစ်မ ကျန်း.."

ဝမ်မင်ယန် ဝင်ပြောလိုက်ပါတယ်..။

"ကျန်းဟွေး.ငါ နင့်ကို သိပါတယ် .။ရှန်ဟိုင်းရဲ့ ..စွမ်းအားမြင့် အမျိုးသမီး..။လူထုကို လွမ်းမုးိတဲ့ မင်းရဲ့ နည်းလမ်းတွေက တကယ် ကောင်းမွန်တာပဲ.."

"အကြီးအက ဝမ်..ကျွန်မ ရှင်နဲ့ ထိပ်တိုက် ရင်မဆိုင်နိုင်ပါဘူး..။ကျွန်မ ဒီတစ်ခါ အရှုံးကို လက်ခံ ပါတယ်.."

ကျန်းဟွေး ပြောလိုက်တာပါ..။သူမအရံှုးကို ဝန်ခံပေမယ့်လည်း တော်ရုံလူတစ်ယောက် မဟုတ်ပါဘူး..။

ဝမ်မင်ယန်အေးစက်စက် ရယ်ပြီး ပြောလိုက်တယ်..။

"အရှုံးကို ဝန်ခံလည်း အလကားပဲ..။နင်က ငါ့ကို စော်ကားခဲ့တာ မဟုတ်ဘူး..ငါ့ညီအစ်ကိုကို စော်ကားခဲ့တာ..။နင်က ရှန်ဟိုင်းမှာ လွှမ်းမိုးနိုင်တဲ့ အဆက်အသွယ်တွေ ရှိတာ ငါသိပါတယ်..။ငါ့နောက်ကလူတွေကို ကြည့်လိုက်..သူတို့ကို နင်လည်း သိမှာပါ..။ငါ့ညီအစ်ကို မကျေနပ်ပဲ..ဒီက ထွက်သွားဖို့ အစဥ္းစားနဲ့..။ကြိုက်တဲ့ အဆက်အသွယ်ကို ခေါ်လို့ရတယ်..သူတို့ နင့်ဘက်က ရပ်တည်ပေးနိုင်မလား ကြည့် ရအောင်.."

ကျနး်ဟွေး ဝမ်မင်ယန်ကို ကြည့်လိုက်ပြီး..

"အကြီးအကဲ ဝမ် ဒီလောက်အထိ လိုလို့လား.."

ဝမ်မင်ယန် ခေါင်းညိမ့်လိုက်တယ်..

"ငါတော့ လိုအပ်တယ် ထင်တယ်..။ညီအစ်ကို မင်းရော ဘယ်လိုထင်လဲ.."

လင်းဖန် ပြုံးပြီး ပြောလိုက်ပါတယ်..။

"ဒီကိစ္စအတွက်ကတော့ ငါလည်း လိုအပ်တယ် ထင်တယ်.."

ကျန်းဟွေး ဘာပြောရမှန်း မသိတော့ပါဘူး..။သူမ ဝမ်မင်ယန်အကြောင်း ကို သိထားပါတယ်.။ဒီကိစ္စကို ဒီမှာသာ မဖြေရှင်းရင် အနာဂတ်မှာ ပြသနာတွေ တသီကြီးတက်လာတော့မှာပါ..။

ဂျင်ယန်ဟာ...ကျော်ကြားတဲ့ ဆယ်လီ တစ်ယောက် ဖြစ်ပေမယ့်လည်း..ဒီလို သူဌေးကြီးတွေ ရှေ့မှာ ဆိုရင်တော့ ဘာကောင်မှ မဟုတ်ပါဘူး..။

ဝမ်မင်ယန် ပြောလိုက်တယ်..။

"မင်းက အဆက်အသွယ်အပေါ် မှီခိုချင်သေးတာလား..။ဒါဆိုလည်း အဆုံးအထိ သွားကြရအောင်.."

ကျန်းဟွေး ပြောလိုက်တယ်..။

"အကြီးအကဲဝမ်..တစ်စုံတစ်ယောက်က ဘဝမှာ..ဂရုတစိုက်နေထိုင်သင့်တယ်..။အရမ်းကြီး စည်းမကျော် သင့်ဘူး.."

ဝမ်မင်ယန် ရယ်မောလိုက်ပါတယ်..။

"ဟားဟား..ကိစ္စတွေကို ပြီးအောင် မလုပ်ချင်ရင် နောက်မှ နောင်တမရနဲ့နော်.."

လင်းဖန် အခြေအနေကို ကြည့်နေပြီး စိတ်မဝင်စားတော့ပါဘူး..။

"မင်းယန် အများကြီး အပြောနဲ့...။ကျုပ်ကိုင်တွယ် လိုက်မယ်.."

ဝမ်မင်ယန် ခေါင်းညိမ့်လိုက်ပါတယ်..။

"ဒါက အဆက်အသွယ် သေးသေးလေးလေ..ဘာတွေ ဘဝင်မြင့်စရာ ရှိလို့လဲ..။ညီအစ်ကို မင်းရဲ့ အဆက်အသွယ်ကတောင် သူမ ထက်များသေးတယ်..ဒါတောင် နိမ့်ချပြီး နေနေတုန်းပဲ.."

လင်းဖန် လည်း ဒါကို မှန်ကန်တယ် လို့ခံစားလိုက်ရပါတယ်..။သူ ရယ်မောလိုက်ပြီး...

"အကြီးအကဲ ကျန်း..ကျွန်တော် ဒီဆယ်လီ ကောင်လေး ရဲ့ အဝတ်တွေကို ချွတ်ခဲ့မိတယ်..။ပြီးတော့ ခင်ဗျားကို လည်းရိုက်ခဲ့မိတယ်..။တစ်ခုခုပြောချင်တာရှိရင်ပြောပါ..ကျွန်တော်က တာဝန်ယူတတ်တဲ့ လူတစ်ယောက်ပဲ..ဘယ်သူ့ကိုမှ အနိုင်မကျင့်ဘူး..။အထူသဖြင့် အမျိုးသမီးတွေပေါ့.."

"ငါအရှုံးကို ဝန်ခံတယ်.."

ကျန်းဟွေး ပြောလိုက်တာပါ..။ဒီပြသနာကို သူမအဖြေရှင်းနိုင်ဘူး ဆိုတာ သူမသိပါတယ်..။

လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး..

"မဟုတ်ဘူး..ဘယ်သူမှ တွန်းအားမပေးဘူးနော်..။တစ်ခုခု မကျေနပ်ရင် ပြောပါ ကျေနပ်​ေအာင် လုပ်ပေးပါ့မယ်..။ခင်ဗျားကို ပြန်တောင်းပန်ရတာနဲ့..ကျုပ်ပါးကို ပြန်ရိုက်မယ် ဆိုတာက လွဲရင် ကျန်တာ အကုန်အဆင်ပြေတယ်.."

ကျန်းဟွေး ပြောလိုက်တယ်..။

"ငါ အခုထွက်သွားတော့မယ်..ဟုတ်ပြီလား..။ငါဒီတစ်ကြိမ် အရှုံးကိုဝန်ခံတယ်..။ငါတို့ကံဆိုးတာ လို့ပဲ ထားလိုက်တော့.."

အဲအချိန်မှာပဲ လင်းဖန်ဂျင်ယန်ကို ကြည့်လိုက်ပါတယ်..။

"စူပါစတားလေး..မင်းရော မကျေနပ်တာ ဘာညာ ရှိသေးလား.."

ဂျင်ယန်ကတော့..အခြေအနေကို ကောင်းကောင်းကြီး သိနေခဲ့ပါပြီ..။သူ ခေါင်းကို ငုံလိုက်ပြီး..

"မရှိ..မရှိပါဘူး.."

"မရှိဘူးလား.."

လင်းဖန် ထပ်မေးလိုက်တာပါ..။

"အင်း.."

လငိးဖန် ခေါငိးညိမ့်လိုက်ပြီး..

"ကောင်းပြီ ဒါဆိုလည်း သွားကြတော့.."

ကျန်းဟွးဟာ..လင်းဖန် နဲ့ ကျန်တဲ့ လူတွေကို တစ်ချက်ကြည့်ပြီး လှည့်ထွက်သွားခဲ့ ပါတယ်..။

ဝမ်မင်ယန် ပြောလို်က်တယ်..။

"ညီအစ်ကို သူမကို ဒီလိုပဲ လွှတ်ပေးလို်က်တော့မှာလား.."

လင်းဖန် အကူညီမဲ့စွာ ပြောလိုက်တယ်..။

"သူမကို ထွက်မသွားခိုင်းရင် ဘာလုပ်ရမှာတုန်း..။ကျုပ်သူမကို ရိုက်လည်း ရိုက်ထားပြီးပြီး ဆူလည်း ဆူထားပြီးပြီ..။သူမကို ညစာစားဖို့ ဖိတ်ရဦးမှာလား..။ဒါက မသင့်တော်ဘူးလေ.."

"ဟားဟား...ကောင်းပြီ အထဲဝင်ရအောင်..။ဒီကျန်းဟွေး ဘာပဲလုပ်လုပ် ငါ လက်စားချေပေးမယ်..။ဒါပေမဲ့ ဘာမှတော့ မဖြစ်လောက်ပါဘူး..ဒါက အသေးအဖွဲလေး ရန်ဖြစ်တာပါ.."

သို့ပေမယ့် သူတို့ ခန်းမ ထဲ ဝင်သွားတဲ့ အချိန်မှာ..။

လင်းဖန်ကို ဆိုင်ပိုင်ရှင်တွေ အများကြီး ဝန်းရံပြီး..ဘာတွေ ဖြစ်သလဲ မေးလာခဲ့ကြပါတယ်..။သူ မတ်တတ်သာ ရပ်နေခဲ့ပြီး..ဘယ်လို ပြန်ဖြေရမလဲ တောင် မသိတော့ပါဘူး..။

လီရှောင်ရှမ်း.လင်းဖန် ဆီကို ရောက်လာပြီးမေးလိုက်တယ်..။

"တကယ်လို့ ကျိုးစီ တိမ်ဖြူလမ်းကို ပြသနာ လာရှာရင် ငါကို ဖုန်းဆက်လိုက်..။ငါဖြေရှင်းပေးမယ်..ဒါပေမဲ့ သူ လာရဲမယ် လို့တော့ မထင်ဘူး.."

လငိးဖန် လီရှောင်ရှမ်းရဲ့ ပုခုံးကို ပုတ်လိုက်ပြီး..

"ဒီကိစ္စကို မပြောနဲ့ဦး..။နောက်ပိုင်းမှ ကြည့်လုပ်ကြတာပေါ့.."

လီရှောင်းရှမ်း ရယ်မောလိုက်ပါတယ်..။

"ကောင်းပြီလေ.."

အချိန်တွေဟာ တဖြည်းဖြည်း ကုန်ဆံူးရင်း..ညနေ ၆ နာရီ ရောက်လာခဲ့ပါပြီ..။သူတို့ရဲ့ တိမ်ဖြူလမ်းရဲ့ ၂၀ ရက်နေ့ကတော့..ဒီလိုနဲ့ပဲ ကုန်ဆုံးသွားခဲ့တယ်..။ဒီနေ့က သူတို့တွေ အတွက်က ဆုလာဒ် တစ်ခုပါပဲ..။

All Chapters