← Chapters

ရိူးရှင်းတဲ့တောင်းဆိုမူ

Vol. 26 Ch. 378

ရိူးရှင်းတဲ့တောင်းဆိုမူ

Vol. 26 Ch. 378

#ဘာသာပြန် = စနိုးဝှိုက်

တိမ်ဖြူလမ်းတွင်..။

မာစတာ လင်းရဲ့ ဆိုင်မှာ လူတွေ ပြည့်နှက်နေခဲ့တယ်..။မြို့သားတွေ အများကြီးလည်း..လှမ်းကြည့်နေခဲ့ကြပါတယ်..။

အံ့ဩစရာက ..ဆိုင်ထဲမှာ ဆယ်လီတွေ ရှိနေခဲ့တာပါ..။

တစ်ချို့မြို့သားတွေဟာ ရှေ့ကို တိုးပြီး အနီးကပ်ကြည့်နေကြပါတယ်..။သူတို့ မာစတာလင်းက ပုံမှန်လူတစ်ယောက် မဟုတ်ဘူး ဆိုတာကို သိထားကြပြီး သားပါ..။

မာစတာ လင်းတို့ ..ဒီကို ပြောင်းလာတုန်းက သူတို့ သိပ်မသိကြပေမယ့်..အခုတော့ သူတို့ကောင်းကောင်းသိထား ခဲ့ကြပါပြီ..။အထူးသဖြင့်..မာစတာ လင်း..လို့အင်တာနက်မှာ ရိုက်ရှာကြည့်လိုက်ရင် တွေ့ရတဲ့ အဖြေတွေက..တကယ် အံ့မခန်းတွေပါပဲ..။

မြို့သားတွေဟာ သိချင်စွာ နဲ့ ဝင်ပေါက်မှာ ဝိုင်းကြည့်နေခဲ့ကြပါတယ်..။

ဒီလူတွေက ဘာလို့ ဆယ်လီတွေနဲ့ တူနေရတာလဲ..။အာ....မဟုတ်သေးဘူး..ဒါက အောင်မြင်နေတဲ့..အမျိုးသမီး အဆိုတော်..ဆောင်ရှိုးဝမ် မဟုတ်လား....

သူတို့ စိတ်လှုပ်ရှား အော်ဟစ် မိခါနီးမှာပဲ တစ်ခုခုကို တွေးမိပြီး ပြန်တည်ငြိမ်သွားခဲ့ကြပါတယ်..။

ဆိုင်ထဲတွင်..။

စူပါစတား ဆောင်ရှိုးဝမ်ဟာ..ယဥ္ကျေးစွာ ထိုင်နေခဲ့တယ်..။သူမ mask တပ်ထား ပြီး..မျက်နှာ တစ်ခုလုံးကို မမြင်ရပေမယ့်လည်း..ဒီစူပါစတားဟာ..မာစတာ လင်းကို ပြုံးပြီး ကြည့်နေတာ အကုန်ခံစားနေကြရပါတယ်..။

ယင်းနောက် မြို့သားတွေဟာ..တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး ခေါင်းညိမ့်လိုက်ကြတယ်..။သူတို့က မာစတာလင်းရဲ့ ပရိတ်သတ်တွေပါ..သူတို့ကို သူတို့ မယဥ်မကျေးတဲ့ အရိုင်းအစိုင်းအဖြစ် ပြုမူလို့ မရပါဘူး..။

"မာစတာလင်း..ဒီနေ့ လူစည်ကားနေပါလား..။ဘာတွေ ဖြစ်နေတာလဲ..."

"စည်ကားနေပါလား..ဆိုတာ ဘာပြောတာလဲ..။မာစတာ လင်းရဲ့ ဆိုင်က ဘယ်တုန်းက မစည်ကားပဲ နေလို့လဲ.."

"ဟုတ်တယ် ဟုတ်တယ် ငါမှားတာပါ.."

လင်းဖန် လူအုပ်ကြီးကို ကြည့်ပြီး ပြံူးလိုက်ပါတယ်..။

"ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး..။ကျုပ်သီချင်းရေးတာကို သဘောကျလို့..ဆယ်လီ တစ်ယောက်က..လာပြီး...သီချင်းရေးပေးဖို့ အကူညီတောင်းတာလေ.."

မြို့သား တစ်ယောက်ဟာ ပြောလိုက်တယ်..။

"အာ..ဆယ်လီလား..။ဘယ် ဆယ်လီလဲ...ကျွန်တော်တို့ တွေ့လဲမတွေ့မိပါလား.."

အဲ့အချိန်မှာတော့..ဆိုင်ထဲကို လာပြီး သီချင်းရေးဖို့ ပြောနေတဲ့ လူတွေ အကုန်လုံး ပြုံးလိုက်ကြပါတယ်..။သူတို့..က သက်ဆိုင်ရာ..ဂီတ ထုတ်လုပ်ရေး ကုမ္ပဏီကြီးတွေရဲ့ လေးစားရတဲ့ ခေါင်းဆောင်တွေပါ..။

ဒီလူတွေက ပံူမှန် တေးရေးဆရာ တစ်ယောက်ကို လှည့်တောင် ကြည့်ကြမှာ မဟုတ်ပါဘူး..။သီချင်းကောင်း တစ်ပုဒ် နှစ်ပုဒ် ရေးနိုင်တဲ့..လူဆိုရင်တော့ သူတို့ ခေါင်းညိမ့်ပြီး အသိအမှတ်ပြုကြမှာပါ..။ဒါပေမဲ့ သူတို့ရှေ့မှာ ရှိနေကြတဲ့..လူကတော့. .သီချင်းတိုင်းကို..ပေါက်အောင်ရေးနိုင်တဲ့ လူတစ်ယောက်ပါပဲ..။

တိမ်ဖြူလမ်းကို..မလာခင်ကတည်းက သူတို့ သိထားတာက..မာစတာ လင်းဆိီက သီချင်း တစ်ပုဒ်ကိုသာ ရမယ် ဆိုရင်..စူပါစတားပဲ ဖြစ်ဖြစ်..အဆိုတော် အသစ်ပဲ ဖြစ်ဖြစ်..ဆိုးရွားလွန်းတဲ့..အသံမဟုတ်ရင် ကျိန်းသေ အောင်မြင်မှာပါ..။

လင်းဖန် ပြုံးပြီး ပြောလိုက်တယ်..။

"ဒီမှာရောက်နေကြပြီ ဆိုမှာ တော့..ကျွန်တော့်ရဲ့ ဧည့်သည်တွေလည်း မြင်ရအောင်..mask တွေ ချွတ်ပေးလိုက်ကြပါလား..။စိတ်မပူပါနဲ့..ကျုပ်ရဲ့ ကာစတန်မာတွေက..အေးအေးဆေးဆေးတွေပါ..သူတို့ ဆယ်လီတွေနောက်ကို အသည်းအသနိလိုက်ကြတဲ့ လူတွေ မဟုတ်ကြပါဘူး.."

သူတို့ရဲ့ ဆယ်လီတွေနဲ့ အတူလာတဲ့..ကုမ္ပဏီခေါင်းဆောငိတွေဟာ..ဆယ်လီတွေကို mask ချွတ်ထားဖို့ တီးတိုး ပြောလိုက်ကြတယ်..။

မာစတာလင်းက ပြောနေမှတော့..သူတို့ မငြင်းလိုကြတော့ပါဘူး....

ဆယ်လီတွေ mask ချွတ်လိုက်တာနဲ့ မြို့သားတွေဟာ..လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့ကြပါတယ်..။

"ဟေး..သူမက TV ထဲမှာ ထက်တောင် ပိုပြီး လှပသေးတယ်.."

"ဆောင်ရှိုးဝမ်က အတော်ကို လှပတာပဲ..။သူမကို..အပြင်မှာ မြင်တွေ့ခွင့်ရလိမ့်မယ် လိူ့ တကယ် မထင်ထားခဲ့ဘူး.."

မြို့သားတွေဟာ ဖုန်းတွေ ထုတ်ပြီး ဓာတ်ပုံစတင်ရိုက်ကူးနေခဲ့ကြတယ်..။မာစတာလင်းရဲ့ ဆိုင်မှာ ဒီလိုမျိုး အံ့ဩစရာ ကြုံတွေ့လိမ့်မယ် လို့ သူတို့ မထင်ထားခဲကြပါဘူး..။ဒါက အံ့ဩစရာပါပဲ...။

အဲ့အချိန်မှာတော့..တိမ်ဖြူလမ်း ဝင်ပေါက်တွင်..။

ကားတစ်စီးဟာ ရပ်တန့်သွားခဲ့တယ်..။

"အစ်ချိုင် မာစတာ လင်းက သူ့ရဲ့ ဆိုင်ကိုဒီမှာ ဖွင့်ထားတာလေ.."

ချိုင်ယာတန်တစ်ချက်ကြည့်ပြီး ပြောလိုက်တယ်..။

"ငါအောင်မြင်ပါ့မလား တော့ ကျိန်းသေ မပြောနိုင်ဘူး..။တကယ်လို့ သူ့ဆီက သီချင်းတစ်ပုဒ် ရမယ် ဆိုရင်တော့ အကောင်းဆုံးပဲပေါ့.."

မန်နေဂျာဟာ ပြောလိုက်တယ်..။

"ဒါက ပြောဖို့ ခက်တယ်..။အရည်အချင်ရှိတဲ့ လူတွေက ဒေါသကြီးကြတယ်လေ.."

ချိုင်ရာတန်ဟာ..သူမရဲ့ မန်နေဂျာ..နဲ့ အတူ ကုမ္ပဏီက..ခေါင်းဆောင်တစ်ယောက်နဲ့လာခဲ့ တာပါ..။သို့ပေမယ့် ဆိုင်ရှေ့ကို ရောက်တဲ့ အချိန်မှာ ပဲ သူမ အံ့ဩသွားခဲ့တယ်..။

ဒီဆိုင်မှာ လူတွေ အများကြီး ရှိနေလိမ့်မယ်လို့ သူမမထင်ထားခဲ့ မိပါဘူး..။ထပ်ပြောရရင်..သူမ လူတွေအများကြီးကို မှတ်မိပါတယ်...ဒီလူတွေက..သီချင်းထုတ်လုပ်ရေး ကုမ္ပဏီတွေက ခေါင်းဆောင်တွေပါ..။

ချိုင်ရာတန် ရောက်တဲ့ အချိန်မှာ သူမ မျက်ခုံးပင့်လိုက်ပါတယ်..။ဘာပဲဖြစ်ဖြစ်..ဂီတလောကမှာ ချိုင်ရာတန်ရဲ့..အဆင့်အတန်းက ..ယန်ဂျင်ကို မမှီပေမယ်..ထိပ်ပိုင်းတစ်နေရာမှာ ရပ်တည်နေတဲ့ လူတစ်ယောက်ပါ..။သူမက ဒီနှစ်ပိူင်းတွေမှာ ကျော်ကြားမူ သိပ်မရှိတော့သလို..သီချင်းအသစ်လည်း မထုတ်ပေမယ့်..သူမက ..လေးစားရတဲ့ ဧကရီတစ်ပါး အဖြစ်ရှိနေပါသေးတယ်..။

ကျောက်ကျန်းယန်ဟာ စိတ်လှုပ်ရှားစွာ တိုက်ရိုက်ထုတ်လွင့်နေခဲ့ပါတယ်..။

ကြည့်ရူသူတွေဟာလည်း..သူတို့ကို သူတို့ မထိန်းချုပ်နိုင်ကြတော့ပါဘူး..။

"ချီးပဲ..နှစ်တွေကြာပြီးတာတောင်..ဒီဆယ်လီတွေကို တစ်ခါမှ ဒီလောက်အများကြီး အတူတူမတွေ့ဖူးဘူး.."

"မာစတာ လင်းက တကယ်မယုံနိင်စရာပဲ..။သူ့မှာ ဘယ်လိူ ဦးနှောက်မျိုး ရှိနေတာလဲ မသိဘူး..။သူက သီချင်းလည်း ရေးတတ်တာပဲ.."

"ဟားဟား..ဒီအကြောင်းတွေးရတာ ခံစားလို့ကောင်းယ်..။ဒီဆယ်လီတွေက သူ့ကို သီချင်းရေးခိုင်းဖို့လာကြတာပဲ.."

"လက်ဆောင်ပို့ကြဟေ.."

လင်းဖန် ဒီလူတွေကို ကြည့်ပြီး ရယ်မောလိုက်ပါတယ်..။

"ခင်ဗျားတို့ အကုန်လံူး သီချင်းရေးခိုင်းဖို့ အတွက် လာကြတာ ဟုတ်တယ်မလား.."

လူတိုင်းခေါင်းညိ်မ့်လိုက်ကြတယ်..။သူတို့ ဒီကို သီချင်းရေးခိုင်းဖို့ အတွက် ရောက်လာခဲ့ကြတာပါ..။

တစ်ခြားဘာအတွက်များ ဖြစ်နိုင်ဦးမှာလဲ...

ချိုင်ရာတန်ဟာ မာစတာလင်းကို မြင်တဲ့ အချိန်မှာ အနည်းငယ်တွေဝေသွားခဲ့ပါတယ်..။မာစတာ လင်းက တကယ်ကို ငယ်ရွယ်လွန်းနေခဲ့တာပါ..။

ဒါပေမဲ့ တစ်စုံတစ်ယောက်ကို ရုပ်ရည်ကြည့်ပြီး ခန့်မှန်းလို့ မရပါဘူး..။သူမ လုံးဝ လျော့မတွက်မိပေ..။

"တွေ့ရတာ ဝမ်းသာပါတယ် မာစတာလင်း..။ကျွန်မက ချိုင်ရာတန်ပါ..။ရှင့်ရဲ့ အရည်အချင်းက အံ့ဩစရာပဲ..ကျွန်မဒီကို လာတာက...."

ချိုင်ရာတန် မဆုံးခင်မှာပဲ..လင်းဖန်လက်ဝေ့ယမ် းပြီး ပြောလိုက်တယ်..။

"ကောင်းပြီ..ဒီတိုင်း နှုတ်ဆက်တာတွေကို ကျော်လိုက်ရအောင်..။ခင်ဗျားတို့ အကုန် ကျုပ်ကို သိကြပေမယ့်လည်း..ကျုပ်က ခင်ဗျားတို့ကို မသိဘူးလေ..။ခငိဗျား တို့အတွက် သီချင်းရေးပေးဖို့ကတော့..ဒါပေါ့..ဖြစ်နိုင်ပါတယ်..ဒါပေမဲ့ ကျုပ်မှာလည်း..လိုချင်တဲ့ အခြေအနေလေးတွေ ရှိတာပေါ့.."

"ဒုတိယ နှုန်းနဲ့ အထက်တွေ..လက်ကို မြောက်လိုက်ပါ.."

လူအုပ်ဟာ..မာစတာ လင်းပြောတာကို နားမလည်ကြပေမယ့် လက်မြောက်လိုက်ကြပါတယ်..။

"ဒီနှစ်မှာ..ဖျော်ဖြေပွဲကြီး လုပ်နိုင်တဲ့လူ.. လက်ကိုမြောက်လိုက်ကြပါ .."

လူတစ်ဝက်လောက်ဟာ..လက်ကိုချလိုက်ကြတယ်..။

လင်းဖန် ခေါင်းညိမ့်လိုက်ကြတယ်..။ယင်းနောက် သူဖုန်းကို ထုတ်လိုက်ပြီး..ဝမ်မင်ယန်ကို ဖုန်းခေါ်လိုက်ပါတယ်..။

"ဟဲလို..ဝူရွှန်းယွဲ့ကို ကျုပ်ဆိုင်ကို အမြန်ခေါ်လာခဲ့လိုက်.."

ဝမ်မင်ယန်ဟာ..စိတ်ခံစားချက် ကောင်းမွန်နေခဲ့တာပါ..။သူ့ရဲ့ ညီအစ်ကို ဘာလိုချင်တာလဲ မသိပေမယ့်..သူ ဝူရွှန်းယွဲ့ကို အမြန်သွားခေါ်လိုက်တယ်..။

လူတိုင်းဟာ လင်းဖန်ကို စောင့်နေကြပြီး ဘာစကား တစ်ခွန်းမှ မပြောကြပါဘူး..။သီချင်း..တောင်းဆိုကြတဲ့ လူတွေလည်း..စကားတစ်ခွန်းမှ မပြောကြပေ..။သူတို့ မာစတာ လင်းရဲ့ အရည်အချင်း..ကိုသိချင်တော့..ဘာမှမ​ပြောကြပါဘူး..။

အယ်ဘမ်တစ်ခုမှာ..သီချင်းတစ်ပုဒ် ရှိပြီး..သီချင်းတိုင်းက..အရည်အသွေးမြင့်နေခဲ့တာပါ..။ထပ်ပြောရရင်..သီချငိးလေးပုဒ်က တကယ်ကို ထိပ်တန်းပါပဲ..။ဒါက နှစ်အနည်းငယ်မှ..တစ်ကြိမ်ပေါ်လာတတ်တဲ့ သီချင်းမျိူးတွေပါ..။

သီချငိး အကြောင်း နားမလည်တဲ့ လူတွေတောင်..ဒီသီချငိးတွေကို သဘောကျ နှစ်သက်ကြပါတယ်..။ပြီးတော့ သီချင်းအကြောင်း နားလည်တဲ့ လူတွေဟာ..ဒီသီချင်း ဘယ်လောက် ပြည့်စုံလဲ ဆိုတာ သိနေခဲ့ကြတာပါ..။

ဘာပဲဖြစ်ဖြစ်..မာစတာလင်းသူတို့ အတွက်..သီချင်းရေးပေးပြီဆိုကတည်းက..ဒါက..အကျိုးအမြတ် အများကြီး ရှိနေခဲ့ပါပြီ..။

သိပ်မကြာခင်မှာပဲ..ဝမ်မင်ယန်ဟာ..ဝူရွှန်းယွဲ့နဲ့ အတူရောက်လာခဲ့တယ်..။

ဝမ်မင်ယန်ဟာ မြင်ကွင်းကို မြင်တဲ့ အချိန်မှာ ကြောင်အသွားခဲ့ပါတယ်...။

ဘာတွေဖြစ်နေတာလဲ...ဘာလို့ အဆိုတော်တွေ အများကြီး စုဝေးနေတာလဲ....။

သို့ပေမယ့် သိပ်မကြာခင်မှာပဲ..ဒီလူတွေက..သီချင်း ရေးပေးခိုင်းဖို့ ရောကိနေတာဖြစ်နိုင်ကြောင်း သူနားလညိလိုက်ပါတယ်..။

တစ်ခြားလူတွေလည်း ဝမ်မင်ယန်ကို မြင်တဲ့ အချိနိမှာ ကြောင်အသွားခဲ့ကြတယ်..။ယင်းနောက် သူတို့ ဥ်ကျေးစွာ ခေါင်းညိမ့်လိုက်ကြပါတယ်..။ဝမ်မင်ယန်ရဲ့ အဆင့်အတန်းက သူတို့ထက် မြင့်နေခဲ့တာပါ..။

အဲ့အချိန်မှာပဲ..တစ်ခြားဆယ်လီတွေဟာ. ဝူရွှန်းယွဲ့ကို မြင်ပြီး မနာလိုမူတွေနဲ့ ပြည့်နှက်သွားခဲ့ကြတယ်..။

"အရင်ဆံူး ထိုင်ကြပါဦး ..။ပြီးမှ စကားပြောကြတာပေါ့.."

ယင်းနောက် လင်းဖန် လူအုပ်ကိုကြည့်ပြီး ထပ်ပြောလိုက်တယ်..။

"ခင်ဗျားတို့အားလုံး..သီချင်းလာတောင်းကြတာ မဟုတ်လား..။ဒါက ခက်ခဲတဲ့ အရာတစ်ခု တော့မဟုတ်ပါဘူး..။ကျုပ်ရဲ့တောငိး ဆိုမူက ရိုးရှင်းပါတယ်..။ခင်ဗျားတို့ ဒီနှစ်မှာ ဖျော်ဖြေပွဲလုပ်တဲ့ အချိန်ကျရင်..ဝူရွှနး်ယွဲ့ကို ဆယ်မိနစ် သီချင်း ဖျော်ဖြေခိုင်းရမယ်..။ဒီနှစ် အတွင်း ဖျော်ဖြေပွဲ လုပ်ဖို့ အစီစဥ္ မရှိဘူးဆိုတဲ့ လူတွေ သွားလို့ရပါပြီ..။နောက်နှစ်မှ ဖျော်ဖြေပွဲ လုပ်မယ် ဆိုတဲ့ လူတွေကတော့ နောက်နှစ်မှ ပြန်လာကြပါ.."

လင်းဖန် ဒါကို ပြောလိုက်တဲ့ အချိန်မှာ ဝမ်မင်ယန် ကြောင်အသွားခဲ့တယ်..။ပြောစရာ မလိုအောငိ ဝူရွှန်းယွဲ့ လည်း အံ့ဩသွားခဲ့ပါတယ်..။

လင်းဖန်အတွက်ကတော့ သူ့ရဲ့ ဦးနှောက်ထဲမှာ..များပြားလှတဲ့ သီချင်းတွေနဲ့ ပြည့်နှက်နေခဲ့တာပါ..။သီချင်းရေးပေးဖို့ ဆိုတာက သူ့အတွက် ပြသနာ တစ်ခုမဟုတ်ပါဘူး...။

Snowwhite

Admin

· 9 April 2022 ·

A Valiant Life 376

အပိုင်း ( ၃၇၆ ) အရူးတွေပဲ...

#ဘာသာပြန် = စနိုးဝှိုက်

လင်းဖန် ဖုန်းပြန်ခေါ်လိုက်တဲ့ အချိန်မှာ ချက်ချင်းပဲ ဝမ်မင်ယန် ရဲ့ အသံကို ကြားလိုက်ရပါတယ်..။

"ချီးပဲ..ချီးပဲ..ညီအစ်ကို မင်းက စောက်ရမ်း ကြမ်းတမ်းတာပဲ..။မင်း သတင်းကို ကြည့်ပြီးပြီလား.."

လင်းဖန် ဖုန်းနဲ့ းးနားနဲ့ ကို ခွာလိုက်တယ်..။ဖုန်းထဲက ထွက်လာတဲ့ အသံက စူးရှပြီး ကျယ်လောင်လွန်းနေခဲ့တာပါ..။

"ခင်ဗျားရူးနေတာလား...မိုးမလင်းသေးဘူးဖုန်း ဆ

်ယ်ခါလောက်တောင် ခေါ်ထားတယ်..။ဘာတွေ အရေးကြီးတဲ့ ကိစ္စမို့လို့လဲ ပြောစမ်းပါဦး..မဟုတ်ရင် ခင်ဗျားကို အပြစ်ပေးရမယ်.."

ဝမ်မင်ယန်ဟာ အလွန်အမင်း ပျော်ရွှင်နေခဲ့တာပါ..။ဒါကြောင့် လင်းဖန် ပြောတာကို သူ စိတ်ထဲ မရှိပါဘူး...

"မဟုတ်ဘူး...သတင်းကိုသာ ကြည့်လိုက်..။ဒီတစ်ခေါက် အယ်လ်ဘမ် က ပျံ့နှံ့နေပြီ..။လုံးဝကို ပေါက်နေပြီလို့ ပြောလို့ရတယ်..။မင်း စိတ်မလှုပ်ရှားဘူးလား..."

"အိုး.."

လင်းဖန်..ဘာမှ သိပ်မခံစားရပေ..။

"ဒါနဲ့ပဲ..ကျုပ်ကို ဆယ်ကြိမ်လောက် ခေါ်ထားတာလား.."

ဝမ်မင်ယန် အံ့ဩသင့်သွားခဲ့တယ်..။

"ညီအစ်ကို..မင်းမှာ ခံစားချက် မရှိတော့တာလား..။ဒိီအယ်ဘမ်က ပေါက်သွားပြီလေ..အဲတာ မင်းရဲ့ အယ်လ်ဘမ်ဟ.."

လင်းဖန်ကတော့ ဘာမှ သိပ်ပြီး စိတ်လှုပ်မရှားမိပေ..။ဒါက သူစိတ်ကူးထားတဲ့ အတိုင်းပါပဲ..။ဒီအယ်ဘဘမ်က သီချင်းတွေကို ဘယ်သူရေးလဲ သူတို့ မသိကြတာလား..။ဒီအယ်ဘမ် မပေါက်ဘူး လို့ပြောမှ လက်မခံနိုင်စရာ အခြေအနေပါ..။

"ကောင်းပြီလေ..ကျုပ်ဖုန်းချလိုက်တော့မယ်..။ကျုပ်က အရေးကြီးတဲ့ ကိစ္စတစ်ခုခု လို့ထင်နေတာ..။ကျုပ်ကိုဒီအတွက်နဲ့များ ဖုန်းခေါ်ရတယ်လို့..အယ်ဘမ်တစ်ခု ပေါက်သွားတာက ပုံမှန် ကိစ္စတစ်ခုပဲ မဟုတ်ဘူးလား..။ခငိဗျား ဒီလို ဖြစ်နေတာကို ကြည့်ရတာတော့..ကျုပ်အရည်အချင်းတွေကို ခင်ဗျား သံသယဖြစ်နေသလိုပဲ.."

လငိးဖန် ပြောလိုက်တာပါ..။

ဝမ်မင်ယန် ကြောင်အသွားခဲ့ပါတယိ..။လင်းဖန် ပြောတဲ့ စကားကို ကြားပြီးတဲ့နောက်မှာ သူ့ရဲ့ အပျော်လေးတွေတောင် ပျောက်သွားခဲ့ပါပြီ..။

ဒီအယ်ဘမ်ကို.. ငါ့ညီအစ်ကို ..ကိုယ်တိုင် ထုတ် ထားတာလေ..။ပေါက်သွားတာနဲ့ဘာများ စိတ်လှုပ်ရှား စရာ ရှိလို့လဲ..။အယ်ဘမ် ပေါက်သွားတယ် ဆိုတာက ပုံမှန်ပဲ..။ဘာမှ လက်မခံနိုင်စရာ အခြေအနေ မရှိဘူး..။

"ဟုတ်တယ်..ညီအစ်ကို..မင်းမှန်တယ်.. ။ငါက ဘာလို့ စိတ်လှုပ်ရှားနေရ မှာလဲ..။ဒါက ပုံမှန် အရာ တစ်ခုပဲလေ..။ကောင်းပြီ ဆက်ပြီး အနားယူလိုက်ဦး..ငါက တော့ ရွှန်းယွဲ့ ကို ကြော်ငြာ ပေးဖို့ စတင်ပြီး လုပ်လိုက်ဦးမယ်..။ငါ လက်ရှိ အခြေအနေကို ဖြုန်းတီး လို့မရဘူး..။ငါ သေချာ မလုပ်ရင် ဖြုန်းတီး သလို ဖြစ်သွားလိမ့်မယ်..,"

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။

"အင်ဟင်...အရမ်းကြီး စိတ်လှုပ်ရှား မနေနဲ့..။တည်တည်ငြိမ်ငြိမ်ထား...ဒါက ဘာကိစ္စကြီးမှ မဟုတ်ဘူး..အယ်ဘမ်လေး တစ်ခုပဲ..။ကျုပ် ဒီလို အယ်လ်ဘမ်တွေ အများကြီးလုပ်ပြီး အကုန်လုံးကို ပေါက်အောင်လုပ်လို့ရတယ်.."

ဝမ်မင်ယန် ခေါင်းညိမ့်ပြီး ပြောလိုက်တယ်..။

"ဒါ အဓိပ္ပါယ် ရှိတယ်..."

ဖုန်းချပြီး နောက်မှာ ဝမ်မင်ယန် ခနကြာအောင် တွေးတော လိုက်တယ်..။သူညီအစ်ကို ပြောတာ တစ်ကယ် မှန်ပါတယ်..။ဘာမှ စိတ်လှုပ်ရှား စရာ

All Chapters