← Chapters

မင်းဘာလိုချင်တာလဲ

Vol. 26 Ch. 377

မင်းဘာလိုချင်တာလဲ

Vol. 26 Ch. 377

#ဘာသာပြန် = စနိုးဝှိုက်

"မအိမ်လုံး ခွေးသား.."

ဖုန်းချပြီး နောက်မှာ လင်းဖန် ကျိန်ဆဲလိုကိတယ်..။သူ ကျို့ထန်ဖေးကို ကျိန်ဆဲတာ မဟုတ်ပါဘူး..အစောတုန်းက သူ့ကို ကျိန်ဆဲခဲ့တဲ့ ဆယ်လီကိုပါ..။

လူလိမ်ထျန် ပြောလိုက်တယ်..။

"ဘာဖြစ်လို့လဲ..ဘာလို့မင်း ဒီလောက်ထိ..ဒေါသထွက်နေတာလဲ.."

လင်းဖန် ကြမ်းပြင်ပေါ်မှာလဲှနေတဲ့ အကြီးအကဲ ခွေးနီကိုးလပ် ကို ချီပြီးပွေ့လိုက်တယ်..။

"ဒီနေ့ခေတ် လူတွေက အရှက်မရှိကြတော့ဘူး..။သူတို့က အကြီးအကဲ ခွေး နီကိုးလပ် ထက်တောင် အရှက်မဲ့ကြသေးတယ်..။ဟုတ်တယ်မလား..အကြီးအကဲ ခွေး..."

အကြီးအကဲ..ခွေး နီကိုးလပ်ဟာ မျက်လုံတွေ ပြူးကျယ်သွားပြီး ဟောင်လိုက်ပါတယ်..။သူ့ကို ဒီလို လူတွေနဲ့ နှိုင်းယှဥ်တာကို မကြိုက်ပါဘူး..။

ကျောကိကျန်းယန်ဟာ ဖုန်းကို ကို်င်ထားပြီး ပြောလိုက်တယ်..။

"ညီအစ်ကို လင်း..ပရိတ်သတ်တွေက စိတ်လှုပ်ရှားနေကြပြီ..။သူတို့ကမာစတာ လင်း နဲ့ စကားနဲနဲ လောက်ပြောချင်လို့တဲ့..။အဆင်ပြေရဲ့လား..."

လင်းဖန် ဖုန်းကို လှမ်းယူပြီး ပြောလိုက်တယ်..။

"ချစ်လှစွာသော..ပရိတ်သတ်တို့..ကျုပ်က ဒဏ္ဌာရီလာ တေးရေးဆရာ မာစတာ လင်းပါ..။ခင်ဗျားတို့က ကျုပ်ကို တွေ့ချင်တယ် ဆိုတော့ ဆန္ဒတွေ ဖြည့်ဆီးပေရတာပေါ့..။ကျွန်တော် ပြောတာကို မှတ်ထားပေးပါ..။အနာဂတ်မှာ စာအုပ်တွေ..အက်ျီတွေ..နဲ့ တစ်ခြား အသုံးဝင်တာတွေကို မလိုချင်တော့ဘူးဆိုရင် ကျေးဇူးပြုပြီးမလွှတ်ပစ်ပါနဲ့...။ရှန်ဟိုင်း..နန်ရှမ်း ကလေးထိန်းကျောင်းကို..ဖုန်းဆက်ပေးပါ.."

"666 ငါ မာစတာ လင်းကို မြင်ရလို့ကျေနပ်သွားပြီ ဒါပေမဲ့ နောကိဆုံး စကားလုံးက ဘာကို ဆိုလိုတာလဲ..။နန်ရှမ်း..ကလေးထိမ်းကျောင်းမှာ သူက ဖြစ်လို့လဲ.."

"မင်းတို့ သတင်းမကြည့်ဖူးလား..။ဒါပေမဲ့..ကလေးထိန်းကျောင်းတွေက သိပ်နာမည်မကြီးတော့..သတိမထားမိတာ မထူးဆန်းပါဘူး..။ငါပြောလိုက်မယ် မာစတာ လင်းက နန်ရှမ်း မသန်စံမ်း ဂေဟာကို ယူ​ြ့ပီး..ပရိဟိတ လောကထဲကိုဝင်ရောက်လာခဲ့ပြီ.."

"ချီးပဲ..အံ့ဩစရာ ပါလား..မာစတာလင်းက ငါ့ရဲ့ အိုင်ဒေါပဲ.."

လင်းဖန်ဖုန်းကနေတဆင့် တက်လာတဲ့ စာတွေကို ဖတ်နေခဲ့တယ်..။သူ အချိန်အတော်ကြာ စကားပြောပြီးတဲ့ နောက်မှာ ဖုန်းကို ပြန်ပေးလိုက်ပါတယ်..။

ကျောက်ကျန်းယန် ရယ်မောလိုကိတယ်..။

"မင်းတို့ နားလည်ကြပြီလား..။ငါက ဒီလောကမှာ ကျင်လည်နေပေမယ့် ပရဟိတတွေ လုပ်နေခဲ့တာ.."

တိုက်ရိုက်ထုတ်လွင့်မူ စီစဥ်သည့်နေရာတွင်..။

"အခုချိန်ကနေ စပြီး အစ်ကိုယန် ဝင်ငွေထဲက ..အခွန်ကောက်ခံမူ ကနေ..တစ်ဝက်လျော့ချလို်က်..။ငါတို့..ဒီကနေတဆင့် မာစတာလင်းရဲ့ ဂေဟာမှာ လှူခွင့်ရလိမ့်မယ်..."

"အံ့ဩဖို့ကောင်းတယ်.."

"ဒီပလက်ဖောင်းက အံ့ဩစရာပဲ..ငါတို့ ကူညီပေးကြတာပေါ့.."

အဲ့အချိန်မှာတော့..။

ဆောင်းဦးဓားဟာ..သူ့ သူဌေးရဲ့ အမိန့်အတိူင်း လူပ်ဆောင်နေခဲ့တယ်...။သူ့လူတွေကို အင်တာနက်ပေါ်မှာ ကြေညာဖို့ ညွှန်ကြားထားပြီးပါပြီ..။

သူ့ သူဌေးရဲ့ လူပ်ဆောင်ချက်တွေ..က အရှက်မရှိဘူး ဆိုတာကိုတော့ သူခံစားမိပါတယ်..။

တစ်စုံတစ်ယောက်က..ဘယ်လိုဖြစ်ပြီး..ကိုယ့်ကိုကို ချီးမွှမ်းဖို့ စီစဥ္နိုင်ရတာလဲ....

သို့ပေမယ့် သူ့မှာ ရွေးချယ်စရာ မရှိပေ..။သူက လင်းဖန်ကို မှီခိုနေရတာကြောင့် လင်းဖန်ပြောတဲ့ အတိုင်းသာ လုပ်ဖို့ တတ်နိုင်ပါတော့တယ်..."

ဆောင်းဦးဓား သူ့အလုပ်သူ လူပ်နေတယ် ဆိုပေမယ့်..တရားမျှတမူက သူ့စိတ်ထဲမှာ အမြဲတမ်းရှိနေခဲ့တာပါ..။သူ စာတစ်ကြောင်းကို မသိမသာ ရိုက်ထည့်လိုက်တယ်..။

"ဘယ်လောက်အရှက်မရှိလိုက်လဲ..ကိုယ့်ဂုဏ်ကို်ယ်ဖော်နေတယ်.."

ဒီ စာတစ်ကြောင်းက စာကြောင်းပေါင်း..ထောင်ချီကြားထဲမှာ သိပ်ပြီးမသိသာပါဘူး..။ဆောင်းဦးဓား ဒါကို ရေးပြီးနောက်မှာ ကျေနပ်သွားပြီး..သူ့အလုပ်သူ စောင့်နေခဲ့ကြပါတယ်..။

*ဒင် *

မက်ဆေ့ တစ်စောင်ဝင်လာခဲ့တယ်..။

"အလုပ်ကို သေချာ မလုပ်ဖူးလား...ဒေါ်လာ ၁၀၀ ဖြတ်လိုက်ပြီ.."

ဆောငိးဦးဓား ဒီစာကို မြင်လိုက်တဲ့ အချိန်မှာ ကြောင်အသွားခဲ့ ပါတယ်..။

ချီးပဲ မဖြစ်နိုင်တာ...ငါလုပ်နေတာကို သူဘယ်လို သိနေတာလဲ...။ငါ စောင့်ကြည့် ခံနေရတာလား.."

တိမ်ဖြူလမ်းတွင်..။

လငိးဖန် ဆောင်းဦးဓားရဲ့ လုပ်ပုံကိုင်ပုံတွေကို သေချာ စောင့်ကြည့်နေခဲ့တာပါ..။သူ ဒီစာကြောင်းတက်လာခဲ့တာနဲ့..ဖက်တီးတစ်ယောက် လှည့်ကွက်တွေနဲ့..ကစားနေကြီ ဆိုတာ သိလိုက်ပါတယ်..။

သူ့ရဲ့ ဦးနှောက်သေးသေးလေးနဲ့ ဒီလို လှည့်ကွက်တွေ မကစားသင့်ပါဘူး.."

တိုင်ဟီ ဂီတ ကုမ္ပဏိီတွင်..။

လူတစ်စုဟာ အစည်းအဝေး လုပ်နေခဲ့ကြတယ်..။

ဝူရွှန်းယွဲ့ရဲ့ ဒုတိယ အယ်လ်ဘမ်က လူတိုင်းကို အံ့ဩစေပြီး ယုံတောင် မယုံကြည်ရဲကြပါဘူး..။

*ခြေသံများ..*

တစ်စုံတစ်ယောက် ..အပေါ်ကို တက်လာတဲ့ ခြေသံကို ကြားနေကြရပါတယ်..။ယင်းနောက် အမျိုးသမီး တစ်ယောက်ဟာ ဝန်ထမ်း တစ်ယောက်နဲ့ အတူ..အစည်းအဝေးခန်းထဲကို ဝင်လာခဲ့တယ်..။

တကယ်လို့ ပရိတ်သတ်တွေသာ ဒီမှာ ရှိကြရင် ကျိန်းသေ ထအော်မိကြမှာပါ..။ဒီကို ရောက်လာတဲ့ သူကတော့..တစ်ချိန်တုန်းက ဂီတလောက တစ်ခုလုံးကို ထိုးဖောက်နိုင်ခဲ့တဲ့ ဧကရီတစ်ပါး..ချိုင်ရာတန် ပါ..။သူမဟာ အသက် ၃၀ ကျော်​ေနပြီ ဖြစ်ပေမယ့်..သူမရဲ့လှပတဲ့ ခန္တာကိုယ်မှာ ထူးခြားတဲ့ အငွေ့အသက်တွေ ရှိနေခဲ့ပါတယ်..။သူမ ထိုင်ခုံမှာ ထိုင်လိုက်တာနဲ့ ဝန်ထမ်းဟာ..သူမရဲ့ ကုဒ်အက်ျီကို ဖယ်ပေးလိုက်တယ်..။

သူမရဲ့ ပုံရိပ်ဟာ အခုထိ ရှိနေသေးပေမယ့်လည်း သူမရဲ့ ကျော်ကြားမူကတော့ အရင်တုန်းကလောက်.. မရှိတော့ပါဘူး..။သူမရဲ့ ရိုးရှင်းတဲ့ သီချင်း​ေးးတွေဟာ တစ်ချိန်တုန်းက အကြီးအကျယ် အောင်မြင်ခဲ့ပေမယ့်..အခုတော့ သူမ သီချင်း မထွက်တာ အတော်ကြာခဲ့ ပါပြီ..။

"အစ်မ ချိုင် ..ကျွန်တော်တို့ ဆွေးနွေး ပြီးသွားပြီ..။သီချင်း အယ်လ်ဘမ် အသစ်ကို အလောတကြီး မလုပ်တာ ပိုကောင်းတယ်လို့ ခံစားနေကြရတယ်..။လတ်တလော..ဂီတလောကက သိပ်မတည်ငြိမ်ဘူး.."

ချိုင်ရာတန်ဟာ သီးချငိးထုတ်လုပ်သူကို ကြည့်ပြီး ​ပြောလိုက်တယ်..။

"အဆိုတော် အသစ် ဝူရွှန်းယွဲ့ အကြောင်း ပြောနေတာလား.."

"ဟုတ်တယ်..အဆိုတော် အသစ်က လတ်တလောမှာထိပ်ဆုံး အဆင့်မှာ ရှိနေတာ..။ပြီးတော့ သူ့နောကိမှာလည်း..တကယ်တော်တဲ့ သီချင်း ရေး ဆရာတစ်ယောက်ရှိတယ်..။သူဆယ်တဲ့ ဆယ်ပုဒ်လုံး ဇယားထဲ ဝင်သွားတာကိုသာ ကြည့်လိုက်တော့..။ဆယ်ပုဒ်မြောက်သီချင်းကတောင် ဇယားထဲမှာ..။သူမက အတော် သန်မာလွန်းတယ်.."

ချိုင်ရာတန် မေးလိုကိတယ်..။

"ကျွန်မတို့ ဘယ်လောက် စောင့်ရမလဲ.."

"သိပ်တော့ မသေချာဘူး..တစ်လလောက်တော့ စောင့်ရမှာပေါ့.."

ကုမ္ပဏီက ခေါင်းဆောင်တစ်ယောက်ဟာ ပြောလျုက်တယ်..။

"ရာတန် အတွက် သီချင်းတစ်ပုဒ်လောက် ရေးပေးဖို့..မာစတာ လင်းကို ဖိတ်ခေါ်ရင်ရော ဘယ်လိုလဲ.."

ချိုင်ရာတန်ခေါင်းညိမ့်လိုက်တယ်..။

"ကျွန်မလည်း..ဒီနတ်ဘုရားလို မာစတာလင်းကို သီချင်းတစ်ပုဒ်လောက် ရေးပေးဖို့ ဖိတ်ခေါ်ချင်မိတယ်.."

အဲအချိန်မှာပဲ အားလုံး တစ်ယောက်ကို တစ်ယောက်ကြည့်လိုကိကြပါတယ်..။

"ကျုပ်တို့ မကြိုးစားကြည့်ရင်တော့ အလုပ်ဖြစ်မဖြစ် မသိနိုင်ဘူးလေ.."

"တကယ်တော့..မာစတာလင်းက တိမ်ဖြူလမ်းမှာ ဆိုင်ဖွင့်ထားတာလေ..။ကျူပ်တို့ သူ့ဆီသွားလည် ကြရအောင်..သူသဘော တူတူ မတူတူ..သိထားတာကတော့ အကျိုးမယူတ်နိုင်ပါဘူး.."

"ဒါအဓိပ္ပါယ်ရှိတယ်.."

…

နေ့လည်ဘက်တွင်.။

လင်းဖန် ဆိုင်ထဲက ကုလာထိုင်မှာ ထိုင်နေရင်း..လူတစ်စု သူတို့ ဆိုင်ရှေ့ကို ရောက်လာတာ တွေ့လိုက်ရပါတယ်..။

"ဘာများ အလိုရှိလို့လဲ.."

လင်းဖန် မေးလို်က်တာပါ..။

လူဝကြီး တစ်ယောကိဟာ ပြုံးလိုက်ပြီး..

"နှုတ်ဆက်ပါတယ် မာစတာ လင်း..။ကျွန်တော်က နေ့စဥ် မှတ်တမ်း ကုမ္ပဏီကပါ..။ဒီကိုလာတာ မာစတာ လင်းကို ကျွန်တော်တို့ ကုမ္ပဏီက အနုပညာရှင်အတွက်...သီချင်း လေးတစ်ပုဒ် ရေးခိုင်းချင်လို့ပါ.."

လင်းဖန် ​ပြောလိုက်တယ်..။

"ဒါက ကိစ္စအကြီးကြီးပဲ..။သီချင်း တစ်ပုဒ်က ရဖို့ မလွယ်ကူဘူးနော်.."

ဖက်တီးရယ်မောလိုက်တယ်...

"စိတ်မပူပါနဲ့..မာစတာ လင်း..။ဘာတောင်းဆိုချက်ပဲ ရှိရှိ.. ကျုပ်တို့ ညှိနှိုင်လို့ ရပါတယ်.."

လငိးဖန်မေးလိုက်တယ်..။

"ခင်ဗျားတို့ အနုပညာရှင် နာမည်က ဘယ်သူလဲ.."

ဖက်တီးဟာ..ဒီမေးခွန်းနောက်ကွယ်က ..ရည်ရွယ်ချက်ကို..မသိရှာပါဘူး..။သူ ပြန်ဖြေလိုကိတယ်..။

"ယွန်ရှန်းအာ.."

လင်းဖန် ဖုန်းကို ဖွင့်လိုက်ပြီး..ရှာလိုက်ပါတယ်..။ယင်းနောက် သူ ဖုန်း စခရင်ကို ဖက်တီးရဲ့ မျက်နှာရှေ့ကို ပို့လိုက်ပြီး...

"ကြည့် သူဘာပြောထားလဲ."

ဖက်တီးဟာ ဒါကိုကြည့်ပြီး မျက်နာပြောင်းလဲ သွား ခဲ့ပါပြီ..။

"ဒီမာစတာလင်းက ဘယ်သူလဲ..။အလကား စောက်ရူး..။အစ်မယန်..ဘက်မှာညီမတို့ရှိတယ်နော်..ဒီလိုကောင်မျိူးကို ဂရုစိုက်မနေနဲ့..."

လင်းဖန် တည်တည်ငြိမ်ငြိမ်ပြောလိုက်တယ်..။

"ခင်ဗျားတွေ့တယ်နော်..ကျုပ်ကို ကျိန်ဆဲထားတဲ့လူကို ကျုပ်က သီချင်းရေးပေး ရဦးမှာလား..။ကျုပ်အဲလောက်အထိသဘော ထားမကြီးဘူး..။မေ့လိုက်တော့..ခငိဗျား ပြန်လို့ရပြီ..ကျုပ်လက်မခံနိုင်ဘူး.."

ဖက်တီးဟာ အကူညီ မဲ့သွားခဲ့ပါတယ်..။တစ်ချိန်တည်းမှာပဲ..သူဟာ ဒေါသထွက်နေခဲ့တယ်..။

ယွန်ရှန်းအာ က ဘာတွေလုပ်ထားတာလဲ...

"တောင်းပန်ပါတယ် မာစတာလငိး..ကျွန်တော် မာစတာလင်းကျေနပ် တဲ့ အဖြေကို ရအောင်ယူပြီး ပြန်လာခဲ့ပါ့မယ်.."

…

ဘေးနားက ဆိုင်ပိုင်ရှင်တွေကတော့ မာစတာ လင်းဆိုင်ရဲ့ အဖြစ်အပျက်တွေကို မြင်ပြီး တီးတိုး ပြောနေခဲ့ကြပါတယ်..။

"ဟေး..မာစတာလငိးက ဘာတွေဖြစ်နေတာလဲ..။လူတွေ အများကြီးပဲ.."

"မင်းတို့ မသိကြသေးဘူးလား..။သူတို့က သူဌေးလေးကို သီချင်းရေးပေးဖို့လာပြော ကြတာလေ..။သူဌေးလေးမှာ ဘယ်လို ဦးနှောက်မျိုးရှိ တာလဲ မသိဘူး..။နေရာတစ်ကာ တော်နေတယ်.. "

"သူဌေးလေး ဥာဏ်ကောင်းတာကတော့ ဘယ်သူမှ လိုက်လို့ မမှီနိုင်ဘူး.."

"အံ့ဩစရာပဲ.."

All Chapters