အရူးတွေပဲ...
Vol. 26 Ch. 376
#ဘာသာပြန် = စနိုးဝှိုက်
လင်းဖန် ဖုန်းပြန်ခေါ်လိုက်တဲ့ အချိန်မှာ ချက်ချင်းပဲ ဝမ်မင်ယန် ရဲ့ အသံကို ကြားလိုက်ရပါတယ်..။
"ချီးပဲ..ချီးပဲ..ညီအစ်ကို မင်းက စောက်ရမ်း ကြမ်းတမ်းတာပဲ..။မင်း သတင်းကို ကြည့်ပြီးပြီလား.."
လင်းဖန် ဖုန်းနဲ့ းးနားနဲ့ ကို ခွာလိုက်တယ်..။ဖုန်းထဲက ထွက်လာတဲ့ အသံက စူးရှပြီး ကျယ်လောင်လွန်းနေခဲ့တာပါ..။
"ခင်ဗျားရူးနေတာလား...မိုးမလင်းသေးဘူးဖုန်း ဆ
်ယ်ခါလောက်တောင် ခေါ်ထားတယ်..။ဘာတွေ အရေးကြီးတဲ့ ကိစ္စမို့လို့လဲ ပြောစမ်းပါဦး..မဟုတ်ရင် ခင်ဗျားကို အပြစ်ပေးရမယ်.."
ဝမ်မင်ယန်ဟာ အလွန်အမင်း ပျော်ရွှင်နေခဲ့တာပါ..။ဒါကြောင့် လင်းဖန် ပြောတာကို သူ စိတ်ထဲ မရှိပါဘူး...
"မဟုတ်ဘူး...သတင်းကိုသာ ကြည့်လိုက်..။ဒီတစ်ခေါက် အယ်လ်ဘမ် က ပျံ့နှံ့နေပြီ..။လုံးဝကို ပေါက်နေပြီလို့ ပြောလို့ရတယ်..။မင်း စိတ်မလှုပ်ရှားဘူးလား..."
"အိုး.."
လင်းဖန်..ဘာမှ သိပ်မခံစားရပေ..။
"ဒါနဲ့ပဲ..ကျုပ်ကို ဆယ်ကြိမ်လောက် ခေါ်ထားတာလား.."
ဝမ်မင်ယန် အံ့ဩသင့်သွားခဲ့တယ်..။
"ညီအစ်ကို..မင်းမှာ ခံစားချက် မရှိတော့တာလား..။ဒိီအယ်ဘမ်က ပေါက်သွားပြီလေ..အဲတာ မင်းရဲ့ အယ်လ်ဘမ်ဟ.."
လင်းဖန်ကတော့ ဘာမှ သိပ်ပြီး စိတ်လှုပ်မရှားမိပေ..။ဒါက သူစိတ်ကူးထားတဲ့ အတိုင်းပါပဲ..။ဒီအယ်ဘဘမ်က သီချင်းတွေကို ဘယ်သူရေးလဲ သူတို့ မသိကြတာလား..။ဒီအယ်ဘမ် မပေါက်ဘူး လို့ပြောမှ လက်မခံနိုင်စရာ အခြေအနေပါ..။
"ကောင်းပြီလေ..ကျုပ်ဖုန်းချလိုက်တော့မယ်..။ကျုပ်က အရေးကြီးတဲ့ ကိစ္စတစ်ခုခု လို့ထင်နေတာ..။ကျုပ်ကိုဒီအတွက်နဲ့များ ဖုန်းခေါ်ရတယ်လို့..အယ်ဘမ်တစ်ခု ပေါက်သွားတာက ပုံမှန် ကိစ္စတစ်ခုပဲ မဟုတ်ဘူးလား..။ခငိဗျား ဒီလို ဖြစ်နေတာကို ကြည့်ရတာတော့..ကျုပ်အရည်အချင်းတွေကို ခင်ဗျား သံသယဖြစ်နေသလိုပဲ.."
လငိးဖန် ပြောလိုက်တာပါ..။
ဝမ်မင်ယန် ကြောင်အသွားခဲ့ပါတယိ..။လင်းဖန် ပြောတဲ့ စကားကို ကြားပြီးတဲ့နောက်မှာ သူ့ရဲ့ အပျော်လေးတွေတောင် ပျောက်သွားခဲ့ပါပြီ..။
ဒီအယ်ဘမ်ကို.. ငါ့ညီအစ်ကို ..ကိုယ်တိုင် ထုတ် ထားတာလေ..။ပေါက်သွားတာနဲ့ဘာများ စိတ်လှုပ်ရှား စရာ ရှိလို့လဲ..။အယ်ဘမ် ပေါက်သွားတယ် ဆိုတာက ပုံမှန်ပဲ..။ဘာမှ လက်မခံနိုင်စရာ အခြေအနေ မရှိဘူး..။
"ဟုတ်တယ်..ညီအစ်ကို..မင်းမှန်တယ်.. ။ငါက ဘာလို့ စိတ်လှုပ်ရှားနေရ မှာလဲ..။ဒါက ပုံမှန် အရာ တစ်ခုပဲလေ..။ကောင်းပြီ ဆက်ပြီး အနားယူလိုက်ဦး..ငါက တော့ ရွှန်းယွဲ့ ကို ကြော်ငြာ ပေးဖို့ စတင်ပြီး လုပ်လိုက်ဦးမယ်..။ငါ လက်ရှိ အခြေအနေကို ဖြုန်းတီး လို့မရဘူး..။ငါ သေချာ မလုပ်ရင် ဖြုန်းတီး သလို ဖြစ်သွားလိမ့်မယ်..,"
လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။
"အင်ဟင်...အရမ်းကြီး စိတ်လှုပ်ရှား မနေနဲ့..။တည်တည်ငြိမ်ငြိမ်ထား...ဒါက ဘာကိစ္စကြီးမှ မဟုတ်ဘူး..အယ်ဘမ်လေး တစ်ခုပဲ..။ကျုပ် ဒီလို အယ်လ်ဘမ်တွေ အများကြီးလုပ်ပြီး အကုန်လုံးကို ပေါက်အောင်လုပ်လို့ရတယ်.."
ဝမ်မင်ယန် ခေါင်းညိမ့်ပြီး ပြောလိုက်တယ်..။
"ဒါ အဓိပ္ပါယ် ရှိတယ်..."
ဖုန်းချပြီး နောက်မှာ ဝမ်မင်ယန် ခနကြာအောင် တွေးတော လိုက်တယ်..။သူညီအစ်ကို ပြောတာ တစ်ကယ် မှန်ပါတယ်..။ဘာမှ စိတ်လှုပ်ရှား စရာ အကြောင်း မရှိပါဘူး..။ဒါက လုံဝကို ပုံမှန်ပါပဲ..ဒါပေမဲ့..သူ ဒါကို ကိုင်တွယ် ရပါဦးမယ်..။
အဲအချိန် မှာတော့..။
ဖုန်းချပြီး နောက်မှာ လင်းဖန် ရယ်မောလိုက်တယ်..။သူ အသည်းအသန် ရယ်မောနေခဲ့ တာပါ...
"ချီးပဲ..ဒါက တကယ်ပေါက်သွားပြီပေါ့...တော်တော် အံ့ဩဖို့ ကောင်းတာပဲ..။နောက်ကျရင် ငါလုပ်စရာ တွေ ရှိသေးတယ်...ဟားဟား...တကယ် စိတ်လှုပ်ရှားစရာ ပဲ.."
ဆောင်းဦးဓားဟာ လင်းဖန်ရဲ့ ဝန်ထမ်း ဖြစ်လာကတည်းက နိမ့်ချနေထိုင်ပြီး..အေးအေးဆေးဆေး ပဲနေခဲ့ပါတယ်..။ဒါတွေက လင်းဖန်က စော်ကားလို့ ရတဲ့ လူတစ်ယောက် မဟုတ်လို့ပါ..။
သူက အမြဲတမ်း လစာတွေကို ဖြတ်တောက်လေ့ရှိပြီး တကယ်ကို..ရက်စက်တဲ့ သူဌေးတစ်ယောက်ပါပဲ.။ဆောင်းဦးဓား အတွက်ကတော့ လက်ရှိ အခြေအနေက ပျော်ဖို့ တော့ကောင်းပါတယ်..။သူ့ ဘော်ဒါတွေဟာ..အမြဲတမ်း လူစုကြဖို့ သူ့ကို ဖုန်းဆက်လေ့ ရှိပေမယ့်..သူ အလုပ်မအားဘူး ဆိုပြီး အမြဲတမ်း ငြင်းလွှတ်ခဲ့ပါတယ်..။
အောင်မြင်နေတဲ့ လူတစ်ယောက်က သူတို့နဲ့ ဘယ်လိုလုပ် အ ချိန်ဖြုန်း နိုင်ပါတော့မလဲ..။သူက နေ့တိုင်း အလုပ်တွေ ရှုပ်နေတဲ့ လူတစ်ယောက်ပါ..။အရင်တုန်းက ဆိုရင် သူတို့က ယောင်လို့တောင် ဖုန်းမခေါ်ကြပေ..။အခု သူတို့ဖုန်းခေါ်တာနဲ့..လွယ်လွယ် ကိုင်စရာ အကြောင်း မရှိပါဘူး..။
ဆောငိးဦးဓား ဒါတွေ တွေးနေတုန်းမှာပဲ..လင်းဖန်ရဲ့ ဖုန်းဟာ ဝင်လာခဲ့ပါတယ်..။
ဆောင်းဦးဓား ပြောလိုက်တယ်..။
"သူဌေး..ဘာများ ညွှန်ကြားစရာ ရှိလို့လဲ.."
လင်းဖန် ပြောလိုက်တယ်..။
"အင်တာနက် ပေါ်တက်ပြီး..ဝူရွှန်းယွဲ့ ရဲ့ အယ်ဘမ်ကို ငါက ထုတ်တာလို့ ကြောညာလိုက်..။ငါလည်း နည်းနည်းတော့ ကြွားချင်တာပေါ့.."
ဆောင်းဦးဓား ပြောလိုက်တယ်..။
"သူဌေး ဒီလိုဟာတွေက အပြင်မှာ ဆိုပိုက်ဆံတော်တော် ရတာပေါ့..။ဒီတော့ သူဌေး ကျွန်တော်ကို နည်းနည််းပါးပါးလောက် မပေးချင်ဘူးလား."
လင်းဖန် ပြန်ပြောလိုက်တယ်..။
"အင်း စိတ်မပူနဲ့..ငါ မင်းကို မနစ်နာ စေရပါဘူး..။ငါ မင်းရဲ့ အကောင့်ထဲကို ဒေါ်လာ ၅၀၀၀ လွှဲပေးလိက်ပြီ."
ဆောင်းဦးဓားဟာ ချက်ချင်း ကျေနပ်သွား ခဲ့တယ်..။မသိရင် ပျားရည်ကို စားမိလိုက်တဲ့ အတိုင်းပါပဲ..။ယင်းနောက် သူဟာ ပြုံးလိုက်ပြီး...
"သူဌေး လစာပေးတုန်းက ကျန်တဲ့ ပိုက်ဆံကရော.."
လင်းဖန် ပြောလိုက်တယ်..။
"အဲတာ မင်းရဲ့ လုပ်ပုံကိုင်ပုံ နဲ့ ဆိုင်တယ်လေ..။တကယ်လို့ မင်းရဲ့ လူပ်ပံူကိုင်ပုံတွေက ကျေနပ်ဖို့ မကောင်းဘူး ဆိုရင်..အဖြတ်ခံရမယ်..။အခု ဖုန်းချလိုက်တော့မယ်..အလုပ်ကြိုးစား..ငါကမင်းကို အများကြီး မျှော်လင့်ထားတာ.."
ဖုန်းချပြီးနောက်..။
ဆောင်းဦးဓား...
"စောက်ရေးမပါတဲ့ သူဌေး..ငါ မင်းရဲ့ အလိမ်ခံမယ်လို့ ထင်နေတာလား..။ငါ ဆောင်းဦးဓားက အင်တာနက် ပိုင်းမှာ အကျွမ်းကျင် ဆုံးပဲ.."
"မေ့လိုက်တော့ အလုပ်အရင်လုပ်ရအောင်..။မဟုတ်ရင် ထပ်အဖြတ်ခံနေရဦးမယ်..ချီးပဲ.."
…
မျက်နှာသစ်ပြီး နောက်မှာ လင်းဖန် တိမ်ဖြူလမ်းကို ဦးတည်ပြီး ထွက်လာခဲ့ ပါတယ်..။မြို့သားတွေကတော့ သူ့ရဲ့ ပန်ကိတ်အတွက် တန်းစီပြီ စောင့်နေခဲ့ကြပါပြီ..။
ဆိုင်ထဲတွင်..။
လူလိမ် ထျန် ပြောလိုက်တယ်..။
"အနာဂတ်မှာ ကလေးထိန်း ဂေဟာက ငါတို့အပိုင်ဖြစ်တော့မယ်..။ငါတို့ အဲ့ကို ပြောင်းရတော့မှာလား.."
လင်းဖန် လင်းဖန် လက်ဝေ့ယမ်းလိုက်တယ်..။
"အဲလို လုပ်ဖို့အထိ မလိုဘူး..။ကျုပ်တို့က..ကျုပ်တို့က လမ်းကြောင်းမှန်ကို ပြပေးဖို့ပဲ လိူအပ်တယ်.."
မသန်စွမ်း ကလေးထိန်း ဂေဟာက သူ့ရဲ့..စီမံမူအောက်မှာ ရောက်နေပြီ ဆိုပေမယ့်..လင်းဖန် အများကြီး ဝင်စွတ်ဖက်ဖို့ စိတ်ကူး မရှိပါဘူး..။သူနေ့တိုင်းသွားပြီး ပဲ ကြည့်မှာပါ..။သူ့စိတ်ထဲမှာ ဒါနဲ့ ပတ်သက်ပြီး အစီစဥ္ တွေ ရှိပေမယ့်.. အရင်ဆုံးကြိုတင် ပြင် ဆင်မူတွေ လုပ်ရပါဦးမယ်.."
သူ့ပိုငိဆိုင်တဲ့ စွယ်စုံကျမ်းရဲ့ စွမ်းရည် တစ်ချို့က..သင်ကြားပေးလို့ ရပါတယ်..။ဒါက တကယ်မဆိူးပါဘူး...။
လတ်တလောမှာ..သူက ဆေးပညာ အဓိက မစ်ရှင်ကို လုပ်နေခဲ့ရတာပါ..။
အခုတော့ စွယ်စုံကျမး်ရဲ့ ဆယ်ခုမြောက်..အသိပညာက..မရိုးရှင်းဘူး ဆိုတာကို..သူနားလည်လိုကိပါပြီ..။ဒါက ဖြည်းဖြည်းချင်း စိတ်ရှည်ရှည်ထားဖို့ လိုနေတဲ့ ပုံပါပဲ..။
သူဖုန်းကို ဖွင့်လိုက်ပြီး..ဝိုက်ဘိုကို ကြည့်လိုက်တယ်..။
ကလင် ကလင်...
သူ့ ဝိုက်ဘိုရဲ့..မက်ဆေ့ဘောက် မှာ စာတွေပြည့်နေခဲ့တယ်..။
"မာစတာ လင်း..ကျွန်တော်က..တက်ကြွသော ကြယ်ပွင့် အနုပညာ ကုမ္ပဏီရဲ့ မန်နေဂျာပါ..။ကျွန်တော်တို့ သီချင်း တစ်ပုဒ်လောက်လိုချင်လို့
."
"ကျွန်တော် တို့ သီချင်း တစ်ပုဒ်ကို ဒေါ်လာ နှစ်သိန်း ပေးပါ့မယ်.."
"ကျွန်တော် တို့ မာစတာ လင်းရဲ့ သီချင်းကို လိုချင်လို့..။စျေးကိုတော့ ခင်ဗျားပဲ သတ်မှတ်ပါ..ဒါပေမဲ့ သီချင်း အရည်အသွေးကတော့ ဝူရွှန်းယွဲ့လောက်ကောင်းရမယ်..."
…
သူ မက်ဆေ့တွေကို ဖတ်နေခဲ့တယ်..။အကုန်လုံးက သူ့ကို သီချငိးရေးပေးဖို့ အတွက် ပြောနေခဲ့ကြတာပါ..။ထပ်ပြောရရင် သူတို့ပေးတဲ့စျေးနှုန်းက လုံးဝကို မနိမ့်ကျပါဘူး..။
သူတို့ကို သူတို့ ဘာထင်နေတာလဲ..ငါ့ကို ပိုက်ဆံနဲ့ ဝယ်လို့ ရမယ် ထင်နေတာလား....
ဒင် ..ဒင်....
အဲ့အချိန်မှာပဲ...ဖုန်းနံပါတ် အစိမ်းတစ်ခုဟာ ဝင်လာခဲ့တယ်..။
သူ ဖြေလိုက်ပါတယ်..။
"ဟဲလို..မာစတာ လင်း..ကျွန်တော် ကျို့တန်ဖေး ပါ.."
လင်းဖန် ကြောင်အသွားပြီး အနည်းငယ် သံသယ ဖြစ်စွာ မေးလိုက်တယ်..။
"ခင်ဗျား ဘယ်သူလဲ..ကျုပ်ခင်ဗျားကို မသိဘူးနော်.."
ကျို့တန်ဖေး ကြောင်အသွားခဲ့တယိ..။ဒီလို ဖြစ်လာလိမ့်မယ် လို့သူမထင် ထားခဲ့ပါဘူး..။ယင်းနောက် သူ ရှက်ရွံ့စွာ ဖြင့်..
"မာစတာ လင်း..ကျွန်တော် အသံသစ် အစီစဥ္က ဒိုင်လေ..ကျို့တန်ဖေး..။မမှတ်မိတော့ဘူးလား..."
လငိးဖန် အချိန်အတော်ကြာ..တွေးပြီးမှ..သတိရသွားခဲ့တယိ..။
"အိုး..ဆရာ ကျိုးလား...။ဘာများ အလိုရှိလို့တုန်း ဆရာကျိုး..."
ကျို့တန်ဖေး ချောင်းဆိုးလိုက်ပြှီး..
"ဒါက ဒီလိုပါ..ကျွန်တော် တည့်တည့်ပဲ ပြောတော့မယ်..။ကျွန်တော် ကုမ္ပဏီ အတွက် မာစတာ လင်းနဲ့ အတူ သီချင်း တစ်ပုဒ်လောက် ဖန်တီး ချင်လို့..။မာစတာ လင်း စိတ်ဝင်စားရင်...ကျွန်တော်တို့ ဆွေးနွေးလို့ ရပါတယ်..။စျေးနှုန်းအတွက် ကိုတော့ စိတ်မပူပါနဲ့..ကျွန်တော်တို့ လုံးဝ စျေးမနိမ်ပါဘူး..."
"ဘယ်သူက ဆိုမှာလဲ.."
လင်းဖန် မေးလိုက်တာပါ..။
ကျို့တန်ဖေး ..မာစတာလင်းရဲ့ ရည်ရွယ်ချက်ကို နားမလညိပေ..။သူ ပြောလိုက်တယ်..။
"ကျွန်တော် တို့ကုမ္ပဏီက အဆိုတော့ တစ်ယောကိပဲ.ကောင်းယူ.."
"ခနလေး.."
သိပ်မကြာခင်မှာပဲ
လငိးဖန် ပြောလိုက်တယ်..။
"စိတ်မကောင်းပါဘူး ဆရာကျို့...ကျုပ် ဒီကောင်ကို ဝိုက်ဘိုမှာ ရှာကြည့်တာ သူက ယန်ဂျင်နဲ့ ပေါင်းပြီး ကျုပ်ကို တိုက်ခိုက်ဖူးတယ်..။ဒီကောင့်အတွက် သီချင်းရေးရအောင် ကျုပ်ဦးနှောက် တစ်ခုခု ထိခိုက်ထားတယ် လို့ထင်နေတာလား..။စိတ်မကောင်းပါဘူး ကျွန်တော် လူပ်စရာ လေးရှိသေးလို့
ဖုန်းချလိုက်တော့မယ်.."
"ဟေး.ဟေ.."
ကလက်..
ဖုန်းချပြီးနောက်တွင်..။
ကုမ္ပဏီတစ်ခုတွငိ..။
"ဘယ်လို အခြေအနေလဲ.."
ကျို့ထန်ဖေး.. ခေါင်းခါယမ်း လိုက်တယ်..။
"သူသဘောမတူဘူး..။ကောင်းယူ..မင်း သူ့ကို ဝိုက်ဘိုပေါ်မှာ သွားဆဲဖူးတာလား.."
ကောင်းယူဟာ အသက်နှစ်ဆယ် ကျော်ပဲ ရှိပါသေးတယ်..။အဲ့အချိန်မှာတော့ သူကြောင်အသွားခဲ့တယ်..။
"ကျွန်တော်လည်း ဒီလိုထင်တာပဲ..."
ကျို့ထန်ဖေး..ကြောင်အသွားခဲ့တယ်..
"မင်းဘာတွေ တွေးနေတာလည်း..ဘာလို့ မာစတာ လင်းကို သွားဆဲ လိုက်ရတာလဲ...။မင်းက ယန်ဂျင် နောက်လိုက်လို့..တော့မပြောနဲနော်..."
ကောင်းယူ ..မတူညီစွာ ပြောလိုက်တယ်..။
"မေ့လိုကိတော့..ဆရာ ကျိုး...။ဘာများထူးခြား သွားလို့လဲ..ကျုပ်တို့ သီချင်းမရတာပဲလေ..။ပြသနာ ကြီး မဟုတ်ပါဘူး..."
ပထိမ တန်းစား သီချင်း ထုတ်လုပ်သူ ကျိ့ထန်ဖေးဟာ ဒေါသကြီးပြီး တစ်ခြာလူတွေကို လည်း လေးလေးစားစား မဆက်ဆံ တတ်ပါဘူး..။အဲ့အချိန်မှာပဲ..သူ ကောင်းယူကို ကြည့်ပြီး ကျိန် ဆဲလိုကိတယ်...။
"မင်း ဘာမှ မသိတဲ့ကောင်..."
ကောင်းယူဟာ ဝမ်းနည်းသွားပေမယ့်..ရွေးချယ်စရာ မရှိပေ..။သူ ကျို့ထန်ဖေး ကို အပြစ်မပြုရဲပါဘူး..။
Snowwhite
Admin
· 8 April 2022 ·
A Valiant Life 375
အပိုင်း ( ၃၇၅ ) ဘာဖြစ်တာလဲ...
#ဘာသာပြန် = စနိုးဝှိုက်
နောက်တစ်ရက်..။
လင်းဖန် အတွက်ကတော့ အေးဆေး သာယာတဲ့နေ့လေးတစ်နေ့ ဖြစ်ပေမယ့် ဂီတ လောကမှာတော့..ကြီးမားတဲ့ တုန်လှုပ်မူကြီးတွေ ဖြစ်ပေါ်နေခဲ့ပါပြီ..။
သီချင်း ကြေညာမူ ဇယား..။
ဘယ်အဆိုတော်ပဲ ဖြစ်ဖြစ် သီချင်း အယ်ဘမ်လ် အသစ်ထုတ်ရင် သီချင်းကြေညာမူ ဇယားမှာ ဖော်ပြခံရပါတယ်..။လတ်တေလာမှာ..အဆိုတော်တွေ အများကြီး သီချင်း ထုတ်ကြပြီး..ရလာဒ်တွေကလည်း ကောင်းမွန် ခဲ့ကြတာပါ..။သို့ပေမယ့်..မနေ့ညမှာတင် အရာရာတိုင်း ပြောင်းပြန်တွေ ဖြစ်သွားခဲ့တယ်..။
ဒီဇယား ပေါ်က ဆယ်လီတွေရဲ့..သီချင်းတွေဟာ..ပျောက်ကွယ်သွားပြီး..သူတို့တောင် မသိတဲ့ သီးချင်းသစ် ဆယ်ပုဒ်နဲ့ အစားထိုး လာခဲ့တာပါ..။
ဒါက သရဲတစ်ကောင်ကို မြင်လိုက်ရသလို ပါပဲ..။
1: ' ငါ့နှလုံးသားထဲမှာ မင်းပဲ ရှိတယ်' 1254257 ဒေါင်းလော့..။
2: 'အနီရောင် ပဲကြီး' 1125478 ဒေါင်းလော့..။
3: ' ဟန်ဆောင် လက်ထပ်မူ' 1114785 ဒေါင်းလော့..။
…
ဒီသီချင်းတွေက တစ္ဆေ သရဲ တွေလို တစ်ညလုံးထိုးတက်လာခဲ့တာပါ..။
ဝမ်မင်ယန် ကတော့ အချက်အလက်တွေကို မြင်ပြီး နှလုံးသားထဲမှာ မသက်မသာ ခံစားလိုက်ရတယ်..။သူ ထိုင်ခုံမှာ ထိုင်ပြီး အချိန် အတော်ကြာအောင်စဥ္းစားနေ ခဲ့ပါတယ်..။
ဆရာယန်ချန်း..ပြောလိုက်တယ်..။
"မယုံနိုင်စရာပဲ..။တကယ် မယုံနိုင်စရာပဲ..။မာစတာ လင်းရဲ့ သီချင်းရေး စွမ်းရည်က တကယ် လေးစားဖို့ကောင်းတယ်..။အစကတော့ ငါ ဒီသီချင်းတွေကို လျော့တွက်နေမိသေးတာ..အခုမှပဲ ဘယ်လောက် အံ့ဩဖို့ကောင်းလဲ ဆိုတာ သိတော့တယ်.."
ဝူရွှန်းယွဲ့ဟာ အချက်အလက်တွေကိုကြည့်ပြီး ပြောလိုက်တယ်..။
"ဆရာ ယန်..ကျွန်မ မှားမြင်နေတာတော့ မဟုတ်ပါဘူးနော်.."
သူမ မြင်နေရတာကို မယုံကြည်ရဲတော့ပေ..။ဒီသီချင်းတွေက ကောင်းမှန်းသိပေမယ့် ဒီလိုရလာဒ်ကောင်းတွေ ထွက်လာလိမ့်မယ် လို့ သူမ မထင်ထားခဲ့ပါဘူး.။
ယန်ချန်း ရေရွတ်လိုက်တယ်..။
"မှားမြင်နေတာ မဟုတ်ဘူး..ငါတို့ဘယ်သူမှ မှားမြင်နေတာ မဟုတ်ဘူး..။ဒါမျိုးက ဂီတလောက မှာတောင် တစ်ခါမှ ဖြစ်ဖူးတာ မဟုတ်ဘူး..။ရလာဒ်တွေကို ကြည့်ပါဦး..ငါ မာစတာ လင်းရှေ့မှာ ဒူးထောက်ပြီး..တပည့်အဖြစ်သာ တောင်းပန်ချင်တော့တယ်.."
ဝမ်မင်ယန် အသိစိတ်ပြန်ဝင်လာပြီး စားပွဲကို ရိုက်လိုက်ပါတယ်..။
"ကောာင်းတယ် ..အရမ်းကောင်းတယ်..။ချီးပဲ ငါ့ညီအစ်ကို ပြောတုန်းက ငါတွေဝေနေပြီး..မဆုံးဖြတ်နိင်ခဲ့ဘူး..။ သီချင်းတွေ အမြန်ထုတ်တာက မကောင်းဘူးလို့ ငါထင်ခဲ့တာ..။အခုတော့ ငါဘယ်
လောက်အသုံးမကျလဲ ဆိုတာ ပြန်မြင်နေရပြီ..။ငါ့ ညီအစ်ကို က ငါ့ကို ထိခိုက်အောင် ဘယ်တော့မှ မလုပ်ဘူး..။ဒီသီချင်းတွေက မရိုးရှင်းဘူး ဆိုတာ ငါအစောကတည်းက သိသင့်တယ်..။ရွှန်းယွဲ့ ဒီအရာတွေက မာစတာ လင်းကို ခန္တာကိုယ်နဲ့ ပြန်ဆပ်ရင်တောင် မလံူလောက်ဘူးနော်.."
ဝူရွှန်းယွဲ့ဒါကို ကြားတဲ့ အချိန်မှာ ရှက်သွေးဖြာသွားခဲ့တယ်..။ဝမ်မင်ယန် က စကားပြောတဲ့ အချိန်မှာ အထိန်းအကွပ် မရှိပါဘူး..။သို့ပေမယ့် ဒီစကားထဲမှာ ဘာအမှားမှ မရှိပေ..။တစ်ခြား ဆယ်လီ အဆိုတော် တွေဆိုရင်..ဒီလို အရည်အသွေးမြင့် သီချင်းတွေရဖို့ တေးရေးဆရာနဲ့ အိပ်ရမယ် ဆိုရင်တောင် အိပ်ကြမှာပါ..။
အင်တာနက်တွင်.။
"ချီးပဲ..ဝူရွှန်းယွဲ့တော့ ရူးသွပ်သွားပြီ.။ပထမ အခွေထုတ်တာတောင် မကြာသေဘူး..နောက်အယ်ဘမ် ထပ်ထုတ်နေတယ်."
"ဒါက ထိုက်တန်တယ်လေ..။သီချင်းဆယ်ပုဒ်လုံး..ဇယားထဲ ဝင်နေတာ ကြည့်ပါလား..။နာမည်ကြီး အဆိုတော်တွေတောင် ဘေးကိုရောက်သွားတယ်..။ကိုယ်တိုင်မမြင်ရင် ဘယ်သူမှ ယုံကြည်နိုင်မှာ မဟုတ်ဘူး.."
"သီချင်းတွေက အရမ်းကောင်းလွန်းတယ်နော်..။မယ်လိုဒီနဲ့..အသံက စောက်ရမ်းလိုက်ဖက်ပြီး ထူးခြားလွန်းတယ်.."
"ငါကတော့ အနီရောင် ပဲကြီး ဆိုတဲ့ သီချင်းကို ကြိုက်တယ်.."
"ငါက ဝူရွှန်းယွဲ့ သီချင်းတိုင်းကို ကြိုက်ပါတယ်..။ဒါပေမဲ့..ပထမ အယ်ဘမ်ရဲ့ ရောင်းအားနဲ့ စာရင် အခုဟာက အတော်ကွာခြားလွန်းတယ်.."
"ဒီသီချင်းတွေရဲ့..နောက်ကွယ်က လူကိုကြည့်လိုက်..မာစတာလင်းပဲ.."
"စာသား...သံစဥ္...အကုန်လုံး စောက်ရမ်း မိုကိတယ်..။မာစတာလင်းက ဘယ်လို နတ်ဘုရားမျိုးလဲ..။သူက ဝူရွှန်းယွဲ့အတွက် ဆယ်ပုဒ်တောင် ရေးပေးတယ်ဆိုတော့ သူတို့နှစ်ယောက် တူတူများ အိပ်ခဲ့တာလား.."
"ငါတော့ အဲလို မထင်ဘူး..ဝူရွှန်းယွဲ့နောကိမှာ ထောက်ပံ့ပေးနေတဲ့ သူဌေးကြီး တစ်ယောက်ရှိတယ် ဆိုပဲ..။ဘာပဲဖစ်ဖြစ် သီချင်းတွေကတော့ ကောင်းလွန်းပါတယ်..။ဒီလို အောင်မြင်တာ သူမ မာစတာလင်းကို ကျေးဇူးတင်ရမယ်.."
"ငါမာစတာလင်းကို ရှာတွေ့ပြီ..။သူက ဝူရွှန်းယွဲ့ ပြိုင်ပွဲ ဝင်ကတည်းက ကူညီပေးခဲ့တာ...။ပထမ အယ်ဘမ်လ် တုန်းကလည်း သူရေးထားတဲ့ သီချင်း တစ်ပုဒ်ကို ထည့်ထားသေးတယ်.."
"လှလှပပ မွေးဖွားလာတာ တကယ်ကောင်းတာပဲ..။သူမရဲ့ ပေါင်တံလေးတွေ.ရင်သားလေးတွေ နဲ့တင် မာစတာလင်းကို ဆွဲဆောငိ ဖို့ လုံလောက်နေပြီ..။သူမ မာစတာ လင်းနဲ့..အိပ်ပြီးတာ သေချာတယ်..။အဲတာကြောင့်.သာ..သူ ဝူရွှနး်ယွဲ့အတွက် အများကြီးလုပ်ပေးနေတာ.."
"အပေါ်ကကောင်..သောက်ပိုတွေပြောတာ ရပ်လိုက်လို့ ရမလား..။မင်း မာစတာလင်း ဘယ်လိုလူလဲ မသိရင် အရေးမပါတာတွေ ပြောမနေနဲ့..။အရှက်မခွဲခင် မာစတာလင်းက ဘယ်လိုလူလဲ ဆိုတာ ရှာကြည့်လိုက်.."
“+1”
…
လင်းဖန်ကို အမြဲတမ်း..ဆန့်ကျင်နေတဲ့ ယန်ဂျင်ဟာ ဒီ ရလာဒ်ကို မြင်ပြီး မျက်နှာ ဖြူဖျော့သွားခဲ့တယ်..။သူမ မစင် ကို စားလိုက်ရတဲ့ အတိုင်းပါပဲ..။ယင်းနောက် သူမ အရင်က ဝိုက်ဘိုမှာ ပိုစ့်တင်ထားတာ ကို ြ့ပန်တွေးမိပြှီး..အမူအရာ ပြောင်းသွားခဲ့ပါတယ်..။သူမ ဝိုက်ဘို အကောင့်ကိုချက်ချင်း စစ်ဆေး ကြည့်လိုက်ပါတယ်..။
တစ်ချက်ကြည့်ရုံနဲ့..သူမ မြေကြီပေါ်လဲကျလုနီးပါး ဖြစ်သွားခဲ့ပါပြီ..။
"ဟားဟား..ဆရာမ ယန်ဂျင်ကတော့ အရှက်ရပြန်ပြီ.."
"ရလာဒ်တွေကို ကြည့်ပြီးပြီလား..။ရှက်တတ်ရင် လဲသေလို့ ရတယ်နော်.."
"ဟားဟား ငါရယ်ရလို့ သေတော့မယ်..။ယန်ဂျင်နောက်ကို လိုက်ပြီး ကူပြောခဲ့တဲ့ လူတွေ အကုန်လုံး..ဒီမနက်ပဲ သူတို့ပိုစ့်တွေကို ဖျက်သွားခဲ့ကြတယ်.."
ယန်ဂျင် ဒါတွေကို မြင်တဲ့ အချိန်မှာ ဘာစကား တစ်ခွန်းမှ မပြောတော့ပဲ..ပိုစ့်တစ်ခုလုံးကို ဖျက်ချလိုက်ပါတယ်..။
တစ်ခြား ဆယ်လီ အဆိုတော်များစွာဟာလည်း.အဆိုတော် အသစ်ကလေးက ဒုတိယ အယ်ဘမ်လ်ထဲနဲ့ ဇယားတွေအကုန်သိမ်းပိုက်သွားတာ မြင်ပြီး ကြောင်အနေခဲ့ကြတယ်..။သူက အတော်ကို ထူးချွန်လွန်းနေတာပါ..။
တစ်ချို့ ဆယ်လီ တွေကတော့ မာစတာလင်းနဲ့ တွေ့ချင်နေကြပါပြီ.။သူမတို့သာ...ဒီအဆင့်မြင့်တေးရေးဆရာကို သူတို့အတွက် သီချင်းရေးပေးအောင် စွမး်ဆောင်နိုင်ရင်..ဒီလို အောင်မြင်ဖို့ ဆိုတာ မခက်ခဲတော့ပါဘူး.။
ဘာပဲဖြစ်ဖြစ်.. ဝူရွှန်းယွဲ့ရဲ့..အောင်မြင်မူက ဘယ်သူမှ မလုပ်နိုင်ခဲ့တဲ့ အရာမျိုးပါ..။
အသံပိုင်းက အရေးကြီးတယ် ဆိုတာကို သူတို့သိကြပေမယ့်..သီချင်းစာသားက တကယ့်အသက်ပါပဲ..။သူတို့ အသံဘယ်လောက်ကောင်းကောင်း မယ်လိုဒီနဲ့ စာသား မကောင်းရင်..ဘာမှ သုံးစားမရပေ..။
တစ်ချို့ ဆယ်လီတွေဟာ..လင်းဖန်ရဲ့ အရင်ပို့စ်ကို တွေ့လိုက်ကြတယ်..။ဒီမှာက ယန်ဂျင်ကို ကျိန်ဆဲတဲ့ လူတိုင်းကို သူသီချင်းရေးပေး မယ်လို့..တင်ထားတာပါ..။သို့ပေမယ့်..ယန်ဂျင်လို ဂိီတလောကရဲ့..လေးစားတဲ့ လူမျိးကို ဘယ်သူမှ မဆဲရဲကြပေ..။ဒီလိုလုပ်တာက သူတို့ရဲ့ အနာဂတ်ကို သူတို့ကိုယ်တိုင် ရိုက်ချိုးလိုက်သလိုပါပဲ..။
အဲ့အချိန်မှာပဲ လင်းဖန် နိုးလာခဲ့ပါတယ်..။
တကယ်လို့ ကောင်းကင်ကြီး ပြိုကျလာရင်တောင် သူ့အတွက် ပြသနာ ကြီး မဟုတ်ပါဘူး..။
သူ မျက်နှာသစ်ပြီး ဖုန်းကို ကြည့်လိုက်တဲ့ အချိန်မှာ ကြောင်အသွားခဲ့ပါပြီ..။သူ့ဖုန်းကို ခေါ်ထားတဲ့ လူတွေမှ အများကြီးပါပဲ..။
ကမ္ဘာကြီး ပေါက်ကွဲသွားတာလား..။ဘာလို့ လူတွေ အများကြီး ဖုန်းခေါ်ထားတာလဲ...။ဒီမှာ ခေါ်ထားတဲ့ အကြိမ်ရေပေါင်း ၃၀ လောက်ရှိပြီး..ဒီထဲမှာ ဝမ်မင်ယန်က အများဆုံး ခေါ်ဆိုထားတာပါ..။
Snowwhite
Admin
· 8 April 2022 ·
A Valiant Life 374
အပိုင်း ( ၃၇၄ ) တစ်ခြားလူတွေ မရနိုင်တဲ့
ဘဝမျိုး...
#ဘာသာပြန် = စနိုးဝှိုက်
ဒီနေ့မှာ စိတ်ပျက်စရာ အကြောင်းအရာတွေ အများကြီး ဖြစ်ပျက်ခဲ့ပါတယ်..။သို့ပေမယ့် လင်ဖန် ကတော့ ခံစားချက်ကောင်း နေတုန်း ပါပဲ..။သူ ဒီပြသနာ တွေ အကုန်လုံးကို အေးအေးဆေးဆေး ကိုယ်တိုင်ဖြေရှင်း နိုင်ခဲ့ ပါတယ်..။ဒါပေမဲ့ ရိုးသားစွာ ပြောရရင် ..သူတို့သာ..မသန်စွမ်း ကလေးဂေဟာ မှာ မဟုတ်ရင်..သူတို့ကို နောင်တရသွားအောင် လုပ်လွှတ်လိုက်မှာပါ..။
"ပျော်လား.."
ဝူယူလန် ပြုံးပြီး ပြောလိုက်တာပါ..။သူမဟာ ကားရဲ့အရှေ့ ထိုင်ခုံမှာ ထိုင်နေပြီး လှပတဲ့ မျက်လုံးတွေနဲ့..လင်းဖန်ကို ကြည့်နေခဲ့့တယ်..။သူမ ရဲ့..စိတ်ထဲမှာတော့..လင်းဖန်ကို အနမ်းပေးချင်နေပေမယ့်လည်း..သူမ ဒီလို မလုပ်ရဲပါဘူး..။သူမ နှလုံးသားထဲမှာပဲ သိမ်းထားခဲ့ ပါတယ်..။
လငိးဖန် ကားေမာင်းနေရင်း ပြောလိုက်တယ်..။
"ဘာကို ပျော်ရမှာတုန်း..။မင်းအဖေကို ဘာလို့ လူလိမ် ထျန်နဲ့ လွှတ်လိုက်တာတုန်း.."
ဝူယူလန် ရယ်မာပြီး ပြောလို်က်တယ်..။
"ကျွန်မ အဖေက အိုနေပြီလေ..။သူအတွက်က အစ်ကို လူလိမ် လိုလူမျိုုးနဲ့ ပေါင်းသင်းရတာ မလွယ်ကူဘူး..။သူတို့က အမြဲတမ်း ဝိုင်သောက်ပြီး စကားနေကြတာ..။ဒါက ရှင် ကျွန်မကို..လိုက်ပို့တာ ပထမ ဆုံးအကြိမ်နော်.."
"ကံကောင်းတယ် လို့ ခံစားရတယ်ပေါ့."
လင်းဖန် အပြုံးလေးနဲ့ ပြောလိုက်တာပါ..။သူ ဝူယူလန်ရဲ့ ခံစားချက်ကို မသိပဲ မနေပါဘူး..။ဒါပေမဲ့ ရိုးရိုးးသားသား ပြောရရင် ဝူယူလန်က အတော်ကို လှပတာပါ..။သူမ စကား မပြောတဲ့ အချိန်မှာ အေးစက်ပေမယ့်..စကားပြောတဲ့ အချိန်မှာတော့ ချစ်စရာ ကောင်းလှပါတယ်..။သူက နှစ်ဖက် အလှမျိုး ရှိတဲ့ မိန်းကလေးတစ်ယောကိပါ..။
ဝူယူလန်ဟာ ရှက်မနေခဲ့ပေ..။
"ဟုတ်တယ်..တကယ်လို့ နေ့တိုင်းလိုက်ပို့ရင်..ပိုတောင် ကံကောင်းဦးမှာ.."
လင်းဖန် ပြုံးပြီး ပြန်ပြောလိုက်ပါတယ်..။
"မင်း အိပ်မက်မက် နေတာပဲ..။ဆီစျေးတွေက တက်နေတာ .."
"အာ ဘယ်လို ဖြစ်နိုင်မှာလဲ..။တကယ်လို့ ကျွန်မကို နေ့တိုင်းလိုက်ပို့ရင်..ဆီဖိူးကို ကျွန်မ တာဝန်ယူမယ်..။ပြီးတော့ ဒါရိုက်ဘာ ကြေးပါ ပေးဦးမှာ..။ထပ်ပြောရရင်..ဒီလို မိန်းမလှလေးကို ညတိုင်းမြင်ရမှာနော်..အိမ်မှာ ညဘက်အိပ်ရင်..ကောင်းကောင်း အိပ်ပျော်မှာ သေချာတယ်.."
လင်းဖန် သူ့နှလုံးသားထဲကနေ ရယ်မောလိုက်ပါတယ်..။သူ စကားလမ်းကြောင်းကို အမြန်ပြောင်းလိုက်တယ်..။
"တကယ်တော့..ဆိုင်မှာ ရှိနေကြတာ အချိန်အတော်ကြာနေကြပြီလေ..။မင်းအဖေ ဆိုင်ကို လာတုန်းက မင်းရဲ့ ကံတရားကို ပြောင်းလဲ ချင်နေခဲ့တာ..။အခု မင်းရဲ့ ကံကြမ္မာက အကောင်းဘက်ကို ဦးတည်နေပြီဆိုတော့...မင်းသွားချင်တဲ့ နေရာရှိရင် အချိန်မရွေး ပြောပြီး သွားလို့ရတယ်.."
ဝူယူလန်ရဲ့ မျက်လုံးထဲမှာ ထိပ်လန့်မူတွေ ပေါ်လာခဲ့တယ်..။သူမ ခေါင်းကို မော့လိုက်ပြီး..
"ဘယ်လို ဖြစ်နိုင်မှာလဲ..။ငါ့ရဲ့ ကံကြမ္မာက မကောင်းသေးဘူး...။လတ်တလော မှာ အကြောင်းပြ
ချက် မရှိပဲ..စိတ်ဓာတ်ကျနေသလို ခံစားရတယ်..။ပြီးတော့..ခြေထောက်နဲ့ ခုံနဲ့ ခနခနတိုက်မိပြီး ခြေထောက်မှာ အတွင်းကြေ သဘောမျိုးတောင် ဖြစ်နေပြီ.."
.
"ဒါအမှန်ပဲလား.."
လင်းဖန် ရယ်မောပြီး မေးလိုက်တယ်..။သူ ..သူမပြောနေတာကို မယုံကြည်ပါဘူး..။တကယ်လို့ ဒီကမ္ဘာပေါ်မှာ သူက ဒုတိယ ဗေဒင်ပညာအကောင်းဆုံး လူဆို..ဘယ်သူမှ ပထမနေရာကိုယူရဲမှာ မဟုတ်ပေ..။ဝူယူလန် ရဲ့ ကံကြမ္မာ အကောင်းဘက်ကို ဦးတည်နေတာ သူ မြင်နေရပါတယ်..။
.
"ဒါပေါ့..ဒါအမှန်ပဲ..မယုံရင် ပြမယ်.."
ဝူယူလန်ဟာ စကတ် ဝတ်ဆင်ထားတာပါ..။အဲ့အချိန်မှာပဲ..သူမဟာ စကတ်ကို ကိုင်ထားပြီး သူမရဲ့ ဖြူးဖွေးတဲ့ ပေါင်တံကို လင်းဖန်ကို ပြသဖို့ အမူအရာလုပ်လိုက်တယ်..။
လင်းဖန် ပျော်ရွှင်စွာ ပြောလိုက်ပါတယ်..။
"တကယ်လား ကြည့်ပါရစေ.."
လင်းဖန် အနီးကပ် လေးလေးနက်နက် ကြည့်မယ့် အမူအရာမျိုး လုပ်လိုက်ပါတယ်..။
ဝူယူလန် ရဲ့ မျက်နှာဟာ နီရဲသွားပြီး..လျှာ ထုတ်ကာ ပြောလိုက်တယ်..။
"အိပ်မက် ဆက်မက် နေလိုက်..။ငါ နင့်ကို ပြမှာ မဟုတ်ဘူး.."
"ဟားဟား.."
လင်းဖန် ရယ်မောလိုက်တာပါ...။
သိပ်မကြာခင်မှာပဲ. ကားဟာ ဝူယူလန်တို့ နေတဲ့ နေရာကို ရောက်လာခဲ့တယ်..။
"သွားတော့လေ..ဂရုစိုက်ဦး.."
ဝူယူလန် လင်းဖန်ကို ကြည့်ကာ ပြောလိုက်တယ်.။
"အပေါ်ကိုတောင် လိုက်မပို့တော့ ဘူးလား..။ဒီမှာကအန္တာရာယ်များတယ်..။လူရမ်းကားတွေနဲ့ တွေ့ရင် ဘယ်လို လုပ်မလဲ.."
လင်းဖန် အလျင်အမြန်လက်ဝေ့ယမ်းလိုက်ပါတယ်..။
"အမြန်..တက်သွားတော့...အခုမှ ၇ နာရီပဲ ရှိသေးတာ ဘာလူရမ်းကားမှ မရှိဘူး..။မှောင်တောင်
မမှောင်သေးဘူး.."
*ကလင် ကလင်*
.
အဲ့အချိန်မှာပဲ ဖုန်းမြည်လာခဲ့တယ်..။
ဝူယူလန် ဖုန်းခေါ်တဲ့ လူကို ခိုးပြီး လှမ်းကြည့်လိုက်ပါတယ်..။
ဒီမိန်းမက ဘာလို့ ဖုန်းခေါ်တာလဲ..
လင်ဖန် ဝူရွှန်းယွဲ ဆိုတဲ့ နာမည် ဖုန်းမှာ ပေါ်နေတာကို ကြည့်ပြီး..ခေါင်းခါယမ်း လိုက်ပါတယ်..။ဘယ်လောကိတောင် တိုက်ဆိုင်လိုက်လဲ..။
.
"မသွားသေးဘူးလား.."
လင်းဖန် မလိုလား အပ်တွေ ဖြစ်မလာစေဖို့ ဖုန်းကို မကိုင်သေးပါဘူး..။သူက အရူးမဟုတ်ပေ..။ဒါပေါ့.အခြေအနေ အမှန်ကို သူထိထားပါတယ်..။
.
ဒါက သူအတွက်တော့ တကယ်ပြသနာ ပါ..။လင်းဖန်လို..ရုပ်ချောပြီး..အသိပညာတွေရှိတဲ့ လူတစ်ယောက်က..မိန်းကလေးတွေကို ဆွဲဆောင်နိုင်တာ ပုံမှန်ပါပဲ..။
ဒါကြောင်လည်း..လင်းဖန် အခုထိ လက်တွဲဖော် မရှာသေးတာပါ..။သူသာ လက်တွဲဖော်ရှာလိုက်ရင်..တစ်ခြား မိန်းကလေးတွေရဲ့ အခွင့်အရေးကို ပိတ်ပင်လိုက်သလို ပါပဲ..။ဒါ က မှတပါ့မလား..။ဒါပေါ့ အမျှတပါဘူး.။
သို့ပေမယ့် ရိုးသားစွာ ပြောရရင် သူ့စိတ်ကို မပြင်ဆင်ထားရသေးပေ..။သူက ငယ်ရွယ်သေးတဲ့ အတွက် လောစရာ မလိုပါဘူး.။
ဝူယူန်လန် ဟန်ဆောင်လိုက်တယ်..။
"ဒီမှာ ထိုင်တာ များတော့ ခြေထောက်တွေက ထုံကျင်နေသလိုပဲ..။ဖုန်းကိုပဲ ဖြေလိုက်ပါ အဆင်ပြေပါတယ်..။ခြေထောက်ကောင်းသွားတာနဲ့ ပြန်လိုက်မယ်.."
"ဘုရားရေ.."
လင်းဖန် ပြောလိုက်တာပါ..။ဒါက တကယ်ဆိုးရွာတဲ့ ဆင်ခြေပါပဲ..။သူတို့ ဒီကို ကားမောင်းလာတာ မိနစ်သုံးဆယ်ပဲ ရှိသေးတာတောင် သူမက ခြေထောက် ထုံကျင်နေတယ် လို့ ဆင်ခြေပေးနေပါသေးတယ်..။အဆုံးမှာတော့ သူရွေးချယ်စရာ မရှိပဲ ဖုန်းကိုင်လိုက်ရပါတယ်..။
သူ ဖုန်းကိုင်လိုက်တာနဲ့ဝူရွှန်းယွဲ့ ရဲ့ အသံဟာ ထွက်ပေါ်လာခဲ့တယ်..။
"အစ်ကို လင်း..အယ်ဘမ် အသစ်က ထွက်လာပြီနော်.."
လင်းဖန် ဝမ်းသာ သွားခဲ့တယ်..။သူ အယ်ဘမ်ကို အမြန်ထုတ်စေချင်တာက..မစ်ရှင်အတွက်ဖြစ်ပြီး အခုမစ်ရှင်က ပြည့်ပြီးး သွားခဲ့ပါပြီ..။သို့ပေမယ့် အခုလို သီချင်း တွေ အမြန်ထွက်လာတာကတော့ သူ ဝူရွှန်းယွဲ့ရဲ့ ကြိုးစားမူကို ကျေးဇူးတင်ရမှာပါ..။
ဝူယူလန်ဟာ တိတ်ဆိတ်နေပြီး..သူမရဲ့ နှင်းလိုဖြူဖွေးတဲ့ ပေါင်တွေကို..နိုပ်ချင်ယောင် ဆောင်နေခဲ့တယ်..။သူမရဲ့ နားတွေက တော့ အစွမ်းကုန်စွန့်ပြီး ခိုးနားထောင်နေခဲ့တာပါ..။
လင်းဖန် ဖုန်းပြောနေရင်း ဝူယူလန် လုပ်နေတာကို မြင်ကာ စိတ်ထဲက ရယ်ျမာလိုက်တယ်..။ဒီမိန်းကလေး နှစ်ယောက်ရဲ့ တိုက်ပွဲက တကယ် ပြင်းထန်လှတာပါ..။
ဖုန်းထဲမှာတော့ဝူရွှန်းယွဲ့ဟာ အတော်ပျော်ရွှင်နေခဲ့ ပါတယ်..။
"အစ်ကို လင်း..ညီမကို ကူညီပေးတာတွေအတွက် ကျေးဇူး တင်ပါတယ်နော်..။အစ်ကို ကို ညီမအိမ်ကို ဖိတ်ပါရစေ..ဒါဆို ကျေးဇူးတင်တဲ့အနေနဲ့ ကိုယ်တိုင် ညစာ ချက်ကျွေးလို့ရပြီလေ.."
လငိးဖန် ဒီ စကားကြားတဲ့ အချိန်မှာ တစ်ခုခု မူမမှန်တာ သတိထားမိလို်က်တယ်..။ဝူရွှန်းယွဲ့က ငါ့ကို မူးအောင် တိုက်ပြီး တစ်ခုခု လုပ်ချင်နေတာလား...။
"ဒါ..ဒါက.."
လင်းဖန် ဝူယူ့လန်ကို ကြည့်နေရင်း..ပြန်ဖြေရခက်နေခဲ့တယ်..။
ဝူယူလန်က ဘေးနားမှာ ပြုံးပြီး ထိုင်နေပေမယ့် ဒေါသထွက်နေခဲ့ ပါပြီ..။စကားပြောတာနဲ့ မလုံလောက်သေး ဘူးလား..။ဒီမိန်းမက သူ့မ နေတဲ့ အိမ်ကိုတောင် ခေါ်ချင်နေခဲ့တာပါ..။ဒါက ထောင်ခြောက်တစ်ခုလို မျိုးပါပဲ..။
"ရွှန်းယွဲ့ ငါ မာစတာ လင်းနဲ့ လိုက်ခဲ့လို့ ရမလား.."
ဝူယူလန် လှမ်း ပြောလိုက်တာပါ..။
ဝူရွှန်းယွဲ့ ဖုန်းထဲက နေထွက်လာတဲ့ အသံကို ကြားကာ..ရင်းနှီးနေတယ်လို့ ခံစားလိုက်ရတယ်..။ယင်းနောက် တွေးနေစရာ မလိုအောင် ဘယ်သူလဲ ဆိုတာ သူမ ချက်ချင်း သိလိုက်ပါတယ်..။
ဝူယူလန် ကလွဲပြီး ဘယ်သူဖြစ်နိုင်ဦးမှာလဲ....
ဝူရွှန်းယွဲ့ ဒေါသထွက်သွားခဲ့ ပါတယ်..။သူမ ဒေါသထွက်သွားလို့ ငိုတောင် ငိုချင်နေခဲ့ ပါပြီ..။
ငါဘာလို့ သူမ ရှိနေတဲ့ အချိန်မျိူးမှာမှ..ဖုန်းခေါ်မိတာလဲ...
ဒါပေမဲ့ အခုမှတော့ သူမကိုပါ မခေါ်ရင် ထူးဆန်းနေတော့ မှာပါ..။ဒါပေမဲ့ သူမ ပါလာရင် တကယ် တတိယဘီး ဖြစ်တော့မှာပါပဲ..။အဆုံးမှာတော့ ဝူရွှန်းယွဲ့..မတတ်သာပဲ ခွင့်ပြုလိုက်ရပါတယ်..။
"ကောင်းပြီလေ..လာလို့ရပါတယ်.."
…
လင်းဖန် အကူညီမဲ့စွာ ခေါင်းယမ်းလိုက်တယ်..။ဒီမိန်းကလေးတွေ ကစားပွဲကို သူ ဘေးနားက ကြည့်နေဖို့ပဲ တတ်နိုင်ပါတော့တယ်..။
Snowwhite
Admin
· 8 April 2022 ·
A Valiant Life 373
အပိုင်း ( ၃၇၃ ) အကြီးမားဆုံး ဆုလာဒ်
#ဘာသာပြန် = စနိုးဝှိုက်
ကားထဲတွင်..။
ကျိုးစီ..နှာဖူးမှာ ထွက်ေနတဲ့ ချွေးတွေကို သုတ်လိုက်တယ်..။
သူ့ ရဲ့ တပည့်တစ်ယောက်ဟာ မေးလာခဲ့ ပါတယ်..။
"အကြီးအကဲ စီ..ကျွန်တာ်တို့ ဒီတစ်ကြိမ် အကြီးကြီး အရှက်ခွဲခံရတာပဲ.."
"မင်း ဘာသိလို့လဲ..ငါတို့ အသက်ရှင်နေသ၍..အရှက်ခွဲခံရတာကဘာမှ မဟုတ်ပါဘူး.. "
တပည့်လေးဟာ ပြန်ပြောလိုက်တယ်...။
"အကြီးအကဲ စီ..ကျွန်တော်တို့မှာ အဆက်အသွယ်တွေ မရှိတာ မဟုတ်ဘူးလေ..။ပြီးတော့..စစ်ဆေးရေးမှူး လီဆိုတာက ဘာကောင်မှ မဟုတ်ပါဘူး..။ကျွန်တော်တို့က ဌာန ခေါင်းဆောင်နဲ့တောင် သိနေတာကို..။ဘာလို့ သူ့ကို ကြောက်ရမှာလဲ.."
ကျိုးစီ သူ့တပည့်လေးကို ကြည့်ကာ ပြောလိုက်တယ်..။
"မင်း ဥာဏ်ထိုင်းလှချေလား..။မင်း စစ်ဆေးရေးမှူး လီ ဘယ်သူဆိုတာ မသိဘူးလား..။သူက ဒီရာထူးရတာ မကြာသေးပေမယ့် သူ့နောက်မှာ လူတွေ ရှိတယ်..။ဌာနခေါင်းဆောင် တောင် ပြသနာတစ် ခု မဟုတ်ဘူး..ဒါပေမဲ့..စစ်ဆေးရေးမှုး လီကိုသာ စော်ကားမိရင်..ငါတို့ ရှန်ဟိုင်းက ထွက်သွားရလိမ်ပမယ်.."
တပည့်လေးဟာခေါင်းညိမ့်ပြီး ပြောလိုက်တယ်..။
"ဒါပေမဲ့ အကြီးအကဲ..စီ..အဲ့ အစ်ကိုဝမ် ဆိုတဲ့ လူကရော ဘာမို့လို့လဲ..။သူ့မှာ ပိုက်ဆံ ရှိတာ ဘာလုပ်ရမှာလဲ..။ကျွန်ေတာ်တို့ မှာလည်း ပိုက်ဆံ ရှိတာပဲ..။ပြီးတော့ အကြီးအကဲ စီကို လူတွေ အများကြီးက လေးစားကြတယ်လေ..။သူ့ကိုဘာ လို့ ကြောက်ရမှာလဲ.."
ကျိုးစီ ကြောက်လန့်စွာ ခေါင်းခါယမ်း လိုက်တယ်..။
"မင်းဘာသိလို့လဲ..။ငါတို့ ဘယ်သူ့ခေါင်းပေါ်ကိုပဲ ကျော်တက် ကျော်တက် သူတော့ ဖြစ်လို့မရဘူး.။ငါ့ကို လေးစားတဲ့ လူတွေက သူတို့ပိုပြီး ချမ်းသာတာတောင် ငါ့ကိုလေးစားကြတာ အမှန်ပဲ..။ဒါပေမဲ့ အခုက ပြောင်းလဲသွားပြီ..။သူတို့က ငါ့ကို အစ်ကိုကြီး လို့ ခေါ်နေကြပေမယ့်..သူတို့ ရင်ထဲမှာ ငါတို့ကို အထင်သေးနေကြတာ.."
.
ကျိုးစီ အတွက်ကတော့..ဒီနေ့အဖြစ်အပျက်တွေက တကယ့်စောက်တလွဲတွေ ပါပဲ..။သူ အနိုင်ကျင့် စော်ကားခံရပေမယ့် ဘာတစ်ခုမှ မတုန့်ပြန်နိုင်ခဲ့ ပါဘူး..။
ဝမ်မင်ယန် ဆိုတာက..ကျိုးစီ ဘယ်တော့မှ မစော်ကားရဲတဲ့ လူတစ်ယောက်ပါ..။အခုချိန်မှာ ဝမ်မင်ယန် ရဲ့ အောက်မှာ..အလုပ်သမား ထောင်နဲ့ချီ ရှိပါတယ်..။ဝမ်မင်ယန်ကို သာ စိတ်ဆိုးအောင် လုပ်ရင် မလွယ်ကူပါဘူး..။
.
ကျန်းဟွေး အတွက်ကတော့ သူ့မကိစ္စကို သူမကိုင်တိုင် ဖြေရှင်းသင့်ပါတယ် .။သူ အစောတုန်းက..ချမ်းသာတဲ့ လူတွေ အများကြီးကို မြင်ခဲ့တာဖြစ်ပြီး..အဲနေရာက..ပြသနာ မရှာသင့်တဲ့ နေရာ ဆိုတာကတော့ သေချာပါတယ်..။
နန်ရှမ်း..ကလေးထိန်း ကျောငိးတွင်..။
လင်းဖန် ကျန်းဟွေးကို ကြည့်ပြီး ပြောလိုက်တယ်..။
"ဘာမှ မလိုချင်တော့ဘူးပေါ့.."
ကျန်းဟွေး လင်းဖန်ကိုကြည့်ပြီး ပြောစရာ စကား ကင်းမဲ့နေခဲ့ ပါပြီ..။
ဘေးနားမှာ ရှိနေတဲ့ ဂျင်ယန် ဟာ ရေရွတ်လိုက်တယ်..။
"အစ်မ ကျန်း.."
ဝမ်မင်ယန် ဝင်ပြောလိုက်ပါတယ်..။
"ကျန်းဟွေး.ငါ နင့်ကို သိပါတယ် .။ရှန်ဟိုင်းရဲ့ ..စွမ်းအားမြင့် အမျိုးသမီး..။လူထုကို လွမ်းမုးိတဲ့ မင်းရဲ့ နည်းလမ်းတွေက တကယ် ကောင်းမွန်တာပဲ.."
"အကြီးအက ဝမ်..ကျွန်မ ရှင်နဲ့ ထိပ်တိုက် ရင်မဆိုင်နိုင်ပါဘူး..။ကျွန်မ ဒီတစ်ခါ အရှုံးကို လက်ခံ ပါတယ်.."
ကျန်းဟွေး ပြောလိုက်တာပါ..။သူမအရံှုးကို ဝန်ခံပေမယ့်လည်း တော်ရုံလူတစ်ယောက် မဟုတ်ပါဘူး..။
ဝမ်မင်ယန်အေးစက်စက် ရယ်ပြီး ပြောလိုက်တယ်..။
"အရှုံးကို ဝန်ခံလည်း အလကားပဲ..။နင်က ငါ့ကို စော်ကားခဲ့တာ မဟုတ်ဘူး..ငါ့ညီအစ်ကိုကို စော်ကားခဲ့တာ..။နင်က ရှန်ဟိုင်းမှာ လွှမ်းမိုးနိုင်တဲ့ အဆက်အသွယ်တွေ ရှိတာ ငါသိပါတယ်..။ငါ့နောက်ကလူတွေကို ကြည့်လိုက်..သူတို့ကို နင်လည်း သိမှာပါ..။ငါ့ညီအစ်ကို မကျေနပ်ပဲ..ဒီက ထွက်သွားဖို့ အစဥ္းစားနဲ့..။ကြိုက်တဲ့ အဆက်အသွယ်ကို ခေါ်လို့ရတယ်..သူတို့ နင့်ဘက်က ရပ်တည်ပေးနိုင်မလား ကြည့် ရအောင်.."
ကျနး်ဟွေး ဝမ်မင်ယန်ကို ကြည့်လိုက်ပြီး..
"အကြီးအကဲ ဝမ် ဒီလောက်အထိ လိုလို့လား.."
ဝမ်မင်ယန် ခေါင်းညိမ့်လိုက်တယ်..
"ငါတော့ လိုအပ်တယ် ထင်တယ်..။ညီအစ်ကို မင်းရော ဘယ်လိုထင်လဲ.."
လင်းဖန် ပြုံးပြီး ပြောလိုက်ပါတယ်..။
"ဒီကိစ္စအတွက်ကတော့ ငါလည်း လိုအပ်တယ် ထင်တယ်.."
ကျန်းဟွေး ဘာပြောရမှန်း မသိတော့ပါဘူး..။သူမ ဝမ်မင်ယန်အကြောင်း ကို သိထားပါတယ်.။ဒီကိစ္စကို ဒီမှာသာ မဖြေရှင်းရင် အနာဂတ်မှာ ပြသနာတွေ တသီကြီးတက်လာတော့မှာပါ..။
ဂျင်ယန်ဟာ...ကျော်ကြားတဲ့ ဆယ်လီ တစ်ယောက် ဖြစ်ပေမယ့်လည်း..ဒီလို သူဌေးကြီးတွေ ရှေ့မှာ ဆိုရင်တော့ ဘာကောင်မှ မဟုတ်ပါဘူး..။
ဝမ်မင်ယန် ပြောလိုက်တယ်..။
"မင်းက အဆက်အသွယ်အပေါ် မှီခိုချင်သေးတာလား..။ဒါဆိုလည်း အဆုံးအထိ သွားကြရအောင်.."
ကျန်းဟွေး ပြောလိုက်တယ်..။
"အကြီးအကဲဝမ်..တစ်စုံတစ်ယောက်က ဘဝမှာ..ဂရုတစိုက်နေထိုင်သင့်တယ်..။အရမ်းကြီး စည်းမကျော် သင့်ဘူး.."
ဝမ်မင်ယန် ရယ်မောလိုက်ပါတယ်..။
"ဟားဟား..ကိစ္စတွေကို ပြီးအောင် မလုပ်ချင်ရင် နောက်မှ နောင်တမရနဲ့နော်.."
လင်းဖန် အခြေအနေကို ကြည့်နေပြီး စိတ်မဝင်စားတော့ပါဘူး..။
"မင်းယန် အများကြီး အပြောနဲ့...။ကျုပ်ကိုင်တွယ် လိုက်မယ်.."
ဝမ်မင်ယန် ခေါင်းညိမ့်လိုက်ပါတယ်..။
"ဒါက အဆက်အသွယ် သေးသေးလေးလေ..ဘာတွေ ဘဝင်မြင့်စရာ ရှိလို့လဲ..။ညီအစ်ကို မင်းရဲ့ အဆက်အသွယ်ကတောင် သူမ ထက်များသေးတယ်..ဒါတောင် နိမ့်ချပြီး နေနေတုန်းပဲ.."
လင်းဖန် လည်း ဒါကို မှန်ကန်တယ် လို့ခံစားလိုက်ရပါတယ်..။သူ ရယ်မောလိုက်ပြီး...
"အကြီးအကဲ ကျန်း..ကျွန်တော် ဒီဆယ်လီ ကောင်လေး ရဲ့ အဝတ်တွေကို ချွတ်ခဲ့မိတယ်..။ပြီးတော့ ခင်ဗျားကို လည်းရိုက်ခဲ့မိတယ်..။တစ်ခုခုပြောချင်တာရှိရင်ပြောပါ..ကျွန်တော်က တာဝန်ယူတတ်တဲ့ လူတစ်ယောက်ပဲ..ဘယ်သူ့ကိုမှ အနိုင်မကျင့်ဘူး..။အထူသဖြင့် အမျိုးသမီးတွေပေါ့.."
"ငါအရှုံးကို ဝန်ခံတယ်.."
ကျန်းဟွေး ပြောလိုက်တာပါ..။ဒီပြသနာကို သူမအဖြေရှင်းနိုင်ဘူး ဆိုတာ သူမသိပါတယ်..။
လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး..
"မဟုတ်ဘူး..ဘယ်သူမှ တွန်းအားမပေးဘူးနော်..။တစ်ခုခု မကျေနပ်ရင် ပြောပါ ကျေနပ်ေအာင် လုပ်ပေးပါ့မယ်..။ခင်ဗျားကို ပြန်တောင်းပန်ရတာနဲ့..ကျုပ်ပါးကို ပြန်ရိုက်မယ် ဆိုတာက လွဲရင် ကျန်တာ အကုန်အဆင်ပြေတယ်.."
ကျန်းဟွေး ပြောလိုက်တယ်..။
"ငါ အခုထွက်သွားတော့မယ်..ဟုတ်ပြီလား..။ငါဒီတစ်ကြိမ် အရှုံးကိုဝန်ခံတယ်..။ငါတို့ကံဆိုးတာ လို့ပဲ ထားလိုက်တော့.."
အဲအချိန်မှာပဲ လင်းဖန်ဂျင်ယန်ကို ကြည့်လိုက်ပါတယ်..။
"စူပါစတားလေး..မင်းရော မကျေနပ်တာ ဘာညာ ရှိသေးလား.."
ဂျင်ယန်ကတော့..အခြေအနေကို ကောင်းကောင်းကြီး သိနေခဲ့ပါပြီ..။သူ ခေါင်းကို ငုံလိုက်ပြီး..
"မရှိ..မရှိပါဘူး.."
"မရှိဘူးလား.."
လင်းဖန် ထပ်မေးလိုက်တာပါ..။
"အင်း.."
လငိးဖန် ခေါငိးညိမ့်လိုက်ပြီး..
"ကောင်းပြီ ဒါဆိုလည်း သွားကြတော့.."
ကျန်းဟွးဟာ..လင်းဖန် နဲ့ ကျန်တဲ့ လူတွေကို တစ်ချက်ကြည့်ပြီး လှည့်ထွက်သွားခဲ့ ပါတယ်..။
ဝမ်မင်ယန် ပြောလို်က်တယ်..။
"ညီအစ်ကို သူမကို ဒီလိုပဲ လွှတ်ပေးလို်က်တော့မှာလား.."
လင်းဖန် အကူညီမဲ့စွာ ပြောလိုက်တယ်..။
"သူမကို ထွက်မသွားခိုင်းရင် ဘာလုပ်ရမှာတုန်း..။ကျုပ်သူမကို ရိုက်လည်း ရိုက်ထားပြီးပြီး ဆူလည်း ဆူထားပြီးပြီ..။သူမကို ညစာစားဖို့ ဖိတ်ရဦးမှာလား..။ဒါက မသင့်တော်ဘူးလေ.."
"ဟားဟား...ကောင်းပြီ အထဲဝင်ရအောင်..။ဒီကျန်းဟွေး ဘာပဲလုပ်လုပ် ငါ လက်စားချေပေးမယ်..။ဒါပေမဲ့ ဘာမှတော့ မဖြစ်လောက်ပါဘူး..ဒါက အသေးအဖွဲလေး ရန်ဖြစ်တာပါ.."
သို့ပေမယ့် သူတို့ ခန်းမ ထဲ ဝင်သွားတဲ့ အချိန်မှာ..။
လင်းဖန်ကို ဆိုင်ပိုင်ရှင်တွေ အများကြီး ဝန်းရံပြီး..ဘာတွေ ဖြစ်သလဲ မေးလာခဲ့ကြပါတယ်..။သူ မတ်တတ်သာ ရပ်နေခဲ့ပြီး..ဘယ်လို ပြန်ဖြေရမလဲ တောင် မသိတော့ပါဘူး..။
လီရှောင်ရှမ်း.လင်းဖန် ဆီကို ရောက်လာပြီးမေးလိုက်တယ်..။
"တကယ်လို့ ကျိုးစီ တိမ်ဖြူလမ်းကို ပြသနာ လာရှာရင် ငါကို ဖုန်းဆက်လိုက်..။ငါဖြေရှင်းပေးမယ်..ဒါပေမဲ့ သူ လာရဲမယ် လို့တော့ မထင်ဘူး.."
လငိးဖန် လီရှောင်ရှမ်းရဲ့ ပုခုံးကို ပုတ်လိုက်ပြီး..
"ဒီကိစ္စကို မပြောနဲ့ဦး..။နောက်ပိုင်းမှ ကြည့်လုပ်ကြတာပေါ့.."
လီရှောင်းရှမ်း ရယ်မောလိုက်ပါတယ်..။
"ကောင်းပြီလေ.."
အချိန်တွေဟာ တဖြည်းဖြည်း ကုန်ဆံူးရင်း..ညနေ ၆ နာရီ ရောက်လာခဲ့ပါပြီ..။သူတို့ရဲ့ တိမ်ဖြူလမ်းရဲ့ ၂၀ ရက်နေ့ကတော့..ဒီလိုနဲ့ပဲ ကုန်ဆုံးသွားခဲ့တယ်..။ဒီနေ့က သူတို့တွေ အတွက်က ဆုလာဒ် တစ်ခုပါပဲ..။