ဒါကနောက်နေတာ မဟုတ်ဘူးလား....
Vol. 26 Ch. 379
#ဘာသာပြန် = စနိုးဝှိုက်
မန်နေဂျာ တွေဟာအတွေးနက်နေကြပြီး..မာစတာလင်းရဲ့ တောင်းဆိုချက်ကို ငြင်းပယ်ဖို့ ခက်ခဲနေခဲ့ကြပါတယ်..။
"မာစတာ လင်း..ခင်ဗျားရဲ့တောငိးဆိုချက်က စည်းမကျော်ဘူးဆိုပေမယ့် ကျွန်တော် တို့ သီချင်း ဘယ်နှစ်ပုဒ် လောက်ရမလဲ သိလို့ရမလား.."
လင်းဖန် ဒီလူကို တစ်ချက်ကြည့်ပြီး. ပြန်ပြောလို်က်တယ်..။
"ဘယ်နှစ်ပုဒ်လဲ ဟုတ်လား..."
ကျန်းယွဲ့မင်..လင်းဖန်ကို ကြည့်လိုက်ပြီး...
"မာစတာ လင်း ကျွန်တော် တို့ ခင်ဗျားတွေး နေတာတွေကို နားလည်ကြပါတယ်..။ခင်ဗျားက ဖျော်ဖြေပွဲတွေကို အသုံးပြုပြီး ဒီအဆိုတော် အသစ်ကလေး ကို ပိုအောင်မြင်လာအောင် လုပ်ပေးချင်နေတာလေ..။ကျွန်တော်တို့ရဲ့ စတားတွေက အောင်မြင်ပြီးသားတွေပါ...သူတို့ဖျော်ဖြေတဲ့ ပွဲတိုင်းမှာ လက်မှတ်တွေ ရောင်းကုန်စမြဲပဲ.."
လင်းဖန် ထပ်ပြီး မဆွေးနွေး ချင်တော့ပေ..။သူ လက်ဝေ့ယမ်းလိုက်ပြီး..
"ကျုပ်ကတော့ ဘာပြသနာမှ မရှိဘူးထင်တာပဲ..။ကျုပ်မှာ ဒီတောင်းဆိုမူ တစ်ခုပဲ ရှိတယ်..။တကယ်လို့ ခင်ဗျားတို့ လက်ခံမယ် ဆိုရင်..ကျေးဇူးပြုပြီး ဆက်နေကြပါ..ကျုပ်ဆယ်မိနစ်အတွင်း သီချင်းရေးပေးလိုက်မယ်..။သဘောမတူဘူး ဆိုရင်တော့ တံခါးက ဟိုမှာ ရှိပါတယ်..."
ကျန်းယွဲ့မင်..မျက်မှောငိကျုတ်လိုက်တယ်..။
"မာစတာ လင်း..ကျုပ်တို့ ခင်ဗျားရဲ့ သီချငိးတွေကို..ဘယ်စျေးပဲ ဖြစ်ဖြစ်ပေးပြီး ဝယ်နိုင်ပါတယ်..။ထပ်ပြောရရင် တေးရေးဆရာ အဖြစ် မာစတာ လင်းကိုပဲ သတ်မှတ်ထားပေးမှာလေ..."
လင်းဖန် ခေါင်းခါယမ်း လိုက်တယ်..။
"ကျုပ် သီချင်းကောင်း မြောက်များစွာ ကို အခုချက်ချင်း ချရေး လိုက်လို့ရတယ်..။ကျုပ်မှာရှိတာ တောင်းဆိုမူ တစ်ခုတည်းပဲ..။ကျုပ် ခင်ဗျားတို့ကို တောင်းပန်နေတာ မဟုတ်ဘူး...ခင်ဗျားတို့ကသာ သီချင်းကောင်းကို လိုချင်လို့ ဒီကို ရောက်နေကြတာ...။ခင်ဗျားတို့ ပိုက်ဆံနဲ့ပဲ.ဆက်ပြီး စျေးညှိချင်နေရင် ...ကျုပ်တောင်းဆိုမူကို ဂရုမစိုက်သလို ဖြစ်နေမှာပေါ့.."
"မာစတာ လင်း ကျုပ်တို့..လေဘယ် မှတ်တမ်း ကုမ္ပဏီက..သဘောတူညီချက်ကို လက်ခံတယ်..။သီချင်းတစ်ပုဒ် အတွက်..စတိတ်ပေါ်မှာ ၁၀ မိနစ်ဖျော်ဖြေခွင့်ပေးမယ်..."
ခပ်ဝဝ လူကြီး တစ်ယောက်ဟာ ပြောလိုက်တာပါ..။
"ကောင်းပြီ သဘောတူတယ်.."
လင်းဖန် ပြုံးပြီး ပြောလိုက်တာပါ..။
ကျန်းယွဲ့မင် လင်းဖန်ကို ကြည့်လိုက်ပြီး..နောက်ဆုံးမှာတော့..ခေါင်းညိမ့်လိုက် ပါတယ်..။
"ကောင်းပြီ..ကျုပ်လည်း သဘောတူတယ်.."
လက်ရှိ ဒီထဲမှာ ရှိနေတဲ့ လူတွေထဲမှာ ဒီနှစ်အတွင်း ဖျော်ဖြေပွဲ လူပ်နိုင်တဲ့ လူက သိပ်မများပါဘူး..။ဒီနေ့ခေတ် ဂီတလောကမှာက အရင်ေခတ်နဲ့ မတူတော့ပဲ သီချင်းကောင်းတွေ ရှားပါးသွားပါပြီ..။အခုချိန်မှာ..တေးရေးဆရာ ကောင်းတွေ ရှာပါးနေပြီး..သီချင်းကောင်းတစ်ပုဒ်ရှိတယ် လို့ဆိုတာနဲ့ အပြိုင်အဆိုင် လုယူရတာ များပါတယ်..။
တကယ်တော်တဲ့ သီချင်းရေးဆရာ နဲ့ ကြိုတင်သဘောတူထားရင်တောင် အပိုပါပဲ..။ဒီသဘောတူညီချက်က အချိန်မရွေး ပျက်စီးသွားနိုင်တာပါ..။လက်ရှိဒီလောကမှာ..စာသားကောင်းတွေ ပါဝင်တဲ့ သီချငိးကောင်းတစ်ပုဒ်ကို ရဖို့ မလွယ်ကူတော့ပါဘူး..။
"စိတ်မပူနဲ့...ကျုပ်ရေးပေးတဲ့..သီချင်းတွေက သီချင်းကောင်း တစ်ပုဒ်ဖြစ်စေရမယ်..။ကျုပ်ကို ယုံကြည်လို့ရတယ်..."
ဘေးနားက လူတွေလည်း..ခေါင်းညိမ့်လိုက်ကြပါတယ်..။
"မာစတာလင်း.. ကျွန်တော်တို့ ကောင်းမွန်တဲ့ ဆက်ဆံရေး တစ်ခု ရှိနေကြရအောင်..။နောက်တစ်ခါတွေ သီချင်းရေးဖြစ်ရင် ကျွန်တော် တို့ကို မမေ့ပါနဲ့..။ကျွန်တော်တို့..အကောင်းမွန်ဆုံး စျေးနှုန်းကို ပေးပါ့မယ်.."
"ပြောတာ ကောင်းတယ်..ပြောတာကောင်းတယ်.."
လင်းဖန် ရယ်မောပြီး ပြောလိုက်တယ်..။
"အခု ကျုပ်ခေါင်းထဲမှာ..သီချင်းတွေ အများကြီး..ရှိနေတာ..။ဒါပေမဲ့ သူမ အတွက် သိမ်းထားရသေးတယ်လေ.."
ဝူရွှန်းယွဲ့ဟာတော့..ဘေးနားမှာ တိတ်ဆိတ်စွာ ရပ်နေပြီး..မျက်ရည်တောင် ကျပါတော့မယ်..။သူမကို အစ်ကိုလင်းက ဒီလောက်အထိ ဂရုစိုက်လိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး..။
ဝူယူလန် ဝူရွှန်းယွဲ့ရဲ့..ဘေးနားမှာရပ်နေပြီး..သူမမျက်လုံးဟာ မတူညီတဲ့ အမူအရာဖြစ်နေခဲ့တယ်..။
မနာလိုမူ..သဝန်တိုမူ...ဒေါသထွက်မူ...
ကျန်တဲ့ အပေးအယူနဲ့..နောက်ဆက်တွဲတွေကို ဝမ်မင်ယန်က ဆက်တာဝန်ယူပြီး..စာချုပ် ချုပ်နေခဲ့ပါတယ်..။
ဝူရွှန်းယွဲ့လည်း လင်းဖန် ရဲ့ အပေးအယူနဲ့ ပတ်သက်ပြီး သဘောပေါက်ပါတယ်..။
ဒီနှစ်အတွင်း..ဖျော်ဖြေပွဲ..တွေလုပ်နိုင်တဲ့ လူတွေက..အရမ်းအောင်မြင်တဲ့ ဆယ်လီတွေပါ..။ဝူရွှန်းယွဲ့ရဲ့ အဖွင့်ဖျော်ဖြေပွဲကို သူတို့ရဲ့ ရှိုးမှာ သီဆိုရတာက အကောင်းဆုံးပါပဲ..။
လင်းဖန်အတွက်ကတော့..ဒီသီချင်း တွေက သူ့ခေါင်းထဲမှာ ထားထားလည်း အပိုတွေပါပဲ..။
"အစ်ကို လင်း..ဘယ်လိုကျေးဇူးတင်ရမှန်းတောင် မသိတော့ဘူး..."
ဝူရွှန်းယွဲ့ လင်းဖန်ကို မျက်ရည်စတွေနဲ့ အတူပြောလိုက်တာပါ..။
လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး..
"အခု ကျေးဇူးမတင်နဲ့ဥိီး..ဒီအခွင့်အရေးတွေကို အကောင်းဆုံး မကြိုးစားနိုင်ရင် ဖြုန်းတီးမူတစ်ခု လိုပဲ.."
သူရဲ့ အကူအညီနဲ့ ဆိုရင် ဝူရွှန်းယွဲ့ ကျိန်းသေ အောင်မြင်ရမှာပါ..။ဒါက သူမရဲ့ ကံကြမ္မာပဲဖြစ်ပြီး..အနည်းငယ်တောင် ကြောက်ဖို့ကောင်းလှပါတယ်..။
"ငါ ဘာမှ မပြောတော့ဘူး.."
ဝမ်မင်ယန် လင်းဖန်ရဲ့ ပုခုံးကို ပုတ်ပြီး ပြောလိုက်တာပါ..။
လင်းဖန် ရယ်မောလိုက်တယ်..။
"ကောင်းပြီ..ကျုပ်ဘက်ကပဲ ခင်ဗျားကို အကူညီတောင်းနေလို့ ဘယ်ဖြစ်မလဲ..။တစ်ခါတစ်လေ..ကျုပ်လည်း ပြန်ကူညီပေးရမှာပေါ့.."
"ဟားဟား.."
ဝမ်မင်ယန် ရယ်မောလိုက်တယ်..။
"ငါမင်းကို ဘယ်တုန်းက အများကြီး ကူညီဖူးလို့တုန်း..။အမှန်းတိုင်း ပြောရင်..မင်းသီချင်းရေးတတ်တယ်ပြောတုန်းက ငါမယုံကြည်ခဲ့ဘူး.။မင်းကြည့်ရတာက သာမန်လူလိုပဲလေ..ဒီလို စားသားတွေ ရေးနိုင်လိမ့်မယ်လို့ တကယ်မထင်ခဲ့တာ.."
လင်းဖန် ဝမ်မင်ယန် ပြောတာကို ကြားပြီး အနည်းငယ် မြောက်သွားပေမယ့် တည်ငြိမ်အောင်နေလိုက်ပြီး..
"ဘာများတတ်နိုင်မှာလဲ..ကျုပ်က ခင်ဗျား မခနိ့မှန်းနိုင်တဲ့ အရာတွေကို တောင်လုပ်နိုင်တယ်..။လူနာကုတာ လိုမျိုးပေါ့.. ကျုပ် မနက်ဖြန် ဆိုရင်တောင်..ဆေးလက်မှတ် သွားလုပ်မလို့..."
"မဖြစ်နိင်တာ ..လူနာတွေပါ ကုတတိတာလား.."
ဝမ်မင်ယန် အံ့ဩစွာ ပြောလိုက်တာပါ..။
"ဟားဟား..ခင်ဗျားကျုပ်ကို မယုံကြည်ရင်..ကျုပ်ကို နောက်ဆို ဆေးကုသပေးဖို့ မတောင်းဆိုမိစေနဲ့.."
ဝမ်မင်ယန် နဲ့ လင်းဖန်.ဟာ စကားပြောနေကြပြီး..ဝူရွှန်းယွဲ့ .နဲ့..ဝူယူလန်လဲ စကားတွေ ပြောနေခဲ့ကြပါတယ်..။ဒါက လှပတဲ့ မြင်ကွင်း တစ်ခုပါ..။
သို့ပေမယ့်..မိန်းကလေးတွေ ပြောနေတဲ့စကားက လျို့ဝှက် အဓိပ္ပါယ်တွေ ပါဝင်နေခဲ့ ပါတယ်..။
…
နောက်တစ်ရက်..။
ကျန်းမာရေး ဌာနတွင်..။
လင်းဖန် အချိန်အတော်ကြာ ရပ်နေပြီးမှ ကောင်တာ ဝန်ထမ်းဆီကို သွားလိုက်တယ်..။
"မိန်းကလေး ကျုပ်ကို ခွဲခြားမဆက်ဆံပါနဲ့..ကျုပ်မှာ စစ်မှန်တဲ့ အရည်အချင်းနဲ့ အသိပညာရှိပါတယ်..။ဒါပေမဲ့..ဂျုနီယာ ကောလိပ်ကနေပဲ..ဘွဲ့ရထားရင် ဘယ်လို လုပ်မလဲ..."
ကောင်တာ ဝန်ထမ်းဟာ သူ့ကို ကြည့်ပြီး အကူညီမဲ့သွားခဲ့တယ်..။ဒီငနဲက ရပ်နေခဲ့တာ မိနစ် ၂၀ လောက်ရှိနေပါပြီ.။သူသာ အနည်းငယ် ရုပ်ချောမနေခဲ့ ဘူးဆိုရင်..သူမ လုံခြုံရေးကို ခေါ်လိုက်တော့မှာပါ. ။
"လူချောလေး..စစ်မှန်တဲ့ အရည်အချင်းတွေ.. အသိပညာတွေက ဘာမှလုပ်လို့မရဘူး..။အဓိကက ဂျုနီယာကောလိပ်က ဘွဲ့ဖြစ်နေတာကြောင့် ဆေးပညာ လက်မှတ်ရဖို့ အရည်အချင်းမမှီဘူးလေ.."
"ကျွန်တော် ဘာဆက်လုပ်နိုင်မလဲ..စစ်ဆေးမူတွေ ဖြေလို့ မရဘူးလား.."
လငိးဖန် အကူညီမဲ့စွာပြောလိုက်တာပါ..။
ကောင်တာဝန်ထမ်းဟာ ခေါင်းခါယမ်း လိုက်တယ်..။
"ဟင်အင်..စာရင်းပေးသွင်းရမှာက ဧပရယ်..စစ်ဆေးမူတွေ ဖြေဆိုရမှာက ဂျူလိုင်...။အခုက အချိန်ကျော်သွားပြီလေ..ပြီးတော့..နှစ်ခုစလုံးမှာ ရှင်က အရည်အချင်း မမှီဘူး.."
လင်းဖန် ကြောင်အသွားခဲ့တယိ..။သူ့မှာသာ လိုင်စင်မရှိရင်ဆယ်ခုမြောက် မစ်ရှင်က ပြည့်တော့မှာ မဟုတ်ပါဘူး..။သူ့မှာ လိူင်စင်မရှိပဲ..လူနာကုသမိလို့ အဖမ်းခံရရင် ပြသနာ တက်မှာပါ...တရားဥပဒေက သူ့ကို ဘာအခွင့်အရေးမှ ပေးမှာမဟုတ်ပါဘူး..။
ကောင်တာ ဝန်ထမ်းဟာ လင်းဖန်ရဲ့ လေးနက်ပြီး ခေါင်းမာတဲ့ အမူအရာကို မြင်ပြီး ထပ်ပြောလိုက်တယ်..။
"တကယ်တော့ နောက်ထပ် တစ်နည်းရှိသေးတယ်..။အဲတာက နိုင်ငံ အသိအမှတ်ပြု..တရုတ်သမားတော် တစ်ယောက်ကို ရှာပြီး တပည့်အဖြစ် အသိအမှတ်ပြုခိုင်း..ပြီးရင် ဆေးပညာ..စာမေးပွဲမှာ ဝင်ဖြေဆိုနိုင်ပြီ..။ဒါက ရှင့်အတွက် တစ်ခုတည်းသော နည်းလမ်းပဲ..တစ်ခြားးတော့ ကျွန်မလည်း မကူညီနိုင်ဘူး.."
လင်းဖန် မယုံကြည်နိုင်ပေ..။
တပည့်အဖြစ် တောင်းဆိုရမှလား..ငါ ,လင်းဖန် က ဘယ်တော့မှ ဒါမျိုး မလုပ်ဘူး.....
စွယ်စုံကျမ်း ရှိနေမှတော့ ဘယ်သူ့ကို ဆရာတင်ရဦးမှာလဲ...
အဲ့အချိန်မှာပဲ လူအိုကြီးတစ်ယောကိဟာ လျောက်လာခဲ့တယ်..။
ကောင်တာ ဝန်ထမ်းဟာ..အဖိုးကြီးကို မြင်ပြီး ချက်ချင်း..ဂါရဝ ပြုလိုက်ပါတယ်..။
"ဒါရိုက်တာ ကျိုး.."
အဖိုးကြီးဟာ သူမကို ခေါင်းညိ်မ့်ကာ ပြုံးပြပြှီး သူ့လမ်းသူ ဆက်လျောက်သွားခဲ့တယ်.။
လင်းဖန် လူအိုကြီးရဲ့နောက်ကျောကို ကြည့်ကာ..ကောင်တာဝန်ထမ်းကို မေးလိုက်ပါတယ်..။
"ဒီလူကြီးက ဒီမှာ...အရေးပါတဲ့ ပုဂ္ဂိုလ်လား.."
ကောင်တာဝန်ထမ်းဟာ ပြန်ဖြေလိုက်တယ်..။
"သေချာတာပေါ့..ဒီလူကြီးက ဒါရိုက်တာ ကျိုးလေ..။ရှန်ဟိုင်း တရုတ်ဆေးပညာ တက္ကသိုလ်ရဲ့ ဒါရိုက်တာ ..ရှင်က..."
ကောင်တာဝန်ထမ်း တစ်ခုခု ထပ်ပြောဖို့ လုပ်လိုက်တဲ့ အချိန်မှာပဲ..သူ့ရှေ့က လူငယ်လေးက မရှိတော့ဘူးဆိုတာကို သတိပြုမိလိုက်ပါတယ်..။