ဆိုးယုတ်တဲ့ အကြံအစည်
Vol. 26 Ch. 381
#ဘာသာပြန် = စနိုးဝှိုက်
ဒီလူကြီးက လုံးဝ မရိုးရှင်းပါဘူး..သူက အတင်းရုန်းနေခဲ့ပါတယ်..။လင်းဖန် ဘာပဲပြောပြော..သူက လိမ်ညာနေတယ် ပဲထင်နေခဲ့တာပါ..။လင်းဖန် သူ ဒီလူကြီးကို ကုသပေးဖို့လို့ ပြောပေမယ့်လည်း ..လူအိုကြီးဟာ လုံးဝ မယုံကြည်ခဲ့ပေ..။
"ငါ့ကို အောက်ချပေး..ငါမင်းကို ထပ်ပြီး..မစစ်ဆေးတော့ဘူးလို့ အာမခံတယ်.."
ကျိုးမင်ချင်းဟာ..အသက်ကြီးပြီး..မောပန်းနေတဲ့ အရွယ်ရောက်နေပြီ ဖြစ်တာကြောင့် လူငယ်တစ်ယောက်ကို လုံးဝ မယှဥ်နိုင်ခဲ့ပေ..။
"ကောင်လေး မင်းဒီလိုလုပ်နေတာက..ဥပဒေကို ဆန့်ကျင်ရာ ရောက်တယ်နော်..။မင်းဒီတိုင်း ဆက်လုပ်နေရင် နောင်တရတဲ့ အချိန် နောက်ကျသွားလိမ့်မယ်.."
အခုချိန်က..မနက်ခင်းအချိန်ဖြစ်တာကြောင့် သွားလာနေကြတဲ့ လူအနည်းငယ် ရှိပေမဲ့ ဘယ်သူမှ ဲဒီအခြေအနေကို သတိမထားမိကြပေ..။
"ဒါကို မပြောနဲ့ဦး ကျုပ်ခင်ဗျားကို ရွေးချယ်စရာ နှစ်ခုပေးမယ်..။ကျုပ်ခင်ဗျား ရောဂါကို ကုပြီးသွားတဲ့ အချိန်ကြရင်..ခင်ဗျား ကျုပ်ကို ဆရာအဖြစ် အသိအမှတ်ပြုရင်ပြု .မဟုတ်ရငိ..ကျုပ်ကို..ဆေးလက််မှတ်ရအောင်လုပ်ပေး.."
ကျိုးမင်ချင်း ဘာလုပ်ရမှန်း မသိတော့ပေ..။
"ကောင်လေး ဒီကစားနည်းက ပျော်ဖို့ မကောင်းဘူးနော်..."
သူဟာ ကျိုးနဲ့ သစ်ပင်နဲ့ အတုတ်ခံထား ရပါပြီ...။သူသာ..လုံလောက်အောင် အားထည့်ပြီး မရုန်းရင်..ခန္တာကိုယ်တောင် လှည့်နိုင်မှာ မဟုတ်ပါဘူး..။
ဒီနေ့ခေတ်လူငယ်တွေက ဘယ်လိုတွေ ဖြစ်နေတာတုန်း...။သူ့ရှေ့က လူငယ်ကို ကြည့်ရသလောက်တော့..စိတ်ချွတ်ယွင်းနေတဲ့ လူနာနဲ့ မတူသလို..ရူးသွပ်နေတဲ့ လူနဲ့ လည်း မတူပါဘူး...။
ဘာတွေ ဖြစ်နေ တာလဲ.....
အဲ့အချိန်မှာ..ဘေးနားမှား လမ်းလျောက်နေတဲ့ လူတစ်ချို့ကလ ည်း အခုထိ သတိမထားမိကြသေးပေ..။
မိန်းကလေးတစ်ယောကိဟာ..အားကစား ဝတ်စုံကို ဝတ်ထားပြီး လျောက်နေခဲ့တယ်..။သူမဟာ အရပ်ရှည်..သွယ်လျှပြီး..လှပတဲ့ မျက်နှာလေး ရှိပါတယ်..။သူမရဲ့ ဘေးနားမှာတော့...အသက် ခြောက်ဆယ် ခုနှစ်ဆယ် ဝန်းကျင်ခန့် လူကြီး တစ်ယောက်ရှိပြီး သူလည်း..အာကစား ဝတ်စုံကို ဝတ်ဆင်ထားခဲ့ ပါတယ်..။
"အဖိုး ဒီက လေထုက တကယ် လတ်ဆတ်တယ်နော်... "
မိန်းမလှလေးဟာ..ဘေးပတ်ဝန်းကျင်ကို ကြည့်ပြီး အံ့ဩသင့်စွာ ပြောလိုက်တာပါ..။
အဖို့ကြီးဟာခေါင်းညိမ့်ပြီး ပြုံးလိုက်ကာ...
"ဟုတ်တယ်...လတ်ဆတ်တဲ့ လေထုဆိုတာက ငါတို့ ခန္တာကိုယ်အတွက် အကောင်းမွန်ဆံူးပဲ.."
"ကယ်ပါဦး.."
အဲ့အချိန်မှာပဲ ..အသံတစ်ခုကိုကြားလိုကိ ရပါတယ်..။မိန်းမလှလေးနဲ့ အဖိုးကြီး နှစ်ယောက်စလုံးဟာ ရုတ်တရက် ကြောင်အသွားပြီး..အသံလာရာ ကို လှမ်းကြည့်လိုက်ကြတယ်..။
"လာ..သွားကြည့်ကြရအောင်.."
…
လင်းဖန်ကတော့ ငွေအပ်တွေကို ကိုင်ထားပြီး..ကျိုးမင်ချင်းရဲ့ ရင်ဘတ်ပေါ်မှာ..လှုပ်ရှားနေခဲ့ ပါတယ်..။
"အကူအညီ အော်တောင်းမနေနဲ့...စိတ်ကို လျော့ထား..။ကျုပ်ရဲ့ ဆေးပညာက ထိပ်တန်းပဲ..ကျုပ် နည်းနည်းလေ့ကျင့်ဖို့ လိုင်စင်လိုနေတာသာ မဟုတ်ရင် ဘယ်သူ့ကိုမှ ကုသပေးမှာ မဟုတ်ဘူး..။ခင်ဗျား သက်သာ သွားရင်သာ ကျုပ်တောငိးဆိုချက်ကို သတိရပေးမယ် လို့မျှော်လင့်တယ်.."
"ကစားမနေနဲ့..မင်းသာ လိုင်စင်လိုတယ် ဆိုရင်..တက္ကသိုလ် တစ်ခုခုမှာ စာရင်းပေးသွင်းပြီးလေ့လာပါလား...။ဒီလို အလုပ်မျိုးတော့ မလုပ်သင့်ဘူး.."
ကျိုးမင်ချင်း ခေါင်းခါယမ်းပြီး ပြောလိုက်တာပါ..။
"ကျုပ်စာရင်းသွင်းလို့မရဘူး..။ကျုပ်က စာရင်းသွင်းဖို့ လိုအပ်ချက်တွေ မပြည့်မှီဘူး..ပြီးတော့ ဒီနှစ်အတွက်..စာမေးပွဲက ပြီးသွားပြီ..။ခင်ဗျားက စီနီယာဆိုတော့..နည်းလမ်း တစ်ခုခု ရှိမှာပဲလေ..။ကျုပ်က စောင့်နေဖို့ စိတ်ရှည်တာ မဟုတ်ဘူး..။ခင်ဗျား ကျုပ်ပြောတာ နားလည်မှာပါ.. "
"အဲ့မှာ ရပ်လိုက်.."
ရုတ်တရက်..စူးရှတဲ့ အသံတစ်ခုကို ကြားလိုက်ရတယ်..။လင်းဖန် လှည့်ကြည့်ပြီး မျက်မှောင်ကျုတ်လိုက်ပါတယ်...။သူ လူပ်စရာ ရှိတာတွေကို လုပ်တော့မယ် အချိန်မှာပဲ တစ်စုံတစ်ယောက်က ..တားဆီးနေခဲ့ပါပြီ..။
"အဖိုး ကျိုး..."
မိန်းမလှလေးဟာ...သစ်ပင်မှာ အချည်ခံထားရတဲ့..ကျိုးမင်ချင်းကို မှတ်မိပြီး ထအော်လိုက်တာပါ..။
"အမြန် ရဲခေါ်လိုက်..."
ကျိုးမင်ချင်းဟာ..မိနး်မလှလေးကို မြင်ပြီး မျက်လုံးထဲမှာ မျှော်လင့်ချက် အရောင်တွေ မြင့်တက်သွားခဲ့တယ်..။
"အစ်ကို ကျိူး ဘာဖြစ်နေတာလဲ.."
အားကစား ဝတ်စုံကို ဝတ်ဆင်ထားတဲ့ အဖိုးကြီးက မေးလိုက်တာပါ..။
"ဒီကောင်လေး..ဘယ်ကနေလာတာလဲ..ငါလည်းမသိဘူး..။ပြောရရင် အရှည်ကြီးပဲ ..အမြန်ရဲခေါ်လိုကိ.."
"အဖိုး..ညီမ..စိတ်မပူကြပါနဲ့..ကျုပ်က လူဆိုး တစ်ယောက်မဟုတ်ပါဘူး..။ကျုပ်အပေးအယူ လုပ်ပြီး သူ့ကို ကုသပေးနေတာပါ.."
လင်းဖန် အပ်တွေ ကိုင်ထားရင်းကနေ လှမ်းပြောလိုက်တာပါ..။
"အဖိုး လာ..."
မိန်းမလှလေးဟာ..လင်းဖန်ကို စိုက်ကြည့်ပြီး ပြေးတက်လာခဲ့တယိ..။သူမ လင်းဖန်ကို စောင့်ကန်ဖို့ အဆင်သင့် ဖြစ်နေခဲ့ပါပြီ..။
"ဂရုစိုက်.."
အားကစားဝတ်စုံကို ဝတ်ဆင်ထားတဲ့ အဖိုးကြီးဟာ လှမး်သတိပေးလိုက်တယ်..။
ကန်ချက်ဟာ..ပြင်းထန်ပြီး..နည်းပညာတစ်ချို့ ရှိနေခဲ့တာပါ..။ပုံမှန်လူတွေ အတွက်ကတော့..ရှောင်တိမ်းဖို့ မလွယ်ကူလှပါဘူး..။
သို့ပေမယ့်..လင်းဖန်လို..ကျွမ်းကျင်သူတစ်ယောကိရဲ့ ရှေ့မှာတော့..ဒီကန်ချက်က ဘာမှ မဟုတ်ပါဘူး..။လင်းဖန်လက်တစ်ဖက်ကို ထုတ်ပြီး ဒီကန်ချက်ရောက်မလာ နိုင်အောင် တားဆီလိုက်တယ်..။
"မိန်းမလှလေး..ကျေးဇူးပြုပြီး မလျင်မလို ပါနဲ့.."
အဲ့အချိန်မှာပဲ..လင်းဖန် မိန်းကလေး..ရဲ့ ပေါင်နားကနေ ဘောင်းဘီပြဲတဲ့ အသံကို ကြားလိုက်ရပါတယ်..။ဘောင်းဘီဟာ..ပေါင်တစ်လျောက် လမ်းကြောင်းအတိုင်းပြဲပြီး လင်းဖန်ရဲ့ မြင်ကွင်းထဲကို ပေါ်လာခဲ့တယိ..။
ချီးပဲ ..စောက်ကျိုးနဲ..
"အားး.."
မိန်းမလှလေးဟာ..ကြောက်လန့် တကြားအော်ဟစ်လိုက်ပြီး..ခြေထောက်ကို ပြန် ချလိုက်ပါတယ်..။
"မကြောက်နဲ့ဦး...ငါမြင်တယ် ဆိုပေမယ့်..အစ်ဖိုးကျိုးက ငါနဲ့ ကွယ်နေတာ ဆိုတော့ မမြင်လိုက်ဘူး..။ထပ်ပြောရရင် ..ဒါ ငါ့့အမှားလဲ မဟုတ်ဘူးနော်..မင်းရဲ့ ဘောင်းဘီကိုက အရည်အသွေး နိမ့်နေတာ.."
"တဏှာရူး ကောင်.."
မိန်းမလှလေးဟာ..လင်းဖန်ကို စိုက်ကြည့်ပြီး အော် ဟစ်လိုက်တာပါ..။
.
လင်းဖန်ကတော့ ဒီအတွက် အချိန်မရှိပါဘူး..။တကယ်လို့ လူတွေ အများကြီး ရောက်လာရင် ရှုပ်ထွေးကုန်ပြီး..နားလည်မူတွေ လွဲကြမှာ ကျိန်းသေပါတယ်..။
လင်းဖန် အလျင်းအမြန်ပဲ..မိန်းမလှလေးကို အပ်တစ်ချောင်းနဲ့ စိုက်ကာလှုပ်မရအောင် လုပ်လိုကိတယ်..။
ကျိူးမင်ချငိးဟာ..အစက ကြောက်လန့်နေခဲ့ပေမယ့် ..မြင်ကွင်းကို မြင်ပြီး..ကြောင်အသွားခဲ့ပါတယ်..။
"မင်း..သူမကို လှုပ်မရအောင် အပ်စိုက်လိုက်တာလား..။ဘယ်လို ဖြစ်နိုင်မှာလဲ.."
"ဘာ မဖြစ်နိုင်စရာ ရှိလို့လဲ...။လူရဲ့ ခန္တာကိုယ်မှာ..လမ်းကြောင်း ၁၂ ကြောင်းရှိတယ်..အတွင်း အစိတ်အပိုင်းတွေနဲ့..သွေးပြန်ကြော..သွေးလွှတ်ကြော ရှစ်စုံ ရှိတယ်..။ထပ်ပြောရရင်...ခန္တာကိုယ် လမ်းကြောင်းဘတစ်ခုစီတိုင်းမှာ အပ်စိုက်ကုထုံး အမှတ်ပေါင်း..၁၆၅ မှတ်ရှိတယ်..။အမှတ်တစ်ခုစီတိုင်းက အတွင်းပိုင်းစီမှာ ရှိပြီး..အဲ့မှာ သေစေနိုင်တဲ့ အမှတ် ၂၄ မှတ်ရှိတယ် ဆိုတာကိုရော..သိရဲ့လား.."
ကျိုးမင်ချင်း လင်းဖန်ကို အံ့ဩစွာ ကြည့်လို်က်ပြီး..
"ငါလည်း မသိပါလား..."
"ခင်ဗျား သိချင်လား..။ဒါပေမဲ့ အခုတော့ အချိ်န်မကျသေးဘူး..။ကျုပ်အခု ခင်ဗျားကို ကုပေးမယ်..ကျုပ်တို့ရဲ့ သေးငယ်တဲ့ အပေးအယူလေးကိုတော့..မမေ့ပါနဲ့..."
လင်းဖန် ရယ်မောပြီး ပြောလိုက်တာပါ..။
အားကစား ဝတ်စုံဝတ်ထားတဲ့ အဖိုးကြီး..ရဲခေါ်ဖု့ိလုပ်နေတာကို မြင်ပြီး..ကျိူးမင်ချင်း လှမ်းတားလိုက်တယ်..။သူ ဒီကလေး..ဘယ်လောက်အထိ တတ်နေလဲ ဆိုတာကို စောင့်ကြည့်ချင်ပါသေးတယ်..။
မိန်းမလှလေးဟာ..လှုပ်လို့ မရပေမယ့်လည်း သူမရဲ့ မျက်လုံး အရောင်ကတော့..သရဲတစ်ကောင်ကို မြင်ရတဲ့ အတိုင်းဖြစ်နေခဲ့ ပါတယ်..။
အဲ့အချိန်မှာတော့..လင်းဖန်ဟာ..သူ သေချာ ကုသလို့ ရပြီဆိုတာကို သိလိုက်ပါတယ်..။
ကျိုးမင်ချငိး သူ့ရဲ့ ခန္တာကိုယ်မှာစိုက်နေတဲ့..အပ်တွေကို ကြည့်လိုက်ပါတယ်..။
"ကောင်လေး..ဒီအပ်စိုက်မှတ်တွေက..အဆုတ်အတွက် ဟုတ်လို့လား..။ဘာလို့ ဒီနေရာတွေမှာ ရှိနေတာလဲ.."
"ကောင်လေး.."
"ကောင်လေး.."
လင်းဖန် အဖိုးကြီးကို ဂရုမစိုက်ပဲ ဆက်ပြီးသာ ကုသနေခဲ့ပါတယ်..။တစ်ချိန်တည်း မှာပဲ..စွယ်စုံကျမ်းဟာ..အကူအညီပေးနေခဲ့တယ်..။စွယ်စုံကျမ်းရဲ့ အကူညီသာ မရှိရင်..သူ ဒီအဖိုးကြီးကို အချိန်အတော်ကြာအောင် ကုသရမှာပါ..။
ဒီအခြေအနေမျိုးက..တစ်ခါတည်း အပြတ်ကုသလို့မရပဲ..နောက်တစ်ခါတွေ..ကုသဖို့လိုပါသေးတယ်..။သို့ပေမယ့်..လင်းဖန်အတွက်ကတော့..ပြသနာ မဟုတ်ပေ..။
"ပိုပြီး သက်တောင့် သက်သာ ရှိလာပြီမလား.."
လင်းဖန် မေးလိုက်တာပါ..။
"အင်း.."
ကျိုးမင်ချငိး ခေါင်းညိမ့်လိုက်တယ်..။
"ကျုပ်ပြောသားပဲ..ဒါပေမဲ့ ခငိဗျား မယုံကြည်ခဲ့ဖူးမလား.."
လင်းဖန် ရယ်မောပြီး ပြောလိုက်တာပါ..။
ကျိူးမင်ချင်း လင်းဖန်ရဲ့ နည်းပညာကို ကြည့်ပြီး..အံ့ဩနေခဲ့တယ်..။
ဒီ ကျွမ်းကျင်မူတွေက..ဘယ်ကနေ လာတာလဲ...
သူအချိန်အတော်ကြာပြီး တာတောင်..ဒီလို..နည်းစနစ်တွေကို မမြင်ဖူးခဲ့ပါဘူး..။မသိရင်..သူတရုတ်ဆေးပညာ အကြောင်းဘာမှမသိတဲ့ လူတစ်ယောက်လိုပါပဲ..။
အခုချိန်မှာတော့ သူလင်းဖန်ကို မတူညီတဲ့ အကြည့်တွေနဲ့ ကြည်နေခဲ့ ပါပြီ..။
ဟင်...
လင်းဖန် မျက်မှောင်ကျုတ်လိုက်တယ်..။သူ့ရဲ့ တင်ပါးကို မျက်လုံးတစ်စုံက စိုက်ကြည့်နေတာကို. ခံစားနေခဲ့ရတာပါ..။ဒီမျက်လုံးတွေက..ဆိုးယုတ်တဲ့အကြံအစည်တွေ ရှိနေတဲ့ အတိုင်းပါပဲ..။