← Chapters

စိတ်မပူနဲ့...ဒါကမြန်ပါတယ်..

Vol. 26 Ch. 380

စိတ်မပူနဲ့...ဒါကမြန်ပါတယ်..

Vol. 26 Ch. 380

#ဘာသာပြန် = စနိးဝှိုက်..

ကောင်တာက မိန်းမလှလေးဟာ..သူမရှေ့မှာ ရှိနေတဲ့ လူငယ်လေးထွက်သွားပြီ ဆိုတာကို နားလည်လိုက်ပါတယ်..။ဒီ လူချောလေးက..နည်းနည်းတော့ စိတ်မမှန်သလို ပါပဲ..။တကယ်လို့ ဒီလူငယ်လေးသာ..ပုံမှန်ဆိုရင်..သူမ ဖုန်းနံပါတ် တောင်းမိမှာ..ဖြစ်ပြီး တကယ်လို့ တစ်ခုခုသာ ဆက်ဖြစ်ခဲ့ရင် ပြီးပြည့်စုံတဲ့ အဆုံးသတ် လေးပါပဲ..။

ဘယ်လောက်တောင် စိတ်မကောင်းစရာလဲ....သူ့ခဗျာ စိတ်မမှန်ရှာဘူး....

သန့်စင်ခန်း အပြင်ဘက်တွင်..။

လင်းဖန် အထဲက လူအိုကြီးကို ကြည့်နေခဲ့တယ်..။သူက အသက်စွမ်းအင်တွေနဲ့ တောက်ပနေပြီး..သူ့ခေါင်းပေါ်မှာတော့..မျက်နှာကျတ်ရဲ့ အရောင်ကြောင့် တောက်ပနေခဲ့ပါတယ်..။သူ့ကြည့်ရတာ..အသက်အနည်းငယ်ကို ကယ်တင်ခဲ့တဲ့ ပုံပါပဲ..။

လင်းဖန် အသင့်အနေအထား ပြသ်ဆင်လိုက်တယ်...။ကောင်းကင်ဘုံက သူ့ကို ဒီလူကြီးနဲ့ တွေ့ခွင့်ပေးတယ် ဆိုမှာတော့..သူတို့နှစ်ယောက် ကျိန်းသေ ရေစက်ပါလို့ပဲဖြစ်မှာပါ ...။

သူ့​ှေရှ့မှာ..အခွင့်အရေးတစ်ခုရှိနေမှတော့..သူရပ်ကြည့်ပြီး စောင့်ဆိုင်းမနေချင်ပါဘူး..။ဒီ လူကြီး..သူ့ရဲ့ တောင်းဆိုမူကို လက်ခံမယ် ဆိုရင်တော့ ဒါက အကောင်းဆုံး ပါပဲ..။

ရှန်ဟိုင်း တရုတ်ဆေးပညာ တက္ကသိုလ်ရဲ့ ဒါရိုက်တာ ဆိုတာက လုံလောက်တာ ထက်တောင်ပိုနေခဲ့ပါပြီ.."

"လူအိုကြီး..."

လင်းဖန်..သူ့အနားကို ကပ်သွားခဲ့တယ်..။သူ့အသံက ကျယ်လည်း မကျယ်သလို..ညှင်လည်း မညှင်သာပါဘူး..။ကြားရဖို့ အတွက်တော့ လုံလောက်ပါတယ်..။

ဒါရိုက်တာ ကျန်း..ခြေထောက်တွေကို ရပ်တန့်လိုက်ပြီး မျက်နှာမှာ အပြုံးတွေ ပေါ်လာခဲ့တယ်..။သူ့ကို လူအိုကြီး လို့ခေါ်ရအောင် အချိန်တွေ ဘယ်လောက် ကုန်ဆုံးသွားပြီ လဲတောင် မသိတော့ပါဘူး..။

ကျိုးမင်ချင်း..ပြန်လှည့်ကြည့်လိုက်တယ်..။

ဒီလူငယ်လေးက ဘယ်သူလဲ...

သူ ဒီလူငယ်လေးကို အရင်က တွေးဖူးခြင်း မရှိတာတော့ ကျိန်းသေ ပါတယ်..။

"ကောင်လေး...ဘာလိုချင်လို့တုန်း.."

"ကျွန်တော် ကြားတာတော့..ခင်ဗျားရဲ့..ဆေးပညာက အရမ်းကောင်းမွန်တယ်ဆို.."

လင်းဖန် ဒါရိုက်တာ ကျိုး ဆီကို လျောက်သွားလိုက်တယ်..။

"​ဒီလောက်ကြီးတော့ မဟုတ်ပါဘူး..။ငါတို့ အရင်က မတွေ့ဖူးဘူး ထင်တယ်နော်..."

ဒါရိုက်တာ ကျန်း..လက်ဝေ့ယမ်းပြီး ​နိမ့်ချစွာ ပြောလိုက်တာပါ..။

"ကျွန်တော် ဘယ်သူလဲ ဆိုတာက အရေးမကြီးပါဘူး..။ဒါပေမဲ့..ခင်ဗျားရဲ့ဦးခေါင်းမှာ အလင်းရောင်တွေ တောက်ပနေတာကို မြင်နေရတယ်..ဒါက..ကောင်းမွန်တဲ့ ကံတရားနဲ့ ကံကြမ္မာကို..ဖော်ပြနေတာပဲ..။ကြည့်ရတာ..ကျုပ်တို့..နှစ်ယောက် ဆရာ တပည့် ဆက်ဆံရေး အဖြစ် ရှိနေသင့်ပြီ ထင်တယ်..."

လင်းဖန် ပြောလိုက်တာပါ..။

ကျိုးမင်ချင်း ချက်ချင်းပဲ ရယ်မောလိုက်ပါတယ်..။

"ဟားဟား..ကောင်လေး..မင်းက ဖြတ်လတ်တက်ကြွတဲ့ ကောင်လေးပဲ..ဟုတ်တယ်မလား..။ဒါပေမယ့် ငါတပည့် လက်မခံသေးဘူး..တကယ်လို့ မင်း ဆရာတစ်ယောက် ရှာနေတယ် ဆိုရင်...တစ်ခြားနေရာကိုသွားဖို့ အကြံဥာဏ် ပေးပါရစေ.."

"မှားနေပြီ..ကျွန်တော်က ဆရာတစ်ယောက်ရှာနေတာ မဟုတ်ဘူး..ဒါပေမဲ့ ခင်ဗျားက ဆရာတစ်ယောက်..ကိုတွေ့နေရတာ..။ကျုပ်ခင်ဗျားရဲ့ အသိပညာကို မြင်နေရတယ်..ခင်ဗျားက..ကျစ်လစ်တဲ့ အခြေခံ အုတ်မြက်ရှိတဲ့ လူတစ်ယောက်ပဲ..။ဒီလိုဆို ဘယ်လိုလဲ..ခင်ဗျား ကျုပ်တပည့်အဖြစ်..နေပြီး

...စစ်မှန်တဲ့ တရုတ်ဆေးပညာကို သင်ယူချင်လား.."

ကျိုးမင်ချင်း လင်းဖန်ပြောတာကို ကြားပြီး မတ်တတ်ရပ်ကာ ကြောင်အနေခဲ့တယ်..။

"ကောင်လေး..ကိုယ်ကောင်းကောင်း မလုပ်နိုင်သေးတဲ့ အရာတစ်ခုမှာ ဘဝင်မမြင့်သင့်ဘူး.။ငါအခုအသက် ၇၀ ရှိနေပြီ..အသက် ၆၀ လောက်က..တရုတ်ဆေးပညာကို လေ့လာနေခဲ့တာပဲ..။မင်းက ငါ့ကို မင်းတပည့် ဖြစ်စေချင်နေတာလား..။ဒါမှမဟုတ် ငါနားကြားမှားသွားတာလား..."

လင်းဖန် ဘာပြောရမလဲ မသိတော့ပေ..။သူ ဒီလူအိုကြီးကို..သိမ်းသွင်းဖို့ မှန်ကန်တဲ့ စကားလုံးတွေကို..မစဥ်းစားနိုင်ခဲ့ပါဘူး..။စတွေ့တွေ့ချင်း ဒီလိုမျိုး တပည့်အဖြစ်..သွားပြောတာက အနည်းငယ် ရိုင်းစိုင်းရာ ကြပါတယ်..။

အဲ့အချိန်မှာပဲ..ကျိုးမင်ချင်းဟာ..လက်ဝေ့ပြပြီး ပြောလိုက်တယ်..။

"ကောင်လေး..ငါအခုသွားစရာ ရှိသေးတယ်..။မင်း တရုတ်ဆေးပညာကို တကယ်စိတ်ဝင်စားရင် ငါ့ရဲ့ တက္ကသိုလ်မှာ အတွေ့အကြုံအဖြစ် လာလေ့လာလို့ ရတယ်..".

"ခင်ဗျားရဲ့.. အဆုတ်က..အလုပ်လုပ်တဲ့နေရာမှာ ပြသနာ တစ်ခုခု ရှိနေတဲ့ ပုံပဲနော်.."

လင်းဖန် ပြောလိုက်တာပါ..။သူ တည်ငြိမ်နေခဲ့တယ်..ဒီလောက်ပြောရင်တော့ ဒီလူကြီး အနည်းငယ် စိတ်ဝင်စားသွားမှာ အသေအချာပါပဲ..။

ကျိုးမင်ချင်း ရယ်မောလိုက်တယ်..။

"မဆိုးဘူး..မင်းမှာ ကောင်းမွန်တဲ့ မျက်လုံးတွေ ရှိတာပဲ..။ဒါက ငါငယ်ငယ် တုန်းက သေချာ မကုသခဲ့လို့ပဲ..။အခု ဆေးလည်း ကောင်းကောင်းသောက်ပြီး..လေ့ကျင့်ခန်းလည်း သေချာလုပ်နေတယ်..။ကောင်းပြီ ငါသွားတော့မယ်.."

ချီးပဲ..ဒီလူက လုံးဝ စိတ်မဝင်စားတာလား..။မဟုတ်ဘူး ဒီလို ဖြစ်ရမှာ မဟုတ်ဘူး...။

မဖြစ်နိုင်တာ....

အဲ့အချိန်မှာပဲ..လင်းဖန် လူအိုကြီး ကိုင်ထားတဲ့..သေတ္တာဘောက်ကို ကြည့်လိုက်တယ်..။ကြည့်ရတာ..ဒါက ငွေအပ်တွေ ထည့်ထားတဲ့ ပုံပါပဲ..။

"လူအိုကြီး...အဲ့ငွေအပ်တွေသာ ကျုပ်ကို ပေးလိုက်..ခင်ဗျားရောဂါကို ကျုပ် အရှင်းပျောက်အောင် ကုသပေးလိုက်မယ်..။ခင်ဗျား ကျုပ်ကို ယုံကြည်လား..."

ကျိုးမင်ချင်း ရဲ့ မျက်နှာဟာ ယဥ်းကျေးနေရာကနေ လေးနက်သွားခဲ့တယ်..။

"ကောင်လေး မင်းဒီလိုတွေ မပြောသင့်ဘူး..။တရုတ်ဆေးပညာ ဆိုတာက စိတ်ရှည်ဖို့ လိူအပ်တယ်..။မင်းဒီလို ဘဝင်မြင့်နေတာက ..လူနာကို ဒုက္ခရောက်စေနိင်တယ်..။ငါ့ရဲ့ လက်ရှိအခြေအနေကို ထိန်းချုပ်ဖို့ တစ်ခုတည်းသော..နည်းလမ်းက..တရုတ်ဆေးဝါးတွေနဲ့ ငါ့ရဲ့..ခန္တာကိုယ်ကို ထိန်းထားဖို့ပဲ..။မင်က အခု အပ်တွေနဲ့ ကုသနိုင်တယ်လို့ ပြောလိုက်တာလာ..ဒါက ရောဂါကုတာ မဟုတ်ဘူး လူတွေကို လိမ်ညာနေတာပဲ.."

လူကြီး ဒီလောက်အထိ လေးနက်သွားလိမ့်မယ် လို့ လင်းဖန် မထင်ထားခဲ့ပေ..။သူ စကားမပြောခင် အနည်းငယ် ကြောင်အသွားခဲ့ပါသေးတယ်..။

"​ကောင်းပြီ ကောင်းပြီ..ကျုပ်ခင်ဗျားနဲ့ မနောက်ပြောင်တော့ဘူး..။ဒီလိုဆို ဘယ်လိုလဲ..ကျုပ်တို့ အပေးအယူ လုပ်ကြမယ်..။ခင်ဗျား..ရောဂါကို ကျုပ်အရှင်းပျောက်အောင်ကုသပေးမယ်..ကျုပ်ကို တရုတ်ဆေးပညာလိုင်စင်ရအောင် ပြန်လုပ်ပေး..ဘယ်လိုလဲ.."

"အာ..."

ကျိုးမင်ချင်း ပိုပြီး ဒေါသထွက်လာခဲ့တယ်..။

"မင်းတို့ လူငယ်တွေက လိမ်ညာဖို့ပဲ တတ်ကြတယ်..။တရုတ်ဆေးပညာဆိုတာက ကျွမ်းကျင်မူနဲ့ အချိန်တွေ အကြာကြီး လေ့လာဖို့ လိုအပ်တယ်..။မင်းက တက်ကြွတယ်..ရုပ်ရည်ခံ့ညားတယ်..သင့်တော်တဲ့အသွင်အပြင်လည်း ရှိတယ် ဒါတောင် လက်တွေ့မကျတဲ့ လူဖြစ်နေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး..။မင်းက ငါ့အချိန်တွေကို ဖြုန်းနေမှတော့ ငါမင်းနဲ့ ဘာမပေးအယူမှ လုပ်မှာ မဟုတ်ဘူး.."

ဒါတွေပြောပြီးတဲ့ နောက်မှာ..ကျိုးမင်ချင်း ..ဟာ..လင်းဖန်ရှေ့ကနေပြီး ထွက်သွားခဲ့တယ်..။သူ့ရဲ့ ညှင်သာပြီး..ကျက်သရေ ရှိတဲ့..လှုပ်ရှားမူတွေက တစ်ခြားလူတွေကို လွှမ်းမိုးနိုင်စွမ်း ရှိနေခဲ့ပါတယ်..။

လင်းဖန် မတ်တတ်ရပ်ပြီး..ကျိုးမင်ချင်း ပြောတာကို လေးလေးနက်နက် ပြန်တွေးနေခဲ့တယ်..။ဒါက လက်တွေ့မကျပဲ အပြင်းထူ ဆိုတဲ့ စကားကိုဘမဟုတ်ပါဘူး..။

သူ့ကို ခန့်ညာပြီး..ရုပ်ရည် သွင်ပြင်ကောင်းမွန်တယ် လို့ပြောသွားတာကို သဘောကျနေခဲ့တာပါ..။

သူ့မျက်နှာကို သူ လက်နဲ့ကိုင်ကြည့်လိုက်တယ်..။

ငါတကယ် ရုပ်ချောတာလား...

သူအရင်တုန်းက သူ့ရုပ်ရည်ကို သိပ်ပြီး ယုံကြည်မူ မရှိပေမယ့်..ဒီလူကြီးနဲ့ တွေ့ပြီးတဲ့နောက်မှာတော့ ပြောင်းလဲ သွားခဲ့ပါပြီ..။

ဒါပေမဲ့ သူ အရင်ဆုံး ဒီလူကြီးကို ကုသပေးရဦးမှာပါ..။

လင်းဖန် အလျင်အမြန်လိုက်လိုက်တဲ့ အချိန်မှာ လူအိုကြီး က မြက်ခင်းပြင်ကို ရောက်နေခဲ့ပါပြီ..။သူ အောက်မှာ ပြုတ်ကျနေတဲ့ ကြိုးတစ်ချောင်းကို..ကောက်ယူလိုက်တယ်..။အခြေအနေက ဘာမှန်းမသိတော့ သေချာ ပြင်ဆင်ထားတာက အကောင်းဆုံးပါပဲ..။

ကျိုးမင်ချင်းရဲ့ ခံစားချက်ဟာ..အစကတော့ ကောင်းမွန်နေခဲ့ပေမယ့်လည်း..လင်းဖန်နဲ့ တွေ့ပြီးတဲ့ နောက်မှာ..မကြည်မလင်ဖြစ်နေခဲ့ပါတယ်..။သူ ငယ်ရွယ်ပြီး တက်ကြွတဲ့ လူငယ်လေးတွေနဲ့ စကားပြောရင်..ပျော်ရွှင်ရပြီး..နုပျိုမူကို ခံစားရမယ်လို့ ထင်ထားခဲ့တာပါ..။

ဒီလူငယ်လေး သူ့ကို ဒီလောက်အထိ..စိတ်ပျက်စေလိမ့်မယ် လို့ မထင်ထားခဲ့ပေ..။တရုတ်ဆေးပညာဟာ ရတနာ တစ်ပါးဖြစ်ပြီး.နိုင်ငံရဲ့ ယဥ်ကျေးမူဆိုလည်း ဟုတ်ပါတယ်..။ကောင်လေးရဲ့ စကားတွေက.သူ့ကို..အတော်..ဒေါသထွက်စေခဲ့တာပါ..။

သူ့ရဲ့ အဆုတ်ရောဂါကို တရုတ်ဆေးဝါးတွေနဲ့သာ အသက်ဆက်နေရပြီး..ကုသဖို့ နည်းလမ်း မရှိတော့ပါဘူး..။ထပ်ပြောရရင် ..သူ့ ရဲ့ အသက်အရွယ်ကလည်း ကြီးနေပြီဖြစ်ပြီး အရှင်းပျောက်ဖို့ ဆိုတာ မဖြစ်နိုင်တော့ပါဘူး..။ဒါကို..ဒီလူငယ်လေးက ဘာမှ မစဥ္းစားပဲ သူကုနိုင်တယ် ချည်းပဲ ပြောနေခဲ့ပါတယ်..။

ဒီလူငယ်လေး သူ့နောက်ကလိုက်နေတာကို သတိထားမိလိုက်ပြီး..ကျိုးမင်ချင်း မျက်မှောင်ကျုတ်လိုက်တယ်..။သူ့ရဲ့ ခြေလှမ်းတွေကို ရပ်တန့်လိုက်ပြီး..ဒီလူငယ်လေး..အမှန်တရားကို လက်ခံဖို့အတွက်..ဆူပူဖို့ အဆင်သင့်ဖြစ်နေခဲ့ ပါပြီ..။တစ်စုံတစ်ယောက်က နိမ့်ချပြီး..နေထိုင်သင့်ပါတယ်..။

"မင်း.."

ကျိုးမင်ချင်း တစ်ခုခု ပြောဖို့ လုပ်လိုက်တဲ့ အချိန်မှာပဲ..အရာရာပြောင်းလဲသွားခဲ့တယ်..။

လင်းဖန် ပြေးဝင်လာပြီး..ကျ်ိုးမင်ချင်းရဲ့ လက်တစ်ဖက် တစ်ချက်ဆီက မကာ..နီးစပ်ရာ တောအုပ်တစ်ခု ဆီကို ပြေးဝင်သွားခဲ့တာပါ..။တကယ်လို့ သူ နေရောင်အောက်မှာ လုပ်ရင်..ဖမ်းမိကောင်း ဖမ်းမိနိုင်ပေမယ့် တောအုပ်ထဲမှာ လုပ်ရင်တော့. ပြသနာ မရှိလောက်တော့ပါဘူး..။

"ငါ့ကို အောက်ချပေး.."

ကျိုးမင်ချင်းဟာ အသက်ကြီးနေပြီ ဖြစ်တာကြောင့် လင်းဖန်ကို ပြန်တုန့်ပြန် ဖို့ခွန်အား လုံးဝ မရှိပေ..။

"စိတ်မပူနဲ့..ဒါက မြန်ပါတယ်.."

All Chapters